← Chapters

အတူတူနေကြရအောင်

Vol. 1 Ch. 12

အတူတူနေကြရအောင်

Vol. 1 Ch. 12

"ဝါး ပန်းတွေပစ်နေကြပြီ။ သူတို့ပန်းတွေပစ်နေကြပြီ"

ချက်ချင်းပင် လူအုပ်သည် အုတ်အော်သောင်းနင်းဖြစ်သွား၏။

စုရွှေလျန်သည် သူမ၏စပ်စုချင်စိတ်အား မထိန်းသိမ်းထားနိုင်တော့ပေ။ ခြေလှမ်းခပ်သွက်သွက်ဖြင့် လှည့်လိုက်သည်။ အမှန်ပင် သူမနှင့်အနီးဆုံးမှနတ်သမီးသည် ပန်းစည်းကိုကိုင်ကာ သူမရှိသောအရပ်သို့ ရှက်ကိုးရှက်ကန်းကြည့်နေမိသည်။

စုရွှေလျန်သည် ဘယ်ဘက်နှင့်ညာဘက်သို့ မရေမရာကြည့်လိုက်ကာ မည်သူသည် နတ်သမီးအာရုံစိုက်ခံရသည်အထိ ကံကောင်းလိမ့်မည်ကို သိချင်မိသည်။ သူမက နှုတ်ခမ်းကိုက်လိုက်ကာ အပေါ်သို့မော့ကြည့်လိုက်ပြီး နတ်သမီးသည် သူမ၏ပန်းစည်းအား မည်သူ့ဆီသို့ ပစ်မည်ကို မျှော်လင့်စောင့်စားနေမိသည်။

မျှော်လင့်မထားသည်မှာ လင်းစစ်ယောင်သည် သူမ၏ခါးအား နောက်မှကိုင်လိုက်သည်။ လက်တစ်ဖက်အဝှေ့တွင် ၎င်းတို့ရှေ့မှာလူများအား ချက်ချင်းကွက်လပ်တစ်ခုဖြစ်အောင် လုပ်လိုက်သည်။ စုရွှေလျန်အားကိုင်ထားလျက် ခြေလှမ်းအနည်းငယ်မျှခုန်လွှားလိုက်ပြီး မကြာမီပင် လူအုပ်အပြင်သို့ရောက်သွားသည်။

"ယား"

စုရွှေလျန်တစ်ယောက် သတိမထားမိစွာဖြင့် သူမ၏လက်နှစ်ဖက်ဖြင့် သူ၏ခါးအား ဖက်ထားလိုက်မိသည်။ မရေမရာဖြင့် သူ့အားမော့ကြည့်ရန် သူမ၏ခေါင်းအား စောင်းလိုက်မိသည်။ သူ့အားမေးရန် ပါးစပ်ဟရန် ပြင်လိုက်စဉ်တွင်ပင် အလောတကြီးအသံတစ်သံသည် သူမ၏နောက်မှ ထွက်ပေါ်လာသည်။

"သခင်လေး သခင်လေး"

စုရွှေလျန်လှည့်ကြည့်လိုက်ကာ ထိုအသံပိုင်ရှင်မှာ ပန်းစည်းကိုင်ထားသောနတ်သမီးပင်ဖြစ်သည်။ နတ်သမီးသဘောကျသောသူမှာ သူမ၏နောက်မှ ယောင်္ကျားဖြစ်ကြောင်း ရုတ်တရက်သဘောပေါက်သွားမိသည်။

စုရွှေလျန်၏မျက်လုံးများသည် လင်းစစ်ယောင်ဆီသို့ တိတ်တဆိတ်ရောက်သွားကာ ၎င်းအား ပို၍ပင်အေးစက်သွားစေသည်။ သူမက ဝန်ခံရန် သတ္တိမွေးလိုက်သော်လည်း သူသည် အခြားလမ်းသို့ ပျံသန်းသွားနေဆဲဖြစ်သည်။ ထွက်ပြေးရန် ဆုံးဖြတ်လိုက်လျှင်လည်း သူ၏ချွေးပေါက်များကပင် သက်ရှိလူသားအားလုံးအား ချေမှုန်းဖျက်စီးနိုင်မည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။

နောက်ဆုံးတွင် လင်းစစ်ယောင်က သူမကိုအောက်ချပေးလိုက်ကာ ထိုနေရာသည် နတ်သမီးရှိသည့်နေရာဖြင့် လမ်းပေါင်းမြောက်များစွာကွာဝေးသည့် ချွင်ရှန်းရင်ပြင်ဖြစ်သည်။ တိတ်ဆိတ်နေကာ မောင်းသံဗုံသံများကိုလည်း မကြားရပေ။

"ဒါဘယ်နေရာလဲ"

စုရွှေလျန်က မရေမရာဖြင့် မေးလိုက်သည်။ သူမသည် ဘေးပတ်ချာလည်ရှိ လမ်းဘေးဆိုင်မျိုးစုံအား ကြည့်လိုက်မိသည်။

"ရင်ပြင်"

လင်းစစ်ယောင်က ရိုးရိုးရှင်းရှင်းပြန်ဖြေလိုက်သည်။

"ဘာအတွက်လဲ"

သူမသည် လင်းစစ်ယောင်၏ခပ်ပြတ်ပြတ်ပြောဆိုခြင်းအား ကျင့်သားရနေပြီဖြစ်သည်။ ဆက်မေးရမည်ဆိုလျှင်ပင် စိတ်မဆိုးတော့ပေ။

လင်းစစ်ယောင်က ပြန်မဖြေသော်လည်း လူမများလှသည့်ဆိုင်ဆီသို့ သူမကို ဆွဲခေါ်သွားသည်။ ဆန်းသစ်ကာ ခေတ်ဆန်သောကျောက်စိမ်းဆံထိုး၊ နားကပ်၊ အလှဆင်ကြိုး၊ လက်ကောက်များစွာကို ကောက်ယူပြီး သူမ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းလက်စွပ်တစ်ကွင်းထုတ်ယူကာ အိပ်မောကျနေသောဆိုင်ရှင်အား ပစ်ပေးလိုက်သည်။

"ဒါတွေက ကျွန်မအတွက်လား"

စုရွှေလျန်မေးရင်းဖြင့် အဆင်တန်ဆာများကိုကိုင်ကာ ပြုံးလိုက်မိသည်။

လင်းစစ်ယောင်က သူမ၏အပြုံးအကြည့်များကို ရှောင်ဖယ်လိုက်ကာ မသိမသာရှက်သွေးဖြာခြင်းက သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်လာသည်။

"တကယ်တော့ ကျွန်မမှာ ကိုယ်ပိုင်အဆင်တန်ဆာတွေရှိပါတယ်။ ဒါတွေအတွက်နဲ့ ရှင့်ရဲ့ကိုယ်ပိုင်ကျောက်စိမ်းလက်စွပ်ကို ပစ္စည်းချင်းဖလှယ်စရာမလိုပါဘူး"

စုရွှေလျန်သည် တိတ်တဆိတ်ရှင်းပြလိုက်သည်။ ထိုအရာများသည် သူမ၏အကြည့်အား များစွာဖမ်းစားထားယုံသာဖြစ်ကာ အမှန်ပင် ထိုအရာများကို မဝတ်ဆင်ချင်ပေ။

လင်းစစ်ယောင်ပြန်မဖြေ။ ထို့အစား နောက်သို့သာလှည့်လာကာ

"ငါတို့ပြန်ကြမယ်"

၎င်းတို့၏တည်းခိုခန်းသို့ပြန်ရာလမ်းကို ဦးတည်လာကြသည်။

စုရွှေလျန်သည် သူမနှုတ်ခမ်းကိုသာ စူထားနိုင်ပေသည်။ သူသည် မည်သည့်အရာအား ပြောရန်ကြိုးစားနေပါသနည်း။ လက်ဝတ်ရတနာများနှင့် အဆင်တန်ဆာများသည် ထို့သို့ရိုးရှင်းစွာ လက်ဆောင်ပေး၍မရနိုင်သည်ကို သူ မသိသည်လော။ အထူးသဖြင့် လက်မထပ်ရသေးသော သူမကဲ့သို့ မိန်းကလေးမျိုးဖြစ်သည်။ ဆောင့်ကြီးအောင့်ကြီးဖြင့် သူ့နောက်သို့ အမှီလိုက်သွားသည်။ တစ်ယောက်သည် ရှေ့မှဖြစ်ကာ တစ်ယောက်သည် နောက်မှဖြစ်သည်။ နှစ်ယောက်သား လသာသောည၏ပြောင်ရှင်းနေသောလမ်းမများထက်တွင် တဖြည်းဖြည်းလျှောက်နေကြသည်။

တည်းခိုခန်းတံခါးဝသို့ ရောက်သောအခါမှသာ စုရွှေလျန်နှောင့်ယှက်တတ်သောဝံပုလွေပေါက်စနှစ်ကောင်အား သတိရသွားသည်။

"မဟုတ်သေးပါဘူး။ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်ကို မေ့နေခဲ့ပြီ"

သူမသည် ၎င်းတို့နှစ်ကောင်အား ရှာရန်ရည်ရွယ်ချက်ဖြင့် နောက်သို့လှည့်လိုက်သည်။

"သူတို့က ပြန်တောင်ရောက်ပြီ"

လင်းစစ်ယောင်သည် သူမ၏လက်ဖျံအား ဆွဲယူလိုက်ကာ နောက်သို့ညွှန်ပြလိုက်သည်။ ကြည့်ရန် သူမလှည့်လိုက်သည်။ အမှန်ပင် တံခါးဘောင်ထောင့်တွင် ဝံပုလွေနှစ်ကောင်သည် အတူတကွ တိုးဝှေ့ပူးကပ်ကာ အိပ်ပျော်နေကြသည်။

…

နောက်တစ်နေ့မနက်တွင် စုရွှေလျန်တစ်ယောက် သူမဘေးမှ နူးညံ့ကာနွေးထွေးသောခံစားမှုမျိုးဖြင့် နိုးထလာသည်။ မျက်လုံးများဖွင့်ကြည့်လိုက်သောအခါ ဝံပုလွေပေါက်နှစ်ကောင်သည် သူမဘေး၌ တစ်ဖက်တစ်ချက်စီတွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများပြူးကာ သူမအားကြည့်လိုက်သည်။

“ရှောင်ချွမ်, ရှောင်ရွှယ်...”

စုရွှေလျန် ကပြုံးကာ နူးညံ့ညင်သာစွာဖြင့် အမွေးပွများကို ပွတ်သပ်ပြီးပြောလိုက်သည်။

ဪ ဟုတ်သားပဲ။ မင်းတို့နှစ်ကောင်ကို အခန်းထဲတွေဝင်ဖို့ ခွင့်မပြုထားပါဘူး။ အဲ့လိုဆို ဘယ်လိုလုပ်အခန်းထဲရောက်လာတာလဲ"

ထိုသို့သဘောပေါက်သွားပြီးနောက်တွင် မေးခွန်းမေးရန်အတွက် ပါးစပ်ဟရန် ပြင်လိုက်သည်။ ဝံပုလွေနှစ်ကောင်သည် သူမ၏မေးခွန်းများကို နားလည်သည့်ဟန်ဖြင့် ညင်သာစွာ သူမ၏အဝတ်အစားများအား ဆွဲယူလိုက်ပြီး အခန်းထဲရှိပြတင်းပေါက်ကြီးနားသို့ ခေါ်သွားသည်။

"အဲ့ကနေခုန်လာတာလား"

စုရွှေလျန်က မျက်ခုံးတွ့န်လိုက်ကာ ပြတင်းပေါက်ကို ညွှန်ပြလိုက်သည်။ မေးလိုက်ရင်းဖြင့် ငုံ့ကြည့်ရန် ပြတင်းပေါက်မှခေါင်းထုတ်လိုက်သည်။ သစ်ပင်ကြီးကြီးမားမားမရှိသကဲ့သို့ တွယ်တက်ရန် ကျောက်တုံးများလည်းမရှိပေ။ မြေပြင်မှ တိုက်ရိုက်ခုန်လာသည်လော။

လက်တွေ့မဆန်သောအမှန်တရာအား စဉ်းစားနေစဉ်တွင်ပင် စုရွှေလျန်သက်ပြင်းချလိုက်မိသည်။ ဝံပုလွေများသာ မိဘများကဲ့သို့ အားကောင်းကာကြီးထွားလိုက်လျှင် ပတ်ဝန်းကျင်၏မျက်လုံးများမှဖုံးကွယ်ထားရန် သေချာပေါက်ခက်ခဲပေလိမ့်မည်။ ဝံပုလွေရိုင်းများသာဖြစ်ပြီး ခွေးများမဟုတ်ကြောင်း သိသွားကြပါလျှင် ရလဒ်သည် မတွေးဝံ့စရာပင်။ လူထူထပ်သောမြို့မျိုးတွင် ၎င်းတို့အတွက် ကြမ်းတမ်းခက်ခဲပေလိမ့်မည်။

….

တည်းခိုခန်း၏နားနေရာတွင် နှစ်ဦးသားသည် ရိုးရှင်းကာအရသာရှိသောမနက်စာအား စားသုံးနေကြသည်။ ကြက်သွန်နီပါသည့် လူး၊ ဆပ်၊ အားလူးတို့ဖြင့်လုပ်ထားသော ဆန်ပြုတ်မျှသာဖြစ်သည်။ နောက်တွင်မှ စုရွှေလျန်၊ လင်းစစ်ယောင်နှင့် ဝံပုလွေနှစ်ကောင်သည် မြို့၏လမ်းမများထက်တွင် အနားယူလမ်းလျှောက်ထွက်ကြသည်။ တဖြည်းဖြည်းဖြင့် လူနှစ်ဦးနှင့် ဝံပုလွေနှစ်ကောင်သည် ရေကန်နားသို့ ရောက်သွားပြန်သည်။

ငြိမ်သက်အေးချမ်းနေသောအစိမ်းရောင်ရေကန်ကိုကြည့်ကာ စုရွှေလျန်၏အတွေးများသည် နောက်တစ်ဖန် သူမ၏နှလုံးသားထဲမှထွက်ပေါ်လာပြန်သည်။ သို့သော်လည်း ခံ့ညားချောမောသောယောင်္ကျားပျိုအား စောင်းငဲ့ကြည့်လိုက်ကာ သူသာသဘောတူမည်ဆိုလျှင် အံ့ဩမိပေမည်။

"ရှေ့ရေးအတွက် အစီအစဉ်များရှိလား"

စုရွှေလျန်က သူ့ကိုကြည့်ကာ သူ၏အမူအရာအား အဓိပ္ပာယ်ဖော်ရန် ကြိုးစားနေသည်။ ကံမကောင်းစွာဖြင့်ပင် သူ၏မျက်နှာသည် အသက်မဲ့ကာအေးစက်နေဆဲဖြစ်သည်။

လင်းစစ်ယောင်ခဏရပ်လိုက်၏။ နှုတ်ခမ်းပါးများကိုဟကာ ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။

"မရှိဘူး"

စုရွှေလျန်သည် နှုတ်ခမ်းပါးလေးများကိုက်ကာ ချီတုံချတုံးဖြစ်နေသည်။ မည်သို့စတင်ရမည်ကို မသိသောကြောင့် ရေကန်ကိုကြည့်ရန် ခေါင်းပြန်လှည့်လိုက်သည်။ သူ၏အ‌ဖြေသည် သူမအား မျှော်လင့်ချက်အနည်းငယ်မျှပေးလိုက်သည်ဆိုလျှင်ပင် သူမ၏တောင်းဆိုမှုအား အမှန်တကယ်လိုက်လျောမည်လော။

"ဘာပြောမလို့လဲ?"

"ဘာကိုလဲ"

သူမချီတုံချတုံဖြစ်သည်ကိုမြင်နေသောကြောင့် လင်းစစ်ယောင်သည် ကျောက်တုံးခုံပေါ်တွင်ထိုင်ကာ သူမအား နူးညံ့စွာကြည့်လိုက်သည်။ ထို့နောက် သူသည် ဘေးတွင်နာခံစွာထိုင်နေသောဝံပုလွေနှစ်ကောင်အား တစ်ချက်မျှကြည့်လိုက်ကာ တစ်ကောင်သည် ညာဘက်တွင်ရှိပြီး တစ်ကောင်သည် ဘယ်ဘက်တွင်ကာ စောင့်ကြပ်နေသည့်ပုံစံဖြစ်သည်။

စုရွှေလျန်သည် သင့်လျော်မည့်စကားလုံးများအား တွေးလိုက်ပြီးနောက် လေးနက်သောမျက်နှာထားဖြစ်နေသော လင်းစစ်ယောင်အား ကြည့်လိုက်သည်။ သူမက သတိကြီးစွာ ပြောလိုက်သည်။

"ကျွန်မပြောမဲ့စကားက ရှင့်ကို တုန်လှုပ်သွားစေနိုင်တယ်။ ဒါပေမဲ့ အခု ဒါကိုစဉ်းစားနေတာ အတော်လေးကြာပြီ။ နားထောင်ချင်ရဲ့လား"

လင်းစစ်ယောင်မျက်ခုံးပင့်လိုက်သည်။ သူမ၏လေးနက်နေသောမျက်နှာထားကို ယခင်က မမြင်ဖူးခဲ့ပေ။ ပထမဆုံးတွေ့ဆုံခြင်းမှ ယခုအချိန်အထိ အမြဲတမ်းပင် နူးညံ့သောအမူအရာသာ ရှိခဲ့သည်။ သူမ၏ဆုံးဖြတ်ထားသောမျက်နှာအား ပထမဆုံးအကြိမ်မြင်လိုက်ရခြင်းဖြစ်သည်။

သူမအတွက် ပြောရန်ထိုမျှလောက်ခက်ခဲနေသည်မှာ မည်သည့်အရာများဖြစ်မည်နည်း။ သူမ၏ကိုယ်ပိုင်လမ်းကို လျှောက်လှမ်းချင်နေသည်လော။ လင်းစစ်ယောင် ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။ အမှန်တွင် နူးညံ့လှသောမိန်းကလေးသည် သူ့ကဲ့သို့သူမျိုးနှင့် အဘယ့်ကြောင့် နေချင်မည်နည်း။

"ကျွန်မတို့...ဆိုလိုတာက ကျွန်မတို့နှစ်ယောက်က အတူတူနေကြမယ်ဆိုရင်ရော ရှင်အဆင်ပြေပါ့မလား"

စုရွှေလျန်ခပ်မြန်မြန်ပြောလိုက်သည်။ သတ္တိမွေးထားသည့်အတွက် ခြေကုန်လက်ပန်းကျနေသောကြောင့် သူမ၏ပန်းထိုးထားသောဖိနပ်ကိုသာ ငုံ့ကြည့်နေမိသည်။ သူမဘေးရှိ ထိုအမျိုးသားအား မော့ကြည့်ရန်ဆန္ဒမရှိပေ။

လင်းစစ်ယောင်တစ်ယောက်အသိစိတ်လွတ်သွားသည်။ သူမပြောခဲ့သည်မှာ အမှန်ပင် ထိုသို့ဆိုလိုသည်လော။ သူမသည် သူနှင့်အတူနေရန် ဆန္ဒရှိနေသည်လော။ သူမထိုသို့ဆိုလိုခဲ့ခြင်းပေလော။

လင်းစစ်ယောင်၏မျက်လုံးများက ဖမ်းမိရန်ခက်ခဲသောအပြုံးတစ်ပွင့်ဖြင့် ရောင်ပြန်ဟပ်သွားသည်။ သူ့ဘေးရှိရှက်နေသောမိန်းကလေးအား ကြည့်လိုက်သည်။ လှပသောမိန်းကလေးမှ ထိုသို့တုန်လှုပ်စေသောစကားလုံးမျိုး ပြောရသည်မှာ သူမအတွက် ခက်ခဲသင့်ပေသည်။

"ကောင်းပြီ"

လင်းစစ်ယောင်ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ တစ်ယောက်ယောက်သည်သာ ဂရုတစိုက်နားထောင်နေပါလျှင် သူ၏အသံရှိပျော်ရွှင်မှုအား သတိထားမိပေလိမ့်မည်။

"... ..."

စုရွှေလျန်သူ၏အဖြေအားကြားသောအခါ အံ့ဩစွာဖြင့် ခေါင်းမော့လာမိသည်။

"ရှင်..ရှင်အဆင်ပြေတယ်ပေါ့လေ"

နီမြန်းနေသောမျက်နှာဖြင့် အတည်ပြုရန်မေးလိုက်သည်။

လင်းစစ်ယောင်ခေါင်းညိတ်ပြလိုက်၏။ သူ့ဘေးရှိလေအေးသည် မြင့်တက်သွားကာ မျက်နှာတွင် အပြုံးခပ်ရေးရေးလေးထင်လာ၏။

"ဘာကြောင့်လဲဆိုတာ မမေးတော့ဘူးလား"

အခုတွင် သူမ၏တောင်းဆိုမှုအား လက်ခံပြီးဖြစ်သည်။ သူမစိတ်သက်သာရာရသွားကာ အသံအနေအထားသည် ပုံမှန်ပြန်ဖြစ်သွားသည်။

"မေးဖို့မလိုပါဘူး"

လင်းစစ်ယောင်ခေါင်းခါပြလိုက်သည်။ သူမနှင့်အတူရှိလျှင်ပင် လုံလောက်ပြီဖြစ်သည်။ သူမ၏အကြောင်းပြချက်များအား ဂရုမစိုက်ပါ။

စုရွှေလျန်က ခပ်ရေးရေးလေးပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သူမအတွက် ယခုကမ္ဘာတွင် တစ်ယောက်တည်းနေရန်မှာ လွန်စွာခက်ခဲပေလိမ့်မည်။ အိမ်ဝယ်ခြင်းမဆိုထားနှင့် လယ်ကွက်တစ်ကွက်အတွက်ငွေပေးချေရန်မှာပင် ညှိနှိုင်းရန် ယောင်္ကျားတစ်ယောက်လိုအပ်ပေသည်။ ထို့ထက်ပို၍ အိမ်တစ်အိမ်တွင် မိန်းကလေးတစ်ယောက်တည်းနေရန်မှာ အများမျက်စိကျစရာဖြစ်ပေလိမ့်မည်။

စုရွှေလျန်သည် ရှေးခေတ်လူများသည် "တံခါးပေါက်ကမုဆိုးမ အရွေးအခံရဆုံး" ဟူသောစကားပုံအား ပြောဆိုတတ်ကြသည်ကိုသိသည်။ သူမသည် မိန်းမပျိုလေးသာဖြစ်သည်။ သူမအား ကာကွယ်ပေးရန် ဝံပုလွေနှစ်ကောင်ရှိသည်ဆိုလျှင်ပင် မလုံလောက်ပေ။ ထို့အပြင် ရှောင်ချွမ်နှင့် ရှောင်ရွှယ်သည် ပို၍ကြီးလာကြပြီဖြစ်ကာ မြို့ထဲမှလူများမှ မကြာမီပင်သိသွားကြပေမည်။ မြို့သည်သာ သူတို့အား နှင်ထုတ်လိုက်လျှင် သူမပို၍ဖိအားများပေလိမ့်မည်။ ထို့ကြောင့် လင်းစစ်ယောင်တွင် အခြားအစီအစဉ်မရှိလျှင် သူနှင့်အတူတူနေခြင်းကသာ အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။

"ဒါက ကျွန်မတို့ရဲပိုင်ဆိုင်မှုအကုန်ုလုံးပဲ။ အိမ်တစ်လုံးဝယ်ဖို့ လုံလောက်လားဆိုတာသိလား"

စုရွှေလျန်သည် သူမ၏အိတ်ထဲမှငွေများကို သွန်ချလိုက်ကာ သူ့အားမေးလိုက်သည်။

လင်းစစ်ယောင်က သူမအား တစ်ချက်လှမ်းကြည့်လိုက်ကာ အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူမသည် အဘယ့်ကြောင့် ထိုမျှယုံကြည်နေပါသနည်း။ မတိုင်မီက‘ကျောက်စိမ်းအမြုတေနတ်ဆေးရည်' ယခုတွင် သူမသည် သူမ၏အဖိုးတန်အရာအားလုံးအား ပြသနေသည်။ အခြားသူတစ်ယောက်သာဆိုလျှင် သူမ၏ပိုက်ဆံများကိုခိုးယူကာ အကူအညီမဲ့ဖြစ်သွားရှာပေမည်။

သို့သော်လည်း လင်းစစ်ယောင်၏နှုတ်ခမ်းများက ကွေးတက်သွားသည်။ သူမပြောသော "ကျွန်မတို့" ၊ "ကျွန်မတို့အိမ်"ဆိုသောအသုံးအနှုန်းများကြောင့်ဖြစ်သည်။ သူမသည် သူ့အားမိသားစုတစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူထားပြီးဖြစ်သည်။ ထိုမျှပင်လုံလောက်သည်။ လုံခြုံရေးအတွက်မူ သူက ဂရုစိုက်ပေးလိမ့်မည်။

"ငါစုံစမ်းကြည့်ပါ့မယ်"

စုရွှေလျန်အား ငွေတုံးများ ပြန်ကူထည့်ပေးပြီးနောက်တွင် လင်းစစ်ယောင်ထလာကာ တံခါးဆီသို့ လျှောက်သွားသည်။

"ငွေတုံးတွေယူမသွားတော့ဘူးလား"

စုရွှေလျန်က‌ မေးလိုက်သည်။ အချက်အလက်များစုဆောင်းသည်ဆိုလျှင်ပင် ပိုက်ဆံသည် လိုအပ်ပေသည်။

"မလိုဘူး"

သူ၏ခြေလှမ်းများကိုရပ်တန့်လိုက်ကာ လင်းစစ်ယောင်က နောက်စကားတစ်ခွန်းကိုမပြောခင်ပင် ပြန်ဖြေလိုက်သည်။

"ပိုက်ဆံတွေကို အမြဲတမ်းအလွယ်တကူမထုတ်နဲ့"

"ရှင့်ကိုပြဖို့အတွက်ပဲ မဟုတ်လား။ အိမ်ဝယ်ဖို့ လောက်လားဆိုတာ သိစေချင်ယုံတင်ပါ..."

ခေါင်းကိုငုံ့ကာ သူမက တိတ်တဆိတ်ရေရွတ်လိုက်သည်။

လင်းစစ်ယောင်သည် သူမ၏စောဒတက်မှုအား အလွတ်မပေးပေ။ မျက်လုံးများက ပျော်ရွှင်မှုအား ခန့်မှန်းနေသည်။ ထို့နောက်တွင် သူသည် ရေပေါ်ပျံခြင်းနည်းစနစ်အားသုံးကာ တည်းခိုခန်းဆီသို့ ထွက်ခွာသွားသည်။ လမ်းများကိုဖြတ်ကျော်ကာ အိမ်ရောင်းသည်နှင့်ပက်သက်သည့်ကြော်ငြာများကို လင်းစစ်ယောင်တစ်ယောက် လိုက်ရှာနေမိ၏။

***

All Chapters