← Chapters

အခန်း (၂၆၂)

Vol. 21 Ch. 262

အခန်း (၂၆၂)

Vol. 21 Ch. 262

နောက်တော့ တခြားဒါရိုက်တာတချို့က စကားပြောကြသည်။ ဒါရိုက်တာတွေ ပြောပြီးတာနဲ့ ကျောင်းသား ကိုယ်စားလှယ်ရဲ့ အလှည့်ပင်။

သာ့‌ချောင်သည် အဖြူရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ ဆံပင်ကို မြင့်မြင့် ချည်နှောင်ထားသည်။ သူမသည် နုပျိုလှပပြီး နုပျိုသန်စွမ်းမှု အပြည့်ရှိသည်။ အားလုံးရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေအောက်မှာ သူမဟာ စင်ပေါ်ကို ယုံကြည်မှုအပြည့်နဲ့ အေးဆေးတည်ငြိမ်စွာ တက်လှမ်းခဲ့သည်။

စင်အောက်က ကျောင်းသားတွေက စင်ပေါ်မှ ကောင်မလေးကို ကြည့်ပြီး တိတ်တိတ်လေး မနေနိုင်တော့ပေ။

"အို ဘုရားသခင်၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနက တစ်ယောက်ယောက်က ဒါကို အရင်က ပြောဖူးတာ ကြားဖူးတယ်။ ပြီးတော့ ငါက tomboy တစ်ယောက်နဲ့ တွေ့မယ်လို့ပဲ ထင်ခဲ့တာ။ ကောင်းကင်က နတ်သမီးကို မြင်ဖို့ ဘယ်တုန်းကမှ ငါမတွေးဖူးဘူး။"

"ငါကောပဲ! အမယ်လေး ဘုရား။ ဒီလိုပုံစံနဲ့ သူက ဒီနှစ်ရဲ့ ကျောင်းပန်းပွင့်ပဲ မဟုတ်လား?"

"သူမက လှရုံနဲ့လုံလောက်နေပြီဟာ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလည်း အမှတ်အများဆုံးပဲ! နှိုင်းယှဥ်ကြည့်လိုက်ရင် လူတွေကို အရမ်းစိတ်ဆင်းရဲစေတယ်။"

"ဟုတ်​ကဲ့ ဒီလိုလူကို မနာလိုမဖြစ်မှာလဲ။ ငါမနာဘူး!"

တခြားသူတွေ မနာလိုမဖြစ်ကြပေမယ့် အဆောင်တူတူနေတဲ့ ဝမ်ရှန်းရှန်းနဲ့ စုန့်ယုလျန်တို့က မနာလိုဖြစ်လွန်းလို့ သူတို့ရဲ့ မျက်လုံးတွေက ယုန်တွေလို နီရဲသွားကြသည်။

သာ့ချောင်သည် ပရိသတ်၏ ရုန်းရင်းဆန်ခတ်မှုကို လျစ်လျူရှုခဲ့သည်။ ပြီးတော့ သူမသည် သူမပြင်ဆင်ထားတဲ့ စကားတွေကို ပြောဖို့ မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်သည်။

သူမ၏ အသံသည် လူတို့၏ နှလုံးသား အထွတ်အထိပ်သို့ ဖြည်းညှင်းစွာ ခေါ်ဆောင်သွားသော စန္ဒယားသံကဲ့သို့ နူးညံ့ချောမွေ့သည်။ တီးတိုးသံများ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် လက်ရန်းအစွန်းတွင် အရပ်မြင့်မြင့်နှင့် မတ်တပ်ရပ်နေသော ဟော်ချီသည် သူ့မျက်လုံးများက စင်မြင့်ပေါ်ရှိ သာ့ချောင်ပေါ်တွင် ရှိနေခဲ့သည်။ သူ့မျက်လုံးတွေက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေခဲ့သည်။

သူ့အိမ်မက်ထဲမှာ ပထမဆုံးအကြိမ် ပေါ်လာတဲ့ မျက်နှာအသားဖြူ ပိန်ပိန်လေးနဲ့ သူ့ရှေ့က လှပပြီး ပွင့်ပွင့်လင်းလင်း ကောင်မလေးကို ကြည့်ပြီး စိတ်ခံစားမှုတွေ အပြည့်ဖြစ်နေသည်။

အဲဒါက သူတစ်သက်လုံး ပြုစုစောင့်ရှောက်ချင်တဲ့ သူ့ကောင်မလေး ဖြစ်သည်။

သာ့ချောင် စကားပြီးသောအခါတွင် ကွင်းပြင်ထဲမှ လက်ခုပ်သံများသည် ကျောင်းအုပ်ကြီးထက် ပို၍ပင် စိတ်အားထက်သန်နေကြသည်။

အထူးသဖြင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှ ယောက်ျားလေးများပင်။ သူတို့သည် သူတို့ လက်ဖဝါးကျိုးလုမတတ် ပြင်းထန်စွာ လက်ခုပ်တီးပြီး အားပေးကြသည်။

သူတို့ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနဟာ နောက်ဆုံးမှာတော့ သူတို့ရဲ့ ရင်ဘတ်ကို ကော့ပြီး တခြားဌာနက လူတွေနဲ့ ရင်ဆိုင်နိုင်ပြီ။ နောင်တွင် ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနတွင် လှပသောမိန်းမ မရှိဟု ဘယ်သူမှ မပြောရဲတော့ပေ။ ပြောရဲရင် သူတို့ကို တံတွေးဖြင့် နစ်မြုပ်ပစ်မည်!

ဤအခိုက်အတန့်တွင် ပထမတန်းရှိ ယောက်ျားလေးများသာမက ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနတစ်ခုလုံးရှိ ယောက်ျားလေးများလည်း ပါဝင်ကာ နုနယ်သော ပန်းပွင့်လေး သာ့ချောင်ကို ကာကွယ်ရန် ကျိန်ဆိုခဲ့ကြသည်။

ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနက တခြားမိန်းကလေးတွေမှာတော့ သာ့ချောင်ကို မနာလိုမဖြစ်ကြပေ။ ယောက်ျားလေးတွေလိုပဲ သူတို့ဌာနမှာ ဒီလိုချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရှိလို့ သူတို့က ဝမ်းသာကြသည်။

နောင်တွင် ဉာဏ်ကောင်းသော မိန်းကလေးများသည် ရုပ်ရည်ပိုင်းဆိုင်ရာတွင် အဆင်မပြေသော ငှာနလို့ ဘယ်သူပဲဖြစ်ဖြစ် ပြောရဲပါက သာ့ချောင်အား သူတို့မျက်နှာကို ရိုက်ရန် သေချာပေါက် အသုံးပြုနိုင်မည်ဖြစ်သည်။

ဒါကြောင့် သာ့ချောင်က မတုံ့ပြန်ခင်မှာ သူမက သူတို့ ကာကွယ်လိုတဲ့ ဘဏ္ဍာရေးဌာနတစ်ခုလုံးရဲ့ မျက်နှာသာ ဖြစ်လာခဲ့သည်။

ဟော်ပြောပွဲအပြီးတွင် ဟော်ချီသည် မူလက သာ့ချောင်နဲ့အတူတူ ထမင်းစားချင်ခဲ့သည်။

သို့သော် ခြေတလှမ်း ရွေ့လိုက်သည်နှင့် တပြိုင်နက် သူ၏ အစ်ကိုဝမ်းကွဲက သူ့အား ပြောခဲ့သော စကားများသည် စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ ခေါင်းမာပြီး တွယ်ကပ်နေတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက မကြိုက်ဘူး။ အဲဒီအပြုအမူတွေက ယောကျာ်းဆန်တာ မဟုတ်ဘူး။ ထို့အပြင် အကွာအဝေးသည် တောင့်တခြင်းကို ဖြစ်စေသည်။ သူသည် ပီကေကဲ့သို့ သာ့ချောင်ကို မကပ်ရပေ။

ဒါကိုတွေးပြီး ဟော်ချီက မြှောက်ထားတဲ့ ခြေကိုပြန်ချပြီး လှည့်ထွက်သွားခဲ့သည်။

ဒီနည်းနဲ့ သူက အေးအေးဆေးဆေးနဲ့ မတွယ်တာမျိုး ဟုတ်တယ်မလား?

အမ်း…

ဒါဖြစ်မှာပါ!

သာ့ချောင်သည် အစက အစ်ကိုဟော်ချီနဲ့ နေ့လယ်စာစားရန် ဆန္ဒရှိသော်လည်း သူမအား ဘေးအခန်းမှ စိတ်အားထက်သန်သော အတန်းဖော်များက ဝန်းရံထားသည်။

တစ်ခန်းတည်းနေနေသော ချိုက်ရူနန်သည် အတန်းထဲတွင် အခြားအခန်းဖော်များနှင့် အတန်းဖော်များကို ပြတ်ပြတ်သားသား စွန့်ပစ်ခဲ့ပြီး နောက်လိုက်လေးကဲ့သို့ သူမ၏ နောက်တွင် လိုက်ပါလာခဲ့သည်။

ချိုက်ရူနန်၏ စကားအရ အဲဒါက သူမ၏အဆင့်များကြောင့်သာ မဟုတ်ပါက သူမသည် ဘဏ္ဍာရေးနှင့်စီးပွားရေးဌာနသို့ ချက်ချင်းပြောင်းရွှေ့လိမ့်မည်။

သူမရဲ့ သင်္ချာ၊ ရူပဗေဒ နဲ့ ဓာတုဗေဒ အဆင့်တွေ မကောင်းလို့ သနားစရာပင်။ ဌာနပြောင်းချင်ရင်တောင် သူမမိဘတွေက သဘောမတူဘူး။

ဒီလိုနဲ့ တဖြည်းဖြည်း သူတို့အဆောင်ကို အုပ်စုသုံးစုခွဲလိုက်သည်။

ဝမ်ရှန်းရှန်း၊ ချန်ရှောင်လန်နှင့် စုန့်ယုလျန်တို့သည် အဖွဲ့လေးတစ်ခုကို ဖွဲ့စည်းခဲ့သည်။

ချန်ရှောင်လန်သည် အစက သာ့ချောင်ကို နှစ်သက်ခဲ့သော်လည်း ဝမ်ရှန်းရှန်းသည် ရက်ရောပြီး သူတို့ကို သရေစာများ ခဏခဏ ကျွေးခဲ့သည်။ ထို့အပြင် သူမသည် ပညာရေးဌာနတွင် ဆွေမျိုးများ ရှိနေကြောင်းလည်း သူမကြားသိရသည်။ အဆုံးတွင် သူမသည် ဝမ်ရှန်းရှန်း၏ အချစ်ဆုံးသူငယ်ချင်းအဖြစ် ရွေးချယ်ခဲ့သည်။

ဆန့်ကျင်ဘက်အနေနှင့် သာ့ချောင်သည် တွန့်တိုလွန်းပြီး အကျင့်မ‌ကောင်းဘူးဟု သူမ ခံစားမိသည်။ သူမသည် ယခုလို ခေတ်မီသော အဝတ်အစားနှင့် နာရီတစ်ခုဆို အနည်းဆုံး တစ်ထောင်လောက်ဟု ပြောကြသည်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူမဟာ သူတို့ကို ဘယ်အရာကိုမှ တစ်ခါမှ ဧည့်မခံဖူးဘူး။

သူ့အမေ ပြောတာမှန်သည်။ အချို့သော ချမ်းသာသူများသည် ချမ်းသာသောအခါ ပို၍ပင် ကပ်ကြသည်။

သူမရဲ့အမြင်အရတော့ သာ့ချောင်က ဒီလိုလူပင်။ ထို့ကြောင့် သူမသည် ဝမ်ရှန်းရှန်းနှင့် အချစ်ဆုံးသူငယ်ချင်းအဖြစ် ရွေးချယ်ခဲ့သည်!

ဝမ်ရှန်းရှန်းသည် စိတ်ထားအနည်းငယ် ဆိုးသော်လည်း သူမသည် ရက်ရောဆဲပင်။

ကျန်ရှိသော ရှုချွန်းကျွမ်ကတော့ ဘယ်သူနဲ့မှ မရင်းနှီးပေ။

နေ့တိုင်း ကျောင်းတက်ရင်ပဲဖြစ်ဖြစ် ကျောင်းကထွက်သွားပြီး အရမ်းနောက်ကျမှပြန်လာသည်။ သူမ ဘယ်သွားတယ်၊ ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ မသိဘူး။

ထို့အပြင် ရှုချွန်းကျွမ် နှင့် ဝမ်ရှန်းရှန်းတို့သည် မတူညီသော မေဂျာများတွင် တက်ရောက်နေကြသည်။ သူမသည် အိပ်ဆောင်တွင် ဂျပန်စာမေဂျာက တစ်ယောက်တည်းသောသူ ဖြစ်သည်။ ကျန်တဲ့ လေးယောက်က အင်္ဂလိပ်စာမေဂျာကပင်။

သာ့ချောင်သည် သူမ၏ အခန်းဖော် ဘာတွေတွေးနေမှန်း မသိပေ။ သူမသိခဲ့လျှင်ပင် သူမ အာရုံစိုက်နေမည်မဟုတ်ပေ။

ချန်ရှောင်လန်က လူတွေကို တွန့်တိုပြီး ဘယ်လိုဆက်ဆံခဲ့တယ်ဆိုပြီး ပြောခဲ့သည်။ ဝမ်ရှန်းရှန်းမှလွဲ၍ အခြားဘယ်သူမှ လူများကို ဒီလိုမဆက်ဆံပါ။ ဒါ့အပြင် ကျောင်းစတက်တာ ရက်ပိုင်းပဲ ရှိသေးသည်။ နေ့တိုင်းမှာ အများကြီး ဖြစ်ပျက်နေဦးမည်။ သူများတွေကို လာဘ်ထိုးဖို့ ဘယ်သူက လွတ်လွတ်လပ်လပ် အရာတွေကို ဝယ်မှာလဲ?

အရေးကြီးဆုံးကတော့ သာ့ချောင်က လိုအပ်တယ်လို့ မမြင်မိလို့ပင်။ သူမ၏ ငွေကို ဆွေမျိုးများနှင့် သူငယ်ချင်းများအတွက်သာ သုံးစွဲမည်ဖြစ်သည်။ အကျင့်မကောင်းတဲ့ သူတွေအတွက် တစ်ပြားတစ်ချပ်မှ မသုံးချင်ဘူး။

သာ့ချောင်က သူတို့ကို ဂရုမစိုက်ချင်ပေမယ့် ဝမ်ရှန်းရှန်းက သူမကို ငြင်းခုံဖို့ ဆုံးဖြတ်ခဲ့သည်။

ထိုနေ့တွင် သူမသည် ရေထည့်ဖို့ ပြင်ဆင်ရန် ရေဘူးကို ယူခဲ့သည်။

ဒါကိုမြင်တော့ ချိုက်ရူနန်က ကုတင်ပေါ်ကနေ အမြန်ခုန်ဆင်းပြီး "ခဏစောင့် ငါလည်းလိုက်မယ်။"

ဝမ်ရှန်းရှန်းက "သာ့ချောင်၊ နင်ရေသွားထည့်မှာပဲ။ ဒါဆို ငါအတွက်လည်း တစ်ဘူးလောက် ထည့်လာပေးပါဦး"

"ပြီးတော့ ငါ့ကိုကောပဲ!" စုန့်ယုလျန်က ကုတင်ပေါ်တွင် လဲလျောင်းရင်း အော်လိုက်သည်။

ချိုက်ရူနန်က ချက်ခြင်းပေါက်ကွဲသွားပြီး "မင်းတို့ဘာလုပ်နေတာလဲ? သာ့‌ချောင်ကို အတူတူ အနိုင်ကျင့်နေကြတာလား?"

ရေဘူးကို ရေဖြည့်ပြီးနောက်မှာ အလွန်လေးလံသည်။ ရေသွားထည့်တဲ့ နေရာက ဒီနေရာကနေဆို ဝေးသည်။ ချိုက်ရူနန်က ရေသွားယူတိုင်း သူ့လက်တွေ သေသွားတယ်လို့ ခံစားရသည်။

ဒါပေမယ့် အခုတော့ သူတို့နှစ်ယောက်က သာ့ချောင်ကို ရေသုံးပုလင်းကို သူ့ဘာသာသူ ယူလာစေချင်တာဖြစ်သည်။ ဒါက ခက်ခဲတဲ့အရာတွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေတာ မဟုတ်ဘူးလား?

စုန့်ယုလျန်က နှုတ်ခမ်းကို တွန့်ကာ "သူ့ကို ဘယ်သူက အနိုင်ကျင့်နေလို့လဲ? သိပ်တော့ ပြဿနာ မရှိပါဘူး။ သူ မလုပ်ချင်ရင် ရိုးရိုးရှင်းရှင်းပဲ ငြင်းလိုက်ပေါ့။ ရှန်းရှန်းက သူ့ကို သရေစာတွေကို ပေးလေ့ရှိတာ။ ချောကလက်လို တင်သွင်းလာတဲ့ သရေစာတွေ!"

ချိုက်ရူနန်၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။ "သူ့ပစ္စည်းကို စားလိုက်လို့ သူ့အတွက် တစ်ခုခုလုပ်ပေးရမယ်ပေါ့။ မင်းက ဒူးထောက်ပြီး သူ့ကိုခစားနေတာ မဆန်းပါဘူးလေ!"

စုန့်ယုလျန်က ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမ၏ ရင်ဘတ်သည် ဒေါသကြောင့် ပြင်းထန်စွာ လှုပ်ရှားနေသည်။

"နင်ဘယ်သူကို ဒူးထောက်ပြီး ခစားတယ်လို့ ပြောတာလဲ? ဒီအိပ်ဆောင်မှာ နင့်ကို ဒူးထောက်ပြီး ခံစားမဲ့သူမရှိဘူး! ရှန်းရှန်းက တန်ဖိုးရှိလို့ ငါတို့က ကောင်းကောင်းဆက်ဆံတာ။ ရှန်းရှန်းနဲ့ ထိုက်တန်တယ်။ ဒါပေမယ့် နင်! နေ့တိုင်း နင်တခြားသူကို ကပ်ဖားရက်ဖားနေရတာလေ။ သူကနင့်ကို အရသာရှိတာတွေ ဘာတွေ ကျွေးဖူးလို့လား?"

ချိုက်ရူနန်က "မင်းတို့က လူတိုင်းကို မင်းလောက် စွမ်းဆောင်ရည်ရှိတယ်လို့ ထင်တာပဲ။ သူငယ်ချင်းဖွဲ့တဲ့အခါ တစ်ဖက်က ငါ့ကို ဘာပေးတာမှ ငါမလိုချင်ဘူး။ ရုပ်ချောချင်တာပဲရှိတယ်။ အဲဒါကြောင့် ငါက သူ့ကို ကောင်းကောင်းဆက်ဆံချင်တယ်။ မင်းက သူ့ရဲ့ ဆယ်ပုံတစ်ပုံလောက် လှရင် ငါ မင်းကို ကောင်းကောင်း ဆက်ဆံမှာပါ။ ကံမကောင်းစွာပဲ မင်းမျက်နှာတစ်ပြင်လုံး ဝက်ခြံပေါက်နေတဲ့ မြင်ကွင်းက ငါ့ကို နာကျင်စေတယ်။"

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု!

လုံးဝ သည်းမခံနိုင်ဘူး!

စုန့်ယုလျန်သည် ဒေါသတကြီး တုန်လှုပ်သွားသည်။ ဒါက သူ့မျက်နှာပေါ်က ဝက်ခြံတွေကို ပိုသိသာလာစေသည်။ အချို့ဝက်ခြံများသည် ပေါက်ထွက်တော့မည်ဟု ထင်ရသည်။

ထူးဆန်းသောအချက်မှာ စုန့်ယုလျန်က အပြစ်တင်ခြင်းကို ခံရသည့်အချိန်၌ ဝမ်ရှန်းရှန်းနှင့် ချန်ရှောင်လန်က သူမအား ကူညီလိုခြင်းမရှိပေ။

ဘေးအခန်းနှင့် ဆန့်ကျင်ဘက် အဆောင်က လှုပ်ရှားမှုကို ကြားရသဖြင့် စောင့်ကြည့်ရန် ဝိုင်းဖွဲ့လိုက်ကြသည်။

သာ့ချောင်က ဒီကိစ္စကို ဆရာဆီ မသွားစေချင်ပေ။

သူမခန္ဓာကိုယ်ထဲမှ ငါးယွမ်ကို ထုတ်ပြီး ဝမ်ရှန်းရှန်းကို သူမက ပေးခဲ့သည်။ "ဒါက အရင်တစ်ခေါက် မင်းငါ့ကို ချောကလက် ကျွေးခဲ့တာနဲ့ ရူနန် စားခဲ့တာအတွက်။ သုံးယွမ်အောက် ကျသင့်တာ။ ငါ မင်းကို ငါးယွမ်ပေးမယ်။ ပြန်အမ်းစရာ မလိုပါဘူး။ ဒါပေမယ့် အခုကစပြီး ငါတို့ တစ်ယောက်ကိုတစ်ယောက် အကြွေးမတင်တော့ဘူး"

သူမသည် ဝမ်ရှန်းရှန်း၏ သရေစာ တစ်ကြိမ်သာ စားဖူးသည်။ သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက လက်မအရွယ်လောက်ရှိတဲ့ ချောကလက်တစ်ဖဲ့ပင်။

နောက်ပိုင်းတွင် ဝမ်ရှန်းရှန်းသည် လူတိုင်းကို သရေစာများ ပေးခဲ့သည်။ သူမသည် အဲဒါကို ဘယ်တော့မှ မယူခဲ့ချေ။

တစ်ဖက်သားရဲ့ အစားအစာအနည်းငယ်ကို စားတာကြောင့် သူ့ကို ဒုက္ခပေးလိမ့်မယ်လို့ မထင်ထားမိဘူး။ စောစောသိရင် သူ မစားပါဘူး။

ဒါဇင်ပေါင်းများစွာသော မျက်လုံးများသည် ဝမ်ရှန်းရှန်းကို စိုက်ကြည့်နေကြသည်။ သူမမျက်နှာက နီမြန်းနေသည်။ "နင်ဘာလုပ်နေတာလဲ? နင့်ကို ကျွေးရုံပဲလေ။ နင်ဘာလို့ ပိုက်ဆံတွေ ပေးနေတာလဲ?"

သာ့ချောင်က သူမနဲ့ ရန်မဖြစ်ဘဲ အိပ်ရာပေါ်ကို သူမပိုက်ဆံတင်လိုက်ကာ ချိုက်ရူနန်ကို ဆွဲ‌ခေါ်လိုက်သည်။

"ဘာဖြစ်တာလဲ?" တခြားအဆောင်တွေက မေးကြသည်။

ချိုက်ရူနန်က သူတို့ထွက်သွားပြီးနောက် အိပ်ဆောင်ထဲက မကောင်းဆိုးဝါးသုံးကောင်က ရိုင်းစိုင်းတဲ့စကားတွေ ပြောလာမှာကို စိုးရွံ့ခဲ့သည်။

သူမက နောက်လှည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ငါတို့အဆောင်က လူတချို့က တခြားသူတွေကို သရေစာစားဖို့ ကျွေးတာကနေ အစပျိုးလိုက်တာပဲ။ နောက်တော့ သူက တစ်ဖက်လူကို ရေဘူးထည့်ပေးဖို့ တောင်းဆိုတယ်။ ငါတို့ မလုပ်ဘူးဆိုရင် ငါတို့က ကျေးဇူးကန်းတဲ့ သူတွေတဲ့။ နင်တို့ စဉ်းစားကြည့်နော်။ နင်တို့ကို တခြားသူတွေရဲ့ အစာကို အချိန်မရွေး နေရာမရွေး မစားဖို့ ငါအကြံပေးတယ်။ နင်တို့ကို ဘယ်နေရာ၊ ဘယ်အချိန်မှာဖြစ်ဖြစ် ကျေးဇူးကန်းတဲ့ဟာတွေလို့ ခေါ်ခံရလိမ့်မယ်"

သူမစကားပြောပြီးသောအခါ သူမသည် စုန့်ယုလျန်ကို စိုက်ကြည့်ကာ ရှောင်ထွက်သွားသည်။

သာ့ချောင်က ဝမ်ရှန်းရှန်းကို ပိုက်ဆံပေးလိုက်တာကို တခြားအဆောင်တွေက လူတွေ ပြန်သတိရသွားသည်။ ထင်ရှားသည်မှာ၊ သူမသည် လူများကို သရေစာမုန့်များ ကျွေးပြီး သူတို့ကို ထိုအရာများလုပ်ရန် ခိုင်းစေသူဖြစ်သည်။

ခဏနေ‌တော့ လူတိုင်းက သူမကို ထူးဆန်းတဲ့အကြည့်တွေ ကြည့်ကြသည်။

ဝမ်ရှန်းရှန်း၏ မျက်နှာသည် အကြည့်တွေကြောင့် နီရဲသွားကာ "ငါ့အတွက် သူ့ကို ဘာမှလုပ်ပေးခိုင်းတာ မဟုတ်ဘူး။ ချောကလက်ပြန်ပေးဖို့လည်း မတောင်းဆိုခဲ့ဘူး။ ဒါတွေအားလုံးက ယုလျန်ရဲ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရက်တွေပဲ!"

စုန့်ယုလန် - ???

စုန့်ယုလျန်နဲ့ သက်ဆိုင်တယ်လို့ တွေးပြီး ဝမ်ရှန်းရှန်းက စုန့်ယုလျန်ကို အပြစ်အားလုံး ပုံချလိုက်သည်။

စုန့်ယုလျန်သည် ဒေါသဖြင့် တုန်လှုပ်နေပြန်သည်။

သို့သော် သူမသည် ဝမ်ရှန်းရှန်းကို မစော်ကားရဲပေ။ သူမသည် သာ့ချောင်ကိုသာ အပြစ်တင်နေနိုင်ခဲ့သည်။

တကယ်တော့ ဝမ်ရှန်းရှန်းရဲ့ နည်းလမ်းတွေဟာ ရှောင်ချောင်နဲ့ ယှဉ်လို့မရပေ။

သူမသည် အခြားသူများက ပိုကောင်းသည်ကို မြင်ရန် မခံမရပ်နိုင်ဖြစ်ပြီး စိတ်ဓာတ်ကျသော အမျိုးသမီးလေးနှင့် ပိုတူသည်။ ထို့ကြောင့် သူမသည် တစ်ဖက်သားကို ရည်ရွယ်ချက်ရှိရှိ အခက်တွေ့အောင် လုပ်တတ်သည်။

ရေသွားယူတဲ့လမ်းမှာ ချိုက်ရူနန်က "သာ့ချောင်၊ မင်း ဝမ်ရှန်းရှန်းကို ပိုက်ဆံပေးခဲ့တဲ့ပုံစံက အရမ်းခမ်းနားတယ်လို့ ခံစားရတယ်။ ဝမ်ရှန်းရှန်းက လောင်ကျွမ်းနေလိမ့်မယ်!"

သာ့ချောင်က သူ့နှုတ်ခမ်းတွေကို သပ်ပြီး သူမကို မတုံ့ပြန်ခဲ့ပေ။

သူမသည် ဤကိစ္စကို ပိုမိုလိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်သော်လည်း ဝမ်ရှန်းရှန်းနှင့် အခြားသူများက သူမကြိုးစားအားထုတ်မှုနှင့် မထိုက်တန်ကြောင်း သူမ ခံစားခဲ့ရသည်။

ပြတ်ပြတ်သားသားပြောရလျှင် သူတို့သည် ခဏတာ အတူနေထိုင်သည့် သူစိမ်းများပင်။ လေးနှစ်ကြာပြီးနောက် လူတိုင်းသည် သူတို့၏ သီးခြားလမ်းကို ပြန်သွားကြမည်။ တချို့လူတွေက သူတို့တစ်သက်မှာ အချင်းချင်း ထပ်မတွေ့ဖြစ်ကြတော့ဘူး။ အဲဒါကြောင့် စိတ်ကူးနဲ့ ဒရာမာခင်းဖို့ မလိုအပ်ချေ။

ချိုက်ရူနန် - "ငါတို့ပြန်ရောက်ရင် မင်းကို ငါပိုက်ဆံပြန်ပေးမယ်။ ငါ့ကိုငြင်းဖို့ အလျင်စလိုမလုပ်နဲ့။ ငါဒီပိုက်ဆံနည်းနည်းကို တတ်နိုင်ပါတယ်။ စောစောက ငါပြောသလိုပဲ ငါ မင်းသူငယ်ချင်း ဖြစ်ချင်တယ်။ မင်းဆီက အကျိုးလိုချင်လို့ မဟုတ်ဘူး။ မင်းက လှတယ်လို့ ခံစားရလို့။"

သာ့ချောင်သည် ထိုစကားကိုကြားသောအခါ ငိုရမလား ရယ်ရမလားမသိပေ။

သူမကို မငြင်းပယ်ခဲ့တာကို မြင်လိုက်ရတော့ ချိုက်ရူနန်က ပိုတောင် ဝမ်းသာသွားသည်။

သူမ၏ မိသားစုသည် ဝမ်ရှန်းရှန်းလောက် မချမ်းသာသော်လည်း သူမ၏မိသားစုသည် လူလတ်တန်းစား မိသားစုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ သူမသည် သူတစ်ပါးကို အခွင့်ကောင်းယူလိုသော လူစားမျိုးမဟုတ်ပေ။

ရေသွားယူတဲ့နေရာက နည်းနည်းဝေးသည်။ ဟိုဘက်ခြမ်းရောက်တော့ အဝေးကနေ တန်းစီနေတဲ့ လူတန်းကြီးကို တွေ့လိုက်ရသည်။

နာရီဝက်လောက်ကြာတော့ သူတို့သည် ရေယူပြီး ပြန်လာခဲ့သည်။

အားလုံးက လူသစ်တွေမို့လားမသိပေ။ ကိစ္စကြီးကြီးမားမားဖြစ်ရင် ကျောင်းက ဝေဖန်ခံရမှာကို စိုးရိမ်ကြသည်။ ဝမ်ရှန်းရှန်းရော စုန့်ယုလျန်ရော ပြဿနာရှာရဲမှာ မဟုတ်ပေ။

သာ့ချောင်သည် ပြဿနာရှာလိုသူ မဟုတ်သောကြောင့် အဆောင်သည် ခဏတာ ငြိမ်သက်သွားခဲ့သည်။

ပိုင်းခြားမှုတွေက ပိုနက်ရှိုင်းလာသည်။

All Chapters