← Chapters

ရှာဖွေခြင်း

Vol. 98 Ch. 1368

ရှာဖွေခြင်း

Vol. 98 Ch. 1368

“ငါတို့ စောင့်ကြတာပေါ့...”

ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ မျက်လုံးများက အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ ဝေ့ဝူယင်ကို လှမ်းကြည့် နေခဲ့၏။ လူငယ်မှာ နေကြယ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ရာ သူ့ထံတွင် လူသိရှင်ကြား ကြေညာစရာ နောက်ဆက်တွဲ တစ်ခု ရှိနေမှာ သေချာပေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ၊ ဝူယု တစ်ယောက် မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့သည့် နေ့တုန်းက သူက အဂ္ဂိရတ် တိုက်ပွဲ အကြောင်းကို ကြေညာခဲ့သည်။ ကံဆိုးစွာပင်... အဂ္ဂိရတ် တိုက်ပွဲကို မဟာ စက်ဝန်း ရှန့်ထို ညီလာခံက အစားထိုး သွားခဲ့ပေသည်။ ယခု သူ့ထံတွင် နောက်ထပ် ကြေညာစရာ တစ်ခုခု ရှိကောင်း ရှိနိုင်ပေသည်။

ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ စိတ်လှုပ်ရှား နေခဲ့မိ၏။ တစ်ခေတ်တစ်ခါတုန်းက ထာဝရ ဧကရာဇ်မှာလည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိလာခဲ့ကာ အဂ္ဂိရတ် တာအို၌ မှတ်တိုင်များ စိုက်ထူခဲ့သည်။ တစ်လောကလုံးကို တုန်လှုပ် စေခဲ့သည်။

ယနေ့ခေတ်၏ မြေကြီး ရှန့်ထို အများစုမှာ ထာဝရ ဧကရာဇ်၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော သက်ရောက်မှုများနှင့် အတူ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်း လာခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ထာဝရ ဧကရာဇ်သာ မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိခဲ့လျှင် ယနေ့ခေတ်၏ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမလိုမျိုး ရှိလာလိမ့်မည် မဟုတ်ပါချေ။

ယခု ဝေ့ဝူယင်သည်လည်း ထိုလမ်းစဉ် အတိုင်း အတိအကျပင် လျှောက်လှမ်း နေခဲ့ပြီ ဖြစ်သည်။ သူက အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးကာ မဟာစက်ဝန်း ကြယ်ကွင်းပြင် လူငယ်များ၏ ကျင့်ကြံမှု အဆင့်အတန်းကို တစ်ဆင့်မြင့် စေခဲ့သည်။ ရွေးချယ်ခံ စံသတ်မှတ်ချက်များကို ပြောင်းလဲ စေခဲ့သည်။ ယခုအခါ နှစ်ထောင်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် အဖြစ် အစစ်အမှန် ရွေးချယ်ခံ ဧကရာဇ် ထွက်ပေါ်လာရန်ပင် မျှော်လင့်ချက်များ ရှိနေခဲ့ပြီ ဖြစ်သည်။

"..."

ဝိညာဉ် ဧကရာဇ်များမှာ ဆက်လက်၍ စောင့်ဆိုင်း နေကြ၏။ အခြား လျှို့ဝှက် အာဏာရှင် အဆင့်များမှာလည်း အတူတူပင် ဖြစ်လေသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းတွင်တော့ ဝေ့ဝူယင်မှာ သူ့ခြေ၊ သူ့လက်နှင့် ဖန်တီးထာသည့် ကြယ်တာရာ နယ်မြေကြီးကို ကြည့်ရင်း ကျေနပ် နေခဲ့လေသည်။ သူ၏ အစီအစဉ်၌ အမှားအယွင်း တစ်ခုတစ်လေပင် မရှိခဲ့ပါချေ။

အရွယ်အစားအားဖြင့် အနည်းငယ် သေးငယ်သွားသည့်တိုင် ဖီဆန်ပေါက်စလေးမှာ သူ စီစဉ်ထားသည့်တိုင်းပင် ဆွဲငင်အားနှင့် ရောင်စဉ် အလင်းတန်းများကို ထုတ်လွှတ်နိုင်စွမ်း ရှိပေသည်။ ထို့အပြင်... သူနှင့် ဖီဆန်ပေါက်စလေးတို့ ကြားတွင် ထူးခြားသော ဆက်သွယ်မှု တစ်ခု ရှိနေသည်ကို ခံစားရသည်။ သူ့ အနေဖြင့် ၎င်း၏ အရွယ်အစားကို ချုံ့ခြင်း၊ ချဲ့ခြင်း မပြုနိုင်သည့် တိုင်အောင် နေအမတေ စွမ်းအင်များကိုတော့ ဆန္ဒ တစ်ချက် ပြုရုံဖြင်ပင် မြှင့်တင်ခြင်း၊ လျှော့ချခြင်းများ ပြုလုပ်နိုင်ပေသည်။

ဖီဆန်လေးကတော့ သူ့ စိတ်မျက်လုံး အတွင်း တိတ်တဆိတ်ပင် လှဲလျောင်း တည်ရှိနေကာ ခန္ဓာကိုယ် အနှံ့ နေကြယ် အမတေများကို ဖြန့်ကျက်ရင်း ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို သန့်စင် နေခဲ့သည်။ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ဝေ့ဝူယင်မှာ ယခင်ကထက် ပိုမို သန်မာ လာနေခဲ့၏။

တစ်ချိန်တည်း၌... ကြယ်တာရာ ဝိညာဉ်များမှာ နေကြယ် အမတေများကို ဝါးမြိုနေလေရာ ခန္ဓာကိုယ် တစ်ခုတည်းသာ မကပဲ သူ၏ အသိစိတ် ပင်လယ်၊ စွမ်းအင် သွေးကြောများနှင့် ထျန်းတျန်တို့မှာလည်း အချိန်နှင့် အမျှ ပိုမို သန်မာလာနေခဲ့ခြင်း ဖြစ်သည်။

“နောက်မှ အချိန်ယူပြီး ရထားတဲ့ အကျိုးအမြတ်တွေကို စစ်ဆေးကြည့်ရမယ်”

ဝေ့ဝူယင် တိတ်တဆိတ် မှတ်ချက်ချလိုက်၏။ ကျင့်ကြံခြင်း အဆင့်သစ်ကို ချိုးဖျက်ပြီးနောက်တွင် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှ အပ အခြား မည်သည့် အခြား မည်သည့် ကျင့်ကြံခြင်း အစိတ်အပိုင်းကိုမှ သူ မစူးစမ်းရသေးပါချေ။ သို့သော်လည်း ယခုတွင်တော့ သူ့ထံတွင် အခြား အရေးတကြီး လုပ်စရာ တစ်ခု ရှိနေပေသည်။

“အားလုံးပဲ...”

ဝေ့ဝူယင်၏ အသံက အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့နှံ့လာကာ လျှို့ဝှက် အာဏာရှင် အဆင့် အားလုံး၏ အာရုံများကို စုစည်းလိုက်သည်။ ဝူယုက ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိလာကာ နောက်သို့ အနည်းငယ် ချန်၍ သစ္စာရှိ နောက်လိုက် တစ်ယောက်လို ရပ်လိုက်၏။

“နောက်ထပ် ရက်ကိုးဆယ် ကြာရင် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပမယ်... နေရာက ဒီအာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာပဲ... အားလုံးကို ဖိတ်ပါတယ်”

ဝေ့ဝူယင်က တိုတိုတုတ်တုတ်ပင် ကြေညာလိုက်လေသည်။

“...”

အားလုံး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် တောက်ပသွားခဲ့၏။ ထိုအထဲ၌ ဝိညာဉ် ရှန့်ထို ဧကရာဇ်လည်း တစ်ယောက် အပါအဝင် ဖြစ်ပေသည်။ အဂ္ဂိရတ် ကုန်စည် ပြပွဲမှာ အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ အသက်မွေး ဝမ်းကြောင်း တစ်လျှောက်လုံးကို အဓိပ္ပာယ် ဖွင့်ဆိုသည့် အခိုက်အတန့် ဖြစ်ကာ ကောင်းကင်ဘုံကိုပင် လှုပ်ခတ် စေနိုင်စွမ်း ရှိသည်။

“ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ တက်ရောက်မယ်...”

ရုတ်တရက်... အသံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာခဲ့လေ၏။ သို့သော်လည်း ၎င်းက ဝိညာဉ် ရှန့်ထို ဧကရာဇ်ထံမှ မဟုတ်ပါချေ။

အသံက မိန်းကလေးသံ ဖြစ်သည်။ ထိုအသံထဲ၌ ပြင်းထန်သည့် ဩဇာအာဏာ၊ သဘာဝ အတိုင်း နွေးထွေးမှု၊ တေးဂီတသံ၏ ချိုမြိန်မှုတို့ ပေါင်းစပ် ပါဝင်နေပေသည်။ ၎င်းက နားထောင်ရန် သာယာ ငြိမ့်ညောင်းသော်လည်း တစ်ချိန်တည်းက ခက်ခဲလှသည်။

“...”

ယွီလီရှင်းနှင့် ဝိညာဉ် နိုးထခြင်း ရှန့်ထိုတို့မှ အပ အခြား ဝိညာဉ် ဧကရာဇ် အားလုံး၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲ သွားခဲ့လေ၏။ အထူးသဖြင့် ဝိညာဉ် ရှန့်ထို ဧကရာဇ်ပင်။ သူ၏ ချောမောသော မျက်နှာ တစ်ခုလုံးမှာ အံ့ဩ ထိတ်လန့်သည့် အငွေ့အသက်များနှင့် မထိန်းချုပ်နိုင်ပဲ ပြည့်နှက်လာခဲ့၏။

“သူ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီလား...”

ဝိညာဉ် ဖန်တီးခြင်း ရှန့်ထိုက မေးလိုက်သည်။ သူမ၏ မျက်လုံးများက ဝိညာဉ် အလင်းများနှင့် တဖျပ်ဖျပ် တောက်ပနေကာ လောကတစ်ခုလုံးကို စူးစမ်း နေခဲ့၏။ သို့သော်လည်း မည်သည့် တည်ရှိမှုကိုမှ အာရုံခံ၍ မရလေရာ သူမ မျက်နှာထက်၌ စိတ်ပျက်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။

“...”

ဝိညာဉ် ရှန့်ထို ဧကရာဇ်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် သူ့ အမူအရာက ဖြည်းညင်းစွာပင် ပြေလျော့သွားခဲ့သည်။ အံ့ဩဖို့ ကောင်းတာ တစ်ခုက သူက ထိုကြေညာချက်ကို မငြင်းပယ်ခဲ့ခြင်းပင်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ အနှိုင်းမရှိ ခေါင်းဆောင် ဖြစ်သော်လည်း သူ့ထက် ဩဇာအာဏာ ပိုမို မြင့်မားသည့် ပုဂ္ဂိုလ် တစ်ယောက် ရှိနေပေသေးသည်။ သူမကတော့ အခြားလူ မဟုတ်... အယ်နီယာ ခန်းမ၏ အဂ္ဂိရတ် ရှန့်ထိုပင် ဖြစ်လေတော့သည်။

ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ ကြေညာမှု အပြီးတွင် အခြား ကြယ်တာရာ နယ်မြေများမှာလည်း အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်ပါမည့် အကြောင်း သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော် ပြောဆို လာခဲ့ကြသည်။ မကြာခင်မှာပင် အားလုံး နီးပါးမှာ ကြေညာခဲ့ကြပြီး ဖြစ်၏။

တကယ်တမ်းအားဖြင့် ထိုအရာက မလိုအပ်ပါချေ။ ဝေ့ဝူယင်မှာ အားလုံးကို ဖိတ်ကြားခဲ့လေရာ အင်ပါယာ ကလန်မှ အစ၊ ထာဝရ အစည်းအရုံး အလယ် တောကြိုအုံကြားမှ ကျင့်ကြံသူများ အဆုံး မည်သူ မဆို လွတ်လွတ်လပ်လပ် တက်ရောက်နိုင်ပေသည်။ တက်ရောက်လာသည့် မည်သူကို မဆို ဧည့်တော်များ အဖြစ် သတ်မှတ်ကာ လေးစားမှုများ ပေးအပ်မည် ဖြစ်ပေသည်။

ထို့အပြင်... လာမည့် လများ အတွင်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို လူတန်းစားမျိုးစုံ လာရောက်နိုင်ရန် အတွက် သယ်ယူပို့ဆောင်ရေး စရိတ်ကို ဝေ့ဝူယင် မာ့ကျန်းနှင့် ညှိနှိုင်းလိမ့်မည် ဖြစ်သည်။ ဆန္ဒရှိသူတိုင်း တက်ရောက်နိုင်အောင် အဖိုးအခကို လူတိုင်း တတ်နိုင်အောင် ထားရှိရပေမည်။

အဂ္ဂိရတ် ကုန်စည် ပြပွဲများမှာ မကြာခဏ ဆိုသလို နားမလည်နိုင်သည့် အကျိုးအမြတ်များကို ယူဆောင် လာလေ့ ရှိပေသည်။ ထိုအထဲ၌ အခမဲ့ အဂ္ဂိရတ် ထုတ်ကုန်များ၊ ကျင့်ကြံခြင်း ပတ်ဝန်းကျင်များပင် ပါဝင်သည်။ ထို့အပြင်... အချို့သော အဂ္ဂိရတ် ထုတ်ကုန်များ၊ ရင်းမြစ်များနှင့် ရတနာများ အတွက် စိန်ခေါ်မှုများကိုပင် လမ်းဖွင့်ပေးထားသည်။

လက်ရှိတွင်တော့ ဝေ့ဝူယင်မှာ ထိုအရာအားလုံးကို ဘေးဖယ်ထားကာ ရည်ရွယ်ချက် တစ်ခုတည်းသာ အာရုံစိုက် နေခဲ့သည်။ ၎င်းက စောစောပိုင်းက အသံပိုင်ရှင်ကို ရှာဖွေနေခြင်း ဖြစ်လေသည်။

“ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ တက်ရောက်မယ်...”

ထိုအသံ...။ ဩဇာအာဏာ၊ နွေးထွေးမှုနှင့် ချိုမြိန်မှုတို့ ရောနှောထားသည့် ထိုအသံကို သူ သိသည်။ အလွန် ရင်းနှီးနေသလို သူ ခံစားရသည်။

အခြားလူများ အတွက် အသံပိုင်ရှင်ကို ရှာဖွေရန် မဖြစ်နိုင်သည့်တိုင် ဝေ့ဝူယင်ကတော့ အချိန်နှင့် အာကာသ လမ်းစဉ် နှစ်မျိုးစလုံးတွင် သာမည အာဏာကို ဆုပ်ကိုင်ထားနိုင်သူ ဖြစ်သည်။

ထိုအခိုက်၌ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အပြည့်အဝပင် အသက်ဝင်နေကာ၊ အမှောင် ဟင်းလင်းပြင် အတွင်း စိမ့်ဝင်နေသည့် ဝိညာဉ် အသံလှိုင်း အကြွင်းအကျန်များ တစ်လျှောက် အရှိန်အဟုန် ပြင်းစွာ တူးဖော် နေခဲ့၏။ တစ်ခါတုန်းက အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ကို ရှာဖွေဖို့ အတွက်လည်း အလားတူ နည်းလမ်း တစ်ခုကို သူ အသုံးပြုခဲ့ဖူးပေသည်။

တိကျသေချာမှု၊ လျှင်မြန်မှုတို့နှင့် အတူ စက္ကန့်အနည်းငယ် အတွင်းမှာပင် ဝေ့ဝူယင် အသံရင်းမြစ် ရှိရာထံကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ သူမကို ရှာတွေ့သွားခဲ့လေပြီ...။

***

All Chapters