← Chapters

အခန်း (၂၇၃)

Vol. 21 Ch. 273

အခန်း (၂၇၃)

Vol. 21 Ch. 273

စေ့စပ်ပွဲသည် ညနေပိုင်းမှသာ စတင်ခဲ့သည်။ သိုက်ရှောင်ရွှယ်သည် နံနက်အိပ်ရာနိုးသောအခါ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူမကို ဒီလိုမြင်လိုက်ရတော့ သိုက်ရှုဖန်က သာ့ချောင်ကို ခေါ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

သိုက်ရှောင်ရွှယ်သည် သာ့ချောင်၏ မျက်နှာကို မြင်လိုက်သောအခါတွင် သူမသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုများ လေထဲလွင့်ထွက်သွားခဲ့သည်။

သူမက သာ့ချောင်ရဲ့လက်ကို ကိုင်လိုက်ပြီး "အစ်မ သာ့ချောင်၊ မင်းက အရမ်းလှတယ်။ မင်းကို တစ်ကြိမ်တွေ့တိုင်း မင်းက အရင်အကြိမ်တွေထက် ပိုလှတယ်လို့ ငါထင်တယ်!"

သာ့ချောင်သည် သူမ၏ 'မျက်နှာသွင်ပြင်' မှတ်ချက်ကြောင့် မအံ့သြတော့ပေ။ "ဒီနေ့ပြီးရင် နင် ငါ့ကို အစ်မလို့ မခေါ်နဲ့တော့"

သူမသည် နောင်တွင် သူမ၏ ဝမ်းကွဲယောင်းမ ဖြစ်လာလိမ့်မည်။ သူတို့နှစ်ယောက်က တစ်ခဏ‌လောက် အိမ်ထောင်မပြုသေးပေမယ့် သူတို့ဆက်ဆံရေးက ပြေလည်ကြသည်။ သူမကို အစ်မလို့ခေါ်ရင် အရမ်းထူးဆန်းလိမ့်မည်။

အနီရောင်တိမ်တိုက်နှစ်ခုသည် သိုက်ရှောင်ရွှယ်၏ မျက်နှာပေါ်သို့ ပျံတက်သွားပြီး "ကောင်းပြီ၊ အနာဂတ်ကျရင် နင်ကို သာ့ချောင်လို့ ငါခေါ်မယ်။ ဒါပေမယ့် နင်ငါ့ကို ဝမ်းကွဲယောင်းမလို့ ခေါ်လို့မရဘူးနော်။ မဟုတ်ရင် ငါ ဒီတိုင်းထားမှာ မဟုတ်ဘူး!"

သာ့‌ချောင်က နှုတ်ခမ်းကို ကွေးကာ ပြုံးလိုက်ပြီး "ကောင်းပြီ၊ ငါ အခု မခေါ်ဘူး။ နင် လက်ထပ်ပြီးမှ ငါပြောင်းလိုက်မယ်"

သိုက်ရှောင်ရွှယ်က သူမမျက်နှာကို စိုက်ကြည့်‌နေခဲ့သည်။ သက်ပြင်းချလိုက်ပြီး "နင့်ရဲ့ဝမ်းကွဲအစ်ကိုနဲ့ ငါ့မှာ နင့်လိုလှပတဲ့ကလေးတစ်ယောက်ရရင်၊ တစ်ဝက်လောက်ရရင်တောင် ငါကျေနပ်မှာပါ။ တုန်းယွင်လေးကို မွေးရမှာ ငါကြောက်တယ်!"

သာ့ချောင် -"…"

စောစောကပဲ သူမကို ဝမ်းကွဲယောင်းမလို့ မခေါ်ဖို့ ပြောခဲ့သည်။ အခု သူမက ကလေးယူဖို့တောင် စဉ်းစားနေသည်။

နှစ်သိမ့်ပေးရင်းနဲ့ သာ့ချောင်က တုန်းယွင်‌လေးအတွက် "နင်နဲ့ ငါ့ရဲ့အစ်ကိုဝမ်းကွဲ နှစ်ယောက်လုံးက ရုပ်ချောတာပဲ။ ကလေးက အနာဂတ်မှာ သေချာပေါက် ကြည့်ကောင်းနေလိမ့်မယ်။ ဒါပေမယ့် ရှောင်ရွှယ်၊ နင် တုန်းယွင်လေးက်ို ဒီအကြောင်း မပြောနဲ့။ ဒါက သူမကို အရမ်းဝမ်းနည်းစေလိမ့်မယ်"

သူမလည်း စိတ်မချမ်းသာဖြစ်မည်။

တုန်းယွင်းလေးသည် သူမ၏ ညီမဝမ်းကွဲဖြစ်သည်။ သူမသည် တကယ်ကို အလွန်ကြည့်ကောင်းသူ မဟုတ်ပေ။ ဒါပေမယ့် လူတွေရဲ့ နှလုံးသားက ဘက်လိုက်သည်။ သူများတွေရှေ့မှာ သူ့ကို ဒီလိုပြောနေတာကို သူမ မကြိုက်ဘူး။

သိုက်ရှောင်ရွှယ်က နားလည်သွားပြီး မြန်မြန် တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ နောင် ငါမပြောတော့ပါဘူး!"

ကောင်းကင်ကြီးက မှောင်လာပြီ။ အားလုံးက ကားနဲ့ ဟိုတယ်ကို အတူတူသွားကြသည်။

သိုက်ကွမ်းဟုန်ရဲ့ပုံစံဟာ အရင်ကထက် အများကြီး ပိုကောင်းလာသည်။ မျက်နှာက ဒေါသတွေ ပြည့်မနေတော့ပေ။

သူက အန်းပင်း၏ စာတတ်မြောက်မှုအဆင့်မှာ အနည်းငယ်ညံ့ဖျင်းပြီး ဦးနှောက်နည်းနည်း တုံးသည်ဟု ခံစားမိသော်လည်း အားသာချက်မှာ ရိုးသားပြီး အလုပ်လုပ်ချင်စိတ်ရှိခြင်းဖြစ်သည်။ ပြီးတော့ သူက ရှောင်ရွှယ်ကို တာဝန်ယူဖို့ ဆန္ဒရှိခဲ့သည်။ သူက အစကတည်းက လုံးဝ ခေါင်းမရှောင်ခဲ့ဘူး။

ထို့အပြင် ချောင်မိသားစုသည် သူ့ညီမမိသားစု၏ ကျေးဇူးရှင်ဖြစ်သည်။ ဒါကြောင့် သူက ဗီလိန်အဖြစ် ဆက်မသွားနိုင်တော့ဘူး။

အန်းပင်းသည် သူ့ယောက္ခမကို မြင်သောအခါ စ်ိတ်လှုပ်ရှားသွားသည်။ သူ့မျက်နှာပေါ်တွင် ရယ်မောကာ အနည်းငယ် ပြုံးပြလိုက်သည်။ သို့တိုင် သိုင်ကွမ်းဟုန်၏ အမြင်အရ ဤအချက်သည် ပို၍ပို၍ ကျေနပ်စရာကောင်းလာသည်။

တည်ငြိမ်သည်!

ညစာစားပွဲစတင်ပြီးနောက် ချောင်မိသားစု၏ ထုံးစံအတိုင်း စေ့စပ်ပွဲအပြီးတွင် နာမည်ပြောင်းရန် ကျင့်ဝတ်တစ်ခုရှိသည်။ နောက်တော့ လူကြီးတွေက အနီရောင် စာအိတ်လေးတွေ ပေးကြသည်။

အန်းပင်းသည် ယောက္ခမ၏ အလားအလာရှိသော ခွင့်ပြုချက်ကို ရယူထားပြီးဖြစ်သည်။ ဒီတော့ လေထုက မဆိုးပေ။

ဒါပေမယ့် သ်ိုက်ရှောင်ရွှယ်ဆီကို ရောက်တဲ့အခါမှာတော့ ဝမ်ချွမ်ကျီက မလိုလားသော ပုံစံဖြစ်သည်။

မျက်လုံးရှိသူတိုင်းသည် သူမက သူမ၏ အနာဂတ်ချွေးမ သိုက်ရှောင်ရွှယ်ကို မကြိုက်ကြောင်း တစ်ချက်ကြည့်နိုင်သည်။

သိုက်ရှောင်ရွှယ်အား သူမပေးသော စာအိတ်အနီများသည် အလွန်ပါးလွှာသည်။ သူများတွေလို မထူဘူး။

ဒါကိုမြင်တော့ သိုက်ကွမ်းဟုန်က ဒေါသတွေထွက်ခဲ့သည်။ သူ့မိန်းမက မတားရင် သူသည် သူ့သမီးနဲ့ အတူ ထွက်သွားလိမ့်မည်။

ချောင်ရှို့ကျီ၏ မျက်နှာကလည်း ကြည့်ရဆိုးနေသည်။

ပွဲမစခင်မှာ သူမသည် သူမရဲ့အကြီးဆုံးချွေးမကို အရွဲ့မတိုက်ဖို့ သတိပေးခဲ့သည်။ သူမရဲ့စာအိတ်အနီကိုတောင် စစ်ဆေးပြီး အားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးနောက် လွှတ်ထားလိုက်သည်။

မထင်မှတ်ပဲ သူမက မျက်နှာကို ရိုက်ချလိုက်သည်။

အလွန်တော်တာပဲ!

ဝမ်ချွမ်ကျီသည် စာအိတ်အနီကို ပေးပြီးနောက်တွင် သူမသည် ရုတ်တရက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ သူမခေါင်းကို လှည့်ကြည့်လိုက်တော့ သူမယောက္ခမဖြစ်သူက သူမအား မှုန်ကုပ်ကုပ်နဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။

သူမ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အိတ်ကပ်ထဲမှ အနီရောင် စာအိတ် ၃ ခုလုံးကို ချက်ချင်းထုတ်ကာ "ရှောင်ရွှယ်၊ အမေ စောစောက နည်းနည်းပိုယူလာတယ်။ ဒီစာအိတ်အနီတွေအားလုံးက မင်းအတွက်ပဲ!"

သိုက်ရှောင်ရွှယ် - "..."

လူတိုင်း - "..."

ဒါကိုမြင်တော့ သိုက်ရှောင်ရွှယ်ရဲ့အမေက နောက်ဆုံးတော့ သူမစိတ်ထဲမှာ နည်းနည်းသက်သာရာရသွားခဲ့သည်။

အိုး၊ သူမသမီးရဲ့ ယောက္ခမ‌လောင်းက စိုးရိမ်စရာပါ!

ဝမ်ချွမ်ကျီမှလွဲ၍ စေ့စပ်ပွဲညစာစားပွဲတစ်ခုလုံး ရွှင်မြူးနေခဲ့ကြသည်။

ချောင်ယွဲ့မင်ရဲ့ မိသားစုကတောင် မြို့ကနေ ပွဲတက်ဖို့ အမြန်ပြန်လာခဲ့ကြသည်။

အစက ချောင်ယွဲ့မင်၏ ခင်ပွန်းသည် မြို့တော်တွင် စာသင်ကြားခဲ့သည်။ ကျောင်းမှာ ဖွံ့ဖြိုးတိုးတက်မှုက သိပ်မရှိဘူး။ နှစ်နှစ်ကြာ သင်ကြားပြီးနောက် အခြားနေရာမှ သူငယ်ချင်းများက သူ့ထံ စာရေးကာ တက္ကသိုလ်တွင် သင်ကြားလိုလားဟု သူ့အား မေးခဲ့သည်။

မြို့တော်မှာ အရည်အချင်းရှိသူတွေနဲ့ ပြည့်နေခဲ့သည်။ ချောင်ယွဲ့မင်၏ ခင်ပွန်းသည် ထိပ်တန်းမဟုတ်ပေ။ ရှေ့တိုးဖို့ မလွယ်ဘူး။ သေးငယ်တဲ့ နေရာကို ရောက်သွားရင် အရည်အချင်းရှိတဲ့ လူတွေဟာ ရတနာတစ်ခုပင်။ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေနိုင်သည်။

ဆွေးနွေးပြီးနောက် လင်မယားနှစ်ယောက်သည် ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

သေးငယ်သောအရပ်သို့ ပြောင်းရွှေ့နေထိုင်ပြီး နှစ်နှစ်မပြည့်မီတွင် သူမ၏မိဘများသည် အခြေချနေထိုင်ရန် မြို့တော်သို့ ရောက်လာကြသည်။ ဒါက ချောင်ယွဲ့မင်ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။

သူမသည် မိဘဆက်ဆံရေး အလွန်အားနည်းသော သူတစ်ယောက်ဖြစ်သည်ဟု သူမ ခံစားမိခဲ့သည်။ အရင်ကလည်း ဒီလိုပါပဲ။ အခုလည်း ဒီလိုဖြစ်သည်။

ပွဲက ကိုးနာရီအထိ မပြီးသေးပေ။ ချောင်ကျန်းကော်က အရမ်းပျော်နေတာကြောင့် မတော်တဆ မူးသွားခဲ့သည်။

လူစုခွဲပြီးနောက် အရက်မူးနေသော ချောင်ကျန်းကော်သည် မီးဖိုချောင်ဘေးရှိ အိုးထဲစိုက်ထားသော အပင်ဘေးတွင် ပုန်းနေပြီး မလှုပ်မယှက် နေခဲ့သည်။

ဖရဲသီးက ပွင့်ပြီး အသီးသီးတော့မယ်လို့ သူက ပြောခဲ့သည်။ နောက်မှလာစားဖို့ သူက လူတိုင်းကိုပြောခဲ့သည်။

ထိုစကားကိုကြားပြီးနောက် လူတိုင်းသည် ပြောစရာ စကားမဲ့သွားကြသည်။

ချောင်ရှို့ကျီဟာ ဒီတုံးအတဲ့စုံတွဲကို ကျင့်သားရနေပြီဖြစ်သည်။

သူမက လမ်းလျှောက်လာရင်း ချောင်ကျန်းကော်ကို ဆွဲမလိုက်ပြီး "ဒီမှာ ရှုပ်ရှုပ်ရှက်ရှက် လုပ်မနေနဲ့။ အိမ်အမြန်ပြန်တော့!"

မားမားဘွိုင်းလေး ချောင်းကျန်းကော်သည် မူးနေခဲ့သည်။ သူသည် သူ့မိန်းမကို မမှတ်မိနိုင်ပေမယ့် သူ့အမေကိုတော့ သေချာမှတ်မိသည်။

သူက ခက်ခက်ခဲခဲ အကြိမ်ပေါင်းများစွာ ခေါင်းညိတ်ပြပြီး "ကောင်းပါပြီ အမေ၊ ကျွန်တော်အိမ်ပြန်တော့မယ်… အု့… ပြီးရင် ဖရဲသီးလေး ဖြစ်လာမယ်…"

ချောင်ရှို့ကျီက သူ့ကို မကြည့်နိုင်‌တော့ဘဲ "ပါးစပ်ပိတ်ပြီး သွား!"

ချောင်ကျန်းကော်သည် သူတို့၏ခွေး ချောင်ယိုရို့ဆီသို့ လျှောက်မသွားမီ အနည်းငယ် တုန်လှုပ်သွားသည်။

အန္တရာယ်ကို ခံစားလိုက်ရသလိုပဲ ချောင်ယိုရို့က နောက်ပြန်ဆုတ်သွားသည်။

သို့သော် သူသည် ခြေတစ်လှမ်း ပိုနောက်ကျခဲ့သည်။

ချောင်ကျန်းကော်က သူ့ကို ပွေ့ချီပြီး သူ့ပခုံးပေါ် တင်တာ တွေ့လိုက်ရသည်။ "လာ၊ မိန်းမ၊ အိမ်ပြန်ရအောင်... သွားကြမယ်!"

စကားပြီးသောအခါ သူက ချောင်ယိုရို့ကို သယ်ကာ ပြေးထွက်သွားခဲ့သည်။

လူတိုင်း - "..."

ခွေးလောက်တောင် မကောင်းသော တကယ့်ဇနီး ဝမ်ချွမ်ကျီ - "..."

ချောင်ယိုရို့ - အဲဒီတုန်းက ငါကြောက်ခဲ့တာ။

.....

ချောင်ကျန်းကော်သည် ထိုညက သူ့ကိုယ်သူ အရူးတစ်ယောက်လို လုပ်ခဲ့သည်။ ကံကောင်းထောက်မစွာ ထိုနေ့တွင်ရှိနေသော လူများအားလုံးသည် သူတို့၏ လူများဖြစ်သည်။ ဝမ်ချွမ်ကျီသာ ဒေါသအရမ်းထွက်ပြီး သွေးအန်လုမတတ် ဖြစ်နေခဲ့သည်။

နောက်တစ်နေ့မှာတော့ ဝမ်ချွမ်ကျီက ထိုအတွေးကြောင့် စိတ်မကောင်းဖြစ်နေတုန်းပင်။ "ရှင် မနေ့ညက ကျွန်မကို ဘာလို့ ခွေးလို ဆက်ဆံခဲ့တာလဲ? ကျွန်မက ရှင့်မျက်လုံးထဲမှာ ခွေးလား?"

ချောင်ကျန်းကော်က နဖူးကို ကုတ်ပြီး "မိန်းမ၊ မင်းက ယိုရို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ? ယိုရို့က မင်းထက် အများကြီး ပိုလေးတယ်!"

အဲဒီနေ့မှာပဲ အကြီးဆုံးရဲ့ ငှားထားတဲ့အိမ်မှာ လူအော်သံက ထပ်ပြီးထွက်ပေါ်လာခဲ့သည်။

အဲဒီနေ့မှာ ချောင်ကျန်းကော်မှာ သူ့မျက်နှာမှာ နောက်ထပ် လက်သည်းရာ နှစ်ချက်ရှိခဲ့သည်။ သူသည် တောကြောင်တစ်ကောင်က လုပ်တာဖြစ်ကြောင်း ဧည့်သည်များကို ထပ်မံရှင်းပြခဲ့သည်။

ချောင်ရှို့ကျီသည် သူမသားကြီး၏ မျက်နှာပေါ်တွင် ခြစ်ရာများကိုမြင်ပြီး သူ့ကို လုံးဝဂရုမစိုက်ပေ။ သို့သော် နောင်တွင် သူ့အား အရက်မသောက်ရန် တင်းကြပ်စွာတားမြစ်ခဲ့သည်။

ချောင်ကျန်းကော်က သူ့အမေက သူ့ကို အရင်ကလောက်မချစ်တော့ဘူးလို့ ခံစားရကာ စိတ်မကောင်းဖြစ်သွားခဲ့သည်။

နောက်တစ်နေ့တွင် ချောင်တုန်းဟယ်၏ ယောက္ခမသည် နောက်ဆုံး၌ မြို့တော်သို့ရောက်ရှိလာခဲ့သည်။

ချောင်တုန်းဟယ်က သူမကို သွားကြိုဖို့ ဘူတာရုံကို သွားချင်ခဲ့သည်။ သူစားတာမှားသလား ဒါမှမဟုတ် စိတ်ပူလွန်းတာကြောင့်လားမသိ အပြင်ထွက်တဲ့အခါ ဗိုက်က အဆင်မပြေစ ပြုလာခဲ့သည်။

သူမကို ဒီလိုမြင်လိုက်ရတော့ လော့ကျွင်းလျန်က သူ့ကို ဆေးရုံကို ခေါ်သွားချင်ခဲ့သည်။ သို့သော် ချောင်တုန်းဟယ်က သူ့ကို တားလိုက်သည်။

"ကျွန်မ နေကောင်းပါတယ်။ အိမ်မှာခဏအနားယူလိုက်မယ်လေ။ ရှင် အမေ့ကိုကြိုဖို့ ဘူတာရုံကိုသွားတာ ပိုကောင်းပါတယ်။ ရထားက မကြာခင်ရောက်တော့မယ်" သူမက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ပြောလိုက်သည်။

လော့ကျွင်းလျန်က သူမရဲ့ အေးစက်စက်လက်လေးကို ကိုင်ထားပြီး "မင်းတကယ်အဆင်ပြေရဲ့လား? မင်းကြည့်ရတာ သိပ်‌မကောင်းဘူး။ အရင်ဆုံး ဆေးရုံသွားရအောင်။ သူ့ကို နောက်မှရှင်းပြလိုက်မယ်။ သူနားလည်မှာပါ"

"မဟုတ်ဘူး၊ ရှင်သွားလိုက်တာ ပိုကောင်းပါတယ်။ ကျွန်မ နေကောင်းပါတယ်၊ ကိုယ့်ကိုယ်ကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ? အမေက အရင်က မြို့တော်ကို ရောက်ဖူးပေမယ့် လွန်ခဲ့တဲ့ (၂) နှစ်လောက်က မြို့က မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာခဲ့တာ။ သူပျောက်မှာ ရှင်မစိုးရိမ်ဘူးလား?"

ချောင်တုန်းဟယ်က အတင်းပြုံးလိုက်သည်။ ယောက္ခမသည် သားဖြစ်သူကို နားလည်နိုင်သော်လည်း ချွေးမကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။

နောက်ဆုံးတော့ သူမဟာ သူ့အမေပါ။ လော့ကျွင်းလျန်က စိုးရိမ်နေတာတော့ သေချာသည်။

အစက သူသည် သူမအား ကူကြိုပေးရန် လုပ်ဖော်ကိုင်ဖက် သို့မဟုတ် သူငယ်ချင်းတစ်ဦးကို တောင်းဆိုချင်သော်လည်း ချောင်တုန်းဟယ်က သူ့ကို လူကိုယ်တိုင်သွားကြည့်ရန် ပြောခဲ့သည်။ ဒါနဲ့ သူသွားလိုက်သည်။

သူမခင်ပွန်းထွက်သွားသည်ကို မြင်ပြီးနောက် ချောင်တုန်းဟာ်သည် ဧည့်ခန်းသို့ ပြန်သွားပြီး ဆိုဖာလေးပေါ်သို့ လဲကျသွားသည်။ သူမသည် စိတ်လှုပ်ရှားနေခဲ့သည်။

သူမသည် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ သူမသည် အရမ်းအသုံးမကျတဲ့အတွက် သူ့ကိုယ်သူမုန်းသည်။

တကယ်​​တော့ ဒီအချက်​က ​ကြောက်​ဖို့​ကောင်းသည်​။ သူမအဘွားနဲ့ ညီမလေးက သူမကို အရမ်းစိတ်ပျက်တယ်လို့ ပြောနေတာ အံ့သြစရာမရှိပါဘူး။

သူမက အရမ်းအသုံးမကျခဲ့တာ!

ဆိုဖာပေါ်မှာ ခဏလောက် အနားယူပြီးနောက် သူမရဲ့ ဗိုက်က အရမ်းနာကျင်ပုံမပေါ်တော့ဘူး။ သူမသည် ဘေးပတ်လည်ကို တစ်ချက်ကြည့်ကာ မတ်တပ်ထရပ်ပြီး အပြင်မှရေကိုယူရန် ဇလုံတစ်ခုကို ယူလိုက်သည်။

ယောက္ခမနဲ့ အချိန်သိပ်မကုန်ခဲ့ပေမယ့် အဲဒီရက်အနည်းငယ်က သူမကို လေးလေးနက်နက် မှတ်မိဖို့ လုံလောက်သည်။

အဲဒါကြောင့် ယောက္ခမ မလာခင် နေရာတွေအားလုံးကို ပွတ်တိုက်လိုက်သည်။ ပုံမှန်အားဖြင့် သူမသည် သန့်ရှင်းပြီး နေရာလုံးဝမညစ်ပတ်သော်လည်း သူမ၏ အမှားအယွင်းလုပ်မိမှာ စိုးရိမ်နေဆဲဖြစ်သည်။

ဗိုက်ကြီးကြီးနှင့် သူမအား ရေသွားခပ်တာကို မြင်တော့ ဘေးအိမ်မှာနေတဲ့ အစ်မက "ဒီလိုလေးလံတဲ့အလုပ်မျိုးကို မင်းအတွက်လုပ်ပေးဖို့ မင်းယောက်ျားကို ခိုင်းသင့်တယ်။ တစ်ခုခုဖြစ်သွားရင် နောင်တရဖို့ နောက်ကျသွားပြီနော်!"

ချောင်တုန်းဟယ်က သူမကို ကျေးဇူးတင်စွာ ပြုံးပြီး "ကျေးဇူးတင်ပါတယ် အစ်မလန်။ ကျွင်းလျန်က ကျွန်မယောက္ခမကို သွားကြိုတယ်။ ကျွန်မက အခု ကိုယ်ဝန်မရင့်သေးပါဘူး။ ကျွန်မ အလုပ်နည်းနည်းပါးပါး လုပ်နိုင်နေတုန်းပါပဲ။"

အစ်မလန်ဟုခေါ်သော ထိုလူက သူမယောက္ခမ လာမည်ကို ကြားသောအခါ ဂုဏ်ပြုစကားဆိုသည်။ "ဒါက အံ့ဩစရာပဲ။ မင်းယောက္ခမက ကလေးမွေးတဲ့ အတွေ့အကြုံ ရှိတယ်။ အချိန်တန်ရင် မီးတွင်းထဲမှာ မင်းကို မင်းယောက်ျားထက် ပိုဂရုစိုက်နိုင်တယ်!"

ဤစကားကို ချောင်တုန်းဟယ်ကြားသောအခါ သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

အစ်မလန်သည် သူထူးဆန်းနေတာကို သတိမထားမိခဲ့ပါ။ နှစ်ယောက်သားသည် စကားအနည်းငယ်ပြောပြီး လမ်းခွဲလိုက်ကြသည်။

ချောင်တုန်းဟယ်သည် ရေဖြင့်ပြန်သွားကာ အခန်း၏ အတွင်းနှင့် အပြင်ကို ပွတ်တိုက်လိုက်သည်။ လက်နဲ့ထိလိုက်တာနဲ့ ဖုန်မှုန့်တစ်စက်မှ မတွေ့ရဘူး။

သူမ ကျေနပ်စွာ ဆိုဖာပေါ် ထိုင်ချလိုက်သည်။

လော့ကျွင်းလျန်ရဲ့ဘက်မှာ သူက ဘွဲ့လွန် အတန်းဖော် တစ်ယောက်ကို လမ်းမှာ တွေ့ခဲ့သည်။ ဤရပ်စကားပြောမှုသည် အချိန်အတိုင်းအတာတစ်ခုအထိ နှောင့်နှေးစေခဲ့သည်။ သူရထားဘူတာသို့ ရောက်သောအခါ သူ့အမေစီးသော ရထားသည် ဘူတာရုံသို့ရောက်နေပြီဖြစ်သည်။

အမေလော့က ခုံတန်းလျားမှာ ထိုင်နေခဲ့သည်။ သူမ၏ မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းနက်နေသည်။

လော့ကျွင်းလျန်သည် ဤမြင်ကွင်းတွင် သူ့နှလုံးသား အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူကပြေးလာပြီး ပါးစပ်မဖွင့်ခင်မှာ ဆူပူကြိမ်းမောင်းခံလိုက်ရသည်။

"မင်းတို့ နောက်နှစ်မှာ ငါ့ကို ဘာလို့လာမခေါ်ကြတာလဲ? ရထားရောက်လာတာ ဘယ်လောက်ကြာပြီလဲ? မင်းတို့နှစ်ယောက်ရဲ့အရိပ်ကိုတောင် ငါမမြင်ရဘူး။ မင်း ငါ့ကို မင်းအမေလို့မြင်ရဲ့လား?"

အမေလော့သည် အမြဲပင် စိတ်တိုလွယ်သော စိတ်ထားရှိသည်။ အရင်တုန်းကတော့ ဒါက ယုတ္တိရှိသည်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ သူမရဲ့ ပင်ကိုယ်စရိုက်က ပိုပိုပြီး ဆိုးရွားလာခဲ့သည်။

သူမအသက်အရွယ်သည် သွေးဆုံးချိန်ဖြစ်သည်။ အလိုမကျမှုနှင့် သံသယများသည် သူမ၏ ကိုယ်ရည်ကိုယ်သွေးထဲတွင် မြုပ်သွားခဲ့သည်။ သူ့ယောက်ျား လော့ချင်းပင် သူမကို သည်းမခံနိုင်ပေ။

လော့ကျွင်းလျန်သည် ပတ်ဝန်းကျင်မှ မျက်လုံးများ သူ့ပေါ်သို့ ကျရောက်လာသည်ကို မြင်လိုက်ရပြီး သူ့မျက်နှာမှာ နီမြန်းလာသည်။ "အမေ၊ ကျွန်တော် ထွက်လာတော့ အတန်းဖော်တစ်ယောက်နဲ့ တွေ့ပြီး ခဏလောက် နှောင့်နှေးနေခဲ့တာ။ အများအားဖြင့်တော့ ရထားက နောက်ကျတယ်။ ရထားက ဒီနေ့မှ အချိန်မီရောက်ဖို့ မမျှော်လင့်ထားဘူး!"

အမေလော့၏ မျက်လုံးများက သူ့နောက်ကို ဆက်ကြည့်နေသော်လည်း ချောင်တုန်းဟယ်ကို မမြင်မိပေ။

သူမသည် မျက်ခုံးတွေ ပင့်တက်လာပြီး "မင်းမိန်းမ ဘယ်မှာလဲ? သူ မလာဘူးလား?"

လော့ကျွင်းလျန် - "အမေ တုန်းဟယ်က လာမလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ခါနီးမှာ ဗိုက်က ရုတ်တရက် အဆင်မပြေတော့ဘူး။ ဒါကြောင့် ကျွန်တော်က မလိုက်ဖို့ ပြောခဲ့တာ"

ရထားဘူတာမှာ လူတွေအများကြီးရှိသည်။ တစ်ယောက်ယောက်က သူမကို တိုက်မိရင် မကောင်းဘူး။ သူတစ်ယောက်တည်းဆို လုံလောက်ပါသည်။

အမေလော့၏ နှုတ်ခမ်းပါးပါးလေးသည် တွန့်ကွေးကာ ဝေဖန်လိုက်သည်။ "နေမကောင်းဖြစ်ရမယ့် အချိန်ကောင်းပဲ! အပြင်ကို ထွက်ကြည့်လိုက်မှပဲ။ သူက အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ငါထင်တယ်။ သူ့ယောက္ခမ လုံးဝ အရေးမကြီးဘူးပေါ့"

ရထားပေါ်မှာ သူမနဲ့ အသက်ရွယ်တူ အမျိုးသမီးတစ်ဦးနဲ့ တွေ့ခဲ့သည်။ တိုက်ဆိုင်စွာပင်၊ သူမ၏ သားသည် မြို့တော်ရှိ ဘွဲ့လွန်ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် သားဖြစ်သူ၏ ဉာဏ်ရည်ဉာဏ်သွေး၊ နာခံမှုနှင့် တာဝန်ကျေပွန်မှုများအကြောင်း ကြွားလုံးထုတ်နေခဲ့သည်။ နှစ်ယောက်စလုံးက သူတို့ရဲ့သားက ပိုထက်မြက်သည်၊ ပိုနာခံသည်၊ တာဝန်ကျေသည်ဆိုတာကို သက်သေပြချင်ကြသည်။

ဒါပေမယ့် တစ်ဖက်လူရဲ့သားက အိမ်ထောင်မပြုသေးဘူး။ အမေလော့သည် ဤအချက်က တစ်ဖက်လူကို အနိုင်ရမည်ဟု ခံစားမိခဲ့သည်။

All Chapters