← Chapters

အခန်း (၂၇၈)

Vol. 22 Ch. 278

အခန်း (၂၇၈)

Vol. 22 Ch. 278

ပထမအကြိမ်တွင် အစ်မလန်သည် သူမ၏ အိမ်အတွင်း၌ ကယ်ပါဦးနှင့် လူသတ်သမားဆိုတာကြား‌တော့ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် စစ်ဆေးဖို့အတွက် သူမ ပြေးထွက်လာခဲ့သည်။

မလာခဲ့ရင် သူမသိဘူး။ ယခု သူမလာလိုက်တော့ သူမကြုံလိုက်ရသည့် အရာကြောင့် သေလောက်အောင် ကြောက်သွားခဲ့သည်။

ချောင်တုန်းဟယ်ရဲ့ ကံတရားက လုံး၀ မကျန်တော့ဘူးလို့ပဲ ပြောလို့ရသည်။ အကယ်၍ အခြားသူသာ ဖြစ်ခဲ့ပါက သူတို့သည် အကူအညီပေးမှာ မဟုတ်ပေ။ ဤအစ်မလန်က အရင်ကတည်းက သူမသည် နွေးထွေးသော သူတစ်ယောက်ဖြစ်သည်။

ထို့နောက် ချောင်တုန်းဟယ်၏ စကားကို ကြားသောအခါတွင် သူမသည် ခဏ‌လောက် အတွေးတစ်ခုဖြင့် ပြေးလာခဲ့သည်။

သူမက ချောင်တုန်းဟယ်ကို ဆွဲထုတ်ဖို့အတွက် ခါးကိုကွေးနေတဲ့ အမေလော့ကို တွန်းထုတ်ပြီး "ထွက်သွား! ရှင် သူ့ကို ထပ်ပြီး ထိရဲရင် ကျွန်မ ရှင့်ကို သည်းခံမှာ မဟုတ်ဘူး!"

ဒေါသတကြီးဖြင့် အမေလော့၏ မျက်နှာသည် အရောင်ပြောင်းလာကာ "ဒါက ငါတို့ မိသားစု ကိစ္စ နင် ဒီမှာ စွက်ဖက်စရာ မလိုဘူး!"

အစ်မလန်က လုံးဝလက်မလျှော့ဘဲ "အခု အသက်အန္တရာယ် ကြုံနေရာတာ မိသားစုကိစ္စ မဟုတ်ဘူး။ ရှင် မဖယ်ရင် ကျွန်မ ရဲကို အခုချက်ချင်း သွားခေါ်မယ်"

သူမရဲခေါ်တော့မယ်လို့ကြားတော့ အမေလော့က ကြောက်လန့်တကြားနဲ့ နောက်ဆုံးတော့ "ဘာအန္တရာယ်ရှိလို့လဲ? သူ့စကားနားမထောင်နဲ့။ သူ့ဘာသာသူ လဲကျသွားတယ်။ ငါက သူ့ကို ကူပေးမယ်ဆိုတာက သူက ငါ့ကို ခွင့်မပြုဘူး။ အဲဒါကိုပြောင်းပြန် သူက ငါ့ကိုအန္တရာယ်ပေးတယ်ဆိုပြီး လုပ်တာ။ ဒီလူက အရမ်းရက်စက်တယ်!"

အစ်မလန်သည် အမေလော့ပြောသည့် စကားကို မယုံခဲ့ပါ။

အမေလော့လာကတည်းက လော့မိသားစုမှာ ဆူပူမှု မရှိတာ တစ်ရက်မှ မရှိဘူး။ ချောင်တုန်းဟယ်၏ အသွင်အပြင်သည် ပို၍ ပျော့ဖက်လာသည်။

ချောင်တုန်းဟယ်က အရမ်းကြီး သည်းမခံသင့်ဘူးလို့ အရင်က အစ်မလန်က ကွေ့ပတ်ကာ ပြောပြခဲ့သည်။ တချို့လူတွေက စက်ဆုပ်ရွံရှာဖို့ကောင်းအောင် မွေးဖွားလာကြသည်။ လိုက်လျောမှုအတွက် သူတို့က ကျေးဇူးတင်မည်မဟုတ်ပါ။ အဲဒီအစား သူတို့ဟာ ရတာထက် ပိုလိုချင်လာလိမ့်မည်။

ထင်ရှားသည်မှာ တစ်ဖက်သားက သူမစကားကို လက်မခံခဲ့ပါ။ သူမသာ လက်ခံခဲ့ရင် ဒီနေ့မြင်ကွင်းက ဖြစ်မလာဘူး။

အစ်မလန်သည် အမေလော့ကို လျစ်လျူရှုကာ ချောင်တုန်းဟယ်ကို ဂရုတစိုက် ထဖို့ ကူညီပေးခဲ့ပြီး သူမအား အားပြုခိုင်းခဲ့သည်။

ချောင်တုန်းဟယ်သည် သူမ၏ ကိုယ်အလေးချိန်အားလုံးနီးပါးကို အစ်မလန်ထံ မှီချလိုက်သည်။ သူမ တံခါးအပြင်ကို လှမ်းကြည့်လိုက်တော့ သာ့ချောင်က သူမကို ပြောလိုက်တဲ့ အတွေးတစ်ခု ပေါ်လာခဲ့သည်။

ပြီးခဲ့သော အပတ်က သူမသည် အဘွားကိုရှာဖွေရန် ခြံဝင်းသို့သွားခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ သူမအဘွားက သူတို့မွေးရပ်မြေကို ပြန်သွားခဲ့သည်။ သူမထွက်သွားခါနီးမှာ ညီမသာ့ချောင်က ရုတ်တရက် သူမကို ဆေးတစ်လုံး ပေးလိုက်သည်။ ဆေးလုံးသည် သူမအသက်ကို ကယ်တင်နိုင်ပြီး ကုန်ကျစရိတ်လုံးဝ မဆုံးရှုံးရဟု သူမအား ပြောခဲ့သည်။

အဲဒီတုန်းက သူမဟာ နစ်မြုပ်သွားခဲ့သည်။ သူမသည် ထိုအရာကိုယူ၍ အလေးအနက်မထားဘဲ ပြီးတော့ ထွက်သွားခဲ့သည်။

ယခုတော့ ညီမလေး သာ့ချောင်ရဲ့ စကားတွေကို ပြန်သတိရမိတော့ အဲဒါကို မသိစိတ်က ဒီအရာက သူမကလေးကို ကယ်တင်နိုင်မှာ သေချာတယ်လို့ ယုံသွားခဲ့သည်!

ဒါနဲ့ အစ်မလန်ရဲ့လက်ကိုဆွဲလိုက်ပြီး "အစ်မလန်၊ ကျေးဇူးပြုပြီး… အထဲဝင်ပြီး တစ်ခုခုကို ကျွန်မဆီကို ယူလာပေးပါနော်။ ကုတင်ဘေးက ဗီရိုထဲမှာထည့်ထားတယ်။ မီးခိုးရောင်သေတ္တာတစ်ခုပါ။ ကျေးဇူးပြုပြီး ကူယူပေးပါဦးနော်!"

အစ်မလန်သည် ယခုအချိန်တွင် တစ်စုံတစ်ခုကို ယူခိုင်းတာက အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း သူမ၏ တောင်းဆိုနေသော မျက်လုံးများကို တွေ့သောအခါ သူမငြင်းဆန်နိုင်ပေ။

ထို့ကြောင့် သူမသည် အဲဒါကို ရှာဖွေရန် မဝင်မီ သူမဘေးရှိ ကျောက်ခုံတန်းပေါ်တွင် ချောင်တုန်းဟယ်အား ထိုင်ရန် ကူညီခဲ့သည်။

အမေလော့ - "မင်းဝင်လို့မရဘူး။ ဒီအိမ်က ငါ့အိမ်ပဲ။ တစ်ခုခုယူရင် မင်းက သူခိုးပဲ!"

'သူခိုး' ဟူသော စကားလုံးက မြေပြင်ပေါ်သို့ ရိုက်ခတ်သွားသည်နှင့် တပြိုင်နက် အစ်မလန်သည် သူမ၏လက်ကို ဆန့်ထုတ်ကာ အမေလော့ကို ပြန်တွန်းထုတ်ခဲ့သည်။

အမေလော့က အော်ဟစ်ပြီး သူမဖင်ကို ပြင်းပြင်းထန်ထန် ဆောင့်ချခံလိုက်ရသည်။ "အိုး၊ ငါ့ခါး၊ မင်းက မကောင်းဆိုးဝါး လူသတ်သမားပဲ။ တစ်စုံတစ်ယောက် လာကြပါဦး! ဓားပြတိုက်..."

အစ်မလန်သည် သူမ၏ခန္ဓာကိုယ်ကို ကျော်ဖြတ်ကာ သေတ္တာကို ရှာဖွေရန် တိုက်ရိုက်ဝင်သွားခဲ့သည်။

လော့အိမ်တွင် ထိုကဲ့သို့သောကြီးမားသော တုန်လှုပ်မှုများကြောင့် တခြားအိမ်နီးချင်းများက အပြေးအလွှားလာခဲ့ကြသည်။

ချောင်တုန်းဟယ်၏ ဘောင်းဘီတွင် သွေးများနှင့် အမေလော့သည် မြေပြင်ပေါ်သို့ပြန်ကျနေပြီး 'ဓားပြတိုက်တယ်'လို့ အော်နေတာကို လူတိုင်းမြင်လိုက်ကြသည်။ ထိုအချိန်တွင် သူ့လက်ထဲတွင် သေတ္တာတစ်လုံးနှင့် လော့အိမ်မှ အစ်မလန်က ထွက်လာခဲ့သည်။

အတွေးမမှားဖို့ လူတိုင်းအတွက် ခက်ခဲသည်။

တစ်စုံတစ်ယောက်က တက်သွားပြီး အစ်မလန်ကို မေးချင်ခဲ့သည်။ ဒါပေမယ့် ပါးစပ်မဖွင့်ခင်မှာ အစ်မလန်က "မင်းကို အခုရှင်းပြဖို့ အချိန်မရှိဘူး၊ ငါ့ကို သူခိုးလို့ ထင်ရင် ရဲကို အခုချက်ချင်း သွားခေါ်လို့ရတယ်!"

အမေလော့က မြန်မြန်ဆန်ဆန်ပဲ "ရဲခေါ်လို့မရဘူး။ ရဲခေါ်လို့မရဘူး!"

ရဲခေါ်တာကို တားလိုက်တဲ့သူဟာ တကယ်ကြီး အမေလော့လို့ ဘယ်သူမှ မမျှော်လင့်ထားပေ။

အစ်မလန်သည် လူအုပ်ကိုဖြတ်ကာ သေတ္တာကို ချောင်တုန်းဟယ်အား ပေးလိုက်သည်။

ချောင်တုန်းဟယ်သည် ဆေးကို သေတ္တာထဲမှ ထုတ်ကာ ရေမသောက်ဘဲ မျိုချလိုက်သည်။

သူမစိတ်က သူမနှင့် ကစားနေသလား မသိသော်လည်း ဆေးလုံးသည် သူမခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူမ ခန္ဓာကိုယ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် အစကလောက် အဆင်မပြေဟု မခံစားရတော့ပေ။

သူမက အစ်မလန်ကို လှည့်ပြီး "အစ်မလန်၊ သွားကြရအောင်!"

အပြောအဆို အားမနည်းတော့တာကိုမြင်တော့ အစ်မလန်က ဆေးပြားအကြောင်း အရမ်းသိချင်ခဲ့သည်။

ဒါပေမယ့် ဒီအကြောင်းတွေကို မေးရမယ့်အချိန်မဟုတ်ဘူး။ သူမကို ခြံထဲကထွက်အောင် အလျင်အမြန် ကူညီပေးခဲ့သည်။

အမေလော့၏ ဝက်သတ်သံသည် အနောက်မှာ အော်ဟစ်လိုက်သည်။

ဟော်ချီသည် သာ့ချောင်ကို အလျင်အမြန်ရှာသောအခါ သာ့‌ချောင်သည် စာသင်ခန်းအတွင်း၌ ယောက်ျားလေး အတန်းဖော်တစ်ဦးအား အကြောင်းအရာတစ်ခုကို ရှင်းပြနေခဲ့သည်။

အတန်းဖော် ကောင်လေး၏ အကြည့်သည် စာအုပ်ပေါ်တွင် လုံးဝမရှိပေ။ အဲဒီအစား သာ့ချောင်ရဲ့ မျက်နှာပေါ် ခဏခဏ ရောက်သွားခဲ့သည်။ ဤမြင်ကွင်းသည် ဟော်ချီ၏ နှလုံးသားကို ချက်ခြင်းပေါက်ကွဲစေခဲ့သည်။

သူသည် ယောက်ျားလေး အတန်းဖော်ထံသို့ အမြန်ပြေးသွားပြီး သူနှင့် သာ့ချောင်ကြားတွင် လက်ခြားလိုက်သည်။

ယောက်ျားလေး အတန်းဖော်က ချက်ချင်း စိတ်ဆိုးသွားကာ "ဒီကအတန်းဖော် မင်းက ဘယ်ကလာတာလဲ? ဒီစာသင်ခန်းထဲမှာ ဟောပြောပွဲရှိတယ်ဆိုတာ မင်းမသိဘူးလား? ကျေးဇူးပြုပြီး အပြင်ထွက်ပါ။"

ဟော်ချီက သူ့ကို ငုံ့ကြည့်ပြီး "ငါက ချောင်နျန်နျန်ရဲ့ ရည်းစားပဲ။ ငါက သူ့ကို တစ်ခုခုတွက် လာရှာတာ"

ယောက်ျားလေးအတန်းဖော်က 'ရည်းစား' ဟူသော စကားကိုကြားသောအခါ ဓားထိုးခံရသလို ခံစားလိုက်ရသည်။ "မင်း မင်းက အတန်းဖော်ချောင်ရဲ့ဘာ?"

သူကြားတာ မှားသွားတာဖြစ်မည်!

အတန်းဖော်ချောင်သည် အမြဲတမ်း တစ်ယောက်တည်း နေခဲ့သည်။ အများအားဖြင့် သူမသည် သူမ၏ အဆောင်က လူများနှင့်သာ အချိန်ဖြုန်းလေ့ရှိသည်။ သူမက ဘယ်လိုလုပ် ရည်းစားရှိနိုင်မှာလဲ?

ဟော်ချီသည် လှည့်သွားသည်။ သူ့မှင်နက်မျက်လုံးများက သာ့ချောင်ကို ညင်သာစွာ စိုက်ကြည့်ကာ "နျန်နျန် ကိုယ် မင်းကို ပြောစရာရှိတယ်"

အစ်ကို ဟော်ချီသည် အကြောင်းပြချက်မရှိဘဲ သူမထံ လာမည်မဟုတ်ကြောင်း သာ့ချောင်သိသည်။ ဒီအချိန်ရောက်လာတာ တစ်ခုခုဖြစ်လို့ ဖြစ်မည်။

သူမသည် စာအုပ်ကို ယောက်ျားလေး အတန်းဖော်ထံ ပြန်ပေးခဲ့သည်။ တခြားသူတွေဆီက အကူအညီ တောင်းခိုင်းသည်။ ထို့နောက် သူမသည် ဟော်ချီနှင့်အတူ စာသင်ခန်းမှ ထွက်လာခဲ့သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အတန်းထဲက ကျောင်းသားတွေ အံသြသွားကြသည်။

အတန်းဖော်ချောင်မှာ တကယ်ရည်းစားရှိတာလား?

သူတို့ထဲက တချို့က အတန်းဖော်ချောင်လောက် အရပ်မရှည်ပေမယ့် သူတို့ရဲ့ အဆင့်တွေက သူမထက် ပိုကောင်းပြီး သူတို့ရဲ့ ရုပ်ရည်က သိပ်မဆိုးပါဘူး။ သူမမှာ ရည်းစားမရှိသရွေ့ သူတို့မှာ ​မျှော်​လင့်​ချက်​​တွေရှိသည်။

ထိုအချိန်တွင် အတန်းမော်နီတာသည် "စောစောက ဝင်လာသူက ဒုတိယနှစ်က စီနီယာအစ်ကို၊ ကျောင်းသား သမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ၊ သူက တစ်နှစ်တာ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံး"

ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် 'ကြေကွဲခြင်း' ကို ကြားရသည်။ နှလုံးသားတွေ ကွဲကြေသွားကြသည်။

သူတို့ရဲ့ရုပ်ရည်က ယှဉ်လို့မရဘူး။ သူတို့ရဲ့ အဆင့်ကို ယှဉ်လို့မရပါဘူး။ သူတို့မှာ မျှော်လင့်ချက်မရှိဘူး!!

သာ့‌ချောင်၏ အဆောင်နေဖော်များက သူမမှာ ရည်းစားရှိကြောင်းသိသော်လည်း ပျံ့နှံ့ခြင်းမရှိပေ။ ဝမ်ရှန်းရှန်းသည် ဟော်ချီကို သိမ်းပိုက်ရန် သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ပါးပါးလေး ရှိနေသေးသည်။

သူတို့အကြောင်းပြောမှာ မဟုတ်ဘူး။ သာ့ချောင်ကတော့ သူမအတွက် နေရာတိုင်းတွင် ကြီးကျယ်ခမ်းနားသော ပရိတ်သတ်ကို ဖန်တီးရန် မဖြစ်နိုင်ပေ။ သူမသည် သူမ၏ အတန်းထဲတွင် တစ်ဦးတည်းသော အမျိုးသမီးအတန်းဖော်ဖြစ်သည်။ တခြားအမျိုးသား အတန်းဖော်တွေနဲ့ သူမရဲ့ ကိုယ်ပိုင်အရေးကိစ္စတွေကို အတိအကျ မပြောနိုင်ဘူး။

ထို့ကြောင့် အတန်းထဲတွင် မည်သူမျှ သူမ၏ရည်းစား အခြေအနေကို ယခုအချိန်အထိ မသိခဲ့ကြပေ။

သာ့ချောင်နှင့် ဟော်ချီသည် အပြင်ဘက် စင်္ကြံဆီသို့ ရောက်လာသည်။

သာ့ချောင်သည် သူမ၏ ရှည်လျားသော မျက်တောင်များကို ခတ်လိုက်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။ "အစ်ကိုဟော်ချီ ညီမကို ဘာအတွက်ရှာတာလဲ?"

ဟော်ချီက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ "မင်းရဲ့အစ်မဝမ်းကွဲက ဆေးရုံတက်နေရတယ်။ ​​သွေးတွေ အများကြီး ဆင်းတယ်လို့ ကိုယ်ကြားတယ်။ အခြေအနေ အတိအကျတော့ မသိဘူး"

ဒါကိုကြားတော့ သာ့ချောင်က သက်ပြင်းချလိုက်သည်။ သူမက သူ့လက်မောင်းကို ဆွဲကိုင်လိုက်ပြီး "တကယ်ကြီးလား? ကလေးက ဗိုက်ထဲမှာရှိသေးရဲ့လား?"

ဟော်ချီက သူ့လက်မောင်းပေါ်က လက်လေးကို တစ်ချက်ကြည့်လိုက်ပြီး "စိတ်မပူနဲ့။ မင်းရဲ့အစ်မဝမ်းကွဲကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်မိသားစုရဲ့ ကားမောင်းသမားက ကိုယ့်ကို အကြောင်းကြားတယ်။ အဲ့ကနေ သူပြန်လာတော့ ကလေးက ရှိသေးတယ်လို့ ပြောတယ်။ ဒီလိုဖြစ်သွားမယ်လို့ မထင်မိဘူး။"

‌သာ့ချောင်က သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး "အစ်ကိုဟော်ချီ ညီမကို စောင့်နေဦး။ ညီမ အခုထွက်ဖို့အတွက် တောင်းဆိုဖို့ ပါမောက္ခကို ရှာလိုက်ဦးမယ်။ ပြီးရင် အစ်ကိုနဲ့အတူ ဆေးရုံသွားမယ်။"

ဟော်ချီက ခေါင်းညိတ်ပြီး "အလျင်စလို မလုပ်နဲ့၊ လဲကျမယ် သတိထား"

သာ့ချောင်က ခေါင်းညိတ်လိုက်သည်။

အတန်းတွင်းရှိ ယောက်ျားလေး အတန်းဖော်များက ဟော်ချီကို ယခုပင် သာ့ချောင်က ထိလိုက်တာကို မြင်လိုက်ရသည်။ သူတို့ နှလုံးသားတွေ ချဉ်သွားသည်။

တစ်ယောက်က ပြတင်းပေါက်အောက်မှာ ငုတ်တုတ်ထိုင်ပြီး ခိုးနားထောင်နေသည်။ ဒါပေမယ့် အကွာအဝေးက ဝေးလွန်းသည်။ သူသည် "အစ်ကိုဟော်ချီ" ကိုသာ ကြားခဲ့သည်။

သူက ဟိုဘက်လှည့်ပြီး "ဒီလူက သူ့ဝမ်းကွဲ ဒါမှမဟုတ် ဆွေမျိုးဖြစ်နိုင်မလား? မဟုတ်ရင် ဘာဖြစ်လို့ သူ့ကို အစ်ကိုလို့ ခေါ်မှာလဲ?"

ထိုအချိန်တွင် အတန်း‌မော်နီတာက စကားပြောလိုက်သည်။

သူက လူတိုင်းကို နောက်ထပ် ဓားနဲ့ထိုးခဲ့သည်။ "ချစ်သူကို အစ်ကိုလို့ခေါ်တဲ့ သူမျိုးရှိတယ်လေ။ အတန်းဖော်ချောင်က သူ့ကို အစ်ကိုဟော်ချီလို့ခေါ်တဲ့အတွက် သူတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတာပဲ။"

အခြား ယောက်ျားလေးအတန်းဖော်များ - ပါးစပ်ပိတ်ထားစမ်း!

သူမထွက်သွားပြီးနောက် ဟော်ချီသည် သူမ၏ စာအုပ်များကို ယူပြီးဖြစ်သည်။ မကြာခင်မှာ သူတို့နှစ်ယောက်ဟာ လူတိုင်းရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။

သာ့ချောင်သည် ဟော်မိသားစု၏ ကားထဲသို့ ဝင်ပြီး ဟော်ချီနှင့်အတူ နာရီဝက်မပြည့်မီ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

လောလောဆယ်မှာတော့ အခန်းထဲမှာ သိုက်ရှုဖတ်က ချောင်တုန်းဟယ်အတွက် ဝယ်ထားတဲ့ ဆန်ပြုတ်ကို ယူလာပေးသည်။

သို့သော် ဆန်ပြုတ်က အနည်းငယ်ပူသည်။ အအေးခံဖို့ ဖယ်ထားလိုက်သည်။ သူမက အပူချိန်ကျသွားတာနဲ့ သူ့ကိုစားခိုင်းလိုက်မည်။

ချောင်တုန်းဟယ်က အန်တီဖန်သည် သူ့အတွက် ဒါတွေအားလုံးလုပ်ပေးတာကိုကြည့်ပြီး ဖျော့တော့တဲ့မျက်နှာဖြင့် "အန်တီဖန် တောင်းပန်ပါတယ်။ ကျွန်မ အန်တီ့ကို ဒုက္ခပေးမိပြီ!"

အစ်မလန်က သူမကို ဆေးရုံပို့ပြီးနောက်မှာ အိမ်မှာ ကလေးတွေ ရှိနေဆဲဖြစ်ပြီး အကြာကြီးမနေနိုင်တာကြောင့် သူမမိဘတွေကို လာဖို့ အကြောင်းကြားရန် ပြောခဲ့သည်။

အဲဒီတုန်းက သူမရဲ့ ပထမဆုံး အတွေးက သူမအမေကို လာခွင့်မပြုနိုင်ဘူး။ သူမအမေ လာလျှင် အရိုက်ခံရလိမ့်မည်။ အဲဒီအခါမှာ သူမမှာ သေဖို့ နှလုံးသား ရှိလိမ့်မည်။

ခုတော့ အရမ်းပင်ပန်းနေပြီ သူမအမေကို မတွေ့ချင်တော့ဘူး။ ထို့ကြောင့် သူမက ဟော်အိမ်၏ နံပါတ်ကို အစ်မလန်ကို ပေးခဲ့သည်။

အန်တီဖန်က ဖုန်းလက်ခံပြီးတာနဲ့ ချက်ချင်း ကားနဲ့ ရောက်လာခဲ့သည်။ သူမရောက်ပြီးနောက် အစ်မလန်က ပြန်သွားခဲ့သည်။

ချောင်မိသားစုသည် ဟော်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း ဟော်မိသားစုက ညီမလေးသာ့ချောင်ကို ချစ်တာဖြစ်သည်။

သိုက်ရှုဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး "မင်းမိသားစုနဲ့ ငါ့ကြားက ဆက်ဆံရေးက ဘယ်လိုမို့လဲ? ဒီလိုပြောတာ မင်းက အန်တီဖန်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာလား?"

ချောင်တုန်းဟယ်က ပြုံးအောင် နှုတ်ခမ်းကို ကွေးလိုက်သည်။

ညီမလေးသာ့ချောင်၏ ကောင်းချီးကြောင့် သူမသည် တစ်ဖန် အကျိုးခံစားခဲ့ရသည်။

သူမသည် ယောက္ခမ၏ တွန်းချခြင်းကြောင့် အစပိုင်းက လွန်စွာ ထိတ်လန့်သွားခဲ့သည်။ အထူးသဖြင့် ခြေထောက်တွေကြားက သွေးတွေ စီးကျနေတာကို ခံစားလိုက်ရချိန် ဖြစ်သည်။ သူမ၏ နှလုံးသားသည် ကြောက်ရွံ့မှု လှိုင်းလုံးများကို ခံစားလိုက်ရသည်။

ကလေးကို မကယ်တင်နိုင်တော့မှာကို သူမစိုးရိမ်နေမိခဲ့သည်။ အစ်မလန် အချိန်မီ ရောက်မလာဘူးဆိုရင် ဒါမှမဟုတ် ညီမလေးသာ့ချောင်ပေးတဲ့ ဆေးကြောင့်သာ မဟုတ်ရင် ကလေးက...

သူမ မသိစိတ်က လှမ်းပြီး အနည်းငယ်ဖောင်းနေသော ဗိုက်သားကို ပွတ်သပ်လိုက်သည်။ အကြောက်တရားသည် သူမစိတ်ထဲတွင် စွဲနေခဲ့သည်။

သိုက်ရှုဖန်၏ အကြည့်သည် သူမ၏ လှုပ်ရှားမှုကို လိုက်၍ ဗိုက်ပေါ်သို့ ကျရောက်သွားသည်။ ခဏလောက်နေတော့ သူမက "ငါ မင်းကို ဒီလိုမမေးသင့်ဘူး။ ဒါပေမယ့် ငါတကယ် သည်းမခံနိုင်တော့ဘူး။ ဒီမိသားစုထဲက တစ်ယောက်မှ ကောင်းတာမဟုတ်ဘူး။ မင်းအနာဂတ်အတွက် မင်းဘာတွေ စီစဉ်ထားလဲ?"

ချောင်တုန်းဟယ်က အတင်းပြုံးလိုက်ပြီး "အန်တီဖန်၊ ရှက်စရာကောင်းတဲ့ ရိုးသားတဲ့ အမှန်တရားက ကျွန်မအခု ရှုပ်ယှက်ခတ်နေတယ်။ ​​ကျွန်မ ဘာလုပ်ရမှန်း မသိဘူး"

သိုက်ရှုဖန်က ဒါကိုကြားတဲ့အခါ သူမရဲ့မျက်ခုံးကို ပင့်တင်လိုက်ပြီး "တုန်းဟယ် မင်းယောက္ခမကို ခွင့်လွှတ်ပြီး ဘာမှမဖြစ်ခဲ့တဲ့အတိုင်း သူနဲ့ပြန်သွားနေမယ်လို့ ငါ့ကို မပြောနဲ့"

ဒီလိုဖြစ်ရင် သူမ အခုထွက်သွားတော့မည်။

အားနည်းတာက ပြဿနာမဟုတ်ဘူး။ တချို့လူတွေက မွေးရာပါ အားနည်းကြသည်။ ဒါပေမယ့် ဒီအထိ အနိုင်ကျင့်ခံရပြီးတာကို ဘယ်လိုခုခံရမှန်းမသိသေးတဲ့ လူတွေက ကူညီဖို့ မထိုက်တန်ပေ။

ချောင်တုန်းဟယ်က စိုးရိမ်တကြီးနဲ့ ပြန်ပြောလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မ သေရင်တောင် သူ့ကို ခွင့်မလွှတ်ဘူး။ ကျွန်မ သူနဲ့ တစ်မိုးတည်းအောက်မှာ ဘယ်တော့မှ မနေတော့ဘူး!"

ယခုအချိန်တွင် သူမသည် အမေလော့ သို့မဟုတ် ယောက္ခမဟု မခေါ်ချင်တော့ပါ။ ဘာလို့လဲဆိုတော့ သူမနဲ့ မထိုက်တန်လို့ပင်။

သူမ မသိဘူးလို့ဆိုလိုသည်မှာ သူမနှင့် လော့ကျွင်းလျန်၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဘာလုပ်ရမှန်းမသိဖြစ်နေတာကို ဖြစ်သည်။

ဒီအဖြစ်အပျက်ပြီးရင် လူတိုင်းက ဘာမှမဖြစ်ဘူးလို့ ဟန်ဆောင်လို့မရဘူး။

သို့သော် အမေလော့ မည်မျှဆိုးသည်ဖြစ်စေ သူမသည် လော့ကျွင်းလျန်း၏ မိခင်အရင်းဖြစ်သည်။ သူမအတွက် သူက သူ့အမေနဲ့ အဆက်အသွယ် ဖြတ်နိုင်ပါ့မလား?

သူမ မျှော်လင့်ချက်မထားခဲ့ပေ။

တကယ်လို့သာ လော့ကျွင်းလျန်က သူတို့ သားအမိဆက်ဆံရေးဖို့ ဖြတ်တောက်ဖို့ တောင်းဆိုခဲ့မယ်ဆိုရင်လည်း သူမလုပ်နိုင်မှာ မဟုတ်ဘူး။

ဒါပေမယ့် သူမနဲ့သူ့အမေကြားက ဆက်ဆံရေးက လုံးဝပျက်သွားခဲ့ပြီ။ အေးအေးဆေးဆေး အတူနေဖို့ မဖြစ်နိုင်တော့ပေ။

အမေလော့ စောစောက သူမကို ပြောခဲ့သည့်စကားကြောင့် သူမသည် တုန်လှုပ်နေသေးသည်။

ထို့ကြောင့် သူမသည် အလွန်စိတ်ရှုပ်သွားပြီး သူနှင့် ဆက်ဆံရေးတွင် ဘာဖြစ်ရမည်ကို မသိခဲ့ပေ။

ဒီတုံ့ပြန်မှုမှာ သိုက်ရှုဖန်က သက်ပြင်းတစ်ချက်ချကာ "ကောင်းပါတယ်၊ မင်း မနိုးရင် မင်းအဘွားကိုယ်စား မင်းကို ငါသင်ပေးမလို့!"

All Chapters