မှော်ဂီတဖြင့်ယှဉ်ပြိုင်ကြခြင်း
Vol. 015 Ch. 1469
လုံချန် ကြိုးစားကြည့်ပြီးသွားသည့်နောက် နတ်ဆင်ကလန်မှ တန်ခိုးရှင်ရှင်များက ဝင်္ကပါကို ဖြိုခွဲရန် ကြိုးစားကြသည်။ များပြားလှသည့် နတ်ဆိုးသားရဲများမှာ သူတို့၏ မူလသဏ္ဌာန်ကို ပြောင်းလဲပြီး လူများ၏ စိတ်ဝိညာဉ်ကိုပင် နင်းချေခဲ့သည်။ ထိုသည်က ကြောက်မက်ဖွယ် မြင်ကွင်းဖြစ်ပြီး များပြားလှသော နတ်မိမယ်များကို ဒဏ်ရာရ၍ လွင့်စင်သွားစေရန် ဖိအားပေးနိုင်သည်။
သို့သော် အဆုံးတွင် နတ်ဆင်များ သည်လည်း ရှုံးနိမ့်ခဲ့ရဆဲပင် ဖြစ်ငည်။ သူတို့သည် နတ်ဆင်ကောင်းကင်ချနင်း တိုက်ကွက်ကို အသုံးပြုခဲ့သော်လည်း ရွှမ်ထျန်းဝင်္ကပါကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် သူတို့သည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ရွှမ်ထျန်းဝင်္ကပါကို ပြင်းထန်စွာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ကြောက်မက်ဖွယ် အားကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအားကို ဖန်တီးခဲ့သည်။
သူတို့က ခြေနင်းခဲ့သည့်အခါ သူတို့သည် မည်သည့်အရာကိုမဆို ချိုးဖျက်နိုင်မည်ဟု ထင်မှတ်ရသည်။
နောက်ထပ် ယင်းကျောင်းတောင်က ကြိုးစားခဲ့သော်လည်း သူတို့အားလုံး ရှုံးနိမ့်ခဲ့သည်။ သူတို့သည် နတ်ဆင်များလောက်ပင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေ။
နတ်ဆိုးသားရဲများ၏ တိုက်ပွဲစွမ်းရည်အရ နတ်ဆင်များက ထိပ်ဆုံးနံပါတ်နှစ်၌ ရှိနေခဲ့သည်။ သူတို့ကို ခုခံနိုင်သူများမှာ ကြီးမားသည့် တိုက်ပွဲစွမ်းရည်များ ရှိသော အစွမ်းထက် တိုက်ခိုက်ရေးသမားများ အများအပြား ရှိနေသည့် ကောင်းကင်နတ်ဆိုးနန်းတော်သာလျှင် ရှိပေမည်။
နတ်နဂါးများသည်ပင် သူတို့လောက်မကောင်းမွန်ပေ။
နတ်နဂါးများသည် နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ်ကဲ့သို့သော တိုက်ခိုက်မှု ပညာရပ်များကို မထုတ်ဖော်နိုင်သည့်အတွက် သူတို့၏ အဖွဲ့လိုက်တိုက်ခိုက်မှုက အနည်းငယ် နိမ့်ကျသွားခြင်း ဖြစ်သည်။
“ကောင်းကင်နတ်ဆိုးနန်းတော်တစ်ခုတည်းပဲ မကြိုးစားကြည့်ရသေးတာ”
ကျယ်ပြောသည့် ကောင်းကင်ထက်တွင် မရေတွက်နိုင်သော လူများက နေရာအနှံ့မှ ပေါ်ပေါက်လာနေသည့် ထိပ်သီးအင်အားစုများကို စောင့်ကြည့်နေကြသည်။ ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆိုးသားရဲ ထိပ်သီးအင်အားစုများကြားတွင် ကောင်းကင်နတ်ဆိုးနန်းတော်တစ်ခုတည်းသာလျှင် ဝင်္ကပါအား ချိုးဖျက်ရန် မကြိုးစားရသေးခြင်း ဖြစ်သည်။ အားလုံးသော အင်အားစုများက ကြိုးစားသော်လည်း ကျရှုံးခဲ့ကြသည်။
ထိုသည်က တိုက်ပွဲအား စောင့်ကြည့်နေသည့်သူများကို အလွန် မရွှင်မပျ ဖြစ်စေသည်။ အတိအကျကိုပင် ချင်းဟယ်ဦးဆောင်သော ဝင်္ကပါကို ချိုးထျက်နိုင်ရန်မှာ ခက်ခဲလှသည်။
ယခု နတ်ဆိုးကလန်များတွင် ကောင်းကင်နတ်ဆိုးနန်းတော် တစ်ခုတည်းသာလျှင် ထိုသို့ ကြိုးစားကြည့်ရန် အခွင့်အရေး ကျန်ရှိတော့ခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ကိစ္စများက မျှော်မှန်းထားသကဲ့သို့ပင် ဖြစ်လာသည်ဟု ထင်ရပေသည်။ အားလုံးသော လူသားတန်ခိုးရှင်များ အကြားတွင် ကောင်းကင်အာဏာစက် ပြည်ထောင်သာလျှင် ဝင်္ကပါကို ခြိမ်းခြောက်နိုင်စွမ်း ရှိပေလိမ့်မည်။
ချင်းဟယ်က လက်တွဲဖော် ရှာလိုပါက သူမ၏ ဆုံးဖြတ်ချက်သည် သးမကိုယ်တိုင် ထိန်းချုပ်နေသော ဤဝင်္ကပါအပေါ်တွင် များစွာ မူတည်နေမည် ဖြစ်သည်။
ယခု အခြားတန်ခိုးရှင်များတွင် ဝင်္ကပါကို မည်သူချိုးဖျက်နိုင်မည်ဆိုသည့် အပေါ်တွင်သာ မူတည်တော့ပေသည်။
ထိုအချိန်တွင် အခြားသော တန်ခိုးရှင် အဖွဲ့တစ်ဖွဲ့ရှေ့သို့ ထွက်လာသည်။ သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများဖြစ်သည်။ ကျန်းယွမ်၏ ခေါင်းဆောင်မှု အောက်တွင် သူတို့သည် စင်မြင့်ဆီသို့ လှမ်းလာကြသည်။
မိုးကြိုးများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲထွက်နေပြီး တောက်ပသည့် အလင်းများ လွှမ်းခြုံနေသည်။ သူ့အနီးမှ လူများ အားလုံးသည်လည်း မိုးကြိုးစွမ်းမားများနှင့် လင်းလက်နေသည်။ ရုတ်တရက် မုန်တိုင်းတိမ်တိုက်များက သူတို့ ရပ်နေသည့် နေရာတွင် ရစ်ပတ်အော်မြည်နေကာ သူတို့အားလုံးကို ကြည့်ရသည်မှာ မှောင်မိုက်နေသည်ဟု ထင်မှတ်လာရစေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်သည် မူလတောင်တန်းနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်၌ ဖြစ်ခဲ့သည့် ဖြစ်ရပ်များကြောင့် အသက်ရှုကြပ်ခဲ့ရသည်။ ကျန်းယွမ်သည် တစ်ချိန်က မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာကိုယ်အတွက် ဂုဏ်ယူခဲ့ရသော်လည်း သူက ရှုံးနိမ့်ပြီးနောက်၌ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များအကြားတွင် သူ၏တည်ရှိမှုက တဖြည်းဖြည်း မှေးမှိန်လာသလို ခံစားခဲ့ရသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံနှင့် ဂူတုံးလျှို တို့ကဲ့သို့သော အစွမ်းထက်လူစွမ်းကောင်းများကြောင့် လူတိုင်းသည် မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင် အကြောင်းကို မေ့လျော့လာကြပုံပေါ်လေသည်။
သို့သော် ကျန်းယွမ်သည်တော့ အမြဲပင် အသက်ရှုရပ်မတတ် ခံစားနေရပြီး ခရမ်းရင့်ကောင်းကင်နန်းတော်သည်လည်း အတူတူပင် ဖြစ်သည်။
ယခုတွင် ချင်းဟယ်က ရွှမ်ထျန်းဝင်္ကပါကို ခင်းကျင်းထားပြီး ချိုးဖျက်နိုင်သာ မည်သူမှ မရှိသေးပေ။ အကယ်၍ ခရမ်းရင့်ကောင်းကင်နန်းတော်ကသာ လုပ်ဆောင်နိုင်ခဲ့ပါက နောက်ဆုံး၌ သူတို့က အသက်ရှုနိုင်ကြပေလိမ့်မည်။
မိုးကြိုးသည် ကောင်းကင်တွင် ရစ်သိုင်းနေပြီး တိမ်တိုက်များက နေကို ဖုံးလွှမ်းထားကာ ကြောက်မက်ဖွယ် ကမ္ဘာဖျက်ဝင်္ကပါ ဖြစ်ပေါ်လာသည်။ ကျန်းယွမ်ရှေ့မှ အားလုံးသော တန်ခိုးရှင်များ၏ မိုးကြိုးစွမ်းအားများက သူထံသို့ စီးဆင်းလာသည်။ ကျန်းယွမ်က ဝင်္ကပါကို ဦးဆောင်ထိန်းချုပ်ကာ ကောင်းကင်နှင့် မြေကြီးအကြားရှိ မိုးကြိုးစွမ်းအားများကို သူထံသို့ စုစည်းနေသည်။
ကျန်းယွမ်က ခရမ်းရင့်ကောင်းကင်နန်းတော်၏ တန်ခိုးရှင်များအား ဦးဆောင်ကာ ဝင်္ကပါကို စတင်ဖွဲ့စည်းခဲ့သည်။
အဆုံးမဲ့ မိုးကြိုးစွမ်းအားများက ကျန်းယွမ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ သံသယဖြစ်ဖွယ်မရှိ သူက မိုးကြိုးစွမ်းအားများကို တတ်နိုင်သမျှ အများဆုံးစုဆောင်းနေခြင်း ဖြစ်သည်။ သူက စွမ်းအားများကို အသုံးပြုရန် စုစည်းနေပြီး မိုးကြိုးနတ်ဘုရားတစ်ပါး ဖြစ်လာသည်။
မိုးကြိုးများက ပေါက်ကွဲထွက်ပေါ်နေပြီး ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ဝင်္ကပါပေါ်သို့ ခြေချလာကြသည်။ သူတို့၏ တိုက်ခိုက်မှုများက ကျဆင်းလာသည့်အခါ ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများ ပါဝင်ေျသည့် အဆုံးမဲ့ ကမ္ဘာဖျက်အလင်းများက လွှမ်းခြုံလာသည်။ ယင်းသည် သူတို့ထံ တိုးဝင်လာနေသည့် နတ်ဓားအလင်းများကို ဖျက်ဆီးနိုင်စွမ်းရှိပေသည်။
ထိုစွမ်းအားသည် ရွှမ်ထျန်းဝင်္ကပါကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရသည်။
ဖျက်ဆီးခြင်း မိုးကြိုးများက မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ် မိုးကြိုးနှင့် တူပေသည်။ ယင်းသည် နတ်မိမယ်တို့၏ ပုံရိပ်များအပါအဝင် ထိတွေ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ကျန်းယွမ်တွင် မိုးကြိုးခန္ဓာရှိသည်။ သူက ရပ်တန့်ခြင်းမရှိ စင်မြင့်တွင် မျောလွင့်သွားပြီး သူ ဖြတ်သန်းသွားရာ နေရာတိုင်းမှ အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။
မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအားများ အားလုံးသည် သူ၏ ခန္ဓာဆီသို့ စုစည်းလာပြီး သူက သူ၏ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာကိုယ်ကို အသုံးချနေသည်ဟု လူအများက တုန်လှုပ်စွာ တွေးလိုက်ကြသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထုတ်ဖော်သည့် တိုက်ခိုက်မှုက အလွန် အစွမ်းထက်လှသည်။ ကြည့်ရသည်မှာ ကျန်းယွမ်က သူ့ကိုယ်သူ သက်သေပြရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ထင်မှတ်ရပေသည်။
မိုးကြိုးဓားများက အဆုံးမရှိသည့် အရိပ်များထံ ထိုးထွက်သွားကာ ဝင်္ကပါအတွင်းမှ တစ်စုံတစ်ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး ညည်းညူသံ ထွက်ပေါ်လာသည်။
ချင်းဟယ်က ကျန်းယွမ်ကို ငုံ့ကြည့်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်က သူမကို ရှုံးနိမ့်စေပြီး သူတို့၏ အရှက်ရမှုအား ဆေးကြောရန် ကြိုးစားနေသည်လား။
သူမက ဂီတနုတ်ကို တီးခတ်လိုက်ပြီး မရေတွက်နိုင်သည့် ဂီတသင်္ကေတများက လေထဲတွင် ပြည့်နှက်လာသည်။ ယင်းတို့သည် မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်လာခဲ့၏။ ရွှမ်ထျန်းဝင်္ကပါအတွင်း လူတိုင်း၏ စွမ်းအားများက တသားတည်း ပေါင်းစပ်လာသည်။ တေးသွားက ပြောင်းလဲသွားကာ ပို၍ အစွမ်းထက်လာပြီး ခွန်အားပြည့်ဝကာ ပြင်းထန်လာသည်။
သူမက တူရိယာကို ငုံ့ကြည့်နေပြီး ပို၍ မြန်ဆန်အောင် စတင် တီးခတ်လာသည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ဂီတတေးသွားက သဏ္ဌာန်မဲ့ ဂီတမန်တိုင်းအသွင်ပြောင်းလဲသွားကာ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်မျုားကို ဖုံးလွှမ်းထားလိုက်သည်။ ကျန်းယွမ်သည် သူတို့အားလုံးစွမ်းအားများ၏ ဗဟိုချက် ဖြစ်သည်။ သူက တားဆီးနိုင်စွမ်း ရှိမည်ဖြစ်သော်လည်း အခြားသူများက မည်သို့ လုပ်မည်နည်း။
မရေတွက်နိုင်သည့် နတ်မိမယ် ပုံရိပ်များက ခရမ်းရင့်ကောသ်းကင်နန်းတော် တန်ခိုးရှင်များ၏ အလယ်တွင် ပေါ်ပေါက်လာသည်။ သူတို့အားလုံးသည် ဓားတစ်လက်ကို မြင်လိုက်ရပြီး ဓားသည် သူတို့၏ မိုးကြိုးစွမ်းအားများကို လုံးဝ လျစ်လျူရှုထားသည်။
အစွမ်းထက်ဂီတတေးသွားက ရုတ်တရက် ရပ်တန့်သွားသော်လည်း ထိုအချိန်တွင် ပြင်းထန်သည့် ခံစားချက်က ပို၍ အားကောင်းလာသည်။
ချင်းဟယ်သည် သူမ၏ လက်များကို ကြိုးပေါ်တွင် တင်ကာ ထိုနေရာတွင် နားခိုလိုက်သည်။ သူမက ငုံ့ကြည့်ကာ ကြိုးများကို လှုပ်ခတ်စေလိုက်သည်။ ရုတ်တရက် ပြင်းထန်သည့် အသံက တူရိယာဆီမှ ပေါက်ကွဲထွက်လာသည်။
“အဟွတ်.. အဟွတ်.. အဟွတ်” ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်အားလုံးသည် တစ်ချိန်တည်းတွင် ချောင်းဆိုးကာ သွေးအန်လိုက်ကြပြီး သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှု နည်းစနစ်က အားနည်းသွားခဲ့ပေသည်။
ထိုအချိန်တွင် ကျန်းယွမ်သည်ပင် ဖြူဖျော့သွားခဲ့သည်။ သူ၏ အရှိန်အဝါကလည်း အားနည်းလာသည်။ ချင်းဟယ်သည် သူ့အား ငုံ့ကြည့်လိုက်ပြီး မရပ်တန့်ခဲ့ပေ။ သူမက လက်ချောင်းများကို ကြိုးများ အပေါ်တွင် ပြေးလွှားနေစေပြီး ကျန်းယွမ်သည် ဓားအစင်းပေါင်းများစွာက သူ့ဝိညာဉ်ကို ပိုင်းဖြတ်ကာ သူ့ခန္ဓာကို ထိုးခုတ်နေသကဲ့သို့ ခံစားရပေသည်။ သူက သေဆုံးခြင်းနယ်နိမိတ်သို့ ရောက်ရှိလာနေသကဲ့သို့ပင် ထင်မှတ်ရသည်။
သွေးများက သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ မိုးကြိုးအသံမေားက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော်လည်း သူ့မျက်လုံးထဲတွင် နက်ရှိုင်းသော နာကျင်မှုတို့ ရှိနေသည်။
သို့သော် သူသည် သူ၏ မျက်လုံးအစုံမှာ အေးစက်နေခဲ့သည်။ ထိုအခိုက်တွင် သူနားလည်သွားသည်မှာ သူမက သူ့ကိုယ်သူ သက်သေပြရန် ဤအခွင့်အရေးကို အသုံးပြုကာ ကြိုးစားနေပြီး ချင်းဟယ်သည်လည်း ဤတိုက်ပွဲတွင် အများကြီး ဖယ်ထုတ်ပစ်ရန် ကြိုးစားနေသည် ဆိုခြင်းကိုပင် ဖြစ်သည်။
သူက ပြန်လှည့်ကာ အောက်သို့ လျှောက်သွားခဲ့သည်။ လူတိုင်းက သူ့ကို စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင် ကျန်းယွမ်ထံမှ ဝမ်းနည်းမှုကို ခပ်ရေးရေး ခံစားနိုင်ကြပေသည်။
သူ သိက္ခာကျခဲ့ရသည့် တိုက်ပွဲမှ စတင်ကာ သူသည် အဖက်ပြန်ဆယ်ရန် အခွင့်အရေး မည်သည့်အခါမှ မရတော့ဟု ထင်မှတ်ရပေသည်။
တစ်စုံတစ်ယောက်၏ ကျော်ကြားမှုက တိုက်ပွဲ တစ်ခုနှင့် ပျက်စီးနိုင်သော်လည်း ပြန်တည်ဆောက်ရန်မှာ ကိုယ့်ကိုယ်ကိုယ် အချိန်နှင့်အမျှ သက်သေပြနေရန် လိုပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော် ဝင်္ကပါသည် ရှုံးနိမ့်ခဲ့ရပြီး ထောင်ချီနတ်တောင်ကတော့ ပါဝင်လိုသည့် အရိပ်အယောင် မရှိပေ။ အခြားထက် နတ်ဆိုးဘုံမှ တစ်ခုတည်းကျန်ရှိသည်မှာ ကောင်းကင်နတ်ဆိုးနန်းတော် ဖြစ်ပြီး လူသားတန်ခိုးရှင်ဘက်မှ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်း ကျန်ရှိနေသေးပေသည်။
လူအများက ပြောကြသည်မှာ အမှန်ဖြစ်ပြီး ထိုအကြောင်းသည် ကောင်းကင်နတ်တံခါးနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်ကြားမှ တိုက်ပွဲပင် ဖြစ်သည်။
ကောင်းကင်အာဏာစက် ပြည်ထောင်သည် အမြဲပင် ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် လက်ထပ်မဟာမိတ် ပြုချင်ခဲ့သည်။ သို့သော် ချင်းဟယ်က ရီဖူရှင်းအား စိတ်ဝင်စားနေသည်ဟူ၍ ပြောကြပေသည်။
ယနေ့ ကြည့်ရသည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်သည် ကောင်းကင်နတ်တံခါးဝင်္ကပါကို ချိုးဖျက်ရန် အခွင့်အရေး ပိုများသည်အား မြင့တွေ့နိုင်ပေသည်။
သူမ၏ ရွှမ်ထျန်းဝင်္ကပါအနီးတွင် အတော်လေး တိတ်ဆိတ်နေခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများက မလှုပ်ရှားကြဘဲ ကောင်းကင်နတ်တံခါးသည်လည်း လှုပ်ရှားမည့်ပုံမပေါ်ပေ။
“မင်း ဘယ်လိုထင်လဲ” ဟွားချင်းယွင်က ရီဖူရှင်းကို မေးလိုက်သည်။ သူတို့က မဟာမိတ်လက်ထပ်ခြင်း ပြုလုပ်ရန် ရည်ရွယ်ချက် မရှိပေ။ ချင်းဟယ်က ကြည့်ကောင်းသော်လည်း ရီဖူရှင်း၏ လက်တွဲဖော် ဖြစ်လာလျှင်ပင် သူတို့သည် ခံစားချက် ကင်းမဲ့နေပြီး အတော်လေး စိတ်ညစ်ညူးဖွယ် ကောင်းနေပေလိမ့်မည်။ ထိုသည်က သူ၏ ကျင့်ကြံမှုအား သက်ရောက်စေပေလိမ့်မည်။
သူက အပြင်လောကမှ သတင်းများကို သိရှိခဲ့သည်။ ထို့ကြောင့် သူက ယနေ့ အခမ်းအနားတွင် ရီဖူရှင်းအား အဓိကထားကာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သူတို့ကသာ မဟာမိတ်ပြုချင်ပါက ရီဖူရှင်းသည် ရွေးချယ်ရန် အကောင်းဆုံးလူ ဖြစ်သည်။
ကောင်းကင်နတ်တံခါး၏ အကြီးအကဲက ထိုသည်အား ရှင်းလင်းစွာ သိရှိသော်လည်း ရီဖူရှင်းက သူနှင့် ချင်းဟယ်သည် မိတ်ဆွေများ ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။
သို့သော် ယခုတွင် သူတို့က မည်သို့ ဖြစ်ပါစေ ကောင်းကင်အာဏာစက် ပြည်ထောင်ကို တားဆီးရပေမည်။ အနည်းဆုံး သူတို့က ကောင်းကင်အာဏာစက် ပြည်ထောင်ကို ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် လက်ထပ်ခြင်း မဟာမိတ်ပြုမသွားစေရန် တားဆီးရမည်မှာ အသေအချာပင် ဖြစ်၏။
ဤကိစ္စကို ရီဖူရှင်းထံအပ်လိုက်သည်က ပိုကောင်းပေသည်။ ဟွားချင်းယွင်သည် ထိုကိစ္စကို မကိုင်တွယ်လိုပေ။
ရီဖူရှင်းက စိတ်မဝင်စားဝန်ဖြင့် ပခုံးတွန့်လိုက်သည်။ “ကျွန်တော့်မှာ ဘာအတွေးမှ မရှိဘူး” သူတို့က ကောင်းကင်အာဏာစက် ပြည်ထောင် မည်သည်တို့ လုပ်ဆောင်မည်ကို စောင့်ဆိုင်းကာ ကြည့်နေကြမည်သာ ဖြစ်သည်။
အခြားတစ်ဖက်ရှိ ကောင်းကင်အာဏာစက် ပြည်ထောင်တွင် ရီထျန်းယွိ နှင့် အခြားသူများသည်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများကို စောင့်ကြည့်နေကြသည်။ ရီထျန်းယွိ ဘေးမှ လူငယ်လေးက ပြောလိုက်၏။ “အစ်ကို ကြည့်ရတာ သူတို့က ကျွန်တော်တို့ကို စောင့်နေတာ ထင်တယ်။”
“စောင့်နေတာနဲ့ အစွမ်းမရှိတာက ဘာကွာလို့လဲ” သူ့ဘေးမှ တစ်ယောက်က ပြောလိုက်သည်။ ရီထျန်းယွိက ရယ်လိုက်၏။
ကောင်းကင်နတ်တံခါးဂိုဏ်းက ဝင်္ကပါအား ချိုးဖျက်နိုင်လိမ့်မည်ဟု မည်သူမှ မတွေးခဲ့ကြပေ။ သူတို့ မြင်တွေ့ရသေလာက်တွင် ဝင်္ကပါက အားနည်းခြင်းမရှိပေ။ သူတို့သာ ဝင်္ကပါကို ချိုးဖျက်ရန် အခွင့်အရေး ရှိနိုင်သည်။
ထို့ကြောင့် သူတို့က အလျင်စလို မလှုပ်ရှားကြဘဲ အခြားသူများ တိုက်ခိုက်နေမှုအား စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
“ကျုပ်တို့ အတူတူပေါင်းပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တွေကို သင်ခန်းစာပေးရင် မကောင်းဘူးလား” ရီထျန်းယွိက ဘေးမှ လူများကို နောက်ဆုံး၌ ပြောလာခဲ့သည်။
“အစ်ကို အဲဒီလို ပြောလာမှာကို စောင့်နေတာ”
“ကောင်းတယ်” လူတိုင်းက ခေါင်းညိတ်လိုက်သည်။
ရီထျန်းယွိက နောက်မှ သူ့လူများကို ကြည့်ကာ ပြောလိုက်၏။ “ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ ချင်းဟယ်က ဝင်္ကပါကို ဦးဆောင်နေတာကြောင့် ကျုပ်တို့ အားလုံး အတူသွားသင့်တယ်။ လာကြပါ.. ကျုပ်တို့အတူ ဝင်္ကပါကို ချိုးဖျက်ကြရအောင်”
“ကောင်းပါပြီ အရှင်မင်းသား” သူတို့အားလုံးက ပြန်ဖြေလိုက်သည်။ သူတို့ထဲမှ နှစ်ယောက်သည် နတ်ဘုရားနန်းတော်တွင် ကျင့်ကြံခဲ့ကြသည်။ ကျန်သည့်သူများမှာ သာမန်တပည့်များပင် ဖြစ်သော်လည်း အလွန် အရည်အချင်း ရှိပေသည်။
သူတို့အဖွဲ့သည် ထိုသို့သော အင်အားမျိုးဖြင့် ရှေ့သို့ ချီတက်သွားနေရာ လူတိုင်းက စောင့်ကြည့်နေရင်း ရွှမ်ထျန်းဝင်္ကပါ ဖျက်ဆီးခံရတော့မည်ဟု ထင်မှတ်နေပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ စုပေါင်းတိုက်ခိုက်မှုက အလွန် အစွမ်းထက်သည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများသည် စင်မြင့်ထက်သို့ ခြေချလာပေသည်။ ရီထျန်းယွိက အထက်မှ နတ်မိမယ်ကို ပြောလိုက်သည်။ “ကျုပ် ရီထျန်းယွိ.. ကျုပ်ရဲ့ ညီအစ်ကိုတွေနဲ့အတူ နတ်မိမယ်တွေရဲ့ ဝင်္ကပါခွန်အားကို စမ်းသပ်ကြည့်ချင်ပါတယ်။”
သူက ပြောပြီးနောက် သူ့ဘေးရှိ ဂီတပညာရှင်က ထိုင်ချလိုက်သည်။ ကု့ချင်းဝိညာဉ်က အသက်ဝင်လာပြီး သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ချက်ချင်း ပေါင်းစပ်သွားသည်။ နတ်အလင်းတို့က သူ့အား ဖုံးလွှမ်းထားသည်။ ချင်းဟယ်က ထိပ်ဆုံးမှာ ထိုင်နေကာ သူကတော့ အောက်ဘက်တွင် ထိုင်နေခြင်း ဖြစ်သည်။
ထိုလူငယ်လေး၏ အမည်မှာ ယန်စွေ့ ဖြစ်ပြီး သူက နတ်ဂီတနန်းတော်တွင် အထူးချွန်ဆုံး တပည့် ဖြစ်သည်။ သူက နန်းတော်သခင်၏ နတ်ဘုရားအသံကို ကျင့်ကြံထားခဲ့ကာ သူ၏ သဘောပေါက်နားလည်မှုက အလွန်ပင် နက်ရှိုင်းလှသည်။ သူက နတ်ဘုရားနန်းတော် ရန်ဟောင်အဆင့်အောက် တပည့်များတွင် ထိပ်တန်းဆယ်ယောက် ဝင်ပေသည်။
“နတ်ဘုရညးအသံက ဗြဟ္မာ့သန့်စင်ကောင်းကင်ကို သင်ခန်းစာပေးဖို့ အကောင်းဆုံး နည်းလမ်းပဲ” ယန်စွေ့က ပြုံးကာ ပြောလိုက်သည်။ သူက ကောင်းကင်ရှိ ချင်းဟယ်ကို မော့ကြည့်လိုက်ပြီး သူ၏ အမူအရာက သက်သောင့်သက်သာ ရှိနေသည်။ သူ့တွင် မည်သည့် ဖိအားမှ ရှိမနေသကဲ့သို့ပင် ဖြစ်သည်။
ယခင်က လူများအားလုံးသည် ဝင်္ကပါအား ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း မှော်တေးဂီတကို တောင့်ခံနိုင်စွမ်းမရှိခဲ့ကြပေ။ ယခု သူက တိုက်ပွဲမြေပြင်၌ ရှိနေပြီဖြစ်ကာ သူ့ ပြိုင်ဘက်၏ တိုက်ခိုက်မှုအား အချည်းနှီးဖြစ်စေရန် လုပ်ဆောင်မည် ဖြစ်သည်။
ချင်းဟယ်က သူ့ကို ငုံ့ကြည့်လိုက်သည်။ သူန၏ ဂီတသံစဉ်သည် အံ့သြဖွယ်ကောင်းလောက်အောင် ထက်ရှစွာ ထွက်ပေါ်လာသည်။ လေစီးကြောင်းများက ချက်ချင်းပင် အေးစက်လာသည်။
လူတိုင်းသည် ဂီတသံကို ကြားသည့်အခါ ချင်းဟယ်၏ စိတ်ကို ခံစားနိုင်ကြပေသည်။
ဖြစ်နိုင်သည်က သူမသည် ဤစေ့စပ်ကြောင်းလမ်းမှုကို ဆန္ဒမရှိခဲ့သည်လား။
သို့သော် မည်သူမှ ထိုအကြောင်းကို တွေးရန် အချိန်မရှိပေ။ ယန်စွေ့၏ ဂီတသံက ထွက်ပေါ်လာပြီး ရီထျန်းယွိနှင့် အခြားသူများက လေထဲသို့ ခြေချလိုက်ကြ၏။ နတ်အလင်းသည် ရုတ်တရက် သူတို့ရှေ့၌ လင်းလက်လာသည်။ သူတို့က စတင်၍ သီဆိုလိုက်ကာ မဟာလမ်းစဉ် တေးသံက ပဲ့တင်ထပ်လာသည်။ သူတို့၏ အသံက မဟာလမ်းစဉ်လောကကြီးနှင့် တသားတည်း ဖြစ်နေခဲ့သည်။
သူတို့၏ ဂီတသည် ကု့ချင်းသံစဉ်နှင့် တိုက်ရိုက်ပေါင်းစပ်လိုက်ကြသည်။ ခဏအတွင်းတွင် တန်ခိုးရှင်အားလုံးသည် တစ်ချိန်တည်း၌ ထွက်ပေါ်လာသည့် မှော်ဂီတ စွမ်းအားကို ခံစားမိကြပေသည်။
***