← Chapters

ဖန်းဟွာမြို့၏ ခေါင်းမာသောလယ်သူမအမျိုးသမီးကြီး

Vol. 1 Ch. 14

ဖန်းဟွာမြို့၏ ခေါင်းမာသောလယ်သူမအမျိုးသမီးကြီး

Vol. 1 Ch. 14

ဖန်းဟွာမြို့သည် နာမည်သာမြို့ဖြစ်သော်လည်း အိမ်ဒါဇင်အချို့သာရှိသောရွာတစ်ရွာထက်မပိုပေ။ ရွာသားများသည် ထိုသို့ခေါ်ရသည်ကိုသာအသားကျနေကြသည်မှာ ဖန်းလော့မြို့အနီးအနားတွင် အခြားမြို့မရှိသောကြောင့်ဖြစ်သည်။ ဖန်းဟွာ(ပွင့်လန်းနေသောပန်းများ) ဆိုသောနာမည်သည် လွန်ခဲ့သောနှစ်များမှ ဆင်းသက်လာခြင်းဖြစ်ကာ ထိုနေရာသို့ ပထမဆုံးရောက်လာခဲ့သောလယ်သမားများက မက်မွန်ပန်းပင်မျိုးစေ့များစွာအား ထိုနေရာတွင် စိုက်ပျိုးခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုမျိုးစေ့များမှပေါက်ဖွားလာသောမက်မွန်ပင်များသည် နွေရာသီကာလတွင် အားလုံးပွင့်ဖူးဝေဆာကြကာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းအား ဖန်တီးပေး၏။ အလွန်ပင် လှပတင့်တယ်ပေသည်။

ဖန်းဟွာမြို့တွင် စုစုပေါင်း မိသားစု ၂၈စုသာရှိသည်။ မများလှသော်လည်း အခြေချနေထိုင်မှုသည် အနီးအနားရှိ ချင်ထျန်းမြို့နှင့် လော့ရွှေမြို့တို့နှင့် နှိုင်းစာလျှင် အတော်လေးနေထိုင်ကြသည်ဟု စဉ်းစားနိုင်ပေသည်။

"မြင်ကွင်းကဒီလောက်ကောင်းလိမ့်မယ်လို့ မျှော်လင့်မထားဘူး"

စုရွှေလျန်သည် နှစ်မီတာပတ်ချာလည်နေရာတိုင်း၌ မက်မွန်ပန်းများဖူးပွ့င်နေသောမြင်ကွင်းကို မချီးကျူးဘဲ မနေနိုင်ပေ။ ရွာလယ်ရှိရေကန်ငယ်လေးတစ်ခုအပေါ်သို့ အုပ်မိုးနေသောမိုးမခပင်တစ်ပင် ပင်ရှိသေး၏။

"မင်းတို့က ဒေသခံမဟုတ်ကြဘူးမလား"

ပုခုံးထက်တွင် ထယ်တစ်လက်ထမ်းထားသောလယ်သမားတစ်ယောက်က မေးလိုက်သည်။ သူသည် စုရွှေလျန်ဘေးမှ လယ်တောဆီသို့ဖြတ်သွားခြင်းဖြစ်သည်။ သူကပြုံးကာမေးလိုက်၏။

"ဟုတ်ပါတယ်။ ဦးလေးကြီး။ အလုပ်သွားမလို့လား"

စုရွှေလျန်က ပြန်ပြုံးပြကာမေးလိုက်၏။

"ဟုတ်တယ်။ စောပြီးအေးသေးတယ်ဆိုပေမဲ့လို့ အဲ့ကိုလမ်းလျှောက်သွားရင် အချိန်ယူရတယ်လေ။ နောက်ကျရင် ပူလာလို့ ဒီလိုသွားနိုင်မှာမဟုတ်ဘူး"

လယ်သမားက စုရွှေလျန်နှင့် လင်းစစ်ယောင်အား ခေါင်းညိတ်ပြလိုက်ကာ လယ်ကွင်းများရှိသော ဖန်းဟွာမြို့၏ အရှေ့ပိုင်းဆီသို့ ဆက်လျှောက်သွားသည်။

"ဟုတ်သားပဲ။ ဦးလေးကြီး ဒီမှာအိမ်ရောင်းမှာလေးများရှိမလား သိလို့ရမလား"

စုရွှေလျန်သည် ထိုမြို့သို့လာရသည့်ရည်ရွယ်ချက်အား မှတ်မိနေဆဲဖြစ်ကာ ထပ်မံပြုံးလိုက်ပြီး လယ်သမားအားပြောလိုက်သည်။ လင်းစစ်ယောင်မေးသည့်ပုံစံဖြင့် အိမ်ရောင်းသည်နှင့်ပက်သက်သောမည်သည့်အချက်အလက်မှ မရရှိမည်မှာသေချာသည်။ သူမဘာသာလုပ်ရပေတော့မည်။

"မိန်းကလေးက အိမ်ဝယ်ချင်တာလား"

လယ်သမားသည် မိမိရှေ့မှ လူနှစ်ဦးအား ထူးဆန်းစွာကြည့်လိုက်မိသည်။ အမျိုးသားသည်တောင့်တင်းနေသည့်ပုံပေါ်သော်လည်း ထိုမြို့ရှိယောင်္ကျားများနှင့်နှိုင်းစာလျှင် ပို၍ချောပေသည်။ မိန်းကလေးသည်လည်း ပန်းလေးကဲ့သို့လှပကာ ယဉ်ကျေးပျူဌာပြီး ကျက်သရေရှိလှ၏။ ၎င်းတို့နှစ်ဦး၏ အငွေ့အသက်နှင့်စိတ်နေသဘောထားကိုကြည့်လျှင်ပင် ထိုသို့ဆင်းရဲသောရွာမျိုးတွင် အခြေချရန် မလိုအပ်ပေ။

"အမှန်ပါပဲ ဦးလေးကြီး။ ဒီမှာအခြေချဖို့တကယ်ပဲ စီစဉ်နေတာပါ"

စုရွှေလျန်က ပြုံးကာပြောလိုက်သည်။

"အင်း သေတော့မသေချာဘူး"

လယ်သမားသည် ခေတ္တမျှစဉ်းစားနေကာ ခေါင်းရမ်းပြလိုက်၏။ အဘိုးကြီးသုံထုန်နှင့်သူ၏ဟွာမိသားစုသည် မြို့သို့ပြောင်းရွှေ့ရန် စီစဉ်နေကြကြောင်း အခြားသူများဆီမှကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ထိုအိမ်ထဲတွင် နေထိုင်နေကြဆဲဖြစ်ကာ အမှန်တကယ်ပြောင်းမည် မပြောင်းမည်ဆိုသည်က ပြောရန်ခက်ခဲ၏။ ထို့အပြင် ဟွာမိသားစုသည် ရွာထဲတွင် ဇီဇာအကြောင်ဆုံးသူများအဖြစ် နာမည်ကြီးသည်။ ၎င်းတို့အား ထိုသို့ခေါ်သွား၍ အခြေအနေအား ကောင်းကောင်းမကိုင်တွယ်နိုင်ပါလျှင် ဟွာအိမ်ရှင်မမှ သူ့အား ဆူပူကြိမ်းမောင်းပေလိမ့်မည်။

"ဦးလေးကြီး ကျွန်မတို့က တကယ်ဒီမှာနေချင်တာပါ။ အိမ်ရောင်းမှာများသိရင် လမ်းညွှန်ပြပေးပါ။ ဦးလေးအလုပ်များနေရင် ကျွန်မတို့ဘာသာ သွားလိုက်ပါ့မယ်"

ထိုလူ၏အသံနေအသံထားကိုနားထောင်ကြည့်လျှင် အိမ်ရောင်းစရာရှိမှန်း သူမသိသည်။ ထို့ကြောင့် လျင်လျင်မြန်မြန်မေးလိုက်လေ၏။

"ဒီအဖိုးကြီးက ကူညီမပေးချင်တာမဟုတ်ပါဘူး...အားယား"

၎င်းတို့၏လေးနက်သောအသံနေအသံထားကိုနားထောင်ကြည့်လျှင်ပင် အမှန်တကယ်အခြေချရန်ဆုံးဖြတ်ထားပြီးမှန်းသိနိုင်သည်။ ထို့ကြောင့် သူကူညီရန်ဆန္ဒရှိ၏။ သူ၏ဇနီးကိုသွားခိုင်းကာ စုံစမ်းမေးမြန်းခိုင်းပေမည်။ သတင်းရှိပါလျှင် ၎င်းတို့နှစ်ဦးအား ရောင်းမည့်သူများဆီသို့ ခေါ်သွားပေးမည်ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့။ စောစောစီးစီး နှောင့်ယှက်ရတာ ခွင့်လွှတ်ပါ"

စုရွှေလျန်က ဦးလေးကြီးအား သဘောတူကာ တောင်းပန်လိုက်သည်။ သူမသည် လင်းစစ်ယောင်အား ဆွဲခေါ်လိုက်ကာ လယ်သမားကြီး၏အိမ်နောက်သို့လိုက်သွားသည်။

လယ်သမား၏အိမ်သည် မြို့၏အနောက်မြောက်အရပ်တွင်တည်ရှိသည်။ ခြံဝန်းငယ်လေးရှိကာ ယောင်္ကျားတစ်ယောက်၏အရပ်လောက်မြင့်သော ရွှံ့စေးနံရံများရှိသည်။ အထဲသို့ ဝင်လိုက်လျှင်ပင် အဆောက်အဦးတစ်ခုလုံး၏ဖွဲ့စည်းပုံကို မြင်နိုင်ပေသည်။ အိမ်တွင် အဓိကအခန်းကြီးသုံးခန်းနှင့် အရံအခန်းငယ်နှစ်ခန်းရှိသည်။ စုရွှေလျန်သည် ထိုအခန်းငယ်နှစ်ခန်းမှာ မီးဖိုချောင်နှင့် စတိုခန်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ ခြံဝန်းထောင့်တွင် ဘဲများတွက် ရေအိုင်ငယ်လေးရှိကာ အခြားနေရာတွင် တည်သီးပင်များပေါက်ရောက်နေသည်။ အိမ်ဘေးတွင် ခြံစည်းရိုးငယ်ခတ်ထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းရှိသည်။ ထိုလူများ၏မျက်နှာကိုကြည့်လျှင်ပင် အပြုံးတစ်ပွင့်သယ်ဆောင်လာပေးနိုင်သည်။

"ဦးလေးတို့အိမ်က တကယ်သပ်ရပ်ပြီး ရှင်းလင်းနေတာပဲ"

စုရွှေလျန်သည် ဦးလေးနောက်မှ အိမ်ထဲသို့ လိုက်ပါလာကာ အခန်းဖွဲ့စည်းပုံအား တစ်ချက်ကြည့်၍ ပြောလိုက်သည်။

"ဟားဟား ဒီစကားတွေသာ ငါ့မိန်းမကြားရင် ပျော်နေတော့မှာပဲ။ သူ့လက်ရာတွေချည်းပဲလေ"

လယ်သမားကြီးက ခေါင်းကိုကုတ်ကာ ပြန်ဖြေလိုက်သည်။

"ဘာတွေပြောနေတာလဲ။ အဓိပ္ပာယ်မရှိတာတွေ။ သွားတော့မယ်လို့ ပြောခဲ့တယ်မလား။ ဘာလို့အစောကြီးပြန်လာတာလဲ"

ကြင်နာတတ်သောအသံတစ်သံထွက်ပေါ်လာကာ အသက်ငါးဆယ်အရွယ်ရှိ လယ်သူမမိန်းမကြီးတစ်ယောက်သည် ခန်းစီးကိုမကာ အခန်းထဲမှ ထွက်လာသည်။ လယ်သမားကြီးတို့အတွဲသည် လွန်စွာတူညီသော စိတ်နေသဘောထားရှိသည်ကို သတိထားမိသည်။

"ဒီမိန်းကလေးက ဘယ်မိသားစုကလဲ။ နတ်သမီးလေးလိုလှလိုက်တာ"

လယ်သမားအမျိုးသမီးကြီးက စုရွှေလျန်ကိုအနားဆွဲကာ ပြောလိုက်သည်။ သူမက ဂရုတစိုက်လေ့လာကာ မိန်းကလေး၏မျက်နှာအား အံ့ဩနေမိသည်။

စုရွှေလျန်၏ပါးနှစ်ဖက်သည် ထိုစကားကိုကြားသောအခါ ရှက်လာသည့်အတွက် ပန်းဆီရောင်သမ်းလာ၏။

"တော်ပြီ။ အိမ်ထဲဝင်ပြီး ရေတိုက်လိုက်ပါဦး။ ကောင်မလေးရှက်နေတာကို မမြင်ဘူလား"

လယ်သမားကြီးက ဇနီးအား လျင်မြန်စွာ ဆွဲခေါ်လိုက်ကာ ထိုင်ရန်ခေါ်သွားလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

စုရွှေလျန်ကပြောလိုက်သောအခါတွင် လယ်သူမအမျိုးသမီးကြီးက ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်၏။ သူမတစ်ကျိုက်သောက်လိုက်သည်။ ရေခွက်အား ချပြီးနောက်ပိုင်းတွင် မိန်းကလေး၏အကြည့်နှင့်အပြုံးအား သတိထားမိသည်။ စုရွှေလျန်က နားများထိ ပါးများရဲတက်လာသည်။

"အဟင်း အဟင်း အဖိုးကြီး။ ဒီမိန်းကလေးဘယ်လောက်လှလဲကြည့်ပါဦး။ နတ်သမီးလေးလိုပဲ။ မိန်းကလေး အသက်ဘယ်လောက်ရှိပြီလဲ"

အဘိုးကြီးက ဇနီးအား အတိုချုံးပြောလိုက်ကာ မကြာမီပင် အလျင်စလိုထွက်သွားသည်။ ထို့နောက် သူမသည် စုရွှေလျန်ဘေးသို့ထိုင်လိုက်ကာ လက်ကိုဆွဲလိုက်ပြီး လက်ဖမိုးပေါ်ကို အုပ်ကိုင်လိုက်သည်။ လက်လေးအား နူးညံ့စွာပုတ်လိုက်ကာ သူမ၏စိတ်ထဲတွင် အကြံတစ်ခုရှိနေသည်။

“....”

စုရွှေလျန်သည် အံ့ဩသွားကာ အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်လိုက်သည်။ သူမအသက်အရွယ်အားခေါင်းစဉ်ထားကာ အမျိုးသမီးကြီးသည် မည်သည့်အကြောင်းပြောလာမည်ကို သူမ မသိသော်လည်း သူမအသက်ကိုပင် သေသေချာချာမသိတော့ပေ။ ၁၃၊ ၁၄၊ သို့မဟုတ် ၁၅နှစ်ဖြစ်နိုင်မည်လား။

စုရွှေလျန်သည် စိတ်ထဲတွင်ခေါင်းရမ်းပြလိုက်၏။ ထို့နောက် သူမစိတ်ဆုံးဖြတ်လိုက်၏။

"၁၅နှစ်ပါ"

အသက်ကြီးသောအရွယ်သည် အန္တရာယ်မဖြစ်နိုင်ပေ။ စုရွှေလျန်ကစဉ်းစားကာ ပြန်ဖြေလိုက်၏။

"ပြည့်စုံသွားပြီ"

အမျိုးသမီးက ပျော်ရွှင်စွာ ရယ်မောလိုက်၏။ အခြားအခန်းထဲရှိ သူမ၏ခင်ပွန်းအား သူမက အော်ပြောလိုက်သည်။

"အဘိုးကြီး ပြောပါဦး။ ကျွန်မတို့ဒုတိယသားအတွက် သင့်တော်တဲ့အသက်အရွယ်ပဲမလား"

စုရွှေလျန်တစ်ယောက် အမျိုးသမီးပြောသည်ကိုကြားပြီးနောက်ပိုင်းတွင် အတွေးများရပ်တန့်သွားရသည်။ သူမသွားလေပြီ။ ထိုအမျိုးသမီးကြီးသည် သန့်ရှင်းသပ်ရပ်ကာ စွမ်းဆောင်နိုင်သည့်ပုံပေါ်သော်လည်း သူမအား ထိုသို့စကားမျိုးပြောလိုက်ခြင်းပင်။ သူမ၏ဒုတိယသားဖြစ်သူနှင့်ပင် လက်ထပ်စေချင်နေသည်။ သတိပင်မထားဘဲ ဝံပုလွေဂူထဲသို့ လျှောက်သွားခြင်းမဟုတ်လော။

အတွေးများစဉ်းစားနေစဉ်တွင်ပင် သူမ၏ခန္ဓာကိုယ်သည် လင်းစစ်ယောင်ထိုင်နေသောဘယ်ဘယ်သို့ ရွေ့လျားသွား၏။ ခေါင်းလှည့်ကြည့်လိုက်သောအခါ အကြည့်တစ်ခုကိုတွေ့လိုက်ရသည်။ အေးစက်သောမျက်လုံးများကိုကြည့်လိုက်ကာ စုရွှေလျန်တစ်ယောက် စိတ်သက်သာရာရသွားသည်။ မှန်ပေသည်။ သူမဘေးတွင် သူရှိနေလျှင် မည်သည့်အကြောင်းအား စိတ်ပူရမည်နည်း။

အခြားခန်းတွင် လယ်သမားကြီးသည် လက်ဖက်ရည်အား ခက်ခက်ခဲခဲမျိုချနေရသည်။ မိမိဘာသာမတည်ငြိမ်ခင်တွင်ပင် အကြိမ်ပေါင်းများစွာချောင်းဆိုးနေသည်။

"ဘာလဲ။ ဒီလောက်သင့်လျော်တာမတွေ့ဖူးမလား။ ကျွန်မတော့ သဘောတူတယ်။ ကျွန်မသားက တည်ငြိမ်ပြီး ဆိုးတဲ့ပုံလည်းမပေါ်ပါဘူး။ ကလေးကလည်း ရုပ်ဆိုးမှာမဟုတ်ဘူးဆိုတာ အာမခံတယ်။ ပြီးတော့ အရေးကြီးဆုံးက အသက်က တကယ်လိုက်ဖက်ညီတယ်။ ဒုတိယသားက ၁၈နှစ်။ မင်းက၁၅နှစ်။ အသက်သုံးနှစ်ပဲကွာတယ်။ လိုက်ဖက်တယ်လေ။ ဟားဟားဟား"

ခင်ပွန်းဖြစ်သူ ပြန်မဖြေသည်ကို တွေ့သောအခါ အဘိုးကြီးက မိန်းကလေးကို သဘောမကျဟု ထင်မိသည်။ ထို့ကြောင့် စုရွှေလျန်အား ဆက်၍စောဒကတက်နေသည်။

ထိုစကားများကိုကြားသောအခါ စုရွှေလျန်တစ်ယောက် မရှက်ဘဲမနေနိုင်။ သူမသည် ပြောစရာစကားများပျောက်ဆုံးသွားကာ ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ပေ။ လယ်သမားကြီးပြန်ရောက်လာသောအခါတွင် လျင်မြန်စွာပင် ဇနီးဖြစ်သူ၏မြားနတ်မောင်လုပ်ပေးနေခြင်းအား ရပ်တန့်လိုက်သည်။ ဇနီးဖြစ်သူ၏အဓိပ္ပာယ်မရှိသည်များကို မရပ်တန့်လျှင် မိန်းကလေးဘေးရှိအမျိုးသားသည် ပေါက်ကွဲထွက်သွားတော့မည်။ အအေးဓာတ်သည် ကျောထဲတွင်စိမ့်တက်လာသည်။ လယ်သမားကြီးသည် ပညာမတက်သော်လည်း အမြင်စူးရှပေသည်။

"ဒါနဲ့ပက်သက်ပြီး ဝေဖန်တာကြီးကြီးမားမားမလုပ်နဲ့။ အရင်ဆုံး မိန်းကလေးသဘောတူလား မတူလားဆိုတာမေးရမယ်မလား"

မိန်းကလေးဘေးရှိ အစောင့်စစ်သည်အား ကြည့်ရန် အရိပ်အမြွက်ပေးလိုက်ခြင်းဖြစ်သည်။

"သတိမထားမိတာ ငါ့အပြစ်ပါ။ ငါမင်းကိုမြင်တော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်မိလို့ပါ။ ဒီသခင်လေးက...."

အမျိုးသမီးကြီးသည် သူမ၏ကျယ်လောင်စွာပြောနေခြင်းမှနိုးထလာကာ ကျောက်တိုင်ကဲ့သို့ထိုင်နေသော လင်းစစ်ယောင်အား သတိထားမိသွားသည်။ ရှက်ရှက်ဖြင့် ချောင်းဆိုးလိုက်ကာ ကျယ်လောင်စွာရယ်မောလိုက်ပြန်သည်။

"အဒေါ် ကျွန်မနာမည်က စုရွှေလျန် သူ့နာမည်က လင်းစစ်ယောင်ပါ။ ကျွန်မတို့ဒီမှာ အိမ်ဝယ်ဖို့ လာမေးကြတာပါ"

အမျိုးသမီးက လက်ထပ်ခြင်းခေါင်းစဉ်အကြောင်းမပြောသည်နှင့် သူမသည် လျင်မြန်စွာဖြင့်ပင် ထိုအခွင့်အရေးအား အသုံးချလိုက်ကာ အိမ်အကြောင်းမေးလိုက်သည်။

"မင်တို့တွေက ဒီမှာနေကြမလို့လား"

အမျိုးသမီးကြီးပြောသည်ကိုကြားသောအခါ သူမကြက်သေသေသွားမိသည်။ အစတွင် ယခုနေရာသို့ အမျိုးများဆီလာရောက်လည်ပတ်သည်ဟု ထင်သော်လည်း ထိုနေရာတွင် အခြေချရန်လာသည်ဟု မျှော်လင့်မထားခဲ့ပေ။ ၎င်းတို့သာအခြေချလျှင် လက်ထပ်ပေးမည့်ခေါင်းစဉ်သည် ပို၍လွယ်ကူသွားပေမည်။ ထိုသခင်လေးအနေဖြင့်မူ သူမ၏၁၆နှစ်အရွယ်သမီးရှိပေသည်။ လက်ထပ်ခြင်းခေါင်းစဉ်သည် သူမအခြေအနေအတွက် သင့်လျော်နေပေသည်။

ထိုအတွေးဖြင့် ဇနီးဖြစ်သူ၏စိတ်သည် လင်းစစ်ယောင်အား အာရုံစိုက်မိသွားသည်။ စုရွှေလျန်၏မေးခွန်းအတွက်မူ သူမ၏စိတ်ထဲမှဘေးဖယ်ထားပေသည်။

"လင်းသခင်လေး။ လင်းသခင်လေးမှာရော လက်ထပ်ဖို့အစီအစဉ်ရှိပါသလား"

အမျိုးသမီးကြီးက မမေးခင် အနည်းငယ်မျှစဉ်းစားလိုက်သည်။ အကြည့်ဖြင့်ပင် အသက်၂၀ဝန်းကျင်မျှပင် ရှိပြီဖြစ်ကာ လက်ထပ်ရန်စီစဉ်ထားပြီးဖြစ်ပေမည်။

ထိုစကားကိုကြားသောအခါ စုရွှေလျန်နှင့်လယ်သမားကြီးသည် အံ့ဩတုန်လှုပ်သွားရသည်။ လင်းစစ်ယောင်၏မျက်နှာသည် ပို၍ပင် ရုပ်ဆိုးလာလေသည်။

"အဘွားကြီး။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးပြောနိုင်ရတာလဲ။ မင်းမရှက်ဘူးလား"

လယ်သမားကြီးက ဇနီးဖြစ်သူအား စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။

"ဘာကိုရှက်မှာလဲ။ ဒီလူကကလည်း လက်မထပ်ရသေးဘူး။ မိန်းကလေးကလည်း ခုထိလက်ထပ်ဖို့စီစဉ်နေတုန်း။ ကျွန်မတို့သားကို အခြေချဖို့ကြိုးစားတာ ဘာမှားလို့လဲ။ ရှင့်လိုအဖေနဲ့သာဆိုရင် သူဇနီးရှာတွေ့မှာကို မဟုတ်ဘူး"

အမျိုးသမီးကြီးသည် ထိုနှစ်ယောက်ရှေ့တွင် အရှက်ရသွားသည့်အတွက် စိတ်ကောက်သွား၏။

စုရွှေလျန်ကခေါင်းမော့လိုက်ကာ သူမ၏အကြည့်ကာ သူမဘေးရှိသူဆီသို့ ရွေ့သွားသည်။ သူ၏အင်္ကျီစများကိုဆွဲလိုက်ကာ သူမကပြုံးပြလိုက်ပြီး နှုတ်ခမ်းမှတိတ်တဆိတ်ဖြင့်

"သွားကြမယ်"

စုရွှေလျန်က လင်းစစ်ယောင်အား ထိုင်ခုံမှဆွဲခေါ်သွားသည်။ ၎င်းတို့သည် ဇနီးမောင်နှံအား ရန်ဖြစ်အောင်လုပ်လိုက်မိခြင်းဖြစ်သည်။ သူမက ခါးကိုင်းညွတ်ကာ ပြောလိုက်၏။

"ဦးလေးနဲ့ဒေါ်လေးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့က ဒီမှာအိမ်လာရှာတာပါ။ အဲ့တာကြောင့် အိမ်ရောင်းတာများ ဘယ်မှာရှိလဲဆိုတာ သိနိုင်မလား။ လမ်းပြပေးနိုင်မလား"

"ဟင်"

ယခုအခေါက်တွင် ဇနီးသည် သူ၏စကားလုံးများကို ရပ်တန့်လိုက်ကာ ထိုနှစ်ယောက်အား ကြည့်လိုက်သည်။ သူမက ကျက်သရေရှိစွာပြုံးပြနေသောစုရွှေလျန်အား မေးလိုက်သည်။ ထို့နောက် သူမက အစမှအဆုံးထိ စကားတစ်လုံးမျှမပြောသည့်လင်းစစ်ယောင်အား ကြည့်လိုက်မိသည်။ သူမ၏အတွေးများသည် ကမောက်ကမဖြစ်သွားကာ နောက်ဆုံးတွင် ရှင်းလင်းသွားသည်။ သူမသည် ၎င်းတို့၏ လက်ရှိအခြေအနေအား နားလည်သွားချေပြီ။

***

All Chapters