ထိုးဖောက်ခြင်း၊ အဆင့် ၆ အစီအရင်ဆရာ
Vol. 34 Ch. 654
ကျီ…..
ထိုအချိန်တွင် သန့်စင်သောသော်လည်း အပေါ်ယံသာဖြစ်သည့် စစ်မှန်နတ်ဆိုးချီက နတ်ဆိုးအရိုးအပိုင်းအစ အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ် ခန့်မှန်းထားသကဲ့သို့ပင်။
ထို စစ်မှန်နတ်ဆိုးချီက သန့်စင်သော်လည်း ၎င်းသည် အပေါ်ယံသာဖြစ်ကာ အခွံတစ်ခုထပ်မပိုပါ။
၎င်းသည် ရှိနေသောလူတိုင်းက စိတ်အေးစွာဖြင့် သက်ပြင်းချမိစေသည်။
အဆုံး၌ သူတို့သည် ယခင်က စိုးရိမ်စိတ်ရှိကြပေသည်။
သူတို့သည် အကယ်၍ ထိုအရာ၌ စစ်မှန်နတ်ဆိုးစွမ်းအင်ပါဝင်လျှင် သူတို့ရင်ဆိုင်နိုင်သည့်စွမ်းအားထပ် သာလွန်သည့် သဲလွန်စတစ်ခုခုသာရှိခဲ့လျှင်ပင် ကပ်ဘေးဖြစ်သွားနိုင်ချေရှိပေသည်။
ယခုမူ သူတို့သည် စိတ်အေးသွားကြသည်။
စစ်မှန်နတ်ဆိုးချီမျှင်က အခွံတစ်ခုသာဖြစ်ခဲ့လျှင် ၎င်းသည် စစ်မှန်နတ်ဆိုး၏သန့်စင်သောအရောင်အဝါကို ပိုင်ဆိုင်ထားမည်မှာ ကျိန်းသေဖြစ်ပြီး သူတို့၏ရန်သူအား စစ်မှန်နတ်ဆိုးအမွေခံလျို့ဝှက်နယ်ပယ်ထဲသို့ ဆွဲဆောင်ရန်အစီအစဉ်အား ပြည့်စုံအောင် လုပ်ပေးနိုင်ပေသည်။
အကယ်၍ နောက်ပိုင်းတွင် ရန်သူများမှ အမှန်ကို သိသွားလျှင်ပင် ပြသနာရှိမည်မဟုတ်ပါ။ သူတို့၏ပန်းတိုင်မှာ ရန်သူများက လျှို့ဝှက်နယ်ပယ်ထဲဝင်ရန် မဟုတ်ဘဲ သူတို့အားဝင်ပေါက်နားသို့ ထွက်လာအောင် ဆွဲဆောင်နိုင်ရန်သာဖြစ်သည်။
သူတို့အားအပြင်သို့ထွက်လာရန် ဆွဲဆောင်နိုင်သရွေ့ သူတို့နှင့်ရန်ဆိုင်ရန် နည်းလမ်းရှိမည်ဖြစ်သည်။
သူတို့စိုးရိမ်သောအရာတစ်ခုမှာ ထိုရန်သူများက အမှောင်ထဲတွင်သာပုန်းခိုနေပြီး သူတို့အား ဆက်တိုက် ဒုက္ခများပေးမည်ကိုသာဖြစ်သည်။
၎င်းသည် အမှန်တကယ်ပြသနာဖြစ်သည်။
ထိုကိစ္စအတွက်ပြင်ဆင်ထားသည့် ရှန်းရူယန်က အထူးနည်းလမ်းတစ်ခုအားသုံးပြီး စစ်မှန်နတ်ဆိုးချီအား ချိတ်ပိတ်လိုက်ပြီး ကျောက်စိမ်းအဆောင်ထဲသို့ ပြန်ထည့်လိုက်တော့သည်။
သို့ရာတွင် ထိုအချိန်၌ တောက်ပသည့်အဇူရာအလင်းက ရုတ်တရက် နတ်ဆိုးအရိုးအစိတ်အပိုင်းမှ ပေါ်ထွက်လာကာ လက္ခဏာများပေါ်လာခဲ့သည်။
လူတိုင်းက ထိုမမျှော်လင့်ထားသည့် စစ်မှန်နတ်ဆိုးချီ၏ထုတ်လွတ်လာသည့် တိုးတက်မှုကြောင့် နောက်သို့ ပြန်ဆုတ်သွားကြသည်။
မကြာမီ၊ ထိုအုပ်စုထဲမှ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာကာ ၎င်းသည် အမြန်ပင် စိတ်လှုပ်ရှားမှုသို့ပြောင်းသွားခဲ့သည်။
အခြားသူများက သူ၏တုံ့ပြန်မှုကို သတိပြုမိကာ စိတ်ဝင်စားသွားကြသည်။
ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းကမေးလိုက်သည်။ “အဆုံးမဲ့ပင်လယ်၊ တစ်ခုခုတွေ့လို့လား?”
ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က သူ၏အသံ၌ အံအားသင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပေါင်းကာ သူတွေ့ရှိသည်ကို မျှဝေလိုက်သည်။
“ဒါ…ဒါက ကျုပ်တို့ပင်လယ်နက်စင်မြင့်မှာရှိတဲ့ ပင်လယ်လှိုင်းထန်ခြင်းကျမ်းစာရဲ့ ပျောက်ဆုံးနေတဲ့အပိုင်းပဲ။”
“ဘာ?”
ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်အပါအဝင် ရှိနေသောသူများက မတတ်နိုင်ဘဲ အံ့ဩသွားကြသည်။
ယခင်က သူတို့သည် ပင်လယ်နက်စင်မြင့်၏ အခြေခံအမွေဖြစ်သော ပင်လယ်လှိုင်းထန်ခြင်းကျမ်းသည် မပြီးဆုံးသေးသည်ကို ကြားဖူးခဲ့ကြသည်။
ကြည့်ရသည်မှာ အကြောင်းအရာ၏သေးငယ်သောအစိတ်အပိုင်းက ပျောက်ဆုံးနေခြင်းဖြစ်လိမ့်မည်။
ထိုနေရာတွင် အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသော်လည်း ပင်လယ်နက်စင်မြင့်မှကျင့်ကြံသူများသည် ပင်လယ်လှိုင်းထန်ခြင်းကျမ်းကို ကျင့်ကြံနိုင်ကြသေးသည်။
သို့ရာတွင် ၎င်း၏မပြည့်စုံခြင်းက အပြစ်အနာအဆာကိုဖြစ်စေပြီး လမ်းလွဲခြင်းဖြစ်နိုင်ချေရှိပေသည်။
ယခုမူ ပျောက်ဆုံးနေသည့်အပိုင်းကို ပြန်တွေ့ခြင်းက ပင်လယ်နက်စင်မြင့်၏ကျင့်ကြံသူများအား သက်ရောက်မှုရှိစေမည်ဖြစ်သည်။
အထူးသဖြင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်အတွက်ဖြစ်ပြီး ၎င်းသည် သူရှိနေစဉ်အတွင်း ဂိုဏ်း၏ အခြေခံနည်းစနစ်အားပြီးပြည့်စုံစေနိုင်သော သေချာပေါက် အလွန်အရေးကြီးသည့် အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။
“ကျုပ်နားလည်သွားပြီ။”
ထိုအချိန်တွင် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က မတတ်နိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကျုပ်ဆရာက ဒီနတ်ဆိုးအရိုး အစိတ်အပိုင်းထဲမှာ ကျုပ်တို့ဂိုဏ်း အခြေခံနည်းစနစ်ရဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းရှိနေတာကို သိထားပုံရတယ်။ ဒါပေမဲ့ သူက အခြားအန္တရာယ်တွေဖုံးကွယ်ထားမှာကို မသေချာခဲ့ဘူး။
ဒါကြောင့် ဆရာက ကျုပ်ကို သေချာရှင်းရှင်းလင်းလင်းမပြောခဲ့တာဖြစ်မယ်။
ဒီလိုတွေးကြည့်တော့ သူက ကျုပ်ကိုစွန့်စားမှုမလုပ်စေချင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်။
ဒါပေမဲ့ ပင်လယ်နက်စင်မြင့်ရဲ့ အခြေခံနည်းစနစ်ကိုလည်း လက်လျော့ချင်တဲ့ဆန္ဒမရှိပြန်ဘူး။
ဒါကြောင့်ပဲ ကျုပ်ကို အမှန်မပြောခဲ့တာဖြစ်မယ်။”
ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏မှန်းဆချက်က အဓိပ္ပာယ်ရှိသည်မှာဖြစ်ကောင်းဖြစ်နိုင်သည်။
သူမှန်းဆခဲ့သည့် အကြောင်းအရင်းမှန်မှာ ယခုအချိန်၌ အရေးမကြီးတော့ပါ။
ယခုမူ ကျန်းချန်ရွှမ်နှင့် အခြားသူများလိုချင်သည်မှာ စစ်မှန်နတ်ဆိုးအမွေခံကို အတူပြုလုပ်ရန်ပင်ဖြစ်သည်။
၎င်းနှင့် ယှဉ်လျှင် ပင်လယ်နက်စင်မြင့်ရှိ အခြေခံနည်းစနစ်၏ ပျောက်ဆုံးနေသော နည်းစနစ်အပိုင်းအား မမျှော်လင့်ထားသောရှာဖွေတွေ့ရှိမှုက အမြတ်ပင်ဖြစ်သည်။
“ဒါဆိုကျုပ်တို့လိုအပ်တာ အဆင့် ၆ အစီအရင်ဆရာပဲပေါ့။”
ကောင်းကင်သခင်ရွှမ်းယန်က မနေနိုင်ဘဲမေးလိုက်သည်။
သူ၏စကားကိုကြားလျှင် အနည်းငယ်မျက်မှောင်ကုပ်လိုက်ကြသည်။
အမှန်တကယ်ပင်။
လက်ရှိအခြေအနေတွင် အရေးကြီးသောအရာမှလွဲ၍ အရာအားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သို့ရာတွင်၊ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် အထူးသဖြင့် မြောက်ပိုင်းနယ်နိမိတ်တွင် အဆင့် ၆ အစီအရင်ဆရာအား ရှာဖွေခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပါ။
သူတို့သည် ဒုတိယအဆင့် ၆ အစီအရင်ဆရာအားရှာဖွေခြင်းသည် မဖြစ်နိုင်ဟုပင်ခံစားခဲ့ရသည်။
“တာအိုရောင်းရင်းရှန်း၊ အဆင့် ၆ အစီအရင်ဆရာနှစ်ယောက်ပူးပေါင်းဖို့က သေချာပေါက်လိုအပ်တာလား?”
ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းက မေးလိုက်သည်။
အခြားသူများက ရှန်းရူယန်အား ကြည့်နေသည်။
သိသာထင်ရှားစွာပင် သူတို့သည် လက်တစ်ကမ်းတွင်ရှိနေသည့် ပြသနာအား ရှင်းလင်းစွာသိကြပါသည်။
သို့ရာတွင် ရှန်းရူယန်ပြန်မဖြေနိုင်ခင်တွင် သူမ၏ဘေးတွင်ရပ်နေသည့် ကျန်းချန်ရွှမ်က ပြုံးကာ ကြားဖြတ် ပြောလိုက်သည်။
“ကျုပ်ခင်ဗျားတို့ကို ဖုံးကွယ်ထားဖို့မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ကျုပ်အဆင့် ၆ အစီအရင်ဆရာမဖြစ်သေးပေမဲ့ အဲ့အဆင့်နဲ့မဝေးတော့ဘူး။
အကယ်၍ ခင်ဗျားတို့အားလုံးကျုပ်ကိုယုံကြည်ပြီး အချိန်ခနပေးဖို့ ဆန္ဒရှိမယ်ဆိုရင် နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်နည်းနည်းကြာရင် ကျုပ်က အားလုံးကိုကျေနပ်တဲ့အဖြေကိုပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် သုံးဦးက အံ့ဩသွားကြသည်။
သို့သော်လျှင်မြန်စွာပင် သူတို့၏မျက်နှာသည် ဝမ်းမြောက်သောအမူအရာကို ပြလာကြသည်။
ကောင်းကင်သခင်ရွှမ်းယန်ကပြောလိုက်သည်။ “ခင်ဗျားက အဆင့် ၆ အစီအရင်ဆရာဖြစ်ဖို့ ယုံကြည်ချက် ရှိနေမယ်လို့ ကျုပ်မထင်ထားမိဘူး။
အကယ်၍ ဒီလိုဆိုရင် ဆွေးနွေးနေစရာမလိုတော့ပါဘူး။ ကျုပ်တို့ ခင်ဗျားကို စောင့်ဖို့ ဆန္ဒရှိပါတယ်။”
ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် ကျန်းချန်ရွှမ်၏လုပ်နိုင်စွမ်းနှင့် ပက်သက်၍ သံသယမရှိကြပေ။
သူသည် အဆင့် ၆ အစီအရင်ဆရာအဖြစ်တိုးတက်နိုင်သည်ဟုပြောလျှင် သူ၌ ထိုကဲ့သို့လုပ်နိုင်စွမ်း တကယ်ပင် ရှိသေးကြောင့်ဖြစ်သည်။
ဤသို့ဖြင့် ထိုကိစ္စက တည်ငြိမ်သွားသည်။
နောက်ပိုင်းအချိန်များတွင် ထိုငါးဦးအုပ်စုသည် ထွက်ခွာသွားရန် မလောနေဘဲ နိုဗာရေပြင်၏ ပတ်ဝန်းကျင်တွင် ရှာဖွေမှုများ သေသေချာချာပြုလုပ်ခဲ့ကြသည်။
တကယ်ပင် သူတို့သည် နတ်ဆိုးအဖြစ်သို့ ဖောက်ပြန်ပြောင်းလဲနေသော ကျင့်ကြံသူများ ပုန်းခိုနေကြသည်ကို တွေ့လိုက်ရသည်။
၎င်းသည် သူတို့အား ပို၍ စိုးရိမ်လာစေခဲ့သည်။
သူတို့သည် ထိုလက်တကမ်းအလိုမှ ပြသနာအား ဖြေရှင်းရန် ပို၍ စိတ်အားထက်သန်လာကြလေသည်။
.....
နှစ်ဝက်အကြာတွင်။
ကျန်းနိုင်ငံ၊ မှော်ဝင်တိုင်တောင်တွင်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပြန်လာပြီး နှစ်လအကြာတွင်ဖြစ်သည်။
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏အစီအရင်များအပေါ် နားလည်မှုက အသစ်သောထိုးဖောက်မှုကို လုပ်ဆောင်နိုင်ရန် လိုအပ်နေသေးကာ သူ၏စုဆောင်းမှုက အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည်လက်ရှိအခြေအနေအတိုင်းဆိုလျှင် မတော်တဆမရှိလျှင်ရနိုင်မည်ဟု ခံစားနေရသည်။
ဆယ်နှစ်အကြာတွင်၊ သူသည် အဆင့် ၆ အစီအရင်ဆရာဖြစ်လာရန် ၆၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိခဲ့သည်။
အမှန်တကယ်ပင်။
ကျန်းချန်ရွှမ်က မှော်ဝင်တိုင်တောင်သို့ ပြန်ရောက်ပြီး ကိုးနှစ်အကြာတွင်ဖြစ်သည်။
ကျန်းချန်ရွှမ်၏ ကျင့်ကြံသောဂူထဲတွင်၊
ရုတ်တရက် အလွန်ထူးဆန်းသောလှိုင်းတစ်ခုက အတွင်းမှထွက်ပေါ်လာသည်။
သန့်စင်သောကောင်းကင်နှင့် မြေကြီးထံမှ ဝိညာဉ်ချီစမ်းချောင်းက အပြင်မှ မှော်ဝင်တိုင်တောင်သို့ ဦးတည်၍ စုစည်းကာလာနေခဲ့သည်။
အပြင်၌စောင့်ကြပ်ပေးနေသော ရှန်းရူယန်က အဝေးသို့ကြည့်လိုက်သည်။
အဝေးမှကောင်းကင်တွင်၊ ဝိညာဉ်ချီသည် ရှည်လျားသော နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ စတင်၍ သူတို့၏နေရာသို့ ပျံသန်းလာတော့သည်။
အပြုံးတစ်ခုက သူမ၏မျက်နှာတွင် ပေါ်လာခဲ့သည်။
“အဆင့် ၆ ဝိညာဉ်စုဆောင်းခြင်းအစီအရင်ပဲ။ ကြည့်ရတာ ယောက်ျားက အဆင့် ၆ အစီအရင်ဆရာ အဆင့်ကို အောင်မြင်စွာ ဝင်ရောက်နိုင်သွားပြီထင်တယ်။”
ရှန်းရူယန်က စကားပြောပြီးသည်နှင့် ဝိညာဉ်ချီမှဖွဲ့စည်းထားသော နဂါးသည် မှော်ဝင်တိုင်တောင်ကို ဝင်၍ တိုက်လိုက်တော့သည်။
ဝုန်းဟူသောအသံမြည်သွားခဲ့သည်။
တောင်တစ်ခုလုံးပေါ်ရှိ ဝိညာဉ်ချီသည် ကောင်းကင်ပေါ်သို့ပျံဝဲနေသည့် လှိုင်းကဲ့သို့ဖြစ်နေပြီး ရုတ်တရက် မယှဉ်နိုင်သော ဟိန်းသံတစ်ခုကို ထုတ်လွတ်လိုက်သည်။
ထိုအချိန်တွင် တောင်တစ်ခုလုံးက အနည်းငယ်တုန်လှုပ်သွားပုံပေါ်သည်။
တောင်ပေါ်မှ ကျင့်ကြံသူများအားလုံးသည် သူတို့၏မှော်ဝင်တိုင်တောင်မှ ဝိညာဉ်ချီက ရူးသွပ်လောက်အောင် မြန်ဆန်သည့်အရှိန်နှင့် မြင့်တက်လာသည်ကို ခံစားခဲ့ရလေသည်။
“ဒါက..ဒါက..ဒါက..?”
ကျန်းမိသားစုမှတပည့်များသည် အံ့အားသင့်ကုန်ကြသည်။
သူတို့သည် ယခုကြုံတွေ့ခဲ့ရသည့်အရာအား မယုံကြည်နိုင်ခဲ့ပေ။
“အကယ်၍ ငါဒီလိုပတ်ဝန်းကျင်မှာ ကျင့်ကြံမယ်ဆိုရင်၊ ကျုပ်ရဲ့ကျင့်ကြံခြင်းက အနည်းဆုံးသုံးနှစ်အတွင်း ထိုးဖောက်မှုတစ်ခုလုပ်နိုင်မှာပဲ။”
“ဒါကဘာမှမဟုတ်သေးဘူး။ ဒီလိုပတ်ဝန်းကျင်နဲ့ဆို၊ ငါက ရွှေအမြုတေအဆင့်ကို ရောက်ဖို့ ကြိုးစားနိုင်တယ်ဆို ၅၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်။”
အသံများနှင့် ဆွေးနွေးမှုများက မှော်ဝင်တိုင်တောင်ရှိလေထဲတွင် ပြည့်သွားခဲ့သည်။
သို့ရာတွင် ကျန်းချန်ရွှမ်အတွက်မူ ၎င်းသည် အနည်းငယ်သော အကျိုးဆက်သာဖြစ်လေသည်။
သူ၏ အဆင့် ၆ အစီအရင်ဆရာအဖြစ် အစစ်အမှန် ထိုးဖောက်ခြင်းကသာ သူ့အတွက် အရေးကြီးဆုံးအရာ ဖြစ်သည်။
၎င်းသည် ထိုအချိန်၌ သူအစိုးရိမ်ဆုံးအရာဖြစ်ပေသည်။
ကိုးနှစ်ကြာပြီးနောက်တွင် သူသည် နောက်ဆုံး၌ အစီအရင်များလမ်းတွင် ရှေ့သို့ခြေလှမ်းရန် တစ်လှမ်းတိုးနိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် အဆင့် ၆ တောင်ကာကွယ်ခြင်းအစီအရင်အား တစ်ဦးတည်း အစီအရင်ချနိုင်ခြင်း မရှိသေးသော်လည်း ရှန်းရူယန်နှင့်ပူးပေါင်း၍ ပြုလုပ်ရန်မှာ ပြသနာမဟုတ်တော့ပါ။
အဆင့် ၆ တောင်ကာကွယ်ခြင်းအစီအရင်က ကျန်းမိသားစုအား ကာကွယ်နေလျှင် သူတို့မရှိလျှင်ပင်၊ ကျန်းမိသားစုသည် အရေးကြီးသည့်ချိန်းခြောက်မှုကို ရင်ဆိုင်ရမည်မဟုတ်ဟု စိတ်ချနိုင်ပေသည်။
ကျန်းချန်ရွှမ်က ဂူအပြင်သို့ထွက်တော့မည့်အချိန်တွင်ပင် ရင်းနှီးသောအသံတစ်ခုက သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
[ဒင်]
[အဆင့် ၆ အစီအရင်ဆရာဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ် Host။ သင်သည် စကြာဝဠာအစီအရင်ဖျက်စီးခြင်းသော့တစ်ခုနှင့် အထူးကန့်သတ်ချုပ်နှောင်ခြင်း အစီအရင်ချပ်ပြားဝိုင်းတစ်ခုကို ရရှိပါတယ်။]
စကြာဝဠာအစီအရင်ဖျက်စီးခြင်းသော့အား ဖော်ပြရန်မလိုတော့ပါ။
၎င်းသည် သူအမြဲ အစီအရင်များနှင့် ကန့်သတ်ချက်များကို ချိုးဖျက်ရန်သုံးနေသော အရာတစ်ခုဖြစ်သည်။
အထူးကန့်သတ်ချုပ်နှောင်ခြင်းအစီအရင်ချပ်ပြားဝိုင်းသည် ဆန်းကြယ်ပေသည်။
နာမည်အတိုင်း ၎င်းသည် ရန်သူများနှင့် အရာဝတ္တုများအား ချုပ်နှောင်ရန် သုံးနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ ထိုချပ်ပြားဝိုင်းသည် တစ်ဦးချင်းအပေါ်သော်လည်းကောင်း သို့ အသုံးပြုသူ၏ နယ်ပယ်ထပ်မြင့်သည့် အရာဝတ္တုတစ်ခုအပေါ်တွင်လည်းကောင်း အချိန်အပိုင်းအခြားကို ခွဲခြားပြီးလျှင် ရက်ပေါင်းများစွာမှ လပေါင်းများစွာအထိ ပစ်မှတ်၏စွမ်းအားနှင့်လုပ်နိုင်စွမ်းတို့အပေါ်မူတည်ကာ သက်ရောက်မှု ရှိနိုင်သည်။
၎င်းသည်တကယ်ပင် ရှားပါးသည့်ဝှက်ဖဲဖြစ်သည်။
ထိုအစီအရင်ချပ်ပြားဝိုင်းနှင့်ဆိုလျှင် ကျန်းချန်ရွှမ်သည် လိုအပ်လျှင် သူ့အား လွတ်မြောက်ရန် အချိန်လုံလောက်အောင်ပေးလျှင် ဗလာနယ်ပြန်နတ်ဘုရားအရှင်ကိုပင်ရင်ဆိုင်နိုင်ပေသည်။
ထိုစနစ်သည် တကယ်ပင် အရေးထားပါသည်။ စနစ်မှတဆင့် သူရရှိသော ဆုများသည် သူ့အား ဘယ်တော့မှ စိတ်မပျက်စေခဲ့ပေ။
အနည်းဆုံး သူရရှိထားသောဝှက်ဖဲများသည် စနစ်များပေးထားသော ဆုလဒ်များနှင့် ခွဲခြားမရပေ။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်က တုံ့ဆိုင်းမနေတော့ပါ။
သူသည် ဂူအပြင်သို့ခြေလှမ်းလိုက်ကာ အပြင်သို့ထွက်လာခဲ့တော့သည်။
***