လက်သီး
Vol. 98 Ch. 1364
"..."
"..."
"..."
လောကကြီး တစ်ခုလုံးမှာ တိတ်ဆိတ်သထက် တိတ်ဆိတ်လာကာ နောက်ဆုံးဆုံး၌ ဆိတ်ငြိမ်ခြင်းမှာ စိတ်၊ နား၊ ဝိညာဉ် သုံးခုစလုံးနှင့်ပင် မကြားနိုင်သည် အထိ မင်းမူ သွားခဲ့သည်။ ပစ္စုပ္ပန်တွင် လူအားလုံး၏ မျက်လုံးများကတော့ ဆုံမှတ်တစ်ခုတည်းတွင်သာ စုပြုံ ကျရောက် နေခဲ့၏။
ကျန်းကျင်းရှီ၏ ပြတ်တောက်နေသော ဦးခေါင်းပင်...။
ထိုအခိုက်၌ ကျန်းကျင်းရှီ၏ ဦးခေါင်းမှာ ဒဏ္ဍာရီလာ သူရဲကောင်း သုံးဦးထဲမှ ဂုဏ်သိက္ခာ ကြီးမားလှသော ဓားနှင့် လားလားမျှ မသက်ဆိုင်တော့ချေ။ လူတိုင်းမှာ နိုးထရန် ခက်ခဲလှသည့် အိပ်မက်ဆိုး တစ်ခု အတွင်း ကျရောက်နေသလို ခံစားနေရ၏။
လွန်ပေါင်း သောင်းနှင့်ချီ ကျော်ကြားခဲ့သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး တစ်ဦးမှာ သေမျိုးတစ်ယောက်၏ အစေခံ မြေကြီး ရှန့်ထို သုံးဦး လက်အောက်တွင် ထိုကဲ့သို့ ကြွေလွင့် သွားခဲ့ရသည်လား။ သေဆုံးသွားခဲ့သည့် ကျန်းကျင်းရှီ ပင်လျှင် ထိုရလဒ်ကို မျှော်လင့်ထားခဲ့ပုံ မပေါ်ချေ။
စစ်သည်တော် သုံးဦးမှာ လာလမ်း အတိုင်း ပြန်လည် ပျံသန်းလာကြ၏။
များလှစွာသော ပရိသတ်များ ကြား၌ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်မှာ တိတ်တဆိတ် ရပ်လျှက် ရှိသည်။ သူက ပိုးကြိုးဖြင့် ချည်နှောင်ထားသည့် ဓားအိမ် တစ်ခုကို ကျောထက်၌ လွယ်ထားခဲ့၏။ သူက ကျန်းကလန်၏ နောက်ထပ် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည့် ကျန်းယုရှန်းပင် ဖြစ်လေသည်။ ကျန်းကျင်းရှီနှင့် ကျန်းယုရှန်းတို့ နှစ်ယောက်မှာ အဆုံးမဲ့ ကောင်းကင်တွင် ကျန်းမျိုးနွယ် နံပတ် မျိုးနွယ် ဖြစ်နေရသည့် အကြောင်းရင်းပင် ဖြစ်သည်။
သို့သော်လည်း... ကျန်းယုရှန်းမှာ ကျန်းကျင်းရှီထက် အဆပေါင်းများစွာ အသက်ငယ်သည်။ ထိုမျှမက သူက ကျန်းကျင်းရှီ၏ ဝမ်းကွဲ မြေးမြစ် တော်ပေသည်။ သူတို့ နှစ်ယောက်မှာ သွေးသား အားဖြင့်ရော၊ မျိုးနွယ်အားဖြင့်ပါ နီးစပ်စွာ ချိတ်ဆက်ထားခြင်း ဖြစ်သည်။ သွေးနတ်ဆိုးမိစ္ဆာ ဘုရင်ကို တွေ့သော အခိုက်၌ သူ့ ဆွေမျိုးများအား သတ်သွားခဲ့သည့် မိစ္ဆာကောင်ကို ကျန်းယုရှီ ရှင်းပစ်ချင်ခဲ့သည်။ သို့သော်လည်း... ကျန်းကျင်းရှီမှာ သူ့ထက် အရင် လှုပ်ရှားခဲ့ကာ အဝေးမှ လေ့လာနေဖို့သာ သူ့ကို စေခိုင်းခဲ့သည်။
ကျန်းယုရှီ လိုက်နာခဲ့သည်။ ကျန်းကျင်းရှီမှာ သူ့ထက် အဆပေါင်းများစွာ ပိုမို သန်မာသည်။ သူက လမ်းစဉ် လေးခု မြေကြီး ရှန့်ထို တစ်ယောက်မျှသာ ဖြစ်သည်။ လမ်းစဉ် ခုနစ်ခု ပိုင်ဆိုင်ထားသည့် ဘိုးဘေး အပေါ် သူ အမြဲတမ်း ဂုဏ်ယူခဲ့ရသည်။
သို့သော်လည်း ယခုတွင်တော့ မြေကြီး ရှန့်ထို သုံးဦး၏ ပူးပေါင်း တိုက်ခိုက်မှု အောက်တွင် ကျန်းကျင်းရှီမှာ တစ်စက္ကန့်စာမျှပင် တောင့်မခံနိုင်ပဲ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
“သူ တကယ် လုပ်လိုက်တယ်...”
ဧကရီ ရှောင်ချွမ်းက ခပ်တိုးတိုး ရေရွတ်ရင်း တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း သူမ၏ မျက်လုံးများက အရောင် ပြောင်းလဲ သွား၏။
"ငါတို့ ပြန်ကြမယ်...”
သူမက ပြောလိုက်သည်။ ထိုအခါတွင်မှ သူမ၏ နံဘေးရှိ ကောင်းကင် ဧကရာဇ် ပိုင်ယွင်ချီမှာ မှင်သက်မှု အာရုံထဲမှ ပြန်လည် နိုးထလာခဲ့၏။ သူက ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း ဧကရီ၏ အမိန့် အတိုင်းပင် ကောင်းကင် ဖျက်ဆီးသူကို အသက်သွင်လိုက်သည်။
သူသည်လည်းပဲ ထွက်ခွာချင်နေပြီ ဖြစ်သည်။ နေကြယ်အသစ်နှင့် ပတ်သက်၍ ပဋိပက္ခက ကျိန်းသေပင် ဖြစ်ပေတော့မည်။ ဤသည်က ပြန်လည် ဆုတ်ခွာ၍ လူသူ စုဆောင်းရန်၊ အစီအစဉ်နှင့် ဗျူဟာများ ချမှတ်ရန် အကောင်းဆုံး အချိန် ဖြစ်ပေသည်။
“ခင်ဗျားတို့ကို ဘယ်သူက ပြန်လို့ ပြောသေးလို့လဲ...”
ကောင်းကင် ဖျက်ဆီးသူ အသက်ဝင်လာသည့် အခိုက်တွင်ပင် အသံတစ်ခုမှာ ရုတ်တရက် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ဖျက်ဆီးသူ၏ အရှေ့တွင် လူတစ်ယောက်မှာ လက်နှစ်ဖက်ကို နောက်ပစ်လျှက် တည်ငြိမ်စွာ ရပ်နေခဲ့သည်။
သူက အခြားလူ မဟုတ်...။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဝေ့ဝူယင်ပင် ဖြစ်လေတော့သည်။ လူငယ်မှာ အမှောင် ဟင်းလင်းပြင်ထဲ၌ လွတ်လပ်စွာပင် လွင့်မြော နေခဲ့၏။ မည်သည့် အော်ရာ အငွေ့အသက်ကိုမှ ထုတ်လွှတ်ထားခြင်း မရှိချေ။
ထျန်းမူယန်၊ ထျန်းလင်းယုနှင့် ယန်ချောင်ယွီတို့မှာ ကျန်းကျင်းရှီ သတ်ဖြတ်ခံရသည့် ကိစ္စကြောင့် ဆွံ့အ နေကြစဉ်မှာပင် ဧကရီထံမှ ထွက်ခွာမိန့်ကို ရုတ်တရက် ရရှိခဲ့သည်။ ၎င်းက သူတို့ကို အံ့ဩစေ၏။ တကယ်တမ်း ဘုရင်မက စကား တစ်ချို့လောက် ပြောသင့်သေးသည် မဟုတ်ပါလား။ အဘယ်ကြောင့် ရုတ်တရက် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သနည်း။
ထျန်းမူယန်မှာ ဧကရီ၏ ကောင်းကင် ဖျက်ဆီးသူ ရှေ့တွင် ရပ်နေသည့် ဝေ့ဝူယင်ကို တွေ့ရှိရသည်။ သူ မသိစိတ်မှ အာရုဏ်ဦး ကြယ်တာရာ နယ်မြေထဲကို လှမ်းကြည့်လိုက်မိရာ ထိုနေရာတွင်လည်း ဝေ့ဝူယင် တစ်ယောက် ရှိနေသည်ကို တွေ့ရှိရ၏။
ဝေ့ဝူယင် နှစ်ယောက်...။
“ပုံရိပ်ယောင်...”
ထျန်းမူယန် တွေးလိုက်မိ၏။ သို့သော်လည်း ထိုပုံရိပ်ယောင်မှာ အံ့ဩဖွယ် ကောင်းလောက်အောင်ပင် ခွဲခြားရ ခက်ခဲလှသည်။ ၎င်းမှာ အစစ်အမှန် လူသား တစ်ဦးနှင့် ခြားနားခြင်း မရှိပါချေ။
ဧကရီ ရှောင်ချွမ်းမှာ ပထမဆုံး အကြိမ် အဖြစ် မျက်မှောင်ကြုတ် လိုက်၏။
“နင်က လူတိုင်းကို အကျဉ်းသားတွေလို ထိန်းသိမ်းချင်တာလား...”
သူမ၏ စကားလုံးများက ရိုးရှင်းသည့်တိုင် အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားကာ မြေကြီး ရှန့်ထို အားလုံး၏ အမူအရာများကို ပြောင်းလဲ သွားစေခဲ့၏။
“အကျဉ်းသား ဟုတ်လား...”
ဝေ့ဝူယင် နှစ်ယောက်စလုံးမှာ သူမ၏ လိမ္မာပါးနပ်သည့် စကားလုံးများကြောင့် ပြုံးလိုက်မိ၏။
“နေဦး...”
သူက ထိုမျှသာ ပြောလိုက်သည်။ ထိုအမျိုးသမီးနှင့် ငြင်းခုန်ရန် မလိုအပ်သော်လည်း... သူမထံမှ စိုးရိမ် ပူပန်သည့် အငွေ့အသက်ကို သူ ပထမဆုံး အကြိမ် အဖြစ် ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူမမှာ ပန်းတိုင်ကို အောင်မြင်စေရန် အလျင်စလို လုပ်ဆောင်ခဲ့ကာ... ယခု ထိုပန်းတိုင်ကို ရရှိပြီးနောက် ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာရန် လောနေပုံ ရလေသည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။
"..."
ဧကရီ၏ လှပသော မျက်ဝန်းများမှာ ဝေ့ဝူယင်ကို စိုက်ကြည့် နေခဲ့၏။ သူ၏ အပြင်ပန်း အမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့သော်လည်း... သူ၏ စိတ်အစဉ်ကတော့ ဘေးဥပဒ် တစ်စုံတစ်ရာ မဖြစ်ပေါ်စေပဲ လွတ်မြောက်စေနိုင်မည့် နည်းလမ်းများကို အသည်းအသန်ပင် စဉ်းစားနေခဲ့သည်။ အခြားလူများမှာလည်း ဧကရီ မည်ကဲ့သို့ လုပ်ဆောင်မည်ကို စောင့်ကြည့် နေကြ၏။
ဝေ့ဝူယင်၏ တားဆီးမှုအား လျစ်လျူရင်း အတင်းအကြပ် ဆုတ်ခွာရန်မှာ ရွေးချယ်စရာ တစ်ခု ဖြစ်သည်။ သို့သော်လည်း... ထိုလူငယ်မှာ ကောင်းကင် ဖျက်ဆီးသူများအား ထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် သူ့နောက်တွင် မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက် ရှိသည်။ လက်ရှိ အချိန်ထိ ပေါ်မလာသေးသည့် မဟာ သူရဲကောင်း ဝူယုနှင့် မီးဖီးနစ်တို့လည်း ရှိနေပေသေးသည်။ အဆင်အခြင်မဲ့ လှုပ်ရှားပါက ရလဒ်က ကောင်းနိုင်ချေ မရှိပါချေ။
ဝေ့ဝူယင် လှပသည့် ဧကရီကို ကြည့်လိုက်၏။ သူမထံ၌ အနည်းငယ် စိုးရွံ့မှုများမှ အပ မည်သည့် ကြောက်ရွံ့ ထိတ်လန့်မှုမှ မရှိကြောင်း သူ တွေ့ရသည်။ မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက်ကို ထုတ်ဖော် ပြသလိုက်ခြင်းဖြင့် တစ်လောကလုံးကို တုန်ရီသွားစေရန် ရည်ရွယ်ခဲ့သော်လည်း ဧကရီ ကတော့ သူ ခန့်မှန်းထားသလို မတုန့်ပြန်ခဲ့ချေ။
ဝှစ်...
ရုတ်တရက် ပုံရိပ် တစ်ခုမှာ လှုပ်ရှားလိုက်၏။ ခြေတစ်လှမ်းတည်းဖြင့်ပင် တစ်လောကလုံး လှုပ်ခတ်သွားခဲ့သည်။ စာအုပ်ပေါင်းများစွာကို ဖတ်ရှုထားသည့် မျက်ဝန်းများနှင့် ပိန်ပါးသော ကျင့်ကြံသူမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ အရှိန်အဟုန်နှင့် ပျံသန်း သွားခဲ့သည်။ သူ၏ ခြေထောက်များက ပုံသေ ဟင်းလင်းပြင်ကို တည်ငြိမ်နေသည့် မြေပြင် တစ်ခုလိုမျိုး နင်းနေကာ ခြေလှမ်း တစ်ခုချင်းစီတိုင်း၌ အက်ကြောင်းများပင် ဖြစ်ပေါ်လာခဲ့၏။ ထိုနည်းဖြင့် သူ ရွေ့လျားသွားသည့် အမြန်နှုန်းမှာ အာကာသ ဖြတ်ကျော်ခြင်းထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။
မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် သူက မိုင်သန်းပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်၏။ ၎င်းက အလွန် ထူးခြားသည့် လှုပ်ရှားခြင်း ကျင့်စဉ် တစ်ခု ဖြစ်ကာ အလင်း၏ အမြန်နှုန်းကိုပင် ထိတွေ့ထားနိုင်ပြီ ဖြစ်သည်။ သူ့ အရည်ပြားထက်တွင်တော့ လျှို့ဝှက် အဆင့် စွမ်းအင် တစ်ခု ဖြစ်သည့် အလင်း စွမ်းအင်မှာ လှပစွာ စီးဆင်း နေခဲ့လေ၏။
သူ၏ ပန်းတိုင်ကတော့ စစ်ဝိညာဉ် သုံးယောက်ထံကိုပင်...။
သံမဏိ ခေါင်းဆောင်း အောက်ရှိ ကျန့်တုန်း၏ မျက်လုံးများမှာ ထက်ရှစွာ တောက်ပသွားခဲ့ကာ ဒိုင်းကာကို အရှေ့တွင် ခိုင်မာစွာ ကိုင်ဆောင်ထားခဲ့သည်။ ၎င်းက သာမန် ဒိုင်းကာ တစ်ခု မဟုတ်ပါချေ။ ကျန့်တုန်း ယခင် ကိုင်ဆောင်သည့် ဒိုင်းကာမှာ စစ်အမတေမှ တစ်ဆင့် ပုံသွင်းထားသည့် လက်နက် တစ်ခု ဖြစ်ကာ ခုခံနိုင်စွမ်းမှ လွဲ၍ တစ်ခြား အားသာချက် မရှိချေ။
သို့သော်လည်း ဤဒိုင်းကာကိုတော့ သတ္တုလေပွေ ဒိုင်းကာဟု ခေါ်၏။ ၎င်းမှာ လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် ရတနာ တစ်ခု ဖြစ်ကာ ဟွမ်ရီကောင်း၏ လက်စွပ်ထဲမှ ဝေ့ဝူယင် ရရှိထားခြင်း ဖြစ်သည်။
တိုက်ခိုက်ရေး သမား တစ်ယောက် မဟုတ်သည့်တိုင် ဟွမ်ရီကောင်းမှာ သတ္တု စွမ်းအင်ကို ကျင့်ကြံသည်။ အသက်ကို ကာကွယ်ရန် အတွက် ခံစစ်ကို အထူး အာရုံစိုက်သည်။ အစစ်အမှန် မွေးဖွားခြင်းနှင့် အခြား အင်အားစုများ အင်ပါယာ ကလန်ကို ပုန်ကန်လာပါက သူ့ အဖိုးတန် အသက်ကလေးကို ထိန်းသိမ်းရန် ဤဒိုင်းကာကို ပုံသွင်းခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် အခြား လက်နက်များလည်း ရှိသေးသော်လည်ငြား ထိုဒိုင်းကာမှာ ကျန့်တုန်းအတွက် အလွန် သင့်တော်သည်။
လှံကိုင် စစ်သည်နှင့် လေးသည်တော်တို့မှာ ချက်ချင်းပင် နောက်ကို ဆုတ်ကာ ကြိုတင် လေ့ကျင့်ထားသည့် ပုံစံ အတိုင်း ဝင်္ကပါ တစ်ခု အသွင်ကို ယူလိုက်ကြ၏။ လေးသည်တော်က လေးညှို့ကို ဆွဲတင်ခဲ့ပြီး ဖြစ်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များမှာ မြှားတစ်စင်း အသွင် ပြောင်းလဲ သွားခဲ့သည်။ လေးညှို့ တစ်ဝက်ခန့် ဆွဲတင်ပြီးသော အခိုက်တွင်ပင် အချိန်နှင့် အာကာသ နှစ်ခုစလုံးမှာ ပရမ်းပတာ အဖြစ် ပြောင်းလဲ သွားခဲ့၏။
တစ်ချိန်တည်း၌ လှံကိုင် စစ်သည်မှာလည်း ကျန်းကျင်းရှီ၏ ဦးခေါင်းကို လျှို့ဝှက် စွမ်းအင် တစ်ခုဖြင့် ကာကွယ်ကာ အခြား တစ်ဖက်သို့ ပို့ဆောင်လိုက်သည်။ ထို့နောက် သူ၏ လျှို့ဝှက် အော်ရာက အရှိန်အဟုန်နှင့် တောက်ပလာကာ လှံစွမ်းအားမှာ လက်မောင်းထံတွင် စုစည်းလာရင်း မိုးကြိုးတစ်စင်း ကဲ့သို့ အရှိန်အဟုန်နှင့် လှံကို ထိုးသွင်းရန် အဆင်သင့် ဖြစ်နေခဲ့သည်။
“သူ့ကိုတား...”
ရုတ်တရက်... အသံတစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်း ပဲ့တင်ထပ်ကာ ပျံ့လွင့်လာခဲ့၏။ ချက်ချင်း ဆိုသလိုပင် နောက်ထပ် ပုံရိပ် တစ်ခုမှာ လှုပ်ရှားလာခဲ့သည်။ နောက်မှ လှုပ်ရှားလာသည့်တိုင် သူ၏ အမြန်နှုန်းက ပထမ ပုံရိပ်ထက် အဆပေါင်းများစွာ သာလွန်နေကာ နောက်မှ လျှင်မြန်စွာ လိုက်သွားခဲ့သည်။
“အကန့်အသတ်မဲ့ သိုင်းဧကရာဇ်...”
ထျန်းမူယန်က မျက်မှောင်ကြုတ်လိုက်၏။ ပထမ ဦးဆုံး စတင် လှုပ်ရှားလာခဲ့သည့် ပုံရိပ်မှာ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှ တစ်ပါး မည်သူ ဖြစ်နိုင်မည်နည်း။ ယနေ့တွင် ဒဏ္ဍာရီလာ သူရဲကောင်း သုံးဦး အနက်မှ ဓားနှင့် လက်သီးတို့မှာ အတူတကွ ကျရှုံးတော့မည်လော။ ထိုအတွေးက ရယ်စရာ ကောင်းလှသော်လည်း သူ မတွေးပဲ မနေနိုင်ပါချေ။
"..."
ဝိညာဉ်ရှန့်ထို ဧကရာဇ်ကတော့ အခြား ဝိညာဉ် ဧကရာဇ်များနှင့် အတူ တိတ်တဆိတ်ပင် စောင့်ကြည့် နေခဲ့သည်။ အစမှ အဆုံးအထိ သူက တိတ်ဆိတ် ငြိမ်သက် နေခဲ့၏။ သူ မည်သည့် အကြောင်းအရာများ တွေးတောနေကြောင်း မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ မျက်ဝန်းများက အကန့်အသတ်မဲ့ သိုင်းဧကရာဇ်အား နောက်မှ လိုက်နေသည့် ပုဂ္ဂိုလ်ကိုသာ လိုက်ကြည့် နေခဲ့သည်။
သူကတော့ အခြားလူ မဟုတ်...။ နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထို တစ်ဖြစ်လည်း ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ပင် ဖြစ်လေသည်။
***