← Chapters

အခန်း (၂၈၃)

Vol. 22 Ch. 283

အခန်း (၂၈၃)

Vol. 22 Ch. 283

သာ့ချောင်က ဒီတစ်ပတ်တွင် ကျောင်းပြန်တက်ခဲ့သည်။ ချိုက်ရူနန်ဆီမှ ထန်မြောင်ရှန်က ခွင့်ယူရန် လျှောက်လွှာတင်ခဲ့ကြောင်း သူမကြားသိရသည်။

"သူ့မျက်နှာပေါ်က ဝက်ခြံတွေကို ကုသဖို့ ကျောင်းနားချင်တယ်လို့ ကြားတယ်၊ သူ့မျက်နှာပေါ်က ဝက်ခြံတွေက ပိုဆိုးလာတယ်လို့လည်း ကြားတယ်။ သူ့မျက်နှာကို လုံးဝ ဖုံးထားတာ။ မမြင်ရဘူး"

ချိုက်ရူနန်သည် သူမစုဆောင်းထားသော အတင်းအဖျင်းအကြောင်း ပြောနေခဲ့သည်။

သာ့ချောင်က ရပ်လိုက်ပြီး "ဒါဆို သူ တော်တော် စိတ်ဆင်းရဲနေလောက်ပြီ"

သူမသည် ထန်မြောင်ရှန်ကို ထူးထူးခြားခြား အမြင်မရှိပေ။ ပြီးတော့ သူတို့က အတန်းဖော်တွေ မဟုတ်ဘူး။ သူတို့သည် ဌာနတစ်ခုတည်းမှ စီနီယာ သို့မဟုတ် ဂျူနီယာ ညီအစ်မများ မဟုတ်ကြပေ။ အခြေခံအားဖြင့်ဆို တစ်ယောက်နဲ့တစ်ယောက် မဆုံဖူးဘူး။

ချိုက်ရူနန်က နှုတ်ခမ်းလေးတွန့်ပြီး "လုံးဝစိတ်မဆင်းရဲနေပါဘူး။ သူက ဒေါသကြီးပြီး လူတော်တော်များများကို စော်ကားထားတယ်လို့ ကြားတယ်။ အရင် အသားအရည်ကောင်းတုန်းက သူက တခြားမိန်းကလေးတွေရဲ့ အသားအရည်ကို လှောင်ပြောင်လေ့ရှိတယ်။ မိန်းကလေး တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူးဆိုပြီး။ အခု သူ့မျက်နှာကို ရိုက်ချခံလိုက်ရတာပဲ။ လူတော်တော်များများက တိတ်တိတ်လေး ရယ်နေကြတယ်လို့ ငါကြားခဲ့တယ်!"

"အိုး။"

သာ့ချောင်က ဘာပြန်ဖြေရမလဲ မသိပေ။ သူမ မသိတဲ့လူတွေအကြောင်း သတင်းတွေကို သူမ စိတ်မဝင်စားပေ။

သူမကို ဒီလိုမြင်တော့ ချိုက်ရူနန်က သက်ပြင်းချလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

ထန်မြောင်ရှန်သည် မိသားစု အဆက်အသွယ်များကို ချေးယူပြီး ဆရာဝန်မှ ထုတ်ပေးသည့် လက်မှတ်ကို အသုံးပြုခဲ့သည်။ မကြာခင်မှာ ကျောင်းနားတာအတွက် ခွင့်ပြုချက်ရခဲ့သည်။ ချက်ခြင်းပင် သူမသည် ထုပ်ပိုးပြီး ကျောင်းမှထွက်လာခဲ့သည်။

သာ့ချောင်နဲ့ ဆက်ဆံရာမှာ သူမ စိတ်မဝင်စားတာ ကြာပြီပင်။ အခုချိန်မှာတော့ သူမက သူမရဲ့ မျက်နှာပေါ်က ဝက်ခြံတွေကို အာရုံစိုက်ခဲ့သည်။

ထိုဝက်ခြံများသည် သူမ၏ နံပါတ်တစ်ရန်သူပင်။

.......

လော့ကျွင်းလျန်သည် ချောင်အိမ်မှထွက်လာပြီးနောက် ကျောင်းသို့ တိုက်ရိုက်သွားခဲ့သည်။ သူသည် နည်းပြဆရာကို အချိန်အတော်ကြာ စောင့်ခဲ့သည်။

သူ့ဆရာ ပြန်လာပြီးနောက် လော့ကျွင်းလျန်၏ မိသားစု အဖြစ်အပျက်ကို သူကြားလိုက်ရသည်။ ထို့ကြောင့် ပျက်ကွက်ခွင့်ကို ချက်ချင်းအတည်ပြုပေးပြီး မိသားစုအရေးကို ကိုင်တွယ်ခွင့် ပေးခဲ့သည်။ သူက အကူအညီလိုရင် သူ့က်ို တောင်းဆိုဖို့ ပြောခဲ့သည်။

လော့ကျွင်းလျန်က သူ့ကို ကျေးဇူးတင်စကား ပြောပြီး ရုံးမှ ထွက်လာခဲ့သည်။ နောက်တော့ သူက သူ့အဖေဆီကိုဖုန်းဆက်ပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့တာတွေကို ပြောပြဖို့ အပြင်က ဆိုင်လေးကို သွားလိုက်သည်။

သူသည် စကားပြောပြီးတာနဲ့ အချိန်မဖြုန်းတော့ဘဲ ပွင့်ပွင့်လင်းလင်း တောင်းဆိုလိုက်သည်။ "အဖေ၊ ကစားပွဲတစ်ခုမှာ အဖေ သားနဲ့အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။"

"ပြော!"

လော့ချင်းသည် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။ သူ့ဒေါသတွေ တဟုန်းဟုန်းတောက်နေခဲ့သည်။

သူ့မိန်းမက သရုပ်ဆောင်ကောင်းလွန်းသည်!

နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့ စရိုက်က ပိုပိုပြီး ခက်ခဲလာခဲ့သည်။ ခဏနေ သူက အရည်အချင်းမရှိလို့၊ ခဏနေတော့ သူက အပြင်မှာ တခြားမိန်းမရှိ‌နေပါတယ်လို့ဆိုကာ သူတို့နှစ်ယောက်သည် အခန်းခွဲကာ အိပ်ခဲ့ကြသည်။

လော့ကျွင်းလျန်ရဲ့ အစီအစဉ်ကတော သူ့အမေကို ပြန်ခိုင်းပြီး သူတို့သားအဖက သူမအား မြို့ တော်ကို နောက်တစ်ကြိမ်ထပ်မလာဖို့ ကတိပြုကာ သူ့အမေကို အတင်းအကြပ် ပူးပေါင်းခိုင်းစေရန် ဖြစ်ပါသည်။ မဟုတ်ရင် သူ့အဖေက သူမကို ကွာရှင်းပြီး သားအမိ ဆက်ဆံရေးကို ဖြတ်ပစ်မည်။ သူမ အသက်ကြီးလာရင် သူက ဂရုစိုက်မှာ မဟုတ်ဘူး။

အကယ်၍ ထိုအဆိုပြုချက်အား ပြင်ပလူများသိရှိအောင် ပြုလုပ်ပါက လူများ၏ ၉၀ရာခိုင်းနှုန်းကျော်က သူသည် တာဝန်မကျေကာ အသိစိတ်မရှိဟု ဆိုကြပေမည်။ ဒါပေမယ့် သူ့မှာ တခြားရွေးစရာ မရှိတော့ဘူး။

သူမကို တစ်နေရာရာမှာ ဖယ်မထားနိုင်ရင် သူ့ရဲ့ လက်ရှိနေ့ရက်တွေကို မေ့သွားနိုင်သည်။

ဤကိစ္စတွင် သူ့ကို တစ်ကြိမ်လောက် တာဝန်မကျေခွင့်ပေးပါ။

လော့ချင်းက မဖြေခင် ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။ "ကောင်းပြီ။ အဲဒါဆိုရင် သူ့ကို ပြန်ပို့လိုက်။ ငါ မင်းနဲ့ ပူးပေါင်းမယ်! "

သူသည် တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာသည်။ အငယ်ဆုံးသားက သိပ်ပြီး အရည်အချင်းမရှိဘူး။ နောင်တွင် မိသားစုသည် အကြီးဆုံးသားကို မှီခိုရတော့မည် ဖြစ်သည်။ ဒါကြောင့် သားအကြီးဆုံးကို သူ့မိန်းမက ဖျက်ဆီးခွင့် မပေးဘူး။

ဒါကိုကြားတော့ လော့ကျွင်းလျန်က သက်ပြင်းတစ်ချက်ချကာ "ကျေးဇူးတင်ပါတယ် အဖေ။ နက်ဖြန်နေ့လည် စီးလာလိုက်မယ်၊"

အမေလော့သည် ဆေးရုံမှ ဆင်းလာခဲ့သည်။ သူမသည် ကျေးလက်ကို မပြန်ချင်ဘူးလို့ မပြောခဲ့ပေ။ သူမသည် လော့ကျွင်းလျန်ကို မှီပြီး ချောင်တုန်းဟယ်က သူမကို ဘယ်လို စွပ်စွဲထားပုံနဲ့ သာ့ချောင်က သူမကို ညှဉ်းပန်းနှိပ်စက်ပုံအကြောင်း သူ့ကို တိုင်တန်းခဲ့သည်။

အစပိုင်းတွင် လော့ကျွင်းလျန်က သူမအား အဓိပ္ပာယ်မရှိသော စကားများမပြောရန် ပြောခဲ့သည်။ ဖြစ်ပျက်ခဲ့တာကို သူသိသည်။ ဒါပေမယ့် သူ့အမေက အကြောင်းပြချက် မပေးစေချင်ဘူး!

သူသည် သူမနှင့် ကျိုးကြောင်းဆင်ခြင်ရန် ပိုကြိုးစားလေ သူမသည် ပို၍ ဒေါသဖြစ်လာသည်။ သူမသည် သူက ချောင်မိသားစုကိုသာ ဂရုစိုက်သည်ဟု ခံစားမိခဲ့သည်။

သူမသည် မြေပြင်ပေါ်တွင်ထိုင်ကာ သူက တာဝန်မကျေဘဲ အသိစိတ်မရှိသူဖြစ်ကြောင်း ငိုကြွေးမြည်တမ်းခဲ့သည်။

လော့ကျွင်းလျန်၏ ခေါင်းသည် ကြီးလာသည်။ နောက်ဆုံးတော့ သူသည် ပါးစပ်ပိတ်ဖို့ ရွေးလိုက်သည်။ နောက်ပိုင်းတွင် သူက သူမအား ရထားပေါ်သို့ လှည့်စားခဲ့သည်။

သုံးတဲ့အကြောင်းပြချက်က အရမ်းရိုးရှင်းပါသည်၊ သူ့အဖေက အပြင်းဖျားပြီး သေတော့မည်။

အမေလော့သည် ဒါကို ဤမျှ အလွယ်တကူ ယုံမည်မဟုတ်ပေ။ လော့ချင်းက သူမကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းခေါ်ခဲ့ပြီး သူမအား အိမ်သို့ပြန်လာကာ မိသားစုပိုင်ဆိုင်မှုကို ခွဲပေးမယ်လို့ပြောပြီးတာနဲ့ သူမဟာ လော့ကျွင်းလျန်ထက် ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့သည်။

သူ့အမေကို ဒီလိုမြင်လိုက်ရတော့ လော့ကျွင်းလျန်ရဲ့ နှလုံးသားက လုံးဝကို အေးခဲသွားတော့သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ့မိဘများ၏ ဆက်ဆံရေးသည် ဆိုးရွားလာခဲ့ပြီး အမြဲတမ်းရန်ဖြစ်ခဲ့သော်လည်း သူတို့သည် တစ်သက်လုံး အတူတကွနေထိုင်လာခဲ့ကြသော ဇနီးမောင်နှံများဖြစ်သည်။ ပထမဆုံး သူမ ဂရုစိုက်တာက တစ်ဖက်လူရဲ့ ကျန်းမာရေး မဟုတ်ဘဲ ပိုင်ဆိုင်မှုပင်။

ရယ်စရာကောင်းလိုက်တာ!

သူသည် တုန်းဟယ်ရဲ့ အဘိုးအဘွားတွေကို တွေးပြီး သူ့နှလုံးသားထဲတွင် မနာလိုမှုတွေ တိုးလာခဲ့သည်။

အမေလော့သည် သူ့ယောက်ျားသေဆုံးမှုအတွက် ဝမ်းနည်းမှာလား?

ဒါပေါ့၊ ဒါပေမယ့် နှစ်တွေကြာအောင် ရန်ဖြစ်ရင်းက အချစ်ရေးတွေက အရမ်းပျက်ပျယ်သွားခဲ့ပြီ။ တခါတရံ သူမသည် တစ်ဖက်သားကို ဓားဖြင့်ထိုးသတ်ချင်ခဲ့သည်။ ဒါကြောင့် လင်မယားကြားက ဆက်ဆံရေးဟာ တကယ်ကို ပျောက်ကွယ်သွားခဲ့သည်။ ကျန်ခဲ့တာကတော့ သာမန်ဝမ်းနည်းမှုပါပဲ။

ဝမ်းနည်းနေသော်လည်း ငွေသည် သူမအတွက် အရေးကြီးဆုံးအရာဖြစ်သည်။

သူမကို နှိမ့်ချတဲ့ အကြောင်းရင်းက ပိုက်ဆံမရှိလို့ မဟုတ်ဘူး။ ‌ဒါ‌ပေမယ့် လော့မိသားစုမှာ ပိုက်ဆံမရှိလို့ပါ။ သားဖြစ်သူက မ်ိန်းမယူပြီးနောက် သူ့အမေကို မေ့သွားခဲ့သည်။ ယခုအခါ ငွေကသာ သူမအား လုံခြုံမှုကို ပေးစွမ်းနိုင်သည်။

နှစ်ယောက်သား ထုပ်ပိုးပြီး နောက်တစ်နေ့တွင် ဇာတိမြို့သို့ ပြန်ခဲ့ကြသည်။

သူမ မွေးရပ်မြေကို ပြန်ရောက်တဲ့အခါ အမေလော့က သူမ လှည့်စားခံလိုက်ရကြောင်း သိလိုက်သည်။

ဖြစ်စဉ်တွင် လော့ကျွင်းလျန်နှင့် သူ့အဖေတို့ ညှိနှိုင်းခဲ့သည့်အတိုင်း အရာအားလုံးသည် ပြီးဆုံးသွားခဲ့ပြီး သူတို့နှစ်ဦးသည် အမေလော့အား တင်ပြရန် အတင်းအကြပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အမေလော့က ဒေါသထွက်သွားခဲ့သည်။ ရုန်းကန်မှု၊ ငြင်းဆိုမှုနှင့် အော်ဟစ်မှုအမျိုးမျိုးတို့သည် အသုံးမဝင်ပေ။

သားအဖနှစ်ယောက်၏ နှလုံးသားသည် မာကြောနေခဲ့ကြသည်။ သူမသည် ပြဿနာရှာဖို့ မြို့တော်ကို ဘယ်တော့မှ မသွားဘူးလို့ ကတိပေးရင်ပေး ဒါမှမဟုတ် တစ်ယောက်ကတော့ သားအမိကို ဖြတ်တောက်ပြီး ကွာရှင်းမယ်လို့ ကတိပေးရမည်။

အမေလော့က ဒေါသအရမ်းထွက်ပြီး ပေါက်ကွဲလုမတတ်ပင်။ လော့ချင်းက သူ့ကို မြို့ပြရေးရာဗျူရိုကို ဆွဲခေါ်သွားမှပဲ သူမ ညှိနှိုင်းခဲ့သည်။

နောက်ဆုံးတွင် လော့ကျွင်းလျန်သည် သူ့မိခင်၏ မကျေမနပ် မျက်လုံးများအောက်တွင် သူ့မွေးရပ်မြေမှု ထွက်သွားခဲ့သည်။ သူသည် အောင်ပွဲ၏ ရွှင်လန်းမှုကို မတောင့်တခဲ့ပါ။ ကူကယ်ရာမဲ့ခြင်းတွေ ချည်းပင်။

မြို့တော်ကို ပြန်ရောက်တော့ သူက ချောင်မိသားစုနဲ့ သူ့မိန်းမ ချောင်တုန်းဟယ်အား သတင်းကို ပြောပြခဲ့သည်။

ချောင်မိသားစုက မကျေနပ်ပေမယ့် တစ်ဖက်လူက သူ့အမေဆိုတော့ နားလည်ပြီး ဆက်ဆံရေးကို ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အနည်းဆုံးတော့ သူ့ရဲ့ ရပ်တည်ချက်ကို အခု ထုတ်ပြခဲ့သည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က ချောင်တုန်းဟယ်အား ဆုံးဖြတ်ချက်ကို ခေါ်မေးခဲ့သည်။

အဲ့ဒါကို စဉ်းစားပြီးနောက် ချောင်တုန်းဟယ်က လော့ကျွင်းလျန်နဲ့ အိမ်ပြန်ရန် ရွေးချယ်ခဲ့သည်။

ဒီရလဒ်ကြောင့် ဘယ်သူမှ မအံ့ဩခဲ့ကြပေ။။

ပထမအချက်မှာ အဓိကပုဂ္ဂိုလ် လော့ကျွင်းလျန်၏ သဘောထားမှာ မဆိုးပေ။ အသုံးမကျသော သို့မဟုတ် ချီတုံချတုံ အခြေအနေမျိုး မရှိခဲ့ပါ။

ဒုတိယအနေနဲ့ ချောင်တုန်းဟယ်ရဲ့ စရိုက်က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သည်။

ကလေးကို သူမမျိုးရိုးအမည်ကို ယူခိုင်းတာဟာ ကောင်းမွန်တဲ့ စတင်မှုတစ်ခုပင်။ ဒါပေမယ့် သူမ ရုတ်တရက် ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူမဟာ ချောင်တုန်းဟယ်ဖြစ်လာမှာ မဟုတ်ပါဘူး။

ဟန်မန်အန်းသည် အရင်တစ်ကြိမ်က ရွှယ်အန်းရှု့ဆီမှ အသည်းကွဲခံရပြီးနောက် ရက်အနည်းငယ်ကြာအောင် သူ့ကို လျစ်လျူရှုခဲ့သည်။

သို့သော် သူမသည် တော်ကာ ကြင်နာ၍ ချစ်စရာကောင်းပြီး ပွင့်လင်းသော ကလေးတစ်ဦးဖြစ်တာကြောင့် ရက်အနည်းငယ်ကြာအောင် တုံ့ဆိုင်းပြီးနောက် သူ့ကို ခွင့်လွှတ်ရန် ရွေးချယ်ခဲ့သည်။

အဲဒီနေ့မှာ သူမက သူမအမေဆီက ဟယ်ရှိုဝူးနဲ့လုပ်ထားသော နှမ်းကိတ်ကို ယူလာပြီး ကိတ်မုန့်ကို သူ့အား ရက်ရက်ရောရော ဝေပေးခဲ့သည်။

ရွှယ်အန်းရှု့က ပေးအပ်တဲ့ အရာတွေကို လက်လွတ်မခံဘဲ လက်ခံလိုက်ပြန်သည်။ သူက သူ့နှာခေါင်းအောက်မှာ ထားပြီး အနံ့ခံလိုက်သည်။ " ဟယ်ရှိုဝူး အနံ့ရတယ်။ သင်ကြားရလောက်အောင် ထိုက်တန်တယ်။ ငါနောက်ဆုံးပြောခဲ့တာကို မင်းက နားထောင်တယ်လို့ သက်သေပြလိုက်တာပဲ"

ဟန်မန်အန်းသည် သူပြောသည်ကို နားမလည်သော်လည်း သူ့မျက်လုံးများက သူမဆံပင်များပေါ်တွင် ကျနေသည်ကို သတိပြုမိလိုက်သည်။

သူမ ခေါင်းကို ဂုဏ်ယူစွာ ခါလိုက်ပြီး "အစ်ကိုရှု့ရှု့၊ ငါ့မှာ ဆံပင်တွေ အများကြီး ရှိလာတယ်လို့ ထင်လား?"

ရွှယ်အန်းရှု့က လေးလေးနက်နက် စစ်ဆေးပြီး ပြန်ဖြေလိုက်သည်။ "အရင်ကထက် နည်းနည်းပိုနေပုံရတယ် "

ဟန်မန်အန်းက ပြုံးလိုက်သည်။ ငါ နင့်ကို ပြောမယ် ငါ့ဆံပင်တွေက မကြာခင် ပိုပိုပြီး လှပလာမှာ သေချာသည်။

ရွှယ်အန်းရှု့ကဟယ်ရှိုဝူးနှင့် နှမ်းကိတ်မုန့်ကိုစားရင်း "မင်းက ဘယ်လောက်ပဲ ကြည့်ကောင်းပါစေ ငါ့အစ်မကို မနိုင်ဘူး။ ငါ့အစ်မရဲ့ဆံပင်က တကယ်လှတယ်။ သူကိုယ်တိုင်လည်း လှတယ်။ သူရဲ့အရာအားလုံးက လှတယ်"

သူ့အစ်မအကြောင်းပြောရင် ရွှယ်အန်းရှု့က အချိန်တိုင်း မြှောက်ပင့်နေခဲ့သည်။

ဟန်မန်အန်း - "အစ်ကို့အစ်မက ငါ့ထက်ချစ်စရာကောင်းလား? ငါ့မိဘတွေက ငါက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး မိန်းကလေးလို့ ပြောတယ် "

ရွှယ်အန်းရှု့က ချက်ချင်း သဘောမတူပေ။ "မင်းမိဘတွေက မင်းကို လိမ်နေတာ။ ကမ္ဘာပေါ်မှာ အချောဆုံး မိန်းကလေးက ငါ့အစ်မပဲ။ ငါ့အစ်မနဲ့ ယှဉ်ရင် မင်း နောက်ကျန်‌နေပြီ။"

ဟန်မန်အန်း၏ မျက်လုံးများက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ "နင်မဟုတ်တာ‌တွေ ပြောနေတာ။ နင်ဒီလိုထပ်ပြောရင် ငါ နင့်ကို မကြိုက်တော့ဘူး၊"

ရွှယ်အန်းရှု့ - "မင်း ငါ့ကို မကြိုက်ရင်တောင် ငါ့အစ်မက မင်းထက် ပိုချစ်စရာကောင်းတယ်လို့ ငါပြောဦးမှာပဲ"

ဟန်မန်အန်း၏ မျက်လုံးများ နီရဲလာပြန်သည်။ သူမက ငိုယိုပြီး ထွက်ပြေးသွားခဲ့သည်။

ရွှယ်အန်းရှု့က အရွယ်ရောက်ပြီးသူလေးတစ်ယောက်လို ခေါင်းယမ်းကာ သက်ပြင်းချပြီး "ဟေး၊ မင်းက နှိုင်းမရရင် ငိုဖို့ပဲ သိတယ်။ အရွယ်မရောက်သေးတဲ့ ကလေးမလေးပဲ။"

သူ့ကို ထိန်းကျောင်းနေတဲ့ အဒေါ်က ဒီစကားကို ကြားပြီး ပြောစရာစကားမဲ့သွားသည်။

ကလေးမလေး ဟန်မန်အန်းဟာ အသည်းကွဲပြီး သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးလို့ ကတိပြုခဲ့သည်။

ဒါပေမယ့် နောက်တစ်နေ့မှာတော့ ရွှယ်အန်းရှု့က သူမကို နှင်းဆီပန်းခြောက် တစ်ပုလင်းပေးတဲ့အခါ သူမရဲ့ သစ္စာကို မေ့သွားခဲ့သည်။ တစ်ဖန် သူမသည် သူ့နောက်မှ လျှောက်လိုက်ကာ အစ်ကိုရှု့ရှု့ဟု ခေါ်ခဲ့သည်။

ဝမ်ရှန်းရှန်းသည် သာ့ချောင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူမ သတိပိုထားလေလေ မမှန်ဘူးလို့ ခံစားရလေလေပဲ။

ပြီးခဲ့တဲ့ အပတ်က အိမ်ပြန်ရောက်တော့ အဒေါ်က သူ့အမေနဲ့ အိပ်ခန်းထဲမှာ စကားပြောနေတာကို တွေ့ခဲ့သည်။ ထို့ကြောင့် သူမသည် ခိုးကြောင်ခိုးဝှက်ဖြင့် အပြင်၌ ပုန်းနေလိုက်သည်။

နောက်တော့ ကြားလိုက်ရတာက အံ့ဩစရာ သတင်းပဲ။ သူမဦးလေးက အပြင်မှာ မိန်းမပျိုလေး တစ်ဦးကို အမ်းထားတယ်လို့ အဒေါ်က သံသယရှိနေတယ်လို့ ပြောခဲ့သည်။

'မိန်းမပျို' ဟူသော စကားကို သူမကြားလိုက်သောအခါ သူမ၏ အတွေးတွင် သာ့ချောင်၏ ပုံရိပ်သည် အကြောင်းတစ်ခုခုကြောင့် ချက်ချင်းပေါ်လာသည်။

နောက်တော့ သူမ အိပ်ယာပေါ်သွားလိုက်သည်။ သူမပို၍ခွဲခြမ်းစိတ်ဖြာလေလေ သာ့ချောင်သည် သူမဦးလေး၏ အငယ်အနှောင်းလို့ ပိုခံစားရလေ ဖြစ်သည်။

သာ့ချောင်ကို လူတိုင်းရှေ့မှာ ထုတ်ဖော်ပြီး သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးတော့မယ့်အချိန်မှာ သူမရဲ့ ဦးလေးဟာ ပညာရေးဌာနကနေ အလုပ်ထုတ်ခံခဲ့ရသည်။

အကြောင်းပြချက်ကတော့ သူ့မှာ မသင့်တော်တဲ့ ဆက်ဆံရေးရှိလို့ပင်။ သူ့စရိုက်က ဆိုးသည်!

အပြင်မှာ သူ အမ်းနေတဲ့ မိန်းမပျိုကို အဒေါ်က တွေ့ရှိခဲ့သည်။ ဝမ်းနည်းစရာမှာ ထိုမိန်းမပျိုသည် သာ့ချောင် မဟုတ်ဘဲ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမဦးလေးက သူ့ကို သတင်းပို့တဲ့လူက သာ့ချောင် ဒါမှမဟုတ် ဟော်မိသားစုပဲလို့ သံသယ ရှိနေခဲ့သည်။

.....

စာရေးသူမှာ ပြောစရာရှိသည် -

တခြားကလေးတွေရဲ့ အိမ်ထောင်ရေးမှာ နောက်ပိုင်းမှာ မှားသွားလား? အဖြေက မဟုတ်ပါဘူး။ ချောင်တုန်းဟယ်ရဲ့ စိတ်နေစိတ်ထားက သူမ ငယ်ငယ်လေးကတည်းက အရိပ်‌ပါလာခဲ့တာ ဖြစ်သည်။ အခြားသားသမီးများ၏ အိမ်ထောင်ရေးသည် အလွန်သာယာသည်။

All Chapters