← Chapters

ခလောက်ဆန်နေသောခံစားချက်များ

Vol. 1 Ch. 20

ခလောက်ဆန်နေသောခံစားချက်များ

Vol. 1 Ch. 20

နောက်တစ်နေ့မနက်တွင် စုရွှေလျန်က အခန်းထွက်ပေးရန် အောက်ထပ်သို့ဆင်းလာ၏။

"မိန်းကလေး အခန်းထွက်ချင်ပြီလား"

အလုပ်သမားထဲမှတစ်ဦးက သူမအိတ်များဖြင့်အောက်ထပ်သို့ဆင်းလာသောအခါတွင် ပြုံးကာမေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ်။ အနှောင့်အယှက်ပေးမိသွားပါပြီ"

စုရွှေလျန်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။ ယမန်နေ့ညက သူမနှင့် လင်းစစ်ယောင်သည် ခံစားချက်များကို အပြန်အလှန်ဖွင့်ထုတ်ပြောလိုက်ကြကာ စုရွှေလျန်တစ်ယောက် ပျော်ရွှင်မှုအား မထိန်းချုပ်နိုင်ပေ။ ထိုသို့သောပျော်ရွှင်မှုမျိုးသည် သူမ၏ဘဝတွင် ယခင်ကတစ်ခါမျှမခံစားခဲ့ဖူးရသောပျော်ရွှင်မှုမျိုးဖြစ်သည်။

"ဟို...ဟိုလေ..."

အလုပ်သမားက ထစ်ငေါ့ထစ်ငေါ့ဖြင့်ပြောလိုက်၏။ သူသည် လက်ဖြင့်ကုတ်ခြစ်နေမိကာ စုရွှေလျန်၏အခန်းများကို ရှက်ရွှံ့စွာယူလိုက်သည်။ စိတ်အတွင်းတွင်မူ မိမိအားလက်ထပ်ရန် ဆန္ဒရှိမရှိကို ထိုမိန်းကလေးအားမေးရန် ချင့်ချိန်စဉ်းစားနေပေသည်။

"အဆင်သင့်ဖြစ်ပြီလား"

လင်းစစ်ယောင်က ဝံပုလွေနှစ်ကောင်နှင့်အတူ ငွေရှင်းသည့်နေရာသို့ ဝင်လာသည်။ သူသည် စုရွှေလျန်ဆီသို့လျှောက်သွားကာ သူမ၏အိတ်များကိုယူလိုက်ပြီး နူးညံ့နွေးထွေးသောမျက်လုံးများဖြင့် သူမအား ကြည့်လိုက်သည်။ စုရွှေလျန်၏ခံစားချက်များကို သိရှိသွားသောကြောင့် သူသည်လည်း ပျော်ရွှင်မှုတွင်နစ်မြုပ်နေကာ တစ်ညလုံးပင် အိပ်မပျော်ခဲ့ပေ။

အာရုဏ်တက်ချိန်တွင် စုရွှေလျန်အတွက် စာတစ်စောင်ချန်ထားခဲ့ပြီး ဝံပုလွေနှစ်ကောင်အားလေ့ကျင့်ပေးရန် ထွက်သွားခဲ့သည်။ တောင်တန်းများနည်းပါးသောအရပ်တွင် လေကို ပျော်ရွှင်စွာဖြင့် အားရပါးရရှုရှိုက်လိုက်ကာ ဝံပုလွေနှစ်ကောင်အား ဆက်လက်လေ့ကျင့်ပေးသည်။

မောပန်းနေသောဝံပုလွေနှစ်ကောင်ဖြင့်ပြန်လာပြီးနောက်တွင်မူ သူသည် တစ်ဦးတည်းနှင့်တစ်ယောက်တည်းသာရှိသော အနာဂတ်ဇနီးလောင်းလေးအား ရှာဖွေနေမိသည်။

"အင်း"

စုရွှေလျန်ကပြုံးပြကာ ခေါင်းညိတ်ပြလိုက်၏။

"အဲ့လိုဆို သွားကြမယ်"

လင်းစစ်ယောင်က ယမန်နေ့မှဝယ်ယူလာသောအိတ်များကိုမယူလိုက်ကာ ဝံပုလွေများ၏ကျောကုန်းတွင် ချည်နှောင်ပေးလိုက်သည်။ ဝံပုလွေနစ်ကောင်က နာခံစွာဖြင့် လင်းစစ်ယောင်အား အိတ်များကိုချည်နှောင်ခွင့်ပြုလိုက်သည်။ ဝမ်းနည်းနေသောအမူအရာနှင့်မျက်လုံးများသည်မူ တစ်စုံတစ်ခုကို ပြောပြနေသည့်ဟန်ရှိ၏။

"ကျွန်တော်တို့ဒီလောက်တောင် မောမောပန်းပန်းပြောလာရတာကို အခုကျ အိတ်အလေးကြီးတွေ သယ်ခိုင်းစေချင်တာလား။ အု..ဝု...ဝု...သခင်...ကျွန်တော်တို့ မလုပ်လို့မရဘူးလား"

"မိန်းကလေး ဒီမှာပြန်အမ်းငွေပါ"

အလုပ်သမားသည် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့၏ အပြန်အလှန်ပြုမူဆက်ဆံပုံကိုမြင်ပြီးနောက်တွင် မူလကစိတ်လှုပ်ရှားနေသောနှလုံးသားသည် ရုတ်တရက် ငြိမ်သက်သွားရှာသည်။ သူမဘေးတွင် တစ်ချိန်လုံးရှိနေသောအေးစက်စက်အမျိုးသားသည် သူမ၏ခင်ပွန်းဖြစ်ရပေမည်။ သူကခေါင်းငုံ့ထားကာဖြင့် ပြန်အမ်းငွေပေးရန် မချင့်မရဲဖြင့် သူမ၏စားပွဲဆီသို့ ရောက်လာ၏။

"ကျေးဇူးတင်ပါတယ်။ ကျွန်မတို့သွားလိုက်ပါဦးမယ်။ နှုတ်ဆက်ပါတယ်"

စုရွှေလျန်ကပြုံးပြကာ ပြန်အမ်းငွေ ကြေးပြား(၃၆)ပြားကို လက်ခံလိုက်၏။ ခေတ္တမျှစဉ်းစားပြီးနောက်တွင် သူမကကျန်သောသစ်သီးသစ်ဉခြင်းအား ကောင်လေးအားပေးရန် ဆုံးဖြတ်လိုက်သည်။

"ဒါမင်းအတွက်ပါ။ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဒါကျွန်တော့်တာဝန်ပါ"

အလုပ်သမားက ရှက်ရှက်ဖြင့် လက်ပြပြောလိုက်သည်။ သူသည် နှင်းကဲ့သို့ဖြူစွတ်နေသောခွေးကြီးများကို အမှန်ပင်နှစ်သက်လေသည်။ ထိုသို့ ကောင်းစွာလေ့ကျင့်ထားသောအိမ်မွေးခွေးမျိုးကို မမြင်ဖူးပါ။ မည်သည့်ခွေးမှ အိတ်များကို ထိုသို့ကူသယ်ပေးမည်မဟုတ်ပေ။

"အဲ့လိုဆိုရင် မိန်းကလေးကိုကျေးဇူးတင်ရမှာပါ"

အလုပ်သမားက လက်နှစ်ဖက်ကိုပွတ်ကာ စုရွှေလျန်ဆီမှ ခြင်းကိုလက်ခံလိုက်သည်။ သူသည် ငွေရှင်းသည့်နေရာသို့ လှည့်ပြန်မည်အလုပ်တွင် လင်းစစ်ယောင်ကတားထားလိုက်သည်။

"အမ်"

အလုပ်သမားက မျက်လုံးအဝိုင်းသားဖြင့် လင်းစစ်ယောင်အား ကြည့်လိုက်သည်။ လင်းစစ်ယောင်သည် သူ့ဆီမှသစ်သီးခြင်းတောင်းကိုယူကာ သစ်သီးများကိုသာ သူ့လက်ထဲထည့်ပေးလိုက်ပြီး ခြင်းအလွတ်ကိုမူ ဝံပုလွေ၏ကျောပေါ်တွင် ချည်နှောင်လိုက်သည်။ အလုပ်သမားမူ လှုပ်ပင်မလှုပ်ပေ။

စုရွှေလျန်က လင်းစစ်ယောင်တစ်ယောက် သစ်သီးခြင်းကို ဝံပုလွေကျာပေါ်တွင် ချည်နှောင်သည်အထိ သူ၏အပြူအမူများကို ကြည့်နေမိသည်။ သူမက တည်းခိုခန်းတံခါးမှထွက်သွားသောလင်းစစ်ယောင်နောက်သို့လိုက်မသွားခင် အလုပ်သမားလေးအား ပြုံးပြလိုက်၏။

စုရွှေလျန်က တစ်ဖန်ပြန်လည်အေးစက်သွားသော လင်းစစ်ယောင်အား ကြည့်နေမိသည်။ သူမက မျက်တောင်လေးခတ်ကာဖြင့် တွေဝေနေမိ၏။

လင်းစစ်ယောင်သည် သူမသည် မိမိအားငေးကြည့်နေကြောင်းကိုသိသော်လည်း အလွန်ပင် ချောက်ခြားနေမိ၏။ သူမက အလုပ်သမားအား အားရဝမ်းသာစွာပြုံးပြလိုက်သည့်အတွက် မပျော်မရွှင်ဖြစ်နေခြင်းဖြစ်သည်။ သူမဘာသာလုပ်ထားသောသစ်သီးခြင်းကို စားပွဲထိုးအားပေးလိုက်ခြင်းကိုလည်း စိတ်တိုနေပေသည်။

"တစ်ခုခုကိုစိတ်တိုနေတာလား"

စုရွှေလျန်က သူ၏အင်္ကျီလက်စကိုဆွဲကာ သူမစိတ်ထဲတွင်နေရာယူနေသောမေးခွန်းအားမေးလိုက်သည်။ ယခုတွင်ပင် ထိုကိစ္စအားမရှင်းလင်းလျှင် အချင်းချင်းဖွင့်ဟဝန်ခံထားကြသောဖူးသစ်စအချစ်တို့သည် ပွင့်ပွင့်လင်းလင်းမပြောတတ်သည့်အကျင့်ကြောင့် ကြေမွပျက်စီးသွားရမည်ကို ကြောက်နေမိသည်။

လင်းစစ်ယောင်က သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ပြန်လှည့်လာသည်။ သူမ၏လက်မောင်းလေးကိုဆွဲယူပြီး ဖန်းလော့မြို့၏လူထူထပ်သောလမ်းမများမှ ထွက်ခွာလာသည်။ မြို့ပြင်ရှိအဆုံးမရှိသောမြက်ခင်းစိမ်းများဆီသို့ ရောက်မှသာ ပြေးခြင်းအားရပ်တန့်လိုက်သည်။

“လင်း...အားယောင်”

စုရွှေလျန်က သူ၏နာမည်အပြည့်အစုံအား ပြောထွက်ခါနီးဖြစ်သွားသည်။ သို့သော်လည်း အချင်းချင်းဝန်ခံထားကြပြီးဖြစ်သောကြောင့် သူစိမ်းတစ်ယောက်ကဲ့သို့ခေါ်လျှင် ထူးဆန်းနေပေလိမ့်မည်။ ထို့ကြောင့် ထိုသို့နာမည်မျိုးအားခေါ်လိုက်ခြင်းဖြစ်သည်။ သူမကခေါင်းမော့လိုက်ကာ မဖြေသေးရသောမေးခွန်းကို ဆက်လက်စောင့်စားနေမိသည်။ လင်းစစ်ယောင်က သူမအား နက်နဲသောအကြည့်မျိုးဖြင့် ကြည့်နေမိ၏။ သူ၏မျက်လုံးများမှတစ်ဆင့် သူ၏ဖိနှိပ်ထားသောနက်ရှိုင်းသည့်ခံစားချက်များကို သူမ သိနိုင်ပေသည်။

"ရှင်...."

စုရွှေလျန်က နှစ်ယောက်ကြားမှ တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်သည်။ သို့သော်လည်း မည်သည့်နေရာမှစတင်ရန်မသိသည်ကို သဘောပေါက်သွား၏။ သူမက ဆက်ပြောခါနီးတွင် လင်းစစ်ယောင်က သူမ၏နှုတ်ဖျားလေးကို သူ၏လက်ချောင်းဖြင့် ဖုံးအုပ်ထားလိုက်သည်။

"ငါစိတ်အနှောင့်အယှက်ဖြစ်သွားရတယ်"

သူရှင်းပြလိုက်သော်လည်း မိမိဘာသာရှင်းပြနေသည့်ပုံတူသည်။

"အခြားယောင်္ကျားတွေက မင်းအပြုံးကိုမြင်သွားတာကို ငါမကြိုက်ဘူး။ ပြီးတော့ မင်းကိုယ်တိုင်ရက်ထားတဲ့ခြင်းလိုပစ္စည်းမျိုးက သူတို့ကိုပေးပစ်မှာကိုလည်း မလိုလားဘူး"

"ခစ်..ခစ်..."

စုရွှေလျန်တစ်ယောက် ကျယ်လောင်စွာရယ်မောသွားမိသည်။ လင်းစစ်ယောင်၏အေးစက်စက်မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားသောအခါတွင် သူမရယ်လိုက်ခြင်းမှာ မသင့်လျော်သည်ကို သဘောပေါက်သွား၏။ သူမက ပြုံးပြကာ တောင်းပန်လိုက်၏။

"ရှင့်ကိုရယ်တာမဟုတ်ပါဘူး။ ကျွန်မထင်တာပ...ရှင်စောဒကတက်လိုက်တဲ့စကားအရှည်ကြီးက ရယ်စရာကောင်းတယ်ထင်လို့ပါ။ အဲ့တာကြောင့် မထိန်းနိုင်ဘဲနဲ့...."

သူမ၏တိတ်ဆိတ်မှုကကြီးထွားလကာ နောက်ဆုံးတွင် တိတ်ဆိတ်စွာသာ အောက်သို့ငုံ့ကြည့်နေမိသည်။ သူ၏မျက်လုံးများအောက်တွင် ပြောမပြနိုင်လောက်သောခံစားချက်မျိုးရှိနေသည်။

“ရွှေလျန်….”

လင်းစစ်ယောင်ကငုံ့ကာ သူမ၏နူးညံ့သောနဖူးပေါ်တွင် အနမ်းတစ်ပွင့်ခြွေကာပြောလိုက်ခြင်းဖြစ်သည်။

စုရွှေလျန် သူ့ကိုကြည့်လိုက်ကာ ကြက်သေသေသသွား၏။ သူမ၏ပါးနှစ်ဖက်က ရုတ်တရက်နီရဲတက်လာသည်။ ထိုသို့ပုံစံကိုကြည့်ပြီး လင်းစစ်ယောင် နောက်တစ်ဖန်မနမ်းဘဲ မနေနိုင်ရှာပေ။

"မင်းငါ့ကိုဒီလိုမျိုးဆက်ကြည့်နေမယ်ဆိုရင် ငါပိုပြီးတောင် နမ်းချင်သွားပြီ..."

လင်းစစ်ယောင်က နူးညံ့စွာပြုံးပြလိုက်ပြီး မျက်လုံးများတွင် ရှက်သွေးဖြာသည့်အရိပ်အယောင်သမ်းသွား၏။

"ရှင်...ရှင်..ကျွန်မကို ဒီလိုမျိုးနမ်းနေလို့မရဘူးလေ"

နောက်ဆုံးတွင်မူ စုရွှေလျန်သည် အသံပြန်ထွက်လာကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"မကြိုက်လို့လား"

လင်းစစ်ယောင်က စုရွှေလျန်၏မက်မွန်းပွင့်ပါးလေးအား ကြင်နာစွာပွတ်သပ်လိုက်သည်။ နူးညံ့သောနွေးထွေးမှုက သူမရှက်နေကြောင်း လင်းစစ်ယောင်အား အသိပေးလိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး။ အဲ့တာက...အဲ့တာက...."

စုရွှေလျန်၏စိတ်သည် သူ၏အကြည့်တွင် အတွေးမဲ့သွားရသည်။ သူမသည် မှန်ကန်ကြောင်းပြရန် အကြောင်းရင်းတစ်စုံတစ်ရာရှာမတွေ့ပါ။

"ဒါကမသင့်လျော်ဘူးလေ။ မဟုတ်ဘူးလား"

သူမသည် ဆန့်ကျင်ဘက်လိင်နှစ်ဦးကြားတွင် လက်ထပ်ပြီးမှသာထိုသို့လုပ်နိုင်မည်ဟု တွေးထားမိသည်။ သူမရှေးရိုးဆန်နေသည်လော။ စုရွှေလျန်သည် သူမနှာခေါင်းကိုညွှန်ပြကာ ထိုသို့ပြောခဲ့ဖူး၏။

"မိန်းကလေး မင်းကိုလည်း ဒီလိုငေးကြည့်ဖို့ ခွင့်ပြုမထားပါဘူး"

လင်းစစ်ယောင်က သူမ၏မျက်နှာကို နီးကပ်သွားအောင် ဆွဲယူလိုက်သည်။ သူသည် မျက်ခုံးပင့်ကာသတိပေးလိုက်ပြီး သူမ၏နူးညံ့သောနှာခေါင်းလေးအား ကစားနေပေသည်။ ထို့နောက် သူမ၏ခါးလေးအား သူ၏လက်ဖြင့် ထွေးပွေ့ထားလိုက်သည်။

နောက်တွင် ဝံပုလွေနှစ်ကောင်က ထိုအမျိုးသားသည် ၎င်းတို့၏သခင်အား တစ်ဖန်ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။ မြက်ခင်းစိမ်းများကိုဖြတ်၍ ၎င်းတို့နောက်သို့ အမောတကောဖြင့် ထပ်မံပြေးလိုက်ကြရပြန်၏။

***

All Chapters