← Chapters

ပန်းထိုးရုံ

Vol. 1 Ch. 1

ပန်းထိုးရုံ

Vol. 1 Ch. 1

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်၊၁၉၂၃ ခုနှစ်၊ နွေဦးကာလ။

စူကျိုးမြို့တော်တွင်...

ယနေ့က နွေဦးကာလအတွင်း မတ်လ၏ မနက်ခင်းပိုင်းတွင်ဖြစ်သည်။ပြီးခဲ့သည့် ရက်အနည်းငယ်ကတည်းက အဆက်မပြတ်ရွာသွန်းနေခဲ့သောမိုးသည် နောက်ဆုံးမှာ ပြန့်ကျဲသွားခဲ့ပြီး ပင်စည်မှနေ၍ ဖြာထွက်နေသော အရောင်အသွေးစုံလင်လှသည့် အကိုင်းအခက်များသည် နေရောင်ခြည်အောက်တွင် တလက်လက်တောက်ပကာ ထွက်ပေါ်နေကြသည်။

ငှက်ကလေးများသည် ''တီတီ တာတာ''တေးဆိုနေကြ၏။ ဝေဆာနေသာပန်းရနံ့တို့သည် လေနှင့်အတူ လိုက်ပါလာခဲ့ပြီး အပူအပင်မရှိ သွက်လက်ပေါ့ပါးစွာဖြင့် မနက်ခင်းဈေးသို့ ဦးတည်လာနေကြသောလူများကို မွှေးရနံ့များနှင့်အတူ ခေါ်ဆောင်လာလျက်ရှိသည်။စူကျိုးမြို့တော် မြို့လယ်ခေါင်၏ အပြင်ဘက်ဝန်းကျင်တွင် ရှေးခေတ်ပုံစံအတိုင်း ပြင်ဆင်မွမ်းမံထားသည့် ဝင်းတစ်ခုရှိ၏။ထိုဝင်း၏ အတွင်းဘက်တွင် အလုပ်သမားများသည် သူတို့၏အလုပ်တာဝန်များဖြင့် အသီးသီးအလုပ်ရှုပ်နေကြသည်။စားဖိုချောင်မှ ချက်ပြုတ်ထားသော အရသာရှိဖွယ် ဟင်းလျာများ၏မွှေးရနံ့များ ထွက်ပေါ်လာခြင်းသည် နေ့သစ်တစ်နေ့၏အစကို အရိပ်ပြနေခြင်းပင်ဖြစ်ချေသည်။

စူကျိုးမြို့တော် အပေါ်စီးကနေကြည့်လျှင် တွေ့ရမည်မှာ စုမိသားစုပိုင် နာမည်ကြီးပန်းထိုးရုံပင်ဖြစ်၏။စုမိသားစုအိမ်တော်ကို လမ်းအကွေးအကောက်များဖြင့်ပိုင်းခြားထားသည့် သေးငယ်သောခြံ၊ဝင်းများစွာအဖြစ် ခွဲခြားထားလေသည်။ခြံ၊ဝင်း တစ်ခုနှင့်တစ်ခုကြားတွင် ပြိုးပြိုးပျက်ပျက်ဖြင့် ကျက်သရေရှိလှသော မဏ္ဍပ်များ၊ရေကန်များ တည်ရှိနေကြပြီး

စိမ်းစိုစွာပွင့်လန်းနေသောပန်းများ၊ချုံပုပ်များသည်လည်း တစ်ဖက်တစ်ချက်တွင် ပုလဲနံတင့်နေသည်။ဤအရာကိုကြည့်ခြင်းအားဖြင့် စုမိသားစုခေါင်းဆောင်သည် သူတို့၏ချမ်းသာကြွယ်ဝမှုများအပေါ် မည်သို့ခံစားရမည်ကို ကောင်းမွန်စွာသိရှိပြီး တခြားသူများကိုလည်း ရသခံစားနိုင်စေရန် လုပ်နိုင်စွမ်းရှိသည်ဟု ပြောနိုင်သည်မဟုတ်ပေလော။

''မင်းတို့ရဲ့ သခင်မလေးဘယ်မှာလဲ''

စုမိသားစု၏ အကြီးဆုံးသခင်လေးဖြစ်သည့် စုထျင်ယီသည် လက်ရာမြောက်လှပသောခြံဝင်းကို ဖြတ်လျှောက်လာရင်း အနီးအနားရှိ အစေခံများ၏တရိုတသေနှုတ်ဆက်မှုများအား နည်းနည်းလေးမျှပင် အလေးပေးခြင်းမရှိခဲ့ပေ။သူသည် နေထွက်ရာအရပ်ကို မျက်နှာမူထားသော အခန်းကြီးဆီသို့  ခြေလှမ်းကျဲများဖြင့်လျှောက်သွားပြီးသည့်နောက် အခန်းအတွင်းတွင် သန့်ရှင်းရေးပြုလုပ်နေသော အစေခံမိန်းကလေးနှစ်ဦးအား မေးလိုက်ခြင်းဖြစ်၏။

အစေခံမိန်းကလေးနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ထူးခြားစွာစိုက်ကြည့်လိုက်ကြသည်။ ပြီးနောက် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့်အစေခံက ယဥ်ကျေးသည့်အသံဖြင့် ချက်ချင်းပင် ဖြေကြားလိုက်၏။

''အကြီးဆုံးသခင်လေး ဒီနေ့မနက် စောစောမှာပဲ သခင်မလေးက အိပ်ရာကနေနိုးပြီးတော့  သခင်အိုကြီးရဲ့ခြံဝင်းကိုသွားခဲ့တယ်လေ။ သခင်မလေးကို အဲဒီကိုလာဖို့ သခင်လေးပဲစေခိုင်းလိုက်တာလေ...'' ထိုသို့ပြောပြီးသည့်နောက်...သူ၏အသံမှာ တဖြည်းဖြည်း တိုးသထက်တိုးလာခဲ့၏။ သခင်လေး၏မျက်နှာအမူအရာအရ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သခင်မလေးကိုအပြင်သို့ခေါ်ထုတ်ရန် သူ့၏နာမည်အားအသုံးချသွားပုံရသည်။

စုထျင်ယီသည် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် ပြန်လှည့်၍ထွက်ခွာသွားသည်။ သူ၏ဦးတည်ရာမှာ စုမိသားစု၏ ဂုဏ်သတင်းအကြီးမားဆုံးနေရာဖြစ်သည့် ဘိုးဘေး၏ခြံဝင်းသို့ဖြစ်သည်။ သူ သခင်အိုကြီး၏ခြံဝင်းသို့မရောက်ခင်မှာပင် အဝေးမှ ပျံ့လွင့်လာသော ကျယ်လောင်သည့်အော်သံကြီးတစ်ခုအားကြားလိုက်ရသည်။ စုထျင်ယီ၏မျက်မှောင်သည် ပို၍ပင်ကြုတ်သွားမိကာ သူ့၏အရှိန်သည်လည်း ပို၍လျင်မြန်လာ၏။

''အားဖန်... မြန်မြန် သခင်ကြီးနဲ့အကြီးဆုံးသခင်လေးကို အကြောင်းကြားလိုက်။ ငါက သခင်မကြီးဆီသွားလိုက်မယ်''

''ကောင်းပြီ''

ပြီးနောက်တွင် ထိပ်လန့်တကြားဖြစ်နေသောအစေခံနှစ်ဦးဆီမှ လျင်မြန်သောခြေလှမ်းများဖြင့် ဆက်တိုက်ထွက်လာခဲ့ကြပြီး သခင်အိုကြီး၏အိမ်ဝင်းသို့ ဦးတည်ရာလမ်းကြောင်းအတိုင်း ပြေးလာခဲ့ကြသည်။

''ဘာဖြစ်တာလဲ''စုထျင်ယီသည် သူတို့၏ပတ်ဝန်းကျင်ကိုတောင် အာရုံမစိုက်မိဘဲ ပြေးလွှားရင်းအလုပ်များနေသော သတိလက်လွတ်ဖြစ်နေသည့် အစေခံအား အော်ခေါ်လိုက်သည်။

''အား...အကြီးဆုံးသခင်လေး''

အစေခံနှစ်ဦးသည် ကယ်တင်ရှင်အားတွေ့သကဲ့သို့ထင်ရပြီး အော်ဟစ်ငိုကြွေးတော့သည်။

''ဘာတွေဖြစ်နေတာလဲ...မင်းတို့ သခင်မလေးကိုတွေ့ခဲ့လို့လား? ဒါမှမဟုတ် အဘိုးလား?''

စုထျင်ယီသည် သူ့အားတွယ်ကပ်၍ ငိုနေသည့် အစေခံနှစ်ယောက်၏ရိုင်းပြမှုအား စိတ်ထဲထားမနေဘဲ အလျင်စလိုမေးလိုက်၏။

''အကြီးဆုံးသခင်လေး...အဲဒါ...အဲဒါကလေ...သခင်မလေး...သခင်မလေး သူ...''

အစေခံနှစ်ဦးတွင် တစ်ဦးသည် တောင်ရောက်လိုက် မြောက်ရောက်လိုက်ဖြင့် ပြန်ဖြေနေစဉ်တစ်ဦးမှာတော့ အခုထက်ထိတိုင် ဝမ်းနည်းလျက်ရှိသည်။

စုထျင်ယီသည် သူတို့ဆီမှ တစ်စုံတစ်ခုသိရဖို့ကို လက်လျော့လိုက်၏။ပြီးသည့်နောက် သူတို့အား တွန်းဖယ်ကာ ဘိုးဘေး၏ခြံဝင်းဆီသို့ ပြေးသွားတော့သည်။ သေစမ်း။ သူ ပေါ့လျော့ခဲ့သည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင်နိုင်တော့သည်။အခုကိစ္စကြောင့်သာ  ရွှေလျန် တစ်ခုခုဖြစ်သွားခဲ့မည်ဆိုလျှင် ထိုအမျိုးသားသည် သူတို့ကို ဘယ်လောက်ပဲချစ်မြတ်နိုးနေသည်​ဖြစ်စေ သူကတော့ ကျိန်းသေပေါက် အဲဒီအမျိုးသမီးနဲ့သူ့သမီးနှစ်ယောက်စလုံးကို ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

ဒေါသများဖြင့် လောင်မြိုက်ပြီးသည့်နောက် သခင်အိုကြီး၏ခြံဝင်းဆီသို့ ရောက်လာခဲ့၏ ။ စုထျင်ယီသည် ခန်းမတံခါးမကြီးအား ကျယ်ကျယ်တွန်းဖွင့်ကာ ''ရွှေလျန်...ရွှေလျန်''ဟု အလောတကြီးအော်ခေါ်ရင်းနှင့်ပင်  တစ်ဟုန်ထိုးပြေးဝင်လာခဲ့သည်။

အဓိက ခန်းမထဲမှာမဟုတ်ဘူး၊ ဘေးခန်းမမှာလည်းမဟုတ်ဘူး၊ ဘယ်ဘက်ခန်းမထဲမှာလည်း မရှိဘူး။ စုထျင်ယီသည် အချိန်တိုလေးအတွင်းမှာပင် နေရာအနှံ့ရှာဖွေကြည့်ခဲ့သည်။ခန်းစီးလိုက်ကာထားသော ညာဘက်ခန်းမ၏ ဝင်ပေါက်သို့ရောက်သောအခါ ချက်ချင်းဆိုသလို ညှီသည့်သံဓာတ်နံ့တစ်မျိုး သတိပြုမိသွားသည့်အတွက် ကပျာကယာဖြင့် အထဲသို့ဝင်လိုက်မိ၏။ ခန်းစီးလိုက်ကာအနောက်ဘက်ရှိမြင်ကွင်းကတော့ သူ့အား တစစီဖဲ့ခြေပစ်လိုက်သလိုပင်။ သူ၏မျက်လုံးများရှေ့တွင် မြင်နေရသော ထိုမြင်ကွင်းသည် သူ့အား ဒူးထောက်လျက်သာဖြစ်သွားစေခဲ့သည်။

''ရွှေလျန်...ရွှေလျန်...''စုထျင်ယီ၏လက်များသည် တုန်ယင်လာခဲ့၏။ ဒူးထောက်လျက်သာပင် သူသည် ရှေ့သို့​​ခြေလှမ်းများ တိုးလာခဲ့သည်။ ခန်းမတွင် လဲနေသော ကိုယ်ခန္ဓာအား နူးညံ့စွာ မယူလိုက်သည်။ ထိုလူ၏ဦးခေါင်းမှာ စားပွဲစောင်းနှင့် ထိခိုက်ခဲ့ပုံရပြီး သွေးများအဆက်မပြတ်ထွက်နေသည့် ဒဏ်ရာငယ်လေးကို တွေ့နေရသည်။

''ရွှေလျန် အဆင်ပြေသွားမယ်နော် ညီမလေး။ အစ်ကိုကြီးက မင်းကို ဆေးရုံကိုခေါ်သွားပေးမယ်။ မင်း သက်သာသွားမှာပါ...'' စုထျင်ယီတစ်ယောက် မျက်စိတစ်မှိတ်အတွင်းမှာ မျက်နှာများ ဖြူဖျော့သွားခဲ့၏။ ထိုမိန်းကလေးအား ပွေ့ဖက်ကာ မချီလိုက်သည်။သူ၏အသက်ရှူသံအောက်မှာပင် ရေရွတ်ရင်း တံခါးဆီမှ ထွက်လာခဲ့သည်။

ထွက်လာသောလမ်းတစ်လျှောက်တွင် ''အစေခံတွေ... ကားပြင်ထားပေး''ဟု အော်ခေါ်ကာပြောလိုက်၏။သူ တတ်နိုင်သလောက် မြန်မြန်ပြေးနိုင်ဖို့အတွက် အားအင်ချွေတာခြင်းလည်းမရှိခဲ့ချေ။ ရံဖန်ရံခါ မည်သည့်လက္ခဏာမှ ပြသခြင်းမရှိဘဲ ဖြူဖျော့နေသော သူ့ညီမလေးအား ငုံ့ကြည့်နေကာ သူ၏ရှေ့နဖူးအား တွန့်ချိုးမိတတ်သည်။

“အမေ အမေပြောတော့ သူ ဖြစ်လိမ့်မှာမဟုတ်...''

စုထျင်ယီသည် သူ့မှာရှိသမျှခွန်အားအကုန်ဖြင့် ပြေးနေခဲ့စဉ် အသေးစိတ်ပြီးလှပသည့် တောင်အတုတစ်တောင်ကို ဖြစ်ပြေးသွားခဲ့သည်။

အတွင်းဘက်၌ကား အမေနှင့်သမီးတို့၏ အပြန်အလှန်စကားပြောသံသည် ပြတ်သားကြည်လင်လျက်ရှိသည်။

''အဲဒီအတိုင်းသာ အမှန်ဆို ပိုတောင်ကောင်းသွားတာပေါ့...အခုကစပြီး သမီးကို ဘယ်သူဖိအားပေးရဲလဲဆိုတာ စောင့်ကြည့်လိုက်ဦးမယ်'' အရောင်တောက်ပပြီး စျေးကြီးသည့်အထည်များဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးကြီးတစ်ယောက်၏ မျက်နှာသည် တဖြည်းဖြည်း ပေါ်ထွက်လာကာ သူ၏မျက်နှာ၌လည်း အမုန်းတရားများနှင့်သာပြည့်နှက်နေ၏။

''ဒါပေမဲ့ ဒီတစ်ခေါက်ကိစ္စကို အဘိုးက ကျိန်းသေပေါက် လျစ်လျူရှုမှာမဟုတ်လောက်ဘူး...သူ့ရဲ့ခြံဝင်းအတွင်းမှာ ဖြစ်ခဲ့တာဆိုတော့လေ" ၁၆နှစ်အရွယ်ခန့်သာရှိသေးသော မိန်းမငယ်လေးသည် သူ၏နှုတ်ခမ်းတို့အားမဲ့ရွဲ့၍ သူ၏အမှုအရာတို့မှာလည်း ပျာယာခတ်နေသည်။

''ဘာတွေ ကြောက်နေတာလဲ။ သူတို့ဘယ်လောက်များ စစ်ဆေးနိုင်မှာမို့လို့လဲ? ဒါက မတော်တဆတစ်ခုပဲ။ ဘယ်သူ့မှာမှ သက်သေမရှိဘူး ပြီးတော့ သူတို့က ဒီမတော်တဆမှုကို ငါတို့အပေါ်စွပ်စွဲနိုင်လိမ့်လို့ထင်လား? ထပ်ပြောရရင် စုရွှေလျန်လည်း သေသွားပြီလေ။ ပါရမီထူးချွန်တဲ့သူပဲ ဘိုးဘေးရဲ့မျက်နှာသာပေးမှုကိုရနိုင်တာ။ အခု စုရွှေလျန်က သေသွားပြီဆိုမှာတော့ သမီးက စုမိသားစုရဲ့ နာမည်ရော ဂုဏ်သတင်းရောနှစ်ခုစလုံးမှာ  ပထမနေရာပဲလေ။ သူတို့က ဘာလို့ သမီးကိုအပြစ်ပေးဖို့ အတင်းကြိုးစားနေမှာလဲ''

သူ၏ ဖုံးကွယ်ထားမှုအောက်တွင် အမျိုးသမီးကြီးသည် သူ၏လက်ညှိုးနှင့် စိုးရိမ်တတ်သော သမီးဖြစ်သူ၏နဖူးကို ပုတ်လိုက်ကာ ''သမီးအဖေနဲ့အဘိုးတို့မေးလာခဲ့ရင်တောင် သတိလက်လွတ်မပြောမိစေနဲ့နော်... သိပြီလား? ‘ချင်းမင်ပွဲတော်အတွင်း မြစ်တစ်လျှောက်' ကိုတော့ သမီးမြန်မြန် အပြီးအပြတ်ဖယ်ရှားလိုက်သင့်တယ်''ဟု တိုက်တွန်းလိုက်သည်။

“သမီးနားလည်ပါတယ် အမေ။ ဒါပေမဲ့ ဒေါ်ကြီးနဲ့အစ်ကိုကြီးကိုတော့သမီးကြောက်တယ်...'' ဖအေတူ မအေကွဲ အစ်ကိုကြီးနှင့် အကြည့်တစ်ချက်မှာတင် လူတွေကို ထိုးဖောက်မြင်နိုင်စွမ်းရှိသည်ဟုထင်ရသော တိတ်တိတ်ဆိတ်ဆိတ်နေပေမဲ့ တည်ကြည်လေးနက်သည့် အန်တီအကြောင်းတွေးလိုက်မိသည်။ စုမိသားစု၏ ဦးစီးသခင်မလေးဖြစ်လာတော့မည့် စုရွှေယန်သည် မနေနိုင်ဘဲ တုန်လှုပ်သွား၏။

“ဘာတစ်ခုမှ ကောင်းတယ်ကိုမရှိဘူး'' ဆိုလိုက်သူ သက်လတ်ပိုင်းအမျိုးသမီးမှာ စုမိသားစု၏ ဒုတိယသခင်မဖြစ်သည့် တန်ယွင်ပင်ဖြစ်ကာ သူ၏သမီးရင်းအား တချက်ကြည့်လိုက်သည်။သူ၏လက်ကိုင်ပဝါလေးအား ဝှေ့ယမ်းရင်း ''သွားတော့ နောက်နှစ်ရက်လောက်တော့ အိမ်တော်က အေးချမ်းနေအုံးမှာမဟုတ်သေးဘူး။ အမေ့အတွက် လေ့ကျင့်ပေးဖို့ ပန်းထိုးတဲ့အခန်းကို သွားပြင်ဆင်သင့်တယ်...မနက်ဖြန်က ပြပွဲကြီးပဲ။ အဘိုးကြီးက သမီးကို မိသားစုကိုယ်စားပြုလုပ်ခိုင်းမှာ အသေအချာပဲ။ အမေ့မျက်နှာပျက်ရအောင် မလုပ်နဲ့'' တန်ယွင်သည် သူ၏သမီးဖြစ်သူအား ဖျတ်ခနဲကြည့်လိုက်သည်။ သူ၏သမီး ခေါင်းမဖော်နိုင်သည့် အငယ်အနှောင်းဖြစ်ခြင်းမှ ကင်းဝေစေရန်အလို့ငှာ

ခင်ပွန်းကောင်းတစ်ယောက်ရှာဖွေနိုင်သည့်အခွင့်အရေးတစ်ခုကို သမီးဖြစ်သူအား ပေးနိုင်ဖို့ ဤအရာအားလုံးကို လျှို့ဝှက်ကြံစည်ခဲ့သည်။ ထိုအတွက်ကြောင့်သာမဟုတ်လျှင် အဘယ်ကြောင့် အချိန်နဲ့ခွန်အားတွေအားလုံးကို ဖြုန်းတီးနေရမည်နည်း။

စုရွှေယန်သည် ဦးညွှတ်ကာလိုက်နာသော်လည်း သူ(မ)၏ရင်ထဲတွင်မူ စိုးရိမ်ပူပန်မှုတို့ ခံစားနေရသေးသည်။ သူ(မ)၏ထိပ်တွင် အမြဲရပ်တည်နေခဲ့သော အကောင်းဆုံးတွေကိုဖန်တီးနိုင်သည့်အစ်မကြီးသည် အံ့ဖွယ်တစ်ခုခုကြောင့် အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်တောင် မနက်ဖြန်ကျင်းပမည့် ပြိုင်ပွဲအားတက်ရောက်ရန် သူ့အတွက်ခက်ခဲနေဦးမည်ဖြစ်သည်။ အာ...အမေလုပ်သည်မှာ မှန်ကန်သည်။ သူ ဒီအတွက် အချိန်အကြာကြီးပြင်ဆင်ခဲ့ရသည်။ အကယ်၍ သူပြိုင်ပွဲမှာ ကောင်းကောင်းယှဉ်ပြိုင်သွားမည်ဆိုလျှင်ပင် ပန်းထိုးရုံရဲ့ဦးစီး ဂုဏ်ပုဒ်သည် သူ(မ)အတွက် အလွယ်တကူဖြစ်လာလိမ့်မည်လော။

ဝမ်ဘိုးဘေးအတွက်တော့ ရွှေလျန်နေရာအားအစားထိုးရန် သူ့အား ကျိန်းသေရွေးချယ်ပေးလိမ့်မည်ဖြစ်သည်။ ဝမ်ဘိုးဘေး ရွေးချယ်လိုက်သည်ဆိုကတည်းက စုမိသားစုကိုယ်တိုင်က သူ(မ)အား ရွေးချယ်လိုက်သည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။ စုရွှေယန်သည် သူ၏မွေးမိခင်နောက်မှနေ၍ သူတို့နေထိုင်ရာခြံဝင်းသို့လိုက်လာရင်း နှလုံးသားတွင်လည်း ယုံကြည်မှုများဖြင့်ပြည့်နေ၏။

စုမိသားစုသည် ထူးချွန်သည့်လေ့လာဆည်းပူးမှုရှိကြသည်။

''ဘုန်း''ကျယ်လောင်သည့် ဒုန်းဒိုင်းမြည်သံတစ်ခုသည် စားပွဲဆီမှ ပျံ့နှံ့လာသည်။ အဖြူနှင့်အပြာကြွေထည်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။ ထိုင်ခုံပေါ်တွင် ဒေါသထွက်နေသူမှာ စုမိသားစု၏ဘိုးဘေးပင်ဖြစ်သည်။

''ရွှေလျန်ကို ငါ့ရဲ့ခြံဝင်းဆီသွားဖို့ အမိန့်ပေးခဲ့တဲ့သူက ဘယ်သူလဲ? ဒီမိသားစုကို အောက်ခြေကနေတည်ဆောက်လာခဲ့တဲ့ ငါတောင် အခုထိ မသေရသေးဘူး။''ဘိုးဘေးသည် အသက်ရှစ်ဆယ်နားရှိနေပြီဖြစ်သော်လည်း သူဒေါသထွက်နေချိန်တွင် သူ၏အရှိန်အဝါသည်ကား ခြောက်လှန့်မှုတို့ရှိနေဆဲပင်ဖြစ်သည်။

''အဖေ...စိတ်လျော့ပါ'' စုမိသားစု၏အကြီးဆုံးသား စုဖန်ဟွာသည် အဖေလုပ်သူ၏ဘယ်ဘက်ခြမ်းတွင် လျင်မြန်စွာရပ်လိုက်ပြီး တောင်းပန်လိုက်၏။

''ပြီးခဲ့တဲ့နှစ်ရက်အတွင်း ကျွန်တော်ပြိုင်ပွဲကြီးကို စီစဉ်နေတာနဲ့ပဲ ရွှေလျန်မှာ ဒီလိုမထင်မှတ်ထားတဲ့မတော်တဆမျိုးဖြစ်သွားခဲ့တာ မသိလိုက်ဘူး။ စုံစမ်းစစ်ဆေးသူပြောတာကတော့ ရွှေလျန်နေတဲ့ဆီကို ထျင်ယီက သူ့ရဲ့အစေခံကို လွှတ်ပြီး အဖေရဲ့ခြံဝင်းမှာ လာတွေ့ဖို့ ပြောခဲ့တယ်တဲ့။ ရွှေလျန် အဲဒီကိုရောက်တော့ အဖေ့ကိုရော ထျင်ယီရဲ့အရိပ်ကိုရောမတွေ့ခဲ့ဘူးတဲ့။ ဘယ်လိုကနေဘယ်လိုဖြစ်ပြီး သူ့ရဲ့ခေါင်းနဲ့ ခုံစောင်း ဆောင့်မိသွားရလဲ ကျွန်တော်လည်းသေချာမရှင်းဘူး...''

စုဖန်ဟွာသည် အချက်လက်ကျကျပြောနေပေမဲ့ သူ့နှလုံးသားထဲမှာတော့ သံသယတချို့ကျန်ရစ်နေသေးသည်။ ရွှေလျန်သည် အမြဲစိတ်ရှည်၍ ဣန္ဒြေရှိသူဖြစ်ပြီး အဘယ်ကြောင့် သူ၏အစေခံမလေးတွေကိုတောင် သူနှင့်အတူမခေါ်သွားရသနည်း။ ရွှေလျန်၏အစေခံနှစ်ဦးအဆိုအရ သူ မထွက်သွားခင် လာမဲ့ပြပွဲအတွက် ပန်းထိုးထည်ကိုတောင် သူနှင့်အတူ ယူဆောင်သွားခဲ့သေးသည်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ပထမဆုံး သူ့ကိုတွေ့ရှိခဲ့သည့် အစေခံနှစ်ဦးသည် မည်သည့်ပန်းထိုးစတစ်စကိုမှ သူတို့မတွေ့ခဲ့ရဘူးဟုဆိုလေသည်။ အခုကိစ္စသည် သွေးရိုးသားရိုးမဟုတ်ဘဲ တစ်စုံတစ်ယောက်၏ကြံစည်မှုဖြစ်နေမည်ကို သူစိုးရိမ်မိခြင်းဖြစ်၏။ ဒါပေမဲ့ အခုတော့...

''ထျင်ယီရဲ့ အစေခံရော...''ဘိုးဘေးသည် ဤအချက်ကိုလည်းတွေးမိသွားကာ မေးလိုက်၏။

''ကျွန်တော် သူ့ကိုရှာဖို့ အစကတည်းက လူတွေလွှတ်ခဲ့ပါတယ်။ .ဒါပေမဲ့ မထင်မှတ်ထားဘဲ...သူက...ရေနစ်သေသွားပြီ''

''ချီးပဲ'' ဘိုးဘေးသည် ဒေါသူပုန်ထကာ စားပွဲအားဆောင့်ချလိုက်တော့သည်။''ဒါက ဘယ်လိုလုပ် မတော်တဆဖြစ်မှာလဲ? သေချာပေါက်တစ်ယောက်ယောက် လုပ်ကြံတာပဲ။ ရွှေလျန် ကောင်မစုတ်လေး...အာ...မြန်မြန် မင်းနဲ့အတူရသလောက်လူတွေခေါ်သွားပြီးစုံစမ်း''

ဘိုးဘေးသည် သူ့သားအားမျက်မှောင်ကုတ်၍ကြည့်လိုက်ပြီးတော့ ''အခုကစပြီး...ရွှေယန် အဲဒီကောင်မလေးကို အဆင်သင့်ပြင်ခိုင်းထားလိုက်။ ဘယ်လိုကိစ္စပဲရှိရှိ စုမိသားစုက ဒီပွဲကိုတက်ကိုတက်ရောက်ရမယ်...''

“နားလည်ပါပြီ ကျွန်တော် သူ့ကိုပြောလိုက်ပါ့မယ်''စုဖန်ဟွာအရိုအသေပေး၍ ပြန်ဖြေလိုက်၏။''

''ဒေါက်တာ ဘာပြောလဲ'' ဆေးရုံခွဲစိတ်ခန်းအပြင်ဘက်တွင် အသက်လေးဆယ်ပတ်လည် အဆင့်အတန်းမြင့်ပုံရသည့် အမျိုးသမီးသည် စုထျင်ယီအားဆွဲ၍ အလောတကြီးမေးလိုက်၏။သူကတော့ စုဖန်ဟွာ၏တရားဝင်ဇနီးကြီး စုမိသားစု၏သခင်မကြီး လီရူရှီပင်ဖြစ်သည်။ အခုအချိန်မှာ သူ(မ)၏အေးချမ်းပြီး တည်ငြိမ်သည့်ပုံစံမျိုးကို ထိန်းသိမ်းထားနိုင်မည်လော။သူ၏အပြုအမှုမှာ မိမိ၏ကလေး သေခြင်းနှင့်ရှင်ခြင်းကြားလွန်ဆုံးနေရသည့်အတွက် အဆုံးမဲ့ပူပန်မှုတစ်ခုဖြစ်နေ၏။

''အမေ''စုထျင်ယီ၏အသံသည် နူးညံ့နေပြီး လီရွှီရီ၏အေးစက်နေသော လက်များအား ဆုပ်ကိုင်လိုက်သည်။အဆုံးတွင် သူသည် ဆက်လက်ပြောဆိုရန်သတ္တိများအား စုစည်းနိုင်ခြင်းမရှိဘဲ သူ၏ခေါင်းကိုသာလျှင် လှုပ်ပြလိုက်လေသည်။

''ထျင်ယီ ဒါက ဘာကိုဆိုလိုတာလဲ...'' လီရွှီရီတစ်ယောက် အကြာကြီးတောင့်ခံထားနိုင်ခြင်းမရှိတော့ဘဲ မျက်ရည်များကျဆင်းလာတော့၏။သူ(မ)၏ဘေးတွင်ရှိသော အစေခံသည်လည်း အကြီးဆုံးသခင်လေးအား ရည်ရွယ်ချက်ရှိရှိကြည့်လိုက်ကာ သူ၏သခင်မအား မျှော်လင့်ချက်အားလုံး မပျောက်ဆုံးသွားအောင်လုပ်ပေးနိုင်မည့် ရလဒ်ကိုမျှော်လင့်နေမိသည်။

''ဆရာဝန်ပြောတာက...''စုထျင်ယီသည် ဆရာဝန်ဆီကသိခဲ့ရသောအရာများကို စုစည်းလိုက်၏။ပြီးသည့်နောက် ထိပ်လန့်မှုအသေးဆုံးဖြစ်နိုင်ချေကို ပြောဖို့ရွေးချယ်လိုက်သည်။

''ဆရာဝန်ပြောတာက...ညီမလေးက...ညီမလေးက ဦးနှောက်မှာဒဏ်ရာရခဲ့တယ်။ သူရဲ့ဦးနှောက်ထဲမှာသွေးတွေခဲနေပြီး ရက်အတော်ကြာသတိမေ့နေနိုင်တယ်တဲ့'' ဒါကတော့ ပထမဆုံးဖြစ်နိုင်ချေဖြစ်ပြီးတော့ ဒီအတွက်ဖြစ်နိုင်ချေကလည်း အလွန်နည်းသည်။ ဖြစ်နိုင်ချေအရှိဆုံးကတော့...အခုကစပြီး ညီမလေးသည် ကိုမာဝင်သွားလိမ့်မည်။ အကယ်၍ နှစ်တစ်ဝက်အတွင်း သူမနိုးလာခဲ့လျှင် ကံမကောင်းစွာဘဲ သူ...စုထျင်ယီသည် ထိုကဲ့သို့စဉ်းစားမိသွားသောအခါ သူ မနေနိုင်တော့ဘဲ အနီးရှိ နံရံပေါ်သို့ ဖျော့ကြသွားတော့သည်။

''အကြီးဆုံးသခင်လေး'' လီရွှီရီ၏အစေခံသည် ထိန့်လန့်တကြီးအော်ခေါ်လိုက်မိသည်။ လီရွှီရီသည် သူ၏သားအားကြည့်လိုက်၏။သူ့သား၏စကားများကိုကြားပြီးသည့်နောက်တွင် သူ(မ)၏စိတ်အခြေအနေသည် တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။ သူ(မ)၏သားသည် သူ၏ညီမလေးအား ထိခိုက်စေခဲ့သည့်သူများအပေါ် ဒေါသတကြီးဖြစ်နေနိုင်၏။ သူ(မ)သည် သားလုပ်သူအား ဖြေသိမ့်လိုက်လေသည်။'' အသက်ကိုမခြိမ်းခြောက်နေသ၍တော့ အဆင်ပြေပါတယ်။ ကျန်တာကတော့ ငါတို့ဒီမှာပဲ ဘာမှမလုပ်ဘဲထိုင်နေလို့မရဘူး။ ဒါပေမဲ့ လာပြောခဲ့တဲ့အစေခံလည်း ဆန်းကြယ်စွာသေသွားခဲ့တယ်။ ဒီနောက်ကွယ်မှာ ရှိနေတဲ့သူကိုတော့ ခန့်မှန်းနေကြည့်စရာတောင်မလိုဘူး။ ကျိန်းသေ ဟို ခွေးမနှစ်ကောင်ပဲဖြစ်မှာ။ မနက်ဖြန် အမေမနက်ဖြန် မင်း အဖိုးဆီသွားပြောမယ်။ အမေကြားတာတော့ တန့်မိသားစုက ဟိုအသုံးမကျတဲ့သားနှစ်​ယောက်က မကြာသေးခင်က တစ်ခုခုလုပ်ဖို့ကြံနေကြတယ်တဲ့။ ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပိုက်ဆံတွေအများကြီးကို လျင်​မြန်စွာပဲ စုဆောင်းနေတာ။ အဲဒီခွေးမတွေရဲ့အားနည်းကို မဖမ်းဆုပ်နိုင်ဘူးဆိုတာ ငါတော့မယုံဘူး။ သူတို့မိသားစု ကိုယ့်အတက်ကိုယ်ဆူးအောင်ငါလုပ်ပြမယ်'' လီရွှီရီသည်သူ၏မျက်လုံးတွင်လည်း ခိုင်မာသည့်ဆန္ဒများရှိနေပြီး သွေးအေးစွာပြောလိုက်၏။ နင်တို့က ငါ့သမီးကို ထိခိုက်အောင်လုပ်တယ်ဆိုတော့ အသက်ရှင်ရတာ ပင်ပန်းနေကြပြီထင်တယ်…။

***

All Chapters