ကောင်းကင်ဘုံသားရဲများချောက်နက်တွင် စုစည်းခြင်း
Vol. 34 Ch. 640
ရှန်းရူယန်၏စကားကိုကြားလျှင် တုန်းဖန်ထျန်းရှင်း၏နှလုံးက ချက်ချင်းပင် ပျော်ရွင်သွားသည်။
သူ၏စိတ်ထဲတွင် ကောင်းကင်သခင်နှစ်ဦးခန့်ကို ဖိတ်ခေါ်နိုင်လျှင်ပင် သူအတွက်ကြီးမားသော အောင်မြင်မှုဖြစ်သည်။
သုံးဦးဆိုလျှင် ပို၍ ကောင်းသေးသည်။
သို့ရာတွင် လေးဦးဖြစ်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
တုန်းဖန်ထျန်းရှင်းက ကျန်းချန်ရွှမ်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုကျော်ဖြတ်ပြီးကြောင်း မသိသေးသော်လည်း၊ ကျန်းချန်ရွှမ်၏ စွမ်းအားကို ယခင်တိုက်ပွဲက သက်သေပြသွားခဲ့ပြီးဖြစ်သည်။
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်များဖြင့်ပင် ပြိုင်တိုက်နိုင်သောသူဟု သတ်မှတ်နိုင်သည်။
သေချာပါသည်။
ထိုအခြေအနေတွင် တုန်းဖန်ထျန်းရှင်း တန်ဖိုးအထားဆုံးမှာ ရှန်းရူယန်ပင်ဖြစ်သည်။
သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့တက်ပြီး ကောင်းကင်သခင်သုံးဦးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
ရှောင်ရှန်းကျီနှင့် ဝူရှင်းတို့ကလည်း သူမ၏လက်ထဲရှုံးနိမ့်ခဲ့ရသည်။
မြောက်ပိုင်းနယ်နိမိတ်တစ်ခုလုံးတွင် မည်သည့် ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုက နက်ရှိုင်းသော အခြေခံရှိပါသနည်း? ၎င်းသည်သေချာပေါက် ကျီယန်နန်းတော်ဖြစ်သည်။
သို့ရာတွင်၊ မြောက်ပိုင်းနယ်နိမိတ်တစ်ခွင်လုံးတွင် မည်သည့်ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်က အသန်မာဆုံးဖြစ်ပါသနည်း?
တုန်းဖန်ထျန်းရှင်းက ယုံကြည်သည်မှာ ရှန်းရူယန်၏လုပ်ဆောင်ချက်အရ အကယ်၍ သူမသည် ဒုတိယအသန်မာဆုံးဟုပြောလျှင် မည်သူမှ ပထမဖြစ်ကြောင်း ပြောရဲကြမည်မဟုတ်ပေ။
ထိုအချိန်တွင် တုန်းဖန်ထျန်းရှင်းက ပျော်ရွင်စွာ ခေါင်းညိတ်လိုက်သည်။
“ခင်ဗျားတို့ လူအများကြီးက ဒီတိုက်ပွဲမှာ ကျွန်တော်တို့အနောက်ပိုင်းကိုကူညီဖို့ ဆန္ဒရှိတာကြောင့် ဒီတစ်ခါ ငါတို့တကယ်ပဲ အရှေ့ပိုင်းနဲ့အလယ်ပိုင်းလွင်ပြင်တွေက အောင်မြင်မှုမရဘဲ ပြန်သွားအောင်လုပ်နိုင်လိမ့်မယ်။”
ထို့နောက်တွင်၊
လူတိုင်းက အစီအစဉ်၏အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြသည်။
အားလုံးကို စီစဉ်သွားပြီးနောက် တုန်းဖန်ထျန်းရှင်းက ရွှေရှန်းလန်နှင့် အခြားသူများကိုခေါ်ကာ မှော်ဝင်တိုင်တောင်မှထွက်ခွာပြီး ဧရာမနေရာဖြတ်ကျော်ရွေ့ပြောင်းခြင်းအစီအရင်ကို သွားကာ အနောက်ပိုင်းသဲကန္တာရသို့ ဦးတည်၍ ပြန်သွားခဲ့သည်။
မဟာမိတ်များအနေဖြင့် ဧရာမနေရာကျော်ဖြတ်ရွေ့ပြောင်းခြင်းအစီအရင်အား တစ်ဖက်နှင့် တစ်ဖက် ဖွင့်ထားပေးရမည်ဖြစ်သည်။
.....
လအနည်းငယ်ကြာပြီးနောက်၊
အနောက်ပိုင်းသဲကန္တာရ၏အပြင်ဖက် ကောင်းကင်ဘုံသားရဲချောက်နက်အစွန်တွင် ရာချီသော လွင့်မျောနေသည့်တိုက်ပွဲလှေများက လျှင်မြန်သည့်အရှိန်အဟုန်နှင့် ပေါ်လာခဲ့သည်။
၎င်းတို့၏အပေါ်တွင် များစွာသော ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါများက နက်နဲသိမ်မွေ့ကာ ပင်လယ်သမုဒ္ဒရာထဲရှိ နတ်ဆိုးသားရဲများအားကြောက်လန့်စေသည်။
သူတို့အား ထွက်လာ၍ တားမြစ်ရန်မဆိုနှင့်၊ ကြောက်မက်ဖွယ်ရောင်းသည့်အရောင်အဝါကို အာရုံခံမိသည့် အချိန်တွင်ပင်၊ သူတို့သည် ပင်လယ်၏နက်ရှိုင်းသောနေရာများသို့ ငုပ်ဝင်သွားကြကာ ပြန်မပေါ်လာရဲကြပေ။
ထိုကဲ့သို့သောအခြေအနေမျိုးတွင်၊ လွင့်မျောနေသောတိုက်သင်္ဘောများမှ ကျင့်ကြံသူများသည် အမြန်ပင် စတင်၍ ခုခံရေးလိုင်းများနှင့် အစီအရင်များကို ပြင်ဆင်ကြတော့သည်။
....
လအနည်းငယ်အကြာတွင်၊
ကြီးမားသောခံတပ်ကြီးကကောင်းကင်ဘုံသားရဲများချောက်နက်အစွန်တွင်ပေါ်လာခဲ့ပြီး ပင်လယ်ဖက်ထိ တိုးချဲ့ထားလေသည်။
ထိုအပေါ်တွင် အဆင့် ၆ အစီအရင်က အလင်းဖြင့် လက်နေသည်။
၎င်းသည် ထိုနေရာအား ရှိန်လောက်ကာ ခိုင်မာသော ခုခံရေးလိုင်းအဖြစ် ပြောင်းလဲပေးလိုက်သည်။
ကောင်းကင်ဘုံသားရဲချောက်နက်အတွင်းတွင်၊ ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါများစွာကို ထုတ်လွတ်နေသည့် ကြီးမားသောပုံရိပ်များကထွက်ပေါ်လာခဲ့ပြီး အဆံးမရှိအလင်းများထုတ်လွတ်နေသော ကြီးမားသည့်ခံတပ်အား အေးစက်စွာကြည့်နေကြသည်။ သူတို့၏မျက်လုံးထဲတွင် အေးစက်သောရန်လိုမှုများဖြင့် ပြည့်နေလေသည်။
ရုတ်တရက် ကြီးမားသောအရိပ်ကြီးက လေးနက်ကာ ဒေါသထွက်နေသော အသံကိုထုတ်လွတ်လာသည်။
“လူသားတွေက တော်တော်လေးလွန်တာပဲ။
သူတို့က ငါတို့ပိုင်နက်ထဲမှာတောင် တော်တော်ရဲတင်းနေတယ်။ ငါတို့တစ်ခုခုလုပ်သင့်တယ်လို့ မင်းမထင်ဘူးလား?”
ထိုစကားကိုကြားလျှင်၊ ကျွန်းလောက်ကြီးမားသည့်ပုံရိပ်က အေးစက်စွာရယ်မောကာ ပြန်ဖြေလေသည်။
“ဘာလုပ်မှာလဲ? အခုကအထူးအချိန်ကာလပဲ၊ ငါတို့ဘာလုပ်နိုင်မှာလဲ?
ငါတို့မျိုးနွယ်တစ်ခုလုံးကို လောကရဲ့အစွန့်အပစ်ခံဖြစ်စေချင်လို့လား?
သူတို့က အခုလောလောဆယ် ငါတို့ သူတို့ကိုမထိနိုင်သေးဘူးဆိုတာကိုသိလို့ ငါတို့ရဲ့ရှေ့မှာ ရဲတင်းနေတာ။”
“ကောင်းပြီ။”
ထိုအချိန်တွင်၊ အသံဩဩက ဖြည်းဖြည်းခြင်းစကားပြောလာသည်။
“ဘာပဲဖြစ်ဖြစ်၊ အခုက အထူးအချိန်ပဲ။ ငါတို့ လူသားတွေကိုဆန့်ကျင်ပြီး အလွယ်တကူလှုပ်ရှားလို့မရဘူး။
အကယ်၍ ငါတို့လုပ်လိုက်ရင် သူတို့ထောင်ချောက်ထဲကျသွားလိမ့်မယ်။
ဒါပေမဲ့ ငါတို့မလှုပ်ရှားနိုင်ဘူးဆိုပေမဲ့ တခြားသူတွေလဲ မလှုပ်ရှားနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။
အဲ့နေရာမှာ လူသားတွေကြား ပြင်းထန်တဲ့တိုက်ပွဲဖြစ်တော့မယ်ဆိုတာငါသိနေတယ်။
ငါတို့ ဒီအခွင့်အရေးကိုသုံးပြီး သူတို့အချင်းချင်းတိုက်ခိုက်စေပြီး သူတို့အင်အားကို သူတို့ကိုယ်တိုင်လျော့ချပါစေ။
ဒီအချိန်ကာလကုန်တာနဲ့၊ ငါတို့ နတ်ဆိုးမျိုးနွယ်က လှုပ်ရှားလို့ရနိုင်တယ်။”
“မင်းဆိုလိုတာက ငါတို့ အရှေ့တိုင်းနဲ့ အလယ်ပိုင်းကလူသားတွေကို ဒီမှာဖြစ်နေတဲ့အကြောင်းတွေကို ပြောပြရမှာလား?”
“မှန်တယ်။
သူတို့ကိုယ်တိုင်ပဲ တိုက်ခိုက်ကြပါစေ။
ဘယ်သူနိုင်နိုင်ရှုံးရှုံး၊ သူတို့ရဲ့ အင်အားတစ်ခုလုံးကို အားနည်းစေမှာ သေချာတယ်။
ငါတို့ရဲ့ အငယ်တွေကို ပြောထားလိုက်၊ လူသားတွေနဲ့ နီးနီးသွားမနေဖို့နဲ့ ထောင်ချောက်မိသွားတာကိုရှောင်ပြီး သူတို့ရဲ့အသက်ကို အလကားအဆုံးရှုံးမခံပါစေနဲ။”
......
မကြာမီတွင်ပင်။
ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီ၊ ဝူရှင်းနှင့် တာအိုဝါဒီ ရှန်းထုံတို့က အနောက်ပိုင်းသဲကန္တာရသို့ သွားရမည့်အချိန်တွင် ရုတ်တရက် သတင်းစကားကို ရလိုက်သည်။
သတင်းက ကောင်းကင်ဘုံသားရဲများချောက်နက်မှ ဖြစ်သည်။
၎င်းသည် အနောက်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းနယ်နိမိတ်တို့ မဟာမိတ်ဖြစ်သည့်သတင်းသာမက ကောင်းကင်ဘုံသားရဲချောက်နက်အတွင်းရှိ ဧရာမ ခံတပ်တည်ဆောက်ထားသည့်အကြောင်းလည်း ပါဝင်သည်။
ထိုသတင်းသည် ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီနှင့် အခြားသူများအား မျက်မှောင်ကုပ်စေသည်။
မျက်လုံးထဲတွင် အေးစက်မှုများနှင့် ရှောင်ရှန်းကျီက ခက်ထန်စွာပြောလိုက်သည်။
အဲ့ဒီတုန်းဖန်ထျန်းရှင်းနဲ့ မုရုံရှန်းတို့ကတော့ သေချင်နေတာပဲ။ ကျုပ်တို့ကိုဆန့်ကျင်ဖို့ မြောက်ပိုင်းနဲ့မဟာမိတ် ဖွဲ့ရဲတယ်။ သူတို့သေဖို့ ထိုက်တန်တယ်။”
“ကြည့်ရတာ သူတို့အချိန်အတော်ကြာ စီစဉ်ထားပုံရတယ်။”
ဝူရှင်းက အေးဆေးတည်ငြိမ်စွာပြောသည်။
“ငါတို့ရဲ့အနောက်ပိုင်းသဲကန္တာရရဲ့ ကန့်သတ်မဲ့ဂိုဏ်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုက မျှော်လင့်ထားတာထပ် အင်အားပိုလိုလောက်တယ်။”
“ဒါမှန်တယ်။”
ရှောင်ရှန်းချုံက ဖြည်းဖြည်းခေါင်းညိတ်သည်။
“ကံကောင်းစွာနဲ့ ဒီကိုမလာခင်၊ အရှင်က ကောင်းကင်ဘုံကိုးခုဓားရှည်ရဲ့ ထာဝရအလင်းကို ငှားပေးလိုက်တယ်။
ဒီဓားသာလက်ထဲမှာရှိရင် အခြားတစ်ဖက်က အကွက်တွေဝှက်ထားရင်တောင် ငါတို့ကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
အကယ်၍ ရှန်းရူယန်အဲ့မှာရှိရင်တောင် အတူတူပဲဖြစ်လိမ့်မယ်။”
ရှောင်ရှန်းချုံက ရှန်းရူယန်နာမည်ပြောလိုက်သည်ကို ကြားသည်နှင့် ရှောင်ရှန်းကျီနှင့်ဝူရှင်းတို့၏မျက်နှာများက ရှုံ့မဲ့သွားသည်။
ထိုနေ့တွင်ဖြစ်ပျက်ခဲ့သောအကြောင်းအရာများက တကယ်ပင် ကြီးမားစွာ ကသိကအောက်ဖြစ်ရကာ အရှက်တကွဲဖြစ်ခဲ့ရပေသည်။
“လူတိုင်းကောင်းကင်ဘုံသားရဲများချောက်နက် က နတ်ဆိုးမျိုးနွယ်က ငါတို့ကိုသတင်းပေးတာကကော ပရိယာယ်တစ်မျိုးဖြစ်နေမလား?”
ရုတ်တရက်။
တာအိုဝါဒီရှန်းထုံက တစ်ခုခုကိုတွေးမိပုံပေါ်ကာ သံသယဖြင့် မေးလိုက်သည်။
သူ၏စကားများကိုကြားလျှင်၊ ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီ၊ ဝူရှင်းနှင့် အခြားသူများသည် မတတ်နိုင်ဘဲ နှာခေါင်းရှုံလိုက်ကြသည်။
“ပရိယာယ်? ကျုပ်အထင်ကတော့ ဒါက ရှင်းလင်းတဲ့ဗျူဟာပါပဲ။
သူတို့က ငါတို့ကို အနောက်ပိုင်းသဲကန္တာရနဲ့မြောက်ပိုင်းစစ်ပွဲမှာ တိုက်ခိုက်စေချင်ပြီး နောက်ပိုင်းမှသူတို့က အကျိုးအမြတ်ရနိုင်တာပေါ့။
ဒါပေမဲ့ ကျုပ်ထင်တာ သူတို့ဇာတ်လမ်းကြည့်ဖို့ စိတ်ပျောက်သွားတဲ့အထိ အချိန်က ကြာမှမဟုတ်ဘူး လို့ယုံတယ်။”
....
ဆယ်ရက်ကျော်အကြာတွင်။
ကောင်းကင်ဘုံသားရဲများချောက်နက်၏ ခံတပ်တွင်ဖြစ်သည်။
ရုတ်တရက် တစ်စုံတစ်ဦးက သတိပေးခေါင်းလောင်းကို ၁၂ ကြိမ်တီးလိုက်သည်။
ကလောင်၊ ကလောင်၊ ကလောင်
အသိပေးခေါင်းလောင်းမြည်သံနှင့်အတူ၊
ရွှေရှန်းလန်၊ တောက်ပသစ်ရွက်၊ စုချင်းချန်၊ ဓားသခင် အဇူရာနှင့် ကျန်းအန်းရန်တို့က ခံတပ်ရှေ့တွင် တစ်ဦးပြီးတစ်ဦးထွက်ပေါ်လာကြသည်။
သူတို့က အပေါ်မော့ကြည့်လိုက်သည်။ သူတို့သည် ကောင်းကင်ဘုံသားရဲများချောက်နက်တွင် တိုက်သင်္ဘောများစွာကို တွေ့လိုက်ရပြီး တစ်ခုဆီက ကျင့်ကြံသူများဖြင့် ပြည့်နေလေသည်။
သို့ရာတွင်၊ ထိုသင်္ဘောပေါ်ရှိ ကျင့်ကြံသူအများစုက စုတ်ပြဲနေသောဝတ်စုံများကိုဝတ်ထားကြပြီး သူတို့၏ရောင်ဝါများက အားနည်းနေသည်။
၎င်းသည် ထိုသူတို့က အရှေ့ပိုင်းနှင့်အလယ်ပိုင်းလွင်ပြင်မှဖမ်းချုပ်ထားသော တောင်ပိုင်းကန္တာရမှ ကျင့်ကြံသူများဖြစ်ကြောင်း သက်သေပြနေသည်။
သူတို့သည် ထိုကျင့်ကြံသူများအား အမြောက်စာပင်အဖြစ်သုံးကာ ခုခံသူများ၏ အင်အားကို လျော့နည်းသွားအောင်လုပ်ချင်နေပါသလား?
၎င်းသည်အလွန်ဖြစ်နိုင်ပါသည်။
အနည်းဆုံးအနေဖြင့် ထိုနယ်မြေနှစ်ခုမှကျင့်ကြံသူတိုင်းအား နားလည်သည့် လူတိုင်းက သူတို့ထိုကဲ့သို့ လုပ်နိုင်သည်ကို အံ့ဩစရာမရှိပါ။
ဘွန်း….
.....
အချိန်များစွာကြာပြီးနောက်၊
ခနအကြာတွင် ကြီးမားသော ရက်စက်သောသားရဲများနှင့် တူသော တိုက်သင်္ဘောများသည် ခံတပ်နှင့် မိုင်တစ်သောင်းခန့်ဝေးသောနေရာတွင် ရပ်တန့်သွားခဲ့သည်။
မကြာမီ၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှဂိုဏ်းအသီးသီးမှ ဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူမျူားက ခံတပ်ကို ချဉ်းကပ်လာကာ ကျယ်လောင်စွာအော်လိုက်သည်။
“မင်းတို့ဘာကိုဆိုလိုချင်တာလဲ?
အရှေ့ပိုင်းနဲ့အလယ်ပိုင်းကလူတွေကိုမြင်နေလျှက် ဘာလို့ပေးမဝင်တာလဲ?
ငါတို့နဲ့တကယ်ပဲ ရန်သူဖြစ်ချင်နေတာလား?”
ထိုသို့ကြားလျှင် ရွှေရှန်းလန်၊ စုချင်းချန်နှင့် အခြားသူများက နှာခေါင်းရှုံလိုက်သည်။
“ဒီလူတွေကို သူတို့အကြီးအကဲတွေက ဒီကိုမလာခင်ကဘာမှမပြောလိုက်ဘူးလား?
ဘယ်သူက ငါတို့ရှေ့မှာ ဒီလိုရိုင်းရိုင်းစိုင်းစိုင်းလာဟောင်ဖို့ ခွင့်ပြုထားတာလဲ?”
စကားပြောရင်းပင်၊ များစွာသောအလင်းတန်းများက ခံတပ်မှ ထွက်လာကာ ကြောက်ရွံစရာကောင်းသည့် အလင်းတိုင်းအဖြစ်သို့ပြောင်းလဲသွားပြီး ချဉ်းကပ်လာသောကျင့်ကြံသူများထံသို့ ဦးတည်ကာ ပစ်လွတ်လိုက်သည်။
ဝုန်း….
ချက်ချင်းပင်၊ ဒါဇင်ပေါင်းများစွာသောလူများသည် အလင်းတိုင်များဖြင့် ထိကုန်ကြပြီး ကောင်းကင်ပေါ်တွင် မီးပွားများအဖြစ်ပြောင်းလဲသွားကာ အော်ဟစ်ပြီး ခြေရာပင်မကျန်အောင် ပျောက်ကွယ်သွားကြသည်။
ထိုမြင်ကွင်းသည် ကျန်နေသောသူများအား ကြောက်ရွံတုန်လှုပ်သွားစေသည်။
သူတို့သည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှကျင့်ကြံသူများကို ရင်ဆိုင်သည်နှင့် ထိုသူများက စကားပြောရန်ပင် ရည်ရွယ်ချက်မရှိပေ၊ ထိုအစား ချက်ချင်းတိုက်ခိုက်တော့သည်။
“ပြေး၊ အမြန်ပြေးကြ။”
ရှင်သန်ကျန်နေသောကျင့်ကြံသူများက ကြာကြာမနေရဲတော့ပေ။
“ပြန်သွားပြီး မင်းတို့လူတွေကိုပြောလိုက်၊ အကယ်၍ သူတို့ အနောက်ပိုင်းသဲကန္တာရကို ဝင်ချင်ရင် သူတို့ရဲ့အဆုံးသတ်ကိုတွေ့ဖို့ အဆင့်သင့်ဖြစ်ပြီလားလို့မေးလိုက်။” ခံတပ်က တစ်စုံတစ်ဦးက အော်ပြောလိုက်သည်။
ပျံသန်းနေသော သူများသည် အနောက်မှအသံကို ကြားလိုက်ကြသည်။ သူတို့အားလုံးသည် ထိတ်လန့်သွားကြလေသည်။
“သူတို့ကရူးနေတာပဲ၊ အဲ့လူတွေက ရူးသွားပြီထင်တယ်။”
ယခင်က သူတို့သည် မည်သည့်နေရာသို့သွားပါစေ မြောက်ပင့်ခြင်းခံရသည်။
ထို့ကြောင့် အခြားတစ်ဖက်က ဤမျှလောက်ခေါင်းမာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့မဟုတ် ဤကဲ့သို့ ရက်စက်စွာတိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မကြာမီတွင်၊
ထိုပျံသန်းနေသောကျင့်ကြံသူများက သူတို့၏ကြီးမားသောတိုက်သင်္ဘောများသို့သာ ပြန်သွားကြတော့သည်။
တုံ့ဆိုင်းမှုမရှိဘဲနှင့် သူတို့သည် တွေ့ကြုံခဲ့ရသည်နှင့် ကြားခဲ့ရသည်များကို အကြီးအကဲများအား ပြန်လည် ပြောပြလိုက်ကြပြီး အနည်းငယ်ပင် ချဲ့ကားပြောဆိုလိုက်သေးသည်။
ချက်ချင်းပင်၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများ၏ကြီးမားသောသင်္ဘောများမှ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်များထွက်လာခဲ့သည်။
၎င်းနှင့်အတူအလွန်ဒေါသထွက်နေသည့်အော်သံတစ်ခုထွက်လာသည်။
ခနအကြာတွင်၊ သင်္ဘောများက အရှေ့သို့ တက်လာပြီး ခံတပ်ဆီသို့ ဦးတည်လာနေကြသည်။
ဝုန်း…
ကြီးမားသောသင်္ဘောက နီးကပ်လာသည်နှင့် သူဝိညာဉ်ချီအမြောက်များကို ဖွင့်လိုက်ကြကာ တလက်လက် ထနေသောအလင်းတန်းများထွက်လာပြီးတစ်ချိန်တည်း ခံတပ်ကို ဗုံးကြဲကြတော့သည်။
***