← Chapters

စျေးမဆစ်ဘူး

Vol. 6 Ch. 79

စျေးမဆစ်ဘူး

Vol. 6 Ch. 79

“ဒါက တကယ်ပဲလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဟူရီယောင်က အနားမှာရှိသော မှန်မှတဆင့် ဆယ်နှစ်လောက်ပြန်လည်နုပျိုသွားသော သူ့ကိုယ်သူကြည့်ပြီး မယုံနိုင်အောင်ဖြစ်ပြီး မျက်ရည်များပင်ကျမိသည်။

လွန်ခဲ့သော ဆယ်နှစ်က ကားမတော်တဆဖြစ်မှုမှရရှိခဲ့သော အမာရွတ်များလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ချွေးပေါက်များလည်း ကျဉ်းလာပြီး မှန်မှတဆင့်မြင်နေရသော မျက်နှာက ကောလိပ်တက်တုန်းကအရွယ်ကဲ့သို့ နုပျိုလန်းဆန်းနေသည်။

ပိုပြီးအံ့အားသင့်ဖွယ်ကောင်းသည်မှာ သူ့ကိုယ်ထဲရှိလုပ်ဆောင်ချက်တချို့ က သိသိသာသာ ပြောင်းလဲသွားတာကို သတိထားမိသည်။ အချိန်အတော်ကြာ အနားယူခြင်း သို့ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ရုပ်ရှင်ရိုက်ကူးခဲ့ခြင်းကြောင့် သူ့မှာခေါင်းကိုက်ရောဂါအပါအဝင် အခြားသောနာမကျန်းမှုများရှိခဲ့သော်လည်း ယခုအခါ အတော်လေးသက်သာပျောက်ကင်းသွားသည်ဟု ခံစားမိသည်။

ထိုဆေးကိုသောက်ဖို့ ဟူရီယောင်က အတော်လေး တွေဝေနေခဲ့ရသည်။ သို့သော် ယခုအခါတော့ သောက်သုံးမိတာမှန်သည်ဟု ခံစားရသည်။

သူ၏ ငယ်ရွယ်နုပျိုချိန်က စိတ်နှင့် ဆွဲဆောင်မှုမျိုး ပြန်ရလာသည်။ နှစ်ပေါင်းအတော်ကြာ ဇာတ်ရုပ်များစွာကို ပိုင်နိုင်အောင် သရုပ်ဆောင်ခဲ့ဖူးတာမို့ သူက သရုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ယုံကြည်ချက်အပြည့်ရှိသည်။

ထိုအကြောင်းတွေးမိပြီး သူက ဖုန်းကောက်ကိုင်ပြီး ဝမ်ချုံး၏နံပါတ်ကိုဆက်လိုက်သည်။

“ဟဲလို ဥက္ကဌဝမ်..အရင်တစ်ခါကမေးထားတဲ့ ကိစ္စလေ သေသေချာချာလေး စဉ်းစားလိုက်တော့…”

…..

ရှန့်မိသားစု၏ နှောင့်ယှက်မှုက အရာမထင်လိုက်ပေ။ ဟွားချီယူ၏ သတိပေးစကားကြောင့် သူတို့သည် ဖန့်ကြွယ်ယွီကို ပြသနာမရှာဝံ့ပေ။ အဆုံးသတ်မှာ ရှန့်ယို၏ ကုမ္ပဏီ နှစ်ခုက အထိနာပြီးကျန်ခဲ့သည်။

ဟွားချီယူ ထောင့်နားမှာ တစ်ယောက်တည်း နေပြီး ဝိုင်ခွက်ကို ဟန်ပါပါ သောက်ရင်းကောင်းကင်ကိုမော့ကြည့်နေသည်။

“ဘယ်သူဆက်တာလဲကွ”

ဝမ်ချုံး၏ မျက်နှာအမူအရာပြောင်းလဲသွားတာကို ဖန့်ကြွယ်ယွီ သတိထားမိသည်။

“ ဟူရီယောင်ဆက်တာ..သူက ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူလိုက်ပြီ”

သူတို့နှစ်ဦး သဘောတူထားသော အလောင်းအစားကို ဖျက်ခနဲတွေးမိသောအခါ မိုးပြိုလာသလို ဝမ်ချုံး ခံစားလိုက်ရသည်။ သူက ထိုကဲ့သို့ မပြုလုပ်ချင်သော်လည်း ဖန့်ကြွယ်ယွီက အသံသွင်းထားခဲ့သည်။ ဖန့်ကြွယ်ယွီကသာ အသံဖိုင်ကို အွန်လိုင်းမှာ ဖြန့်လိုက်ပါက သုံးရက်သုံးညတိုင်တိုင် သူ့ကို ပြောဆိုကြလိမ့်မည်။

ဖန့်ကြွယ်ယွီက လုံးဝမအံ့ဩပေ။ ဟူရီယောင်၏ ပြောင်းလဲမှုနှုန်းက အနည်းငယ်မြန်သည်ဟု

သူတွေးမိသည်။ ဟူရီယောင်က တစ်ညနှစ်ညလောက်စဉ်းစားဦးလိမ့်မည်ဟု သူတွေးထားခဲ့သည်။ သို့သော် ဟူရီယောင်ရရှိလာသည့် ငယ်ရွယ်နုပျိုမှုက သူမှန်းထားသည်ထက် ပိုကောင်းသည့်ပုံပေါ်သည်။

“သူ ငါ့ကိုဖုန်းခေါ်မယ်ဆိုတာ မင်းသိနေတာလား” ဖန့်ကြွယ်ယွီ၏ တည်ငြိမ်သောပုံစံကိုကြည့်ပြီး သူအရူးလုပ်ခံလိုက်ရသည်ဟု ဝမ်ချုံး ခံစားမိလာသည်။ ဖန့်ကြွယ်ယွီက ဟူရီယောင်၏ နားကိုကပ်ပြီး တစ်စုံတစ်ခုပြောလိုက်သည်ဟု ဝမ်ချုံးတွေးမိသည်။

“ဒါပေါ့ ငါသာ မသေချာရင် မင်းနဲ့ အဲ့လိုအလောင်းအစားမျိုးလုပ်ပါ့မလား..မင်း ဝတ်စုံဝတ်ပြီး သီချင်းဆိုပြမှာကို စောင့်နေတယ်” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။

“ငါ လောင်းထားတာ ပြန်ဖျက်လို့ရလား” ဟု ဝမ်ချုံးက မဝံ့မရဲမေးသည်။

“ဒါဆိုလည်း ကင်းမြီးကောက်ထောင်ပြီး ခေါက်ဆွဲလည်းစားပြ။ ပြီးတော့ ခေါက်ဆွဲပြုတ်အရည်လည်း သောက်ပြ။ အဲ့တာဆိုရတယ်”

“မင်းက ယုတ်မာချက်” ဝမ်ချုံးက လက်ခလယ်ကို ထောင်ပြသည်။

ရှန့်လင်ယွဲ့က စင်ပေါ်မှာ အဖွင့်အမှာစကားပြောနေသည်။ သို့သော် သူ၏အာရုံကိုတစ်စုံတစ်ရာက နှောင့်ယှက်သလို ထင်ရသည်။ သူသည် ဖန့်ကြွယ်ယွီနှင့် ဟွားချီယူကို ခဏခဏလှမ်းကြည့်နေသည်။

နာမည်ကြီး အနုပညာကုမ္ပဏီသုံးခုနှင့် အခြားအနုပညာကုမ္ပဏီများမှ အနုပညာရှင်များက ဖန့်ကြွယ်ယွီနှင့် ဟွားချီယူတို့၏ နောက်ကြောင်းကိုသိချင်နေကြသည်။

အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် ညစာစားပွဲစတင်ခဲ့ပြီဖြစ်သည်။ရှန့်လင်ယွဲ့တို့ သားအဖက ပွဲခင်းထဲမှာ ဆက်နေလိုစိတ်မရှိတော့ပေ။

အခြားအနုပညာကုမ္ပဏီကြီးများ၏ ဥက္ကဌများက ဖန့်ကြွယ်ယွီနှင့် ရင်းနှီးချင်သောကြောင့် အသည်းအသန် သူ့နားကိုချဉ်းကပ်လာကြသည်။

ပွဲအစီအစဉ်တစ်ဝက်လောက်တွင် ဖန့်ကြွယ်ယွီ၏ ဘောင်းဘီအိတ်နှစ်ဖက်လုံးသည် မင်းသမီးများပေးသော စာတိုများပြည့်ပြီး ဖောင်းကားနေသည်။

ဖန့်ကြွယ်ယွီသာ စိတ်ပါမည်ဆို လှလှပပပြင်ဆင်ပြီး သူ့အလာကို ထိုင်စောင့်နေသော မိန်းမလှလေးများက အခန်းတိုင်းမှာ ရှိနေမည်ဆိုတာ သေချာပေါက်ပြောနိုင်သည်။

ဖန့်ကြွယ်ယွီတင်မကဘဲ ဝမ်ချုံးလည်း ထိုကဲ့သို့ ဆက်ဆံခံရသည်။ သူက အားလုံး၏မျက်နှာကို အလွတ်ရနေအောင်မှတ်ထားသည်။ တစ်ညထဲနဲ့ အခန်းအားလုံးဆီသူမသွားနိုင်ပေ။

“ရှေးခေတ်ဘုရင်တွေတောင် ဒီလောက်အာရုံစိုက်ခံရမှာမဟုတ်ဘူး” ဖန့်ကြွယ်ယွီက စာများကို လုံးချေပြီး အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်သည်။ ထိုမိန်းမလေးများကတော့ ဒီညမှာ စိတ်ပျက်လက်ပျက်ဖြစ်ကြလိမ့်မည်။

“ဟာ..ကောင်းကင်ကကျလာတဲ့အခွင့်အရေးကို အလွဲသုံးစားလုပ်ပစ်တာပဲ”

ဝမ်ချုံးက နှမြောတသသဖြစ်နေသည်။

“မင်း မသွားတာသေချာလား “

“မင်း ဝတ်စုံဝတ်ပြီး သီချင်းဆိုချင်လို့လား” ဟု ဖန့်ကြွယ်ယွီက ပြန်မေးသည်။

“မဟုတ်ပါဘူး။ မင်း ငါပြောတာမကြားဘူးလို့ပဲ မှတ်လိုက်”

“ဒါနဲ့ ခုလာမဲ့ ဆယ်နာရီမှာ ရုပ်ရှင်အတွက်လိုအပ်တဲ့ ဇာတ်ရုပ်တွေအတွက် ပဏာမ ရွေးချယ်ထားတဲ့လူတွေနဲ့ တွေ့ဖို့စီစဉ်ထားတယ်”

“ကောင်းပြီလေ” ဖန့်ကြွယ်ယွီက မဆိုင်းမတွပြန်ဖြေသည်။ သူက ဒီအသိုင်းအဝိုင်းကို သဘောမတွေ့ပေ။

စားသောက်ပြီးနောက် သူတို့နှစ်ဦးသည် လူများစွာ စောင့်ဆိုင်းနေသော သီးသန့်ခန်းမတစ်ခုဆီ ခပ်သုတ်သုတ်ထွက်လာကြသည်။

“ဒါက လင်းရောဟန် မလား” သူ့အာရုံက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော မင်းသမီးဆီ ချက်ချင်းရောက်သွားသည်။

လင်းရောဟန် အသက်၁၇ နှစ်အရွယ်တွင် ဟူရီယောင်နှင့် တွဲကာ သရုပ်ဆောင်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကြာသည့်တိုင် သူမက ဘာမှ မပြောင်းလဲပေ။

သူမက တစ်နေ့ပြီးတစ်နေ့ ပိုမိုလန်းဆန်းနုပျိုလာပုံရသည်။

“ဟုတ်တယ်။ သူ့နောက်က သူ့ မန်နေဂျာလေ ။ သူက အနုပညာလောကမှာဆို ပြောရဆိုရခက်တယ်လို့နာမည်ကြီးတယ်။ သူမကို အနုပညာကြေးနဲ့ပတ်သက်ပြီး သေချာညှိရမယ်”

“မစ္စတာဖန့်” ဟူရီယောင်က သူ၏ မန်နေဂျာကို မခေါ်လာပေ။ သူ့ကို ဖန့်ကြွယ်ယွီက ပိုက်ဆံတစ်ပြားမှ မပေးလျှင်တောင် သူတိုက်သည့် ဆေးကြောင့် စောဒကတက်ဖွယ်မရှိပေ။

“မစ္စတာဟူက ငါကမ်းလှမ်းတဲ့အရာအပေါ် စိတ်တိုင်းကျတဲ့ပုံပဲ” ဖန့်ကြွယ်ယွီက ဆိုသည်။

ဟူရီယောင်နှင့် လင်းရောဟန် အပြင် နောက်ထပ်ဇာတ်ရုပ်ပေါင်းများစွာအတွက် ရွေးချယ်ထားသော သရုပ်ဆောင် ငါးဦးခြောက်ဦး ရှိနေသည်။ သူတို့က မန်နေဂျာများကိုခေါ်လာခဲ့တာမို့ အစည်းအဝေးတစ်ခုသဖွယ် ဖြစ်နေသည်။

“ကျွန်တော်တို့နဲ့ လက်တွဲမယ်လို့ရည်ရွယ်ပြီး ဒီကိုလာပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ဝမ်ချုံးက ဆိုသည်။ ရုပ်ရှင်ပရောဂျက်ကို အစပျိုးခဲ့သူမို့ ဝမ်ချုံးက အစီအစဉ်တင်ဆက်သူလုပ်သည်။

“ဒီလိုတွေ့ရတဲ့ အကြောင်းရင်းကို မန်နေဂျာတွေကိုတော့ ပြောပြထားပြီးသားပါ။ မေးစရာရှိရင် တောင်းဆိုစရာရှိရင် အားမနာစတမ်းပြောပါ”

“ကျွန်မတစ်ခုမေးမလို့ပါ”

မင်းသမီးတစ်ဦးက လက်ထောင်သည်။ သူမနာမည်က ကျောက်မှုံ့နန်ဖြစ်သည်။ သူမက ငယ်စဉ်ကလေးဘဝထဲက သရုပ်ဆောင်လုပ်ခဲ့သည်။ ထို့ကြောင့်ပင် သူမကို ငွေရောင်ဆေးပညာအင်မော်တယ် မိန်းမပျိုတစ်ပါး၏ ဇာတ်ရုပ်အတွက် ရွေးချယ်ထားခဲ့သည်။

(ဘယ်သူလဲဆိုတာသိတယ်ဟုတ်)

“မေးပါဗျာ” သူ့ကိုမေးမည့် မေးခွန်းတိုင်းအတွက် ဝမ်ချုံး၏ စိတ်ကို သေချာပြင်ဆင်ထားသည်။

“အချစ်ဇာတ်လမ်းကားတွေကို လူစိတ်ဝင်စားမှုလျော့လာတဲ့ အချိန်မှာမှ ဘာလို့အများကြီး ရင်းနှီးမြှုပ်နှံရမဲ့ ပရောဂျက်ကို လုပ်တာလဲ”

“ကောင်းလိုက်တဲ့မေးခွန်း”

“ပထမတစ်ချက် ကျွန်တော်က ဒီဇာတ်လမ်းကိုကြိုက်တယ်။ပြီးတော့ လူတိုင်းက အသိအမှတ်ပြုတဲ့ ဇာတ်ကားထုတ်ချင်တယ်။ ဒါကြောင့်မို့ ဟောလိဝုဒ်က အထူးပြုလုပ်ချက်အဖွဲ့နဲ့ ဒါရိုက်တာကျန်းချောင်ကို ဖိတ်ထားတယ်”

“ရှင်ပိုက်ဆံဆုံးရှုံးမှာမကြောက်ဘူးလား” လီကျစ်ချီက မေးသည်။ သူမ၏ရုပ်ရည်၊ ပုံစံနှင့် အနေအထားကြောင့် မီဒူဆာ ကိုင်လင်ဇာတ်ရုပ်အတွက် သူ့ကိုရွေးထားသည်။

“ရုပ်ရှင်အတွက် ခန့်မှန်းကုန်ကျစရိတ်က ဇာတ်ဆောင်တွေအတွက်ရယ်၊ လိုအပ်တာတွေအတွက်ဆိုရင် ဘီလီယံပေါင်းများစွာကုန်မှာမလား”

“ဘီလီယံ ဟုတ်လား”

ဖန့်ကြွယ်ယွီ၏ အကြံအစည်ကို ယခုအချိန်မှာ ထုတ်ပြောဖို့မရည်ရွယ်ထားပေ။

“တကယ်တော့ ငါ့မှာ ပိုက်ဆံတွေကုန်သွားမှာ ပြန်မရမှာကို မစိုးရိမ်တဲ့မိတ်ဆွေရှိတယ်”

“ပိုက်ဆံရတာမရတာထက် ငါတို့ကိုပေးဖို့ရှိတာတွေမပေးရင်ရော”

ဟု လင်းရိုဟန်၏ မန်နေဂျာက ထပြောသည်။

“ ဒါဆို အရင်ဆုံးလျော်ကြေးအကြောင်းပြောကြတာပေါ့။ အနုပညာကြေးတွေပြောကြပါ။ ကျွန်တော် စျေးမဆစ်ပါဘူး”

All Chapters