← Chapters

အခန်း (၂၈၆)

Vol. 22 Ch. 286

အခန်း (၂၈၆)

Vol. 22 Ch. 286

လူတွေက လူလတ်ပိုင်းအရွယ်ရောက်သောအခါတွင် သူတို့သည် ဂေါ်ဂျီဘယ်ရီရေကို သာမိုခွက်တစ်ခုထဲတွင် ချက်ပေးရမည်ဖြစ်သည်။

လူလတ်ပိုင်း ချောင်ကျန်း‌ကော်သည် ထိပ်ပြောင်သွားသည်။

သူသည် ချောင်မိသားစုတွင် ပထမဆုံးသော ထိပ်ပြောင်သူဖြစ်လာပြီး ချောင်မိသားစုအတွက် မှတ်တမ်းတစ်ခု ဖန်တီးခဲ့သည်။

ချောင်ကျန်းကော် ထိပ်ပြောင်သောနေ့တွင် ဝမ်ချွမ်ကျီသည် သူ၏ကံဆိုးမှုအတွက် ကျေနပ်ကာ အလွန်ရယ်မောပြီး သူမ၏ မေးစေ့သည် တစ်ဖန်ပြန်ပြုတ်လုနီးပါးဖြစ်သွားသည်။

အခြားယောက်ျားဖြစ်လျှင် သူသည် ရှက်ရွံ့စွာ ဒေါသထွက်လာပြီး ဇနီးသည်ကိုပင် ကိုယ်ထိလက်ရောက် စော်ကားမည်မှာ သေချာသည်။ ဒါပေမယ့် ချောင်ကျန်းကော်က ဒါကို အလေးအနက် မထားခဲ့ပါဘူး။ သူ့ဆံပင်တွေ ဘယ်တော့ ပြန်ပေါက်မလဲဆိုပြီး နည်းနည်းတော့ စိုးရိမ်မိသည်။

ချောင်မိသားစု၏ ကျန်မိသားစုဝင်များသည် ချောင်ကျန်းကော်၏ ထိပ်ပြောင်ခြင်းကို တွေ့လိုက်ရသောအခါ အလွန်ထူးဆန်းသွားကြသည်။

ရွှယ်ချွမ်သည် အသက်ခြောက်ဆယ်နီးပါးရှိပြီး ထိပ်ပြောင်ခြင်း မရှိသောကြောင့်ဖြစ်သည်။

သူ့သား ချောင်ကျန်းကော်က ဘာလို့ အရင် ထိပ်ပြောင်နေတာလဲ?

ချောင်ကျန်းကော်သည် ၎င်းအတွက် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူက သူ့အဖေရဲ့ ချောမောမှု၊ အမေ့ရဲ့ အစွမ်းသတ္တိကို အမွေမခံရဘူး။ အဘယ့်ကြောင့် ထိပ်ပြောင်သူ တစ်ဦးပဲ ဖြစ်လာခဲ့တာလဲ?

ချောင်ရှို့ကျီက သူ့သားအကြီးဆုံးကို ကြည့်လိုက်ပြီး ခဏငြိမ်သက်သွားပြီးနောက် "ငါ့အဖေ မင်းရဲ့အဘိုးက ထိပ်ပြောင်တယ်။ မျိုးဆက်တစ်ဆက် ကျော်သွားတာထင်တယ်!"

ချောင်ကျန်းကော် - ".... "

ဆိုင်ရှိ ဖောက်သည်များက သူ၏ ထိပ်ပြောင်ခြင်းကို တွေ့ရှိပြီးနောက် အမျိုးမျိုးသော ကုထုံးများကို စိတ်ပါလက်ပါ အကြံပြုခဲ့ကြသည်။

ထိုအချိန်မှစ၍ ဇနီးသည်ကို လှောင်ပြောင်သူ ချောင်ကျန်းကော်သည် စိတ်နှလုံးအကြွင်းမဲ့ သုတေသနပြုကာ ထိပ်ပြောင်ခြင်းကို ပျောက်ကင်းစေသော ချောင်ကျန်းကော် ဖြစ်လာခဲ့သည်။

ကျောက်ချူယန်ကို ရဲစခန်းသို့ ပို့ဆောင်ပြီးနောက် အာမခံပေးရန် သူ့မိသားစုအား ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

သူ ရဲစခန်းကို လာရတဲ့အကြောင်း သူ့အစ်ကိုကြီးကို မသိစေရဘူးလို့ သူ့အမေကို ထပ်ခါတလဲလဲ ပြောခဲ့ပေမယ့် ဥက္ကဌ ကျောက်က မကြာခင် သိလိုက်ရသည်။

ဥက္ကဋ္ဌ ကျောက်သည် ကုမ္ပဏီတစ်ခုဖွင့်လှစ်ပြီး လုပ်ငန်းတစ်ခုလုပ်ဆောင်ခဲ့သူဖြစ်သည်။ သူသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစက်မှုလုပ်ငန်း လုပ်ကတည်းက စက်မှုလုပ်ငန်းအားလုံးမှ လူများကို အထူးသိသည်။ ရဲစခန်းမှာ အသိအကျွမ်းတွေ ရခဲ့သည်။

ကျောက်ချူယန်ရဲစခန်းမှ ထွက်သွားသည်နှင့် နောက်အခိုက်အတန့်တွင် သူ့သူငယ်ချင်းထံမှ အကြောင်းကြားစာ ရရှိခဲ့သည်။

ဥက္ကဌ ကျောက် ဒေါသထွက်သွားသည်။

အရင်က သူ့ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီး သာ့ချောင်ဆီကို မသွားဖို့ သတိပေးခဲ့သည်။ ပြီးတော့ သူက နားမထောင်ဘူး။

အကယ်၍ ဤညီကို ယခု မထိန်းချုပ်နိုင်ပါက သူသည် အသုံးမကျသည်ဖြစ်စေ၊ ကျသည်ဖြစ်‌စေ ကိစ္စမရှိပါ။ သိပ်မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူသည် မိသားစုတစ်ခုလုံး၏ ဒဏ်ခတ်ခံရခြင်းဖြစ်လာလိမ့်မည်။

သူသည် ကျောက်ချူယန်ကို သင်ခန်းစာတစ်ခုသင်ပေးရန် ချက်ခြင်းအိမ်မပြန်ပါ။ အဲဒီအစား တစ်စုံတစ်ယောက်ကို သူလျှို့ဝှက်စုံစမ်းဖို့ ရှိသည်။ ချောင်မိသားစုရဲ့ အချက်အလက်တွေကို ဘယ်သူက ပေါက်ကြားစေခဲ့လဲဆိုတာ သူသိချင်သည်။

ဘယ်သူပဲဖြစ်ပါစေ သူ့ကိုသစ္စာမဖောက်ဝံ့သရွေ့ အဲဒီလူကို သူက ပေါ့ပေါ့တန်တန် စွန့်လွှတ်မှာ မဟုတ်ဘူး။

ထို့နောက် သီတင်းပတ်ကုန်တွင် သူသည် ကားစီးကာ တောင်းပန်ရန် ချောင်အိမ်သို့ ကိုယ်တိုင်သွားခဲ့သည်။

သူသည် ချောင်အိမ်သို့ ရောက်သောအခါ ချောင်အိမ်ခြံဝင်းကို တွေ့လိုက်ရသောအခါ သူ အံ့အားမသင့်ဘဲ မနေနိုင်ပေ။

ချောင်မိသားစုနှင့် စာချုပ်ချုပ်ပြီးနောက် သူသည် ချောင်မိသားစုအကြောင်း စုံစမ်းရန် လူများကို ခိုင်းခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့သည် ခြံဝင်းအတွင်း နေထိုင်ကြသည်ဟု သူကြားသိရသည်။ ချောင်မိသားစုသည် သေးငယ်ပြီး ကျဉ်းမြောင်းသော ဝင်းထဲတွင် နေထိုင်သည်ဟု သူထင်ခဲ့သည်။ အဲ့ဒါကြောင့်လည်း သူက အများကြီး မစဉ်းစားခဲ့ဘူး။

ဒါပေမယ့် သူ့ရှေ့က ခြံဝင်းရဲ့ အရွယ်အစားက သူအရင်က နားလည်ထားဝာာထက် ကျော်လွန်နေသည်။

ချောင်မိသားစုသည် သူထင်သည်ထက် ပို၍ စွမ်းဆောင်နိုင်ပုံရသည်။

အဲဒါကို တွေးနေရင်းနဲ့ လက်ဆောင်ကို လက်ထဲမှာကိုင်ထားကာ ချောင်အိမ်တံခါးဘဲလ်ကို တီးလိုက်သည်။

ချောင်အန်းကျဲက တံခါးဖွင့်ဖို့ လာခဲ့သည်။

ဥက္ကဌ ကျောက်သည် ချောင်အန်းကျဲကိုမြင်သောအခါ အံ့အားသင့်သွားသည်။ ရွှယ်အန်းရှု့သည် ယခုအချိန်တွင် ဇာတ်ကားရိုက်ကူးနေသည်။ ဒါကြောင့် သူ ဒီမှာမနေသင့်ဘူး။ မကြာခင်မှာ သူဖမ်းမိသွားနိုင်သည်။

ဒါက ရွှယ်အန်းရှု့ရဲ့ အမြွှာအစ်ကို ဖြစ်ရမည်။ သူတို့ကြည့်ရတာ အရမ်းတူသည်။ တူညီတဲ့ ပုံစံခွက်ထဲက ထွင်းထုထားသလိုပင်။

သူက ကြင်နာပြီးဖော်ရွေတဲ့အပြုံးကိုပြဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ "မင်းက ချောင်အန်းကျဲ ဖြစ်ရမယ် ဟုတ်လား?"

ချောင်အန်းကျဲ၏ ချောမောလှပသော မျက်နှာသည် မည်သည့်အပြုံးမှ မပြခဲ့ပေ။ သူက သူ့ကို လေးလေးနက်နက်ကြည့်ကာ "ခင်ဗျားက ဥက္ကဋ္ဌ ကျောက်လား? ဟိုင်ရှန့်ရုပ်ရှင်ကုမ္ပဏီရဲ့ သူဌေးလား?"

ဥက္ကဌ ကျောက်က နောက်တစ်ကြိမ် လန့်သွားပြီး "မင်း ငါ့ကို မြင်ဖူးလား?"

ရွှယ်အန်းရှု့၏ အစ်ကိုသည် ရုပ်ရှင်ကုမ္ပဏီသို့ တစ်ခါမှ မရောက်ဖူးကြောင်း သူသတိရမိသည်။ ဒါကြောင့် သူတို့နှစ်ယောက် မတွေ့ဖူးဘူး။ ယုတ္တိဗေဒအရပြောရရင်တော့ သူက သူ့ကို မသိသင့်ဘူး။

ချောင်အန်းကျဲ - "ပထမဆုံးအနေနဲ့ ခင်ဗျား ကျွန်တော့ကိုမြင်လိုက်တာနဲ့ ခင်ဗျားမျက်လုံးတွေက အံ့အားသင့်သွားခဲ့တယ်။ ဆိုလိုချင်တာက စောစောက ကျွန်တော့ညီလေးလို့ ခင်‌ဗျား ကျွန်တော့်ကို အထင်လွဲနေတာပဲ။ ပြီးတော့ မကြာခင် ခင်‌ဗျားနားလည်သွားတယ်၊ ဆိုလိုတာက ကျွန်တော့်ညီလေး ဒီအချိန် ဘယ်မှာရှိနေသင့်တယ်ဆိုတာ ခင်ဗျားသိတယ်။ ဒုတိယအချက်ကတော့ ခင်ဗျားရဲ့အဝတ်အစားနဲ့ ခင်‌ဗျားမောင်းတဲ့ကားက ခင်‌ဗျားမှာ အဆင့်အတန်းရှိတယ်ဆိုတာ ပြနေတာပဲ။ နောက်ဆုံးအနေနဲ့ ဗုဒ္ဓဟူးနေ့က ကျွန်တော့်အစ်မကြီးကို နှောင့်ယှက်ခဲ့တဲ့ အရူး ကျောက်ချူယန်။ ​​ကျွန်တော်မမှားရင် ခင်ဗျားက နောက်ဆက်တွဲကို ဂရုစိုက်ဖို့အတွက် ခများ ညီကိုယ်စား ဒီနေရာမှာ ရောက်နေတာပဲ"

ဥက္ကဌ ကျောက်သည် သူ့ရှေ့မှ ကလေးအား စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် အနာဂတ်မျိုးဆက်များကို ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။ "မင်းက အရမ်းဉာဏ်ကောင်းတယ်။ နည်းနည်းချင်းစီ ယုတ္တိရှိရှိ ခွဲခြမ်းစိတ်ဖြာနိုင်တယ်။ ငါက တကယ်ကို ကျောက်ချူယန်ရဲ့ အစ်ကိုကြီးပဲ။ ငါ့ကို ဦးလေး ကျောက်လို့ ခေါ်နိုင်တယ်။"

ချောင်အန်းကျဲ - "ကျေးဇူးပြုပြီး ဥက္ကဋ္ဌ ကျောက် ဝင်လာပါ"

ဥက္ကဌ ကျောက်က သူ့နှလုံးသားထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ချောင်အိမ်ထဲကို ကောင်လေးနောက်ကနေ လိုက်သွားခဲ့သည်။

ချောင်ခြံဝင်းသည် အလွန်သန့်ရှင်းပြီး နွေးထွေးသည်။ ခြံဝင်းထဲတွင် ဂျူဗာပင်တစ်ပင်နှင့် ဝံပုလွေပင် အနည်းငယ်ရှိသည်။ ထိုအချိန်တွင် အနီရောင်တောက်တောက် သစ်သီးများ သစ်ပင်များပေါ်တွင် တွဲလောင်းကျနေသည်။ တော်တော်ပျော်စရာကောင်းတဲ့ အငွေ့အသက်ပင်။

ခြံထဲတွင် ပန်းမျိုးစုံနှင့် အပင်များရှိသည်။ မျက်စိကို ကြည်နူးစေသည်။ မနီးမဝေးက နွယ်ပင်အောက်မှာ ကြိမ်ကုလားထိုင်နှစ်လုံးရှိသည်။ အံ့သြစရာကောင်းတာက ဒါတွေကို မြင်လိုက်ရတာက သူ့နှလုံးသားကို ထူးထူးခြားခြား ငြိမ်သက်သွားစေသည်။

တံတားလေး၊ စီးဆင်းနေသောရေနဲ့ လူတွေ။ ဤသည်မှာ သူအလိုချင်ဆုံးဘဝဖြစ်ခဲ့ဖူးသည်။ ဒါပေမယ့် သူက သူ့အလုပ်နဲ့သူ အမြဲအလုပ်ရှုပ်နေပြီး ဝေးကွာခဲ့ရသည်။ စိတ်အေးလက်အေးနဲ့ ဘဝကို ပျော်မွေ့ဖို့ သူ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူး။

သူတို့သည် ဧည့်ခန်းထဲသို့ ဝင်သွားကြသည်။

ချောင်အန်းကျဲ - "အဘိုး၊ အဘွား၊ သူက ဟိုင်ရှန့်ရုပ်ရှင်ရိုက်ကူးရေးရဲ့ ဥက္ကဋ္ဌ ကျောက်လို့ ပြောတယ်။ သူက သူ့အရူးညီကို ဖြေရှင်းဖို့ လာခဲ့တာ!"

ဥက္ကဌ ကျောက်က အနည်းငယ်ရှက်သွားသော်လည်း "...မင်္ဂလာပါ အန်းရှု့ရဲ့ အဘိုးနဲ့အဘွား။ ကျွန်တော့် ညီလေး ကျောက်ချူယန်အတွက် ခင်ဗျားတို့ကို တောင်းပန်ဖို့ ကျွန်တော်ဒီကို ရောက်လာတာပါ!"

သူပြောသည့်အတိုင်း သူက ချောင်မိသားစုကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ရွှယ်ချွမ် - "ကျေးဇူးပြုပြီး ထိုင်ပါ။"

ထိုချောင်ကို တွေ့လိုက်ရတော့ ဥက္ကဌ ကျောက်က စိတ်သက်သာရာရသွားသည်။ မိသားစုက ဒေါသတကြီး စကားမပြောဘူး။

အနီးနားက စားပွဲပေါ်မှာ ပစ္စည်းတွေ ထားလိုက်သည်။ ထို့နောက် သူက ချောင်မိသားစုကို အရာအားလုံးနှင့် သူ၏ ခန့်မှန်းချက်များကို ပြောပြခဲ့သည်။

"အချက်အလက်ကို ဘယ်သူတွေက ပေါက်ကြားပါစေ ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တာပါ။ စုံစမ်းမှု ရလဒ်တွေ ထွက်လာရင် ခင်ဗျားတို့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက် တစ်ခု ပေးပါ့မယ်။ ကျွန်တော့် ညီလေး အတွက်..."

ထိုသို့ပြောပြီးနောက် ဥက္ကဌ ကျောက်သည် မတ်တပ်ထရပ်ပြီး တစ်ဖက်တွင် ငြိမ်သက်စွာထိုင်နေသော သာ့ချောင်အား ဦးညွတ်လိုက်သည်။

သူက ဆက်ပြီး "ငါ့ညီလေးကိုယ်စား တောင်းပန်ပါတယ်။ ဒီလိုမျိုး ထပ်မဖြစ်တော့ဘူးလို့ ကတိပေးပါတယ်။ နိုင်ငံခြားကို သွားဖို့ ငါ စီစဉ်ပြီးပြီ။ သူ နိုင်ငံခြားကို မသွားခင် သူ့ကို လူတွေနဲ့ စောင့်ကြည့်ခိုင်းလိုက်မယ်။ ကျောင်းသူချောင် မင်းကို သူ နှောင့်ယှက်ခွင့်မပေးဘူး။"

ဥက္ကဌ ကျောက်က လူကိုယ်တိုင်လာရောက် တောင်းပန်ခြင်းသည် ချောင်မိသားစု၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။ သူ၏ ရိုးသားသော သဘောထားကို မြင်တော့ သူတို့ အံ့သြသွားပြန်သည်။

သာ့ချောင်က မျက်တောင်တွေကို ခတ်ကာ "ရှင်က အမှားကို လုပ်ခဲ့တာ မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုပါဘူး။ ဒါပေမယ့် ဒီကိစ္စက ပြီးသွားပြီလို့ ကျွန်မမျှော်လင့်ပါတယ်။ ရှင့်ညီက ကျွန်မကို နောက်တစ်ကြိမ် နှောင့်ယှက်ဝံ့ရင်၊ နောက်ဆို ကျွန်မ မထိန်းတော့ဘူး!"

ကျောက်ချူယန်ကို သာ့ချောင်၏ ပခုံးပေါ်မှ လှဲချခံရသည်ကို မသိသောကြောင့် ဥက္ကဌ ကျောက်သည် 'ခဏကြာအောင် ထိန်းထားမည်မဟုတ်' ဟူသော အဓိပ္ပါယ်ကို နားမလည်ပေ။ ဒါမှမဟုတ် သာ့ချောင်ဟာ ခွန်အားကြီးတဲ့ မွေးဖွားလာသူဆိုတာကို။

သို့တိုင် သူသည် ကောင်းမွန်သောသဘောထားဖြင့် သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ထို့နောက် သူသည် လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းနှစ်ခုကို ထုတ်ယူလိုက်သည်။

"ကျွန်တော်တို့ ကျောက်မိသားစုရဲ့ တောင်းပန်မှုကို ဖော်ပြဖို့အတွက် ရုပ်ရှင်ကုမ္ပဏီ၏ ရှယ်ယာ ၂% ကို လျော်ကြေးအဖြစ် ချောင်မိသားစုကို ပေးဆောင်ရန် ဆန္ဒရှိပါတယ် လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ချောင်ရှို့ကျီ သူပေးခဲ့တဲ့ စာရွက်စာတမ်းတွေကို လက်မခံဘဲ လက်ပြပြီး "ဒီစာချုပ်ကို ငါတို့ လက်မခံဘူး။ မင်းရဲ့ အတွေးတွေကို ငါတို့ နားလည်ထားပြီးသား။ ရိုးရိုးသားသားပြောရရင် မင်းမလာခင် ငါတို့ အစက မင်းရဲ့ကုမ္ပဏီအောက်မှာ ကလေးနှစ်ယောက် အလုပ်လုပ်တာကို တားဖို့ စီစဉ်ခဲ့တာ။ အခုလောလောဆယ်တော့ အစီအစဥ်တွေ မချခင်မှာ ရလဒ်ထွက်လာတာကို စောင့်လိုက်တာ"

ကျောင်းမှာ သာ့ချောင်ကို ကျောက်ချူယန်ရဲ့ နှောင့်ယှက်မှုကို သိလိုက်ရတဲ့အခါ ချောင်မိသားစု ဒေါသထွက်သွားခဲ့သည်။

ချောင်ရှို့ကျီနဲ့ ရွှယ်ချွမ်တို့ဟာ စာချုပ်ကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကို မကြည့်ခင် ဒီတီဗီစီးရီးကို ပြီးအောင်စောင့်ဖို့တောင် ဆုံးဖြတ်ခဲ့သည်။ ယခု ဥက္ကဋ္ဌ ကျောက်က ချောင်မိသားစု၏ အချက်အလက်များသည် သူ့ဘက်မှ ပေါက်ကြားခဲ့ခြင်းမဟုတ်ကြောင်းနှင့် ရိုးရိုးသားသား တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် သူတို့က တစ်ဖက်သားကို အခွင့်အရေး ပေးလိုစိတ်ရှိခဲ့သည်။ စာချုပ်ကို ရပ်စဲရန် သို့မဟုတ် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်း ရှိမရှိကို သိရှိရန် ကိစ္စ၏ ရလဒ်ကို စောင့်မျှော်နေမည်ဖြစ်သည်။

"ကောင်းပြီ ကျွန်တော် နားလည်ပါတယ်။ စိတ်ချပါ၊ ဒီကိစ္စအတွက် ကျေနပ်လောက်တဲ့ အဖြေကို ကျွန်တော် ခင်ဗျားတို့ကို သေချာပေါက် ပေးပါ့မယ်!"

ဥက္ကဌ ကျောက်က ဒါကိုကြားတော့ ဒီနေ့ သူဒီကိုရောက်လာတာ အရမ်းကံကောင်းတယ်လို့ ခံစားရသည်။ မဟုတ်ရင် ကုမ္ပဏီက အကြီးအကျယ် နစ်နာလိမ့်မည်။

ရွှယ်အန်းရှု့ ပါဝင်သရုပ်ဆောင်နေတဲ့ တီဗီစီးရီးကို လာမယ့်နွေရာသီမှာ ထွက်ရှိဖို့ မျှော်လင့်ထားသည်။ ဒီဒရာမာဟာ ချက်ချင်းလူကြိုက်တွေ့လာမှာဖြစ်ပြီး ရွှယ်အန်းရှု့ဟာ တစ်နိုင်ငံလုံးမှာ ရေပန်းစားလာမှာ အသေအချာပင်။

ချောင်မိသားစုက သူတို့နဲ့ စာချုပ်ကို ဒီအချိန်မှာ ရပ်စဲလိုက်ရင် သူတို့ကုမ္ပဏီက အလုပ်ရှုပ်သွားလိမ့်မည်။

တောင်းပန်ပြီးတော့ ဥက္ကဌ ကျောက်က လိမ္မာပါးနပ်စွာ နှုတ်ဆက်လိုက်သည်။

ရွှယ်ချွမ်က သူ့ကို တံခါးဆီ လိုက်ပို့သည်။

တံခါးဝသို့ရောက်သောအခါတွင် ချောင်အိမ်အ၀င်ဝတွင် အခြားကားတစ်စီး ရုတ်တရက်ပေါ်လာသည်။ ဒီကားရဲ့ အတန်းအစားက ဥက္ကဌ ကျောက်ထက် မနိမ့်ဘူး။

မောင်မိသားစု၏ သားအကြီးဆုံးက ကားပေါ်မှ ဆင်းလာသည်။ သူသည် သူ့အမေကိုယ်စား သာ့ချောင်ထံသို့ မုန့်များယူဆောင်လာခဲ့သည်။

တစ်ဖက်လူကို မြင်သောအခါ ဥက္ကဌ ကျောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

မောင်မိသားစု၏ သားအကြီးဆုံးသည် ရွှယ်ချွမ်ထံသို့ ပစ္စည်းများကို ယဉ်ကျေးစွာ ပေးအပ်ခဲ့သည်။ သာ့ချောင်က အားလပ်ချိန်မှာ ဆော့ကစားဖို့ သူတို့အိမ်ကို လာသင့်တယ်လို့တောင် သူက ပြောခဲ့သည်။ သူ့မှာ ကိစ္စရှိနေတုန်းမို့ သူက အိမ်ထဲကို မဝင်ဖြစ်ဘူး။

မောင်မိသားစု၏ ကား မောင်းထွက်သွားပြီးနောက် ဥက္ကဌ ကျောက်သည် ချွေးအေးအေးဖြင့် တိတ်တိတ်လေး ကြေမွသွားခဲ့သည်။

စောစောက သူ ခရီးမှန်သွားလို့ ဝမ်းသာသည်။ လောလောဆယ်တော့ သူသည် အတွေးလွန်နေခဲ့သည်။

အဲဒီလူက အခု အစိုးရရဲ့ ထိပ်တန်း အရာရှိ တစ်ယောက်ပင်။ သူသည် အများအားဖြင့် သူအား မိတ်ဖွဲ့လိုသူဖြစ်ပြီး မည်သည့်အဆက်အသွယ်မှ ရှာမတွေ့ပါ။ ကောင်လေးက ချောင်မိသားစုကို အဆာပြေမုန့်တွေ လာပို့ပေးတာဖြစ်ပြီး သူ့သဘောထားက ကျိုးနွံလွန်းသည်။

ယခင်က ချောင်မိသားစုကို ဘယ်လောက်တောင် လျှော့တွက်ခဲ့သည်ကို စိတ်ကူးကြည့်နိုင်သည်။ ပြီးတော့ သူ့ညီလေးက သာ့ချောင်ဆိုတဲ့ ကောင်မလေးကို နှိုးဆွဖို့ သွားပြီး သေဖို့ ရှာလိုက်သေးသည်။

သူသည် ကျောက်မိသားစု တစ်ခုလုံးအတွက်ကြောင့် သူ့ကိုနိုင်ငံရပ်ခြားကိုပို့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါ့ထက် သူ ဒီဘဝမှာ ပြန်လာဖို့ မေ့သွားသင့်သည်။

တကယ်တော့ ချောင်မိသားစုသည် ကျောက်မိသားစုနှင့်ဆက်ဆံရန် ဟော်မိသားစုသို့မဟုတ် မောင်မိသားစုနှင့် ၎င်းတို့၏ အဆက်အသွယ်များကို အားကိုးရန် ဘယ်သောအခါမှ မစဉ်းစားခဲ့ပါ။ ဒါပေမယ့် ဥက္ကဌ ကျောက်က ဒီတခေါက် လူကိုယ်တိုင် လာမတောင်းပန်ရင် ဟော်ချီဘက်က တကယ်ပဲ အရေးယူလိမ့်မည်။

သူ့ရည်းစားကို လူသိရှင်ကြား နှောင့်ယှက်ခဲ့သည်။ ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်လိုမှ သည်းမခံနိုင်ဘူး။

All Chapters