အိမ်ရှေ့မင်းသား ရှောင်လုံထျန်း
Vol. 34 Ch. 642
“ဒါက အသံမဲ့ရွှေပုစဉ်းလား?”
လူတိုင်းက ဝူပင်းယွင်၏လက်ထဲရှိသေးငယ်သောသတ္တဝါလေးကိုကြည့်လိုက်ကြပြီး တော်တော်လေး မယုံသင်္ကာဖြစ်နေကြသည်။ ထိုကဲ့သို့ သေးငယ်သောသတ္တဝါက စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူ၏ သဘာဝရန်သူ ဖြစ်နိုင်မည့်အကြောင်း ယုံကြည်နိုင်ရန်ခက်ခဲနေကြသည်။
“ဒါဆိုနောက် ကျွန်မတို့ဘာလုပ်သင့်လဲ?”
ရွှေရှန်းလန်က ဝူပင်းယွင်အားကြည့်ကာမေးလိုက်သည်။
ရှင်းလင်းစွာပင် လူတိုင်းကထိုအချိန်တွင် တူညီသောမေးခွန်းကို မေးချင်နေကြသည်။ ထိုအသံမဲ့ရွှေပုစဉ်းတစ်ကောင်တည်းဖြင့် များစွာသော စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူများကို ရင်ဆိုင်နိုင်ပါမည်လား?
ဝူပင်းယွင်က လူတိုင်း၏အတွေးကိုနားလည်ပါသည်။
သူမကဆက်ပြောလိုက်သည်။ “ကျွန်မပြောခဲ့သလိုပဲ၊ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူက အသံမဲ့ရွှေပုစဉ်း ထုတ်လွတ်တဲ့ အထူးအသံလှိုင်းသက်ရောက်သွားရင် ချက်ချင်းလှုပ်ရှားနိုင်စွမ်းတွေဆုံးရှုံးသွားမှာပါ။
ဒါကြောင့်၊ ခနနေရင် ကျွန်မယူသွားပြီး အဲ့ဒီထိန်းချုပ်ခံနေရတဲ့ ကျင့်ကြံသူတွေဆီလျောက်သွားရင် အဲ့ဒီထိန်းချုပ်ခံထားရတဲ့ ကျင့်ကြံသူတွေက လှုပ်ရှားတာရပ်သွားလိမ့်မယ်။”
ဝူပင်းယွင်၏နည်းလမ်းက ရိုးရိုးပြောရလျှင် ရိုးရှင်းကာ အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
ဂရုစိုက်ရမည့်တစ်ခုတည်းသောကိစ္စမှာ ပြိုင်ဖက်က သတိထားမိသွားချိန်ဖြစ်လာမည့် သူမ၏ လုံခြုံရေးပင်ဖြစ်သည်။
“ဒီလိုဆိုရင် ကျွန်မနဲ့ စံသခင်ဖုန်းယွင်တို့ကို ရှင်တို့နဲ့အတူသွားပြီး ကြိုးစားကြည့်ခွင့်ပြုပါ။”
စုချင်းချန်က ဝူပင်းယွင်နှင့် စံသခင်ကြယ်တိုကို ကြည့်ပြီးပြောလိုက်သည်။
“ရှင်တို့နှစ်ယောက်ကောဘယ်လိုထင်လဲ?”
စုချင်းချင်၏တောင်းဆိုချက်ကို ကြားလျှင် ဝူပင်းယွင်နှင့် စံသခင်ကြယ်တို့က ကန့်ကွက်စရာမရှိပါ။
အမှန်တကယ်ပင်၊
သူတို့ကလက်ရှိအခြေအနေကိုဖြေရှင်းရန်လာကြခြင်းဖြစ်သည်။
အကယ်၍ အခွင့်ရေးရှိလျှင် သူတို့၏တပည့်များကိုသတ်သွားသော အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ ကျင့်ကြံသူတစ်ချို့အား သတ်ရလျှင်လည်း စိတ်မရှိပါ။
မကြာမီ။
ဝူပင်းယွင်၊ စံသခင်ကြယ်၊ စုချင်းချန်နှင့် စံသခင်ဖုန်းယွင်တို့က ခံတပ်မှ ပျံထွက်လာကာ ထိန်းချုပ်ခံနေရသော ကျင့်ကြံသူများအနီးတွင် ထွက်ပေါ်လာသည်။
ကျီ…
သူတို့ပေါ်လာသည့်နှင့် ဝူပင်းယွင်၏လက်ထဲမှ အသံမဲ့ရွှေပုစဉ်း၏အတောင်ပံက တဖြည်းဖြည်းခတ်လာသည်။
ခနအကြာတွင် အသံမဲ့လှိုင်းများက လျှင်မြန်စွာပျံ့နှံ့သွားတော့သည်။
သူတို့၏ခံတပ်ထံသို့ သေကြောင်းကြံစည်မည့်ပုံစံနှင့် ဦးတည်ကာလာနေကြသော ထိုတောင်ပိုင်းကန္တာရမှ ကျင့်ကြံသူများက ရုတ်တရက် တူညီစွာရပ်သွားကြလေသည်။
ပြီးနောက် ထိုကျင့်ကြံသူများသည် မုန့်လုံးများရွာနေသကဲ့သို့ ဖလုပ်…ဖလုပ်…ဖလုပ်..ဟူ၍ ဆက်တိုက်ပြုတ်ကျနေကြသည်။
သူတို့အား စီစဉ်ထားသည့် ကျန်းအန်းရန်နှင့် အခြားသူများမှ ဖမ်းကာပြန်ခေါ်သွားကြသည်။
ထိုအချိန်တိုအတွင်းတွင် တောင်ပိုင်းကန္တာရ၏ထိန်းချုပ်ခံရသောကျင့်ကြံသူ လေးပုံတစ်ပုံခန့်က အသံမဲ့ရွေပုစဉ်း၏သက်ရောက်ခြင်းကိုခံခဲ့ရသည်။
ထို့အပြင် ထိုအရာက ဝူပင်းယွင်ကစစ်ပွဲထဲတွင် လျှင်မြန်စွာပျံသန်းလိုက်သည်နှင့် ပို၍တိုးမြင့်လာခဲ့သည်။
အဝေး၌၊
တိုက်ပွဲ၏အခြေအနေကို အကဲခတ်နေကြသော အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှကျင့်ကြံသူများသည် နောက်ဆုံး၌ တစ်ခုခုမှားနေသည်ကို သတိပြုမိသွားသည်။
သူတို့သည် ထိန်းချုပ်ထားသောတောင်ပိုင်းကန္တာရမှ ကျင့်ကြံသူများသည် မထိန်းချုပ်နိုင်တော့သည်ကိုကြည့်ကာ သူတို့၏မျက်လုံးများက အံ့အားသင့်စွာ ပြူးကျယ်နေကြသည်။
အထူးသဖြင့်၊ ထိုစိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူကို ထိန်းချုပ်ကာ ကျင့်ကြံသူများအားခြယ်လှယ်နေသော ကျင့်ကြံသူများက သူတို့နှင့် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူ၏ ကြားတွင် အဆက်အသွယ် ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည်။
“ဘာ..ဘာတွေဖြစ်နေတာလဲ? ဘာလို့ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူနဲ့ ငါနဲ့ကြားက ဆက်သွယ်မှုမရှိတော့တာလဲ? တစ်ယောက်ယောက် ဘာတွေဖြစ်နေလဲဆိုတာ ရှင်းပြနိုင်မလား?”
တစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။
သူတို့ပို့လွတ်လိုက်သောတောင်ပိုင်းကန္တာရမှ ထိန်းချုပ်ခံရသည်ကျင့်ကြံသူများက ရှုံးနိမ့်သွားသည့်အချိန်တွင် ၎င်းသည် နောက်ဆုံး၌ အိမ်ရှေ့မင်းသားရှောင်လုံထျန်း ဦးဆောင်သည့် နောက်ပိုင်းအဆင့် အခြေတည်ဝိညာဉ် ကျင့်ကြံသူများအား သတိပေးနေတော့သည်။
သူသည် အခြေတည်ဝိညာဉ် အဠမအဆင့်သာရှိသေးသော်လည်း သူ၏ရာထူးနှင့်အဆင့်အတန်းက အခြားသူများထဲတွင် အမြင့်ဆုံးဖြစ်သည်။
သူက လူတိုင်း၏သတင်းပို့ချက်များကို ကြားလျှင် အမူအရာက မဲမှောင်လာသည်။
အရှေ့ပိုင်း နေသုံးစင်းဂိုဏ်းမှ စံသခင်မိုးကြိုးနိယာမသည် စကားပြောနေသည့်သူကိုကြည့်ရင်း အိမ်ရှေ့မင်းသားရှောင်လုံထျန်းဖက်သို့လှည့်ကာ ပြောလိုက်သည်။
“အရှင်၊ ဒီကိစ္စက တကယ်ပဲ သံသယဝင်စရာကောင်းတယ်။ အကယ်၍ ဒီအခြေအနေကိုမရှာဖွေနိုင်ရန် အခြားတောင်ပိုင်းကကျင့်ကြံသူတွေကိုထပ်လွတ်လိုက်လဲ သူတို့ပြန်လာတော့မှာမဟုတ်ဘူး။”
သူ၏စကားကိုကြားလျှင် အရှေ့ပိုင်းချူးမိသားစု၏ ချူးကွမ်းလီက ခေါင်းညိတ်လိုက်သည်။
“မှန်တယ်။ ကျွန်တော်တို့လုပ်ဖို့လိုတဲ့ တစ်ခုတည်းသော အရာက ပထမဆုံးဒီအခြေအနေကို လေ့လာဖို့ပဲ။ ဘာလို့ အဲ့ဒီလူတွေက ရုတ်တရက် အဲ့လိုပြီးဆုံးသွားရတာလဲ?”
“ကျွန်တော်ထင်တာ ဘာဖြစ်လဲဆိုတာ ကျွန်တော်သိလောက်တယ်။”
ထိုအချိန်တွင်၊ ကျင့်ကြံသူများက အလယ်ပိုင်းဒေသမှ ဆန်းကြယ်ကျောက်စာဂိတ်မှ ကျင့်ကြံသူက မျက်မှောင်ကုပ်လျှက် ပြောလိုက်သည်။
ဆန်းကြယ်ကျောက်စာဂိတ်မှ ထိုသူသည် အလယ်ပိုင်းလွင်ပြင်ရှိ ဝိညာဉ်ဖွဲစည်းခြင်းဂိုဏ်းတစ်ခုမှ ဖြစ်သည်။
သူသည် ဆန်းကြယ်ကျောက်စာဂိတ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ရန် အလားအလာအရှိဆုံးလူဟု သတ်မှတ်ထားခံရသူဖြစ်သည်။
သူ၏နာမည်မှာ စံသခင်ယုံရှန်း ဖြစ်သည်။
သူက လူတိုင်းကိုကြည့်လိုက်ကာ ဆက်ပြောသည်။ “အကယ်၍ ကျွန်တော့်ခန့်မှန်းချက်က မမှားရင် အဲ့ဒီလူတွေက သို့ တိတိကျကျပြောရရင် သူတို့ခန္တာကိုယ်ထဲမှာရှိနေတဲ့ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူက သူ့ရဲ့သဘာဝရန်သူနဲ့ တွေ့သွားတယ်ထင်တယ်။”
“သူ့ရဲ့သဘာဝရန်သူနဲ့တွေ့သွားတယ်?”
ယုံရှန်း၏စကားကိုကြားလျှင် စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီသာမက အိမ်ရှေ့မင်းသားရှောင်လုံထျန်း သည်ပင် အံ့ဩသွားကြသည်။
“ဒါဖြစ်နိုင်တယ်။”
စံသခင်ယုံရှန်းက ခေါင်းညိတ်သည်။
“ကျွန်တော်သိသလောက်၊ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူရဲ့သဘာဝရန်သူက အဆင့် ၁၅ မှာရှိတဲ့ ရက်စက်တဲ့အင်းဆက် အသံမဲ့ရွှေပုစဉ်းပဲ။
စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူက အသံမဲ့ရွှေပုစဉ်းနဲ့တစ်ကြိမ်တွေ့လိုက်တာနဲ့ သူတို့က ရွေ့လျားနိုင်စွမ်း လျော့နည်းသွားပြီး အနိုင်ယူခံရလိမ့်မယ်။”
“အသံမဲ့ရွှေပုစဉ်း?”
ထိုစကားကိုကြားလျှင်၊ အိမ်ရှေ့မင်းသား ရှောင်လုံထျန်းနှင့် အခြားသူများက မနေနိုင်ဘဲ နောက်ဆုတ် သွားကြသည်။
ရှင်းလင်းစွာဖြင့် သူတို့၏ဗဟုသုတအရ ထိုထူးဆန်းသည့်အင်းဆက်မျိုးကို ကြားဖူးနားဝရှိသည်။
သို့သော် ပြသနာက လက်ရှိ အနောက်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းနယ်နိမိတ် မဟာမိတ်ထဲတွင် မည်သူက ထိုအသံမဲ့ရွှေပုစဉ်းကို ပိုင်ဆိုင်ပါသနည်း?
စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူသည် လျှို့ဝှက်သောအင်းဆက်တစ်မျိုးဖြစ်သည်၊ ထိုသူများက ထိုအကြောင်းကို မည်သို့သိကြပါသနည်း? ၎င်းသည် တကယ်ပင် တိုက်ဆိုင်မှုဖြစ်ပါသလား?
ရှောင်လုံထျန်းနှင့် အခြားသူများ၏အတွေးကိုဖတ်နိုင်သကဲ့သို့ စံသခင်ယုံရှန်းသည် ခနတွေးလိုက်ကာ ပြောလိုက်သည်။
“သူတို့ထဲက ဘယ်သူ့ဆီမှာ အသံမဲ့ရွှေပုစဉ်းရှိလဲဆိုတာ ရှာဖို့က ရိုးရှင်းပါတယ်။
ကျွန်တော်တို့ ခနလောက် တကယ်ပဲဂရုတစိုက်ရှာဖွေပြီး စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူပေါ်ကို ဘယ်သူက လွှမ်းမိုးမှုရှိလဲဆိုတာကြည့်လိုက်ဖို့ပဲလိုတာပါ။ အဲ့ဒီလူက အသံမဲ့ရွှေပုစဉ်းကို ကိုင်ထားတဲ့လူပဲဖြစ်ရမယ်။
ကျွန်တော်တို့လုပ်ရမှာက အဲ့ဒီအသံမဲ့ရွှေပုစဉ်းကို ဖမ်းပြီးသတ်ပစ် မဟုတ်ရင် ကိုင်ထားတဲ့သူကို သတ်ပစ်ရမယ်။
အဲ့လိုလုပ်မှပဲ ကျွန်တော်တို့အပေါ်သက်ရောက်နေတဲ့ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူပြသနာကို အပြီးရှင်းပစ်နိုင်မှာပါ။”
“ဒါအဓိပ္ပာယ်ရှိတယ်။”
စံသခင်ယုံရှန်း၏စကားကိုကြားလျှင် အိမ်ရှေ့မင်းသား ရှောင်လုံထျန်းက သဘောတူကာ ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင် ငါ မင်းကို ယုံပြီး နောက်ခြေလှမ်းအတွက် အာဏာအပြည့်ပေးလိုက်မယ်။
မင်းက အသံမဲ့ရွှေပုစဉ်းကို ကိုင်ထားတဲ့သူကိုရှာတွေ့တာနဲ့ မင်းက မိုးကြိုးနိယာမ၊ တာအိုရောင်းရင်းချူးတို့နဲ့ သွားပြီး ချက်ချင်းလှုပ်ရှားခဲ့ပါ။ အသံမဲ့ရွှေပုစဉ်းကိုကိုင်ထားတဲ့သူကို တတ်နိုင်သမျှမြန်မြန်သတ်လိုက်။”
“ကောင်းပါပြီ။” တုံ့ပြန်ချက်က ပြတ်သားသည်။
ထိုသို့ပြောပြီးနောက်၊ သူတို့၏ဖက်မှ များစွာသော ဒါဇင်နှင့်ချီသည့် တိုက်သင်္ဘောများက ထပ်မံထွက်လာခဲ့ကာ တစ်စင်းစီတွင် တောင်ပိုင်းကန္တာရမှ ထိန်းချုပ်ခံထားရသည့် ကျင့်ကြံသူများ ပါဝင်သည်။
ထိုထိန်းချုပ်ခံရသည့်သူများသည် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူထည့်သွင်းခြင်းခံထားရသည့် လက္ခဏာမျိုးကို တူညီစွာဖြစ်နေကြသည်။
ဒါဇင်နှင့်ချီသည့် တိုက်သင်္ဘောများပျံထွက်လာသည်ကိုမြင်ကာ ဝူပင်းယွင်၊ စုချင်းချန်၊ စံသခင် ဖုန်းယွင်နှင့် အခြားသူများက မျက်လုံးများကျဉ်းသွားကြသည်။
စုချင်းချန်က ပြောသည်။ “တာအိုရောင်ရင်းဝူ၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်ကလူတွေက မူမမှန်တာကို သတိထားမိသွားပြီထင်တယ်။
ဒါပေမဲ့ သူတို့က တောင်ပိုင်းကန္တာရရဲ့ကျင့်ကြံသူတွေကိုအများကြီး ပို့နေသေးတယ်။ ကျွန်မထင်တာ သူတို့ဒီထိန်းချုပ်ခံရတဲ့သူတွေကဘာလို့ ထိန်းချုပ်မှုလွတ်သွားလဲဆိုတဲ့ သဲလွန်စကို ရသွားပြီလို့ထင်တယ်။
သူတို့ဒီလိုလုပ်နေရတဲ့အကြောင်းအရင်းက ရှင့်ကို ရှာဖို့ပဲဖြစ်ရမယ်။
သတိထားတဲ့အနေနဲ့ ကျွန်မတို့ ကပ်ပြီးနေကြရအောင်။
ဒီလိုနည်းနဲ့ ကျွန်မတို့ သူတို့ကို ဘယ်သူက ပုစဉ်းကိုတကယ်ကိုင်ထားလဲဆိုတာမသိအောင် စိတ်ရှုပ်ထွေးအောင် လုပ်လို့ရတယ်။ ပြီးတော့ ကျွန်မတို့ ရှင့်ရဲ့လုံခြုံရေးအတွက်လည်း အချိန်မရွေးအာမခံထားနိုင်တာပေါ့။”
စုချင်းချန်၏ အကြံပေးချက်အား ကန့်ကွက်ခြင်းမရှိဘဲ သဘောတူလိုက်ကြသည်။
ထိုအချိန်တွင် ထိုလေးဦးက အတူတူနေလိုက်ကြသည်။
အသံမဲ့ရွှေပုစဉ်းမှထုတ်လွတ်သော ထူးခြားသောအသံလှိုင်း၏အောက်တွင် ထိုတောင်ပိုင်ကန္တာရမှ ထိန်းချုပ်ခြင်းခံရသည့်ကျင့်ကြံသူများသည် ထပ်၍ လွတ်သွားလေသည်။
ထိုအခြေအနေကိုကြည့်လျှင်၊ရှောင်လုံထျန်း၊ စံသခင်မိုးကြိုးနိယာမနှင့် စံသခင် ယုံရှန်းတို့က အဝေးမှနေ၍ အနည်းငယ်မျက်မှောင်ကုပ်လိုက်သည်။
ရှောင်လုံထျန်းက အေးစက်စွာပြောလိုက်သည်။ “ကြည့်ရတာ တာအိုရောင်ရင်းယုံရှန်းတွက်ချက်ထားသလိုပဲ။
အဲ့ဒီလူတွေကြားထဲမှာ တကယ်ပဲ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းကူရဲ့သဘာဝရန်သူ အသံမဲ့ရွှေပုစဉ်းကို ပိုင်ဆိုင်တဲ့သူရှိနေတယ်။”
ထို့နောက် သူသည် ယုံရှန်းကိုကြည့်ကာမေးလိုက်သည်။
“ဘယ်လိုလဲ? အဲ့ဒီလူတွေထဲက အသံမဲ့ရွှေပုစဉ်းကို ပိုင်ဆိုင်တဲ့သူဘယ်သူလဲဆိုတာ ရှာတွေ့ပြီလား?”
ရှောင်ရှန်းလုံ၏မေးခွန်းကို ကြားလျှင် အဝေးမှ လေ့လာနေသော စံသခင်ယုံရှန်းက ရုတ်တရက် မျက်လုံးကိုကျဉ်းလိုက်ကာ မှိုင်းသောအသံဖြင့် ပြောလိုက်သည်။
“အရှင်၊ ကျွန်တော် သူတို့ထဲမှ ဘယ်သူက အသံမဲ့ရွှေပုစဉ်းကိုကိုင်ထားလဲဆိုတာ သိပြီလို့ထင်ပါတယ်။”
“ဟမ်?”
သူ၏စကားများသည် ချက်ချင်းပင် ရှောင်လုံထျန်းနှင့် စံသခင်မိုးကြိုးနိယာမ တို့အား ဆွဲဆောင်လိုက်သည်။
ယုံရှန်းက ခေါင်းညိတ်လိုက်ကာ ပြောသည်။
“အိမ်ရှေ့မင်းသား၊ အဲ့နေ့က ကျွန်တော်တို့ကောင်းကင်ဘုံဂိုဏ်းမှာတုန်းက အသူရာကျမ်းရဲ့ လက်ရင်းတပည့်ကို မတွေ့ခဲ့ရတာကိုမှတ်မိသေးလား?
“အမ်၊ မင်းပြောချင်တာက?”
ရှောင်လုံထျန်းနှင့် အခြားသူများ၏ အမူအရာက ပြောင်းလဲသွားသည်။
“ဖြစ်နိုင်တာက…?”
“မှန်တယ်။”
ယုံရှန်းက ခေါင်းညိတ်ကာ ပြောသည်။ “ကျွန်တော်ဒီလူတွေထဲမှ အသူရာကျမ်းရဲ့လက်ရင်းတပည့်နဲ့ ရေခဲကျောက်စိမ်းနန်းတော်ရဲ့ကျင့်ကြံသူတို့ကို ဒီလူတွေထဲမှာ တွေ့လိုက်တယ်။
သူတို့က ပုံပန်းသွင်ပြင်နဲ့ အရောင်အဝါတွေကို ပြောင်းလဲထားပေမဲ့၊ ကျွန်တော့်ရဲ့ ထိုးထွင်းမျက်လုံးကို မလှည့်စားနိုင်ဘူး။
အခုကျွန်တော်သေချာတာတစ်ခုက အသံမဲ့ရွှေပုစဉ်းကို ကိုင်ထားတဲ့သူက ရေခဲကျောက်စိမ်းနန်းတော်က တစ်ယောက် သို့မဟုတ်ရင် စံသခင်ကြယ်ပဲဖြစ်ရမယ်။”
“တာအိုရောင်းရင်းမိုးကြိုးနိယာမနဲ့ တာအိုရောင်းရင်းချူး…”
ယုံရှန်း၏စကားကိုကြားလျှင်၊ ရှောင်လုံထျန်းက ချက်ချင်း စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီကို ကြည့်လိုက်သည်။
"ကျုပ်မင်းတို့ကို ကျန်တဲ့ကိစ္စတွေအတွက် ပြသနာပေးရတော့မယ်။
သူတို့က အပြည့်အဝမပြင်ဆင်ထားဘူးဆိုတော့ အဲ့နှစ်ယောက်ကိုတော့ ရင်ဆိုင်နိုင်လိမ့်မယ်လို့ထင်တယ်။
ပြီတော့လည်း ကျုပ်ယုံကြည်ပါတယ်။ ခင်ဗျားတို့ရဲ့စွမ်းအားနဲ့ဆို အဲ့နှစ်ယောက်ကို ရင်ဆိုင်နိုင်ဖို့က မခက်ခဲလောက်ပါဘူး။”
***