စစ်ဝိညာဉ်များနှင့် ဓား
Vol. 98 Ch. 1363
များလှစွာသော လူများမှာ အစစ်အမှန် မွေးဖွားခြင်း၊ အင်ပါယာ ကလန်နှင့် ဝေ့ဝူယင်၏ နောက်ကွယ်ရှိ အင်အားစုတို့မှာ သူတို့ ခန့်မှန်းထားသည်ထက်ပင် ပိုမို ကြောက်စရာ ကောင်းသည်ဟု စတင်ကာ ယုံကြည် လာကြသည်။
အစစ်အမှန် မွေးဖွားခြင်းမှာ မြေကြီး ရှန့်ထို သုံးဆယ်ကျော်ကို ထုတ်ဖော် ခဲ့သည်။ သို့သော်လည်း... အဆုံးမဲ့ ကောင်းကင်ကို မကျူးကျော်ရဲခြင်းအား ထောက်ချင့်ရပါက အင်ပါယာ ကလန်တွင်လည်း အလားတူ အင်အားမျိုး၊ သို့တည်းမဟုတ် ပိုမို တောင့်တင်းသည့် လျှို့ဝှက် အင်အားစုမျိုး ရှိလိမ့်မည်ဟု သူတို့ ကောက်ချက်ချခဲ့ကြသည်။ ယခုတစ်ဖန်... မြေကြီးရှန့်ထို ရှစ်ဆယ့် တစ်ယောက်၏ အရှေ့တွင် ဧကရီ မည်မျှ အကြောက်အလန့် ကင်းမဲ့နေသည်ကို တွေ့မြင်ရခြင်းဖြင့် သူတို့၏ ယုံကြည်ချက်များမှာ ပိုမို ခိုင်မာလာခဲ့လေသည်။
"..."
ကျန့်ကျန့်မှာ တိတ်တဆိတ်ပင် သူ့ စစ်သားများကို လေ့လာ နေခဲ့သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
“သူ(မ) ကို မလွှတ်သင့်သေးဘူးလို့ ကျုပ် ထင်တယ်... အခြားလူတွေ လေ့ကျင့်ဖို့ အလှည့်ကျ လွှတ်သင့်တယ်... အဲဒီဓားသမားက မဆိုးတဲ့ ဓားသွေးကျောက်ပဲ”
အကယ်၍ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ ကျင့်ကြံသူများသာ ကျန့်ကျန့်၏ စကားကို ကြားပါက... ထိုတပ်မဟာ ဗိုလ်ချုပ်ကြီး တစ်ယောက် ရူးသွပ်နေသည်ဟု ထင်မြင်ကြလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူက ကျန်းကျင်းရှီလို ထိပ်သီး မြေကြီး ရှန့်ထိုကို မဆိုးသည့် ဓားသွေးကျောက် တစ်ခုဟု ခိုင်းနှိုင်းနေသောကြောင့်ပင်။
ဝေ့ဝူယင်မှာ ငိုရမလား၊ ရယ်ရမလားပင် မသိတော့ချေ။ သူက တိုက်ခိုက်ရေး ခြေကျင် တပ်ရင်း၏ တပ်မှူး ကျန့်တုန်းကို အခြား စစ်သည် နှစ်ဦးနှင့် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ စစ်အဆောင်မှာ စစ်ဝိညာဉ်များ၏ ခွန်အားကို ထိန်းချုပ်ရန် အမျိုးမျိုးသော အစီအမံများ ချမှတ်ထားသည်။ ထိုအထဲမှ တစ်ခုက... စစ်ပွဲ၏ ဥပဒေသ အတိုင်း အတွေ့အကြုံများ စုစည်းခြင်းဖြင့် မိမိကိုယ်ကို တိုးတက်စေနိုင်ခြင်း ဖြစ်သည်။
တပ်မဟာ အတွင်းရှိ အဆင့်အနိမ့်ဆုံး စစ်သည်များမှာ ပျမ်းမျှ မြေကြီး ရှန့်ထို တစ်ယောက်နှင့် တူညီကာ လမ်းစဉ် ငါးခု မြေကြီး ရှန့်ထိုများ ဖြစ်ကြသည်။ ဝိညာဉ် စွမ်းအင်ကို သုံး၍ ထိုအကန့်အသတ်ကို ကျော်လွှား နိုင်သည့်တိုင်အောင် ၎င်းက အကုန်အကျ များလွန်းလှသည်။ သူတို့မှာ ယခင် လျှို့ဝှက် ကြယ်တာရာ အဆင့်မှ အသွင်ပြောင်းလဲ လာကြသူများ ဖြစ်သည်။
တပ်စု ခေါင်းဆောင်များမှာ လမ်းစဉ် ခြောက်ခုကို ပိုင်ဆိုင်ထားကြကာ၊ တပ်ခွဲ ခေါင်းဆောင်များကတော့ လမ်းစဉ် ခုနစ်ခု အဆင့်တွင် ရှိသည်။ ထိုအထက်တွင်တော့ လမ်းစဉ် ရှစ်ခု တပ်ရင်းမှူးများ ရှိပြီး သူတို့ အားလုံး၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ကတော့ လမ်းစဉ် ကိုးခုကို ပိုင်ဆိုင်ထားပေသည်။
အံ့ဩဖို့ ကောင်းတာ တစ်ခုက... ကျန့်ကျန့် အတွက် လောက သင်္ကေတ တစ်ခုကို ဖွဲ့စည်းရန် လျှို့ဝှက် လောက အဆင့် ကျောက်တုံး တစ်တုံးကို စုပ်ယူရန်သာ လိုအပ်သည်ဟာ ကောင်းကင်စစ်ဝိညာဉ်က ပြောခဲ့ဖူးခြင်း ဖြစ်သည်။
သို့သော်လည်း... ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ချိပ်ပိတ်နယ်မြေ၏ အစီအရင်ကို တစ်နည်းတစ်ဖုံ လှုံ့ဆော်ပေးလိမ့်မည် ဖြစ်ကာ ကျန့်ကျန့်၏ ကျင့်ကြံခြင်း အခြေခံကိုပင် ထိခိုက်စေနိုင်သည့် ပိတ်ပင်မှုများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ ရှုယု (အဆုံးမဲ့ ခရီးသွား နယ်မြေမှ လောကရှန့်ထို) ဟု အသိများသည့် ကျန်းယုကို အပြည့်အဝ မပြောင်းလဲသေးခြင်း ဖြစ်သည်။ ရှုယုမှာ ယခင်ကတည်းကပင် လောက သင်္ကေက ပိုင်ဆိုင်ထားသည့် လောကရှန့်ထို တစ်ယောက် ဖြစ်လေရာ ချိပ်ပိတ်နယ်မြေ၏ ကန့်သတ်ချက်များနှင့် ကျိန်းသေ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
စစ်ဝိညာဉ်များ အတွက် ကောင်းတာ တစ်ခုကတော့ ကောင်းကင် ကပ်ဘေးများကို ရင်ဆိုင်ဖို့ မလိုခြင်း ဖြစ်သည်။ အကယ်၍ ချိပ်ပိတ် အစီအရင်သာ မရှိပါက... လောက သင်္ကေတ တစ်ခုကို ဖွဲ့စည်းခြင်းဖြင့် အလိုအလျောက်ပင် လောကရှန့်ထိုများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။
“မစိုးရိမ်ပါနဲ့...”
ဝေ့ဝူယင်က ဧကရီကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်လုံးများက အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရွေ့လျားသွားသည်။
“အနာဂတ်မှာ ကျုပ်တို့ အတွက် ဓားသွေးကျောက် မရှားပါဘူး”
သူ၏ စကားအဆုံးတွင်ပင်... စစ်ဝိညာဉ် သုံးယောက်မှာ ကျန်းကျင်းရှီထံသို့ ရောက်ရှိသွားကြပြီ ဖြစ်လေသည်။ ကြားထဲ၌ ကြယ်ကွင်းပြင် နှစ်ခု ခြားနေလေရာ သူတို့ အတွက် ရောက်ရှိရန် အချိန်တစ်ခု လိုအပ်ဆဲ ဖြစ်ပေသည်။
သို့သော်လည်း... ယခုတွင်တော့ ရောက်ရှိလာခြင်းနှင့် အတူ တိုက်ပွဲက ပြန်လည် စတင်ခဲ့ပြီ ဖြစ်လေတော့သည်။
ကျန်းကျင်းရှီ၏ လက်မှာ ဓားရိုးကို တင်းကြပ်စွာပင် ဆုပ်ကိုင်ထား၏။ ဓားနှလုံးသား ရည်ရွယ်ချက်က လောက အတွင်း စိမ့်ဝင် ပေါင်းစပ်နေလေရာ အရပ် ရှစ်မျက်နှာမှာ ဓားမုန်တိုင်းများနှင့် ပြည့်နှက် နေခဲ့၏။ သေးငယ်သည့် ဓားပုံရိပ်ကလေးများမှာ ပတ်ဝန်းကျင် မိုင်ပေါင်း တစ်သန်းခန့် ဧရိယာထဲတွင် ပြန့်ကျဲ နေခဲ့သည်။ အထီးကျန် ဓားဧကရာဇ်မှာ ခွန်အား အပြည့် ထုတ်ဖော် နေခဲ့ပြီ ဖြစ်လေသည်။
ကျန့်တုန်းမှာ ဒိုင်းကို ရှေ့တွင်ကာကာအလွန် ပေါက်ကွဲအား ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျန်းကျင်းရှီထံ ချဉ်းကပ်လာနေခဲ့၏။ လေးသည်တော်နှင့် လှံကိုင်စစ်သည်တို့မှာ သူမ၏ နောက်မှ ကပ်လျှက် လိုက်ပါလာကြသည်။ သတ်ဖြတ်လိုသည့် ဆန္ဒနှင့် အတူ သူတို့၏ လျှို့ဝှက် စွမ်းအားများမှာ အရှိန်အဟုန်နှင့် တိုးပွားလာနေခဲ့သည်။
ရွှင်း...
ဘုန်း...
ထိပ်တိုက် တွေ့ဆုံမှုမှာ အလွန်တရာပင် မြန်ဆန်လွန်းလှ၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် အရာအားလုံး ပြီးဆုံး သွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မြေကြီးရှန့်ထိုများကတော့ တိုက်ပွဲ အစအဆုံးကို ရှင်းလင်းစွာပင် တွေ့မြင်လိုက်ရပေသည်။ ထိပ်တိုက် တွေ့ဆုံမှု၌ ပထမဆုံး တိုက်ခိုက်လိုက်သူက ကျန်းကျင်းရှီ ဖြစ်သည်။ သူက ဓားကို အလွန် ချောမွေ့စွာပင် ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ကာ လောက တစ်ခုလုံး၏ အင်အားကို ဗဟိုပြုလျှက် ဓားရောင်ခြည် တစ်ခုကို ဖန်တီးခဲ့သည်။
ကျန့်တုန်း၏ ဒိုင်ကာမှာ အလွန်ပင် အံ့ဖွယ် ကောင်းလွန်းလှသည်။ ၎င်းမှာ ရွှေရောင် အလင်းတန်း တစ်ခုဖြင့် တောက်ပလာကာ လေပွေဝဲ တစ်ခုကို ဖန်ဆင်းလျှက် ဓားအလင်းများကို စုပ်ယူလိုက်သည်။ သူမ ရှေ့ဆက်တိုးနေချိန် မှာပင် ကျန်းကျင်းရှီ၏ ဓားရောင်ခြည်က ဒိုင်းကို ဝင်ရောက် တိုက်ခတ်မိသွားခဲ့၏။
ထိုအခိုက်တွင်ပင် လေးသည်တော်က မြှားတစ်စင်းကို ပစ်လွှတ်ခဲ့သည်။ ၎င်းက တမုဟုတ်ချင်းပင် ပုံသေ ဟင်းလင်းပြင် အတွင်း ပျောက်ကွယ်သွား၏။ ကျန်းကျင်းရှီ တစ်ယောက် ထိုအရာကို သတိထားမိကာ ဓားကို လွှဲ၍ ကာကွယ်ဖို့ ပြင်လိုက်စဉ််မှာပင် လှံက သူ့ထံသို့ တိုးဝင်လာခဲ့သည်။ ဓားကိုင် စစ်သည်၏ အမြန်နှုန်းမှာ မြှားနှင့်ပင် ထပ်တူညီကာ ပြင်ပြသည့် သတ်ဖြတ်လိုစိတ်များနှင့် အတူ သူ့ ဦးခေါင်းကို ထိုးဖောက်ခဲ့သည်။
ကျန်းကျင်းရှီတစ်ယောက် အခက်တွေ့လေပြီ...။ သို့သော်လည်း... သူက ဓားကို ပြန်လည် ရုတ်သိမ်းခြင်းမျိုး မပြုလုပ်ပဲ မြှားကို ခုတ်ချလိုက်သည်။ တစ်ချိန်တည်း၌ သူက လွတ်နေသော လက်တစ်ဖက်ဖြင့် လှံချက်ကို ရင်ဆိုင်သည်။ လှံက လက်မောင်းရိုးထဲ အထိ ဖောက်ထွင်း ဝင်ရောက်ကာ သွေးများ ပန်းထွက်လာချိန်တွင် ဓားမှာ မြှားနှင့် ထိခတ်မိသွားသည်။ ကျန်းကျင်းရှီ၏ ရည်ရွယ်ချက်က မြှားထံမှ ပြန်လည် တွန်းကန်အားကို အသုံးပြုကာ နောက်သို့ ဆုတ်ခွာရန်နှင့် နောက်ထပ် တိုက်ခိုက်မှုအတွက် ပြင်ဆင်ရန် ဖြစ်သည်။ ၎င်းက သူ့ဘဝ တစ်လျှောက် အောင်မြင်မှု များစွာ ရရှိခဲ့သော တိုက်ခိုက်မှုလည်း ဖြစ်ပေသည်။
ဓားနှင့် မြှားမှာ ထိတွေ့သွား၏။
“ဟမ့်...”
သူ့ မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။ အဘယ်ကြောင့်နည်း။ မြှားထဲ၌ မည်သည့် အင်အားမှ မပါဝင်သောကြောင့်ပင်။
ဓားနှင့် ထိတွေ့သည်နှင့်... မြှားမှာ ဝိညာဉ် အလင်းတန်းများ အဖြစ် ပြန့်ကျဲ သွားခဲ့၏။ ရုတ်တရက်... ကျန်းကျင်းရှီ တစ်ယောက် အလွန် ပြင်းထန်သည့် အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရလေသည်။ ပြန်လည် သတိဝင် လာချိန်တွင် သူ့ ဦးခေါင်းမှာ ခေါင်းလောင်းပေါင်း တစ်ထောင် တစ်ပြိုင်နက်တည်း ထိုးလိုက်သလို နာကျင်နေကာ ဓားသွားမှာလည်း သူ့ ဝဲဘက်ပါးပြင်ထံ ထိုးဖောက် ဝင်လာနေခဲ့ပြီ ဖြစ်လေ၏။
အောက်ကို ငုံ့ကြည့်လိုက်မိသော အခိုက်၌ ဒိုင်းကာ၏ ဦးချွန်ဖျားက သူ့ ရင်ဘတ်ကို ဖောက်ဝင်ကာ နှလုံးသား အတွင်း ထိုးစိုက်နေသည်ကို တွေ့လိုက်ရသည်။
“မင်း...”
ကျန်းကျင်းရှီမှာ တစ်ခုခု ပြောချင်နေဟန် ရ၏။ သို့သော်လည်း... ဒိုင်းကာမှာ တိုက်ပွဲအစက စုပ်ယူ ထားခဲ့သည့် ဓားအလင်းများကို အပ်မှ တစ်ဆင့် ခန္ဓာကိုယ် အတွင်း ပြန်လည် ပို့လွှတ်လာခဲ့သည်။ ကိုယ်ပိုင် စွမ်းအားကို အသုံးပြု၍ အတွင်းပိုင်း အင်္ဂါများအား ပြန်လည် ဖျက်ဆီးနေသည်ကို ကြည့်ရင်း ကျန်းကျင်းရှီ၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့သည်။
ထိုမြှား...
ထိုမြှားမှာ ပုံရိပ်ယောင် တစ်ခုသာ ဖြစ်သည်။ ဤသို့ဆိုလျှင် အစစ်အမှန် မြှားက မည်သည့် နေရာတွင်နည်း။ ၎င်းက သူ့ လည်ပင်းကို တိုက်ရိုက်ပင် ထိုးဖောက်ကာ အမှောင် ဟင်းလင်းပြင် အတွင်းကိုပင် ဆက်လက် လွင့်စဉ် သွားခဲ့ပြီ ဖြစ်သည်။
မြှားမှာ ကျန်းကျင်းရှီ၏ ခေါင်းကို ပြတ်လုနီးပါး ဖြစ်သွားစေခဲ့၏။ တစ်ချိန်တည်း၌ လှံတံက သူ၏ ပါးပြင်ထဲကို နက်ရှိုင်းစွာ ထိုးစိုက်ဝင်နေသည်။ သို့သော်လည်း... ၎င်းတို့ကို မြေကြီး ရှန့်ထို တစ်ယောက်ကို သတ်ဖြတ်ဖို့ လုံလောက်သည့် အင်အားများတော့ မဟုတ်သေးပါချေ။
လူအများ တိုက်ပွဲအား အာရုံစိုက် နေကြသည့် တစ်ချိန်တည်းတွင်ပင် ဝေ့ဝူယင်က ပြုံးလိုက်၏။ ထို့နောက် သူက လက်ညိုးညွှန်လိုက်ရာ အလွန် သေးငယ်သည့် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်လေး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်... လက်ညိုးထိပ်မှ ဆေဘာ အလင်းတန်း တစ်ခုမှာ ထိုအပေါက် အတွင်း တိတ်တဆိတ်ပင် တိုးဝင် သွားခဲ့လေ၏။
ဂိတ်တံခါးပေါက်လေး ပြန်လည် ပျောက်ကွယ်သွားသော အခိုက်၌ ကျန်းကျင်းရှီ၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ပြတ်တောက်သွားခဲ့၏။ ၎င်းက လှံဦးထိပ်၌ ပါးပြင်ကို ဖောက်ထွင်းကာ တံကျင်လျှိုခံရသည့် အနေအထားဖြင့် ပါလာခဲ့သည်။ ကမ္ဘာလောက တစ်ခုလုံးကတော့ တိတ်တဆိတ် ငေးမော နေကြရုံသာ တတ်နိုင်ခဲ့လေ၏။ မြေကြီး ရှန့်ထိုများ အားလုံးမှာ သူတို့၏ ပါးပြင်များက ယားကျိကျိ ဖြစ်လာသလိုပင် ခံစားလိုက်ကြရလေည်။
ထိုနေ့၌... ဓားတစ်လက် ကျဆုံးခဲ့သည်။ မနက်ဖြန်တွင် ကျန့်ကျင်းရှီ မွေးဖွားလာပေတော့မည်။
***