← Chapters

တိုက်ပွဲထဲမှာ တိုင်ပတ်အကကမယ်

Vol. 9 Ch. 118

တိုက်ပွဲထဲမှာ တိုင်ပတ်အကကမယ်

Vol. 9 Ch. 118

ဖန်းသယ်ကျန့်သည် ဖျတ်ခနဲဆိုသလို အနားရောက်လာပြီး မျက်လုံးများ လျှပ်စီးလက်သကဲ့သို့ တောက်ပကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "မရဏချောက်နက်က မကောင်းဆိုးဝါးတွေ၊ ငါတို့ လူသားမျိုးနွယ်ကို ဘယ်လိုများ အတင့်ရဲပြီး တိုက်ခိုက်ဝံ့တာလဲ!"

ယဲ့ကျားကူ၏ မျက်လုံးများထဲ ကြောက်စိတ်တို့ကိန်းအောင်းနေသော်ငြား အေးစက်စက်ပင်တုံ့ပြန်လိုက်သည်။ "အဲ့တော့ ဘာဖြစ်လဲ? ငါတို့ရဲ့ မရဏချောက်နက်တပ်မတော်ဟာ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို မကြာခင်သိမ်းပိုက်တော့မှာ၊ မင်းတို့ကိုအရင်ကြိုသတ်ထားလိုက်တော့ရော ဘာဖြစ်သွားမှာမလို့လဲ?"

"အတင့်ရဲလိုက်တဲ့ကောင်! ဒါက ငါတို့ လူသားတွေပိုင်တဲ့ နယ်မြေပဲ!" ဖန်းသယ်ကျန့်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သုံးပေရှည်သော ဓားတစ်လက်ကို ဆွဲထုတ်လိုက်ရာ ဓားရောင်သည် ကြယ်စင်ကြယ်တန်းများကဲ့သို့ တောက်ပနေပြီး မြင့်မြတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"မင်းက လူသား အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံသူတစ်‌ယောက်ပဲ၊ ဒီမဟာပုရောဟိတ်ကြီးက ဒီလောက်ကိုများ ကြောက်လိမ့်မယ်ထင်နေသလား!"

အဆင့်နှစ်ဆင့် ကွာခြားသော်လည်း ယဲ့ကျားကူသည် အလွန်ယုံကြည်မှုရှိပြီး ရင်ဆိုင်ဖို့ မကြောက်ရွံ့ခဲ့ပေ။

"ဟွန့်၊ ဘယ်သူလဲလို့ ထင်နေတာ၊ မရဏချောက်နက်က နတ်ဆိုးတစ်ကောင် ဖြစ်နေတာကိုး!" မလှမ်းမကမ်းတွင် လီဝူကျယ်၏ သိမ်းငှက်တစ်ကောက်ကဲ့သို့ ထက်ရှသောမျက်လုံးအစုံဖြ်င့ ဓားရှည်တစ်လက်ကိုင်လျက် ရန်လိုစွာ ပေါ်လာသည်။

ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်ပြင်းထန်သော အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည် "မင်းတို့လို ညစ်ပတ်ပြီး နိမ့်ကျတဲ့ သတ္တဝါတွေက ဒီအရှင်ကိုများ ထောင်ချောက်ဆင်လှည့်ဖျားရဲတယ်ပေါ့လေ?"

ဝှစ်!

ဟုန်ချန်ယဲ့ပါ လက်နှစ်ဖက်ကိုအနောက်ပစ်လျက် လျှပ်တစ်ပြက် ပေါ်လာလေသည်။

နတ်ဆိုးဂိုဏ်းချုပ်၏ အသေးစိတ်ကျပြီး ပြစ်မျိုးမှဲ့မထင် ကြည်လင်လှသောမျက်နှာလေးတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး သူ၏ ဖီးနစ်မျက်လုံးများမှာ အရာအားလုံးကို မီးရှို့ဖျက်ဆီးပစ်တော့မည့်အလား ရွှေရောင်နတ်ဘုရားမီးတောက်များ တောက်လောင်လို့နေ၏။ တရှိန်ရှိန်ထုတ်လွှတ်နေသော အရှိန်အဝါကား ပြိုင်ဘက်ကင်းလျက်။

"အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံသူ နှစ်ယောက်တောင် ထပ်ရောက်လာပြီလား?!" ဒီတစ်ခါတော့ ယဲ့ကျားကူ၏ နဖူးထက် ချွေးစေးများ စိမ့်ထွက်လာလေတော့သည်။

"တာအိုရောင်းရင်း နှစ်ယောက်လား..." ဖန်းသယ်ကျန့်၏ မျက်ခွံများ တုန်ယင်သွားသည်။ ဓားကိုင်ထားသော သတ်လက်ပိုင်းအရွယ် အမျိုးသားနှင့် အနီရောင်ဝတ် အမျိုးသမီး နှစ်ဦးစလုံးသည် သူ့ကို အသက်ရှူကျပ်စေသလို ခံစားနေရ၏။

အရေးကြီးဆုံးကတော့ ရင်းနှီးကျွမ်းဝင်နေသလိုခံစားချက်ကြီး ရနေတာပဲ။

ဖန်းသယ်ကျန့်သည် ဤလူနှစ်ယောက်ကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရသည်ပင်။

ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့သည်လည်း အစီအရင် ရပ်တန့်သွားသည်ကို အခွင့်ကောင်းယူကာ ထောင်ချောက်ထဲ ရောက်နေသည်ကို သဘောပေါက်ပြီး အိပ်မက်မှ စိတ်မကြည်လင်စွာ နိုးထခဲ့ကြလေသည်။

သတိပြန်ဝင်လာပြီးနောက် သူတို့ကိုယ်တိုင် ထိုသို့ ရန်သူပြုသမျှနုလိုက်ရခြင်းအပေါ် အလွန်အံ့အားသင့်သွားကြရသည်။ လှပသောအိပ်မက်လေး ပျက်စီးသွားပြီး ရက်စက်သောအဖြစ်မှန်သို့ ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဆုံးရှုံးသွားသော ခံစားချက်ကတစ်ဖုံ၊ ကောက်ကျစ်ဆိုးယုတ်သောနည်းလမ်းကိုအသုံးပြုသည့် ရန်သူကို မလိုမုန်းထားသည့်စိတ်လည်း ပါဝင်သောကြောင့် ဤသို့တိုက်ခိုက်ရင်ဆိုင်ဖို့ လာရောက်ခဲ့ကြခြင်းပင်။

ထို့ကြောင့် ယဲ့ကျားကူတို့အဖွဲ့ကိုမြင်မြင်ချင်း မှိုချိုးမျှစ်ချိုး ပြောကြဆိုကြတော့၏။

"မဟာပုရောဟိတ်ကြီး..." လက်အောက်ငယ်သားများ ကြောက်လန့်တုန်လှုပ်နေကြသည်။ တစ်ဖက်တွင် အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံသူ သုံးယောက်ရှိသည် မဟုတ်ပါလား?

ယဲ့ကျားကူသည် ဦးစွာ ထိတ်လန့်တုန်လှုပ်သွားပြီးမှ စိတ်အေးအေးထားလိုက်ကာ အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ "မင်းတို့ရဲ့ စွမ်းအားကုန်ကို ငါ့ဆီ လောင်းထည့်လိုက်၊ မြန်မြန်!"

"ဟုတ်ကဲ့!"

လက်အောက်ငယ်သားများသည် အမိန့်အတိုင်း ချက်ချင်းပင် လုပ်ဆောင်လိုက်ကြသော် လှိုင်းထန်သော အင်အားအဟုန်သည် ယဲ့ကျားကူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။

ဘုန်းခနဲဆောင့်ဝင်လာသော အင်အားထုနှင့်အတူ ယဲ့ကျားကူ၏ မျက်လုံးများ ပြဲထွက်လုနီးပါး ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်ဆိုးယုတ်သောအငွေ့အသက်များ ထွက်ပေါ်လာသည်။ ထို့နောက် တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် ဦးခေါင်းအထက်တွင် မြှောက်ထားလိုက်သော် တောင်ဝှေးထိပ်ရှိ မြ‌ကျောက်သည် ပြင်းထန်စွာ တုန်ခါသွားကာ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်။ ထိုမြကျောက်အက်ကွဲကြောင်းများအတွင်းမှ စူးရှသော နတ်ဆိုးစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ကျားကူနှင့် ကျန်မြွေနတ်ဆိုးများကို လွှမ်းခြုံသွားတော့၏။

ယဲ့ကျားကူ၏ နှလုံးသားသည် သွေးထွက်လုမတတ် နာကျင်နေသည်၊ အကြောင်းမှာ သူ၏ အဖိုးတန်ဆုံး လက်နက် ပျက်စီးသွားခြင်းကြောင့်ပင်။ သို့သော် လွတ်မြောက်ရန် အခွင့်အရေးအတွက် လဲလှယ်နိုင်လျှင် တန်ပါပြီဟု သတ်မှတ်ရပေမည်။

"မကောင်းတော့ဘူး၊ သူတို့ ထွက်ပြေးဖို့ပြင်နေကြပြီ!" ဖန်းသယ်ကျန့် မျက်နှာပျက်သွားကာ လက်ထဲမှဓားအား အားကုန်ပစ်လွှတ်တော့မည့်ဆဲဆဲ။

"ထွက်ပြေးဖို့များ စဥ်းတောင်မစဉ်းစားနဲ့!" ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့သည်လည်း ကြားဖြတ်တားဆီးရန် ပြင်ဆင်နေကြသည်။

"အသုံးမဝင်ဘူး၊ ငါ့ရဲ့ ဒီတောင်ဝှေးက မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့တဲ့ မြင့်မြတ်တဲလက်နက်တစ်ခုပဲ၊ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူတစ်ယောက်ရှိရင်တောင် ငါ့ကို တားဆီးဖို့ခက်ခဲလိမ့်မယ်! မင်းတို့လိုလူတွေဆိုရင် ဝေးသေး!" ယဲ့ကျားကူက အောင်နိုင်သူအလား ပြောသည်။

နတ်ဆိုးစိမ်းရောင် အလင်းတန်းသည် မီးတောက်တော့မတတ် တောက်ပနေပြီး မြွေနတ်ဆိုးမျိုးနွယ် သတ္တဝါများလည်း အစအနပင်မကျန် လေဟာနယ်ထဲသို့ ပျောက်ကွယ်တော့မည့်ဆဲဆဲတွင်။

ပုလွေသံ တစ်ဖန်ပြန်ပေါ်ပေါက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းသည် စည်းချက်ညီညီ တိတိကျကျ ထွက်ပေါ်လာပြီး မည်သည့်နည်းနှင့်မျှ ခုခံနိုင်စွမ်းမရှိသော တာအိုစွမ်းအင်အချို့လည်း ပါဝင်နေပေ၏။

"ဟင်?"

ဟုန်ချန်ယဲ့နှင့် အခြားနှစ်ဦးသည် ကြောင်တောင်တောင်နှင့် ရပ်တန့်သွားပြီး အံ့သြမှုအရိပ်အယောင်များ မျက်နှာထက် ထင်ဟပ်လာကြသည်။

"မလုပ်နဲ့..." ယဲ့ကျားကူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး အောင်နိုင်သူအပြုံး ပျောက်ကွယ်ကာ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသအမျက်များသို့ ပြောင်းလဲသွားသည်။

"ဘာလို့ ဒီပုလွေသံက ငါ့ကို ကခုန်ဖို့တွန်းအားပေးနေတာလဲ?" လီဝူကျယ်သည် နှာခေါင်းကို ပွတ်သပ်လျက် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ဟို ဆရာငပေါတစ်ယောက်လုပ်နေတာများလားဟု အလိုလိုခံစားလိုက်မိသည်။

ထို့နောက် အရှေ့သို့ပြန်ကြည့်လိုက်သော် မျက်စိကန်းစေမည့်မြင်ကွင်းတစ်ခုကို မြင်လိုက်ရကာ တုန်တုန်ယင်ယင်ရေရွတ်လိုက်မိသည်။ "ဒါ... ဒါဘာလုပ်နေကြတာလဲ?"

နတ်ဆိုးအလင်းတန်းပျက်စီးပျောက်ကွယ်သွားပြီး ဆက်စီကျကျ ဖင်လှုပ်ကနေသော မြွေဆယ့်နှစ်ကောင် ထွက်ပေါ်လာခြင်းပင်။

မြွေခေါင်း လူကိုယ်ရှိသော ဤသတ္တဝါများသည် တင်ပါးများကို ဟိုဘက်သည်ဘက် ယမ်းခါလျက်ရှိကာ ခါးများကို တွန့်လိမ်နွဲ့ပျောင်းနေကြပြီး နှစ်ခွပါသော လျှာများအား တယမ်းယမ်းလှုပ်ရှဦးကာ ပျော်ပွဲရွှင်ပွဲကြီးကြီးတစ်ခုကို စိတ်လိုလက်ရ ကျင်းပနေသည့်အလား။

ယဲ့ကျားကူက ပို၍ပင် ဆိုးရွားသည်။ ထိုသူသည် တောင်ဝှေးကို မြေပြင်ထက်စိုက်ချလိုက်ကာ အလွန်စိတ်ပါဝင်စားစွာ၊ ဆွဲဆောင်မှုရှိစွာ ကခုန်နေ၏။ တစ်ခါတစ်ရံ တောင်ဝှေးကိုကိုင်တာ လှည့်ပတ်ကလျက် တစ်ခါတစ်ရံ ခက်ခဲသော လှုပ်ရှားမှုများကိုပင် ပြုလုပ်နေသေးသည်။ လက်ထဲရှိတောင်ဝှေးကို တိုင်အကမယ်များသုံးသော သံပိုက်ကဲ့သို့ သဘောထားနေသည်ပင်၊

"ကျွတ်! ဒါ... ဒါ ငါတို့ကို စိန်ခေါ်နေတာလား?" လီဝူကျယ်သည် စက်ဆုပ်ရွံရှာသော အမူအရာကို ပြသပြီး သူ၏ လက်ထဲရှိ ဓားကို ပို၍ပင် တင်းတင်းဆုပ်ကိုင်လိုက်သည်။

ဟုန်ချန်ယဲ့၏ ဦးရေပြားသည် ထုံကျင်သွားပြီး တစ်ကိုယ်လုံးတွင် ကြက်သီးများ ထလာသည်။ မြွေတစ်ဒါဇင်၏ ဆက်စီအကကို ကြည့်ပြီးနောက် သူသည် မျက်လုံးများကို ဆပ်ပြာဖြင့်စင်စင်ဆေးရတော့မည်ဟု ခံစားလိုက်ရ၏။

"ဒီပုလွေသံကြောင့်ပဲ!" ဖန်းသယ်ကျန့်သည် ဦးစွာ အံ့အားသင့်သွားပြီးနောက် အသိစိတ်ဝင်လာကာ တုန်လှုပ်သွားရသည်။

ဤပုလွေသံ၏ စည်းချက်သည် ပေါ့ပါးပြီး ပျော်ရွှင်ဖွယ်ကောင်းကာ မဟာတာအို၏ အစွမ်းသတ္တိနှင့် ထပ်တူကျ၍ ပဲ့တင်ထပ်နေပြီး ရိုးရှင်းသာယာသော က‌လေးဘဝခံစားချက်တစ်ခုကို ပြန်လည်ပေးစွမ်းနိုင်၏။

နားဆင်သည့်လူတိုင်းမှာ လိုက်ပါမစီးမျောဘဲ မနေနိုင်သည်အထိ။

ကြောက်စရာအကောင်းဆုံးအချက်မှာ ထိုပုလွေသံတွင် ကျင့်ကြံရေးစွမ်းအားကို လုံးဝအသုံးပြုမထားပါဘဲ သံစဥ်မှတစ်ဆင့် ညအမှောင်ထဲမှစွမ်းအင်များဖြင့် ချိတ်ဆက်စီးဆင်းနေခြင်း သက်သက်သာပင်။

ထိုသို့ ချိတ်ဆက်မှုကို ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်သည့် ဂီတပညာရှင်၏ ကျွမ်းကျင်မှုသည် မည်သည့်အဆင့်ထိပင် ရောက်ရှိသွားပြီနည်း။

ကမ္ဘာကို တစ်ကိုယ်တည်းလမ်းပတ်လျှောက်ကာ ပညာစုဆောင်းလာသည့် အရှေ့ပိုင်းစီရင်စု၏ ဂီတခေါင်းဆောင် ဖျော်ဖြေရေးပညာရှင်ကြီးများ ဖြစ်နေလေမလား?

ဖန်းသယ်ကျန့်သည် ဤအကြီးအကဲသာ မရှိပါလျှင် နဂါးဂိတ်တည်းခိုဆောင်မှ ကျင့်ကြံသူများအားလုံး အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို သိသည်။

"တကယ်တော့ ဒီတည်းခိုခန်းက နှိမ့်ချပြီး ပုန်းကွယ်နေတဲ့ နဂါးတွေ၊ ကျားတွေနဲ့ ပြည့်နေတာပဲ" ဖန်းသယ်ကျန့် သက်ပြင်းချလိုက်သည်။

All Chapters