စုံစမ်းမေးမြန်းခြင်း
Vol. 1 Ch. 19
"အဲ့တာဆို အမ်....လင်းစစ်ယောင်"
စုရွှေလျန်တစ်ယောက် ကြာမြင့်စွာတွေးတောနေမိသည်။ သူမသည် သူနှင့်အတူတူ ညစာစားပြီးနောက် သူမအခန်းသို့ပြန်လာစဉ်တွင် ပြောလိုက်ခြင်းဖြစ်သည်။
လင်းစစ်ယောင်က သူမပြောသည်ကို အသံကိုလှည့်ကြည့်လိုက်သည်။ မျက်ခုံးပင့်ပြလိုက်ကာ ဆက်ပြောမည်ကိုစောင့်နေမိ၏။
"အဲ့တာက...ဒီနေ့ကိစ္စပါ။ ကျွန်မတောင်းပန်ပါတယ်။ ရှင့်ကိုမထီလေးစားလုပ်မိသလိုဖြစ်သွားတယ်။ နောက်ကျလည်း ရှင်သဘောကျတဲ့မိန်းကလေးတွေ့လာနိုင်တာကို မေ့သွားတယ်။ ပြီးတော့ မိသားစုလည်းထူထောင်ချင်ဦးမှာပဲလေ။ ကျွန်မရှင့်ကို ဖန်းဟွာမြို့မှာ အခြေချဖို့ဆွဲခေါ်လာတာက တစ်ကိုယ်ကောင်းဆန်လွန်းသွားတယ်"
စုရွှေလျန်အထစ်အထစ်အငေါ့အငေါ့ဖြင့် တောင်းပန်လိုက်သည်။ သူမ၏စကားလုံးများက မရောမရာဖြစ်နေကာ သူမအတွက်ပင် အဓိပ္ပာယ်မရှိပေ။
သူမသည် သူနှင့်ပက်သက်၍ထင်မြင်ချက်ကောင်းရှိသည်မှာ သေချာပေသည်။ ထို့အပြင် နှစ်ဦးသား တောထဲ၌ နှစ်လတာမျှနေခဲ့ကြသည်။ ထို့ကြောင့် သူနှင့်အတူတူနေရန်အတွေးမှာ စိတ်ထဲတွင် သဘာဝကျကျပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် ထိုသို့သောဆုံးဖြတ်ချက်အကြောင်းရင်းကြောင့် ထိုသို့အတွေးမျိုးက မည်သို့ရှင်သန်ကြီးထွားလည်ကို သေချာမသိတော့ပေ။
သို့သော် အဒေါ်လောင်အား သူမနှင့်လင်းစစ်ယောင်သည် စေ့စပ်ထားခြင်းဖြစ်သည်ဟု နှုတ်မှလွှတ်ကနဲထွက်သွားမိသောအခါတွင်မူ ရုတ်တရက်ပင် သူမ၏နှလုံးသားသည် တစ်စိတ်တစ်ပိုင်းနေရာယူထားပြီးကြောင်း သဘောပေါက်သွား၏။ သတိမထားမိစွာဖြင့်ပင် သူမ၏အကြည့်များက သူ၏ရှည်လျားတောင့်တင်းသောကျောကိုသာ ငေးကြည့်နေမိသည်။ တစ်ခုခုကိစ္စရှိသောအခါ သူ၏အေးစက်စက်မျက်ဝန်းများကိုကြည့်လိုက်ရလျှင် သူမစိတ်တည်ငြိမ်သွားသည်ဟု အမြဲခံစားမိ၏။
သူ၏အကြောင်းရင်းများကို သူမသေချာမသိပေ။ သူသည် အဘယ့်ကြောင့် သူမနှင့်နေရန်ဆုံးဖြတ်ခဲ့ရသနည်း။ သူ၏အကြောင်းရင်းများမှာ တင်နေသောအကြွေးများ၏ကျေးဇူးတရား၊ မိန်းကလေးတစ်ယောက်တည်းထားခဲ့ရမည်ကိုကြောက်သောအကြောက်တရား၊ သူမ၏တောင်းဆိုချက်များအား မငြင်းဆန်နိုင်စွမ်း ထိုသို့သောအရာမျိုးဖြစ်နေမည်ကို စုရွှေလျန်ကြောက်နေမိသည်။
ထိုအကြောင်းပြချက်များသာဖြစ်ပါလျှင် သူမ၏ဆုံးဖြတ်ချက်သည် တစ်ကိုယ်ကောင်းဆန်လွန်းပေမည်။ စုရွှေလျန်သည် သူမ၏ပုခုံးများကို ဖြေလျော့လိုက်ပြီး မသိစိတ်၏လှုံ့ဆော်မှုဖြင့် အောက်သို့သာ ငုံ့ကြည့်နေမိသည်။ သူ့အားကြည့်ရမည်ကို ကြောက်နေမိသည်။ သူသည် စိတ်ချကာဖြင့် သူနှစ်သက်သည့်အမျိုးသမီးနောက်သို့လိုက်ပါသွားကာ လမ်းခွဲရမည်ကို ကြောက်နေမိ၏။
လင်းစစ်ယောင်၏အဖြေကိုခန့်မှန်းကာ သူမ၏စိတ်သည် စတင်လေလွင့်လာမိသည်။ သူမသည် သူ၏မျက်နှာကိုမကြည့်ပေ။
"မင်းလိုချင်တာဒါလား"
သူ၏အသံကိုကြားလိုက်ရသော်လည်း ယခုအခေါက်တွင် ပို၍အေးစက်နေ၏။
စုရွှေလျန်မော့ကြည့်လိုက်၏။ "မင်းလိုချင်တာလားဒါလား"ဆိုသောမေးခွန်းသည် မည်သည့်အရာကိုဆိုလိုပါသနည်း။ သူမလိုချင်သည်မှာ လင်းစစ်ယောင်သာဖြစ်၏။
စုရွှေလျန်တစ်ယောက် အံ့အားသင့်စွာအော်ပြောလုနီးပါးဖြစ်ကာ သူမ၏ပါးစပ်အား ပြန်ပိတ်ထားလိုက်ရသည်။ မျက်လုံးများက အလွန်အံ့အားသင့်နေကြောင်းပြသနေသည်။ သူမသည် အမှန်ပင် လင်းစစ်ယောင်ကိုသာ အလိုရှိသည်။ (၅၂၈)အချစ်မေတ္တာပက်သက်ဆက်ဆံရေးမျိုးမဟုတ်သော်လည်း သူငယ်ချင်းဖြစ်လိုသောခံစားချက်မျိုးလည်းမဟုတ်ပေ။ သူမသည် သူ့အားသဘောကျခြင်းဖြစ်၏။ သူမက မသိလိုက်မသိဘာသာဖြင့် သူနှင့်နီးစပ်ချင်မိသည်။ ဥပမာအားဖြင့် လက်ထပ်ကာအခြေချခြင်းမျိုးပင်ဖြစ်၏။
စုရွှေလျန်၏မျက်နှာနီမြန်းသွားသည်။ သူမသည် လက်နှစ်ဖက်ဖြင့် နီရဲနေသောပါးလေးများအား လျင်မြန်စွာ ဖုံးအုပ်ထားလိုက်သည်။
"ဘာဖြစ်တာလဲ။ ဘယ်နေရာနေမကောင်းလို့လဲ"
ခဏအကြာမျှ သူမဘာမှမပြောသည်ကိုတွေ့သောအခါ လင်းစစ်ယောင်က သူမအား ခွဲခြမ်းစိတ်ဖြာရန် အနားသို့တိုးကာလျှောက်လာသည်။ သူမ၏ နီရဲနေသောမျက်နှာလေးအား နီးနီးကပ်ကပ်တွေ့လိုက်ရသောအခါတွင် အပြင်ပန်းတွင် သူမဘာသာအားစိုက်ထုတ်နေရကာ ဖျားနာနေသည်ဟု ထင်မိသည်။ သူမ၏နဖူးလေးအား ညင်သာစွာစမ်းကြည့်လိုက်ပြီး မပူနေသောအခါမှသာ စိတ်သက်သာရာရသွား၏။ သို့သော် နီရဲတက်နေသောပါးပြင်များကိုကြည့်ကာ လင်းစစ်ယောင်၏မျက်လုံးများက စိုးရိမ်မှုဖြင့် ဝင်းလက်သွားသည်။ သူက ဒူးထောက်ထိုင်လိုက်ကာ ခပ်မြန်မြန်ပင်မေးလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး။ ဘာမှမဟုတ်ဘူး"
စုရွှေလျန်က အပူချိန်မြင့်တက်နေသောသူမမျက်နှာကိုကိုင်ထားရင်းဖြင့် ရှက်ရွှံ့စွာပြန်ဖြေလိုက်၏။
လင်းစစ်ယောင်ကြားသောအခါတွင် ထိုအကြောင်းကိုခေတ္တမျှစဉ်းစားနေကာ သူ၏အမူအရာက မပြောင်းလဲသွားပေ။ သူ၏ဘယ်ဘက်လက်က စုရွှေလျန်၏ပါးပေါ်တွင် အုပ်ထားသောလက်များကို ခိုင်မြဲစွာဆုပ်ကိုင်လိုက်သည်။ ကျန်သောလက်တစ်ဖက်က သူမ၏မေးစေ့လေးအား ညင်သာစွာဆွဲမလိုက်ကာ ရီဝေနေသောမျက်လုံးများကိုကြည့်လိုက်သည်။
"ငါ့ကိုပြော။ မင်းဘာဖြစ်နေတာလဲ"
"ကျွန်မ...ကျွန်မ...ဘာမှမဖြစ်ပါဘူး"
သူမက လှည့်သွားကာ သူ၏အေးစက်သောမျက်ဝန်းများကို မကြည့်ရဲပေ.
"ငါနဲ့ ပက်သက်တာတစ်ခုခုများရှိလို့လား"
လင်းစစ်ယောင်သည် သူမအား ခက်ခဲအောင်မလုပ်ချင်ပေ။ သေးငယ်ကာနူးညံ့သောလက်လေးကို ဆုပ်ကိုင်ထားမိသည်။ ထိုသို့အပြုအမူမျိုးသည် မသင့်လျော်သည်ကို သူသိသည်။ သို့သော် သူမအားလွှတ်ပေးရန် ငြင်းဆိုနေမိသည်။ သူမသည်သာ သူ၏ခံစားချက်များကိုသာသဘောပေါက်ကာ သူ့အားရှောင်ပြေးရန် ကြိုးစားပါလျှင် သူမဆီမှခံစားချက်များကိုမျှော်လင့်မိသည်ထက် ထိုခံစားချက်ကို သိမ်းထားသည်ကာသာ ပို၍ကောင်းပေလိမ့်မည်။
စုရွှေလျန်သည် မည်သို့ဖြေရမည်ကို မသိပေ။ မိန်းကလေးတစ်ယောက်အနေဖြင့် သူမသည် လင်းစစ်ယောင်ကိုနှစ်သက်ကာ သူနှင့်အတူရှိချင်မိသည်။ သူမသည် လင်းစစ်ယောင်အခြားသောမိန်းမတစ်ယောက်နှင့် မိသားစုတစ်ခုစတင်မည်ကို ခွင့်မပြုချင်ဟု ပြောမထွက်နိုင်ပေ။
"အရင်က မင်းပြောခဲ့တဲ့စကားတွေက...."
လင်းစစ်ယောင်က ပါးစပ်ပြင်လိုက်ကာ ဘာမျှထပ်မပြောခင်တွင်ပင်
"ငါသဘောကျတဲ့မိန်းကလေးက...."
စုရွှေလျန် ထိုစကားကိုကြားသောအခါ ရုတ်တရက်ခေါင်းမော့လာသည်။ သို့သော်လည်း သူမ၏ခေါင်းဖြင့် လင်းစစ်ယောင်၏မေးစေ့ဖြင့် ရိုက်မိသွားသည်။
"အွတ်"
သူမသည် နာကျင်မှုကြောင့် မျက်လုံးများမှပင် မျက်ရည်များထွက်လာမတတ်ဖြစ်သွားသည်။
လင်းစစ်ယောင်သည် သူမ၏ဖူးရောင်သွားသောနဖူးလေးအား ညင်သာစွာပွတ်လိုက်ကာ ခေတ္တမျှကြောင်အမ်းသွားသည်။ သူမသက်ပြင်းသာချလိုက်မိ၏။ အနာဂတ်တွင် သူသည်သာ ထိုမိန်းကလေးနှင့်လက်တွဲသွားကာ သူ့အားထားခဲ့မည်ပါဆိုလျှင်.....။
"ရှင်ပြောလိုက်တာက...."
စုရွှေလျန်သည် သူမ၏ပါးစပ်အား ဟလိုက်မိသည်။ သူသည်အမှန်ပင် သဘောကျမိသောမိန်းကလေးရှိနေသည်လော။ ထိုမိန်းကလေးသည် လုဝမ်အာ သည်လော။
စုရွှေလျန်က သူမ၏နှုတ်ခမ်းလေးအားကိုက်လိုက်ကာ ခါးသက်လှသောအတွေးများကို မောင်းထုတ်လိုက်သည်။ အမှန်တွင် ယောင်္ကျားများသည် တက်ကြွသွက်လက်ကာ ဂုဏ်ယူဝံ့ကြွားစွာဝတ်ဆင်တတ်သောမိန်းမများကိုပင် ကြိုက်နှစ်သက်ကြပေလိမ့်မည်။ ဥပမာအားဖြင့် အစ်ကိုရှင်းယီဖြစ်သည်။ သူသည် တက်ကြွကာလှပသောရွှေယန်ကိုပင် နှစ်သက်သည်မဟုတ်ပါလော။
"အရင်ဆုံးငါပြောမယ်။ အရင်ကဘယ်လိုထင်ခဲ့တာလဲ"
လင်းစစ်ယောင်ကခုံတစ်ခုံဆွဲယူလိုက်ကာ သူမနားတွင် ထိုင်လိုက်သည်။ သူသည် ယနေ့တွင် ထိုကိစ္စအားပြုလုပ်ရန် ရည်ရွယ်ထားပေသည်။ ခံစားချက်များကိုသာသိသွားမည်ဆိုလျှင် ဝန်ခံရမည်သာဖြစ်သည်။ ထိုသို့နည်းလမ်းဖြင့်သာ သူသည် တောင့်တနေသောထိုအတွေးအား ရပ်တန့်နိုင်ပေမည်။
စုရွှေလျန်သည် သူပြောသောစကားများကို ကြားလိုက်သောအခါတွင် ရှက်စရာကောင်းသောအတွေးများက ထိုးထွက်လာပြန်သည်။ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကာ မျက်နှာသည် တစ်ဖန်နီမြန်းလာပြန်သည်။
“ရွှေလျန်”
လင်းစစ်ယောင်က သူ၏နှလုံးသားထဲတွင် မရေမတွက်နိုင်အောင်ခေါ်နေမိသောထိုနာမည်အား နှုတ်မှထွက်ကျလာမိသည်။ အသံခပ်နိမ့်နိမ့်ဖြင့် သူကမေးလိုက်၏။
"မင်းကိုအဲ့လိုခေါ်လို့ရမလား"
စုရွှေလျန်၏နှလုံးသားလေး တုန်ခါသွားသော်လည်း ခေါင်းညိတ်ပြလိုက်ကာ တုံ့ပြန်လိုက်၏။ သူသည် သူမ၏နာမည်ကိုပြောလိုက်သောအချိန်တွင် မှော်အတတ်ဖြင့်ပြုစားထားသကဲ့သို့ သူ၏နှလုံးသားလေး တသိမ့်သိမ့်တုန်သွားရသည်။
"လက်ဝတ်လက်စားမပြောနဲ့။ ဘယ်လိုမျိုးလက်ဆောင်ကိုမှ ဘယ်သူ့ကိုမှမပေးဖူးဘူး"
လင်းစစ်ယောင်က စကားလုံးတိုင်းကို သူမမျက်နှာကိုကြည့်ကာ ပြောနေခြင်းဖြစ်သည်။ ရှည်လျားလွန်းသောရှင်းပြချက်ဖြစ်နိုင်ပေသည်။ သို့သော် သူမအတွက်မူ သူသည် စိတ်ရှည်ရန်သာဆန္ဒရှိနေကာ သူမသည်လည်း နားထောင်ရန် ဆန္ဒရှိနေသည်။
“ရှင်...”
စုရွှေလျန်သည် သူ၏အကြည့်ကို ပြန်မကြည့်ရဲပေ။ သူ၏အေးစက်သောအကြည့်များက ကွယ်ပျောက်သွားကာ ယခုတွင် မျက်လုံးထဲ၌ သူမ မသိသောခံစားချက်မျိုးရှိနေသည်။ သို့သော်လည်း သူ၏စကားလုံးများသည် မည်သည့်အဓိပ္ပာယ်ဖြစ်မည်နည်း။ သူမတွေးနေသကဲ့သို့သာဆိုလျှင် သူသည်လည်း သူမအား သဘောကျနေသည်ဟု ဆိုလိုပေမည်။
"ရှင်...ရှင်ခုကနပြောလိုက်တဲ.....ရှင်သဘောကျနေတဲ့မိန်းကလေးဆိုတာ...."
သူမ၏ယူဆချက်များပေါ်တွင် မမှီခိုချင်ပေ။ သူ့အားလိုချင်သည်ဟုသာ ကျယ်လောင်ပြတ်သားစွာ အော်ပြောလိုက်ချင်မိသည်။
"အဲ့တာမင်းပဲ"
လင်းစစ်ယောင်သည် ထိုစကားများကို ပြောပြီးသည့်နောက်တွင် သူ၏ခေါင်းက ရှက်သည့်ပုံစံဖြင့် တစ်ဖက်သို့လှည့်သွားသည်။ သူမ၏မျက်ဝန်းများထဲမှလှောင်ပြောင်သရော်မှုကို တွေ့သွားမည်ကို ကြောက်နေမိကာ ငြင်းဆိုသောစကားလုံးများထွက်ကျလာမိမည်ကိုလည်း ကြောက်နေမိ၏။ သို့သော် သူကဲ့သို့ အကြင်နာတရားကင်းမဲ့သောလူသတ်သမားတစ်ယောက်အနေဖြင့် ရိုးသားပြီးလှပေသောထိုမိန်းကလေးသည် သူ့အား မည်သို့နှစ်သက်နိုင်မည်နည်း။
ထိုအတွေးဖြင့် လင်းစစ်ယောင်ထရပ်လိုက်ကာ ယိမ်းထိုးကာဖြင့် သူမ၏အခန်းထဲမှ တွန့်ဆုတ်စွာထွက်သွားရန်ပြင်လိုက်သည်။ သူမ၏တိတ်ဆိတ်နေသောတုံ့ပြန်မှုက သူ၏ခံစားချက်များကို လက်သင့်မခံဟု ဆိုလိုနေသည်မဟုတ်ပါလော။
သူ၏အင်္ကျီအနားသတ်အား ခိုင်မြဲစွာဆုပ်ကိုင်ထားသော လက်သေးသေးလေးအား လင်းစစ်ယောင်ငုံ့ကြည့်လိုက်မိသည်။ စုရွှေလျန်၏နီရဲနေသောမျက်နှာလေးဖြင့် ရှက်ကြောက်နေသောမျက်ဝန်းလေးများကို တွေ့လိုက်ရသည်။
"ကျွန်မ....ကျွန်မရောပဲ"
စုရွှေလျန်သည် သူမ၏သတ္တိများကိုစုစည်းလိုက်ပြီး နှလုံးသားထဲတွင်ရှိနေပြီဖြစ်သောစကားလုံးမျာကို ကျယ်လောင်စွာပြောလိုက်မိသည်။
ထိုစကားများကို ကြားလိုက်ရသောအခါတွင် လင်းစစ်ယောင်၏ခန္ဓာကိုယ်တောင့်တင်းသွားသည်။ သူမပြောလိုက်သောအရာသည် သူတွေးနေသောအဓိပ္ပာယ်ကိုဆိုလိုသည်မဟုတ်ပါလော။ လင်းစစ်ယောင်တစ်ယောက် လှုပ်ရှားရမည်ကိုပင် လန့်နေမိသည်။ သူကြားလိုက်ရသောစကားများသည် စိတ်ကယောင်ချောက်ခြားဖြစ်ခြင်းသာဖြစ်မည်ကို ကြောက်ရွှံ့နေမိသည်။
"ရှင်မယုံဘူးပဲ..."
စုရွှေလျန်က လင်းစစ်ယောင်၏တုံ့ပြန်မှုကိုမကြားရသောအခါတွင် သူမ၏နှလုံးသားလေးတွင် စိုးရိမ်ပူပန်မှုတို့ မြင့်တက်လာ၏။ သူမ၏လက်ကို အလျင်စလိုရမ်းကာ သူ၏လက်ကိုဆွဲယူလိုက်သည်။
"တကယ်တော့ ကျွန်မဆိုလိုတာက...ကျွန်မ...."
"ငါယုံပါတယ်"
ခေတ္တမျှကြာပြီးနောက်တွင် လင်းစစ်ယောင်ဆီမှ စကားတစ်ခွန်းထွက်လာသည့် အသံခပ်တိုးတိုးသည် အနည်းငယ်မျှပျာယာခတ်နေသည်ကို ထောက်လှမ်းမိရန်ခဲယဉ်းပေလိမ့်မည်။
***