← Chapters

ပဋိပက္ခများ (၂)

Vol. 98 Ch. 1360

ပဋိပက္ခများ (၂)

Vol. 98 Ch. 1360

"ကျွန်မ ဟိုင်ရွှေလင်း... အစိုးရတဲ့ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေနဲ့ အတူ အရှင် ဝေ့ဝူယင်ဆီမှာ ခစားဖို့ ဆန္ဒရှိပါတယ်”

ရေစွမ်းအင်များနှင့် ပြည့်နှက်နေသည့် အသံလှိုင်း တစ်ခုမှာ မရေမတွက်နိုင်သည့် မိုင်ပေါင်းများစွာကို ဖြန့်ကျက်ကာ ထွက်ပေါ်လာခဲ့၏။ လူတိုင်း၏ မျက်လုံးများက အသံလာရာသို့ ရောက်ရှိသွားရာ ဒူးထောက်နေသည့် မဟာ ပင်လယ်ပြာ ဧကရီကို တွေ့လိုက်ရသည်။

ဟိုင်ရွှေလင်း၏ အတွေးများက ရိုးရှင်းသည်။ ဝေ့ဝူယင်က သူမ၏ အသက်ကို တစ်ကြိမ် ကယ်ခဲ့ဖူးသည်။ ထို့အပြင်... ရာဇပလ္လင်ကို ရယူရာတွင်လည်း ကူညီခဲ့သည်။ ထို့အပြင်... မဟာပင်လယ်ပြာကို အစစ်အမှန် မွေးဖွားခြင်း၏ သိမ်းပိုက်မှု မခံရအောင်လည်း စောင့်ရှောက်ပေးခဲ့ဖူးသည်။ သူနှင့် မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ ဝေ့ဝူယင် အပေါ် အသက်ကြွေးများ တင်ရှိနေပေသည်။

ယနေ့၌ နည်းနည်းလေးပဲ ဖြစ်စေကာမူ... သူ ပြန်လည် ချေးဆပ်ရန် ရည်ရွယ်ထားပေသည်။

“ဟမ်...”

ဧကရီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့၏။

"ကျွန်မ ဖန်ချင်းဖုန်းနဲ့ ပြည်ထောင်စု ရင်းမြစ် ကြည်လင် နန်းတော်တို့က အရှင်ဝေ့ဝူယင်ဆီမှာ ခစားဖို့ ဆန္ဒရှိပါတယ်”

သန့်စင်သောလေ ချင်းဖုန်း...

တစ်ခဏ အတွင်းမှာပင် ကြယ်တာရာ နယ်မြေ သုံးခု၏ အုပ်စိုးသူများမှာ ဝေ့ဝူယင်ထံတွင် ခစားခွင့် ရဖို့ တောင်းဆိုနေကြပြီ ဖြစ်လေသည်။ လူတိုင်း၏ အမူအရာများက အကြီးအကျယ်ပင် ပြောင်းလဲ သွားကြ၏။ ဝေ့ဝူယင် ပင်လျှင် ချွင်းချက် မဟုတ်ချေ။ ၎င်းက ဇာတ်ညွှန်း တစ်ခု မဟုတ်သလို ကြိုတင် ဆွဲထားသည့် အစီအစဉ်လည်း မဟုတ်ပါချေ။ သူတို့က ကိုယ့်သဘော ဆန္ဒနှင့်ကိုယ် ဒူးထောက်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဘုန်း...

ရုတ်တရက် ကြောက်မက်ဖွယ် ဖိအား တစ်ခု ပျံ့နှံ့လာကာ ကမ္ဘာလောကကြီး တစ်ခုလုံး တုန်ဟီးသွားခဲ့သည်။ အမှောင် ဟင်းလင်းပြင် အတွင်း၌ သွေးအလင်းတန်း တစ်ခုက ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထိုအလင်းတန်းများ၏ အလယ်တွင်တော့ မိစ္ဆာ အော်ရာများ ဝန်းရံနေသည့် လူတစ်စု...။ သူတို့ အားလုံးက လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြပေသည်။

“သွေးမိစ္ဆာ...”

လူစု၏ ရှေ့ဆုံး၌ ရပ်နေသည့် ပုဂ္ဂိုလ်ကို ကြည့်ရင်း အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသွားခဲ့သည်။

သို့သော်လည်း... သူ တစ်စုံတစ်ရာ မတုန့်ပြန်မီမှာပင် သွေးနတ်ဆိုးမိစ္ဆာ ဘုရင်က ဝေ့ဝူယင်ထံသို့ ဦးတည်ကာ ဒူးထောက်ချ လိုက်လေ၏။

“ကျုပ် ရဲ့မူဖန်နဲ့ သွေးတစ္ဆေတွေ အားလုံး အာရုဏ်ဦး အာဏာရှင် အင်ပါယာရဲ့ အပါးမှာ ခစားဖို့ ဆန္ဒရှိပါတယ်...”

“...”

အားလုံး၏ အမူအရာများမှာ ဆွံ့အသွားကြတော့၏။

သွေးတစ္ဆေများ...

သွေးတစ္ဆေများ အဖွဲ့မှာ သွေးနတ်ဆိုးမိစ္ဆာ ဘုရင် ဦးစီးသည့် အင်အားစု တစ်ခု ဖြစ်ကာ သတင်းဆိုးများဖြင့် အလွန် ကျော်ကြားသည်။ သူတို့ကို ကြယ်တာရာ နယ်မြေ တစ်ဝက်နီးပါးလောက်က အလိုရှိနေကြခြင်း ဖြစ်သည်။ သို့သော်လည်း... ကံဆိုးစွာပင် သွေးတစ္ဆေများမှာ အမှောင် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာများထံ တိုးဝင်နိုင်သည့် ပိုးကောင်များ ဖြစ်သည်။ သူတို့က တီကောင်များလိုပင် တူးဆွနိုင်ကြကာ တစ္ဆေများလိုပင် ပျောက်ကွယ်သွားကြသည်။ ၎င်းက မရေမတွက်နိုင်သည့် ကျင့်ကြံသူများ ပြောဆိုနေကြသည့် ဆိုရိုးစကား တစ်ခု ဖြစ်ပေသည်။

သွေးနတ်ဆိုးမိစ္ဆာ ဘုရင်မှာ လေလွင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း သူ အမိန့်အောက်၌ ခစားနေကြသည့် အင်အားကို မည်သူမှ လျှော့မတွက်ရဲကြချေ။

ကျန်းကျင်းရှီက မျက်မှောင်ကြုတ် လိုက်၏။ သူ၏ မျက်လုံးများထဲ၌ ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားကာ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ ဓားဟိန်းသံ တစ်ခုက သာမန်လူများ မကြားနိုင်သည့် အသံလှိုင်း တစ်ခုဖြင့် ပဲ့တင်ထပ်သွားကာ သူက ညင်သာစွာ မှတ်ချက်ချလိုက်သည်။

“ယုတ်မာပြီး ပြုပြင်လို့ မရတဲ့ မိစ္ဆာကောင်ကတောင် ခစားနိုင်တယ်ပေါ့... ဒီနေ့ ငါ့ မျက်လုံးတွေ တကယ် ပွင့်သွားပြီ”

ကျန်းမျိုးနွယ် ဘိုးဘေးနှင့် သွေးနတ်ဆိုးမိစ္ဆာ ဘုရင်တို့ နှစ်ယောက်မှာ အတိတ်မှာတုန်းက အကြိမ်ပေါင်း များစွာ ထိပ်တိုက် တွေ့ဖူးခဲ့သည်။ ကျန်းကျင်းရှီမှာ ခရီးစဉ် တစ်ခုတွင် သွေးတစ္ဆေ တစ်စုနှင့် တွေ့ဆုံခဲ့ကာ ပေါ့ပေါ့ပါးပါး သတ်ဖြတ်ပစ်ခဲ့သည်။ သို့သော်လည်း သွေးနတ်ဆိုးမိစ္ဆာ ဘုရင်၏ လက်စားချေမှုက ပြင်းထန်လွန်းလှကာ သူ၏ သားသမီးများနှင့် ဇနီးမယားများကို ခေါင်းဖြတ်သတ်၍ ပြန်လည် ပေးပို့ခဲ့သည်။ သွေးတစ္ဆေများ၏ ဆောင်ပုဒ်က ရိုးရှင်းသည်။

‘ငါတို့ကို သတ်ရင် မင်းတို့ကိုလည်း သတ်မယ်’ ဟူ၍...။

“မိစ္ဆာကောင်...”

ကျန်းကျင်းရှီက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ပတ်ဝန်းကျင်ရှိ မန်နာများက ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် လှုပ်ရှား သွားခဲ့သည်။ သူ လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

“နောက်ဆုတ်စမ်း...”

အသံက စစ်ဝိညာဉ် တစ်ယောက်ထံမှပင်...။ သူက လှံတံတစ်စင်းကို ကိုင်ဆောင်ထားကာ ကျန်းကျင်းရှီကို မျက်ခြေမပြတ် စောင့်ကြည့် နေခဲ့၏။

“နောက်ဆုတ်စမ်း ဟုတ်လား... ဟား ဟား... ငါ ကျန်းကျင်းရှီကို နောက်ဆုတ်စမ်းလို့ ပြောရအောင် မင်းက ဘယ်သူလဲ... သွေးနတ်ဆိုး... ဒီနေ့ မင်းအတွက် ပြေးစရာမြေ မရှိတော့ဘူး... ဘယ်သူကပဲ ကာကွယ် ကာကွယ် ငါမင်းကို ရအောင် သတ်မယ်”

ကျန်းကျင်းရှီက အေးစက်စက် ရယ်မောရင်း ကြေညာလိုက်၏။ သူ၏ လျှို့ဝှက် အော်ရာက အရှိန်အဟုန်နှင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ မြေကြီး ရှန့်ထို နှစ်ယောက် အကြားမှ တိုက်ပွဲမှာ ကြယ်တာရာ နယ်မြေများကို အလွယ်တကူ ဖျက်ဆီးကာ ကြယ်ကွင်းပြင်များကိုပင် ပရမ်းပတာ ဖြစ်စေနိုင်စွမ်း ရှိသည်။ ယခု ကျန်းကျင်းရှီ၏ လုပ်ရပ်က သူ့ နယ်မြေကို မလေးစားခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ဝှစ်...

ဝေ့ဝူယင် တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ကျန်းကျင်းရှီမှာ စတင်၍ လှုပ်ရှားလာခဲ့၏။ သူက အလင်း တစ်ခုကဲ့သို့ မြန်ဆန်ကာ ခန္ဓာကိုယ်မှာ ဓားတစ်လက် အဖြစ် အသွင်ပြောင်းလဲသွားဟန် ရသည်။ ချက်ချင်းပင် ဒူးထောက်နေသည့် သွေးနတ်ဆိုးမိစ္ဆာထံ သူက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် အပြည့်ဖြင့် တိုးဝင် သွားခဲ့၏။ သို့သော်လည်း... သွေးမိစ္ဆာကြီးမှာ ခေါင်းကို တွင်တွင်ငုံ့ထားကာ ဝေ့ဝူယင်ထံမှ ခွင့်လွှတ်မှုကို တောင်းခံနေဆဲ ဖြစ်ပေသည်။

“သူ့ကို သတ်လိုက်...”

စကားလုံး နှစ်ခုတည်း...။ သို့သော်လည်း ၎င်းက လူတိုင်း၏ ကျောရိုးများကို စိမ့်တက်သွားစေခဲ့သည်။ ချက်ချင်းပင်... လှံကိုင်ထားသည့် စစ်ဝိညာဉ်မှာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေတော့၏။

အခြားတစ်ဖက်၌...

ဟူး...

ဝေ့ဝူယင်ထံမှ အမိန့်ပေးသံကို ကြားရသည့်တိုင် ကျန်းကျင်းရှီမှာ အရှိန်လျှော့ခြင်း မရှိပါချေ။ သူ၏ အမူအရာက လွှဲခုတ်လိုက်သည့် ဓားတစ်စင်းလို ပေါ့ပါးပြီး လွတ်လပ်လှ၏။ သူ့ကို တားဆီးရန် မဖြစ်နိုင်ပါချေ။

ထိုလုပ်ရပ်က ဝေ့ဝူယင် အပေါ် လေးစားမှု ကင်းမဲ့ခြင်း ဖြစ်ကြောင်း ကျန်းကျင်းရှီ မသိသည်တော့ မဟုတ်ချေ။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်း သူ သိပေသည်။ သို့သော်လည်း... သူ ဆက်လက် လုပ်ဆောင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ့ထံတွင် ယုံကြည်ရလောက်သည့် အကြောင်းတရား ရှိနေသောကြောင့်ပင်။

ရွှင်း...

ဒဏ္ဍာရီလာ သူရဲကောင်း သုံးဦးတွင် ဓား ဟု ကျော်ကြားသော ပုဂ္ဂိုလ်ကြီးမှာ သူ၏ လက်ညိုးနှင့် လက်ခလည်တို့ကို ဓားအသွင် ပြောင်းလဲကာ သွေးနတ်ဆိုးမိစ္ဆာ ဘုရင်ကို ထိုးနှက် လိုက်လေပြီ ဖြစ်လေတော့သည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် သူ၏ တိုက်ခိုက်မှုထဲ၌ အလွန်တရာ ထက်ရှလှသည့် ဖြတ်တောက်ခြင်း စိတ်ဆန္ဒ တစ်ခု ပါဝင်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ဓားရည်ရွယ်ချက်...

ရွှင်း...

ချက်ချင်းပင် အမှောင် ဟင်းလင်းပြင် အတွင်း ရှိရှိသမျှိသော စွမ်းအင် ဖြစ်တည်မှု မှန်သမျှမှာ ထက်ရှလာကာ ဓားအလင်းအသွင် ပြောင်းလဲသွား၏။ ၎င်းတို့က ကျန်းကျင်းရှီ၏ လှုပ်ရှားမှု အတိုင်း လိုက်လံ ရွေ့လျား နေကြကာ ဓားအလင်း အတွင်း စိမ့်ဝင်ရင်း မိုက်ခရိုစက္ကန့်နှင့် အမျှ ပိုမို၍ ကြီးထွားလာခဲ့သည်။

ဓားနှလုံသား ရည်ရွယ်ချက်...

“သူ ရူးသွားပြီလား...”

ကျန်းကျိရီ(အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှ မြေကြီး ရှန့်ထို) က သုန်မှုန်စွာဖြင့် ရေရွတ်လိုက်၏။ ကျန်းကျင်းရှီ၏ တိုက်ခိုက်မှုက အလွန်ပင် ပြင်းထန်လွန်းလှသည်။ ၎င်းက အာရုဏ်ဦး ကြယ်တာရာ နယ်မြေထံ ထိခိုက် ပျက်စီးမှု များစွာကို ယူဆောင်လာလိမ့်မည် ဖြစ်လေရာ ဝေ့ဝူယင်အား တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းနှင့် မခြားနားပါချေ။ ကျန်းကျင်းရှီက ထိုအရာကို မတွေးမိသည်လော။

"..."

ဟန်ယုဟိုင် (အစစ်အမှန် ဒြပ်စင်ဂိုဏ်း စောင့်ရှောက်သူ) ၏ မျက်လုံးများမှာ နက်မှောင်သွားခဲ့၏။ သူက လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူ လှုပ်ရှားသင့်သလော။ တစ်က္ကန့်၏ အပုံတစ်ထောင်ပုံ တစ်ပုံမျှ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က ဒြပ်စင် စွမ်းအင်များနှင့် စတင် တောက်ပလာခဲ့သည်။

ဝေ့ဝူယင်က ကျန်းကျင်းရှီ၏ လုပ်ရပ်ကို ရန်စခြင်း အဖြစ် သတ်မှတ်ကာ သတ်ဖို့ အမိန့်ပေးခဲ့သည်။ လူငယ်က သူ့ကို တရားဝင် အဂ္ဂိရတ် သူရဲကောင်း တစ်ဦး အဖြစ် အသိအမှတ် မပြုသေးသည့်တိုင်... ဒြပ်စင် စောင့်ရှောက်သူကတော့ နှလုံးသား အတွင်းမှ လက်အောက်ငယ်သား တစ်ဦးလို ခံယူခဲ့ပြီးသား ဖြစ်သည်။ ဝေ့ဝူယင်က သတ်ဆိုလျှင် သူ သတ်မည်။

ဘုန်း...

သို့သော်လည်း ဟန်ယုဟိုင် မလှုပ်ရှား ရသေးခင်မှာပင် ကျန်းကျင်းရှီ၏ ဓားမှာ အလွန်တရာ တောက်ပလှသော အော်ရာမီးရှူးမီးပန်းများ အဖြစ် ပေါက်ကွဲကာ လမ်းခုလတ်တွင်ပင် ရပ်တန့်သွားခဲ့၏။

ထိုပေါက်ကွဲမှုမှ လှိုင်းများမှာ အမှောင် ဟင်းလင်းပြင် အတွင်း ဖြာထွက်လာလေရာ ဟန်ယိုဟိုင် တစ်ယောက် နောက်သို့ မိုင်အနည်းငယ် လွင့်စဉ် သွားခဲ့သည်။ ကျန်းကျိရီကတော့ ဟန်ယုဟိုင်ထက် ပိုမို ဝေးကွားသည့် နေရာ တစ်ခုအထိ လွင့်စဉ် သွားခဲ့၏။

မည်ကဲ့သို့သော စွမ်းအားနည်း။

မိုင်ပေါင်း သန်းချီ ကွာဝေးနေခြင်းနှင့် မြေကြီးရှန့်ထိုများ၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက ထိုနေရာ၌ ရှိနေသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် အားလုံး ဒဏ်ရာများ အကြီးအကျယ် ရရှိသွားလောက်ပြီ ဖြစ်သည်။ သို့တိုင်အောင်... ထိုအရာမှာ စွမ်းအင် လှိုင်းတို တစ်ခုမျှသာ ဖြစ်ပေသည်။

၎င်းကား... မြေကြီး ရှန့်ထိုများကို ကြယ်တာရာ နယ်မြေများ အတွင်း တိုက်ခိုက်ရန် တားမြစ်ထားသည့် အကြောင်းပြချက်ပင် ဖြစ်လေသည်။

***

All Chapters