← Chapters

ဝိညာဉ်ဖွဲ့စည်းခြင်း၊ နတ်ဘုရားစွမ်းအားအဆင့်မြင့်တင်ခြင်း၊ ငါးရောင်ခြယ်နတ်ဘုရားအလင်း

Vol. 34 Ch. 638

ဝိညာဉ်ဖွဲ့စည်းခြင်း၊ နတ်ဘုရားစွမ်းအားအဆင့်မြင့်တင်ခြင်း၊ ငါးရောင်ခြယ်နတ်ဘုရားအလင်း

Vol. 34 Ch. 638

ထိုအထူးနေရာလပ်တွင် ကျင့်ကြံခြင်း၏ အရေးပါသည့် ကဏ္ဍသည် ကျန်းချန်ရွှမ်က အချိန်ကုန်လွန်ခြင်းအား စိုးရိမ်စရာမလိုခြင်းဖြစ်သည်။

ထိုနေရာထဲတွင် သူမည်မျှကျင့်ကြံနေပါစေ၊ အပြင်ကမ္ဘာတွင် တစ်နေ့သာကုန်လွန်သွားမည်ဖြစ်သည်။

.....

အချိန်က မြန်ဆန်စွာကုန်လွန်သွားသည်။

ကျန်းချန်ရွှမ်က ဤကျင့်ကြံသည့် အထူးနေရာလပ်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်သုံးခဲ့ပေသည်။

ထိုနေ့တွင် ကျန်းချန်ရွှမ်၏ပတ်ပတ်လည်မှ ဝိညာဉ်ချီများက ပြင်းထန်စွာ လှုပ်ရှားထကြွလာသည်။ မိုင်တစ်ထောင်အတွင်းတွင် ဝိညာဉ်ချီများက ကြီးမားသော အနက်ရောင်အပေါက်များဖြစ်လာခဲ့ပြီး သူ၏ တည်နေရာသို့ လိမ့်တက်လာခဲ့သည်။

မျက်စိတမှိတ်အတွင်းတွင်၊ ထိုနေရာလပ်အတွင်းရှိ ဝိညာဉ်ချီများက လုံးဝ ကုန်ခမ်းသွားသည်။

တစ်ချိန်တည်းမှာပင်၊

လွှမ်းမိုးနိုင်သည့် အရောင်အဝါက တောက်လောင်နေသည့်နေကဲ့သို့ ပြင်းထန်သွားကာ ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှ ပေါက်ထွက်လာခဲ့သည်။

နေရာလပ်ထဲတွင် အက်ကွဲကြောင်းများက စတင်၍ လှိုင်းထလာခဲ့သည်။

၎င်းသည် သူ၏နေရာလပ်စည်းမျဉ်းကို ထိတွေ့ခြင်းဖြစ်သည်။

ထိုအဆင့်ကိုရောက်သောသူများသည် နေရာလပ်စည်းမျဉ်းကို နားလည်လာနိုင်ကြသည်။

သို့ရာတွင်၊ ထိုအချိန်၌ ကျန်းချန်ရွှမ်သည် ထိုးဖောက်ခြင်းအလယ်တွင် ရုတ်တရက် မသိနိုင်သောနေရာမှ ရုတ်တရက် အာရုံခံလိုက်မိသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းကို ထိုးဖောက်တော့မည့်အကြောင်းနှင့် အောင်မြင်ရန်အတွက် လူသားအတိဒုက္ခကို ရင်ဆိုင်ရမည့်အကြောင်းပြောချင်ပုံရပေသည်။

အခြားတစ်မျိုးအနေဖြင့်၊ သူသည် အထူးကျင့်ကြံခြင်းနေရာလပ်မှ ထွက်ခွာရန်လိုအပ်သည်။ မဟုတ်လျှင် သူ၏ ဝိညာဉ်ဖွဲ့စည်းခြင်းသို့ထိုးဖောက်ရန် နှောင့်နှေးသွားနိုင်သည်။

၎င်းကို သတိပြုမိပြီး ကျန်းချန်ရွှမ်က ချက်ချင်း အတိဒုက္ခရှောင်လွဲခြင်းပုလဲကို ထုတ်လိုက်ကာ တုံ့ဆိုင်းမနေတော့ဘဲ အသုံးပြုရန်ရွေးချယ်လိုက်သည်။

ကျီ….

ချက်ချင်းပင် ထူးဆန်းသည့်လှိုင်းက ပြန့်ထွက်လာခဲ့သည်။

ခနအကြာတွင်၊ သူ၏စိတ်ထဲ၌မူလက မြည်နေသည့် သတိပေးချက်အသံက ချက်ချင်း ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင်၊ သူခံယူရမည့်လူသားအတိဒုက္ခက ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ခနအကြာတွင်၊ သူသည် ထိုအထူးကျင့်ကြံခြင်းနေရာလပ်တွင် ငြိမ်းချမ်းစွာနေရာ သူ၏ထိုးဖောက်ခြင်းကို စောင့်ရန်လိုအပ်သည်။

ထိုပုံစံအတိုင်းပင်။

မျက်စိတမှိတ်အတွင်းတွင်၊ နောက်ထပ်သုံးနှစ်က ကုန်လွန်သွားခဲ့သည်။

.......

ထိုနေ့တွင်။

ငါးရောင်ခြယ်အလင်းဖြစ်သော အပြာ၊ အနီ၊ အဝါ၊ အဖြူနှင့် အစိမ်းရောင်များက ကျန်းချန်ရွှမ်၏ဘေးတွင် ထွက်ပေါ်လာသည်။

ဆန်းကြယ်၍ မယှဉ်နိုင်သောစွမ်းအားအရောင်အဝါက ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှ ထွက်လာခဲ့သည်။

နည်းနည်းချင်း၊ ဓမ္မပုံစံက ငါးရောင်ခြယ်လှိုင်းက စတင်၍ ပုံစံပေါ်လာခဲ့သည်။

၎င်းသည် ကျန်းချန်ရွှမ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းဓမ္မပုံစံက မဟာဓာတ်ငါးပါး ဓမ္မပုံစံဖြစ်သည်။

၎င်းတို့သည် အခြေတည်ပုံစံပင်ရှိပြီး သူ၏ကျင့်ကြံဆင့်က အနာဂတ်တွင် ဗလာနယ်ပြန်အဆင့်သို့တက်သွားလျှင် ဓမ္မပုံစံက သိပ်သည်းသွားကာ ပုံရိပ်ယောင်မှ အစစ်အမှန်ဖြစ်သွားနိုင်ပြီး သူ၏မူလဓမ္မပုံသဏ္ဍာန်ဖြစ်လာမည်။

ကျီ…

ရုတ်တရက် ကျန်းချန်ရွှမ်၏ ပုံရိပ်ယောင်ဓာတ်ငါးပါးဓမ္မပုံစံက အခြားငါးရောင်အလင်းစက်ဝန်းထွက်လာကာ ညင်သာစွာဖြင့် အရှေ့သို့ရောက်လာသည်။

ချက်ချင်းပင်၊ ၎င်းသည် ငါးခုကွဲသွားကာ လည်နေသောချပ်ပြားဝိုင်းများအဖြစ် ကွဲသွားခဲ့သည်။

ပြီးနောက်တွင် လည်နေသော ချပ်ပြားဝိုင်း၏အလယ်တွင် စက်ဝိုင်းပုံအနက်ရောင်အပေါက်က ပေါ်ထွက်လာကာ ကြောက်စရာကောင်းသောစွမ်းအားကိုထုတ်လွတ်လာသည်။

ကျန်းချန်ရွှမ်က သူ၏မျက်လုံးကို ဖွင့်ရာ ပျော်ရွင်မှုဖြင့် လင်းလက်လာသည်။

ငါးရောင်ခြယ်နတ်ဘုရားအလင်းက နောက်ဆုံးတွင် အဆင့်မြင့် သွားခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီးနောက်၊ သူ၏ယခင်က ငါးရောင်ခြယ်အလင်းက ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။

၄င်းသည် ဓာတ်ငါးပါးကို ပြောင်းပြန်လှန်နိုင်ပြီး ကမောက်ကမဖြစ်စေနိုင်သော စွမ်းရည်ရှိသည်၊ ထို့အပြင် ၎င်းသည် အထူးစွမ်းရည်ရှိသည်မှာ ဓာတ်ငါးပါးမှ ခိုးယူနိုင်ခြင်းပင်ဖြစ်သည်။

ဆိုလိုသည်မှာ….

အနာဂတ်တွင်၊ သူသည် နတ်ဘုရားစွမ်းရည်များ၊ မန္တာန်များ (သို့) ဓာတ်ငါးပါး၏အခွင့်အလမ်းများအတွင်းရှိ ဓမ္မရတနာများကိုတွေ့ရှိတိုင်း ၎င်းတို့သည် ငါးရောင်ခြယ်နတ်ဘုရားအလင်းက တုံပြန်မည်ဖြစ်သည်။

အထူးသဖြင့်၊ ဓမ္မရတနာများအား ဆွဲယူနိုင်ပြီး သူ၏ တိုက်ပွဲအတွက် အကျိုးဖြစ်လာလိမ့်မည်။

ထိုနတ်ဘုရားစွမ်းအင်က လက်ရှိတွင် သူ၏လက်ရှိစွမ်းအားကြောင့် တစ်နေ့တွင် တစ်ခေါက်သာသုံးနိုင်ပြီး သူ၏စွမ်းအားတိုးလာသည်နှင့် သူ၏နတ်ဘုရားစွမ်းအားပေါ်မူတည်၍ အသုံးပြုချိန်နှင့်စွမ်းအားက တိုးတက်လာမည်ဖြစ်သည်။

၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းသို့ ထိုးဖောက်ပြီးနောက် သူရရှိသည့်အကြီးမားဆုံး ရလဒ်ဖြစ်ပေသည်။

[ဒင်]

တစ်ချိန်တည်းမှာပင်၊ စနစ်၏ အသိပေးချက်က သူ၏စိတ်ထဲတွင် မြည်လာခဲ့သည်။

[ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားလို့ဂုဏ်ယူပါတယ်၊ Host။ သင့်အတွက်နေရာလပ်စည်းမျဉ်းကို နားလည်ဖို့အခွင့်အရေးတစ်ခုနှင့် သန့်စင်သောယန်ချီတစ်မျှင်ကိုရရှိပါတယ်။]

အရှေ့တစ်ခုမှာ လက်ရှိဖွဲ့စည်းပုံ၏အခြေခံရှိ နေရာလပ်စည်းမျဉ်းကို နားလည်ရန်ကူညီပေးနိုင်သည်။

အနောက်တစ်ခုမှာမူ ၎င်းသည် သူ့ကိုယ်ပေါ်တွင်ရှိသော သေချာသည့် အဆင့် ၅ စစ်မှန်ရတနာတစ်ခုအား အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာအဖြစ်သို့ တိုက်ရိုက် တိုးတက်သွားစေသည်။

မူလက ကျန်းချန်ရွှမ်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိပြီးနောက်တွင် ဂူပိတ်ကျင့်ကြံခြင်းမှထွက်ကာ ထိုအထူးကျင့်ကြံရေးနေရာလပ်မှထွက်ခွာပြီး ငါးရောင်ခြယ်အလင်းကို နားလည်အောင်လုပ်ချင်ခဲ့သည်။

သို့ရာတွင် ကြည့်လိုက်ရာ ထိုအချိန်သည် နှောင့်နှေးသွားနိုင်သည်။ အကယ်၍ ဤအချိန်အတွင်း၌ပင် နေရာလပ်စည်းမျဉ်းကို နားလည်နိုင်ခဲ့ပြီး သူ၏မူလစစ်မှန်ရတနာအား အဆင့် ၆ သို့ တိုးမြင့်နိုင်ခဲ့လျှင်၊ သေချာပေါက် သူ၏စွမ်းအားသည် အရည်အချင်း ရုတ်တရက်ထိုးတက်သွားနိုင်သည်။

မကြာမီ၊ ကျန်းချန်ရွှမ်က စနစ်မှ ပေးသောဆု နှစ်မျိုးလုံးကို သုံးရန် ဆုံးဖြတ်ခဲ့သည်။ စနစ်၏အကူအညီဖြင့် ကျန်းချန်ရွှမ်၏ ဤလောက၏ နေရာလပ်စည်းမျဉ်းအပေါ်နားလည်မှုက ချက်ချင်းတိုးတက်လာခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့်အောက်ရှိ မည်သူမှ သူ့အား ဒဏ်ရာရစေနိုင်ရန်မဆိုနှင့်၊ ထိနိုင်ရန်ပင် မဖြစ်နိုင်ဟုပြောလျှင် ချဲကားရာမကျပေ။

အခြားတစ်ဖက်က နေရာလပ်စည်းမျဉ်းများအပေါ်နားလည်မှုက သူနှင့် အတူတူမဟုတ်သရွေ့ဖြစ်သည်။

သို့သော် ၎င်းသည် ဖြစ်နိုင်ချေမရှိပါ။

အနည်းဆုံး အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၌ ထိုကဲ့သို့သောသူ မရှိပါ။

ဒုတိယအနေဖြင့်၊ သူ၏ မူလစစ်မှန်ရတနာဖြစ်သည့် ရွှေဗလာနယ်ဓားဖြစ်သည်။ ကျန်းချန်ရွှမ်က သန့်စင်သော ယန်ချီမျှင်အားသုံးပြီး ၎င်းကို အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာအဖြစ်သို့ တိုးမြင့်လိုက်ပြီဖြစ်သည်။

ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ထိုးဖောက်ပြီးလျှင် အကယ်၍ သူတို့သည် အခြားပစ္စည်းကို မသုံးခဲ့လျှင် သူတို့၏အဆင့် ၅ စစ်မှန်ရတနာအား အဆင့် ၆ သို့ ပြောင်းလဲနိုင်သည်။

သို့ရာတွင် အချိန်က အနည်းဆုံး နှစ်ပေါင်းရာချီသုံးရန်လိုအပ်သည်။

အကယ်၍ သူ၌ သန့်စင်သောယန်ချီသာမရှိလျှင်လည်း အဆင်ပြေမည်ဖြစ်သည်။

သို့ရာတွင် သူက ထိုအရာရှိပြီးပြီဖြစ်ရာ ကျန်းချန်ရွှမ်က ဖြုန်းတီးမပစ်ချင်ပေ။

သူ၏နယ်ပယ်အား ခိုင်မာစေပြီးနောက်ထိုအထူးကျင့်ကြံခြင်းနေရာလပ်တွင် ဆက်၍နေစရာမလိုအပ်တော့ပါ။

ထိုသို့တွေးကာ သူသည် အထူးကျင့်ကြံခြင်းနယ်ပယ်သို့ ဝင်ပြီး တစ်ရက်အကြာသာ ဖြစ်သည့် အပြင်ကမ္ဘာသို့ ပြန်လာခဲ့တော့သည်။

ကျန်းချန်ရွှမ်က သူ၏ဂူတံခါးကိုဖွင့်လိုက်ရာ သူ့အားစောင့်ကြပ်ပေးနေသည့် ရှန်းရူယန်အား တွေ့လိုက်ရသည်။

သူမသည် အထူးကျင့်ကြံခြင်းနေရာလပ်အကြောင်းကြားဖူးနေသော်လည်း ရှန်းရူယန်သည် ကျန်းချန်ရွှမ်အား ထွက်လာသည်ကိုတွေ့ကာ သူ့ပေါ်မှ ဝိညာဉ်ဖွဲ့စည်းခြင်းအရောင်အဝါကို အာရုံခံလိုက်မိသောကြောင့် မယုံနိုင်ဖြစ်နေသေးသည်။

“ယောက်ျား၊ ရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်က….?”

“ဟုတ်တယ်။”

ကျန်းချန်ရွှမ်က ပြုံးကာ ရှန်းရူယန်အား ခေါင်းညိတ်ပြလိုက်သည်။

“မှန်တယ်။ ကိုယ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ။”

စကားပြောရင်း ထိုစုံတွဲသည် ထိုကိစ္စအားစတင်၍ ပြောနေကြသည်။ ကျန်းချန်ရွှမ်က ထိုထိုးဖောက်မှုအကြောင်း မည်သူ့ကိုမှပြောပြထားခြင်းမရှိသောကြောင့်ဖြစ်သည်။

ထို့ကြောင့်။

ရှန်းရူယန်နှင့် စကားပြောခြင်းက ပြီးခါနီးတွင် သူတို့၏လက်ရင်းတပည့် ကျန်းအန်းရန်က ရုတ်တရက် သူတို့၏ဘက်သို့ လာနေသည်။

ပြီးနောက် ပြောလာသည်က...

ကျီယန်နန်းတော်မှ ကောင်းကင်သခင်ကျီယန်မီးတောက်၊ ဓားဖုံးနန်းတော်မှ ကောင်းကင်သခင်ရွှမ်းယန်၊ ရုန်ဟန်နန်းတော်မှ ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းနှင့် ပင်လယ်နက်စင်မြင့်မှ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ် တို့အားလုံး ရောက်နေကြပြီဖြစ်သည်။

ထို့အပြင် သူတို့သည် ကန့်သတ်မဲ့ဂိုဏ်းမှ သံတမန်များကိုလည်း ခေါ်လာခဲ့သေးသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုသတင်းများကြောင့် မအံ့ဩသွားပါ။

ယခုမူတောင်ပိုင်းကန္တာရမှ ကောင်းကင်ဘုံဂိုဏ်းကဖျက်စီးခံလိုက်ရပြီဖြစ်သည်။ ထိုကိစ္စသည် ကန့်သတ်မဲ့ဂိုဏ်းနှင့် မြောက်ပိုင်းနယ်နိမိတ်များအတွင်း တစ်ချို့သော ဂိုဏ်းများအားစိတ်လှုပ်ရှား‌စေသည်။

ထိုအချိန်သည် သူတို့အားလုံးအတူစုကာ ပြန်လည်တိုက်ခိုက်ရန်ဆွေးနွေးကြခြင်းက သာမန်ပင်ဖြစ်သည်။

.....

မကြာမီ။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ကျန်းမိသားစု၏ဧည့်ခန်းသို့ ရောက်ရှိသွားသည်။ ကောင်းကင်သခင်ရွှမ်းယန်နှင့်အခြားသူများအားတွေ့ရှိပြီးနောက် သူတို့သည်စကားစမြည်ပြောနေကြရင်း သူတို့၏အာရုံများက နောက်မှလူများသို့ ရောက်သွားခဲ့သည်။ ထိုစုံတွဲကရင်းနှီးသောမျက်နှာတစ်ချို့အားမှတ်မိခဲ့လေသည်။

အနောက်ပိုင်းသဲကန္တာရ၏ကန့်သတ်မဲ့ဂိုဏ်းမှ သံတမန်များသည် ရွှေရှန်းလန်၊ စံသခင်တောက်ပသစ်ရွက်နှင့် အခြားသူများဖြစ်ကြသည်။

ကျန်းချန်ရွှမ်ကပြုံးကာ ပြောလိုက်သည်။ “နတ်သမီးရွှေ၊ စံသခင်တောက်ပသစ်ရွက်၊ ကျွန်တော်ခင်ဗျားတို့ကို ထပ်တွေ့ရလိမ့်မယ်လို့မထင်ထားဘူး။”

ရွှေရှန်းလန်၊ စံသခင်တောက်ပသစ်ရွက်တို့က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကောင်းကင်သခင်များအား ရှုံးနိမ့်စေခဲ့ခြင်းအကြောင်းကို သိခဲ့ကြပြီးဖြစ်သည်။

ထို့ကြောင့်...

သူတို့သည် ကျန်းချန်ရွှမ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်ခြင်းကိုမသိသေးသော်လည်း သူနှင့်ရှန်းရူယန်နှစ်ဦးစလုံးကို စီနီယာဟုသာသုံးလေသည်။

“ခင်ဗျားတို့လာလည်တာ တောင်ပိုင်းကန္တာရက ကောင်းကင်ဘုံဂိုဏ်းပျက်စီးသွားတဲ့ကိစ္စနဲ့ပက်သက်ရမယ်။ ဟုတ်တယ်မလား?"

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ကောင်းကင်သခင်ရွမ်းယန်နှင့် အခြားသုံးဦးဖက်သို့လှည့်လိုက်သည်။

“မှန်တယ်။”

ကောင်းကင်သခင်ရွှမ်းယန်နှင့် အခြားသုံးဦးကခေါင်းညိတ်သည်။

ကောင်းကင်သခင်ကျီယန်မီးတောက်က ပြောသည်။

“အမှန်အတိုင်းပြောရရင် အရှေ့ပိုင်းနဲ့အလယ်ပိုင်း ဒေသတွေက တောင်ပိုင်းကန္တာရရဲ့ကောင်းကင်ဘုံဂိုဏ်းကို ဖျက်စီးပြီးတော့ ကန့်သတ်မဲ့ဂိုဏ်းကို ပစ်မှတ်ထားနေကြတာ။

သူတို့ကိုယ့်ကိုယ်ကာကွယ်ဖို့ ကန့်သတ်မဲ့ဂိုဏ်းက မြောက်ပိုင်းနယ်နိမိတ်နဲ့ပူးပေါင်းပြီး အ‌ရှေ့ပိုင်းနဲ့ အလယ်ပိုင်းက ဂိုဏ်းတွေကိုပြန်တိုက်ခိုက်ဖို့ မျှော်လင့်နေကြတယ်။”

ကောင်းကင်သခင် ကျီယန်မီးတောက်က ပြောပြီးနောက် ရွှေရှန်းလန်က စာတစ်စောင်ကိုထုတ်လာကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပေးလိုက်သည်။

“စီနီယာတို့ ဒါက ကျွန်မတို့ဆရာတုန်းဖန်ထျန်းရှင်းဆီက စာပါ။ တစ်ချက်လောက်ကြည့်ပေးဖို့မျှော်လင့်ပါတယ်။

ရက်အနည်းငယ်အတွင်းမှာ ကျွန်မဆရာ တုန်းဖန်ထျန်းရှင်းက ဒီမြေကိုကိုယ်တိုင်လာပြီး မဟာမိတ်ကိစ္စကို လာဆွေးနွေးမှာပါ။”

ဟမ်? တုန်းဖန်းထျန်းရှင်းက ကိုယ်တိုင်လာမှာလား? ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

အကယ်၍ ထိုသို့ဖြစ်လျှင် ကန့်သတ်မဲ့ဂိုဏ်းက စိတ်ရင်းမှန်ဖြစ်ပုံပေါ်ပေသည်။

သူတို့က မဟာမိတ်ဖြစ်လိုသည်ဟုပြောကာ အကယ်၍ အကြီးအကဲများဖြစ်သည့် တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့က မလာဘဲ သူတို့၏တပည့်များကိုသာလွတ်လိုက်လျှင် စိတ်ရင်းမှန်မဖြစ်ပုံပေါ်လိမ့်မည်ဖြစ်သည်။

အဆုံး၌ သူတို့အားလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်းသခင်များဖြစ်ကြပေသည်။

ရွှေရှန်းလန်သည် တုန်းဖန်ထျန်းရှင်း၏လက်ရင်းတပည့်ဖြစ်သော်လည်း သာမန် အခြေတည်ဝိညာဉ်ကျင့်ကြံသူ တစ်ဦးသာဖြစ်ရာ ဒေသနှစ်ခု၏မဟာမိတ်ကိစ္စအား ဆွေးနွေးရာတွင် လုံလောက်မှုမရှိသေးပါ။

ခနအကြာတွင်

သူတို့သည် ရွှေရှန်းလန်ဆီသို့ စာကိုပြန်ပေးလိုက်ကာ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့အား ကြည့်လိုက်သည်။

“ခင်ဗျားတို့က နတ်သမီးစုနဲ့ အခြားသူတွေကို မှော်ဝင်တိုင်တောင်ကို ခေါ်လာပြီဆိုကတည်းက၊ ခင်ဗျားတို့ ကန့်သတ်မဲ့ဂိုဏ်းနဲ့ အင်အားပူးပေါင်းဖို့ ဆုံးဖြတ်ပြီးပြီလို့ ကျွန်တော်ယုံကြည်တယ်။ ဟုတ်လား?”

***

All Chapters