← Chapters

အခန်း (၂၇၁)

Vol. 21 Ch. 271

အခန်း (၂၇၁)

Vol. 21 Ch. 271

ရှန်ထျန်းရုံသည် သူမကို ဘူတာရုံသို့ မပို့မချင်း နေခဲ့သည်။ "အစ်မယင်၊ အစ်မစိတ်ညစ်ရင် ကျွန်တော့်ဆီ အချိန်မရွေးလာလို့ရတယ်။ တစ်စုံတစ်ယောက်က အစ်မကိုအနိုင်ကျင့်ရင် အစ်မ ကျွန်‌တော့်ကိုပြောပြရမယ်။ အစ်မအတွက် ကျွန်တော် သူ့ကိုရိုက်ပေးမယ်။"

ချောင်တုန်းယင်သည် ဆောင်းရာသီတွင် ဟင်းချိုပူပူလေး သောက်လိုက်သလို ခံစားလိုက်ရသည်။ အလွန်နွေးထွေးကာ "သိပါတယ်။ မြန်မြန် ပြန်တော့။ စာကြိုးစား၊ နားလည်လား? "

ရှန်ထျန်းရုံ - "ကျောင်းတက်တာအပြင် အစ်မ ကျွန်တော်ကို ပြောပြချင်တာတွေရှိသေးလား?"

ချောင်တုန်းယင်က ခဏလောက်စဉ်းစားပြီး "ဒါဆို... စောစောမချစ်နဲ့။ မင်းချစ်ချင်‌တောင် မင်းကောလိပ်တက်တဲ့အထိစောင့်!"

ရှန်ထျန်းရုံ၏ နှလုံးသားသည် လှုပ်ရှားနေသည်။ သူသည် သူမကို တည့်တည့်ကြည့်ကာ "ကျွန်တော် တခြားသူကို ချစ်မှာ မဟုတ်ဘူး!" အဲဒီလူက မင်းမဟုတ်ရင်ပေါ့။

ချောင်တုန်းယင်သည် သူ့ဗိုက်ထဲက သန်ကောင်မဟုတ်သလို သူ့စိတ်ထဲမှာ အတွေးအစစ်အမှန်ကို မကြားနိုင်သည့်အတွက် ဝမ်းနည်းစရာပင်။

ပြီးတော့ ဘတ်စ်ကားက ထွက်ခါနီးနေပြီ။ ထို့ကြောင့် သူမသည် သူ့ကို လက်ပြနှုတ်ဆက်ကာ လှည့်ထွက်သွားခဲ့သည်။

ရှန်ထျန်းရုံသည် ထိုနေရာတွင် ရပ်နေကာ ဘတ်စ်ကားပေါ်မှ သူမကို လှမ်းကြည့်ကာ ဘတ်စ်ကားထွက်သွားသည်ကို ကြည့်နေခဲ့သည်။

ဘတ်စ်ကား လုံးဝ မမြင်ရတော့မှ သူက လှည့်ပြီး အိမ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ချောင်တုန်းယင် ထွက်သွားပြီးနောက် လင်းဟွေ့သည် ထိုအကြောင်းကို စဉ်းစားခဲ့သည်။ သူမ ဘာကြောင့် စိတ်အဆင်မပြေ ဖြစ်နေရတာလဲ?

သူမသည် ချောင်ကျန်းကျွင်း နှင့် ဆွေးနွေးခဲ့ပြီး မြို့တော်ရှိ သူမ၏ ယောက္ခမများကို ဖုန်းဆက်တာဖြင့် နိဂုံးချုပ်ခဲ့သည်။

ဝမ်ရှန်းရှန်းသည် သူမ၏ဦးလေးအား တစ်ပတ်လုံး ပူဆာခဲ့သည်။ တက်ကြွလွန်းတဲ့ ကလေးတစ်ယောက်ရဲ့ ချစ်စဖွယ် အမူအကျင့်ကိုတောင် သုံးခဲ့သည်။ သို့တိုင် တစ်ဖက်လူက မတုန်လှုပ်ပေ။

သူမ ကျောင်းပြန်တက်ခဲ့ရသည်။ သာ့ချောင်ကို ပိုပိုပြီး မနာလိုဖြစ်လာသည်။

သို့သော် သူမ၏ သံသယများ ကြီးထွားလာသည်။

အဲဒီနေ့က သာ့ချောင်က ဘယ်သူ့ကားထဲ ဝင်သွားတာလဲ?

သူမဦးလေးက သာ့ချောင်ကို မဆန့်ကျင်ဖို့ ဘာကြောင့် ပြောတာလဲ? ထိုနေ့က သူမ၏ ဦးလေးပြောသည့်စကားအရ တစ်ဖက်လူကို သူသိကြောင်း သိသာထင်ရှားသည်။ နောက်ပိုင်းတွင် သူသည် မမှတ်မိတော့ဘူးဆိုပြီး ပြောင်းလဲသွားသည်။

တစ်ခုခုဖြစ်နေပြီ!

သူမသည် သာ့ချောင်၏ နောက်သို့ လိုက်ကာ စောင့်ကြည့်ရန် အဆင်သင့်ပြင်ခဲ့သည်။ အားနည်းချက်ကို လွှတ်မထားတာက ပိုကောင်းသည်။ ပြီးတာနဲ့ သူမက ဟမ့်!

သာ့ချောင် ကျောင်းပြန်​သွား​သောအခါ ဝမ်ရှန်းရှန်းသည်​ သူမကို ထပ်ပြီးပြဿနာမရှာကြောင်း သူမသိလိုက်ရ​သည်​။ သူမသည် အလွန်ထူးဆန်းသည်ကို တွေ့ရှိခဲ့သည်။

ချိုက်ရူနန်လည်း သတိထားမိသည်။ သူမကို တိတ်တဆိတ် ပြောခဲ့သည်။ " ဝမ်ရှန်းရှန်းက သူ့လက်ထဲမှာ လှည့်ကွက်တစ်ခုခုကို ကိုင်ထားတာထင်တယ်။ မင်း သူ့ကို စောင့်ကြည့်ရမယ်!"

သာ့ချောင်သည် စောင့်ကြည်ရန် မလိုအပ်ဘူးဟု ခံစားမိသော်လည်း ချိုက်ရူနန်ကို သူမ ကောင်းစွာ ကျေးဇူးတင်မိသည်။

နှစ်ရက်အကြာတွင် ဝမ်ရှန်းရှန်းသည် သူမ၏အမြီးကို ပြသခဲ့သည်။

သာ့ချောင်သည် အဆောင်ထဲတွင် ရှိနေသောအခါတွင် တစ်စုံတစ်ယောက်သည် သူမကို စောင့်ကြည့်နေသည်ဟု ခံစားမိခဲ့သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ဝမ်ရှန်းရှန်းသည် အခြားအရာများကို ကြည့်ဟန်ဆောင်ကာ တစ်ဖက်သို့ ခေါင်းလှည့်လိုက်တာက်ု အမြန်ဖမ်းမိလိုက်သည်။ အလွန်သံသယဖြစ်စရာကောင်းသည်။

တစ်ဖက်လူက ဘာမှမလုပ်ဘူး။ ထို့ကြောင့် သူမသည် အနည်းငယ် အဆင်မပြေသော်လည်း တစ်ဖက်လူနဲ့ ပွဲမဖြစ်ခဲ့ပါ။

ထို့​နောက်​ ဝမ်​ရှန်းရှန်း၏ အပြုအမူများသည်​ ပို​လာသည်​။

သူမသည် သူမကိစ္စနှင့်ပတ်သက်ပြီး ခဏခဏ မေးချင်ယောင်ဆောင်ခဲ့သည်။ သူမ၏ ကျွမ်းကျင်မှုနှင့် နည်းလမ်းများသည် အလွန်ဆိုးရွားလွန်းသည်။ သာ့ချောင်က အဲဒါကို တစ်ချက်ကြည့်ရုံနဲ့သိပြီး ဘာမှမပြောခဲ့ပေ။

ဥပမာအားဖြင့် ဝမ်ရှန်းရှန်းက သူမကို ပြီးခဲ့တဲ့ အပတ်က အိမ်ပြန်ရောက်တဲ့အကြောင်း မေးခဲ့သည်။ ကားပေါ်တက်သွားတာကို သူမြင်တယ်လို့ ပြောခဲ့သည်။

သာ့ချောင်က သူမမေးခွန်းကို မဖြေဘူး။ သူမနဲ့ ဘာမှမဆိုင်ဘူးလို့ပဲ ပြန်ဖြေခဲ့သည်။ တစ်ဖက်က ဒေါသတွေ ပေါက်ကွဲလုမတတ်ပင်။

ကျောင်းမှာ သူမရဲ့ ချမ်းသာမှုကို ပြသဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ထို့ကြောင့် သူမသည် သူမ၏ ကိုယ်ပိုင်အိမ် သို့မဟုတ် ချမ်းသာသော ဟော်မိသားစုအကြောင်း အခြားသူများကို ပြောပြရန် အစပျိုးမည် မဟုတ်ပေ။

ပြုပြင်ပြောင်းလဲရေး မလုပ်ခင်မှာ ချမ်းသာလွန်းတဲ့သူတွေက ဝေဖန်ခံခဲ့ရသည်။ အခု ပတ်ဝန်းကျင်က ပိုအဆင်ပြေလာနေပေမယ့် အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမလားဆိုတာ ဘယ်သူသိမလဲ?

သာ့ချောင် ပြန်မဖြေတာကိုမြင်တော့ ဝမ်ရှန်းရှန်းက သူမပေါ် သံသယဖြစ်ကို ပိုပိုပြီးယုံကြည်လာခဲ့သည်။

ကျောင်းသားသစ်များသည် ကျောင်းနှင့် လုပ်ဆောင်ချက်တွေကို အပြည့်အဝ ရင်းနှီးပြီးနောက် ကျောင်းသားသမဂ္ဂမှ ကျောင်းသားသစ်များကို စတင်စုဆောင်းခဲ့သည်။

သာ့ချောင်သည် ကျောင်းသားသမဂ္ဂတွင် ပါဝင်ရန် စိတ်မဝင်စားပါ။

မူလက သူမသည် ဘဏ္ဍာရေးနှင့် စီးပွားရေးမေဂျာကို မတက်ချင်ခဲ့ပါ။ သူမ တကယ်လေ့လာချင်တာက ဒီဇိုင်းပင်။ ကံမကောင်းစွာပဲ ဒီနိုင်ငံမှာ ဒီလိုမျိုး မေဂျာပမရှိခဲ့ဘူး။

ချိုက်ရူနန်သည် သာ့ချောင်ကို အတူတကွ စာရင်းသွင်းရန် တိုက်တွန်းခဲ့သည်။ "သာ့‌ချောင် ငါစုံစမ်းပြီးပြီ။ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ရင် အကျိုးခံစားခွင့်တွေ မရှိပေမယ့် ကျောင်းသားသမဂ္ဂက ငါတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပြီး လူအများကြီးနဲ့ သိနိုင်တယ်"

သာ့ချောင်က စာအုပ်မှ ခေါင်းကိုမော့ပြီး "နင့်ဘာသာ သွားပါ။ ငါ ဒါတွေကို စိတ်မဝင်စားဘူး"

သူမစိတ်မဝင်စားတာကိုမြင်တော့ ချိုက်ရူနန်က လက်လျှော့လိုက်ရသည်။ "ကောင်းပြီ ဒါဆို ငါတစ်ယောက်တည်း စာရင်းသွင်းလိုက်မယ်။

တစ်နေ့လုံး စာအုပ်ဖတ်နေတာပဲ ငါတွေ့တယ်။ နင်သင်ခန်းစာ စာအုပ်ဖတ်နေတာလား?"

ထိုသို့ပြောရင်း သူမက စပ်စပ်စုစု ငုံ့ကြည့်လိုက်သည်။

သာ့ချောင်သည် သူမကိုပြရန် စာအုပ်ကိုလှန်လိုက်သည်။ အဲ့အပေါ်တွင် 'လက်တွေ့ကျတဲ့ ဝက်မွေးမြူနည်းများ' လို့ ရေးထားသည်။

ချိုက်ရူနန်၏ ပါးစပ်က တုန်လှုပ်သွားပြီး "ဘာလို့ ဒီလိုစာအုပ်မျိုး ဖတ်နေတာလဲ? မင်းရဲ့ အလုပ်အကိုင်အတွက် အထောက်အကူဖြစ်လို့လား?"

သာ့ချောင်က ခေါင်းခါလိုက်ပြီး "မကူညီပါဘူး၊ ငါ အချိန်ကုန်သွားအောင် စာအုပ်တချို့ ရှာနေတာပါ"

ချိုက်ရူနန် - " …"

နတ်သမီးရဲ့ ဝါသနာက တကယ်ကို ထူးခြားသည်!

သာမာန်လူများသည် အချိန်ကုန်ရန် နာမည်ကြီးစာအုပ်များကို ရှာဖွေလေ့ရှိသည်။ ဒါပေမယ့် သူမက ဝက်မွေးမြူရေးနည်းပညာကို ကြည့်နေခဲ့သည်။

အဆောင်တွင်ရှိသော အခြားလူနည်းစုသည်လည်း ကျောင်းသား သမဂ္ဂဝင်ရေးကိစ္စအတွက် နေ့တိုင်း ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း ယနေ့ခေတ်တွင် ကျောင်းသား သမဂ္ဂ အတွင်းသို့ ဝင်ရောက်ရန် မလွယ်ကူပေ။ ရွေးချယ်မှု အခြေအနေတွေက တော်တော်လေး တင်းကျပ်သည်။ ပထမအချက်မှာ ထူးချွန်သောအဆင့်များ လိုအပ်သည်။

ထို့ကြောင့် ရွေးချယ်ခြင်း လုပ်ငန်းစဉ်ပြီးနောက် ဝမ်ရှန်းရှန်းနှင့် ချိုက်ရူနန်သာလျှင် နောက်ဆုံးတွင် ကျောင်းသားသမဂ္ဂသို့ အောင်မြင်စွာဝင်ရောက်ခဲ့သည်။

ဝမ်ရှန်းရှန်းသည် သူမ၏ ရုပ်ရည်ကောင်းမွန်ပြီး အဆင့်အတန်းရှိသော ပုံစံကြောင့် ကျောင်းအခမ်းအနားဌာနသို့ ဝင်ရောက်ခဲ့သည်။ ချိုက်ရူနန်သည် သူမ၏ လက်ရေးလှဖြင့် လူထုဌာနသို့ ဝင်ရောက်ခဲ့သည်။

ချိုက်ရူနန် ရွေးချယ်ခံရတာကို မြင်လိုက်ရတဲ့ အချိန်မှာ စုန့်ယုလျန်နဲ့ ချန်ရှောင်လန်ရဲ့ မျက်နှာများသည် မနာလိုမှုတွေ ဖုံးသွားခဲ့သည်။

သူတို့ ဘယ်လောက် ဒေါသထွက်နေလဲ မြင်ရတော့ ချိုက်ရူနန်သည် ဝမ်းသာလွန်းလို့ ထမင်းနှစ်ပန်းကန် ထပ်စားခဲ့သည်။ သူတို့သုံးယောက်ကြားက ဆက်ဆံရေးက ပိုတင်းမာလာခဲ့သည်။

ဝမ်ရှန်းရှန်းသည် ကျောင်းသားသမဂ္ဂတွင် ပါဝင်လာကတည်းက သူမသည် တစ်နေ့ထက်တစ်နေ့ ပိုလှလာသည်။

တစ်နေ့တွင် သူမသည် နီမြန်းသောမျက်နှာဖြင့် ကျောင်းသားသမဂ္ဂမှ ပြန်ရောက်လာပြီး "အမယ်လေး ကျောင်းသားသမဂ္ဂမှာ ဒုတိယဥက္ကဋ္ဌက အရမ်းချောတာလား?"

စုန့်ယုလျန်က သူမစကားကို လိုက်ပြီး မေးလိုက်သည် "ဒုဥက္ကဋ္ဌ၊ သူက ဘယ်ဌာနရဲ့ စီနီယာ အစ်ကိုလဲ?"

ဝမ်ရှန်းရှန်းက တောက်ပသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။ "သတင်းအချက်အလက်ဌာနက စီနီယာဟော်။ သူအရင် အစည်းအဝေး နှစ်ခုကို မတက်ဘူးဆိုတော့ ငါ သူ့ကို မတွေ့ခဲ့ရဘူး။ သူက ကျောင်းသားသမဂ္ဂ မ၀င်ချင်ဘူးလို့ ကြားတယ်။ ကျောင်းသားသမဂ္ဂနဲ့ ဆရာက အကြိမ်ပေါင်းများစွာ ပါဖို့ တောင်းဆိုတဲ့အတွက် သူပါ၀င်ခဲ့တာတဲ့"

'စီနီယာ အစ်ကိုဟော်' ဆိုတဲ့ စကားလုံးကိုကြားတော့ စာအုပ်ဖတ်နေတဲ့ သာ့ချောင်က နားရွက်လှုပ်သွားသည်။

အစ်ကိုဟော်ချီအကြောင်း ပြော‌နေတာပဲ။ သို့သော် သူမသည် သူတို့၏ စကားဝိုင်းတွင် ပါဝင်ရန် အစီအစဉ်မရှိပေ။

နောက်ရက်အနည်းငယ်မှာတော့ ဝမ်ရှန်းရှန်းက အဆောင်ကိုပြန်လာတိုင်း သူမက 'စီနီယာ အစ်ကိုဟော်' အကြောင်း အမြဲပြောလေ့ရှိသည်။

မသိတဲ့သူတွေအတွက်တော့ သူတို့က ရည်းစားတွေလို့ ထင်ကြလိမ့်မည်။

ဟော်ချီမှာ ရည်းစားရှိမှန်း သိကတည်းက ထန်မြောင်ရှန်သည် စိတ်ဓာတ်ကျသွားခဲ့သည်။

သူမရဲ့ တစ်ကိုယ်လုံးက ချစ်ခြင်းမေတ္တာတွေ ပျက်စီးသွားပုံရပြီး ဘာမှလုပ်ဖို့အတွက် လုံလောက်တဲ့ အင်အားမရှိတော့ဘူးလို့ ထင်ရသည်။

တွေးကြည့်ပြီးနောက် သူမသည် ဟော်ချီကဲ့သို့ ထူးချွန်သော ယောက်ျားတစ်ယောက်ကို လက်မလွှတ်ချင်သေးပေ။ ထို့ကြောင့် ဒီနေ့တွင် သူမသည် ဟော်ချီ၏ အိပ်ဆောင်သို့ ပြန်လာရာလမ်းတွင် ပိတ်ဆို့ခဲ့သည်။

ဟော်ချီက သူမကို ဂရုမစိုက်ဘဲ ကြည့်ကာ "ဘာကိစ္စရှိလို့လဲ?"

ထန်‌မြောင်ရှန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောချပစ်လိုက်သည်။ "အတန်းဖော်ဟော်၊ နောင်မှာ နင့်ရဲ့ရည်းစားကို နင်ဆက်ဆံသလိုမျိုး ငါ့ကို နင်ဆက်ဆံပေးနိုင်မလား?"

ဟော်ချီ - ???

သူ့မှာ မေးခွန်းတွေနဲ့ ပြည့်နေခဲ့သည်။

သူ မငြင်းတာကိုမြင်တော့ ထန်မြောင်ရှန်က စိတ်တက်ကြွက "အတန်းဖော်ဟော်၊ နင့်မှာ ရည်းစားရှ်ိနေပြီဆိုတာ ငါသိပါတယ်။ နင်တို့ရဲ့ဆက်ဆံရေးကို ငါမဖျက်ဆီးပါဘူး။ နင် ငါ့ကို နင့်ရဲ့ရည်းစားလိုပဲ ဆက်ဆံမယ်လို့ ငါမျှော်လင့်တယ်!"

ဟော်ချီ၏ မျက်လုံးများတွင် နွေးထွေးမှု မရှိဘဲ ပြောလိုက်သည်။ "ရည်းစားက ရည်းစားပွဲ။ မင်းက ငါ့အတန်းဖော်ပဲ!"

ထန်‌မြောင်ရှန်က သနားစရာကောင်းတဲ့ မျက်နှာထားနဲ့။ သူမက သူ့ကို မျက်တောင်ခတ်ပြီး "သိပါတယ်။ ဒါပေမယ့် ငါ့ကိုလည်း ကောင်းကောင်းဆက်ဆံ‌စေချင်တယ်။ အတန်းဖော်ဟော် နင် ငါ့ပေါ် ကောင်းပေးနိုင်မလား?"

ဟော်ချီသည် သူ၏ရည်းစားနှင့် ချက်ချင်းလမ်းခွဲရန် မဖြစ်နိုင်ပေ။ ဒါကြောင့် သူမသည် သူနဲ့ အရင်ရင်းနှီးဖို့ တွေးပြီး သူ့ကို သူမပေါ်အား ကောင်းအောင်လုပ်ရမည်။ တုံ့ပြန်မှု ပိုရလာရင် သူမသည် သူ့နှလုံးသားကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လာနိုင်လိမ့်မည်။

ထိုအချိန်တွင် သူမသည် သူနှင့် လမ်းခွဲမည်ကို ကြောက်ပေလိမ့်မည်။

ဟော်ချီက သူမအား ဉာဏ်ရည်မမီသူတစ်ယောက်လို ကြည့်ပြီး "မင်းနေမကောင်းရင် ဆရာဝန်ဆီသွားပြီး ဆေးသွားသောက်!"

သူပြောပြီးသည်နှင့် သူမကို ကျော်ဖြတ်ကာ မစာနာစွာ ထွက်ခွာသွားခဲ့သည်။

ထန်‌မြောင်ရှန်၏ မျက်နှာသည် ဒေါသစိတ်ဖြင့် နီရဲလာသည်။

ထန်မြောင်ရှန်သည် အတန်းထဲတွင် အဆင့်‌ကောင်းပြီး အဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူး ရာထူးကိုလည်း ရယူထားသည်။ သူမသည် သာမန်လူဟု သူထင်ခဲ့ဖူးသည်။ နေမကောင်းနေတယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့မိဘူး။

တန်မြောင်ရှန်သည် ထိုအကြောင်းကို ပိုတွေးလေ ပိုဒေါသဖြစ်လာသည်။ အိမ်ကိုပြန်ရောက်ပြီးနောက် သူမအစ်ကိုဝမ်းကွဲကို ပြောပြခဲ့သည်။

သူ့အစ်ကိုဝမ်းကွဲက လူဆ်ိုးတစ်ယောက်ပါ။ သာမန်လူဆိုးတွေနဲ့ မတူတာက သူက ချမ်းသာသည်။

သူမဦးလေးရဲ့ မိသားစုက သူမမိသားစုထက် ပိုချမ်းသာသည်။ သူမအစ်ကိုဝမ်းကွဲက တုံးအပြီး အသုံးမကျဘူး။ သူသည် အလုပ်လည်း မလုပ်ချင်ဘူး လူဆိုးဂိုဏ်းအချို့နှင့် မကြာခဏ အပြင်ထွက်‌လေ့ရှိသည်။

သူ့ဦးလေးရဲ့ မိသားစုက သားလေးတစ်ယောက်ပဲ မွေးထားတာကြောင့် သူတို့တွေ သူ့ကို အရမ်းချစ်ကြသည်။ ငယ်ငယ်တုန်းကတော့ သူတို့က အုပ်ချုပ်ဖို့ တွန့်ဆုတ်နေခဲ့သည်။ အခု သူအရွယ်‌ရောက်လာပြီမို့ သူတို့ရဲ့ ဟောပြောချက်တွေက အကျိုးမရှိတော့ဘူး။

သူမအစ်ကိုဝမ်းကွဲက အဲဒီအကြောင်းကြားပြီးနောက် သူက သွားကြားထိုးတံကိုကိုက်ပြီး "စိတ်မပူနဲ့။ အစ်ကိုဝမ်းကွဲက မင်းအတွက် ဒီအမှိုက်ကို ရှင်းပေးမယ်။"

ထို့ကြောင့် ထိုနေ့တွင် သာ့‌ချောင်နှင့် ချိုက်ရူနန်တို့သည် ကျောင်းအပြင်ဘက်တွင် ဈေးဝယ်ထွက်သောအခါ အပြန်လမ်းတွင် လူဆိုးဂိုဏ်းအနည်းငယ်က သူတို့ကို ပိတ်ဆို့ခြင်းခံခဲ့ရသည်။

လူဆိုးအနည်းငယ်က သာ့ချောင်၏ အသွင်အပြင်ကိုမြင်သောအခါ သူတို့၏ မျက်လုံးများသည် စိမ်းလန်းစိုပြေသွားကြသည်။

ထန်မြောင်ရှန်၏ အစ်ကိုဝမ်းကွဲ ထန်ဟန်ဟိုင်သည် လူဆိုးများရှေ့တွင် ရပ်လိုက်သည်။ သူက သာ့ချောင်ကို အပေါ်အောက် ကြည့်လိုက်ပြီး "မင်းက ချောင်နျန်နျန်လား?"

ချိုက်ရူနန်သည် အလွန်စိတ်လှုပ်ရှားသွားကာ သူမ၏ မျက်နှာသည် ဖျော့တော့သွားခဲ့သည်။ သူမနောက်ကို သာ့ချောင်အား ဆွဲပို့လိုက်သည်။ သူမကိုကာကွယ်ဖို့ ကြိုးစားခဲ့သည်။

သာ့ချောင်က သူမလက်ကို ပွတ်သပ်ပြီး ထွက်သွားခဲ့သည်။ "ကျွန်မပါ ရှင်က ဘယ်သူလဲ? ရှင်ဘာလုပ်ချင်တာလဲ?"

ထန်ဟန်ဟိုင်က ပါးစပ်ထဲမှ သွားကြားထိုးတံကို ထွေးထုတ်လိုက်ပြီး "ငါတို့ ဘာလုပ်ချင်လဲဆိုတော့ ငါတို့ မင်းကို လုပ်ချင်တယ်!"

'ဘန်း'ခနဲကို ကြားလိုက်ရသည်။ သူ့ကိုယ်ပေါ်ရှိ ရှပ်အင်္ကျီသည် ရင်ဘတ်ကြွက်သားပေါ်အောင် ကွဲထွက်သွားပြီး ကြယ်သီးများ လွင့်ထွက်သွားသည်။

သာ့ချောင် - "......"

ချိုက်ရူနန် - "..."

ဒီဂျိုကာကို မျောက်တွေက ပို့ခဲ့တာလား?

သာ့ချောင်နှင့် ချိုက်ရူနန်တို့ နှစ်ယောက်လုံးသည် ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။

ဒါပေမယ့် ပိုရယ်စရာကောင်းတဲ့ အပိုင်းတော့ မရောက်သေးဘူး။

သူ့နောက်က လူဆိုးတစ်ယောက်က ပြေးလာပြီး လွင့်ထွက်သွားတဲ့ ကြယ်သီးကို ကောက်ယူလိုက်သည်။

ထို့နောက် သူတို့သည် ညည်းညူရင်း လွှဲပေးလိုက်သည်။ "အစ်ကိုဟိုင်၊ အစ်ကိုရဲ့ ကြယ်သီးတွေ။ ဒါပေမယ့် အစ်ကိုဟိုင်၊ အစ်ကို့ရဲ့အဝတ်အစားတွေက ဘာလို့ ဒီလောက် အရည်အသွေးညံ့နေတာလဲ? အစ်ကိုဟိုင်၊ အစ်ကိုအလိမ်ခံရတာလား?"

မျက်နှာနီနဲ့ ထန်ဟန်ဟိုင်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့ခေါင်းကို ခေါက်ကာ ဆုချလိုက်သည်။ သူက အံကြိတ်ကာ "ပါးစပ်ပိတ်ထား။ မင်းစကားမပြောရင် မင်းကို လစ်လျူရှုမဲ့သူ ဘယ်သူ့မှ မရှိဘူး"

နောက်လူဆိုးတစ်ယောက်က ပြေးတက်လာပြီး ထိုလူဆိုးကို ဆွဲထုတ်လိုက်သည်။ "မှန်တယ်။ ဘေးကပ်နေ။ အစ်ကိုဟိုင်ရဲ့ အဝတ်အစားတွေ အကုန်လုံးကို ကုန်တိုက်တွေကနေ ဝယ်လာတာ မင်းမသိဘူးလား? ဒီအဝတ်အစားက ယွမ်သောင်းချီရှိတယ်! အစ်ကိုဟိုင်က ဉာဏ်ပညာထက်မြက်တာ သူဘယ်လိုလုပ် လှည့်စားခံရမှာလဲ?"

လူဆိုးလေးသည် ဒေါသတကြီးကြည့်ကာ ထိုသို့သော ညံ့ဖျင်းသော အဝတ်အစားများသည် ယွမ်သောင်းချီကုန်ကျကြောင်း သူတကယ်မသိခဲ့ပါ။ အခု ကုန်တိုက်တွေမှာ အထည်တွေရဲ့ အရည်အသွေးက အရမ်းဆိုးနေတာလား?

သာ့ချောင်နှင့် အခြားမိန်းကလေးက သူ့အား ဉာဏ်ရည်ဉာဏ်သွေး နောက်ကျနေတဲ့လူကဲ့သို့ ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ထန်ဟန်ဟိုင်သည် လူဆိုးနှစ်ယောက် တင်ပါးအား ကန်လိုက်သည်။

ထို့နောက် သူသည် ကောင်မလေးများဆီသို့ အပြေးအလွှားသွားကာ ဆဲဆိုကြိမ်းမောင်းပြီး "မင်းတို့နှစ်ယောက် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မေ့လိုက်တော့…"

သူစကားမဆုံးခင် သာ့ချောင်က သူ့လက်ကို ဆွဲယူပြီး သူ့လက်ကို နောက်ကျောကို လိမ်လိုက်သည်။

ထန်ဟန်ဟိုင်က ဝက်ကို သတ်သည့် အသံကဲ့သို့ အော်ဟစ်ခဲ့သည်။ "မင်း ကောင်မစုတ်လေး၊ မင်း… အားးးးး... မင်းဘာလုပ်နေတာလဲ? မြန်မြန် ငါ့ကိုချလိုက်!"

သာ့ချောင်က သူ့ခါးကို ဆုပ်ကိုင်ထားပြီး သူ့ကို မြှောက်လိုက်တာကို သိလိုက်ရသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက အံ့သြသွားကြသည်။

လူဆိုးများသည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ မျက်လုံးများက ပြူးကျယ်သွားကြသည်။

ချိုက်ရူနန်လည်း ထိတ်လန့်သွားသည်။

သူမ၏ စိတ်ထဲတွင် နူးညံ့သိမ်မွေ့သော နတ်သမီးပုံရိပ်သည် ပျက်စီးသွားခဲ့သည်။

ထန်ဟန်ဟိုင် - ငါအမြင့်ကို မပျံချင်ဘူး။ ငါအမြင့်ကြောက်တယ်လို့!!!

လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေအောက်မှာ သာ့ချောင်က ထန်ဟန်ဟိုင်ကို ပစ်ထုတ်လိုက်သည်။

ဘုန်းခနဲသံနှင့်အတူ ထန်ဟန်ဟိုင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။ ထို့နောက် သူသည် မထမီ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လူးလှိမ့်ခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

သာ့ချောင်က လက်ခုပ်တီးလိုက်သည်။ သူမသည် အခြားလူဆိုးဂိုဏ်းများဆီသို့ သူမ၏ လှပသော မျက်ခုံးကိုပင့်ကာ "ဘယ်သူရှိသေးလဲ? မြန်မြန်လာ။ အချိန်မဖြုန်းနဲ့!"

လူဆိုးလေးများသည် တုန်တုန်ယင်ယင်နဲ့ မသွားရဲကြပါ။ သူတို့သည် သူတို့သည် မရိုသေဘဲ မနေရဲကြပေ။ သူတို့မှာ မျက်လုံးတွေရှိပေမယ့် ခေါင်းဆောင်ထန်ကို မမှတ်မိဘူး။

လူဆိုးဂိုဏ်းများသည် သူတို့၏ သူဌေး ထန်ဟန်ဟိုင်ကို အမြန်ထရန် ကူညီပေးခဲ့ပြီး တစ်ဖွဲ့လုံးက သူတို့၏ တင်ပါးများ ပြုတ်ကျလုနီးပါး ပြေးလွှားခဲ့ကြသည်။

All Chapters