← Chapters

ကောင်းကင်သခင်များ စစ်ပွဲမြေပြင်သို့ ရောက်လာခြင်း၊ အစစ်အမှန်ပန်းတိုင်

Vol. 34 Ch. 644

ကောင်းကင်သခင်များ စစ်ပွဲမြေပြင်သို့ ရောက်လာခြင်း၊ အစစ်အမှန်ပန်းတိုင်

Vol. 34 Ch. 644

ကောင်းကင်ပေါ်ရှိနယ်ပယ်တစ်ခုတွင်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အောက်ရှိစစ်ပွဲမြေပြင်ကို ကြည့်လိုက်ကြသည်။

ကျန်းချန်ရွှမ်က ပြောသည်။ “ကောင်းကင်ဘုံသားရဲချောက်နက်ရှိ နတ်ဆိုးမျိုးနွယ်က ဒီလောက်ထိ သည်းခံနေလိမ့်မယ်လို့ ကိုယ်မထင်ထားဘူး။ ဆယ်နှစ်ကုန်သွားတဲ့အချိန်မှာတောင်မှ နတ်ဆိုးမျိုးနွယ်က တိုက်ခိုက်မဲ့အရိပ်အယောင်ကို မတွေ့ရဘူး။ နှစ်ဖက်ကြားမှာ အများဆုံးခံရတာက နတ်ဆိုးမျိုးနွယ်တွေပဲ။”

ရှန်းရူယန်က ခေါင်းညိတ်ကာ ပြောသည်။ “တကယ်ပဲ အဲ့ကောင်တွေက တကယ်စိတ်ရှည်တာပဲ။

ဒီတစ်ခေါက်တော့ တကယ်ပဲ ကျွန်မတို့တိုက်ပွဲမှ ဝင်မပါဖို့ဆုံးဖြတ်ထားပုံရတယ်။”

“ဒါလည်း ကောင်းတာပါပဲ။”

ကျန်းချန်ရွှမ်၏မျက်လုံးထဲတွင် နက်ရှိုင်းသောအကြည့်တစ်ခုဖြတ်သွားသည်။

“သူတို့က သည်းခံဖို့ဆုံးဖြတ်ထားမှတော့ သည်းခံပါစေ။

နောက်ဆုံးနေ့မှာ ကိုယ်တို့ရဲ့ပန်းတိုင်က သူတို့မဟုတ်ဘူး။ ဒါပေမဲ့….”

စကားပြောရင်းနှင့် ကျန်းချန်ရွှမ်၏အကြည့်က ရုတ်တရက် အဝေးရှိကောင်းကင်သို့ ရောက်သွားသည်။

ထိုနေရာတွင်။

နှစ်ဖက်က စတင်တိုက်ခိုက်နေသည့် စစ်ပွဲအသစ်တစ်ခုရှိနေသည်။

သို့ရာတွင် ထိုအချိန်၌ ရင်ဆိုင်တိုက်ခိုက်နေကြသည်မှာ အဆင့်နိမ့် ကျင့်ကြံသူများ သို့မဟုတ် အခြေတည်ဝိညာဉ်ကျင့်ကြံသူများ မဟုတ်ကြတော့ဘဲ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မြင့်သွားပြီဖြစ်သည်။

ကောင်းကင်ဘုံကိုးခုနယ်ပယ်ထဲတွင်။

တုန်းဖန်ထျန်းရှင်း၊ မုရုံရှန်း နှင့် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းတို့ဖြစ်ကြသည်။

သူတို့သည် ရှောင်ရှန်းကျီ၊ ဝူရှင်းနှင့် တာအိုဝါဒီရှန်းထုံတို့နှင့် ပြင်းထန်သည့်တိုက်ပွဲကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။

နှစ်ဖက်စလုံးက စတင်လိုက်သည်နှင့် အင်အားကုန်သုံးထားကြပုံပေါ်သည်။

နယ်ပယ်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော နေရာလပ်အက်ကွဲကြောင်းများဆက်တိုက်ဖြစ်နေခဲ့သည်။

သန့်စင်သောယန်စစ်မှန်ရတနာနှင့် အဆင့် ၆ နတ်ဘုရားစွမ်းအားတို့က တစ်ခုပြီးတစ်ခုပေါ်လာသည်။

ချက်ချင်းပင် နယ်ပယ်ထဲတွင် နေရာအများအပြားသည် သက်ရောက်မှုကြောင့်လုံးဝ ဗလာဖြစ်သွားခဲ့သည်။

ကြီးမားသည့် အနက်ရောင်ဗလာနယ်က ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းအား တိုက်ပွဲတွင်ပါဝင်သော အောက်တွင်ရှိသည့် ကျင့်ကြံသူများကလည်း အာရုံခံမိကြသည်။

ချက်ချင်းပင် အောက်တွင်ရှိသောတိုက်ပွဲက ရပ်နားသွားသည်။

လူတိုင်းက အပေါ်ကောင်းကင်သို့ မော့ကြည့်နေကြသည်။

သူတို့၏မျက်နှာ၌စိတ်လှုပ်ရှားခြင်းနှင့် ကြောက်ရွံခြင်းများ ပေါ်နေကြသည်။

၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များ၏ တိုက်ပွဲဖြစ်သည်။

ထို့အပြင် တိုက်ပွဲစသည်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် ၃ ဦးပါဝင်သည်။

အရှိန်ဟုန်၊ အတိုင်းအတာနှင့် လှုပ်ရှားမှုများက လူတိုင်းကို မခံစားခဲ့ရဖူးသော တုန်လှုပ်ခြင်းကို ပေးစွမ်းနိုင်သည်။

“စီနီယာအစ်မ၊ ဆရာနဲ့အခြားသူတွေ အဆင်ပြေမယ်လို့ထင်လား?”

ခံတပ်တွင်ဖြစ်သည်။

ကန့်သတ်မဲ့ဂိုဏ်းမှ စံသခင်တောက်ပသစ်ရွက်က မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာနှင့် မေးလိုက်သည်။

ရွှေရှန်းလန်၏ လှပသောမျက်လုံးများက ကောင်းကင်ပေါ်တွင်ရှိနေကာ လေးနက်စွာပြောလိုက်သည်။

“ဆရာနဲ့အခြားသူတွေက ဒီအချိန်မှာ လှုပ်ရှားဖို့ရွေးချယ်ထားတယ်ဆိုမှတော့ အဲ့တာက သူတို့မှာနိုင်ဖို့ ယုံကြည်ချက်ရှိလို့ပဲပေါ့။ ငါတို့ စောင့်ကြည့်ဖို့ပဲလိုတာပါ။”

သူတို့စကားပြောနေချိန်တွင်ပင်၊ ကောင်းကင်ဘုံကိုးခုနယ်ပယ်တွင်းရှိ တိုက်ပွဲသည် ပြင်းထန်လာခဲ့သည်။

နှစ်ဖက်စလုံးက အစွမ်းကုန်တိုက်ခိုက်နေသည်ကို မြင်နိုင်သည်။

တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာကာ ဓားချက်များက ပို၍ အကြင်နာကင်းမဲ့လာသည်။

သို့ရာတွင် ထိုအချိန်၌ အင်အားကောင်းသည့်အရောင်အဝါနှစ်ခုက ရုတ်တရက် တိုက်ပွဲကို ဝင်ပါလာကြသည်။

“ဟားဟား ရှောင်ရှန်းချုံ၊ ထပ်ပြီးမခံနိုင်တော့ဘူးမလား။ ဟမ်?”

ထိုစကားများဖြင့် ကောင်းကင်ပေါ်တွင် ရေလှိုင်းလုံးကျယ်ကြီးက လိမ့်တက်လာသည်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ဖြစ်သည်။

သူ့၏ပြိုင်ဖက်မှ အဝါရောင်ပိုးသားဝတ်ရုံဝတ်ထားသည့် ရှောင်ရှန်းချုံဖြစ်သည်။

သူ၏အမူအရာက တည်ငြိမ်နေသည်။

သူသည် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ကကို ထေ့ငေါ့လိုက်သည်။

ခနအကြာတွင် သူ၏လက်ထဲတွင် စေတီတစ်ဆူပေါ်လာခဲ့သည်။

စေတီတစ်ဆူလုံးက အဝါရောင်အလင်းကို ထုတ်လွတ်နေပေသည်။

ခနအကြာတွင် ထိုတောက်ပသည့်အဝါရောင်အလင်းထဲတွင်၊ ကောင်းကင်နဂါးကိုးကောင်က ရုတ်တရက် ပျံထွက်လာကာ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်အား ခုန်အုပ်လိုက်သည်။

“အဆုံးမဲ့ပင်လယ်၊ နှစ်အများကြီးကြာပြီးတော့ မင်းရဲ့ ဒေါသပင်လယ်လှိုင်းတွေက ဘယ်လောက်တိုးတက်မှု ရှိလာလဲ ဆိုတာ ငါကြည့်ရတာပေါ့။”

ဝုန်း….

အပြာနှင့် အဝါရောင်ချီများရောယှက်နေသည့် လှိုင်းက ရုတ်တရက် ကောင်းကင်ပေါ်မှ ဖြတ်သွားခဲ့သည်။

ခွပ်….

အလယ်တွင် နေရာလပ်တစ်ခုက ရုတ်တရက်အနက်ရောင်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံက ထိုအထဲမှ ပဲ့တင်နေပုံရသည်။

“ဟမ်?”

ရုတ်တရက်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အောက်ဖက်နယ်ပယ်တွင်ရှိနေရာမှ သူတို့၏အာရုံကို ကောင်းကင်ဘုံကိုးခုနယ်ပယ်သို့ လှည့်လိုက်သည်။

ထိုနှစ်ဦးသည် မတတ်နိုင်ဘဲတစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ကျန်းချန်ရွှမ်က ပြောသည်။ “ရူယန်၊ ကြည့်ရတာ ငါတို့လှုပ်ရှားဖို့ အချိန်ရောက်ပြီထင်တယ်။”

“ကောင်းပြီ။”

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

ခနအကြာတွင်၊ ပုံရိပ်နှစ်ခုက နေရာမှပျောက်သွားလေသည်။

တစ်ချိန်တည်း၌ပင်။

ကောင်းကင်ဘုံကိုးခုနယ်ပယ်တွင်၊

ရုတ်တရက် တုန်းဖန်ထျန်းချင်နှင့် မုရုံရှန်းတို့၏နောက်တွင် ပုံရိပ်နှစ်ခုက‌ ပေါ်လာခဲ့သည်။

တစ်ဦးသည် အပြာရောင်ပိုးသားဝတ်ရုံကိုဝတ်ဆင်ထားကာ အခြားတစ်ဦးမှာ အနီရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူတို့ထံမှထွက်နေသောအရောင်အဝါအရ နှစ်ဦးလုံးက ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်များဖြစ်ကြပြီး အရှေပိုင်းနေသုံးစင်းဂိုဏ်းနှင့် ချူးမိသားစုမှလူများဖြစ်ကြသည်။

ကောင်းကင်သခင် ငြိမ်သက်ခြင်းနေမင်းနှင့် ချူးဝူယိုတို့ဖြစ်ကြသည်။

ထိုသူနှစ်ဦးသည် ပေါ်ထွက်လာသည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းတုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်တို့အား တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင်၊ ရွှေရောင်ဘီးနှင့် တစ်လက်က အဖြူရောင်ဖြစ်ကာ တစ်လက်က အနက်ရောင်ဖြစ်သော ဓားနှစ်လက်တို့က တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့အား တိုက်ခိုက်လိုက်သည်။

“သတိထား..”

ထိုရုတ်တရက်အခြေအနေကိုမြင်လျှင် အောက်ဖက်မှကြည့်နေသော ရွှေရှန်းလန်နှင့် စံသခင်တောက်ပသစ်ရွက် တို့က ထိတ်လန့်သွားကြသည်။

နှစ်ဦးသားသည် မနေနိုင်ဘဲ အံ့အားသင့်စွာအော်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊

ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းနှင့် ချူးဝူယိုတို့၏နောက်မှ အသံတစ်ခုပေါ်လာသည်။

“အားနာပါတယ်။ ရှင်တို့နှစ်ယောက်ရဲ့ပြိုင်ဖက်က ကျွန်မပဲ။”

ထိုစကားဖြင့် ရှန်းရူယန်၏ပုံရိပ်က ရုတ်တရက် ထိုနှစ်ဦး၏ဘေးတွင်ပေါ်လာခဲ့သည်။

သူမသည်လက်ကို မြောက်လိုက်သည်။

ခရမ်းရောင်မိုးကြိုးသွားနှစ်ခုက ရွှေရောင်ဘီးနှင့် အဖြူနှင်အနက်ရောင်ဓားနှစ်လက်ကို ထိုးခွဲလိုက်လေတော့သည်။

“မြောက်ပိုင်းနယ်နိမိတ် ကျန်းမိသားစုက ရှန်းရူယန်ပဲ။”

ရှန်းရူယန်ကိုတွေ့လျှင် ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းနှင့် ချူးဝူယိုတို့၏အမူအရာက လေးနက်လာသည်။

သူတို့သည် ထိုနေ့ကထိုအမျိုးသမီးမှပြခဲ့သည့် စွမ်းအားကိုမမေ့သေးပါ။

အထူးသဖြင့် ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းဖြစ်သည်။

သူသည် သူ၏ဂျူနီယာညီလေး ကောင်းကင်သခင်ရှောက်ယန်က ထိုအမျိုးသမီး၏လက်ထဲ၌ သေဆုံးသွားရကြောင်းကို သိပါသည်။

“ကောင်းပြီ။ ကြည့်ရတာ ကျွန်မကိုအကုန်သိကြပုံပဲ။”

ရှန်းရူယန်၏လှပသောမျက်လုံးထဲတွင် လျှပ်စီးကလင်းလက်သွားသည်။

ခနအကြာတွင် သူမသည် အလင်းမိုးကြိုးသွားအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သခင် ငြိမ်သက်ခြင်းနေမင်းနှင့် ချူးဝူယိုတို့အား တိုက်ခိုက်တော့သည်။

“အိုး..မဖြစ်ဘူး။”

ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းနှင့် ချူးဝူယို၏ အမူအရာသည်ပြောင်းလဲသွားသည်။

သူတို့သည် ယခုပင် ရှင်းလင်းစွာခံစားခဲ့ရသည်။

ရှန်းရူယန်သည် တကယ်ပင်သည် ကောလဟသများကဲ့သို့တကယ်ပင် စွမ်းအားကြီးသည်။

နှစ်ဦးတည်းနှင့် ခုခံရန်မဖြစ်နိုင်ပါ။

ကံကောင်းစွာပင်၊ ထိုအချိန်က အခြားနေရာတစ်ခုတွင် များစွာသောလူများရှိနေသောနေရာ၌ ရုတ်တရက် စွမ်းအားကြီးသောအရောင်အဝါသုံးခုပေါ်လာခဲ့သည်။

သူတို့သည် နေသုံးစင်းဂိုဏ်းမှ ကောင်းကင်သခင်နေရောင်ခြည်၊ ချူးမိသားစုမှချူးထျန်းကျုံးနှင့် ရှေးဟောင်းအကြွင်းအကျန်ဂိတ်မှ တာအိုဝါဒီဟွမ်းရှန်းတို့ဖြစ်သည်။

သူတို့ထဲတွင် တာအိုဝါဒီဟွမ်းရှန်းက အဆင့် ၆ နတ်ဆိုးဧကရာဇ်များစွာကို သတ်ဖြတ်ထားနိုင်သော စွမ်းဆောင်ရည်ရှိသည်။

ထိုလူသည် ရှန်းရူယန်အားရင်ဆိုင်ရန် အဓိကအားပင်ဖြစ်သည်။

ထိုအချိန်၌ သူတို့သည် ရှန်းရူယန်အား ကောင်းကင်သခင်ငါးဦးဖြင့် တိုက်ခိုက်လျှင်ပင် ကိုင်တွယ်နိုင်ခြင်းမရှိနိုင်ဟု မယုံကြည်ပါ။

ယခင်တစ်ခေါက်ကထပ် လာသည့်လူမှ နည်းနေပုံထင်ရသော်လည်း

ယခင်တစ်ခေါက်က ကောင်းကင်သခင်ရှောက်ယန်ကော ရှောင်ရှန်းကျီပါ ၎င်းတို့၏အထွတ်အထိပ်သို့ မရောက်သေးပါ။

ယခင်တစ်ခေါက်က ကျန်းချန်ရွှမ်နှင့် ပြင်းထန်သောတိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး အင်အားများစွာ ကုန်ဆုံးထားသေးသည်။

ထို့နောက် သူသည် ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသုံးဦးတို့နှင့်တိုက်ပွဲတွင်လည်း အင်အားများစွာကုန်ဆုံးထားသေးသည်။

သို့သော် ယနေ့မှာမူကွာခြားသည်။

တာအိုဟွမ်းရှန်းတို့ငါးဦးအဖွဲ့သည် အားလုံးပေါင်းစွမ်းအင်က ယခင်တစ်ခေါက်က ခြောက်ဦးပေါင်းထပ် စွမ်းအားများစွာသာလွန်နေပြီဖြစ်သည်။

သူတို့၏အထွတ်အထိပ်အခြေအနေသည် ယခင်ခြောက်ဦးက မယှဉ်နိုင်လောက်ပေ။

သူတို့သည် ရှန်းရူယန်အား ရှုံးနိမ့်စေရန် သို့ သတ်ဖြတ်ရန် ၆၀ ရာခိုင်နှုန်းပင် ဖြစ်နိုင်ချေရှိမည်ဟု ယုံကြည်နေသည်။

ထိုအချိန်တွင်ပင် လူတိုင်းက တစ်ခုခုကိုသတိပြုမိသွားသည်။

ကြည့်ရသည်မှာ တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့သည် အရှေ့ပိုင်းနှင့် အလယ်ပိုင်း၏ တကယ့်ပစ်မှတ် ဟုတ်ပုံမပေါ်ပေ။ အဓိကပစ်မှတ်မှာ ရှန်းရူယန်ဖြစ်ကာ သူမအတွက်သာ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တိုက်ပွဲတွင်ပါဝင်လာခြင်းဖြစ်သည်။

အမှန်တကယ်မှာ ရှန်းရူယန်၏ ယခင်တစ်ခေါက်က လုပ်ဆောင်မှုကြောင့်ဖြစ်ပြီး သူတို့သည် သူမအား အရှေ့ပိုင်းနှင့် အလယ်ပိုင်းအတွက် ချိန်းခြောက်မှုတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြသည်။

ထို့ကြောင့်။

ဤတစ်ကြိမ်တွင် အကယ်၍ သူတို့သည် ဖြစ်နိုင်သမျှသော ကဒ်များစွာကိုသုံးကာ ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်ကိုပင် ချေမှုန်းပစ်ရန် နည်းလမ်းကိုရှာမည်ဖြစ်သည်။

“ရှင်တို့က ကျွန်မကို ရင်ဆိုင်ဖို့ အင်အားထုတ်ထားခဲ့တာပဲ။”

မိုးကြိုးများလင်းလက်နေသည့်ကြားမှ ရှန်းရူယန်၏အသံကို ကြားလိုက်ရသည်။ တာအိုဝါဒီဟွမ်းရှန်း၏ မျက်စိသူငယ်အိမ်များက အလင်းများဖြင့်လင်းလက်သွားကာ သူမ၏စကားကြောင့် အနည်းငယ်ပြုံးလိုက်သည်။

“မင်းရဲ့အင်အားနဲ့ဆို ငါတို့ဘယ်လောက်ပဲ ပြင်ဆင်ပြီး အားထုတ်ပါစေ အပိုမဖြစ်ဘူး။ ငါတို့မျှော်လင့်တာ ဒါပြီးရင် မင်းက ကမ္ဘာမြေပေါ်က လုံးဝ ပျောက်ကွယ်သွားဖို့ပဲ။”

ကျီ….

ထိုစကားများပြောပြီးနောက်၊ ထူးဆန်းသည့်အလင်းများက ရုတ်တရက် တာအိုဝါဒီဟွမ်ရှန်း၏မျက်လုံများထဲ၌ ပေါ်လာခဲ့သည်။

ချက်ချင်းပင်၊ အဆုံးမရှိမိုးကြိုးများနှင့် ကာဆီးနေသည့်ရှန်းရူယန်က ရုတ်တရက် ဝါးသွားသည်။

ခနအကြာတွင်၊ သူမ၏ပတ်ပတ်လည်ရှိ မိုးကြိုးများက ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

“အခုပဲ…”

ထိုအချိန်တွင်၊ ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်း၊ ကောင်းကင်သခင်နေရောင်ခြည်၊ ချုးဝူယိုနှင့် ချူးထျန်းကျုံတို့က တပြိုင်နက်လှုပ်ရှားလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများက ချက်ချင်းပေါက်ထွက်လာခဲ့သည်။

ရှန်းရူယန်တို့ရှိနေသော နေရာသည်ချက်ချင်း ရှိန်လောက်သည့် ဝိညာဉ်ဖွဲ့စည်းခြင်းစွမ်းအားများဖြင့် ပြန့်နှံသွားသည်။

သို့ရာတွင် တာအိုဝါဒီဟွမ်းရှန်း၏ မျက်နှာတွင်ပျော်ရွင်မှုမရှိပေ။

သူ၏မျက်စိသူငယ်အိမ်နှစ်ခုက ဆက်တိုက်လည့်နေသည်။

ခနအကြာတွင်၊ ခုနစ်ရောင်ခြယ်ရောင်ခြည်က ရုတ်တရက် ညာဖက်မှ ပေါ်ထွက်လာခဲ့သည်။

“အဲ့ဒီမှာပဲ။”

ဝုန်း….

စကားလုံးများကျရောက်လာသည်နှင့် ဝိညာဉ်ဖွဲ့စည်ခြင်းကောင်းကင်သခင်များအား သုတ်သင်နိုင်သော တိုက်ခိုက်မှုငါးခုက ချက်ချင်းထိုနေရာလပ်တွင် ပေါ်လာခဲ့သည်။

ခွပ်…

တစ်ချိန်တည်းမှာပင်။

မိုးကြိုးများက လေထဲတွင် ထပ်မံ၍ပေါ်လာသည်။

ရှန်းရူယန်၏ပုံရိပ်က အခြားနေရာလပ်တစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။

တာအိုဝါဒီဟွမ်းရှန်း၏မျက်စိသူငယ်အိမ်များက ထပ်မံ၍ လှည့်ပတ်နေသည်။

လူငါးဦး၏တိုက်ခိုက်မှုများက ထပ်မံ၍ ကျရောက်လာသည်။

ရှန်းရူယန်၏ပုံရိပ်က အခြားနေရာလပ်တစ်ခုတွင် ထပ်၍ ပေါ်လာချိန်တွင် တာအိုဝါဒီဟွမ်းရှန်း၏ပါးစပ်က ကွေးသွားခဲ့သည်။

“မင်းအခု မလွတ်မြောက်နိုင်တော့ဘူး။”

ကျီ….

လေဟာနယ်ထဲတွင်။

အထူးသဖြင့် ရှန်းရူယန်ပေါ်လာသည့် နေရာတွင် မမြင်နိုင်သော ချည်ကြိုးများ ရစ်ပတ်နေပုံပေါ်ပေသည်။

နောက်ဆုံးတွင် သူတို့သည် ကြီးမားသည့်ပိုက်ကွန်တစ်ခုဖြစ်သွားကာ ရှန်းရူယန်လှုပ်ရှားနိုင်သည့်နေရာများအား ခဲသွားစေသည်။

“ဟမ်?

ပုံရိပ်ယောင်အား အစစ်မှန်ဖြစ်စေခြင်း ဒါက ရှင့်ရဲ့တကယ်စွမ်းအားလား?”

ရှန်းရယန်၏မျက်လုံများက ရုတ်တရက် ကျဉ်းသွားသည်။

“သူတို့ရှင့်ကို ကျွန်မနဲ့ရင်ဆိုင်ဖို့လွတ်လိုက်တာကိုမအံ့ဩတော့ပါဘူး။ ကြည့်ရတာ သူတို့က ကျွန်မကို တစ်နေရာမှာပိတ်မိစေချင်ပြီး အပြင်က ကျွန်မဆွဲယူနိုင်တဲ့ ဝိညာဉ်ချီအားလုံးကို စည်းချထားချင်တာပဲ။ ဒါကရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆို တော်တော်လေးအထင်ကြီးစရာကောင်းတဲ့ စွမ်းအားတစ်ခုပဲ။ ဒါပေမဲ့….

ဒါပေမဲ့….”

စကားပြောလိုက်ရင်း၊ ရှန်းရူယန်၏မျက်လုံးသည် ရုတ်တရက်သူမတူထူးကဲစွာစူးရှသွားသည်။

သူမ၏မျက်လုံးထဲတွင် မုန်တိုင်းများနှင့် မိုးကြိုးမုန်တိုင်းများက ပေါက်ထွက်သွားတော့မတတ် တိုက်ခတ်နေပုံရသည်။

သူမသည် အေးစက်သည့်အသံဖြင့် ဆက်ပြောလိုက်သည်။

“ဒါကိုပဲအားကိုးနေတာက မလုံလောက်ဘူး။”

***

All Chapters