← Chapters

အိမ်ဝယ်ခြင်း

Vol. 1 Ch. 17

အိမ်ဝယ်ခြင်း

Vol. 1 Ch. 17

ဟွာအိမ်သည် လောင်အိမ်၏အရှေ့ဘက်တွင်ရှိကာ လမ်းကြောင်းက ဖန်းဟွာမြို့ဆီသို့ ဦးတည်သွားသည်။ ပုံမှန်ခြေလှမ်းမျိုးဖြင့်သွားလျှင် (၁၅)မိနစ်မျှသွားရ၏။

သူမသည် ကျောက်စိမ်းအမြုတေနတ်ဆေးရည်အား သောက်ပြီးဖြစ်သောကြောင့် ကျန်းမာသန်စွမ်းသောခန္ဓာကိုယ်ရှိနေခြင်းဖြစ်သည်။ ထိုအရည်ကြောင့်သာမဟုတ်ပါလျှင် အသက်ရှုပ်ရပ်တန့်သွားသည်မှာကြာပြီဖြစ်သည်။

"မိန်းကလေး မင်းကြည့်ကြရတာ နုနယ်တဲ့ပုံပေါ်ပေမဲ့ ငါတို့အိမ်ကသမီးထက်တောင် ပိုပြီးမြန်မယ်လို့ ထင်မထားခဲ့ဘူး။ နောင်ကျရင်တော့ ကျန်းမာတဲ့ကလေးတွေအများကြီးမွေးမှာသေချာတယ်"

အမျိုးသမီးကြီးလောင်က နောက်မှတိတ်တဆိတ်လိုက်လာသော စုရွှေလျန်ကိုကြည့်ကာ မကြည်မလင်ဖြင့်ပြောလိုက်သည်။ မိန်းကလေးသည် အသက်ရှုသည့်ပုံမပေါ်သကဲ့သို့ နားရန်လည်း မပြောပေ။ အမျိုးသမီးကြီးက လက်မထောင်ပြလိုက်စွာ စိတ်ထဲတွင်ချီးကျူးနေမိသည်။

ထိုစကားလုံးများကြောင့် စုရွှေလျန်တစ်ယောက် ချက်ချင်းမျက်နှာနီမြန်းသွား၏။ သူမပြောစရာစကားမဲ့သွား၏။ ပုံမှန်အားဖြင့် အမူအရာကင်းမဲ့နေသော လင်းစစ်ယောင်သည်ပင် တောင့်တင်းသွား၏။ သူသည် ဘေးသို့ လှည့်ကြည့်လိုက်ကာ ချောင်းဟန့်ချင်ယောင်ဆောင်ကာ ပါးစပ်ကိုအုပ်ထားလိုက်သည်။

အမျိုးသမီးကြီးလောင်သည် ၎င်းတို့၏ရှက်နေသောအမူအရာများကို အာရုံမထားဘဲ ဆက်လက်ပြောနေမိသည်။ သူမက သမီးဖြစ်သည် လောင်စီချွေ့အကြောင်းပြောနေကာ ထိုမိန်းကလေးသည် ဒုတိယသား လောင်ရုန်ချန်းနှင့်အတူ ဖန်းလော့မြို့သို့မသွားခင် ပန်းထိုးခြင်းဖြင့်အိမ်တွင်အလုပ်များနေသူဖြစ်သည်။ ၎င်းတို့က ထုတ်ကုန်ပစ္စည်းများကို ခုနှစ်လပိုင်းခုနှစ်ရက်နေ့တွင် ရောင်းချရန် မြို့၌ ယာယီဆိုင်ခန်းငယ်တစ်ခုအား ဌားရမ်းထားကြသည်။ ညနေပိုင်းတွင်ပြန်လာရန်စီစဉ်ထားကြကာ မကြာမီပင် အိမ်ပြန်ရောက်လာပေမည်။ ၎င်းတို့သည် ပန်းထိုးပစ္စည်းမည်မျှရောင်းချပြီးကြောင်း မည်မျှကောင်းကောင်းလုပ်ကြောင်း မသိပါသော်လည်း အမျိုးသမီးကြီးလောင်ကမူ ၎င်းတို့၏အကျိုးအမြတ်များအား တွက်ချက်နေပေသည်။

စုရွှေလျန်က အဒေါ်ကြီးမှသမီးဖြစ်သူသည် ပန်းထိုးပစ္စည်းများအားရောင်းချကြောင်းပြောလိုက်သောအခါ သူမ၏မျက်လုံးများအရောင်တောက်သွားကာ နှုတ်ခမ်းထောင့်စွန်းလေးများက ပြုံးပြုံးလေးကွေးတက်သွားသည်။ သူမ၏စွမ်းဆောင်ရည်များကို ဖြုန်းတီးရာမကျသောကြောင့်ဖြစ်သည်။ ပန်းထိုးခြင်းတွင်ပါရမီပါသောသူမနှင့်သာဆိုလျှင် အနည်းဆုံး ဝမ်းဗိုက်အား ဟောင်းလောင်းမဖြစ်အောင် ထားနိုင်ပေသည်။

လင်းစစ်ယောင်သည် စုရွှေလျန်အား ပဟေဠိဖြစ်သောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သူမ၏ ရုတ်တရက်အမူအရာပြောင်းလဲမှုအား တွေဝေသွားမိသည်။ လွန်ခဲ့သောစက္ကန့်အနည်းငယ်မှ သူသည် ရှက်၍မြေကြီးပေါ်သို့ငေးနေရှာသော်လည်း ယခုတွင် ပျော်ရွှင်၍ စိတ်သက်သာရာရနေသည်ကို ခံစားမိသည်။ ထိုအမျိုးသမီးပြောလိုက်သောတစ်ခုခုက သူမအား ပျော်ရွှင်အောင်လုပ်ပေးလိုက်သည်လော။ အမျိုးသမီးကြီးလောင်ပြောသောစကားများကို ဂရုတစိုက်ဖြင့် ပြန်စဉ်းစားနေမိ၏။

"ငါတို့ဝိုင်းအကြောင်းပြောရမယ်ဆိုရင်တော့ တောင်ဘက်ကိုမျက်နှာချင်းဆိုင်လိုက်ရင် အလင်းရောင်ကောင်းကောင်းရမယ်။ တံခါးအပြင်ဘက်လျှောက်သွားပြီး ဘယ်ကွေ့လိုက်ရင် ငါတို့စပါးခင်းတွေက မီတာတစ်ရာမကရှိတယ်။ ညာဘက်ကိုကွေ့လိုက်ရင် ဖန်းဟွာမြို့ရဲ့ ဘိုးဘေးခန်းမကို တွေ့ရလိမ့်မယ်။ ပွဲတော်ရာသီဆိုရင် အတော်လေးလူစည်တယ်။ အိမ်နောက်မှာတောင် မြစ်တစ်စင်းရှိသေးတယ်။ အဝတ်လျှော်ဖို့အတွက် အဆင်ပြေတာပေါ့။ အဝတ်လျှော်ဖို့အတွက် အများအဝတ်လျှော်တဲ့နေရာအထိ ဝေးဝေးသွားစရာမလိုတော့ဘူးပေါ့"

ဟွာအိမ်၏အမျိုးသမီး လျို့ရှီသည် အမျိုးသမီးကြီးလောင်၏နောက်တွင်ရပ်နေသောစုံတွဲအား မြင်လိုက်သောအခါတွင် သူမ၏အိမ်ကိုဝယ်ရန်စိတ်ဝင်စားနေသော ကြည့်ကောင်းသည့်စုံတွဲဖြစ်သည်ကို သဘောပေါက်လိုက်သည်။ မိန်းကလေးသည် ၁၆နှစ်ထက်ကြီးမည့်ပုံမပေါ်ကာ အပြုအမူ၊ ဟန်ပန်အမူအရာများက အထက်တန်းဆန်လှ၏။ သူမသည် သာမာန်လယ်သူမမဟုတ်သည်ကို အမျိုးသမီးကြီးဟွာက သေချာနေသည်။

ထို့နောက်တွင် အမျိုးသမီးဟွာသည် တောက်ပစွာ ရှုံ့တွပြုံးပြလိုက်ပြီး အိမ်အားပြသရန် စုရွှေလျန်အား စိတ်အားထက်သန်စွာဖြင့် ဆွဲခေါ်သွား၏။

အဒေါ်ကြီးလောင်သည် အမျိုးသမီးကြီးဟွာက သူမ၏အိမ်ကို အဆုံးမရှိဂုဏ်တင်ချီးမွမ်းနေသည်ကို နားထောင်နေမိကာ မျက်လုံးများပင့်၍ တုံ့ပြန်လိုက်၏။

စုရွှေလျန်သည် လျို့ရှီနောက်သို့ လိုက်သွား၏။ သူမသည် ဟွာစံအိမ်ကိုဖြတ်၍ လျှောက်သွားကာ စိတ်ထဲတွင်မူ ပျော်နေမိ၏။ အိမ်၏ပင်မအဆောက်အဦးသည် အနည်းငယ်မှစုတ်ချာသည်ဆိုသောအကြောင်းထက် အခြေအနေအားလုံးအား ခြုံငုံသုံးသပ်လိုက်ပါလျှင် အတော်ကောင်းသည်ဟု ဆိုရမည်။ အိမ်၏ရှေ့ခြံဝန်းနှင့် နောက်ခြံဝန်းသည် အရွယ်အစား အတော်အသင့်ရှိကာ အချိန်တစ်ခုရောက်လာသည့်အခါတွင် သူမနှစ်သက်သောအပင်များကို နေရာလွတ်များတွင် စိုက်ပျိုးမည်။ အရိပ်ရသောသစ်ပင်ကြီးကြီးအောက်တွင် နောက်မှီကုလားထိုင်လေးတစ်လုံးဆင်ကာ ပန်းထိုးရင်းဖြင့် အနားယူမည်။ ထိုသို့ဆိုလျှင် စုအိမ်တော်တွင် ဖြတ်သန်းခဲ့သောနေ့ရက်များဆီသို့ ပြန်သွားနိုင်ပေသည်။

ထိုအကြောင်းအားစဉ်းစားမိလျှင် စုရွှေလျန်က အိမ်ကောင်းကြောင်း ခရားရေလွှတ်ပြောနေသောလျို့ရှီအား စကားဖြတ်ပြောလိုက်သည်။ အပြုံးတစ်ပွင့်ဖြင့် နူးညံ့ညင်သာစွာမေးလိုက်၏။

"အဒေါ်ဟွာ ငွေစလေးဆယ်မှာ ပရိဘောဂတွေရောပါလား"

လျို့ရှီက မှတ်ချက်စဆိုလိုက်၏။ သူမသည် ထိုအကြောင်းအား အမှန်ပင် မတွေးမိပါ။ သို့သော် ပါးစပ်ဟခါနီးတွင် အကြီးချွေးမဖြစ်သူမှ ပြန်ပြောလိုက်၏။

"မိန်းကလေး ကျွန်မတို့က ပရိဘောဂအများစုကို ကျွန်မတို့နဲ့ယူသွားဖို့ရည်ရွယ်ထားတာ။ ပြီးရင် မြို့ထဲကအိမ်က ဒီအိမ်ထက်နှစ်ဆကြီးတယ်။ အထဲကိုပရိဘောဂများများထည့်ဖို့လိုတယ်လေ။ ဒီနေ့ပရိဘောဂဈေးတွေကလည်း ကြောက်စရာကောင်းအောင်ကြီးနေတယ်ဆိုတာ မိန်းကလေးသိမှာပါ"

ထိုသို့ပြောနေစဉ်တွင် ဟွာအိမ်၏ချွေးမကြီးက လင်းစစ်ယောင်အား တစ်ချက်ခိုးကြည့်လိုက်သည်။ သူမသည် အတွေးတစ်ခုအား တသသဖြစ်နေမိသည်။ ထိုလူသည်ခံ့ညားချောမောလွန်းလှပေသည်။ သူမယောင်္ကျားသည်သာ အသက်(၁၈)အရွယ်ကဲ့သို့ ခံ့ညားလျှင် ဝမ်းသာမိမည်ဟု တွေးနေမိသည်။

စုရွှေလျန်က ထိုစကားများကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။ အိမ်ထဲရှိပရိဘောဂအားလုံးကို ထားခဲ့ပါလျှင် ငွေစလေးဆယ်မှာ မျှတသောဈေးနှုန်းဖြစ်သည်။ သို့သော် ချွေးမကြီး၏စကားကို ကြားပြီးသည့်နောက်တွင် ငွေစလေးဆယ်ဖြင့် အိမ်အလွတ်တစ်လုံးကိုသာ ဝယ်ယူခြင်းဖြစ်သွားမည်။ ထိုအခါတွင် လိုအပ်သောပရိဘောဂအားလုံးကိုလည်း ဝယ်ရဦးမည်ဖြစ်ကာ ကျန်ရှိသောငွေစဆယ်စဖြင့် လုံလောက်မည်ကို မသေချာပေ။ ထိုသို့ဆိုလျှင် ပန်းထိုးရမည့်ရက်များမတိုင်ခင်တွင် မည်သို့ရှင်သန်နေထိုင်မည်နည်း။

"အိုက်ယား.... ငါ့ချွေးမကြီးက သူဘာပြောနေလဲဆိုတာကိုမသိရှာဘူး။ မင်းကိုပြောလိုက်မယ် မိန်းကလေး။ ငါ အဒေါ်ဟွာက ဒီကပရိဘောဂအချို့ကို မင်းအတွက်ထားပေးခဲ့ပါ့မယ်။ မိန်းကလေးလိုမျိုး ပထမဆုံးလူသစ်က လိုအပ်တဲ့တွေပြင်ဆင်သေးမှာမဟုတ်ပါဘူး။ စိတ်အေးအေးထားပါ။ ငါဘာကိုမှရွှေ့မသွားပါဘူး။ ငါတို့သေချာပေါက် မင်းအတွက် လိုအပ်တဲ့ပရိဘောဂတွေ ထားပေးခဲ့ပါမယ်။ အနည်းဆုံးတော့ ငါလည်း စဉ်းစားစရာတွေအများကြီးရှိသေးတယ်လေ"

လျို့ရှီသည် စုရွှေလျန်မျက်မှောင်ကြုတ်သွားသည်ကို တွေ့လိုက်ကာ သူမ၏ချွေးမဖြစ်သူ၏စကားများက ဝယ်သူစိတ်ထဲရှိသံသယများကို မြှင့်တင်ပေးလိုက်ကြောင်းသိလိုက်ရသည်။ ရွှေငန်းအား လွတ်သွားမည်ကြောက်သောကြောင့် ချက်ချင်းပင် ချွေးမဖြစ်သူ၏အင်္ကျီစကိုဆွဲထားလိုက်ကာ တိတ်တိတ်နေရန်အချက်ပြလိုက်၏။ အဒေါ်ကြီးက သူမဘေးသို့ အလျင်စလိုတိုးလာသည်။ သူမလျင်မြန်စွာပြောလိုက်ပြီး စုရွှေလျန်၏သံသယများပျောက်သွားရန် မျှော်လင့်နေကာ ငွေသားနှင့်စာချုပ်အလဲအလှယ်လုပ်ရန် တတ်နိုင်သမျှတာဆူနေသည်။

စုရွှေလျန်က သူမ၏စကားများကို နားထောင်လိုက်သော်လည်း ဈေးဆစ်လျှင် သက်တောင့်သက်သာဈေးဆစ်သည်ဟု မခံစားမိပေ။ ထို့အစား သူမက လင်းစစ်ယောင်ကို နောက်ပြန်လှည့်ကြည့်လိုက်ကာ သူ့သဘောထားအားမေးရန် သူ၏ဘေးသို့လျှောက်သွားသည်။

"ကောင်းလောက်မယ်လို့ထင်လား"

လင်းစစ်ယောင်က ခေါင်းငုံ့လိုက်ပြီး သူမ၏မျှော်လင့်ချက်ရောင်ခြည်သမ်းနေသောမျက်နှာလေးအား ညင်သာစွာကြည့်လိုက်မိသည်။ သူ့အတွက်မူ နေရာတိုင်းသည် အဆင်ပြေ၏။ တစ်ခုတည်းသောအရေးကြီးသည်မှာ သူမ၏ကျက်သရေရှိလှသောပုံရိပ်လေးအား တွေ့နိုင်ရန်နှင့် သူမ၏နူးညံ့ညင်သာကာ နွေးထွေးသောအသံလေးအား ကြားနိုင်ရန်သာဖြစ်သည်။

လင်းစစ်ယောင်ကခေါင်းညိတ်ပြလိုက်၏။ ငွေစလေးဆယ်သည်သာလော။ ထိုသို့ဆိုလျှင် သူမ၏ပိုက်ဆံအိတ်ထဲ၌ ငွေစဆယ်စသာကျန်ပေမည်။ ထိုပမာဏဖြင့် အိမ်လိုအပ်သည်များကို ဝယ်ခြမ်းရန်မှာ ပြဿနာမဟုတ်ပေ။

လင်းစစ်ယောင်၏နှလုံးသားတွင် လှိုင်းတစ်ခုဖြင့် ပြည့်နှက်သွား၏။ သူသည် နှစ်ပေါင်းများစွာကြာအောင် လူသတ်သမားဖြစ်နေခဲ့သည်။ ယခုအထိ ထိုသို့ခံစားမှုအား မခံစားဖူးပေ။ သူသည် ဖုန်းယောင်တရားရုံးမှ ခက်ခက်ခဲခဲထွက်ခွာလာခဲ့ရကာ မည်သည့်အခါမျှ သူ၏အလုပ်ဟောင်းကိုမလုပ်တော့ဟု ကတိပေးထားခဲ့သည်။ ယခင်က မည်သူဖြစ်ကြောင်းကိုလည်း ဖျောက်ဖျက်ပြီးဖြစ်သောကြောင့် နှစ်ပေါင်းများစွာအထိ ပုန်းအောင်းနေခြင်းမှ ရှောင်ကြဉ်ရန်ထက် ပို၍ကောင်းပေသည်။ သို့သော် လူသတ်ရန်နှင့် သက်သေမျာအားရှင်းလင်းရန် သူ၏ဓားအား ဆွဲထုတ်ခြင်းထက် မည်သည့်အရာသည် သူ့အတွက်ကောင်းပေသနည်း။

"ဒီမှာငွေစလေးဆယ်ပါ။ အဒေါ်ဟွာ ယူလိုက်ပါဦး"

စုရွှေလျန်က ငွေစလေးဆယ်အားထုတ်ယူကာ လျို့ရှီအားပျော်ရွှင်စွာပြုံးပြလိုက်ပြီး လွှဲပေးလိုက်သည်။ အလဲအလှယ်အနေဖြင့် သူမသည် အိမ်နှင့်မြေစာချုပ်အား လျို့ရှီဆီမှ လက်ခံရရှိသည်။ သူမ၏နာမည်အား လွှဲပြောင်းခြင်းစာချုပ်တွင် လတ်မှတ်ထိုးပြီးနောက်တွင် တစ်ယောက်ချင်းစီက မူပွားများကိုယူလိုက်ကြသည်။

"အဟင်း အဟင်း မိန်းကလေးရဲ့အမူအရာတွေက အထက်တန်းစားလိုပဲ"

လွဲပြောင်းစာချုပ်အားကိုင်ထားကာ လျို့ရှီက စုရွှေလျန်၏လက်ရေးအား ချီးကျူးပြောဆိုလိုက်သည်။ သူမသည် သူမသားဖြစ်သူလက်မှတ်ထိုးထားသောအခြမ်းအား ကြည့်လိုက်သောအခါတွင် ပိုးတီကောင်ကဲ့သို့ စကားလုံးများကိုတွေ့လိုက်ရကာ မျက်နှာပျက်သွားသည်။ ငွေစလေးဆယ်အား လျင်မြန်စွာရသွားသည့်အတွက် မနာလိုစွာကြည့်နေမိသော အဒေါ်လောင်ကိုကြည့်ကာ လျို့ရှီက ခပ်မြန်မြန်ပင် မျက်နှာပြန်ပြင်လိုက်ပြီး ပုခုံးများကို ဖြေလျော့ချလိုက်သည်။ စာတစ်သံပေတစ်သံဖြင့် သူမ၏အိမ်မှာသားများက လောင်အိမ်မှသားများထက် ပို၍လိမ္မာကြောင်း ပြောလိုက်၏။

"အဲ့လိုဆို အတည်တကျဖြစ်သွားပြီပေါ့။ ငါတို့စပြီးပစ္စည်းတွေသိမ်းရအောင်။ အခုပြောင်းကြမယ်"

လျို့ရှီက အေးအေးသာသာပြောလိုက်ကာ သူမ၏စာချုပ်နှင့်ငွေစလေးဆယ်အား ဂရုတစိုက်ဖြင့် အဝေးတွင်ထားလိုက်သည်။ သူမကလှည့်လိုက်ပြီး ချွေးမဖြစ်သူအား လယ်ကွင်းများဆီသို့သွားကာ သူမ၏ခင်ပွန်းအားရှာလာခဲ့ရန် ညွှန်ကြားလိုက်သည်။ သူ့အား သားအကြီးဆုံးဖြစ်သူအား သတင်းပေးရန် တာဝန်ပေးရပေမည်။ ၎င်းတို့၏သားဖြစ်သူသည် ပစ္စည်းများရောင်းဝယ်သည့်ဆိုင်တွင်သာ ရှိမည်ဖြစ်ဦးမည်။ စီစဉ်စရာရှိသည်နှင့် ပြင်ဆင်စရာရှိသည်များကိုလုပ်ဆောင်ကာ အိမ်သစ်သို့ တတ်နိုင်သမျှမြန်မြန်ပြောင်းသည်က ကောင်းပေမည်။ ထိုသို့နည်းလမ်းဖြင့် တစ်မိသားစုလုံးသည် မနက်ဖြန်တွင်ပင် မြို့သို့ပြောင်းရွှေ့နိုင်ကြမည်ဖြစ်ကာ မြို့နေလူမှုဘဝအား ပျော်ရွှင်စွာခံစားနိုင်ပေတော့မည်ဖြစ်၏။

***

All Chapters