← Chapters

သစ်ခုတ်ခြင်း

Vol. 1 Ch. 26

သစ်ခုတ်ခြင်း

Vol. 1 Ch. 26

နောက်တစ်နေ့မနက်တွင် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် ကြီးမားသော ဈေးဆီသို့ ထွက်ခွာသွားပြီး တည်းခိုခန်းစောင့်၏ ကလေးနှစ်ယောက်နှင့်အတူ ကစားရန် ဝံပုလွေနှစ်ကောင်ကို ချန်ထားခဲ့သည်။

စုရွှေလျန်က ၎င်းတို့ညစာမှာ အသားစွပ်ပြုတ်ထည့်ဖို့ ကမ်းလှမ်းပြီးနောက် ဝံပုလွေတွေက ကလေးတွေကို ကျောပေါ်စီးခိုင်းပြီး မြေပြင်ပေါ်တွင် နာခံစွာထိုင်နေခဲ့ကြသည်။ ကလေးတွေ၏မိခင်သည် ဒါကိုမြင်‌သောအခါ သူမတို့ရဲ့ခွေးတွေက ကလေးတွေနဲ့ အချိန်ဖြုန်းပေးတဲ့အတွက် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့ကိုလျှော့စျေးပေးဖို့ သူမ ယောက်ျားအားပြောရန်ဆုံးဖြတ်ခဲ့သည်။

မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ ဝံပုလွေတွေသည် မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ သတိပေး‌နေသည်။ သခင်မက သူ့ကတိကို မမေ့ပါ‌စေနဲ့။ ငါတို့ ဒီည အသားစားချင်တယ်လို့!

စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် ပရိဘောဂဆိုင်များစွာကို ဖြတ်သန်းခဲ့ကြသည်။ ပရိဘောဂအားလုံးသည် အဆင်သင့်လုပ်ထားပေမယ့် ဈေးနှုန်းကတော့ မနည်း‌ပေ။ အလျားနှစ်မီတာရှည်ပြီး ဘေးအံဆွဲလေးနှစ်ခုပါသော ကုတင်တစ်လုံးသည်ပင် ငွေသုံးဆယ့်နှစ်ပြားရှိသည်။ ဖိနပ်ထည့်ရန် အံဆွဲသုံးခုထပ်ထည့်မည်ဆိုလျှင် နောက်ထပ် ငွေနှစ်ပြား‌ပေးရ‌ပေမည်။

ဒါကိုမြင်တော့ စုရွှေလျန် အံ့သြသွားသည်။ မြေနှစ်ဧကပါသော အိမ်သည် ငွေဆယ့်ငါးပြားသာ ရှိသော်လည်း ဤနေရာတွင်ရှိ‌သော ပရိဘောဂ ကြီးကြီး အနည်းငယ်မျှသည် ထိုဈေးထက်ပင် ကျော်လွန်နေပြီ ဖြစ်၏။

စုရွှေလျန် သတိမထားမိသောအရာမှာ ခင်းကျင်းပြသထားသည့် ပရိဘောဂအားလုံးသည် အကောင်းဆုံးအရည်အသွေးနှင့် လက်ရာဖြစ်ကြောင်းကိုပင်။

ဆိုင်ဝန်ထမ်းသည် အခြားဖောက်သည်တစ်ဦးနှင့် ပြောဆိုပြီး‌နောက် စုရွှေလျန်၏အမူအရာကို မြင်သောအခါ သူမတွေးနေသည့်အရာကို တိကျစွာ ခန့်မှန်းနိုင်ခဲ့သည်။

"ဒီမမ‌လေးက ပရိဘောဂဝယ်ဖို့ရှာနေတာလား။" ဆိုင်ဝန်ထမ်းက နွေးထွေးစွာ မေးလိုက်သည်။ “မမ‌လေး၊ ဒီမှာရှိတဲ့ ပရိဘောဂတွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ပစ္စည်းတွေချည်းပါပဲ။ ဒီထဲက စိတ်ကြိုက်မတွေ့ရင် ကျွန်တော်တို့ဆိုင်နောက်‌ဖေးမှာလည်း ရှိပါ‌သေးတယ်"

ဒါကိုကြားတော့ စုရွှေလျန် သူမရှေ့မှာရှိနေတဲ့ ဈေးကြီးတဲ့ ပရိဘောဂတွေကို စိတ်မဝင်စားတော့ပဲ လင်းစစ်ယောင်ကို ဆိုင်နောက်ဖေးကို သွားရန် ခေါ်လိုက်သည်။

သေချာတာပေါ့၊ နောက်‌ဖေးတွင် ရိုးရိုးလုပ်ထားတဲ့ ပရိဘောဂတွေ အများကြီးရှိသည်။ သို့သော် ၎င်းတို့သည် ကြိုတင်လုပ်ထားပြီးသားဖြစ်သောကြောင့် နည်းနည်းဈေးကြီးနေသေးသည်။ စုရွှေလျန်သည် လိုအပ်သော ပရိဘောဂများအားလုံးကို ပထမဆုံးဝယ်ယူရန် တွက်ချက်ကြည့်လိုက်ရာ ဆယ့်တစ်ပြားခန့် ကုန်ကျ‌ပေမည်။ ဒီပမာဏသည် သူတို့ငှားထားတဲ့ လက်သမားဆရာအား သူတို့အိမ်အတွက် ပရိဘောဂတိုင်းကို ပြုလုပ်ပေးဖို့ မေးခဲ့ဖူးတဲ့ ပမာဏထက် ငါးပြား ပို၏။

ငါးပြား အာ! စုရွှေလျန် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဖန်းလော့မြို့က ဒီစျေးနှုန်း‌တွေသည် မိသားစု ၃ ယောက်ကို တစ်နှစ်စာကျွေးဖို့ လုံလောက်သည်။ ဒါဆို ဒီပစ္စည်းတွေ ဘာကြောင့် ဒီလောက်ဈေးကြီးရတာလဲ?

“မမ‌လေး၊ မင်း ဒါကို မသိ‌လောက်ဘူး၊ ဒါပေမယ့် ဒီမြို့မှာ လက်သမား အယောက်နှစ်ဆယ်ထက် ပိုမရှိဘူး။ အနီးနားမှာရှိတဲ့ သစ်တောထဲကသစ်ပင်အများစုကို ခုတ်လှဲပြီးကြပြီ။အနီးစပ်ဆုံးသစ်တောက တရှီတောင်ဘေးမှာရှိတဲ့ သားရဲ‌တွေနဲ့ပြည့်နေတဲ့ သစ်တော‌လေ။ ဘယ်သူမှ အဲဒီကို မသွားရဲဘူး။ ဒါကြောင့် ဒီမြို့က အနီးနားမြို့တွေကနေ သစ်သား‌တွေ ဝယ်ယူနေရတာကြောင့် အခုလို ဈေးအဆမတန် မြင့်တက်နေတာပဲ။ အမှန်တိုင်းပြောရရင် မမလေး ကျွန်တော်တို့ဆီက အခုချိန်ထိ ဈေးမတက်သေးပါဘူး။ စုံစမ်းကြည့်လို့ ရပါတယ်၊ လမ်းဟိုဖက်က ဆိုင်နှစ်ဆိုင်ဆို ပိုပြီးတောင် ဈေးကြီး‌​​သေးတယ်” ဆိုင်ဝန်ထမ်းသည် စုရွှေလျန်၏ မျက်ခုံးများ တွန့်ချိုးနေသည်ကို မြင်သောအခါ သူမသည် ဤစျေးနှုန်းများကို မကျေမနပ်ဖြစ်‌‌နေသည်ဟု‌​​တွေးလိုက်ပြီး ပရိဘောဂများဝယ်ယူအောင် သိမ်းသွင်းသည့်စကားအနည်းငယ်ကို ထပ်မံ‌​​ပြောကြားလိုက်သည်။

လင်းစစ်ယောင်သည် စုရွှေလျန်ကို သူ့အနားသို့ဆွဲလိုက်ပြီး သူမနားထဲသို့တိုးတိုးလေးပြောလိုက်၏၊ "ပြန်သွားပြီးစကား‌ပြောကြရအောင်" ထို့နောက်သူတို့သည် တည်းခိုခန်းဆီသို့အပြန်လမ်းကို ဦးတည်လိုက်ကြသည်။

….

"ဘ...ဘာ.? မဖြစ်ဘူး!” လင်းစစ်ယောင် သူ့စကားမဆုံးခင်မှာပင် စုရွှေလျန်သည် သူ့အကြံအစည်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ထားပြီးဖြစ်၏။ ဆိုင်ဝန်ထမ်းက အဲဒီအန္တရာယ်ရှိတဲ့ တောထဲကို ဘယ်သူမှ မဝင်ရဲဘူးလို့ ပြောထားပြီးသား၊ ဒါပေမဲ့ သူက သစ်ပင်နည်းနည်းခုတ်ဖို့အတွက် သွားချင်တယ်! ရူး‌နေတာပဲ!

"ကိုယ်ပြောတာနားထောင်ပါဦး။" လင်းစစ်ယောင်သည် သူမကို လက်ဖက်ရည်ပူပူတစ်ခွက်ငှဲ့‌ပေးရန် စားပွဲတစ်ခုသို့ ဦးတည်လိုက်ရင်း သက်ပြင်းချလိုက်သည်။ သူတို့ အပြင်ထွက်ကတည်းက ရေမသောက်ရသေးတာကြောင့် သူမရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေ ခြောက်နေပြီ။

"ကိုယ်တို့ တရှီတောင်ရဲ့ တောထဲမှာ တစ်လကျော်လောက်နေတုန်းက သားရဲတစ်ကောင်ကောင် တွေ့ဖူးလား?" လင်းစစ်ယောင် ညင်ညင်သာသာ ရှင်းပြရင်း သူမကို ကြင်နာစွာကြည့်လိုက်သည်။

"အာ? အဲဒီသစ်တောက တရှီတောင်ပေါ်မှာလား” စုရွှေလျန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်ရင်း သတင်းကို ယုံရခက်ဖြစ်သွားသည်။

လင်းစစ်ယောင် ပြုံးလိုက်သည်။ သူမသတိမထားမိခဲ့တာကြောင့် သူမ၏ထိုသို့သော တုံ့ပြန်မှုကို အံ့သြစရာမရှိပေ။ သူ့ခေါင်းကိုညိတ်လိုက်ရင်း ဆက်ပြောသည် "ဟုတ်တယ်၊ ကိုယ်ကတော့ တရှီတောင်ရဲ့ သားရဲတွေ ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပြီလို့ ထင်တယ်"

"သူတို့ မရှိဘူးလို့ ရှင်ဘာလို့ထင်တာလဲ။ ကျွန်မတို့ ဘာမှ,မတွေ့ခဲ့တာက သူတို့ အဲဒီမှာ မရှိဘူးလို့ မဆိုလိုဘူး‌လေ” စုရွှေလျန် သူမနှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ဘယ်စာအုပ်က အဲ့လိုအကြောင်းအရာကို ဖော်ပြထားသလဲဆိုတာ စဉ်းစားနေသည်။ သားရဲတွေ မရှိဘူးလို့ ယုံတာထက် ရှိတယ်လို့ ယုံတာ ပိုကောင်းတယ်‌လေ။

လင်းစစ်ယောင် အိတ်ထဲက ကျားဖြူအ‌ရေခွံကို လက်ညှိုးထိုးပြပြီး ပြုံးကာ ပြောလိုက်သည်၊" အဲဒါ သားရဲဖြစ်မယ်လို့ ကိုယ်ယုံတယ်"

"....." စုရွှေလျန် အံ့အားသင့်သွားသည်။ မဟုတ်ဘူး... ဘယ်လိုမှ မဖြစ်နိုင်ဘူးမဟုတ်လား?

သူမ အဲ့လောက်ကံကောင်းခဲ့တာလား? သူမ ဒီလောကထဲရောက်လာတုန်းက ဒီကျားအန္တရာယ်ကနေ လွတ်လာခဲ့တာလား? အဲဒီနေ့တုန်းက ဝံပုလွေနှစ်ကောင်သာ ကျားကိုမတိုက်ခိုက်ခဲ့ပါက၊ သူမ ယခုအချိန်အထိ အသက်ရှင်နိုင်ပါ့မလား?

စုရွှေလျန် ချွေးစေးများပြန်နေသော လက်များကို ကျစ်ကျစ်ဆုပ်ထားမိသည်။ သူမ အလွန်ကံကောင်းခဲ့ကြောင်း ယခု နားလည်လာပြီဖြစ်၏။ ဝံပုလွေများသည် ၎င်းတို့၏သားငယ်များကို ကာကွယ်ရန်သာ လုပ်ဆောင်ခဲ့သော်လည်း အဲ့လိုလုပ်ဆောင်ခြင်းသည် သူမကို အကျိုးပြုခဲ့သည်။ စုရွှေလျန်သည် ဝံပုလွေများကို ယခုထက်ပိုပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ အို့ ဟုတ်သားပဲ၊ ဒီည သူတို့ကို အသား‌ကျွေးမယ်ဆိုတာ သေချာပေါက် အမှတ်ရနေရမှဖြစ်မယ်။

…..

ထိုညတွင် လင်းစစ်ယောင်သည် တရှီတောင်သို့ ခရီးထွက်ခဲ့သည်။

သူထွက်ခွာသွားသည့်အကြောင်းကို သူမအား မပြောသော်လည်း မှတ်စုတစ်ခု ချန်ထားခဲ့သည်။ အဆင်မပြေလျှင် မနက်ဖြန် နေ့လည်လောက် သူ ပြန်လာမည်ဖြစ်၏။ အိမ်နောက်ဖေးတွင် အသားအကြောင်း အိပ်မက်လှလှမက်နေတဲ့ ဝံပုလွေနှစ်ကောင်ကို နှိုးပြီး ၎င်းတို့ရဲ့ အပြစ်ကင်းတဲ့ မျက်လုံးတွေရှေ့မှာပင် တရှီတောင်ကို ထွက်သွားခဲ့သည်။

စုရွှေလျန် မနက်စာစားဖို့ သူ့အခန်းထဲသို့သွားတဲ့အခါ စာရွက်ကိုတွေ့ပြီး တောင်တွေဆီ ထွက်ခွာမယ့်အကြောင်း သူမကို မပြောခဲ့ဘူးဆိုတာ သိလိုက်ရသည်။ သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေပြီး သူမ ဒေါသထွက်နေတယ်ဆိုတာ ပေါ်လွင်နေသည်။ သူ၏ ထောက်ထားညှာတာတတ်မှုနှင့်အ‌ကြောက်တရားကင်းမှုအပေါ် ဒေါသဖြစ်မိသည်။

သူ့ရဲ့ ကိုယ်ခံပညာကောင်းတော့ရော ဘာလုပ်ရမှာလဲ? သားရဲမရှိတော့ရင်ရော ဘာဖြစ်လဲ? သစ်သား‌တွေခုတ်လို့ရတယ်ဆိုရင်တောင်မှ သူတစ်‌ယောက်တည်းနဲ့ သစ်သားအားလုံးကို ဘယ်လိုလုပ်သယ်နိုင်မှာလဲ?

….

လင်းစစ်ယောင်သည် သစ်တောအ၀င်ဝသို့ ရောက်သောအခါတွင် သူသည် လူသူအရောက်နည်းသော လမ်းကြောင်းကို ရွေးချယ်ကာ တောနက်ထဲသို့ ဝင်ရောက်ခဲ့သည်။

စုရွှေလျန် အနှစ်သက်ဆုံးဖြစ်မည့် သစ်အရောင်များကို ထည့်သွင်းစဉ်းစားကာ သူသည် ခရမ်းရင့်ရောင်ရှိပြီး အရွယ်ရောက်ပြီးသူ နှစ်‌ယောက်ခန့် ဖက်လို့ရလောက်တဲ့ လုံးပတ်ရှိသည့် သစ်ပင်ခုနစ်ပင်ကို ရွေးယူခဲ့သည်။ ၎င်းသည် အိပ်ခန်းပရိဘောဂများပြုလုပ်ရန် လုံလောက်သည်ထက် ပို‌ပေ၏။ သူ၏အခြားရွေးချယ်မှုမှာ သာမန်သွေးနီရောင်ရှိသော သစ်ပင်များဖြစ်၏။ အတွင်းရောက်လေ အနီရင့်ရောင်ပိုတောက်လာ‌လေဖြစ်ပြီး ပရိဘောဂပြုလုပ်ရန် လုံလောက်‌အောင် များပြားသောပမာဏဖြစ်ရ‌ပေမည်။

ဤအတွေးနှင့်အတူ လင်းစစ်ယောင်၏ အေးစက်သော မျက်လုံးများသည် နူးညံ့မှုနှင့်အတူ အနည်းငယ် နွေးထွေးလာသည်။ သို့သော်လည်း သူ၏ အတွင်းအားကို ချိန်ညှိလိုက်သောကြောင့် သူ၏ လှုပ်ရှားမှုများ နှေးကွေးသွားခြင်းမရှိခဲ့ပေ။ သူ့လက်‌တွေကို အသုံးပြုပြီး သူ‌​​ရွေးချယ်ထားတဲ့ သစ်ပင်တော်တော်များများကို မြေပြင်ပေါ်သို့ ပစ်လှဲလိုက်သည်။

ကြိမ်ကြိုးကို အသုံးပြု၍ သစ်ပင်များကို ငါးပင်လျှင် တစ်စုစီဖြင့် ခုနစ်စည်း စည်းနှောင်လိုက်သည်။ လင်းစစ်ယောင်သည် သစ်သားများခြောက်မသွားစေရန် သူ၏ အတွင်းအားကို မသုံးဘဲ သစ်ပင်သုံးဆယ့်ငါးပင်လုံးကို သစ်တောအဝင်ဝသို့ သယ်ဆောင်ရန် ခုနစ်ကြိမ်တိုင်တိုင် အသွားအပြန်လုပ်ခဲ့ရသည်။ ထို့နောက် သူ၏ ချီစွမ်းအင်ကို ပြန်လည်ရရှိရန် ခဏကြာ တင်ပျဉ်ခွေထိုင်လိုက်သည်။

သူ၏ အတွင်းစွမ်းအင်ကို အကြိမ်အနည်းငယ် လည်ပတ်‌‌စေပြီးနောက်၊ အတွင်းစွမ်းအားသည် နောက်ဆုံးတွင် လုံလောက်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ပုံမှန်လိုပဲ အနှောက်အယှက်မရှိသောကြောင့် လင်းစစ်ယောင် ပျော်ရွှင်သွားသည်။ ဤ ကျောက်စိမ်းအမြုတေနတ်ဆေးရည်သည် သာမန်ပစ္စည်းတစ်ခုမဟုတ်ပေ။(စုရွှေလျန် ဂူထဲမှာတုန်းက တွေ့ခဲ့တဲ့ဟာ) ဇွန်းနှစ်ဇွန်းမျှဖြင့် သေခြင်းဘေးမှ လွတ်မြောက်နိုင်ရုံသာမက ဆုံးရှုံးသွားသော အတွင်းအားများကိုလည်း ပြန်လည်ရရှိခဲ့သည်။ ဒါကို သိုင်းလောက,ကသာ သိသွားမယ်ဆိုရင် သွေးထွက်သံယို တိုက်ပွဲတစ်ခု သေချာ‌‌​​ပေါက် ဖြစ်လာပေလိမ့်သည်။

ဤအတွေးဖြင့် လင်းစစ်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ ဘာပဲဖြစ်​ဖြစ်​ အိမ်​ကို မြန်မြန်​ပြီး​အောင်​လုပ်​ပြီး တည်းခိုခန်းထဲက​နေ ​ပြောင်းသွားသင့်​သည်​။ ကျောက်စိမ်းအမြုတေနတ်ဆေးရည်တွေအပြည့်နဲ့ အဲဒီဘူးကို ဆုံးရှုံးလိုက်ရလျှင် သိုင်းလောကထဲက လူတွေရဲ့ လောဘဒေါသကို အလွယ်တကူ နှိုးဆွပေးသလို ဖြစ်သွား‌​ပေလိမ့်မည်။

အရင်တုန်းက လင်းစစ်ယောင်ဆိုလျှင်တော့ စိတ်ပူမှာမဟုတ်‌ပေ။ ဒီလူတွေ ဘယ်လောက်အန္တရာယ်များနေပါစေ၊ သူတို့သည် သူ့ကို မယှဉ်နိုင်သေး‌ပေ။ သို့သော် ယခုတော့ မတူတော့ချေ။ သူချစ်ရသောမိန်းက‌လေးနှင့် ဘဝသစ်တစ်ခု စတင်တော့မည်ဖြစ်ကာ အနာဂတ်တွင် ချစ်စရာကောင်းပြီး ထက်မြက်သော ကလေးများကိုလည်း ပိုင်ဆိုင်နိုင်တော့မည်ဖြစ်၏။

အကယ်၍ လူ‌တွေသည် ကျောက်စိမ်းအမြုတေနတ်ဆေးရည် ရှာဖွေခြင်းသို့ဦးတည်လာခဲ့ပါက၊ ဖြစ်နိုင်ခြေအရှိဆုံးသားကောင်မှာ စုရွှေလျန်ပင် ဖြစ်သည်။

လင်းစစ်ယောင် လက်သီးဆုပ်လိုက်မိသည်။ ဒီလိုအဖြစ်မျိုး ဖြစ်လာအောင် သူ ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်‌ပေ။

***

All Chapters