ရွာသူကြီးတွင် အိမ်ရောင်းရန်ရှိသည်
Vol. 1 Ch. 22
"အိုက်ယား၊ မိန်းကလေးစု! ငါတကယ်ရှက်တယ်။ အာ! မင်းကဘာမှမလုပ်ဘဲနဲ့ အပြန်ပြန်အလှန်လှန်ပြောခဲ့တဲ့အတွက် ဉာဏ်မမီတဲ့ ငါ့ကိုပဲ အပြစ်ပြောပါနော်၊ ယောက္ခမရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းဘူး၊ ဒါကြောင့် မင်းတို့ကို လိုက်မပို့တော့ဘူးနော်၊ အဆင်ပြေလား? မင်းတို့နှစ်ယောက် အပြန်လမ်းမှာဘေးကင်းပါစေ!” ဖုန်းရှီ သည် စုရွှေလျန် နှင့် လင်းစစ်ယောင် တို့ ခြံပြင်သို့ ထွက်သွားတာကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်သည်။ သူမ၏ ခြံဝင်းထဲတွင် ယခုထိမပြန်သေးပဲ အတင်းအဖျင်းပြောနေသော မိန်းမများကို လှည့်ကြည့်လိုက်ရင်း ဖုန်းရှီ ခါးထောက်ကာ"နင်တို့ တစ်ယောက်ချင်းစီက ပျော်စရာတွေကြည့်ဖို့ ဒီမှာလာနေကြတာလား။ ရှူး!ရှူး! စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ဟာတွေ သွားစမ်း!"
"ကျွတ်.. ငါပြောသားပဲ၊ ဟွာအိမ်ရဲ့မိသားစုဝင်တွေက သူတို့ကိုနေ့လယ်စာကျွေးဖို့တောင် အသိမရှိကြဘူး။ ငါသာနင့်ကိုမသိဘူးဆိုရင် နင်ကအရမ်းမောက်မာတယ်လို့ထင်မိမှာပဲ !” ဟွာအိမ် ဘယ်လောက်ကပ်စေးနဲသလဲဆိုတာကို မြင်ပြီးနောက် ပိုပြီး ရိုးသားတဲ့ အမျိုးသမီး တစ်ယောက်ဆီမှ ဤစကားများ ထွက်ပေါ်လာသည်။
သူတို့ စကားကိုပြန်ရုတ်သိမ်းပြီး စာချုပ်ကို ဖောက်ဖျက်ခဲ့ပေမဲ့ လင်မယားနှစ်ယောက်လုံးအပြစ်မရှိသလိုပဲ နေ့ခင်းကြောင်တောင်ကြီးမှာတောင် လိုက်လာရဲသေးတယ်။
"ထျန်းကျဲ၊ မကောင်ဘူးလို့ခံစားရရင် နေ့လည်စာစားဖို့ နင့်အိမ်ကိုဘာလို့မဖိတ်တာလဲ!? ငါ့အိမ်မှာ လူခြောက်ယောက်နဲ့တင် ပြည့်ကျပ်နေတယ်!" ဟွာအိမ်ကတွန့်တိုတယ်ဆိုတာကို အကြီးဆုံးချွေးမဖြစ်သူကြားသောအခါ သူမ၏ နှလုံးသား မီးတောက်သွားသည်။ မနေ့ညကတည်းက မိသားစုဝင် အကြီးအငယ်တိုင်းက သူမကို အော်ဟစ် ဟောပြောနေခဲ့ကြသည်။ နောက်ဆုံး သူမသည် ပြဿနာကို ဖြေရှင်းလိုက်သောအခါတွင်လည်း အနီးနားရှိ အခြားအိမ်များ၏ လှောင်ပြောင်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူမ သည်းမခံနိုင်တော့ပေ။
"ကျွတ်..ကျွတ်.. ထျန်းကျဲ ၊ ကျွန်မပြောသလိုပဲ သူနဲ့စကားပြောတာက စိတ်ပျက်စရာတွေချည်းပါပဲ။ ထားလိုက်ပါ၊ သူ့နဲ့ယှဉ်ပြီး ကျွန်မတို့အဆင့်တွေကို နှိမ့်ချမနေပါနဲ့တော့။ စာချုပ်ဖျက်သိမ်းပြီးလူတွေနောက်ကို လိုက်ရဲသေးတယ်ဆိုမှတော့.. ကျွန်မတို့ ဒီလိုလူတွေကို စိတ်အနှောင့်အယှက်ပေးဖို့ မတတ်နိုင်ပါဘူး” ဟူသောစကားနှင့် ထျန်းအိမ်၏ အကြီးဆုံးချွေးမဖြစ်သူ ဒေါသပေါက်ကွဲခါနီးတွင် သူမအား ဆွဲထားခံလိုက်ရ၏။ ဖုန်းရှီ၏ မျက်နှာသည် ရွှေ့အိမ်မှအကြီးဆုံး ချွေးမဖြစ်သူ၏ သရော်စကားကြောင့် အဖြူရောင်မှ အနီရောင်သို့လျှင်မြန်စွာပြောင်းသွားသည်။ ထျန်းအိမ်၏ ချွေးမကမူ ဆက်လက်အငြင်းပွားခြင်းမရှိတော့ပေ။ သူမသည် သူမ၏ဝတ်စုံကိုပြန့်ပြူးစေရန် အချိန်များစွာယူခဲ့သည်။ ဟွာအိမ်၏ခြံဝင်းထဲမှ မထွက်ခွာမီသူမသည် ရွှေ့အိမ်မှ ချွေးမနှင့်အတူ မေးကိုမော့ကာ ဖုန်းရှီကို'ဟွင့်'ဟူသောအသံဖြင့် သရော်ထားခဲ့သည်။ ဖုန်းရှီ၏အံကြိတ်သံနှင့်အတူ ကျိန်ဆဲသံများထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ တစ်ခုခုပစ်ချလိုက်သောတုန့်ပြန်သံကြောင့် သူမတို့ပြုံးလိုက်ကြသည်။ ထိုအခြင်းအရာသည် ဟွာအိမ်အား ပို၍ ရန်လိုပုံပေါ်စေသည်။
….
စုရွှေလျန် နှင့် လင်းစစ်ယောင်တို့သည် ဟွာအိမ်မှ ထွက်သွားသောအခါ ဖန်းဟွာမြို့၏ အဝင်ပေါက်ဆီသို့ ရွာလမ်းအတိုင်း သွားလိုက်ကြသည်။
တကယ်တော့ ဖန်းဟွာမြို့တွင်ရှိသောအိမ်ကိုရွေးချယ်ခြင်းသည်အရမ်းကောင်းသော ရွေးချယ်မှုဖြစ်ပြီး ရှုခင်းလည်း အလွန်ကောင်းသည်။ မြို့လေးသည် သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်နှင့်အတူ အရမ်းစနစ်တကျရှိလှသည်။ အဒေါ်လောင်၏စကားအရ ၊ ဤမြို့တွင် ရောင်းရန် အိမ်မရှိတော့သည်မှာ သူမတို့အတွက် ကံဆိုးလှသည်။
စုရွှေလျန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ၏ဘေးမှ အနီးကပ်လိုက်လာသော လင်းစစ်ယောင်ကိုကြည့်လိုက်ပြီး ခေါင်းကိုလှည့်ကာ ကျောပေါ်တွင် ခရီးဆောင်အိတ်များကို သယ်လာသော ရှောင်ချွမ်နှင့် ရှောင်ရွှယ် အားလှည့်ကြည့်ရင်း သူမ ခပ်တိုးတိုးပြုံးကာ ပြောလိုက်သည်။ "ကျွန်မတို့ ပြင်ဆင်ထားတာ နည်းနည်းစောလွန်းတယ်။ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်တို့နဲ့ပါ ဒီလိုမျိုး အလုပ်တွဲလုပ်ရတာ…”
သူမစကားကို သူတို့နားလည်သကဲ့သို့၊ ဝံပုလွေနှစ်ကောင်သည် စုရွှေလျန် အနားကို နှစ်ကြိမ်လှည့်ပတ်ရင်း “ဟုတ်တယ်! ဟုတ်တယ် !ငါတို့ တကယ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ကြတယ်! သခင်မရေ ၊ ကျွန်တော်တို့ကိုနားလည်ပေးသောအားဖြင့် အသားစွပ်ပြုတ် နည်းနည်းလောက်ကျွေးပါလား! ဝူးဝူးဝူး…. ”
---
“မိန်းကလေး!” တစ်စုံတစ်ယောက်က သူမကို အနောက်ကနေ ခေါ်လိုက်သည်။ စုရွှေလျန် ရွာရွာသူကြီး ဝမ်ကန်းဖာကို လှည့်ကြည့်လိုက်၏။ သူမတို့နောက်ကို လိုက်လာတာကြောင့် သူအသက်ရှုကြပ်သွားသည်။
"ဦးလေးဝမ်?" စုရွှေလျန်
သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏ ။
"မိန်းကလေး စု၊ ဦးလေးဝမ် မင်းကို သတင်းကောင်းလေး ပြောစရာရှိလို့။ နည်းနည်းစဉ်းစားကြည့်လိုက်တော့ ဒီမြို့မှာ နောက်ထပ်ရောင်းဖို့ အိမ်တစ်အိမ်ရှိတယ်ဆိုတာ ငါသိလိုက်ရတယ်။ မင်းသွားကြည့်ချင်လား" အသက်ရှူသွင်းလိုက်ပြီးနောက်၊ ဝမ်ကန်းဖာ သည် စုရွှေလျန်၏ အဖြေကို စောင့်ဆိုင်းနေစဉ် သူ့ဆေးတံကို နောက်ထပ် ရှိုက်ဖွာလိုက်သည်။
“ဟမ်?” စုရွှေလျန် အံ့သြသွားပြီး “တကယ်လား?ဒါပေမယ့် အဒေါ်လောင် က မရှိတော့ဘူးလို့ပြောခဲ့တာလေ…”
"အိုက်ယား၊ အဲဒီအိမ်၊ အမျိုးသမီးလောင်က အဲဒီအိမ်ရောင်းမယ်ဆိုတာ မသိပါဘူး။ မင်းစိတ်ဝင်စားရင် ငါမင်းကို အခုခေါ်သွားမယ်။" ဝမ်ကန်းဖာသည် စုရွှေလျန်ကို မကြည့်မီ သူ့ဆေးတံပိုက်ကို ပုတ်လိုက်သည်။
စုရွှေလျန်၊ လင်းစစ်ယောင်ကို တစ်ချက်ကြည့်လိုက်ပြီး "အားယောင်?"
"သွားကြည့်ရအောင်" လင်းစစ်ယောင် ပြုံးပြီး စုရွှေလျန်၏ နားနောက်တွင် လွင့်နေသော ဆံပင်များကို နားကြားတွင်သိမ်းပေးရင်းခေါင်းညိတ်လိုက်သည်။
စုရွှေလျန်၏နားရွက်များ အနီရောင်ပြောင်းလာသည်။ သူမသည် မျက်လုံးများကို အမြန်လွှဲလိုက်ပြီး ဝမ်ကန်းဖာဆီသို့ ခေါင်းလှည့်ကာ "ဦးလေးဝမ်၊ ဒါဆို ကျွန်မတို့ ဦးလေးကို အနှောက်အယှက်ပေးမိပါပြီ!"
"ဟင့်အင်း၊ ဘာမှ ပြဿနာ မရှိပါဘူး။ ခရီးက ဝေးတော့ ငါ့အိမ်မှာ နေ့လယ်စာ စားရင်ရော ဘယ်လိုလဲ။" ဝမ်ကန်းဖာသည် သူ့ပါးစပ်ထဲက ဆေးတံကို ထုတ်ယူကာ လမ်းကို ဦးဆောင်လျှောက်လာရင်း အကြံ ပေးလိုက်သည်။
“မလုပ်ပါနဲ့၊ ကျွန်မတို့ မခံယူဝံ့ပါဘူး။” စုရွှေလျန် သူ့ရဲ့ကြင်နာတဲ့အမူအရာကို ငြင်းဖို့ကြိုးစားရင်း ရှက်ပြုံးလေးပြုံးလိုက်သည်။
"မိန်းကလေး၊ မင်း ဖန်းဟွာမြို့ကို ရောက်ကတည်းက မင်းက ငါတို့လူတွေထဲက တစ်ယောက်ပဲလေ။ ဟွာအိမ်ရဲ့ အရေးမပါတဲ့ လုပ်ရပ်တွေကတော့ တကယ်ကို မနှစ်မြို့စရာကောင်းတယ်ဆိုတာကို ငါတွေ့ပါတယ်။ လာ၊ သူတို့ မင်းတို့ကို ထမင်းမကျွေးဘူးဆိုတော့ ငါကျွေးမယ်။" လက်တစ်ဖက်တွင် ဆေးတံကိုင်ထားရင်း ဝမ်ကန်းဖာသည် လက်နှစ်ဘက်လုံးကို နောက်သို့ ချထားလိုက်သည်။ သူသည် စုရွှေလျန်နှင့် စကားပြောနေရင်း လမ်းကို ဦးဆောင်လာခဲ့သည်။
စုရွှေလျန် ဘာမှပြန်မပြောဘဲ ပြုံးပြလိုက်သည်။သူမသည် ယခင်ဘဝကြီးပြင်းလာချိန်မှစ၍ လူများ၏နောက်သို့ လိုက်စမရှိခဲ့ပေ။
"မိန်းကလေး၊ မင်းက မဆိုးဘူးပဲ။ တကယ်ကောင်းတယ်။" စုရွှေလျန် သူ့စကားကို လိုက်လျောပေးတာ ဘာပြဿနာမှ မရှိပေ၊ ဝမ်ကမ်းဖာသည် သူမကို လက်မထောင်ပြပြီး ချီးမွမ်း၏။
“ဦးလေးဝမ်၊ အဲဒီအိမ်က ဘယ်မိသားစုပိုင်တာပါလဲ” စုရွှေလျန် စပ်စုမိသွားသည်။ ရွာသူကြီးသည် သူမတို့ကို ဒီအိမ်အကြောင်း ဘာကြောင့်ပြောပြတာလဲ၊ ထမင်းစားဖိတ်တဲ့အထိ ဘာကြောင့် ဒီလောက်တောင် ကြင်နာနေရတာလဲ?
“ဟီးဟီး….” ဝမ်ကန်းဖာသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုကုတ်လိုက်ပြီး “တကယ်တော့ ဒီအိမ်ကို ငါ့အဖေက ပေးထားတာ။ မူလက ဒီအိမ်ကို ရောင်းဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒါပေမယ့် ငါ့သားက သူ့လက်ထပ်ပွဲအတွက် ပိုက်ဆံလိုနေတယ်။ ပြီးတော့ မင်းကလည်း အိမ်လိုအပ်နေလို့ မင်းကိုရောင်းဖို့ တွေးလိုက်တာ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပေါ့” ဝမ်ကန်းဖာသည် သူစီစဉ်ထားတဲ့ အဖြေကို ဖြေပြီးသွားချိန်မှာတော့ ရယ်မောလိုက်၏။ သူ့ရဲ့ကျယ်ပြန့်လှတဲ့ ရွာသူကြီး အတွေ့အကြုံမှတစ်ဆင့် စုရွှေလျန်သည် အလုပ်ကြိုးစားသူဖြစ်ကြောင်း သူသေချာသိသည်။ သူမသည် အိမ်ကို ပိုကောင်းအောင် လုပ်မည်မှာ အသေအချာပင်ဖြစ်ပေ၏။
ဝမ်ကန်းဖာသည် သူ့ဇနီးသည် နောက်ဆုံးသော သားယောက်ျားလေးကို မွေးသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်သည်။ ယင်းကြောင့် သူ့သားအား အလိုလိုက်ကာ နှစ်သက်သည့်အတိုင်း လုပ်ခွင့်ပေးခဲ့သည်။ သူ့သားသည် ချင်ထျန်းမြို့မှ မိန်းကလေးတစ်ယောက်ကို ကြိုက်မိပြီး မိန်းကလေးဘက်က ခန်းဝင်ပစ္စည်းအဖြစ် ငွေဆယ့်နှစ်ပြားလိုချင်တယ်ဆိုတာကြောင့် ညှိနှိုင်းပေးရန် အောင်သွယ်တော်ယန်ကိုသာ သွားရှာခဲ့သည်။ လက်ထပ်ပွဲပြင်ဆင်မှုသည်လည်း ကုန်ကျစရိတ်များပြီး သူတို့သည် ငွေရှစ်ပြားသာ စုပြီးသားရှိ၏ ။ သူတို့မိသားစုသည် စုရွှေလျန်နှင့်လင်းစစ်ယောင်တို့ကို မတွေ့ခင်အထိ စိုးရိမ်နေခဲ့ကြသည်။ သူမတို့နှစ်ယောက် အိမ်တစ်လုံးဝယ်ချင်သည်ကိုတွေ့ပြီးသောအခါ ၊ ဝမ်ကန်းဖာ ပီတိဖြစ်သွားခဲ့သည်။
စုရွှေလျန် ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရသွား၏။ သူမ ပြုံးပြီး ခေါင်းညိတ်ကာ "ဒါဆို ကျေးဇူးတင်ပါတယ် ဦးလေးဝမ် "
"အိုက်၊ ဒါအရမ်းကောင်းတယ်။ မင်းတို့ကို ကျေးဇူးတင်ပါတယ်။ သားကိုလက်ထပ်ပေးဖို့ နောက်ဆုံးမှာ ပိုက်ဆံအလုံအလောက်ရခဲ့ပြီ! သွားစို့! သွားစို့! အိမ်ကို သွားမကြည့်ခင် ထမင်းအရင်သွားစားကြစို့။ မင်း ဒီတစ်ခေါက်တော့ ဘာမှ မဆုံးရှုံးစေရဘူး!" သူ့သားကိုလက်ထပ်ပေးနိုင်တော့မှာကိုတွေးရင်း ပိုပျော်ရွှင်လာတာကြောင့် ဝမ်ကန်းဖာသည် စုရွှေလျန်ကို သူ့အိမ်ဆီ ဆွဲခေါ်သွားဖို့စိတ်အားထက်သန်နေသည်။
ဒါကိုမြင်တော့ စုရွှေလျန်သည် လင်းစစ်ယောင်၏ အက်ျီအနားကို ဆွဲလိုက်ရင်း နောက်ထပ်မငြင်းဆန်တော့ပေ။ သူမတို့နောက်မှာ ဝံပုလွေနှစ်ကောင်နဲ့အတူ သူ့အိမ်တည်ရှိရာ ဖန်းဟွာ မြို့ တောင်ဘက်အထိ ဝမ်ကန်းဖာနှင့်အတူ လိုက်သွားကြတော့သည်။
***