← Chapters

တုန်းဖန်ထျန်းရှင်းရောက်ရှိခြင်း၊ အသေးစိတ်ကို ဆွေးနွေးခြင်း

Vol. 34 Ch. 639

တုန်းဖန်ထျန်းရှင်းရောက်ရှိခြင်း၊ အသေးစိတ်ကို ဆွေးနွေးခြင်း

Vol. 34 Ch. 639

ကျန်းချန်ရွှမ်၏စကားများကိုကြားလျှင်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသုံးဦးက ခေါင်းညိတ်လိုက်သည်။

“မှန်တယ်။ လက်ရှိအခြေအနေကိုကြည့်ရရင် ကန့်သတ်မဲ့ဂိုဏ်းနဲ့ အင်အားပေါင်းထားပြီး အရှေ့ပိုင်းနဲ့အလယ်ပိုင်းလွင်ပြင်ကို တိုက်ခိုက်ဖို့က ကျုပ်တို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ။

ဒါပေမဲ့ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ထင်မြင်ချက်ကို လာမေးရတာပါ။

အကယ်၍ ခင်ဗျားတို့သဘောမတူဘူးဆိုရင် ကျုပ်တို့ကလည်း ဒီကိစ္စအတွက် ဆက်ပြီး ဆွေးနွေးရလိမ့်မယ်။”

ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသူများက ပြောပြီးလျှင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က အာရုံခံမိသည်။

အခြားဖက်တွင် စံသခင်တောက်ပသစ်ရွက်နှင့် အခြားသူများ၏ အမူအရာက အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

သူတို့သည် ကောင်းကင်သခင်များထံမှအခြားထင်မြင်ချက်တစ်ခုကြားရမည်ကို ကြောက်ရွံ့နေကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နားလည်နိုင်ပါသည်။

အကယ်၍ သူတို့နေရာ၌ဆိုလျှင်၊ သူတို့သည်လည်း ဆင်တူသည့် စိုးရိမ်မှုမျိုးရှိလိမ့်မည်။

သို့ရာတွင်၊ သူတို့သည် များစွာစဉ်းစားနေကြခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုသို့သောတောင်းဆိုချက်ကို ငြင်းပယ်မည်မဟုတ်ပါ။

ရှင်းလင်းစွာပင်၊ သူတို့သည်ယခုတွင် ကန့်သတ်မဲ့ဂိုဏ်း၏တောင်းဆိုချက်ကို ငြင်းပယ်လိုက်လျှင် သူတို့သည် မဟာမိတ်မှ ရန်သူအဖြစ်သို့ ပြောင်းလဲသွားနိုင်ချေရှိသည်။

သေချာပါသည်။ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ထိုကဲ့သို့ ပြုလုပ်မည်မဟုတ်ပါ။

ထို့ကြောင့် ခနအကြာတွင်၊ ကျန်းချန်ရွှမ်က ပြောသည်။

“ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဒီကိစ္စအတွက် ကန့်ကွက်စရာမရှိပါဘူး။

ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဂိုဏ်းခေါင်းဆောင် တုန်းဖန်ရောက်လာတဲ့အခါ အသေးစိတ်ကို ဆွေးနွေးနိုင်ရင်ကောင်းမယ်လို့ခံစားမိတယ်။”

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင်၊ ရွှေရှန်းလန်၊ စံသခင်တောက်ပသစ်ရွက်နှင့် အခြားသူများသည် စိတ်အေးစွာသက်ပြင်းချလိုက်တော့သည်။

ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသုံးဦးသည်လည်း ပြုံးကာ ခေါင်းညိတ်လိုက်တော့သည်။

“သေချာတာပေါ့။”

ထို့နောက် ကောင်းကင်သခင်ကျီယန်မီးတောက်က ရွှေရှန်းလန်ဖက်လှည့်ကာ ပြောလိုက်သည်။

“နတ်သမီးရွှေ၊ မင်း ဆရာကို ဒီကိစ္စအကြောင်းပြန်ပြောနိုင်ပြီ။ မြောက်ပိုင်းနယ်နိမိတ်က ပူးပေါင်းဖို့အတွက် သဘောတူလိုက်ပြီလို့ ပြောလိုက်ပါ။

ပြီးတော့ ကျုပ်တို့အားလုံး မင်းရဲ့ဆရာရောက်လာတာကို စောင့်ပြီး ပူးပေါင်းမဲ့ကိစ္စအသေးစိတ်ကို ဆွေးနွေးကြမယ်။”

“ကောင်းပါပြီ၊ စီနီယာကျီယန်မီးတောက်။”

ရွှေရှန်းလန်က ချက်ချင်း လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။

ပြီးနောက် သူမသည် ရှိနေသောသူတိုင်းကို ဦးညွှတ်လိုက်သည်။ ကျန်းချန်ရွှမ်နှင့် အခြားသူများရှေ့တွင်ပင် ကန့်သတ်မဲ့ဂိုဏ်း ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကိုထုတ်ကာ သူမ၏ဆရာဖြစ်သူ တုန်းဖန်ထျန်းရှင်းထံသို့ သတင်းပို့လိုက်သည်။

.......

ခနအကြာတွင်၊

ရွှေရှန်းလန်၏ဆက်သွယ်ရေးကျောက်စိမ်းအဆောင်က ပွင့်လာသည်။

သူသည် လူတိုင်းကိုကြည့်လိုက်ပြီး လေးစားစွာဖြင့်ပြောလိုက်သည်။

“စီနီယာတို့ ကျွန်မရဲ့ဆရာက သူ မကြာခင်မှာမြောက်ပိုင်းနယ်နိမိတ်ကိုရောက်လာမယ်လို့ပြောပါတယ်။

အဲ့အချိန်မှာ၊ သူက စီနီယာတို့နဲ့အသေးစိတ်ကို ရောက်လာရင် ဆွေးနွေးပါလိမ့်မယ်။”

“ကောင်းပြီ။”

ကျန်းချန်ရွှမ်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသူများက တဖြည်းဖြည်းခေါင်းညိတ်နေကြသည်။

ထို့နောက်တွင်၊

ရွှေရှန်းလန်နှင့် အခြားသူများက လိမ္မာပါးနပ်စွာနှင့် ထိုနေရာတွင် ကြာကြာမနေတော့ချေ။

သူတို့ထွက်ခွာသွားပြီးသည်နှင့်၊ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့က အချို့အသေးစိတ်များကို ဆွေးနွေးပြီး ယေဘုယျဦးတည်ချက်ကို ဆုံးဖြတ်လိုက်သည်။

.....

မျက်စိတမှိတ်အတွင်း တစ်ရက် ကုန်လွန်သွားသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်၊ ကောင်းကင်သခင်ရွှမ်းယန်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်တို့က မှော်ဝင်တိုင်တောင်မှ မထွက်ခွာသွားခဲ့ပေ။

ထိုအစား သူတို့သည် ကန့်သတ်မဲ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် တုန်းဖန်ထျန်းရှင်းရောက်လာသည်ကို စောင့်နေခဲ့သည်။

ဝှစ်…ဝှစ်….

ထိုအချိန်တွင်၊ အလွန်အားကောင်းသောအလင်းလှိုင်းက ရုတ်တရက် မှော်ဝင်တိုင်တောင်ဆီသို့ အဝေးမှ ပျံသန်းလာသည်ကို တွေ့ခဲ့ရသည်။

ထိုအလင်း၏အရောင်အဝါကို အာရုံခံမိလည်း၊ ကျန်းချန်ရွှမ်နှင့် ကောင်းကင်သခင်များက မှော်ဝင်တိုင်တောင်၏ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

ရွှေရှန်းလန်၊ စံသခင် တောက်ပသစ်ရွက်နှင့် အခြားသူများက ကျန်းမိသားစုတွင် ယာယီတည်းနေရာမှ နောက်က လိုက်သွားခဲ့သည်။

သူတို့သည် အဝေးမှ ချဉ်းကပ်လာသည့် အလင်းတန်းကို ကြည့်ခဲ့ပြီး စံသခင်တောက်ပသစ်ရွက်နှင့် အခြားသူတို့၏ မျက်နှာ၌ဝမ်းမြောက်မှုပေါ်လာခဲ့သည်။

“ဆရာ..”

သူတို့သည် မတတ်နိုင်ဘဲ အံ့ဩမှုကို ပြနေကြသည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများ၏အမူအရာက အဝေးမှအလင်းကိုကြည့်ကာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

အလင်းသည် မှော်ဝင်တိုင်တောင်မှ မိုင်တစ်ထောင်ခန့်အဝေးသို့ရောက်သောအခါ တဖြည်းဖြည်းနှေးသွားပုံ ပေါ်ကာ တုန်းဖန်ထျန်းရှင်း၏ပုံရိပ်ကပေါ်လာသည်။

လူမရောက်ခင်ကပင် တုန်းဖန်ထျန်းရှင်း၏ရယ်သံက အဝေးမှ ထွက်လာခဲ့လေသည်။

“ကျွန်တော်က ကန့်သတ်မဲ့ဂိုဏ်းက ဂိုဏ်းချုပ် တုန်းဖန်ထျန်းရှင်းပါ။ တွေ့ရတာဝမ်းသာပါတယ်။ တာအိုရောင်ရင်းတို့။”

စကားပြောရင်း၊ တုန်းဖန်ထျန်းရှင်းက လူတိုင်းကို လက်များကိုဆုပ်ကာ နှုတ်ဆက်လိုက်သည်။

ဤသည်ကိုမြင်လျှင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသူများကလည်း ပြန်၍ နှုတ်ဆက်လိုက်ကြသည်။

တုန်းဖန်ထျန်းရှင်းက အနီးရောက်လာသောအခါ ကောင်းကင်သခင်ကျီယန်မီးတောက်က ပြုံးလိုက်သည်။

“တာအိုရောင်းရင်းတုန်းဖန်၊ ခင်ဗျားနောက်ဆုံးတော့ရောက်လာပြီပဲ။

သူတို့နဲ့မိတ်ဆက်ပေးပါရစေ၊ သူတို့က မြောက်ပိုင်းနယ်နိမိတ်က ကျွန်တော့်ရဲ့ ကျင့်ကြံသူရောင်းရင်းတွေပါ။”

ကြည့်ရလျှင်၊ ကောင်းကင်သခင် ကျီယန်မီးတောက်နှင့် တုန်းဖန်ထျန်းရှင်းတို့က အသိအကျွမ်းဟောင်းများ ဖြစ်ကြပေသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်က နှစ်ဖက်ကို မိတ်ဆက်ပေးပြီးနောက်

တုန်းဖန်ထျန်းရှင်းက ချက်ချင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ကြည့်လာသည်။

“ဒါဆို ခင်ဗျားတို့နှစ်ဦးက တာအိုရောင်းရင်းကျန်းနဲ့ တာအိုရောင်းရင်းရှန်းပေါ့။

ခင်ဗျားတို့အကြောင်းကို ကြားဖူးနေတာပါ။ အခု တွေ့ရတော့ တကယ်ပဲ ဂုဏ်သတင်းအတိုင်းပါပဲလား။”

“ဟဲဟဲ၊ ဂိုဏ်းချုပ်တုန်းဖန် ခင်ဗျား ကျုပ်ကို မြောက်နေပါပြီ။”

ကျန်းချန်ရွှမ်က ချက်ချင်းခေါင်းခါကာ ပြုံးလိုက်သည်။

“ဂိုဏ်းချုပ်တုန်းဖန်က အဝေးကလာရတာ။ အကယ်၍ ဘာမှပြောစရာမရှိရင်၊ ခန်းမထဲကို အရင်သွားကြတာပေါ့။”

စကားပြောရင်းနှင့် ကျန်းချန်ရွှမ်က သူ၏လက်ကို ဆန့်ကာ ဖိတ်ခေါ်သည့်အမူအရာပြလိုက်သည်။

......

မကြာမီ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဦးဆောင်၍ သူတို့သည် ကျန်းမိသားစု၏ ဧည့်ခန်းမဆောင်သို့ ရောက်သွားခဲ့သည်။

“တာအိုရောင်းရင်းတုန်းဖန်၊ အရှေ့ပိုင်းနဲ့အလယ်ပိုင်းလွင်ပြင်ကလူတွေက ခင်ဗျားမလာခင် သတင်းပို့လာတယ် မလား?"

ထိုအချိန်တွင် ကောင်းကင်သခင်ကျီယန်မီးတောက်က တုန်းဖန်ထျန်းရှင်းကိုမေးလိုက်သည်။

တုန်းဖန်ထျန်းရှင်းလည်း မည်သည်ကိုမှ မဖုံးကွယ်ဘဲ ခေါင်းညိတ်လိုက်လေသည်။

“မှန်တယ်။ ကျုပ်ဒီကိုမလာခင် အရှေ့ပိုင်းနဲ့အလယ်ပိုင်းလွင်ပြင်ကလူတွေက ကျုပ်ရဲ့ဂိုဏ်းကို စာပို့လာခဲ့တယ်။

သူတို့က ကျုပ်တို့ကို ခုခံဖို့လက်လျော့လိုက်ပြီး သူတို့ဆီအညံ့ခံခိုင်းတာ။”

တွေးထားသလိုပင်။

ကောင်းကင်သခင် ကျီယန်မီးတောက်နှင့် ကျန်းချန်ရွှမ်တို့က နှလုံးခုန်မြန်သွားသည်။

တုန်းဖန်ထျန်းရှင်းက ဆက်ပြောသည်။ “ဒါမဲ့ ကျုပ်ကသူတို့ကိုသဘောမတူခဲ့ဘူး။

နောက်ဆုံးမှာ အရင်ကကိစ္စတွေက အကယ်၍ ကျုပ်တို့သာ မဟာလင်းအင်ပါယာနန်းတော်ကို အညံ့ခံလိုက်ရင် အဆုံးသတ်က ကောင်းမှာမဟုတ်ဘူးဆိုတာပြနေတယ်လေ။

အဲ့ဒီအစား ကျုပ်က ခင်ဗျားတို့နဲ့ပဲ ပြန်တိုက်တော့မယ်။”

၎င်းသည် တုန်းဖန်ထျန်းရှင်းက ဤနေရာသို့မလာခင်ကတည်းကပင်ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်သည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် အခြားရှိနေသောသူများအား တုန်းဖန်ထျန်းရှင်း၏ ရဲတင်းမှုနှင့် သတ္တိကို ချီးကျူးမိစေသည်။

သိရမည်မှာ ထိုအချိန်က တုန်းဖန်ထျန်းရှင်းအား မြောက်ပိုင်းနယ်နိမိတ်က တိကျသောအဖြေကိုပင် ပြန်မပေးသေးပါ။

သို့ရာတွင် သူက မလာရောက်ရသေးခင်ကပင် ဆုံးဖြတ်ချက်ချခဲ့ပြီး ကိုယ်တိုင်အတွက် လွတ်မြောက်စရာလမ်းပင် မချန်ခဲ့ပေ။

ထိုကြောင့် မနေ့က ရွှေရှန်းလန်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား တွေ့ဆုံစဉ်က အလွန်စိတ်လှုပ်ရှားနေရခြင်း အကြောင်းဖြစ်နိုင်သည်။

“ဒါဆိုရင် မဟာမိတ်ကိစ္စအသေးစိတ်ကို ဆွေးနွေးကြတာပေါ့။”

နောက်ဆုံးတွင်၊

အိမ်ရှင်များအနေဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က စပြောလာခဲ့သည်။

သူတို့၏စကားများကိုကြားလျှင်၊ တုန်းဖန်ထျန်းရှင်းနှင့် ကောင်းကင်သခင်ကျီယန်မီးတောက်တို့သည် သူတို့အား ကြည့်လာခဲ့သည်။

ရှန်းရူယန်က ပြုံးလိုက်သည်။

“ကျွန်မအမြင်မှာတော့၊ ဖြစ်နိုင်မယ်ဆိုရင် တိုက်ပွဲမြေပြင်ကို ရှင်တို့နေရာဖြစ်တဲ့ အနောက်ပိုင်းသဲကန္တာမှာ မဖြစ်စေဖို့ ကြိုးစားစေချင်တယ်။ ဂိုဏ်းချုပ်တုန်းဖန်။”

“ဟမ်?”

ရှန်းရူယန်၏စကားကိုကြားလျှင် လူတိုင်းက အံဩသွားကြသည်။

သို့ရာတွင်၊ တုန်းဖန်ထျန်းရှင်းက အမြန်ပင် တုံ့ပြန်လိုက်ကာ အံ့ဩစွာပြောလိုက်သည်။

“တာအိုရောင်းရင်းရှန်း၊ ခင်ဗျားပြောတာ အနောက်ပိုင်းမှာတိုက်ပွဲမြေပြင်မဖြစ်အောင်ကြိုးစားလို့ပြောခဲ့တယ်။

ခင်ဗျားစီစဉ်နေတာက…?”

“မှန်တယ်။”

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

“ကျွန်မထင်တာ၊ လက်ရှိအခြေအနေအရ ကျွန်မတို့က တိုက်ပွဲနေရာကို ရှေ့တိုးလိုက်ပြီး ကောင်းကင်ဘုံသားရဲချောက်နက် အတွင်းမှာ ထားလို့ရတယ်။”

“ကောင်းကင်ဘုံသားရဲချောက်နက်မှာ ထားမှာလား?”

သူမ၏အကြံကိုကြားလျှင် လူတိုင်း ထိတ်လန့်ကုန်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏အသံက ရုတ်တရက်ထွက်လာသည်။

“လူတိုင်းပဲ မမေ့ပါနဲ့၊ အခုက နတ်ဆိုးကပ်ဘေးပြီးဆုံးပြီး နှစ်ပေါင်းရာကျော်မရှိသေးပါဘူး။”

မှန်သည်။

သူ၏သတိပေးမှုဖြင့် လူတိုင်းက သတိရလာသည်။

တကယ်ကို.. ယခုအချိန်သည် နတ်ဆိုးကပ်ဘေးပြီးဆုံးပြီး နှစ်ပေါင်းရာချီမကြာမြင့်သေးပါ။

ထိုအချိန်အတောအတွင်း၊ လူသားမျိုးနွယ်က နတ်ဆိုးများ၏အနှောက်အယှက်ပေးခြင်းမှ ကင်းလွတ်နေခဲ့သည်။

ထိုအချိန်တွင် သူတို့က နတ်ဆိုးမျိုးနွယ်အား ရန်မစလျှင် နတ်ဆိုးမျိုးနွယ်က သူတို့နှင့် တိုက်ရိုက်ပြသနာ ဖြစ်ရဲလိမ့်မည်မဟုတ်ပေ။

အကယ်၍ ကောင်းကင်ဘုံသားရဲချောက်နက်မှနတ်ဆိုးများက သူတို့ထိုနေရာတွင် စစ်ပွဲကို အစပြုမည်ကို သိလျှင်ပင် သူတို့အား ဘာမှ လုပ်နိုင်မည်မဟုတ်ပါ။

အရေးအကြီးဆုံးအချက်မှာ၊ ထိုနည်းလမ်းက အနောက်ပိုင်းသဲကန္တာရမြေကို စစ်ပွဲ၏သက်ရောက်မှုမှ ကာကွယ်နိုင်လိမ့်မည်။

အကယ်၍ အခြားသက်ရောက်မှုရှိခဲ့လျှင်ပင်၊ ကောင်းကင်ဘုံသားရဲများချောက်နက်နှင့် နတ်ဆိုးများကိုသာ ကန့်သတ်လိမ့်မည်ဖြစ်ကာ သူတို့၏လူသားမျိုးနွယ် သို့ အနောက်ပိုင်းသဲကန္တာရအား အန္တရာယ်ရှိစေလိမ့်မည် မဟုတ်ပါ။

“ဒါက ကောင်းတဲ့အကြံပဲ။”

တုန်းဖန်ထျန်းရှင်း၏မျက်နှာတွင် ဝမ်းသာနေသည့်ပုံပေါ်နေသည်။

အကယ်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့လျှင် ၎င်းသည် သူတို့၏အနောက်ပိုင်းသဲကန္တာရ အန္တရာယ်မရှိခြင်းက သူတို့အတွက် အကျိုးအမြတ်ပင်ဖြစ်သည်။

အဆုံး၌ ထိုမျှလောက်စကေးရှိသည့်စစ်ပွဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များ ဝင်ရောက် စွက်ဖက်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင်၊ သူတို့၏လောကပျက်စီးခြင်းက ကြီးမားကာ နဂိုအတိုင်း ပြန်ဖြစ်လာနိုင်တော့မည် မဟုတ်ပါ။

ကောင်းကင်ဘုံသားရဲများချောက်နက်ရှိသည့်နေရာတွင်မူ စွန့်ပစ်နေရာဖြစ်လာခဲ့သည်။

မိုင်ပေါင်းသောင်းချီအတွင်း ဝိညာဉ်ချီမရှိ သက်ရှိမရှိပေ။

၎င်းသည် ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းပင်ဖြစ်သည်။

အနည်းငယ်သော ဖြစ်နိုင်ချေရှိလျှင်ပင်၊ တုန်းဖန်ထျန်းရှင်းသည် အနောက်ပိုင်းသဲကန္တာရတွင် ထိုသို့သော နေရာဖြစ်လာမည်ကို ရှောင်ရှားရန် အကောင်းဆုံးလုပ်ဆောင်ရမည်ဖြစ်သည်။

“ဒီလိုဆိုရင်၊ အနောက်ပိုင်းသဲကန္တာရကို ဘယ်သူတွေလာကူမှာလဲဆိုတာ မေးလို့ရမလား?”

တုန်းဖန်ထျန်းရှင်းက သူ၏အစိုးရိမ်ဆုံးမေးခွန်းကိုမေးလိုက်သည်။

အဆုံး၌ နှစ်ဖက်စလုံး၏စစ်ပွဲတွင်၊ သူ၏ဂိုဏ်းတစ်ခုတည်းမှ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင် ပူးပေါင်းထားသည့် အင်အားစုကို တောင့်ခံနိုင်မည်မဟုတ်ပါ။

မြောက်ပိုင်းနယ်နိမိတ်က စစ်ကူဖြင့်သာ သူတို့ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ပူးပေါင်းထားသည့် အင်အားစုကို ဆန့်ကျင်၍ တိုက်ခိုက်နိုင်ချေရှိမည်ဖြစ်သည်။

တုန်းဖန်ထျန်းရှင်း၏မေးခွန်းကိုကြားလျှင်၊ ကောင်းကင်သခင်များက အကြည့်များဖလှယ်လိုက်ကြသည်။

နောက်ဆုံးတွင် ရှန်းရူယန်က ပြုံး၍ ပြောလိုက်သည်။

“ဒီတိုက်ပွဲအတွက်၊ ကျွန်မယောက်ျားနဲ့ ကျွန်မ၊ ပြီးတော့ ရုန်ဟန်ကျီရှန်းနဲ့ အဆုံးမဲ့ပင်လယ်တို့ကလည်း ရှင်တို့ရဲ့ အနောက်ပိုင်းသဲကန္တာရကို စစ်ကူအဖြစ်လာမှာပါ။

ဂိုဏ်းချုပ်တုန်းဖန်နဲ့ ရှင့်ရဲ့ မြတ်နိုးရတဲ့ ဇနီးနဲ့ဆိုရင် ကျွန်မတို့ ၆ ယောက် အင်အားက အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင် မဟာမိတ်အင်အားစုရဲ့ တိုက်ခိုက်မှု ပထမတစ်သုတ်ကို ကောင်းကင်ဘုံသားရဲများ ချောက်နက်မှာ တောင့်ခံနိုင်ဖို့လုံလောက်မှာပါ။ အထူးသဖြင့် ကြိုတင်ပြင်ဆင်ထားရင်ပေါ့။

ဘယ်လိုထင်လဲ၊ ဂိုဏ်းချုပ်တုန်းဖန်?”

***

All Chapters