အခန်း (၂၆၁)
Vol. 21 Ch. 261
နွေးထွေးသော အထိအတွေ့သည် သူမ၏ နှုတ်ခမ်းဆီသို့ ရောက်သွားသည်။ သာ့ချောင်သည် အေးခဲသွားခဲ့သည်။
သွေးပူများသည် သူမ၏ အတွင်းကလီစာများ အားလုံးမှ ဦးခေါင်းထိပ်သို့ ဆောင့်တက်သွားသည်။ သူမ မျက်နှာသည် ပူလောင်နေဝာာကို ခံစားမိသည်။
ကံကောင်းထောက်မစွာ သူတို့သည် တောအုပ်ထဲတွင် ရှိနေခဲ့သည်။ ဤနေရာတွင် မီးအလင်းရောင်သည် အလွန်မှောင်နေသဖြင့် အစ်ကို ဟော်ချီသည် သူမ၏ နီရဲနေမှုကို မမြင်နိုင်ပေ။
တကယ်တော့ ဒီမှာ အလင်းရောင်ကောင်းရင် သာ့ချောင်က ဟော်ချီရဲ့ မျက်နှာဟာ သွေးယိုလုမတတ်ကဲ့သို့ ပြုတ်ထားတဲ့ ပုစွန်လို နီရဲနေတာကို တွေ့လိမ့်မည်။
နှစ်ယောက်သား နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ထိကပ်ထားသည်။ ပိုးကောင်များ၏ အသံကို ပတ်ပတ်လည်တွင် ကြားနေရသည်။
တစ်မိနစ်ကျော်သွားပြီ။
ညခင်းလေနုအေးက သူတို့နှုတ်ခမ်းချင်းကို ဖိကပ်ထားချိန်တွင် လေပြေညင်းတွေ တိုက်နေခဲ့သည်။
နှစ်မိနစ်ကြာသွားပြီ။
ခြင်နှစ်ကောင်က သူတို့ပတ်လည်မှာ ပျံနေခဲ့သည်။
အကိုင်းအခက်များသည် ယိမ်းယိုင်နေကာ နှုတ်ခမ်းများသည် အချင်းချင်း ဖိကပ်ထားဆဲဖြစ်သည်။
သူတို့သွားတွေကို မသုံးဘူး။ သူတို့လည်း တည့်တည့်ကြီး အထဲကို တိုးမဝင်ဘူး။ သူတို့ရဲ့ နှုတ်ခမ်းတွေက နီးနီးကပ်ကပ် ထိဆက်နေခဲ့ကြသည်။
ဒါကို ငါးမိနစ်လောက်ကြာတော့ သာ့ချောင်က သည်းမခံနိုင်တော့ပေ။ "အစ်ကိုဟော်ချီ ငါတို့ ဘယ်လောက်ကြာကြာ တံဆိပ်တုံးထုရဦးမှာလဲ?"
အစ်ကို ဟော်ချီက သူမကို ဒီလိုထိတာကို သူမ မမုန်းပေမယ့် နှစ်ယောက်သားက ဒီကိုယ်ဟန်အနေအထားကို တစ်ချိန်လုံးထိန်းထားရတာ ပင်ပန်းသည်။
သို့သော် ထူးဆန်းသည်။ အခုလေးတင်ပဲ အစ်ကို ဟော်ချီက သူမကို ထိလိုက်တာနဲ့ သူမတစ်ကိုယ်လုံး ဓာတ်လိုက်သလိုပင်။
အဲဒီအခါမှာ ဦးနှောက်က အောက်ဆီဂျင် ပြတ်သွားသလို နှလုံးခုန်မြန်လာသည်။ ခန္ဓာကိုယ်၏ ခွန်အားများ ဆုတ်ယုတ်သွားတယ်လို့ ထင်ရသည်။ အကယ်၍ ဝက်ထိီးတစ်ကောင်သာ ဖြစ်ပါက သူမသည် သေချာပေါက် လက်သီးတစ်ချက်ဖြင့် ရုန်းထွက်နိုင်မည်။
ဝက်ထီး - ???
ထိုမှသာ ဟော်ချီသည် သူမ၏နှုတ်ခမ်းများကို အနည်းငယ်ဖြေလျှော့ပြီး "နျန်နျန်၊ မင်းကြိုက်လား... ငါ မင်းကို ဒီလိုရိုက်နှိပ်လိုက်တာ?"
သူ၏ နွေးထွေးသော အသက်ရှုသံများက သူမ၏ လည်ပင်းကြားတွင် ရိုက်ခတ်လာကာ သူမကို တုန်လှုပ်သွားစေပြန်သည်။
သာ့ချောင်သည် ရှည်လျားပြီး ထူထပ်သော မျက်တောင်များကို ခတ်နေသည်။ သူမ အရည်လဲ့နေသော မျက်လုံးများသည် တောက်ပနေသည်။ "အစ်ကို ဟော်ချီ၊ ငါ သဘောကျတယ်။ မလှုပ်ရှားတာက နည်းနည်းတော့ ထူးဆန်းနေသလို ခံစားရတယ်။"
ဟော်ချီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အတွေးတစ်ခု တံဆိပ်မှားနှိပ်မိတာလားဆိုတာသည် သူ့နှလုံးသားကို တင်းကျပ်သွားစေခဲ့သည်။
သို့သော် သူသည် အခြားသူများ၏ နမ်းတာကို နမူနာယူခဲ့သည်။ ပါးစပ်က ပါးစပ်နဲ့ပဲလေ။ အဲဒါအတွက် လှည့်ကွက်တစ်ခု ရှိတာလား?
ပြန်သွားတဲ့အခါ သူ့အစ်ကိုဝမ်းကွဲကို ထပ်ပြီး လာဘ်ထိုးရမယ့်ပုံရသည်။
ဒါပေမယ့် အခုတော့ သူ့နည်းလမ်းက မှားတယ်လို့ ဝန်မခံပေ။ "နျန်နျန်၊ တံဆိပ်တုံးက ဒီလိုပါပဲ။ တစ်ကိုယ်လုံး ထုံကျင်နေသလို၊ တစ်ကိုယ်လုံးလည်း အရိုးတွေ ဂျယ်လီဖြစ်သွားသလို အားနည်းနေတယ်"
သာ့ချောင်က သူ့ကို လေးလေးနက်နက် ကြည့်ပြီး "ဒီလိုပဲ ခံစားရတာ။ အစ်ကို ဟော်ချီက အများကြီး သိတယ်!"
ဟော်ချီရဲ့နှလုံးသားတွေ တဒိန်းဒိန်းခုန်ပြီး "နျန်နျန် ငါက အများကြီးသိပေမယ့် ဒါက ငါ့ရဲ့ပထမဆုံးတံဆိပ်တုံးပါ... ဒါကြောင့် မဟုတ်တာ မတွေးနဲ့!"
သာ့ချောင်သည် စောစောက လမ်းလွဲသွားသော အတွေးအနည်းငယ် ဝင်လာခဲ့သည်။ ဒါပေမယ့် သူက သူမအတွက် ရှင်းပြတာကိုမြင်တော့ သူမက ယုံသွားခဲ့သည်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာ နှစ်အတော်ကြာခဲ့ပြီ။ နှစ်အနည်းငယ် ခွဲခွာခဲ့ကြရသော်လည်း အဆက်အသွယ် မဖြတ်ခဲ့ကြဘဲ တစ်ဦးနှင့်တစ်ဦးရဲ့ အကျင့်စရိုက်အပေါ် စိတ်ချယုံကြည်ရသည်။
သာ့ချောင်က မျက်တောင်ခတ်လိုက်ပြီး "အစ်ကို ဟော်ချီ၊ စိတ်မပူနဲ့၊ ငါ အစ်ကို့ကို သံသယ မရှိပါဘူး၊ အစ်ကိုက နည်းနည်းလေးပဲ... အတွေ့အကြုံလည်း ရှိတယ်လို့ ခံစားရရုံပါ။"
ဟော်ချီ၏ စိတ်ကို မည်သို့ဖော်ပြသင့်သလဲ။ သူ ကြည်နူးသွားသည်!
စောစောတုန်းက သူသည် သူ့နည်း မှားသည်ဟု သံသယရှိနေခဲ့သည်။ သာ့ချောင်ရဲ့မျက်လုံးထဲမှာတော့ သူက ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။
သူက နည်းနည်း ချောင်းဟန့်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "တကယ်တော့ ငါက သိပ်အတွေ့အကြုံမရှိဘူး။ ဒါပေမယ့် လေ့ကျင့်ပြီး ပြီးပြည့်စုံအောင် လုပ်ထားတာ... အနာဂတ်မှာ အတူတူ တိုးတက်အောင် လုပ်ကြရအောင်!"
သာ့ချောင်၏ ခေါင်းလေးသည် အလွန်လေးနက်စွာ ညိတ်လိုက်ပြီး "ကောင်းပြီ၊ အတူတူ တိုးတက်အောင် လုပ်ကြရအောင်!"
နောင်လာမည့်အလေ့အကျင့်ကို တွေးတောရင်း ဟော်ချီ၏ နှာခေါင်းသည် ပူလာသည်။ သူသည် နှာခေါင်းသွေးတောင် ထပ်ပြီးထွက်လုနီးပါး ဖြစ်သွားသည်။
ရုတ်တရက်ပင် သိပ်မဝေးသောနေရာမှ လက်နှိပ်ဓာတ်မီးတစ်ခုသည် ဖြတ်သွားသည်။ တစ်ချိန်တည်းမှာပင် ကြမ်းတမ်းသောအသံက "အဲ့မှာဘယ်သူလဲ?"
ဟော်ချီသည် သာ့ချောင်၏ လက်ကိုဆွဲကာ လှည့်ပြီး ပြေးသွားခဲ့သည်။
ကင်းလှည့်နေတဲ့ ဦးလေးက ဒီကိုလိုက်သွားတော့ သူတို့ နှစ်ယောက်သည် တောထဲက ပြေးထွက်သွားကြပြီ။
အိပ်ဆောင်ရှေ့ရောက်မှ နှစ်ယောက်သား ရပ်လိုက်ကြသည်။
သူတို့သည် တစ်ယောက်နဲ့တစ်ယောက် ထိတ်လန့်တကြားကြည့်ရင်း ရယ်မောလိုက်ကြသည်။
"ကံကောင်းလိုက်တာ ငါတို့ မြန်မြန်ပြေးလို့။ ငါတို့ကိုတွေ့ရင် သေအောင် ရှက်ရလိမ့်မယ်!"
သာ့ချောင်သည် ရှက်ရွံ့ကာ မောဟိုက်နေခဲ့သည်။ တံဆိပ်တုံး ရိုက်ခံရတာကို တွေးလိုက်တော့ သူမမျက်နှာ ပူလောင်သွားသလို ခံစားလိုက်ရသည်။
နီရဲနေသော မျက်နှာလေး၊ အရည်လဲ့နေသော မျက်လုံးများနှင့် နူးညံ့သော ငှက်မွှေးတစ်ချောင်းနှင့် နှလုံးသားကို ကလိထိုးနေသည်။ အဲဒါက သူသည် သူမအား နှိုးဆော်ကာ ထပ်၍ တံဆိပ်တုံးနှိပ်တာ လေ့ကျင့်ချင်အောင် လုပ်နေသည်။
ဒါပေမယ့် ဒီမှာလူတွေအများကြီးနဲ့တော့ သူ ဒါကို သေချာပေါက် မလုပ်နိုင်ပါဘူး။
သူ့လက်ကို မြှောက်လိုက်ပြီး သူမရဲ့ နားရွက်နောက်သို့ ရှုပ်နေတဲ့ သူမဆံပင်တွေကို သပ်ပေးလိုက်ပြီး "ကောင်းပြီ၊ နောက်ကျနေပြီ။ မင်း စောစောပြန်ပြီး အနားယူရမယ်"
ညလေညှင်းက တိုက်ခတ်လာသည်။ လေသည် မြေကြီး၊ မြက်ပင်များနှင့် သစ်ပင်တို့၏ ရနံ့ကို သယ်ဆောင်လာသည်။ အဖြူရောင် လရောင်သည် တိမ်တိုက်များပေါ်မှ ဖြာကျနေသည်။
သာ့ချောင်သည် သူမရှေ့မှလူကို စိုက်ကြည့်ရင်း ရုတ်တရက် နှလုံးခုန်လာပြန်သည်။
ပို၍ရှက်စရာကောင်းသည်မှာ သူမသည် အမှန်တကယ်ပင် သူ့ကို စပြီးတံဆိပ်နှိပ်လိုခြင်းပင် ဖြစ်သည်။
ဝူးးးးးး...သူမ ထိန်းမရတော့ဘူး!
သူမ၏ ထူးဆန်းမှုကို မတွေ့အောင် ကာကွယ်ရန် သူမသည် လှည့်ထွက်ပြေးသွားခဲ့သည်။ သူမ၏ အသံသည် လေထဲတွင် ပျံလွင့်နေခဲ့သည်။ "မင်္ဂလာညချမ်းပါ၊ အစ်ကိုဟော်ချီ!"
ဟော်ချီက သူမသမင်တစ်ကောင်လို ပြေးနေတာကို ကြည့်နေခဲ့သည်။ သူက အိပ်ဆောင်ကိုမပြန်ခင် အချိန်အတော်ကြာအောင် အဲ့ဒီမှာရပ်နေခဲ့ပြီး သူ့နှုတ်ခမ်းတွေကို ထိလိုက်သည်။
သာ့ချောင်သည် အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ချိုက်ရူနန်သည် အရင်ဆုံး အမြန်ထခဲ့သည်။ ထို့နောက်သူမ၏အကြည့်က နှုတ်ခမ်းပေါ်ရောက်သွားပြီး "သာ့ချောင်၊ မင်းမျက်နှာက ဘာလို့ဒီလောက်နီနေတာလဲ?"
သာ့ချောင်က "အာ" လို့ အသံထွက်သွားပြီး မျက်နှာကို အုပ်လိုက်သည်။ "အဆောင်မှူးအဒေါ်က တံခါးပိတ်မှာ ကြောက်လို့ ပြန်ပြေးလာတာ။ နည်းနည်းတောင် အိပ်ချင်နေပြီ။ အိပ်တော့မယ်နော်"
သူမက စကားပြောပြီးသွားတော့ အဝတ်အစားလဲပြီး ကုတင်ပေါ်ကို မြန်မြန်ဆန်ဆန် အိပ်ဖို့ တက်သွားခဲ့သည်။
ချိုက်ရူနန်က ခေါင်းကုတ်ပြီး သူ့အိပ်ယာပေါ် ပြန်တက်သွားသည်။ အိပ်ပျော်နေရင် တစ်ဝက်တစ်ပျက်နဲ့ သူမသည် ရုတ်တရက် ထထိုင်လိုက်သည်။
မမှန်ဘူး!
သာ့ချောင်၏ မျက်နှာသည် နီရဲနေရုံသာမက သူမ၏ နှုတ်ခမ်းသည်လည်း ပို၍ပင်နီသည်။
အနည်းငယ် ရောင်နေပုံရသည်။
ဘာဖြစ်သွားတာလဲ?
အပြင်ထွက်ရင်း ခြင်ကိုက်ခံခဲ့ရတာလား?
ချိုက်ရူနန်သည် ခြင်၏ ဘ်ိုးဘေးဆယ့်ရှစ်ဆက်လောက်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် သူမသည် ခြင်ဆေးရည်တစ်ပုလင်းကို မနက်ဖြန် သာ့ချောင်ပေးမည်ဟု တွေးကာ သမ်းဝေပြီး အိပ်ပျော်သွားခဲ့သည်။
သာ့ချောင်သည် အိပ်မပျော်သဖြင့် အိပ်ရာထဲမှာ လူးလိမ့်နေခဲ့သည်။
ခုနက တံဆိပ်တုံးကိုတွေးရင်း သူမနှုတ်ခမ်းတွေ ကွေးညွှတ်သွားပြီး သူမနှလုံးသားက ချိုမြိန်သွားသလို ခံစားလိုက်ရသည်။
ဒီအချိန်မှာ အိပ်မပျော်တဲ့ လူတွေက သာ့ချောင်ချည်းပဲ မဟုတ်ပေ။ ရှောင်ချောင်လည်း ရှိသည်။
ထိုနေ့တွင် သူမသည် ဖုန်အိမ်မှထွက်ပြေးပြီး ဟော်ချိုက်ကျွင်းကို တိုက်ရိုက်တွေ့ဆုံခဲ့သည်။
ဒီဟော်ချိုက်ကျွင်းသည် သူမက နှစ်ပေါင်းများစွာ လျှို့ဝှက်စွာ ပံ့ပိုးပေးခဲ့သော ပုဂ္ဂိုလ်မှလွဲ၍ အခြားသူ မဟုတ်ပေ။
'၇၀ ခုနှစ်နှောင်းပိုင်းမှာ သူဌေးဖြစ်လာခဲ့တယ်' ဝတ္ထုမှာ ဟော်ချိုက်ကျွင်းက အမျိုးသားဇာတ်ဆောင်ပင်။ သူသည် အချမ်းသာဆုံးသူ၏ သားဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုအပြီးတွင် အချမ်းသာဆုံး သူ့၏ ဖခင်က သူ့ကို အသိအမှတ်ပြုခဲ့သည်။ ထိုအချိန်မှစ၍ သူသည် သူ့ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ရှောင်ချောင်က သူ့ကို ပံ့ပိုးပေးရတဲ့ အကြောင်းရင်းက သူဟာ အချမ်းသာဆုံး သူဌေးရဲ့ သားဖြစ်ပြီး သူ့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်သည်။ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်ကာစတွင် သူ့ကို ကူညီရန် စိတ်ကူးခဲ့သည်။ ဒါမှ သူမကို သေချာမှတ်မိမည်။
သူမ၏ ဉာဏ်ရည်ဉာဏ်သွေး၊ သူမ၏ အနာဂတ်ကို ခန့်မှန်းနိုင်စွမ်းနှင့် သူမ၏ အလှတရားတို့ကြောင့် သူမသည် သူရွေးချယ်မယ့် အမျိုးသမီး ဖြစ်လာမှာ သေချာသည်။
ဘာမှားသွားမှန်းမသိဘူး။ ဟော်ချိုက်ကျွင်း၏ ဖခင်သည် ဒီဘဝတွင် သူ့ကို ခေါ်ယူခဲ့ခြင်းမရှိပေ။ ဒီတော့ သူက ဆင်းရဲနေတုန်းပင်။
သူသည် ဆင်းရဲသားတစ်ဦးသာမကဘဲ ဒီနှစ်များတစ်လျှောက် သူ၏ဝမ်းနည်းဖွယ် အတွေ့အကြုံများကြောင့်လည်း သူသည် ယုတ်မာသည်။ သူသည် စာအုပ်တစ်အုပ်ကို တစ်ခါမျှ မဖတ်ဖူးသော်လည်း အမြဲလိုလို မောက်မာသလို ပြုမူနေခဲ့သည်။
ဤအရာအားလုံးက ရှောင်ချောင်သည် သူ့၏ကိုယ်ရေးအချက်အလက်ကို သံသယဖြစ်စေခဲ့သည်။ ဒါပေမယ့် စုံစမ်းမေးမြန်းပြီးနောက်မှာတော့ အသေးစိတ်အချက်အလက်တွေ အများကြီး မှန်ကန်ခဲ့သည်။
အဲဒါကို သုံးသပ်ပြီးနောက် သူမသည် သူမ၏ ကူးပြောင်းမှုကြောင့် ဖြစ်ပေါ်လာသော လိပ်ပြာအကျိုးသက်ရောက်မှုလို့သာ သဘောထားခဲ့သည်။ အချမ်းသာဆုံးလူများ အနီးအနားမှ လူများတွင် ကူးပြောင်းတာ သို့မဟုတ် ပြန်လည်မွေးဖွားပြီး အခြေအနေ အပြောင်းအလဲဆီသို့ ဦးတည်သွားသူများလည်း ရှိကောင်းရှိနိုင်သည်။
ဤနေရာတွင် အရေးကြီးဆုံးမှာ ဟော်ချိုက်ကျွင်း၏ ကိုယ်ရေးအချက်အလက် ဖြစ်သည်။ သူသည် အချမ်းသာဆုံး သူဌေး၏ သားအရင်းဖြစ်သရွေ့ သူ့ကို နောက်ပိုင်းမှ အသိအမှတ်ပြုခံရရင်တောင် အရေးမကြီးပါ။
သူမသည် အစောပိုင်းအဆင့်တွင် သူ့အတွက် အများကြီး ရင်းနှီးမြုပ်နှံထားပြီး ဖြစ်သည်။ တစ်ယောက်ယောက်က သူမကိုပြောခဲ့ရင် သူမသည် ယခုရပ်တန့်ရန် ဆန္ဒရှိမည်မဟုတ်ပေ။
အဲဒါက အတွေးသက်သက်ပါပဲ။
သူမဘေးတွင် ဝက်သေကဲ့သို့ အိပ်ပျော်နေသော ကောင်အား သူမသည် ခေါင်းလှည့်ကြည့်လိုက်သည်။ သူမသည် သူ့အပေါ် ချစ်ခြင်းမေတ္တာကို အမှန်တကယ် မခံစားနိုင်ပေ။
သူမသည် ဖြတ်သန်းနေသော ညမြင်ကွင်းဆီသို့ လှည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် သက်ပြင်းချမိလိုက်သည်။
ထားလိုက်ပါ။ နည်းနည်းကြာအောင် သည်းခံလိုက်ဦး။ သူသည် အချမ်းသာဆုံး အဖေကို ရှာတွေ့ပြီးနောက် သူတို့၏ ကောင်းသောနေ့များ ရောက်လာလိမ့်မည်။
ဒါကိုတွေးပြီး သူမသည် မျက်လုံးမှိတ်ထားလိုက်သည်။
ရှောင်ချောင်မသိတဲ့အရာက သူမစောင့်မျှော်နေတဲ့အရာက ဘယ်တော့မှ ဖြစ်မလာတော့ဘူးဆိုတာပင်။
အရင်ဘဝတွင် ဟော်ချီ၏ မိသားစုသည် ချီလီထုတ်လုပ်ရေးအဖွဲ့တွင် အဆုံးသတ်ခဲ့သည်။ ဟော်ဟွားချင်းသည် ဖျားနာပြီး ဟော်ချီသည် အရိုက်ခံရကာ သိုက်ရှုဖန်သည် ရူးသွားခဲ့သည်။
သူမ ရူးသွပ်သွားပြီးနောက် ဟော်ချိုက်ကျွင်းနှင့် သူ့အမေက သူမကို သနားစရာအဖြစ် တွေ့ရှိခဲ့သည်။ ဒါကြောင့် ရံဖန်ရံခါ သူမကို စားဖို့ တစ်ခုခု ပေးခဲ့သည်။ သူတို့ကျေးဇူးကြောင့် ဟော်ကျန့်ချန်က သူမကို ရှာမတွေ့မချင်း သူမသည် အသက်ရှင်ခဲ့သည်။
ဟော်ကျန့်ချန်က သူ့သားအဖေနဲ့သားက သေပြီး သူ့မိန်းမ ရူးနေပြီဆိုတာ သိလိုက်တဲ့အခါ ဒူးထောက်ပြီး ငိုခဲ့သည်။
နောက်ပိုင်းတွင် သူသည် ဟော်ချိုက်ကျွင်းကို သူ၏ မွေးစားသားအဖြစ် မွေးစားပြီး သိုက်ရှုဖန်ကို ပြုစုပေးသည့်အတွက် ကျေးဇူးဆပ်ရန် မြို့ကြီးတစ်ခုသို့ ခေါ်သွားခဲ့သည်။
ကောလဟာလ! ပြန့်နှံ့လာပြီး ပြန့်နှံ့မှုဖြစ်စဉ်တွင် မရေမတွက်နိုင်သော ကောလဟာလများ ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် အရင်ဘဝက ဖန်းရှောင်ကျွမ်းဆီ ကောလဟာလများ ပြန့်နှံ့သွားသောအခါ အကြောင်းအရာများသည် များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရှောင်ချောင်အကြောင်းဆိုရရင်။ သူမသည် စာအုပ်ကို ဖတ်ဖူးသော်လည်း ဖတ်နေချိန်တွင် ပေါ့ပေါ့ပါးပါးသာ လှန်ကြည့်ခဲ့သည်။ သူမသည် အသေးစိတ်အချက်အလက်များကို မသိခဲ့ပေ။
ထို့ကြောင့် ဟော်ချိုက်ကျွင်းသည် အစမှအဆုံး အချမ်းသာဆုံးသူ၏ သားမဟုတ်ကြောင်း သူမနှင့် ဖန်းရှောင်ကျွမ်းက မသိခဲ့ပါ။
တစ်နည်းအားဖြင့်ဆိုရသော် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမ၏ အာရုံစိုက်မှုနှင့် ဂရုစိုက်မှုတို့သည် အဆုံးတွင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
—
ပထမနှစ်၏ ပထမပတ်တွင် ပုံမှန်အားဖြင့် အတန်းမရှိပေ။
ကျောင်းစတက်တဲ့နေ့မှာတော့ ကျောင်းဝင်းပတ်ဝန်းကျင်နဲ့ စည်းမျဉ်းစည်းကမ်းအမျိုးမျိုးကို ပြဋ္ဌာန်းစာအုပ်အသစ်တွေကို ဖတ်ရှုရက်း ရင်းနှီးလာခဲ့သည်။
ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှ ယောက်ျားလေးများသည် သာ့ချောင်ကိုတွေ့သောအခါ လူအုပ်ကြီးသည် ချက်ချင်းလှုပ်ရှားသွားသည်။
"အရှင်ဘုရား၊ ကောင်မလေးက အတန်းမှားတာ မဖြစ်နိုင်ဘူးမလား?"
"ငါတော့ ဖြစ်နိုင်မယ်ထင်တယ်။ ဒီလိုချောမောတဲ့မိန်းကလေးက အနုပညာဌာန ဒါမှမဟုတ် နိုင်ငံခြားဘာသာစကားဌာနကလား? ငါတို့ဘဏ္ဍာရေးဌာနက လုံးဝမဖြစ်နိုင်ဘူး!"
"မဟုတ်ရင်တောင် ငါပြန်ကြည့်ရမယ်။ နောက်လေးနှစ်ကြာအောင် ငါမင်းလို ရုပ်ဆိုးတဲ့ အရာတွေပဲ မြင်နိုင်မှာ!"
"မင်းလည်း ရုပ်ဆိုးတာပဲ မဟုတ်ဘူးလား? ငါတို့ကကော မင်းကို ကြည့်ချင်တယ်လို့ ထင်လို့လား?! ဒါနဲ့ ဒီကောင်မလေးက အရမ်းလှတယ်။ အခုသူ့မေဂျာကိုပြောင်းဖို့ ငါအရမ်းနောက်ကျနေလား မသိဘူး"
ယောက်ျားလေးတွေက အချင်းချင်း တွန်းနေကြသည်။ မျက်လုံးအားလုံးက သာ့ချောင်ကို စူးစိုက်ကြည့်နေကြသော်လည်း ဘယ်သူကမှ သူမအား နှုတ်ဆက်စကား မပြောရဲကြပေ။
သာ့ချောင်ဝင်လာပြီးနောက် သူမသည် ထိုင်ရန်နေရာတစ်ခုရှာပြီး သူမဖတ်ဖို့ယူလာသော စာအုပ်ကိုထုတ်လိုက်သည်။
နူးညံ့သော နေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တောက်ပလာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ကျရောက်လာသည်။ နတ်သမီးကို အနှောက်အယှက်ဖြစ်စေမှာကို ကြောက်တဲ့အတွက် လူတိုင်းက သူမကို ကြည့်ပြီး အသက်ရှုကြပ်ကြပါတယ်။
ကျောင်းအုပ်ဆရာ ရောက်လာပြီးနောက် ထိုမိန်းကလေးသည် ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှဖြစ်ကြောင်း လူတိုင်းသိခဲ့ကြသည်။ ထို့အပြင် သူမသည် ပြည်နယ်ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံး ဖြစ်ခဲ့သည်။
ကောင်းကင်ဘုံပဲ၊ ကြည့်ရတာ အရမ်းလှပြီး အမှတ်ကောင်းတွေ ရှိသည်။ သူ့နောက်ကို သူတို့ ဘယ်လိုလုပ် လိုက်ရဲမှာလဲ?
တက္ကသိုလ်တစ်ခု၏ ကျောင်းအုပ်ဆရာသည် မူလတန်းနှင့် အလယ်တန်းကျောင်းများနှင့် ကွဲပြားသည်။ ခေါင်းစဉ်တစ်ခုသာဖြစ်ပြီး သိပ်ဂရုမစိုက်ပါ။ ကျောင်းသားတွေ ပြဿနာတက်တဲ့အခါ သူတို့သည် ဆရာကို ရှာကြသည်။
ကျောင်းအုပ်ဆရာမကြီးက ဤခဲယဉ်းသောအခွင့်အရေးကို မြတ်နိုးရန် လူတိုင်းအား တိုက်တွန်းကာ သူတို့၏ ငယ်ရွယ်မှုများနှင့် သူတို့၏ မိသားစုကို စိတ်မပျက်စေဘဲ တစ်ခုခုကို သေချာသင်ယူရန် အကျဉ်းချုံးကာ မိန့်ခွန်းပြောခဲ့သည်။
သေချာသည်မှာ ကျောင်းအုပ်ဆရာသည် ဤစကားများကို ပြောလေ့ရှိသူဖြစ်သည်။ ရိုးရှင်းသော စကားလုံးအနည်းငယ်သည် လူငယ်တစ်စုအား ခွန်အားဖြစ်စေသည်။ သူတို့သည် တိုင်းပြည်နဲ့ ဦးဆောင်မှုကို ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူးလို့ ကတိသစ္စာပြုကြသည်။
ကျောင်းအုပ်ဆရာက လူတိုင်း၏စိတ်အားထက်သန်မှုကို အလွန်ကျေနပ်ပြီး သာ့ချောင်ထံလှည့်ကာ "ချောင်နျန်နျန်၊ မင်းက ဒီအတန်းရဲ့ ထိပ်တန်းကျောင်းသူပဲ။ ကျောင်းက မင်းကို မိန့်ခွန်းပြောဖို့ ဒီအတန်းရဲ့ ကျောင်းသား ကိုယ်စားလှယ်အနေနဲ့ ဖိတ်ခေါ်ပါတယ်။ မင်းအဆင်ပြေလား?"
သာ့ချောင်က အဲဒါကို တွေးပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"
ကျောင်းအုပ်ဆရာက ကျေနပ်စွာ ထွက်သွားသည်။ သာ့ချောင်သည် ကျောင်းအုပ်ဆရာနောက် လိုက်ကာ စာသင်ခန်းမှ ထွက်လာခဲ့သည်။
အတန်းထဲက ကောင်လေးတွေက သူမကို ကြည့်နေခဲ့ကြသည်။ အခုလေးတင် နူးညံ့တဲ့ အသံကို သတိရပြီး သူတို့သည် မျောနေသလို ခံစားလိုက်ရသည်။
ကောင်းကင်နတ်သမီးသည် ကောင်းကင်နတ်သမီးပါပင်။ သူ့အသံက သာယာလွန်းသည်။
ကျောင်းသူများအတွက် အတန်းနှစ်တန်းနှင့် မိန်းကလေး စုစုပေါင်း သုံးယောက်သာ ရှိသည်။ သာ့ချောင်ကို ပထမတန်းတွင် နေရာချပေးခဲ့ပြီး ကျန်မိန်းကလေးနှစ်ဦးကို ဒုတိယတန်းတွင် နေရာချပေးခဲ့သည်။
တစ်နည်းအားဖြင့် သာ့ချောင်သည် အတန်းထဲတွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။
အတန်းထဲက ကောင်လေးတွေသည် သစ်ရွက်တွေကြားက တစ်ခုတည်းသော နူးညံ့သည့် ပန်းကို ကောင်းကောင်း ဂရုစိုက်မယ်လို့ ကတိပြုကြသည်။
နောက်သုံးရက်ကြာတော့ ကျောင်းသားသစ်အားလုံးသည် ကစားကွင်းမှာ စုဝေးကြသည်။
ကျောင်းအုပ်ကြီးသည် စင်မြင့်ပေါ်၌ ရပ်ကာ စိတ်တိုတိုဖြင့် ပြောနေသည်။
အနီးစပ်ဆုံး အဓိပ္ပါယ်ကတော့ ဒီအချိန်ကို လူတိုင်းက မြတ်နိုးဖို့ပင်။ သူတို့ကို ပြင်ပကမ္ဘာက ကောင်းကင်ဘုံ၏ မျက်နှာသာရကလေးများဟု ခေါ်ဝေါ်ကြသော်လည်း သူတို့သည် လေးနှစ်တာအချိန်ကို ဖြုန်းတီးကြမည်ဆိုရင် ကောင်းကင်ဘုံ၏ မျက်နှာသာရကလေးများသည် ဘွဲ့ရပြီးနောက် ကောင်းကင်၏ ပိုးကောင်များ ဖြစ်လာကြလိမ့်မည်။
ကျောင်းသားသစ်များသည် ဤကောင်းကင်ကြီး၏ ပိုးကောင်များဆိုတာကို ကြားသောအခါ ရယ်မောနေကြသော်လည်း ကျောင်းအုပ်ကြီး၏ စကားများသည် နားထဲသို့ ဝင်ရောက်လာကာ နှလုံးသားထဲတွင် တိုင်းပြည်အတွက် အသုံးဝင်တဲ့ အရည်အချင်းတွေ ရှိလာအောင် ကြိုးကြိုးစားစား လေ့လာကြရမည်ဆိုပြီး ကျိန်ဆိုနေကြပြန်သည်။
ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောပြီးချိန်မှာတော့ ကစားကွင်းက နွေးထွေးတဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။