← Chapters

ဟွာအိမ်

Vol. 1 Ch. 16

ဟွာအိမ်

Vol. 1 Ch. 16

ဟွာမိသားစုသည် ဖန်းဟွာမြို့တွင် နေထိုင်သည်မှာ ကြာပြီဖြစ်၏။ လွန်ခဲ့သောမျိုးဆက်နှစ်ဆက်မှာ ပထမဆုံးဇနီးမယားများသည် ၎င်းတို့၏ကျွမ်းကျင်မှုကြောင့် နာမည်ကြီးလေသည်။ လက်ရှိဇနီးနှင့် လက်ရှိပထမဇနီးတို့သည် ထိုသို့မျိုးဖြင့် အကျိုးအမြတ်ရနေကြ၏။ လက်ရှိမိသားစုပိုင်အိမ်နှင့် လယ်မြေနှစ်ဧကအပါအဝင်ဖြစ်သည်။

ဟွာမိသားစု၏မူလအိမ်သည် မြို့၏အနောက်မြောက်ပိုင်းတွင်ရှိသည်။ ခြံဝန်းငယ်လေးနှင့် အခန်းနှစ်ခန်း၊ အခန်းငယ်တစ်ခန်းပါသောအိမ်ငယ်လေးဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် ဟွာရှန်းယင်သည် အိမ်ထောင်ဦးစီးဖြစ်သည်။ သားနှစ်ယောက်နှင့်သမီးနှစ်ယောက်ရှိ၏။ ဇနီးဖြစ်သူသည် အငယ်ဆုံးသား ဟွာခမ်းအား မွေးဖွားချိန်အတောအတွင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဟွာရှန်းယင်သည် ကလေးများ၏ အမေနေရာနှင့်အဖေနေရာ ယူခဲ့ရသည်။ သူ၏လက်သမားအတတ်ပေါ်တွင် မှီခိုပြီး ကလေးများအား မိမိဘာသာပြုစုပျိူးထောင်ခဲ့ရသည်။ သားဖြစ်သူများ၏ အနာဂတ်ဇနီးလောင်းများအတွက် ငွေများစွာစုဆောင်းခဲ့၏။

သမီးများသည် အသက်နှစ်နှစ်သာကွာကြသည်။ အသက်(၁၅)နှစ်နှင့် အသက်(၁၃)နှစ်သာကွာကြကာ စောစီးစွာလက်ထပ်သွားကြသည်။ လော့ရွှေမြို့က အမွှာများဖြင့် တစ်ချိန်တည်းတွင်လက်ထပ်သွားကြခြင်းဖြစ်သည်။ ယခုတွင် ပျော်ရွှင်စွာနေထိုင်နေကြပေသည်။

ထို့နောက်တွင် ဟွာရှန်းယင်သည် အကြီးဆုံးသားဖြစ်သူအတွက် လက်တွဲဖော်ရှာတွေ့သွားခဲ့သည်။ လော့ရွှေမြို့မှ လျို့ရှီဟုခေါ်သောမိန်းကလေးပင်ဖြစ်သည်။ သူမ၏ဖခင်သည်လည်း လက်သမားစီးပွားရေးအား လုပ်ကိုင်ခြင်းဖြစ်သည်။ များမကြာမီတွင် လျို့ရှီသည် ဟွာအိမ်နှင့် လက်ထပ်လိုက်ကာ အိမ်သည် သူမအတွက် လွန်စွာသေးသည်ဟု ထင်ခဲ့မိသည်။ မွေးဖွားခါနီးတွင် ထိုအခွင့်အရေးအား အခွင့်ကောင်းယူကာ မိသားစုအိမ်ဆီသို့သွားပြီး ပြောင်းရွှေ့ခွင့်ပြုပါရန် ခွင့်တောင်းခဲ့၏။

အစတွင် ဟွာရှန်းယင် ဝမ်းမသာပေ။ ဒုတိယသားသည် လက်ထပ်ခါနီးဖြစ်နေကာ သူမသည် မိသားစုခွဲထွက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထိုသို့သာဖြစ်သွားလျှင် ပတ်ဝန်းကျင်က ချွေးမများက လူရာမသွင်းသည့်လူအိုကြီးအဖြစ် ပြက်ရယ်ပြုခံပေတော့မည်။ သို့သော်လည်း လျို့ရှီက စကားနားမထောင်ဘဲ ပြောင်းရန်သာခေါင်းမာနေသည်။ ဟွာရှန်းယင်သည် အမျိုးသမီးများနှင့်ငြင်းခုံရသည်ကို မနှစ်သက်သော ရိုးသားသည့်လူကြီးဖြစ်သည်။ အဆုံးသတ်တွင် မိမိပေါင်သာလှန်ထောင်းသကဲ့သို့ဖြစ်ကာ သားဖြစ်သူဇနီးမောင်နှံအား မြေဝယ်ကာ ၎င်းတို့ဘာသာအခြေချရန် ငွေအချို့ထုတ်ပေးခဲ့ရသည်။

လျို့ရှီက လွန်စွာပါးနပ်လိမ္မာသည်။ သူမသည် ထုတ်ပေးသောငွေပမာဏအနည်းငယ်ကိုယူကာ မြေတစ်ကွက်နှင့် မြို့ထဲရှိမြင်ကွင်အကောင်းဆုံးဖြစ်သောအိမ်တစ်အိမ်ဝယ်သည်(အချက်ချာကျတဲ့နေရာကိုဝယ်တာဆိုလိုတာ)။ များစွာစည်းရုံးဖြောင်းဖျပြီးနောက်တွင် ဟွာမိသားစု၏ ညှိုးနွမ်းခြောက်သွေ့နေသောမြေများကို တောင်ပိုင်းရှိစပါးကွက်နှစ်ဧကဖြင့် အရောင်းအဝယ်လုပ်လိုက်သည်။

လက်ရှိမြို့၏မြေပွဲစား စွင်းယိုမြောင်သည် သူမအား စောင့်ကြည့်နေရသည်။ သူမ စုံစမ်းရန်လာသည့်အခါတိုင်းတွင် သူမမေးသမျှပြောသမျှကို မကြားချင်ယောင် မမြင်ချင်ယောင်ဆောင်နေသည်။ သူမ၏ရည်ရွယ်ချက်ရှင်းလင်းသွားသည့်အခါမှသာ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာကာ သူမပြန်သွားသောအခါတွင် သူကပြင်ဆင်ပေ၏။ သူမထောင်ချောက်များတွင် နောက်တစ်ကြိမ်မကျရှုံးစေရဟု ဆုံးဖြတ်ထားကာ သူမက နားပူနားဆာလုပ်ကာ ဇီဇာကြောင်သည်ဟုပြောခဲ့သောနှစ်များတွင်မူ သူသည် သူမ၏ထောင်ချောက်ထဲအား ကျရှုံးနေရဆဲဖြစ်သည်။

ထိုသို့ဆိုလျှင်ပင် စွင်းယိုမြောင်သည် "မြွေတစ်ခါအကိုက်ခံရပြီး ကြိုးကိုဆယ်နှစ်ဆယ်မိုးလောက်ကြောက်နေရတယ်"ဟုသောဆိုရိုးစကားတစ်ခုအား ရုပ်လုံးပေါ်စေသည်။

လျို့ရှီသည် အကြီးဆုံးသား ဟွာအန်းနှင့်ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် ၎င်းတို့၏ဘဝသည် ကြီးပွားချမ်းသာလာကြသည်။ လျို့ရှီ၏မျိုးအောင်ခြင်းသည်လည်း ကံကောင်းခြင်းဖြင့် တွဲစပ်မိသွားကာ နှစ်နှစ်တစ်ခါတိုင်းတွင် ကလေးတစ်ယောက်မွေး၍ သုံးယောက်မြောက်တွင် ရပ်တန့်သွား၏။ ထိုထူးခြားသောအမူအကျင့်မှာ ဟွာအန်း၏ညီငယ်ဟွာခမ်းသည် ချမ်းသာသောမိန်းမတစ်ယောက်အား မျက်စိကျကာ ဖန်းလော့မြို့တွင် အလုပ်သင်လုပ်နေစဉ်တွင် ထိုမိသားစုထဲသို့ရောက်သွားသောအခါ၌ ရပ်တန့်သွားခြင်းဖြစ်သည်။ ဟွာရှန်းယင်သည် သားဖြစ်သူနေမကောင်းဖြစ်သောအခါတွင် ဒေါသထွက်ခဲ့ရ၏။ နှစ်ဝက်လောက်တွင်မူ ကွယ်လွန်သွားရှာ၏။

လေးစားမှုနှင့် သားသမီးများ၏သိတတ်ခြင်းအား ပြသရန်အတွက် ကလေးများသည် ဝမ်းနည်းပူဆွေးခြင်းအချိန်အပိုင်းအခြားတစ်ခုအထိ ကြုံရ၏။ (အနီမဝတ်ရ ဘာမှမကျင်းပရ၊ ကလေးလည်းမမွေးရလို့ဆိုလိုတာ)။ ထို့ကြောင့်ပင်လျှင် လျို့ရှီသည် မည်သည့်ကလေးမှ ထပ်မမွေးတော့ခြင်းဖြစ်သည်။

လျို့ရှီသည် ဟွာမိသားစု၏အိမ်ဟောင်းကိုရောင်းချလိုက်ကာ ဟွာခမ်းအစား လုခမ်းဟုမျိုးရိုးနာမည်ပြောင်းလိုက်ကာ ထိုအိမ်အားပေးလိုက်ရသည်။ ထုံးစံအတိုင်းပင် ထိုပိုက်ဆံအား သူ့အားမပေးဘဲ သူမသားသုံးယောက် လက်ထပ်လျှင် အနာဂတ်ဇနီးမယားသုံးယောက်အတွက်ကူညီရန် သိမ်းထား၏။

အကြီးဆုံးသားဖြစ်သူသည် ဇနီးတစ်ယောက်ရှာတွေ့သွားသောအချိန်တွင် လျို့ရှီသည် ထိုမိန်းကလေးမှာ သူမထက် ပို၍တွက်ချက်တတ်သည်ကို မသိခဲ့ပေ။ ယခုအခေါက်တွင် လျို့ရှီသည် သူမကိုယ်ပိုင်ဆေးအား မြည်းစမ်းရပေတော့မည် (ဝဋ်လည်တော့မယ်လို့ဆိုလိုတာ)။ ချွေးမဖြစ်သူသည် သူမကဲ့သို့ ခင်ပွန်းဖြစ်သူအား ပြောင်းရွှေ့ရန်စည်းရုံးသိမ်းသွင်းခြင်းမဟုတ်သော်လည်း သူမ၏စိတ်က ထက်မြက်လှပေကာ သူမ၏အစ်မကဲ့သို့ပင်ဖြစ်သည်။ နှစ်နှစ်အတွင်းပင် ထိုမိန်းကလေးများသည် ဖန်းလော့မြို့အနီးအနားတွင်ရှိသော အိမ်ကောင်းကောင်းတစ်လုံးအား ရှာတွေ့သွားကာ ထိုအခွင့်အရေးကိုအသုံးချပြီး ဟွာမိသားစုတစ်ခုလုံးအား ထိုသို့ပြောင်းရွှေ့ရန် စည်းရုံးသိမ်းသွင်းလေသည်။ စည်းရုံးသိမ်းသွင်းသည့်စကားလုံးများသည် နားထဲသို့ အဝင်ကောင်းလှ၏။ အဖေနှင့်အမေဖြစ်သူမှာ မြေများကို ပင်ပင်ပန်းပန်းထွန်ယက်နေရပြီး ကျန်သောဘဝတစ်လျှောက်အား ပျော်ရွှင်ကောင်းမွန်စွာနေထိုင်ပါရန် အဘယ့်ကြောင့် မြို့ထဲသို့မပြောင်းရွှေ့ရကြောင်း ပြောဆိုစည်းရုံး၏။

အမှန်တွင် လျို့ရှီသည် ၎င်းတို့၏ရည်ရွယ်ချက်များကို စိတ်ပူနေခဲ့ပြီးဖြစ်သည်။ အကြီးဆုံးသားဖြစ်သူသည် မြို့ထဲတွင် ဆိုင်ခန်းငယ်တစ်ခုဌားရမ်းကာ မနက်တိုင်း ကြက် မတွန်ခင်ပင် အလုပ်လုပ်ရန် ထွက်ခွာကာ မျိုးချုပ်မှပြန်လာ၏။ ရာသီဥတုဆိုးဝါးလျှင် မိုးသည်းထန်စွာရွာသွန်းလျှင် ထိုသို့နေ့မျိုးများတွင် ထိုဆိုင်၌ပင် ကြေးနီပြားများစွာထုရိုက်ခါသာ အချိန်ကုန်ဆုံးနေတတ်၏။ ထို့ကြောင့်ပင်လျှင် သူနှင့်ဇနီးဖြစ်သူမှာ မိသားစုတစ်ခုလုံးအား ဖန်းလော့မြို့သို့ပြောင်းရွှေ့ရန် တိတ်တဆိတ်အစီအစဉ်ချနေကြခြင်းဖြစ်သည်။ ထိုသို့ဖြစ်သွားသည်နှင့် ၎င်းတို့သည် ဆိုင်ခန်းငယ်တစ်ခုအား ဝယ်ယူနိုင်ကာ လယ်သမားအမြစ်အား စွန့်ခွာပြီး အမှန်ပင်မြို့သားအစစ်များ ဖြစ်နိုင်ပေသည်။

မြို့တွင်နေထိုင်ရန်အကြံမှာ ဆွဲဆောင်လှ၏။ ထိုသို့သောဘဝမျိုးတွင်နေထိုင်ရန်မှာ ငွေများစွာကုန်ကျပေသည်။ အကြီးဆုံးသားနှင့်ချွေးမသည်ပင် ပိုက်ဆံမရှိကြကာ ၎င်းတို့၏ငွေများက ဆိုင်ခန်းဝယ်ရန်အတွက် စိုက်ထုတ်ထားရသည်။ သို့သော်လည်း လျို့ရှီတွင် ဟွာအိမ်ဟောင်းရောင်းချထားခြင်းမှာ ငွေများကျန်သေးသည်ကိုသိကြားကာ သားနှစ်ယောက်မှာလည်း မြို့သို့ပြောင်းရွှေ့နေထိုင်ရန် နေ့စဉ်နှင့်အမျှ နားပူနားဆာလုပ်နေကြသည်။

လျို့ရှီသည် ခက်ခဲသောအခြေအနေတွင် ကျရောက်နေသည်။ သူမတွင်ရှိသောငွေပမာဏသည် မများလှသော်လည်း ထိုမြို့တွင် ပေါကြွယ်ဝသည်ဟု ယူဆနိုင်ပေသည်။ မြို့တွင်အခြေချရန်မူ မလုံလောက်ပေ။ သို့တိုင် မိုက်မဲလှသောသားသည် ဇနီးဖြစ်သူ၏ သူတို့၏လက်ရှိအိမ်အား ရောင်းရန်အကြံကိုသာ နားထောင်နေဆဲဖြစ်သည်။

ထိုမိန်းကလေးသည် အမှန်တကယ်ပင် ပါရမီရှင်တစ်ယောက်ဖြစ်၏။ သူမသည် ဖခင်ဖြစ်သူဆီမှ ရိုးရှင်းသောဘဝအား မသင်ယူခဲ့ပေ။ ချမ်းသာသောဘဝမျိုးတွင်သာ နေထိုင်ချင်သည်။ လျို့ရှီသည် ချွေးမဖြစ်သူအား ကြမ်းတမ်းစွာ အပြစ်ပြောဆိုသော်လည်း အငယ်ဆုံးသားများမှ အဆက်မပြတ်တောင်းရမ်းနေသည်ကိုမူ မတားနိုင်ပေ။ အဆုံးသတ်တွင် လျို့ရှီ၌ ထိုသို့လုပ်ရန် ငွေအလုံအလောက်ရှိသောကြောင့် သူမ၏စိတ်သည်လည်း ၎င်းတို့၏ မရပ်မနားအနှောင့်အယှက်ပေးခြင်းများအောက်တွင် ပြောင်းလဲလာရသည်။ လျို့ရှီက အင်တင်တင်ဖြင့် စတင်လိုက်လျောစပြုနေသည်ကို တွေ့လိုက်ရသောအခါ ချွေးမသည် မြို့ထဲရှိမြေပွဲစားဖြင့် အပေးအယူလုပ်လိုက်၏။ နှစ်လအတွင်းငွေအဆင်သင့်ဖြစ်လျှင် အိမ်ပိုင်မည်ဖြစ်သည်။ ထိုသို့မစီစဉ်နိုင်ပါလျှင် အခြားသူသို့ရောင်းလိုက်မည်ဟု ပြောဆိုခဲ့၏။

နှစ်လအတွင်း ငွေစ၅၆စရရန်မှာ မလွယ်ကူလှပေ။ သူမ၏တစ်ဘဝလုံးတွင်ပင် ငွေစ၃၆စသာရှာနိုင်ကာ ဟွာအိမ်အဟောင်းရောင်းရသည့်ငွေနှင့် စပါးနှဧကအပါအဝင်ဖြစ်သည်။ ထိုငွေစသုံးခြောက်စဖြင့်ဆိုလျှင် မိမိဘာသာ မြို့ထဲတွင် အချမ်းသာဆုံးဟုပင် ပြောနိုင်ပေသည်။ သို့သော် ယခုတွင် ထိုငွေပမာဏမှာ မြို့ထဲတွင် အိမ်ငယ်လေးတစ်လုံးဝယ်ယုံလောက်သာ တတ်နိုင်သည်။

ယခုတွင် ၎င်းတို့နေထိုင်သောအိမ်မှာ အတော်လေးအိုဟောင်းနေပြီဖြစ်သော်လည်း အခန်းသုံးခန်းနှင့် အခန်းငယ်နှစ်ခန်း၊ အိမ်ငယ်နှစ်ခုပါဝင်၏။ ရှေ့တွင်သာမက အိမ်နောက်တွင်ပါ မြေကွက်လပ်နှင့် သမားရိုးကျခြံဝန်းပုံစံရှိသည်။

ထို့ကြောင့် လျို့ရှီက အံ့ကြိတ်ကာ သူမအိမ်တန်ဖိုးအား ငွေစလေးဆယ်အထိ တင်လိုက်သည်။ ထိုမျှလောက်ဈေးဖြင့်ရောင်းနိုင်မှ မြို့ထဲတွင် အိမ်ငယ်လေးဝယ်နိုင်မည်ဖြစ်ပြီး ကျန်သည်ကို သားငယ်များ၏အနာဂတ်ချွေးမလောင်းများအတွက် စုဆောင်းထားမည်ဟု တွက်ချက်ပြီးဖြစ်သည်။ ထို့နောက်တွင် ထိုဇနီးများသည်လည်း မြို့သူလေးများ ဖြစ်လာပေမည်။ သတို့သားတန်ဖိုးသည် နည်းသည်ထက် များလာပေသင့်၏။

သို့သော် ထိုမြို့မှရွာသားများသည် ကိုယ်ပိုင်အိမ်အသီးသီးရှိပြီးကြပြီဖြစ်၏။ ထို့နောက်တွင်မူ ဒေသခံလက်ထပ်ပြီးသောစုံတွဲများ အိမ်အသစ်လိုအပ်သည်ဆိုလျှင်ပင် အိုဟောင်းသောအိမ်အား ဝယ်ယူရန် ထိုမျှလောက်ငွေအများကြီးသုံးမည်မဟုတ်ပေ။ ပြင်ပမှချမ်းသာသောသူများသည် ယခုမြို့၏နေရာအား ငွေပေးချေကာ ဝယ်ယူမည်ဖြစ်ကာ လုံလောက်စွာသတင်းမပျံ့နှံ့ခြင်းကြောင်း သူမ၏အိမ်အကြောင်းကို သိကြမည်မဟုတ်ပေ။

ထို့ကြောင့် အမျိုးသမီးလောင် သတင်းလာစုံစမ်းသောအခါတွင် လျို့ရှီသည် လောင်အိမ်မှ စိတ်ဝင်စားသောသူများအား ဖမ်းစားနိုင်သွားသည်။ ထိုရှားပါးအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူမ၏အိမ်အား အဆုံးမရှိ ဂုဏ်တင်ပေတော့သည်။ ၎င်းတို့စိတ်ယိုင်လာကြမည်ဟုလည်း မျှော်လင့်နေခဲ့သည်။ ထို့နောက်တွင်မူ ငွေစလေးဆယ်သည်‌ နည်းသောပမာဏမဟုတ်ပေ။

"အဲ့လိုဆိုရင် ဟွာမိသားစု သူတို့အိမ်ရောင်းမယ်ဆိုတာ တကယ်ကြီးပေါ့"

အမျိုးသမီးကြီးလောင်က သူမ၏သတင်းအား တင်ပြလိုက်သောအချိန်တွင် စုရွှေလျန်က အံ့အားသင့်စွာ ပျော်ရွှင်နေမိသည်။ နောက်ဆုံးတွင် သူမကိုယ်ပိုင်အိမ်တစ်လုံးရနိုင်ပေတော့မည်။ သူမ အကောင်းဆုံးလုပ်ရပေမည်။

"ဒါပေမဲ့ အိမ်ရှင်မဟွာပြောတာ ကြားတာတော့ ငွေစလေးဆယ်က များလည်းမများဘူး။ နည်းလည်းမနည်းဘူးတဲ့လေ။ နည်းတဲ့ပမာဏမှမဟုတ်တာ"

အမျိုးသမီးကြီးလောင် သက်ပြင်းချလိုက်မိ၏။ သူမ၏မိသားစုသည် တစ်နှစ်တာမျှအလုပ်လုပ်ကာ ခြိုးခြံစိစစ်သည့်ဘဝဖြင့်နေလျှင်ပင် ငွေစလေးစငါးစ မစုဆောင်းနိုင်ပေ။ ထိုအမျိုးသမီးဟွာသည် အကြင်နာကင်းမဲ့လွန်းပေသည်။ ထိုသို့စုတ်ပြတ်ဟောင်းနွမ်းနေသောအိမ်တစ်လုံးအား ငွေစလေးဆယ်အောက်ဈေးဖြင့် ဖယ်မပေးလျှင် နေ့အချိန်တွင် ဓားပြတိုက်သည်နှင့်ပင် ဆင်တူသွားပေမည်။ မြေအနေအထားကောင်းသည်ဆိုလျှင်ပင် လယ်မြေနှင့်နီးသည်ဆိုလျှင်ပင် ထိုမျှလောက်မတန်ပေ။

"ငါတို့အိမ်ကိုဝယ်လိုက်ရင်ရောဘယ်လိုလဲ"

ခေတ္တမျှ အမျိုးသမီးကြီးလောင်က ထိုသို့ပြောချင်သွားမိ၏။ သို့သော် ပြန်စဉ်းစားလိုက်သည့်အခါ ငွေစနှစ်ဆယ်ကိုရပြီးနောက်တွင် သူမတို့မိသားစုသည် မည်သည့်နေရာသို့ သွားနေကြမည်နည်း။ အိမ်သစ်တစ်လုံးရှာရပေဦးမည်။ ထို့ကြောင့် ထိုအတွေးအား လျင်မြန်စွာမြုပ်နှံလိုက်ရ၏။

"အဒေါ်လောင် အနှောင့်အယှက်ပေးရတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကို ဟွာအိမ်ကိုခေါ်သွားပေးလို့ရမလား။ နေရာကိုကြည့်ပြီးမှ ပြောလည်းရတာပဲလေ"

ငွေစလေးဆယ်ပမဏမှာ များပြားသောပမာဏဆိုသည်ကို စုရွှေလျန်သိသည်။ ထို့နောက်တွင် ဖန်းလော့မြို့ရှိအိမ်များအား ငွေစငါးဆယ်ခြောက်ဆယ်ဖြင့် ရောင်းချကြခြင်းဖြစ်သည်။ သို့သော် ထိုငွေပေးချေမှုသည် ထွန်ယက်ထားသောလယ်နှစ်ဧကအပါအဝင်ဖြစ်သည်။ အိမ်သည် အဒေါ်လောင်ပြောသကဲ့သို့ကောင်းပါလျှင် ဝယ်ရန်ထိုက်တန်ပေသည်။ ထို့ကြောင့် ပိုင်ရှင်နှင့်တွေ့ရန် သူမအားခေါ်သွားရန်အတွက် အဒေါ်အား တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

လင်းစစ်ယောင်သည် အိမ်ပြင်ထွက်လာသော စုရွှေလျန်နောက်သို့ မတွ့န်ဆုတ်ဘဲလိုက်လာလေသ်ည။ အိမ်ရှေ့တွင်ထိုင်နေရသည်မှာ ပျင်းရိနေသောဝံပုလွေနှစ်ကောင်သည် သခင်ထွက်လာသည်ကို တွေ့သောအခါတွင် လျင်မြန်စွာထလာကာ လိုက်ပါသွားကြ၏။ နှစ်ကောင်သား သူမအား လျင်မြန်စွာပင် လိုက်မှီသွားပြီး ၎င်းတို့၏အနာဂတ်ပိုင်နက်ကို စူးစမ်းကြည့်ပါရန် အဆင်သင့်ဖြစ်နေကြလေပြီ။

***

All Chapters