စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူ၊ အသံမဲ့ရွှေပုစဉ်း
Vol. 34 Ch. 641
ကျီ….
ချက်ချင်းပင်၊ လင်းလက်နေသောအလင်းစက်ဝန်းက ခံတပ်၏အပေါ်တွင်ပေါ်လာခဲ့ပြီး ဝိညာဉ်ချီအမြောက်များကို ကာဆီးထားလေသည်။
ဝှစ်….
တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်၌ အလွန်တောက်ပသောအလင်းတိုင်းတစ်ခုက ရုတ်တရက် မြင့်တက်လာသည်။
ခနအကြာတွင်၊ ၎င်းသည် ရှေ့တန်းတွင်ရှိနေသော သင်္ဘော ခုနှစ် သို့ ရှစ် စင်းခန့်အားလွမ်းမိုးသွားကာ ဘာမှမကျန်တော့သည်အထိဖြစ်သွားရသည်။
...
အဝေးတစ်နေရာတွင်၊
ထိုမြင်ကွင်းကို မြင်ကြသော ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီ၊ ဝူရှင်းနှင့် အခြားသူများက သူတို့၏အမူအရာများ မနေနိုင်ဘဲ ပြောင်းလဲသွားကြသည်။
“အကယ်၍ ကျုပ်မမှားရင် အဆင့် ၆ ပြောင်းပြန်ကြယ်ကြွေခြင်းအစီအရင်ဖြစ်နိုင်တယ်။ အဲ့တာက ခုခံခြင်းနဲ့ တိုက်ခိုက်နိုင်ခြင်း ပေါင်းထားတဲ့ ကြီးမားတဲ့အစီအရင်ပဲ။” ဝူရှင်းက ရုတ်တရက် ဖြည်းဖြည်းပြောလိုက်သည်။
သူ၏စကားကိုကြားလျှင် ရှောင်ရှင်းချုံ၊ ရှောင်ရှန်းကျီနှင့် တာအိုဝါဒီ ရှန်းထုံတို့က အနည်းငယ်လေးနက်သည့် အမူအရာဖြစ်သွားသည်။
သူတို့သည် ထို ပြောင်းပြန်ကြယ်ကြွေခြင်းအစီအရင်သည် သူတို့ကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်များ အတွက်ပင် ချိန်းခြောက်မှုတစ်ခုဖြစ်ကြောင်းသိကြပါသည်။
အကယ်၍ အရာများက မှားယွင်းသွားလျှင်၊ ဆုံးရှုံးမှုကိုများစွာခံစားရ၍ ပြင်းထန်စွာဒဏ်ရာရသွားနိုင်သည်။
ထို့ကြောင့်။
ထိုအစီအရင်ကို ချိုးဖျက်ရန်အတွက် သက်ဆိုင်ရာအဆင့် ၆ အစီအရင်ဆရာလိုအပ်ခြင်းမှတပါး အလွန်စိတ်ချရမည့် နည်းလမ်းမှာ အစီအရင်၏စွမ်းအားလျော့နည်းလာရန် အသက်များကို စတေးရန်ပင် ဖြစ်သည်။
သူတို့သည် ထိုကဲ့သို့ကြီးမားသောအစီအရင်ကို ထိန်းသိမ်းထားရန် နက္ခတ္တနှင့်ပက်သက်သော သယံဇာတများစွာ အသုံးပြုထားရမည်ဖြစ်သည်။
နောက်ဆုံးထိတောင့်ခံထားနိုင်သောသူအပေါ်၌သာမူတည်သွားမည်ဖြစ်သည်။
ယခုအချိန်တွင်မူ၊
အခြားတစ်ဖက်၌ ရှောင်ရှန်းချုံနှင့် သူ၏အုပ်စုက ဆက်တိုက် များစွာသောတိုက်သင်္ဘောများနှင့် ကျင့်ကြံသူများအား စေလွတ်ကာ ပြောင်းပြန်ကြယ်ကြွေခြင်းအစီအရင်ကို တိုက်ခိုက်ရန်အမိန့်ပေးထားကာ အမြောက်စာပင်ဖြစ်စေသည်။
ကျီဖုအဆင့်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ အရေအတွက်က ပို၍များသေးသည်။
အစကတည်းကပင် ရှောင်ရှန်းချုံနှင့် သူ့တို့အုပ်စုက ထိုစစ်ပွဲကို အလွန်ပြင်းထန်သောအခြေအနေသို့ တွန်းပို့နေသည်ဟု ပြောနိုင်သည်။
.....
ခံတပ်ထဲတွင်၊
ရွှေရှန်းလန်၊ စုချင်းချန်၊ စံသခင်ဖုန်းယွင်၊ ဓားသခင် အဇူရာလန်နှင့် အခြားသူများက များစွာသော စစ်သင်္ဘောများနှင့် ကျင့်ကြံသူများသည် သေကြောင်းကြံနေသကဲ့သို့ သူတို့ထံဦးတည်ကာလာနေသည်ကို ကြည့်ကာ အမူအရာများကအလွန်လေးနက်ကုန်သည်။
“ဒီလူတွေက ဘာဖြစ်ချင်နေတာလဲ? အခြေတည်ဝိညာဉ်အဆင့်တွေကိုတောင် အစီအရင်အားပျော့သွားဖို့အတွက် သုံးခံနေရတယ်။ သူတို့ရူးနေတာလား?”
“သူတို့က မရူးပါဘူး။”
စုချင်းချန်က ရုတ်တရက် ခေါင်းခါလိုက်သည်။
လေးလံသောအမူအရာနှင့် သူမသည် ဆက်၍ ပြောလိုက်သည်။ “ရှင်တို့ သတိမထားမိဘူးလား? စတေးခံနေရတဲ့ကျင့်ကြံသူတွေက သူတို့ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်ကလူတွေမဟုတ်ဘူး။”
“ဟမ်?”
စုချင်းချန်၏သတိပေးမှုကြောင့် လူတိုင်း သတိပြုမိသွားသည်။
“တကယ်ပဲ၊ အဲ့လူတွေက သူတို့ဖမ်းထားတဲ့ တောင်ပိုင်းကန္တာရကကျင့်ကြံသူတွေနဲ့တူတယ်။
သူတို့ကန့်သတ်ချက်အောက်ရောက်နေပုံရတယ်။ အခြေတည်ဝိညာဉ်စံသခင်တွေတောင် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘူး။”
ရွှေရှန်းလန်က မျက်နှာရှုံ့တွလျှက် ပြောသည်။
၎င်းသည် သူတို့မမျှော်လင့်ထားမိသည့် စစ်ပွဲ၏အစဖြစ်သည်။
အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်သည် တကယ်ပင် သူတို့ဖမ်းထားသော တောင်ပိုင်းကန္တာရ၏ ကျင့်ကြံသူများကို အမြောက်စာပင်အဖြစ် သုံးနေသည်။ ထို့အပြင် ရက်စက်သောနည်းလမ်းဖြင့် ထိန်းချုပ်ထားသေးသည်။
ပြောဖို့မလိုအောင်ပင်၊ ၎င်းသည် အခြေတည်ဝိညာဉ်စံသခင်ကိုပင် ထိန်းချုပ်နိုင်သောအရာသည် ဆိုလိုနေသည်မှာ အချို့ဝိညာဉ်ဖွဲ့စည်းခြင်းအရှင်၏လုပ်ရပ်ပင်ဖြစ်ပေသည်။
“သူတို့ရဲ့ထိန်းချုပ်မှုကို ဖျက်ဖို့ နည်းလမ်းတစ်ချို့ရှိလား?
အဆုံးမှာ သူတို့သုံးနေတာက သူတို့မျက်စိထဲအရေးမကြီးတဲ့ ကျင့်ကြံသူတစ်ချို့ပဲလေ။
အရှေ့ပိုင်းနဲ့အလယ်ပိုင်းအတွက် သူတို့အင်အားအများကြီးမသုံးရသေးဘူး။
အဲ့အချိန်မှာ ကျွန်မတို့က တကယ့်အင်အားကိုသုံးနေရတာ။”
“ခက်ခဲတယ်။”
စံသခင်ဖုန်းယွင်က လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
“ဘာလို့လဲဆို ဒါက ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်အဆင့်ရဲ့ ထိန်းချုပ်ခြင်းနည်းစနစ်ပဲ။ ကျုပ်တို့အဆင့်နဲ့ အဲ့တာကိုဖျက်ဖို့ကြိုးစားတာက ပုရွက်ဆိတ်က သစ်ပင်ကိုစိန်ခေါ်နေတာနဲ့တူလိမ့်မယ်။
ပြီးတော့လည်း အခုထိ ကျုပ်တို့က သူတို့သုံးထားတဲ့နည်းစနစ်ကိုလည်း မသိသေးဘူး။ ဒါဆို ကျုပ်တို့အဲ့တာကို ဖျက်ဖို့ဘယ်သူပြောနိုင်မှာလဲ?”
စံသခင်ဖုန်းယွင်၏စကားကိုကြားလျှင် ဘေးတွင်ရှိသောကျန်းအန်းရန်က ရုတ်တရက် စကားပြောလိုက်သည်။
“ကျွန်မ သူတို့နည်းလမ်းကိုသိတဲ့သူကို သိနိုင်တယ်။”
“ဟမ်?”
လူတိုင်းက သူ့ကို အံ့ဩစွာကြည့်လိုက်ကြသည်။
စုချင်းချန်က ပြုံးကာ ပြောလိုက်သည်။
“အန်းရန်၊ မင်းသိလား?”
ကျန်းအန်းရန်က ပြန်ပြောသည်။ “ကျွန်မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ဖက်က တစ်ယောက်က သိနိုင်တယ်။ အကယ်၍ စိတ်မရှိရင် သူတို့ကို ခေါ်ခဲ့နိုင်ပါတယ်။ ပြီးတော့ကျွန်မရဲ့ဆရာလည်း ဒီကိစ္စကို သတိထားမိမှာပါ။”
ရွှေရှန်းလန်ကပြောလိုက်သည်။ “စီနီယာကျန်းနဲ့ စီနီယာရှန်းတို့ နှစ်ယောက်လုံးသိတယ်ဆိုမှတော့ ပြသနာမရှိနိုင်ပါဘူး။ အန်းရန်၊ သူတို့ကို ခေါ်ခဲ့လိုက်ပါ။ ကန့်ကွက်စရာမရှိပါဘူး။”
“ကျွန်မမှာလည်း ပြသနာမရှိပါဘူး။”
စုချင်းချန်က ပြုံးကာ သဘောတူလိုက်သည်။
စံသခင်ဖုန်းယွင်နှင့် ဓားသခင် အဇူရာလန်တို့လည်း ခေါင်းညိတ်လိုက်ကြသည်။
ပြီးနောက်တွင်....
မကြာမီ၌ ရှိနေသောသူများနှင့် အရောင်အဝါတူညီသည့် ကျင့်ကြံသူနှစ်ဦးကို ကျန်းအန်းရန်က ခေါ်လာခဲ့သည်။
ထိုနှစ်ဦးသည် အစောပိုင်း၌ တောင်ပိုင်းကန္တာရမှလွတ်မြောက်ခဲ့သည့် ဝူပင်းယွင်နှင့် စံသခင်ကြယ်တို့ ဖြစ်ကြလေသည်။
ထိုနှစ်ဦးကိုတွေ့လျှင် ရွှေရှန်းလန်၊ စုချင်းချန်နှင့် အခြားသူများက နှလုံးခုန်မြန်သွားကြသည်။
အကြောင်းမှာ ကျင့်ကြံခြင်းတစ်မျိုးတည်းနှင့်ပင် ထိုနှစ်ဦးသည် သူတို့ထပ်အားမနည်းကြောင်း အာရုံခံမိကြသောကြောင့်ဖြစ်သည်။
အထူးသဖြင့် စံသခင်ကြယ်ပင်ဖြစ်သည်။
သူ၏ကျင့်ကြံခြင်းက ရှိနေသာသူများစွာနှင့်ယှဉ်နိုင်ပြီး အခြေတည်ဝိညာဉ်နဝမအဆင့်ကို ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ကျန်းအန်းရန်က ထိုနှစ်ဦးကို စကားပြောလိုက်သည်။
“တာအိုရောင်းရင်းဝူနဲ့ တာအိုရောင်းရင်းကြယ်တို့ ကျွန်မတို့ကို အခုဘာတွေဖြစ်နေလဲဆိုတာပြောပြဖို့ ရှင်တို့ကိုပဲဒုက္ခပေးရတော့မယ်။”
အချိန်ခနလောက် လူတိုင်း၏အာရုံစိုက်မှုက ဝူပင်းယွင်နှင့် စံသခင်ကြယ်တို့နားသို့ရောက်သွားလေသည်။
ဝူပင်းယင်နှင့် စံသခင်ကြယ်တို့က အချင်းချင်းကြည့်လိုက်ကြသည်။
ပြီးနောက် စံသခင်ကြယ်က စပြောသည်။ “တာအိုရောင်းရင်းတို့ ကျွန်တော်တို့ရဲ့အထောက်အထားနဲ့ပက်သက်ပြီး ခင်ဗျားတို့အားလုံးသိကြမယ်လို့ထင်ပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့က တောင်ပိုင်းကန္တာရကပါ။
ကျွန်တော့်ဆရာက ကောင်းကင်သခင်အသူရာကျမ်းပါ။
ဒီက တာအိုရောင်းရင်းဝူက ကျွန်တော်တို့ကောင်းကင်ဘုံဂိုဏ်းရဲ့တပည့်မဟုတ်ပေမဲ့ သူပိုင်ဆိုင်တဲ့ ရေခဲကျောက်စိမ်းနန်းတော်က တစ်ချိန်က ကျွန်တော်တို့ဂိုဏ်းရဲ့လက်အောက်ကပါ။
ဒါကြောင့် ကျွန်တော်တို့မှာ လက်ရှိအခြေအနေနဲ့ပက်သက်ပြီး နားလည်ထားတာတစ်ချို့ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က ကူတစ်မျိုးဖြစ်တဲ့ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတာဖြစ်ရမယ်။”
“စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူ?”
သူတို့သည် ထိုနာမည်ကိုကြားလျှင် ရွှေရှန်းလန်၊ စုချင်းချန်၊ စံသခင်ဖုန်းယွင်၊ စံသခင်အဇူရာလန်နှင့် အခြားသူတို့၏မျက်လုံများသည် အနည်းငယ်ကျဉ်းသွားကြသည်။
ရှင်းလင်းစွာပင်။
ဝိညာဉ်ဖွဲ့စည်းခြင်းဂိုဏ်း၏တပည့်များအနေဖြင့် သူတို့၏ဗဟုသုတသည် သာမန်ကျင့်ကြံသူများထပ် သာလွန်ပါသည်။
သူတို့သည် စံသခင်ကြယ်ပြောသည့် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူနှင့်ရင်းနှီးမှုရှိပေသည်။
၎င်းသည် တမူထူးသည်ကူဖြစ်ပြီး ကျင့်ကြံသူ၏ စိတ်နှင့် ဝိညာည်ကို ထိန်းချုပ်နိုင်ပေသည်။
၎င်းသည် လောကတွင် အရက်စက်ဆုံးအင်းဆက်များ ထဲတွင် သုံးဆယ့်နှစ်ခုမြောက် ဖြစ်ပေသည်။
“အကယ်၍ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူဆိုရင်တော့ အားလုံးက အဓိပ္ပာယ်ရှိသွားပြီ။”
ဓားသခင်အဇူရာလန်က မျက်မှောင်ကုပ်သည်။
“ကျုပ်သိသလောက်၊ အဲ့ဒီအင်းဆက်မျိုးဟာ အရေအတွက်အများကြီး မျိုးပွားနိုင်တယ်တဲ့။
အဲ့တာတွေက ချီသန့်စင်ခြင်းအဆင့်ကနေ အခြေတည်ဝိညာဉ်အထိ ကျင့်ကြံသူတွေကို ခုခံဖို့အင်အား မရှိတော့တဲ့အထိ ထိန်းချုပ်နိုင်တယ်။
ဒါပေမဲ့ ကျုပ်နားမလည်တာက အဲ့လိုကူအမျိုးအစားက အချိန်အကြာကြီးကတည်းက မျိုးသုန်းနေရတော့မှာ မဟုတ်ဘူးလား?
အဲ့အင်းဆက်တွေကို သန့်စင်ဖို့နည်းလမ်းဆိုရင် ပျောက်တောင်ပျောက်နေလောက်ပြီ။
အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသက အဲ့လိုမျိုးကူကိုပိုင်ဆိုင်ထားတယ်လား?”
၎င်းသည်တကယ်ပင် ကြီးမားသည့် အံ့ဩစရာပင်ဖြစ်သည်။
အဆုံး၌ထိုသို့သောအင်းဆက်မျိုး၏ သက်ရောက်မှုက အလွန်ရက်စက်ပါသည်။
ပိုကြည့်လိုက်လျှင် သူတို့သည်ပင် ထိုသူများ၏သားကောင်ဖြစ်လာနိုင်ချေရှိသည်။
အကယ်၍ အရှေ့ပိုင်းနဲ့အလယ်ပိုင်းလွင်ပြင်က တကယ်ပဲ သန့်စင်ခြင်းနည်းလမ်းကို ပိုင်ဆိုင်ထားလျှင် အနောက်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းနယ်နိမိတ်အတွက် သတင်းဆိုးပင်ဖြစ်လိမ့်မည်။
“ကျွန်တော်ဒီကိစ္စအတွက် ကိစ္စတစ်ခု မဟုတ် နှစ်ခုလောက်ကို သိခဲ့ပါတယ်။”
ထိုအချိန်တွင် စံသခင်ကြယ်က ထပ်ပြောလာခဲ့သည်။
“သေချာပေါက်ခင်ဗျားတို့ တောင်ပိုင်းကန္တာရက နတ်ဘုရားအသုံးအဆောင်ပစ္စည်းဂိုဏ်းကို ကြားဖူးကြမှာပေါ့၊ ဟုတ်လား?”
“နတ်ဘုရားအသုံးအဆောင်ပစ္စည်းဂိုဏ်း?”
ထိုနာမည်ကိုကြားလျှင် ရွှေရှန်းလန်၊ စုချင်းချန်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် သဘာဝအတိုင်း ထိုဂိုဏ်းကို သိကြပါသည်။
၎င်းသည် အသုံးအဆောင်ပစ္စည်းများသန့်စင်ခြင်းနှင့်ပက်သက်ပြီး အထူးပြုထားသောထင်ရှားသည့် ဂိုဏ်းတစ်ခုဖြစ်သည်။
ထိုဂိုဏ်းတွင် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်မရှိသော်လည်း အဆင့် ၆ သန့်စင်သောရတနာများကို ပိုင်ဆိုင်လေသည်။
ထို့အပြင် သူတို့သန့်စင်ထားသော ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများသည် ထိပ်တန်းအဖြစ် သတ်မှတ်နိုင်ပြီး ကျင့်ကြံသူများစွာက အသုံးပြုကြပေသည်။
၎င်းတို့၌ အခြားနေရာများမှ တောင်ပိုင်းကန္တာရသို့ ဝေးလံသည့်နေရာကပင် ခရီးနှင်လာပြီး သူတို့၏ အသုံးအဆောင်ပစ္စည်းပြုလုပ်သူများ၏ အကူအညီကို လာယူကြသူများပင်ရှိသည်။
သို့ရာတွင်၊ ထိုကဲ့သို့ထင်ရှားသောဂိုဏ်းသည် တောင်ပိုင်းဒေသကသောင်းကနင်းဖြစ်နေသည့်အချိန်က အရှေ့တိုင်းနှင့် အလယ်ပိုင်းလွင်ပြင်များမှ အမြစ်ဖြတ်သုတ်သင်ခြင်းခံခဲ့ရပေသည်။
သတင်းများကို သူမ၏စိတ်ထဲပြန်အမှတ်ရလာသည်နှင့် စံသခင်ကြယ်က ထပ်ပြောလိုက်သည်။
“ကျွန်တော်သိရသလောက် ဂိုဏ်းအတွင်းမှာ လျှို့ဝှက်နည်းပညာဖြစ်တဲ့ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူကို သန့်စင်တဲ့နည်းရှိတယ်။
သူတို့ဟာအခွင့်အရေးရလို့လာရောက်ပြီး အစက ကျွန်တော့်ဆရာနဲ့ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူကို သန့်စင်တဲ့နည်းလမ်းကို လဲလှယ်ဖို့ရည်ရွယ်ခဲ့တာ။
ကံမကောင်းစွာနဲ့၊ အဲ့ဒီအပေးအယူကမလုပ်ရသေးခင်မှာအရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်ကလူတွေက တစ်ဖက်သတ်ကြီး သဘောတူညီချက်ကိုဖျက်ပြီး တောင်ပိုင်းကန္တာရရဲ့ဂိုဏ်းတော်တော်များများကို တိုက်ခိုက်ခဲ့တယ်။
အခုတော့ ကြည့်ရတာ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူက သူတို့လက်ထဲရောက်သွားတဲ့ပုံပဲ။”
“ကျုပ်သိပြီ။”
စံသခင်ကြယ်၏စကားများအရ လူတိုင်းက သတိပြုမိသွားကြသည်။
သို့သော်မကြာမီပင် မျက်မှောင်ပြန်ကုပ်လိုက်ကြသည်။
စံသခင်ဖုန်းယွင်က ပြောသည်။
“ကျုပ်တို့အခုတောင်ပိုင်းကန္တာရကကျင့်ကြံသူတွေကို ဘာနည်းလမ်းသုံးထားလဲဆိုတာသိရပြီဖြစ်ပေမဲ့ ကျုပ်တို့အဲ့တာကိုဖျက်ဖို့ ဘာသဲလွန်စမှမရှိသေးဘူး။ တာအိုရောင်းရင်းကြယ်မှာ အကြံတစ်ချို့များ ရှိလားလို့ သိချင်ပါတယ်။”
ကျန်းအန်းရန်သည် သူတို့အား လက်ရှိပြသနာကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ခေါ်လာကြောင်း သူသိသည်။
ထို့ကြောင့်။
သူစကားပြောပြီသည်နှင့် လူတိုင်း၏အကြည့်က ထိုသူနှစ်ယောက်အပေါ် အာရုံစိုက်လိုက်ကြသည်။
ထိုအချိန်တွင်ဝူပင်းယွင်က အသက်ပြင်းပြင်းရှုလိုက်ပြီး ရှိနေသောလူများကိုကြည့်လိုက်သည်။
“ရှင်းရှင်းလင်းလင်းပြောရရင်၊ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူက အင်အားကြီးပြီး ကျင့်ကြံသူတွေရဲ့ စိတ်နဲ့ဝိညာဉ်ကို ထိန်းချုပ်နိုင်ပေမဲ့ သူ့မှာလည်း သဘာဝရန်သူရှိတယ်။
ကျွန်မသိရသလောက်၊ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူရဲ့ သဘာဝရန်သူက အသံမဲ့ရွှေပုစဉ်းပဲ၊ လောကမှာ ရက်စက်တဲ့အင်းဆက်စာရင်းထဲမှာ အဆင့် ၁၅ ဝင်တယ်။”
“ဟမ်?”
ဝူပင်းယွင်၏စကားကိုကြားလျှင်၊ ရွှေရှန်းလန်၊ စုချင်းချန်နှင့် အခြားသူများက ကြောင်ကုန်ကြသည်။
ရှင်းလင်းစွာ။
သူတို့သည် ဝူပင်းယင်ပြောနေသည်ကို သဘောမပေါက်ကြပါ။
ဝူပင်းယွင်က ဆက်ပြောသည်။ “အသံမဲ့ရွှေပုစဉ်းက အသံမရှိပေမဲ့၊ သူက စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူကို ပစ်မှတ်ထားတဲ့ အထူးအသံလှိုင်းကို ထုတ်လွတ်ပေးတယ်။
စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူက အဲ့ဒီအထူးအသံလှိုင်းနဲ့ သက်ရောက်ခံရရင် သူတို့က ချက်ချင်းလှုပ်ရှားနိုင်စွမ်း ပျောက်ဆုံးကုန်ပြီး သဘာဝအတိုင်း သူတို့ထိန်းချုပ်ထားတဲ့ကျင့်ကြံသူတွေကို ထိန်းချုပ်ထားနိုင်တော့မှာ မဟုတ်ဘူး။
တိုက်ဆိုင်စွာပဲ၊ ရေခဲကျောက်စိမ်းနန်းတော်ရဲ့ ရှေ့က သခင်က အဲ့လို အသံမဲ့ရွှေပုစဉ်းကို မွေးမြူထားတယ်။”
သူမသည်ပြောရင်းနှင့် ဝူပင်းယွင်က သူမ၏ကျောက်စိမ်းလက်ကို လှည့်လိုက်ရာ အတောင်ပံများ၌ အနက်ရောင်ပုံစံကွက်များပါသော ရွှေပုစဉ်းတစ်ကောင်ထွက်လာလေတော့သည်။
***