ကန့်သတ်မဲ့ဂိုဏ်း၏ဆုံးဖြတ်ချက်
Vol. 34 Ch. 637
အချိန်ကြာပြီးနောက်တွင်၊
လေးဦးစလုံး တိုက်ခိုက်သည့်နေရာတွင် ကြီးမားသည့် အနက်ရောင်အပေါက်ကြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ပြင်းထန်ကာ ဖရိုဖရဲဖြစ်နေသော စွမ်းအားက ထိုအတွင်းမှ လိမ့်တက်လာခဲ့သည်။
မိုင်ရာချီထောင်ချီအတွင်းတွင်၊ အားလုံးက ယိုယွင်းပျက်စီးသွားသော အဖြူရောင်မြေအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝိညာဉ်ချီကပျောက်ကွယ်သွားပြီး သက်ရှိများအားလုံး ပျက်သုန်းသွားခဲ့ရသည်။
“အား…”
လော်ထျန်းပါ့သည် ရုတ်တရက် ပါးစပ်အပြည့်သွေးများအန်လေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သိပ်သည်းသောအက်ကွဲကြောင်းများဖြင့် ဖုံးလွမ်းနေသည်။
အက်ကွဲနေသော ကြွေထည်ပစ္စည်းကဲ့သို့ ညင်သာသည့်အထိတွေ့တစ်ခုသည်ပင် သူ့အား အချိန်မရွေး ပျက်စီးသွားစေနိုင်သည်။
ကျန်ရှိနေသော ရှောင်ရှန်းချုံနှင့် ကောင်းကင်ဂိတ်ဝဂိုဏ်းမှ တာအိုဝါဒီ ရှန်းထုံသည်လည်း သူ့ထပ်မသာပါ။ အနည်းနှင့်အများ၊ သူတို့သည်လည်း အချို့ပြင်းထန်သောဒဏ်ရာများကို ခံစားခဲ့ရသည်။
“မမျှော်လင့်ထားဘဲ၊ ကောင်းကင်သခင် အသူရာကျမ်းရဲ့ ကျင့်ကြံဆင့်က ဝိညာဉ်ဖွဲ့စည်းခြင်းရဲ့ အဆင့် ၄ အနီးရောက်နေတာတင်မကပဲ သူကဒီလောက်ပြတ်သားလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူး။
ဒီတိုက်ပွဲက အချိန်မကြာခဲ့ပဲ ပြီးတော့ သူက ကိုယ်တိုင်စတေးဖို့တောင် ရွေးချယ်ခဲ့တယ်။
အကယ်၍ ငါတို့ အရေးပေါ်ကိစ္စအတွက် မပြင်ဆင်ထားရင် မင်းနဲ့ငါ ဒီအခြေအနေထပ် ဆိုးရွားသွားနိုင်တယ်။”
တာအိုဝါဒီ ရှန်းထုံက အနည်းငယ်ဖြူဖျော့သောအသံဖြင့် ပြောလာသည်။
သူ၏စကားများကိုကြားလျှင်၊ ရှောင်ရှန်းချုံက လောထျန်းပါ့အား ကြည့်ကာပြောလိုက်သည်။
“ဗိုလ်ချုပ်လော်၊ ကျန်တဲ့ဟာကို ကျုပ်နဲ့ တာအိုရောင်းရင်းရှန်းထုံကိုပဲအပ်လိုက်ပါ။
ခင်ဗျားအခုဒဏ်ရာအပြင်းအထန်ရထားတယ်။ ပြန်သွားပြီး အရင်ကုသသင့်တယ်။”
တကယ်ပင်။
လော်ထျန်းပါ့သည် ပထမအကြိမ်က မြောက်ပိုင်းနယ်နိမိတ်တွင် ရှန်းရူယန်ထံမှ ဒဏ်ရာပြင်းထန်စွာရခဲ့သည်။
ယခုမူ၊ တောင်ပိုင်းကန္တာရကိုအလျှင်အမြန်ခရီးနှင်လာခဲ့ကာ အသူရာကျမ်း၏ ကိုယ်တိုင်ဖျက်စီးခြင်းအားဖြင့် သေဆုံးခါနီးပင်ဖြစ်ခဲ့သည်။
အကယ်၍ သူသည် ထိုအရေးကြီးသည့်အချိန်တွင် သူ၏ကဒ်တစ်ခုကိုမသုံးခဲ့လျှင် ဤနေရာတွင် ရပ်နေနိုင်မည်မဟုတ်ပါ။
သူသည် ခေါင်းမာမနေတော့ပဲ ထိုစကားကိုကြားသည်နှင့် သူကခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆိုရင် ကျွန်တော် အလယ်ပိုင်းလွင်ပြင်ကိုအရင်ပြန်သွားလိုက်ပါ့မယ်။
ကျန်တာကို ဒုတိယမင်းသားနဲ့ တာအိုရောင်းရင်း ရှန်းထုံလက်ထဲအပ်ခဲ့ပါတော့မယ်။”
ထိုသို့ပြောပြီးနောက်၊ လော်ထျန်းပါက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပါ။
သူ၏ရှေ့တွင် နေရာလပ်အက်ကွဲကြောင်းပေါ်လာခဲ့သည်။
သူသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
.......
မကြာမီတွင်။
ကောင်းကင်သခင်အသူရာကျမ်း၏ကျဆုံးသွားသော သတင်းကိုကြားပြီးနောက် ကောင်းကင်ဘုံဂိုဏ်း၏ ပျက်စီးသွားခြင်းနှင့် တောင်ပိုင်းသဲကန္တာရက အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများ၏ လက်အောက်သို့ ကျရောက်သွားရသည့် သတင်းသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောက တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။
ထိုကဲ့သို့ ထင်ရှားသည့်အခြေအနေက ချက်ချင်းပင် အနောက်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းနယ်နိမိတ်နှစ်ခုလုံးမှ ကြီးမားသောအာရုံစိုက်မှုကိုရရှိခဲ့သည်။
အထူးသဖြင့် ကန့်သတ်မဲ့ဂိုဏ်းပင်ဖြစ်သည်။
မကြာခင်တွင် သူတို့သည် အလယ်ပိုင်းလွင်ပြင်ထံမှ သတင်းစကားကိုရရှိခဲ့သည်။
သူတို့သည် မဟာလင်းအင်ပါယာနန်းတော်အား အညံ့ခံ၍ သူတို့၏အုပ်ချုပ်မှုနှင့် အမိန့်များကို နာခံရန် ရွေးချယ်နိုင်ကြောင်း ပြောခြင်းဖြစ်သည်။
၎င်းသည် ကန့်သတ်မဲ့ဂိုဏ်းမှ ကျင့်ကြံသူများအား ဒေါသထွက်စေကာ မကျေမနပ်ဖြစ်စေသည်။ သို့သော် သူတို့သည် ရှင်းမပြနိုင်သော မသက်သာကာ ကြောက်ရွံ့သည့်စိတ်ကိုလည်း ခံစားနေရသည်။
အဆုံး၌ ရန်သူများက တောင်ပိုင်းကန္တာရ၏ ကျင့်ကြံရေးလောကကိုရပြီးနောက် သူတို့နှင့် အနီးဆုံးမှာ အနောက်ပိုင်းသဲကန္တာရပင် ဖြစ်သည်။
အကယ်၍ ကန့်သတ်မဲ့ဂိုဏ်းက လိုက်နာရန်ငြင်းပယ်လျှင် အကျိုးဆက်အား ခန့်မှန်းနိုင်ပါသည်။
အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ အင်အားစုများက သေချာပေါက် ကန့်သတ်မဲ့ဂိုဏ်း၏တည်ရှိမှုအား သည်းခံနေလိမ့်မည်မဟုတ်ပါ။
ဖြစ်နိုင်သည်မှာ….
ဖြစ်နိုင်ခြင်းမဟုတ်ဘဲ သေချာနေသည်မှာ၊ သူတို့သည် အနောက်ပိုင်းသဲကန္တာရထဲရှိ ဆူးပင်ကို ရှင်းလင်းရန် တိုက်ခိုက်မှုကိုစတင်လာနိုင်သည်။
.........
ထိုအခြေအနေတွင်၊
ကန့်သတ်မဲ့ဂိုဏ်း၏အစည်းအဝေးခန်းထဲတွင်၊
လေထုက အလွန်ပင် ဖိစီးနေလေသည်။
စံသခင်ဆယ်ယောက်ကျော်က အငြင်းပွားနေကာ သူတို့၏ထင်မြင်ချက်များကို ပြောနေကြသည်။
များပြားစွာပြောပြီးနောက်၊ သူတို့၏ထင်မြင်ချက်က နှစ်ဖက်ကွဲနေသည်။
တစ်ဖက်မှာ ကန့်သတ်မဲ့ဂိုဏ်းက ၎င်း၏အကျိုးအမြတ်နှင့် လွတ်လပ်မှုများအား ထိန်းသိမ်းထားရန်နှင့် အရှေ့ပိုင်းနှင့် အလယ်ပိုင်းအား အပေးအယူမလုပ်သင့်ဟု ယုံကြည်ကြသည်။
အခြားတစ်ဖက်မှာ အမှန်တရားကို သတိပြုသင့်ကြောင်း ယုံကြည်ကြသည်။
ကန့်သတ်မဲ့ဂိုဏ်းအနေနှင့် အရှေ့ပိုင်းနှင့် အလယ်ပိုင်း မဟာမိတ်တပ်များအား ခုခံနိုင်ရန်မဖြစ်နိုင်ပေ။
အကယ်၍ ငြင်းဆန်မည် သို့ ခုခံမည်ဆိုပါက သူတို့သည် ဒုတိယကောင်းကင်ဘုံဂိုဏ်းဖြစ်လာလိမ့်မည်။
ထိုအချိန်တွင်...
အစည်းအဝေးခန်း၏ ထိပ်ပိုင်းတွင်၊ သူတို့၏ထင်မြင်ချက်များကို ယခုထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော ဝိညာဉ်ဖွဲ့စည်းခြင်းအကြီးအကဲနှစ်ဦးဖြစ်သည့် တုန်းဖန်းထျန်းရှင်းနှင့် မုရုံရှန်း တို့က လည်ချောင်းရှင်းလိုက်သည်။
ချက်ချင်းပင်၊ မူလက ဆူညံနေသည့်ခန်းမက ချက်ချင်းတိတ်ဆိတ်သွားသည်။၏
မုရုံရှန်းက တုန်းဖန်ထျန်းရှင်းကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ယောက်ျား၊ ဒီကိစ္စအတွက် ရှင်ပဲဆုံးဖြတ်လိုက်ပါ။ ဘာအဖြေပဲထွက်လာလာ၊ ကျွန်မ ချွင်းချက်မရှိ ထောက်ခံမှာပါ။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အတိုင်းပင်၊
ကန့်သတ်မဲ့ဂိုဏ်း၏ ဝိညာဉ်ဖွဲ့စည်းခြင်း အကြီးအကဲများကလည်း တာအိုစုံတွဲဖြစ်သည်။
မရေတွက်နိုင်လောက်အောင် နှစ်ပေါင်းများစွာကျင့်ကြံပြီးနောက်၊ သူတို့နှစ်ဦးလုံးက နောက်ဆုံးတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိသွားခဲ့သည်။
၎င်းသည် ယခင်က မကြာခနပြောခဲ့ကြသော ဇာတ်လမ်းတစ်ခုဖြစ်သည်။
မုရုံရှန်း၏စကားကိုကြားလျှင်၊ တုန်းဖန်ထျန်းရှင်းက အနည်းငယ်ခေါင်းငြိမ့်လိုက်ကာ လူအုပ်ဖက်လှည့်လိုက်သည်။
“ငါမင်းတို့ရဲ့ အတွေးတွေကို သိပါပြီ။
ဒါပေမဲ့ မင်းတို့တစ်ခုစဉ်းစားမိလား? အကယ်၍ ငါတို့ဂိုဏ်းက မဟာလင်းအင်ပါယာနန်းတော်ကို လုံးဝလက်လျော့လိုက်ပြီး အညံ့ခံလိုက်ပြီးရင် မြောက်ပိုင်းနယ်နိမိတ်ကို တိုက်ခိုက်ဖို့ပြောလာမှာလား?”
တုန်းဖန်းထျန်းရှင်း၏စကားများကြောင့် ခန်းမထဲမှ လူများစွာ၏ အမူအရာများပြောင်းလဲသွားကာ အဖြေကို အားလုံးသိနေကြပြီဖြစ်သည်။ ပြောပေလိမ့်မည်။
မဟာလင်းအင်ပါယာနန်းတော် သို့ အရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ အဓိကဂိုဏ်းများသည် မြောက်ပိုင်းနယ်နိမိတ်အားတိုက်ခိုက်ရန် ကန့်သတ်မဲ့ဂိုဏ်းကို ဦးဆောင်ရန် သေချာပေါက် မျှော်လင့်ထားကြလိမ့်မည်။
၄င်းသည် အခြားမေးခွန်းတစ်ခုထွက်လာသည်။
မြောက်ပိုင်းနယ်နိမိတ်က တကယ်ပင် ရင်ဆိုင်ရန်လွယ်ကူသော နေရာဖြစ်ပါသလား?
အဆုံး၌ လူတိုင်းက ယခင်ကအဖြစ်အပျက်ကို သတိရသွားကြသည်။
အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်များသည် အထူးနည်းလမ်းတစ်ခုကိုသုံးကာ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် ၆ ဦးကို မြောက်ပိုင်းနယ်နိမိတ်သို့ ပို့ဆောင်ခဲ့သည်။
ပြီးနောက်တွင် ဘာဖြစ်သွားခဲ့သနည်း?
သုံးဦးကသေဆုံးကာ သုံးဦးက ဒဏ်ရာရသွားခဲ့သည်။
အလယ်အဆင့် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ဦးဖြစ်သည့်ရှောင်ရှန်းကျီနှင့် ဝူရှင်းအပါအဝင်ဖြစ်သည်။
လော်ထျန်းပါ့သည်ပင် စတုထ္ထအဆင့်နီးပါးရှိပေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်း ပထမအဆင့်နှင့် ဒုတိယအဆင့်ဖြစ်သည့် ကောင်းကင်သခင်သုံးဦးလည်း ရှိသေးသည့် အချက်ကို ပြောနေစရာပင်မလိုပါ။
အကယ်၍ ထိုအစီအစဉ်အတိုင်း ကန့်သတ်မဲ့ဂိုဏ်းကိုလာတိုက်ခိုက်ပါက…
တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်း မည်သို့ပင်ဖြစ်ပါစေ ခုခံနိုင်မည်မဟုတ်ပါ။
မြောက်ပိုင်းနယ်နိမိတ်တွင်မူ၊ ထိုခြောက်ဦးက အကြီးအကျယ်ရှုံးနိမ့်သွားခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် သုံးဦးသည်ပင် ထိုတိုက်ပွဲတွင် သေဆုံးခဲ့ရသည်။
ရှောင်ရှန်းကျီနှင့် အခြားသူများသည်လည်း ဆိုးရွားသောအခြေအနေသို့ရောက်ရှိခဲ့ရပြီး ဒဏ်ရာရကာ သူတို့၏ သန့်စင်သောယန်စစ်မှန်ရတနာများကိုပင် မြောက်ပိုင်းနယ်နိမိတ်တွင် ထားခဲ့ရသည်။
အရေးအကြီးဆုံးအချက်မှာ ထိုကိစ္စအားလုံးကို မြောက်ပိုင်းနယ်နိမိတ်မှ ကျန်းနိုင်ငံ၏အုပ်ချုပ်သူ၏ဇနီးဖြစ်သူ ရှန်းရူယန် တစ်ဦးတည်းက လုပ်ခဲ့ခြင်းဖြစ်ပေသည်။
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ထိုးဖောက်ပြီးသည့်နောက်တွင်ပင် ထိုကဲ့သို့ရှိန်လောက်သည့် စွမ်းအားကို ပိုင်ဆိုင်နေလေသည်။
သူမ၏စွမ်းအားသည် အချိန်အနည်းငယ်ထပ်၍ပေးလိုက်လျှင် မည်မျှကြောက်လန့်ဖွယ်ကောင်းလိမ့်မည်နည်း?
ထို့အပြင် သူ၏တာအိုအဖော်ကျန်းချန်ရွှမ်သည်လည်း သာမန်ထပ်လွန်ကဲသည့်စွမ်းရည်နှင့် ထူးခြားသောသူ ဖြစ်သည်။
အခြေတည်ဝိညာဉ်၏ဘအထွတ်အထိပ်အဆင့်အနေဖြင့် သူသည် အရှေ့ပိုင်းမှ ကောင်းကင်သခင်သုံးဦးနှင့် တိုက်ခိုက်နိုင်ကာ သူ့ဇနီးအဆင့်ကျော်ဖြတ်ရန်အတွက် အချိန်ဆွဲပေးနိုင်ခဲ့သည်။
တစ်ဦးခြင်းအနေဖြင့် သူသည်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်လျှင် ရှန်းရူယန်ကဲ့သို့ စွမ်းအားကြီးလိမ့်မည်မှာ သံသယဝင်စရာမလိုပါ။
ကန့်သတ်မဲ့ဂိုဏ်းက သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်လျှင် ရလဒ်ကဘာဖြစ်လိမ့်မည်နည်း?
လူတိုင်းက သူတို့၏မျက်လုံးထဲတွင် ကြောက်ရွံမှုကိုခံစားလိုက်ရသည်။
ရှင်းလင်းစွာပင်၊
သူတို့သည် မြောက်ပိုင်းကိုဆန့်ကျင်လျှင် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့အား ဆန့်ကျင်ခြင်းနှင့် ကွာခြားမည် မဟုတ်ကြောင်း သတိပြုမိခဲ့ကြသည်။
အကြောင်းမှာ မြောက်ပိုင်းနယ်နိမိတ်၊ အရှေ့ပိုင်း သို့ အလယ်ပိုင်းလွင်ပြင် စသည်တို့သည် ကန့်သတ်မဲ့ဂိုဏ်းက မယှဉ်နိုင်သော တည်ရှိမှုများဖြစ်နေကြသည်။
ထို့ကြောင့် မြောက်ပိုင်းနယ်နိမိတ်နှင့် ပူးပေါင်းကာ သူတို့၌ အရှေ့ပိုင်းနှင့်အလယ်ပိုင်းတို့အား ခုခံနိုင်မည်လားကို ကြည့်ခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မည်။
ထိုနည်းလမ်းဖြင့် အနည်းဆုံး ကန့်သတ်မဲ့ဂိုဏ်းသည် လွတ်လပ်မှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အခြားသောအုပ်စုများ၏ ထိန်းချုပ်ခြင်းနှင့် ကန့်သတ်ခြင်းများကို ခံရတော့မည်မဟုတ်ပေ။
ထိုစကားကိုကြားလျှင်၊ ထောင်ပါ့ရယ်ဟုခေါ်သည့် သက်လတ်ပိုင်းအရွယ်လူကြီးက တုန်းဖန်းထျန်းရှင်းနှင့် မုရုံရှန်းတို့ဘက်လှည့်ကာ လေးစားစွာဖြင့် လက်များကိုဆုပ်ကာ ပြောလိုက်သည်။
“အကြီးအကဲ၊ မြောက်ပိုင်းနယ်နိမိတ်နဲ့ပူးပေါင်းဖို့က ကျွန်တော်တို့ဂိုဏ်းအတွက် တစ်ခုတည်းသော ဖြစ်နိုင်ချေရှိတဲ့ရွေးချယ်စရာဖြစ်တယ်။
ကျွန်တော်က ဂိုဏ်းကိုကိုယ်စားပြုပြီး မြောက်ပိုင်းနယ်နိမိတ်ကိုသွားပြီး အရှေ့ပိုင်းနဲ့အလယ်ပိုင်းကို ပူးပေါင်းတိုက်ခိုက်ရေး ဆွေးနွေးဖို့အတွက် ကျွန်တော်အကြံပြုလို့ရမလား?”
သူ၏အကြံပြုချက်သည်အခြားကျင့်ကြံသူများအား ဂယက်ထသွားစေကာ မကြာမီတွင် ခုနှစ်ယောက် ရှစ်ယောက်ခန့်က မတ်တပ်ရပ်ကာ ထောင်ပါ့ရယ်၏အဆိုပြုချက်ကို သဘောတူကြသည်။
ထိုအရာကိုမြင်လျှင်၊ တုန်းဖန်ထျန်းရှင်းက ပြုံးလိုက်သည်။
သူကပြောလိုက်သည်။
“ငါက ဒီကိစ္စအတွက် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှန်းလန်ကို ပို့ထားပြီးပြီ။
သူ့ကို ငါတို့ရဲ့ဆုံးဖြတ်ချက်ကို သတင်းပို့လိုက်ပြီး အဲ့ဒီက ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုတွေနဲ့ ညှိနှိုင်းခိုင်းလိုက်မယ်။”
“ဘာ? ဂျူနီယာညီမ ရွှေက မြောက်ပိုင်းကိုသွားလိုက်ပြီလား?”
ထိုသတင်းသည် ထောင်ပါ့ရယ်နှင့် အခြားသူများအား အံအားသင့်သွားစေသည်။
ယခင်က သူတို့သည် ရွှေရှန်းလန်၊ စံသခင် တောက်ပသစ်ရွက်တို့နှင့် အခြားသူမျာက ကံအားလျော်စွာ အခွင့်အလမ်းသွားရှာခြင်းကြောင့် ပျောက်နေကြသည်ဟု သိထားကြခြင်းဖြစ်သည်။
မမျှော်လင့်ဘဲနှင့် သူတို့က မြောက်ပိုင်းနယ်နိမိတ်သို့သွားကြခြင်းဖြစ်သည်။
ထို့အပြင် သူတို့သည် ထိုကိစ္စကို မည်သူမှရှာမတွေ့စေရန် လျှို့ဝှက်ထားကြသေးသည်။
မျှော်လင့်ထားသလိုပင်၊ သူတို့၏အကြီးအကဲများက ဖြစ်နိုင်ချေများကို ကြိုတွေးထားခဲ့ကြလေသည်။
ခနအကြာတွင် ထောင်ပါ့ရယ်နှင့် အခြားသူများက တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့အား လေးစားမှု ကြည်ညိုမှုများဖြင့် ကြည့်နေကြတော့သည်။
ထိုအချိန်တွင် တုန်းဖန်ထျန်းရှင်းက ထပ်ပြောလိုက်သည်။ “သေချာတာပေါ့။ ဒါက နယ်မြေနှစ်ခုရဲ့မဟာမိတ်ဖြစ်ဖို့ ကလည်း သက်ဆိုင်တယ်။ ရှန်းလန်နဲ့ အခြားသူတွေအပေါ်ပဲ အားကိုးနေတာက မလုံလောက်သေးဘူး။
ဒါပြီးရင် ငါက မြောက်ပိုင်းနယ်နိမိတ်ကို ကိုယ်တိုင်သွားပြီး ဒီကိစ္စကို အသေးစိတ်ဆွေးနွေးရမယ်။”
.......
တစ်ချိန်တည်းမှာပင်။
ကျန်းမိသားစု၏မှော်ဝင်တိုင်တောင်တွင်ဖြစ်သည်။
ထိုအချိန်တွင်၊ မှော်ဝင်တိုင်တောင်၏အကျယ်အဝန်းက မူလအခြေခံထပ် ကီလိုမီတာထောင်ကျော် တိုးချဲ့နိုင်ခဲ့ပြီဖြစ်သည်။
၄င်းတွင် ဧရာမဝိညာဉ်ကျောက်တုံးမိုင်းတွင်း၊ အဆင့်ခြောက်ဝိညာဉ်ကြောနှင့် စမ်းသပ်မြေတို့လည်း ပါဝင်ပေသည်။
ထိုအချိန်တွင်ပင် ကျန်းချန်ရွှမ်က ဝိညာဉ်ဖွဲ့စည်းခြင်းသို့အဆင့်တက်နိုင်မည့်အခွင့်အလမ်းက ရောက်လာပြီဖြစ်ကြောင်း အာရုံခံမိသည်။
သူသည် တုံ့ဆိုင်းနေခြင်းမရှိပါ။
ရှန်းရူယန်အား ထိုအခြေအနေကို အသိပေးပြီးနောက် သူသည် စနစ်မှပေးသည့် အထူးကျင့်ကြံခြင်းနေရာလပ်ကို သုံးခဲ့သည်။
ထိုအချိန်တွင် တောင်ပိုင်းကန္တာရက အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်တို့မှ သိမ်းပိုက်ခြင်းခံရသည့်သတင်းက ရောက်ရှိလာခဲ့ပြီး ကောင်းကင်ဘုံဂိုဏ်းပျက်စီးသွားသောသတင်းက သူတို့၏နားထဲရောက်လာခဲ့သည်။
ကျန်းချန်ရွှမ်သည် အနာဂတ်တွင် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကသည် အလွန်ဖရိုဖရဲဖြစ်သည့် အခြေအနေသို့ရောက်လာမည်ဖြစ်ကြောင်း ကြိုသိနေခဲ့သည်။
အပြင်ကမ္ဘာတွင် တည်ငြိမ်သော ကျင့်ကြံချိန်ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် စနစ်မှပေးထားသည့် အထူးကျင့်ကြံခြင်းနေရာလပ်ကိုသာ သုံးရတော့သည်။
ထိုနည်းလမ်းဖြင့်၊ သူသည် မည်သူမှမသိလိုက်ဘဲ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်နိုင်ရန် အချိန်တစ်ချို့ရမည်ဖြစ်သည်။
ကျီ…
အထူးကျင့်ကြံခြင်းနေရာလပ်က ပွင့်သွားသည်နှင့်၊
ကျန်းချန်ရွှမ်က ချက်ချင်းပင် သူသည် အလွန်သိပ်သည်းသောဝိညာဉ်ချီရှိသည့် ကမ္ဘာငယ်လေးတစ်ခုအတွင်းကို ဝင်လိုက်ရကြောင်း သတိပြုမိခဲ့သည်။
ဤနေရာတွင်၊ ကျင့်ကြံခြင်းက နှစ်ဆတိုးနိုင်သည်သာမကပဲ မန္တာန်များနှင့် နတ်ဘုရားစွမ်းအားများကို နားလည်ခြင်းကလည်း ကျိန်းသေပေါက် ပမာဏတိုးမြင့်သွားသည်။
***