အခန်း (၂၆၈)
Vol. 21 Ch. 268
သူက သူ့လက်ကို ရေခါပြီး သူမနှာခေါင်းကို ညှစ်လိုက်ကာ "ချောင်နျန်နျန်၊ မင်းသတိမထားမိဘူးလား? မင်းပိုပိုပြီး အတင်းပြောလာတယ်နော်။ မင်း ဒီလိုဆက်လုပ်နေရင် အနာဂတ်မှာ မင်း ချီလီရွာက အဒေါ်ကြီးတွေလို ဖြစ်လာလိမ့်မယ်။"
သာ့ချောင် အော်ဟစ်ပြီး သူ့လက်ကို ဖယ်လိုက်ကာ "အစ်ကိုဟော်ချီက ဘာလို့ ဒီလောက်တောင် ဆိုးနေရတာလဲ? ညီမက အတင်းပြောတာ မဟုတ်ဘူး။ အန်တီဖန်ကို ညီမဂရုစိုက်တာ၊ ဟုတ်ပြီလား?"
သိုက်ရှုဖန်က အော်သံကြားတော့ အခန်းထဲက ပြေးထွက်လာသည်။ " ဘာဖြစ်တာလဲ? ငါ့ကို ဘာဂရုစိုက်တာလဲ?"
သာ့ချောင်နှင့် ဟော်ချီတို့ နှစ်ယောက်လုံး အဆင်မပြေသည်ကို တွေ့လိုက်ရသည်။
နေ့ခင်းဘက်မှာ လူတွေအကြောင်း ပြောလို့မရဘူး။ ဒီစကားက အရမ်းမှန်သည်။
သာ့ချောင်သည် အန်တီဖန်အား ရှင်းပြဖို့ တိုက်တွန်းရန်အတွက် ဟော်ချီ၏ ခါးကို တိတ်တဆိတ် လိမ်ဆွဲခဲ့သည်။
ဟော်ချီ၏ လက်သည် အနောက်မှ ဆိတ်ဆွဲနေသော သူမ၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး အေးအေးဆေးဆေး ပြောခဲ့သည်။ "အမေ၊ အဆင်ပြေပါတယ်။ စောစောက ဟိုမှာ ပြေးလွှားနေတာ တစ်ခုခုရှိတယ်။ ကျွန်တော်တို့က ကြွက်တစ်ကောင်လို့ ထင်ပြီး သာ့ချောင်က အမေ့ကို မခြောက်လှန့်ဖို့တွက် အဲဒါကို ဖမ်းချင်တယ်လို့ ပြောလိုက်တာ"
ဒါကို သာ့ချောင်ကြားတော့ အံ့သြစွာနဲ့ သူ့ကို ခေါင်းလှည့်ကြည့်လိုက်သည်။
အစ်ကိုဟော်ချီ၏ လိမ်ညာပြောနိုင်စွမ်းသည် အလွန်ချောမွေ့သည်!
သိုက်ရှုဖန်က သူတို့နှစ်ယောက်ကို ကြည့်ပြီး သာ့ချောင်ရဲ့ အသိဥာဏ်နဲ့ ဆင်ခြင်မှုကို ချီးကျူးလိုက်သည်။ ထို့နောက် သူမက ဟော်ချီအား "မင်းက ယောက်ျားလေးပဲ၊ မင်း အလုပ်တွေ လုပ်လို့ရတယ်။ သာ့ချောင်ပင်ပန်းရင် အထဲဝင်လာပြီး အနားယူနော်"
ဟော်ချီက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "အမေ၊ ကျွန်တော်က အမေ့ရဲ့သားအရင်းကော ဟုတ်ရဲ့လား?"
သိုက်ရှုဖန်က ရယ်မောကာ ဆူပူကြိမ်းမောင်းပြီး "ဘာလဲ၊ အလုပ်တစ်ခုလုပ်ရတာ မကျေနပ်ဘူးလား? မင်းမှာ အရည်အချင်းရှိရင် မလုပ်နဲ့ပေါ့!"
"လုပ်မယ်! ကျွန်တော်က ဘယ်လိုလုပ် မလုပ်မှာလဲ!" ဟော်ချီက သနားအောင် အလျင်အမြန် တောင်းပန်ပြီး "အမေ၊ ဘာလို့ မြန်မြန် ရောက်လာတာလဲ? ပါမောက္ခကျုံးကို အဲဒီ့မှာ တစ်ယောက်တည်း ထားခဲ့တာ မကောင်းဘူး မဟုတ်လား?"
ထို့နောက်တွင် သိုက်ရှုဖန်သည် လှည့်၍ ပြန်သွားခဲ့သည်။
သာ့ချောင်က သူမလက်လေးကို ရုန်းလိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုဟော်ချီ ညီမလက်ကို အခု လွှတ်လို့ရပြီလား?"
ဟော်ချီသည် သူမ၏ ပန်းနုရောင်သန်းကာ နူးညံ့သော မျက်နှာကို ကြည့်လိုက်သည်။ ရုတ်တရက် ခေါင်းငုံ့ပြီး လက်ကို အမြန်နမ်းလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ "...ဘာလို့ အနံ့ရနေတာလဲ?"
သာ့ချောင်က ပေါက်ကွဲလုမတတ် ရယ်မောကာ "အစ်ကိုဟော်ချီ၊ အစ်ကိုမလာခင် လက်နဲ့ ဘဲရဲ့ ဖင်ဘေးက ဘဲအမွေးတွေကို ညီမဆွဲနှုတ်ထားတာ၊ အနံ့ထွက်နေမှာ သေချာတယ်!"
ဟော်ချီ၏ အမူအရာသည် ပြိုလဲသွားသည် - "…"
သူ့ကိုဒီလိုမြင်တော့ သာ့ချောင်က အရမ်းကို ရယ်ခဲ့သည်။
အကြီးဆုံးသား ချောင်ကျန်းကော်၊ သူ့ဇနီးနှင့် အန်းပင်းတို့သည် သူတို့ဆိုင်ဖွင့်ရန်အတွက် ညနေပိုင်းတွင် ရောက်ရှိလာကြသည်။
အန်းပင်းသည် သိုက်ရှောင်ရွှယ်နှင့် စေ့စပ်လိုက်ကတည်းက သူသည် ကွဲပြားခြားနားသော လူတစ်ယောက်ကဲ့သို့ ထင်ရသည်။
အရင်တုန်းကတော့ သူ့ပတ်ဝန်းကျင်မှာ ပျင်းရိတဲ့ အရိပ်အယောင်တွေ အမြဲရှိသည်။ ဒီလို စိတ်နေစိတ်ထားတွေ တစ်ရက်တည်း ပျောက်သွားခဲ့သည်။
အရင်ကထက် သူသည် ပိုကြိုးစားသည်။ အပတ်တိုင်း သူသည် ဟင်းပွဲအသစ်များ တီထွင်လာပြီး ဟင်းအသစ်များကို မြည်းစမ်းသည့် ပထမဆုံးနေ့တွင် ဖောက်သည်များကို တစ်ဝက်ဈေးနဲ့ ရောင်းသည်။
ဖောက်သည်များ မြည်းစမ်းပြီးနောက်တွင် ဖောက်သည်များ၏ ထင်မြင်ချက်ကို သူသည် ကိုယ်တိုင်မေးမြန်းခဲ့သည်။ ထို့နောက် ဖောက်သည်များ၏ ထင်မြင်ချက်အတိုင်း ပြန်လည်ပြင်ဆင်ခဲ့သည်။ ဖောက်သည်များ၏ အကဲဖြတ်မှုသည် အလွန်မြင့်မားသည်။ ထပ်ခါထပ်ခါ ဖောက်သည်များ ပိုများလာပြီး ဆိုင်တွင် ရောင်းအား ပိုများလာသည်။
မကြာသေးမီက အန်းပင်းနှင့် သူ့အဖေ ချောင်ကျန်းကော်တို့သည် ဆိုင်အသစ်တစ်ခုကို ရှာဖွေနေခဲ့သည်။ ဒီဆိုင်က နည်းနည်းသေးလွန်းသည်။ သူတို့သည် အစက ငှားရန် သို့မဟုတ် ဝယ်ရန် ဆန္ဒရှိခဲ့သည်။ ဒါပေမယ့် အိမ်ရှင်က သူတို့လုပ်ငန်းက ဘယ်လောက်ကောင်းလိုက်လဲ မြင်တော့ ဈေးတက်ဖို့ ပြင်နေခဲ့သည်။
ဈေးက အရမ်းကြီးနေတော့ ဝယ်တာ၊ ရောင်းတာက အကျိုးမရှိဘူး။ ဒါကြောင့် သူတို့သည် တခြားနေရာကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ချောင်ရှို့ကျီနဲ့ ရွှယ်ချွမ်တို့ဟာ သူတို့ရဲ့ အကြီးဆုံးမြေးလေးရဲ့ အပြောင်းအလဲတွေကို မြင်ပြီး အရမ်းဝမ်းသာခဲ့ကြသည်။
အန်းပင်းသည် တုံးအသော်လည်း သူ့မိဘများထက် ပိုအားကိုးရသည်။ အနာဂတ်မှာ သူက သူ့မိန်းမနဲ့ ကလေးတွေကို ထောက်ပံ့ဖို့ ပြဿနာရှိမှာ မဟုတ်ဘူး။
အန်းပင်း၏ ယောက္ခမလောင်းသည် သူ၏တိုးတက်မှုအကြောင်း သိပြီးနောက်တွင် သူ၏အမြင်က တိုးတက်လာခဲ့သည်။
သိုက်ရှောင်ရွှယ်က သနားစရာကောင်းနေတုန်းပင်။ သူမကို ဟော်အိမ်ကနေ ပြန်ခေါ်လာခဲ့သည်။ နေ့တိုင်း သူမအဖေက သူမကို စာကျက်ခိုင်းသည်။ သူမဘဝက သနားစရာပင်။
ချောင်တုန်းဟယ် ရောက်ရှိလာပြီးနောက် သူမသည် ကူညီပြင်ဆင်ရန် လုပ်ခဲ့သော်လည်း လူတိုင်းက တားခဲ့သည်။
သူမဗိုက်က သိသာနေပြီလေ။ လူတိုင်းက သူမကို ဘယ်လိုလုပ် လုပ်ခွင့်ပေးမလဲ? ထို့အပြင် ဤနေရာတွင် အလုပ်လုပ်နိုင်သူများလည်း အများအပြားရှိသည်။ သူမ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထူးထူးခြားခြား မရှိစေပါဘူး။
ချောင်တုန်းဟယ်ကို နေရာတိုင်းတွင် တားခဲ့သည်။ နောက်ဆုံးတွင် သူမခင်ပွန်းဖြစ်သူက သူမကို အထဲမှာ ထိုင်ရန် ကူညီပေးခဲ့ရသည်။
ဖြစ်စဉ်တစ်ခုလုံးကို ထိုင်စောင့်ကြည့်နေရတာ လင်မယားနှစ်ယောက်အတွက် အဆင်မပြေပေ။ ချောင်တုန်းဟယ်ကို ဧည့်ခန်းထဲသို့ ကူညီပေးပြီးနောက် လော့ကျွင်းလျန်သည် ကူညီရန် ထွက်သွားခဲ့သည်။
နှုတ်ဆက်ပြီးနောက် ကျုံးခမ်းသိက မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ "ကိုယ့်အကူအညီလိုလား အပြင်ထွက် ကြည့်လိုက်ဦးမယ်"
ထိုစကားကို ပြောပြီးနောက် သူသည် ထွက်သွားခဲ့သည်။
သူဒီမှာခဏနေခဲ့ပြီး သိုက်ရှုဖန်နဲ့ အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့သည်။ သူဆက်သွားပါက အဲဒါသည် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရုံသာမက သိုက်ရှုဖန်၏ သတိထားမှုကိုပါ နှိုးဆွနိုင်မည်ဖြစ်သည်။
ယခု သူလုပ်ချင်သည့်အရာက သူမဘေးနားတွင် ဖြည်းဖြည်းချင်း ပေါ်လာခြင်းဖြစ်သည်။ သူ့ဖြစ်တည်မှုကို သူမထပ်ပြီး သိစေရမည်။ ပြီးရင် သူဝန်ခံမည်။
သူသည် သူမအား တိုက်ရိုက်နှင့် စိတ်အားထက်သန်စွာလိုက်ရန် စဉ်းစားခဲ့သော်လည်း ထိုအကြံကို အမြန်ပယ်ချခဲ့သည်။
သူတို့ဟာ သွေးပူတဲ့လူငယ်တွေ မဟုတ်တော့ဘူး။ သူတို့အားလုံးဟာ အိမ်ထောင်ရေး၊ ကွာရှင်းပြတ်စဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နှလုံးသားတွေပင်။ ဆက်ဆံရေးအသစ်အတွက် ပိုသတိထားကြသည်။
ဘာပဲဖြစ်ဖြစ် သူ့မှာ အချိန်ရှိပါသည်။ ဖြည်းဖြည်းချင်း သူမနှင့် အချိန်ဖြုန်းရမည်!
ဧည့်ခန်းအတွင်း၌…
သိုက်ရှုဖန်သည် ချောင်တုန်းဟယ်ကို တရုတ်တိုင်းရင်းဆေးတစ်ခွက်နှင့် ဝံပုလွေဘယ်ရီပင် သကြားညိုရေ တစ်ခွက် ချက်ကျွေးခဲ့သည်။ ထို့နောက် သူမက မေးခဲ့သည်။ "မင်းဗိုက်က အဆင်ပြေလား? ဆေးစစ်ဖို့ ဆေးရုံသွားလား?"
ချောင်တုန်းဟယ်သည် သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်သည်။ သူမမျက်နှာတွက် မိခင်၏ ကြင်နာမှုအပြည့်နဲ့ "ကျွန်မသွားပြီးပါပြီ။ ဆရာဝန်က အားလုံးအဆင်ပြေတယ်တဲ့"
သိုက်ရှုဖန်က ခေါင်းညိတ်ပြသည်။ "ကောင်းပါတယ်၊ ခြောက်လပဲ ကျန်တော့တယ်။ နားမလည်တာရှိရင် တစ်ယောက်ယောက်ကို မေးရမယ်။ မင်းအဘွားက ဒီနယ်ပယ်မှာ အတွေ့အကြုံအများကြီးရှိတယ်။ နားမလည်ရင် သူ့ကိုမေး။ မင်းဘာသာပဲ တစ်ယောက်တည်း မဖြေရှင်းနဲ့ နားလည်လား?"
သူမအမေ ဝမ်ချွမ်ကျီကတော့ သူမက အားကိုးရတဲ့လူ မဟုတ်ဘူး။
ချောင်တုန်းဟယ်က ခေါင်းညိတ်ပြပြီး "ကျွန်မ နားလည်ပါတယ်။ နားမလည်တာရှိရင် အဘွားကို မေးကြည့်လိုက်ပါ့မယ်"
သိုက်ရှုဖန်က နှင်းဆီလက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး "မင်းယောက္ခမ လာမယ်လို့ ငါကြားတယ်။ သူ ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ?"
မွေးဖွားပြီး မီးတွင်းထဲမှာ ချောင်တုန်းဟယ်ကို ကူညီဖို့ ယောက္ခမ ကောင်းကောင်းတစ်ယောက် ရောက်လာတာက မကောင်းတာတော့ မဟုတ်ပါဘူး။ ပြဿနာက သူမယောက္ခမရဲ့ ဒုက္ခလွတ်တာ မဟုတ်ဘူး။
သူမယောက္ခမအကြောင်း ပြောတာကို ကြားတော့ ချောင်တုန်းဟယ်ရဲ့ မျက်နှာပေါ်က အပြုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ "သူ ဘယ်လောက်ကြာကြာ နေမယ်ဆိုတာ ကျွန်မ မသိဘူး။ အန်တီဖန်၊ အန်တီကို ကျွန်မ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူနဲ့ အတူနေဖို့ စဉ်းစားလိုက်တာနဲ့ ကျွန်မ စိတ်အဆင်မပြေဘူး!"
သူမစကားကြားတော့ သိုက်ရှုဖန်က သက်ပြင်းတစ်ချက်ချကာ "တုန်းဟယ်၊ အကြီးတစ်ယောက်အနေနဲ့ မင်းကိုအကြံဥာဏ်တစ်ခု ငါပေးမယ်။ မင်းအဘွားက မင်းကိစ္စတွေကို ငါ့ကိုပြောခဲ့တယ်။ မင်းယောက္ခမက အဓိကအချက်ပဲ။ မင်းကိုယ်တိုင် မလုပ်နိုင်ရင် မင်းကိုဘယ်သူမှ မကူညီနိုင်ဘူး!"
ခဏလောက် ကူညီနိုင်သော်လည်း အမြဲတမ်းမဟုတ်ပါ။
အဲဒီလူက သူမခင်ပွန်းရဲ့အမေပင်။ တစ်ဖက်သားကို မောင်းထုတ်ဖို့ ပြင်ပလူတွေက ဝင်စွက်ဖက်နိုင်ပါ့မလား?
ဒါဟာ သူတို့လင်မယားဆက်ဆံရေးကို သိသိသာသာ ပျက်ပြားစေတာ မဟုတ်ဘူးလား?
ချောင်ရှို့ကျီက ချောင်တုန်းဟယ်ရဲ့ယောက္ခမ ရောက်လာတဲ့အခါ သူမဝင်ပါဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့သည်။ သူမသည် ချောင်တုန်းဟယ်ကို ကြီးမားသော ဆုံးရှုံးမှုကို ခံစားစေလိုပြီး သူမကို သူ့ဘာသာသူ ရပ်တည်စေချင်သည်။
သူမ မရပ်တည်နိုင်ရင် ကွာရှင်းပြီး အပျိုကြီးတစ်ယောက်လိုပဲ အိမ်မှာနေလိုက်တာ ပိုကောင်းသည်!
သေချာပါသည်၊ သူမ ဒါကိုတော့ ချောင်တုန်းဟယ်ကို မပြောပါပေ။ သူမရဲ့ပုံစံက အရမ်းပျော့တယ်လို့ သူမခံစားရသည်။ သူမရဲ့ သာ့ချောင်က ပိုကောင်းသည်။
သူမက ပျော့ပျောင်းပေမယ့် သူမသည် ထက်မြက်သော ကောင်မလေးပင်။ ဒါပေမယ့် သူမက လုပ်ဆောင်လိုက်တာနဲ့ ပျင်းရိသူတစ်ယောက်ပင် သူမစကားကို နားထောင်လိမ့်မည်။
ချောင်တုန်းဟယ်၏ မျက်လုံးများ အနည်းငယ်နီသွားသည်။ "ကျေးဇူးတင်ပါတယ် အန်တီဖန်။ ကျွန်မ သိပါတယ်။"
သူမ သန်မာသင့်မှန်း သူမ သိသော်လည်း မလုပ်နိုင်ပေ။
အဲဒါက ကျွင်းလျန်ရဲ့ အမေပင်။ သူမပြန်ပြောရင် ကျွင်းလျန်က သူမအပေါ် ဘယ်လိုထင်မလဲ?
ချောင်တုန်းဟယ်၏ တုံ့ပြန်မှုကြောင့် သိုက်ရှုဖန်သည် စိတ်ရှုပ်သွားခဲ့သည်။
မျက်ကွယ်ပြု၍ စိတ်ထဲက ထုတ်ကာ။ သူမသည် မတ်တပ်ထရပ်ပြီး ထွက်သွားဖို့ အကြောင်းပြချက်ရှာခဲ့သည်။
ချောင်တုန်းဟယ်က ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ဖြစ်သည်။ သူမနှလုံးသားက လေးလံနေခဲ့သည်။
ဒီတစ်ခါတော့ အဘွားဖြစ်သူက ယောက္ခမကို ပြန်ဖို့ ဖြောင့်ဖျပေးရန် ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့သည်။ ဒါပေမယ့် သူမရောက်ပြီးတဲ့ နောက်ပိုင်းမှာ သူမအဘွားက သူမကို စကားမပြောဘူး။ လုံးဝကို သူမအား ဖယ်ထားခဲ့သည်။
အဘွားရဲ့ အပြုအမူကို ကြည့်ပြီး သူမသည် မပါဝင်ချင်တော့ဘူးဆိုတာ သိလိုက်သည်။
သူမ နှလုံးသားက ဝမ်းနည်းလာသည်။
ပြင်ဆင်ထားသော မီနူးများ အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီ။ သာ့ချောင်နှင့် ဟော်ချီတို့သည် ရွှယ်အန်းရှု့နှင့် တုန်းယွင်ကို ခေါ်ဆောင်ရန် ရုပ်ရှင်ကုမ္ပဏီသို့ ကားဖြင့်ရောက်ရှိခဲ့ကြသည်။
ရုပ်ရှင်ကုမ္ပဏီအောက်ထပ်ကို ရောက်တာနဲ့ ဟော်ချီက သူတို့ကအောက်မှာ စောင်းနေပြီး ယာဉ်မောင်းအား ကလေးနှစ်ယောက်ကို အပေါ်ထပ်ကနေ သွားခေါ်ခိုင်းခဲ့သည်။
ဟော်ချီသည် ရေခဲမုန့်နှစ်ခုကို အမြန်သွားဝယ်ခဲ့သည်။ သူနဲ့ သာ့ချောင်တွက် တစ်ခုစီရှိသည်။
သာ့ချောင်သည် ရေခဲမုန့်ကို လက်ခံပြီး အဲဒါကို လျက်လိုက်သည်။ အရမ်းကောင်းပြီး အေးသည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုဟော်ချီ ဒါပေမယ့် ဘာလို့ နှစ်ခုပဲ ဝယ်ခဲ့တာလဲ? ကလေးနှစ်ယောက်က ဒါကို သိသွားတဲ့အခါ ကျိန်းသေပေါက် သောင်းကျန်းလိမ့်မယ်!"
ဟော်ချီ - "ကလေးတွေက အအေးတွေ အများကြီး မစားရဘူးလို့ ကြားတယ်။ နောက်ပြီး တစ်ယောက်က ရုပ်ရှင်သွားရိုက်တယ်၊ အသံလည်း သွင်းနေရတယ်။ အဲဒါတွေပြီးမှ ဝယ်တာ ပိုကောင်းမယ်ထင်တယ်။"
သာ့ချောင်က သူ့ခေါင်းလေးကို ညိတ်လိုက်ပြီး "အစ်ကိုဟော်ချီက သေချာစဉ်းစားခဲ့တာပဲ။ ပြီးမှ သူတို့အတွက် မဝယ်ခဲ့တာ!"
ဟော်ချီက နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်သည်။
ထိုငွေအနည်းငယ်ကို သူ တွန့်တိုနေခဲ့ခြင်း မဟုတ်ပါ။ သူသည် သူမနှင့် လမ်းပေါ်တွင် ရေခဲမုန့်စားချင်နေတာ ကြာပြီ။ ထို့ကြောင့် သူသည် ရွှယ်အန်းရှု့နှင့် တုန်းယွင်လေးကို စတေးခဲ့ရသည်။
ဤအချိန်တွင် အန်းရှု့နှင့် တုန်းယွင်လေးသည် ပြင်းထန်စွာ နှာချေလိုက်ကြသည်။
သူတို့ နှစ်ယောက်ရဲ့ မိသားစုဝင်တွေနဲ့ မကြာခင်မှာ တွေ့ရတော့ကြောင့် သူတို့သည် အရမ်း စိတ်လှုပ်ရှားနေကြသည်။ ကုမ္ပဏီမှ လူများကို နှုတ်ဆက်ပြီးနောက် သူတို့က ယာဉ်မောင်းနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်ထပ်သို့ ဆင်းလာသောအခါ ကလေးနှစ်ယောက်သည် သာ့ချောင်ကို တွေ့လိုက်ရသည်။ သူတို့ မျက်လုံးတွေက တောက်ပလာပြီး 'အစ်မ' လို့ အော်ပြီး ပြေးသွားကြသည်။
"အစ်မ၊ အရမ်းလွမ်းနေတာ" ရွှယ်အန်းရှု့သည် ပီကေကဲ့သို့ သာ့ချောင်၏ ခန္ဓာကိုယ်ပေါ်တွင် ဖက်တွယ်လိုက်သည်။ ချစ်စရာကောင်းသော အမူအရာဖြင့် သူ့မျက်နှာလေးအား သူမကို မော့ကြည့်လိုက်သည်။
တုန်းယွင်လေးသည် သူမမောင်ကို တွန်းထုတ်လိုက်ပြီး အခြားပေါင်ကို အမြန်ပွေ့ဖက်ကာ "အစ်မ၊ သမီးလည်း အစ်မကို လွမ်းတယ်။ နေ့တိုင်း၊ အချိန်တိုင်း၊ စက္ကန့်တိုင်း၊ သမီးအိပ်မက်ထဲမှာတောင်!"
ဟော်ချီ - သေစမ်း၊ အခု ကလေးတောင်မှ သူ့ထက် ချိုမြိန်တဲ့ စကားကို ပြောနိုင်သည်။ သာ့ချောင်ရဲ့ချစ်သူပါလို့ သူဘယ်လို မျက်နှာမျိုးနဲ့ ပြောရမှာလဲ?
သာ့ချောင်၏ လက်နှစ်ဖက်ဖြင့် သူတို့နှစ်ယောက်ကို ပွတ်သပ်ပြီး "အစ်မလည်း လွမ်းပါတယ်။ ရာသီဥတု အရမ်းပူတယ်။ ကားပေါ်တက်ပြီး စကားပြောရအောင်၊ အဆင်ပြေလား"
ရွှယ်အန်းရှု့သည် မျက်နှာချင်းဆိုင်က ဆိုင်ကို ကြည့်လိုက်ပြီး "အစ်မ၊ ကျွန်တော် ရေခဲမုန့်စားချင်တယ်!"
တုန်းယွင်လေးသည် ရေခဲမုန့်ဟူသော စကားလုံးကို ကြားသောအခါတွင် သူမသည် မသိစိတ်က တံတွေးကိုမျိုချလိုက်ပြီး သူမအစ်မအား သနားစရာကောင်းအောင် ကြည့်လိုက်သည်။ သူမ စားချင်စိတ်က သိသိသာသာပင်။
သာ့ချောင်က ချက်ချင်းပဲ မျက်နှာလေးကို မာကျောအောင်လုပ်ကာ "မရဘူး။ အအေးစာတွေ အများကြီးစားရင် ကလေးတွေ ဗိုက်နာဖို့ လွယ်တယ်။ မင်းတို့ ကလေးတွေက စားလို့မရဘူး၊ ငါလည်း မစားဘူး!"
ရွှယ်အန်းရှု့က နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ "ဒါဆို ကောင်းပြီးလေ။ မစားတော့ဘူး။ ကျွန်တော်က သနားစရာကောင်းတဲ့ ဂေါ်ဖီထုပ်လေး ~"
တုန်းယွင်လေးက လိုက်ဆိုသည်။ "ဂေါ်ဖီထုပ်လေး အာ၊ မြေက အဝါရောင်၊ သုံးနှစ် သို့မဟုတ် နှစ်နှစ်ရှိပြီ၊ မေမေမရှိ၊ ဖေဖေ့နောက်လိုက်၊ ကောင်းကောင်းနေရ။ ဖေဖေက မိထွေးနဲ့ လက်ထပ်မှာကို ကြောက်နေခဲ့ရ။ အမေအရင်း၊ အမေအရင်း... "
ဒီသီချင်းဟာ မိခင်ကို ဆုံးရှုံးလိုက်ရပြီးနောက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ကလေးမလေးရဲ့ ဝမ်းနည်းကြေကွဲတဲ့ ခံစားချက်ကို ပုံဖော်ထားတဲ့ သီချင်းလေးဖြစ်သည်။ တုန်းယွင်လေး၏ အသံသည် ကြည်လင်ပြီး စိတ်ခံစားချက် အပြည့်ရှိသည်။ သူမသည် ဤကျေးလက်သီချင်းကို အလွန်ဝမ်းနည်းစွာ သီဆိုခဲ့သည်။
လမ်းသွားလမ်းလာများကြားသောအခါတွင် ဝမ်းနည်းလွယ်သော အဒေါ်ကြီးအချို့သည် ချက်ချင်းပင် မျက်ရည်ယိုစီးကျလာသည်။
လူအချို့က သာ့ချောင်နှင့် ဟော်ချီကို ရှုံ့ချသော မျက်လုံးများဖြင့် ကြည့်ကြသည်။ နှစ်ယောက်စလုံးသည် အကြည့်များကြောင့် အေးစက်သော ချွေးများ ထွက်လာသည်။
သာ့ချောင်က ကမန်းကတန်း သူမကို တားလိုက်ပြီး "ကောင်းပြီ၊ တုန်းယွင်လေး သီချင်းဆိုတာကို ရပ်လိုက်ကြရအောင်။ ငါတို့ ပြန်ရောက်ရင် စားစရာတွေ အများကြီးရှိတယ်။ မင်းစားချင်သလောက် စားလို့ရတယ်။"
တုန်းယွင်လေးနှင့် ရွှယ်အန်းရှု့တို့သည် နာခံမှုရှိသော ကလေးများဖြစ်သည်။ သူတို့အစ်မပြောတာကိုမြင်တော့ ခေါင်းညိတ် သဘောတူလိုက်ကြသည်။
အချိန်မှန်ဖြစ်သွားခဲ့သည်။
မျက်နှာချင်းဆိုင်က ဆိုင်လေးရဲ့ သူဌေးက ငါးဆင့်နဲ့ ပြေးလာသည်။ သူမက ပြေးလာရင်း အော်ကာ ပြောခဲ့သည်။ "ကောင်လေး၊ မင်း စောစောက ရေခဲမုန့်ဝယ်တာ မင်းကို ပိုက်ဆံငါးဆင့် ပိုတောင်းမိတယ်။ ပြန်လာယူဦး!"
သာ့ချောင် - "…"
ဟော်ချီ - "..."
တုန်းယွင်လေး - ???
ရွှယ်အန်းရှု့ - ???
အစ်မ မစားဘူးလို့ ပြောခဲ့တယ်မလား?
လိမ်တယ်!!!
......
[မှတ်ချက်] ဂေါ်ဖီထုပ်လေးသည် တရုတ်ပြည် မြောက်ပိုင်းရှိ ရိုးရာသီချင်းဖြစ်သည်။
စာရေးဆရာပြောစရာရှိသည်
သာ့ချောင် - ဟော်ချီက ငါ့ကို ဒုက္ခပေးတာ။ ငါရဲ့ အစ်မကြီး ပုံပျက်သွားပြီ။
ဟော်ချီ - ငါ့ကို ရေခဲမုန့်ဆိုင်ပိုင်ရှင်က ဒုက္ခပေးတာ။