နတ်ဘုရားစွမ်းအင် “အလင်းဖြတ်တောက်ခြင်း”၊ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူအား ချက်ချင်းသတ်ဖြတ်ခြင်း
Vol. 34 Ch. 645
ဝုန်း…
ချက်ချင်းပင်၊ စူးရှတောက်ပသည့်မိုးကြိုးများပေါက်ထွက်လာခဲ့သည်။
ထိုအလင်းမိုးကြိုးများအတွင်းတွင်၊ ပြင်းထန်သောမီးတောက်များရှိနေသည်။
မိုးကြိုးနှင့် မီးက ရောယှက်နေခဲ့သည်။
ဆုတ်ဖြဲခြင်းနှင့် ဆွဲခွာသော အသံများပဲ့တင်ထပ်နေခဲ့သည်။
မူလကရှုပ်ထွေးနေပြီးဆက်နေသည့် မမြင်နိုင်သောချည်ကြိုးများနှင့် ကြီးမားသည့်ပိုက်ကွန်က ချက်ချင်းတစ်လက်မချင်းဆီဆုတ်ပြဲသွားသည်။
၎င်းသည် တာအိုဝါဒီဟွမ်းရှန်း၏ မျက်စိသူငယ်အိမ်များကိုကျဉ်းသွားစေသည်။
ခနအကြာတွင်၊ တလက်လက်ဖြစ်နေသည့် မိုးကြိုးဖြင့်ပြုလုပ်ထားသောမြှားသည် သူနှင့် အခြားလေးဦးကို ဦးတည်ကာပစ်လွှတ်လာသည်။
“ရပ်လိုက်။”
တာအိုဝါဒီဟွမ်းရှန်း၏လက်က အမြန်ပင် စည်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ချက်ချင်းပင်၊ ထူးဆန်းသောစွမ်းအင်လှိုင်းက ဖြတ်သွားခဲ့သည်။
သူနှင့်အခြားလေးဦးကို ဦးတည်လာသည့် မိုးကြိုးမြှားများက တကယ်ပင် သူပြောသကဲ့သို့ လေထဲတွင် ရပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လေထဲတွင် ရပ်သွားသော မိုးကြိုးမြှားများက ပုံရိပ်ယောင်ဖြစ်သွားပုံရပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာခဲ့သည်။
“စိတ်ဝင်စားစရာပဲ။”
ရှန်းရူယန်က သူမ၏မျက်လုံးများကို ကျဉ်းလိုက်သည်။
သို့ရာတွင်၊ ထိုအချိန်၌ သူမသည်ရုတ်တရက် အန္တရာယ်ရှိသည့် အရောင်အဝါကို သူမ၏နတ်ဘုရားအာရုံထဲမှ ခံစားလိုက်ရသည်။
သူမ၏ခန္ဓာကိုယ်က ချက်ချင်းပင် သန့်စင်သောမိုးကြိုးအဖြစ်ပြောင်းလဲသွားသည်။
ဝုန်းဟူသောအသံမြည်သွားသည်။
အလွန်လွမ်းမိုးနိုင်သော ဓားအလင်းတန်းက ရုတ်တရက် သူမ၏နောက်မှ ပေါ်ထွက်လာခဲ့သည်။
ဖူး…..
နေရာလပ်က ချက်ချင်း ပြိုကွဲသွားသည်။
ရှန်းရူယန်၏မိုးကြိုးခန္ဓာကိုယ်က မိုင်ဒါဇင်ပေါင်းများစွာ၏အဝေးတွင် ပေါ်ထွက်လာခဲ့သည်။
သူမနှင့် သိပ်မဝေးသည့်နေရာတွင်၊ ဆဆံပင်ရှည်နှင့်စူးရှသောမျက်လုံး ရှိသည့်သူက တဖြည်းဖြည်း ပေါ်လာသည်။
သူ၏လက်ထဲတွင် ကတ္တရာစေးအနက်ရောင် ဓားရှည်ရှိသည်။
“ဟမ်? ရှင်က?
မဟာလင်းအင်ပါယာနန်းတော်က ဓားသခင်ကောင်းကင်ဓားသွားပဲ”
ရှန်းရူယန်က ထိုသူအား တစ်ချက်ကြည့်ရုံနှင့်မှတ်မိသွားခဲ့သည်။
ထိုအချိန်တွင် သူမ၌ အနှစ်သာရကိုးပါးကျင့်ကြံခြင်းလောကရှိ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များ အားလုံးကို နားလည်နေခဲ့ပြီဖြစ်သည်။
အထူးသဖြင့် ကောင်းကင်ဓားသွားကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များထဲတွင် ရှိန်လောက်စရာ စွမ်းအားရှိသည့်သူအား ရှန်းရူယန်က ကောင်းမွန်စွာသိပါသည်။
“ဒါဆို ဒီတစ်ခေါက်ရှင်တို့ဘက်က တကယ့်ဝှက်ဖဲက တာအိုဝါဒီဟွမ်းရှန်းမဟုတ်ဘဲ ရှင်ပေါ့။”
တကယ်ပင်။
ကောင်းကင်ဓားသွားကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်သို့ရောက်နေသည့် ကျင့်ကြံသူသည်သာလျှင် သူမအားချိန်းခြောက်မှုပေးနိုင်သည်။
ကျီ….
သို့ရာတွင်၊ ကောင်းကင်ဓားသွားက ဘာမှမပြောပေ။
သူက မျက်လုံးများကိုဖွင့်လိုက်သည်။
သူ၏လက်ထဲမှ အနက်ရောင်ဓားရှည်က ရုတ်တရက် လေထဲတွင် စက်ဝိုင်းခုံးတစ်ခုကို ဆွဲလိုက်သည်။
ချက်ချင်းပင်၊ ဓားရှည်က ရှန်းရူယန်ရှိနေသည့်လေဟာနယ်တွင်ပေါ်လာခဲ့သည်။
ရှန်းရူယန်သည် မိုးကြိုးအဖြစ်သို့ပြောင်းလဲကာ ထွက်ပြေးလွတ်မြောက်ရန် လုပ်တော့မည့်အချိန်တွင် ထူးဆန်းသည့် အလင်းစက်ဝန်းက ရုတ်တရက် တာအိုဝါဒီဟွမ်းရှန်၏မျက်စိသူငယ်အိမ်ထဲတွင် ပေါ်လာခဲ့သည်။ ၎င်းသည် ရှန်းရူယန်ရှိနေသည့်နေရာလပ်အား သိမ်မွေ့သည့် ထင်ယောင်ထင်မှားကိုဖြစ်စေနိုင်သည်။
ဝုန်း…..
ရှန်းရူယန်၏ပုံရိပ်က နောက်ဆုံးတွင် နောက်သို့လွင့်သွားသည်။
ကလောင်..ကလောင်….
လေထဲတွင် သတ္တုများရိုက်နေသံက အဆက်မပြတ်ထွက်လာခဲ့သည်။
ရှန်းရူယန်၏ မိုးကြိုးငါးသွယ်မသေမျိုးဓားနှင့် ကောင်းကင်ဓားသွား၏အနက်ရောင်ဓားရှည်တို့က ချက်ချင်းတွင် အကြိမ်ရာချီအောင် တိုက်ခိုက်ခဲ့ကြသည်။
နောက်ဆုံးတွင် မိုးကြိုးငါးသွယ်မသေမျိုးဓားက ငါးရောင်ခြယ်မိုးကြိုးသွားအဖြစ်ပြောင်းလဲသွားပြီး ရှန်းရူယန်၏လက်ထဲသို့ပြန်ရောက်လာခဲ့သည်။ ၎င်းသည် အနည်းငယ်တုန်ရီနေခဲ့သည်။
မည်သို့ပင်ဖြစ်ပါစေ၊ ရှန်းရူယန်၏ မိုးကြိုးငါးသွယ်မသေမျိုးဓားက အဆင့် ၆ သို့ရောက်ရန်လိုနေသေးသည်။ ကောင်းကင်သခင်၏ အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာနှင့် ယှဉ်လျှင် ၎င်းသည် နိမ့်နေသေးသည်။
အရေးအကြီးဆုံးအချက်မှာ ရှန်းရူယန်အားအကျိုးမရှိစေရန်အတွက် တာအိုဝါဒီဟွမ်းရှန်း၊ ကောင်းကင်သခင် ငြိမ်သက်ခြင်းနေမင်း၊ ကောင်းကင်သခင်နေရောင်ခြည်၊ ချူးဝူယိုနှင့် ချူးထျန်းကျုံတို့က ဆက်တိုက် သူမအားတိုက်ခိုက်နေခြင်းဖြစ်သည်။
ပထမဆုံးအနေနှင့် ရှန်းရူယန်က အလွန်အန္တရာယ်ရှိသည့်အခြေအနေထဲသို့ ကျရောက်နေခဲ့သည်။
တာအိုဝါဒီဟွမ်းရှန်း၏မျက်လုံးထဲတွင်၊ အနက်ရောင်အပေါက်နှစ်ခုက ပေါ်လာကာ အတွင်းသို့ပြိုကျနေပြီး ထိုချောက်နက်က လူတိုင်းကို ထိုအထဲသို့ ဆွဲသွင်းသွားတော့မည့်ပုံစံမျိုးဖြစ်နေသည်။
သို့ရာတွင်၊ ထိုအချိန်ကွက်တိတွင် ကောင်းကင်ပေါ်၌ ရွှေရောင်အလင်းက ပေါ်ထွက်လာသည်။
ထိုရွှေရောင်အလင်းသည် တစ်လက်လက်တောက်ပနေသည်။
၎င်းသည်လေထဲ၌ မျဉ်းဖြောင့်ကိုဆွဲလိုက်လေသည်။
ရွှမ်းကနဲမြည်သည်အထိဝေ့ယမ်းလိုက်သည်။
၎င်းနှင့်အနီးတွင်ရှိနေသော ကောင်းကင်သခင် နေရောင်ခြည်က ချက်ချင်းပင် ထိုအလင်းမှ ထိုးခွဲခြင်းကို ခံလိုက်ရသည်။
ပြီးနောက် သူ၏ခန္ဓာကိုယ်သည် နဖူးတည့်တည့်မှစ၍ နှစ်ပိုင်းကွဲသွားခဲ့သည်။
ဗွမ်းဟူသောအသံမြည်သွားခဲ့သည်။
တောက်ပသည့်နေရောင်က ရုတ်တရက် ကောင်းကင်ပေါ်မှကျလာခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်တစ်ဦးဖြစ်သည့် ကောင်းကင်သခင်နေရောင်ခြည်သည် ထိုရွှေရောင်လိုင်းမှ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီဖြစ်သည်။
ဝှစ်….
လေထဲတွင် ပြင်းထန်သောဝိညာဉ်ချီက လိမ့်တက်လာသည်။
ထိုရုတ်တရက်မြင်ကွင်းက ကောင်းကင်ဓားသွား၊ တာအိုဝါဒီဟွမ်းရှန်းနှင့် ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်း တို့သည်ပင် ကြောင်အသွားစေသည်မကဘဲ ရှောင်ရှန်းကျီ၊ရှောင်ရှန်းချုံတို့နှင့် တိုက်နေသော တုန်းဖန်ထျန်းရှင်း နှင့် ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းတို့ကိုပင် အံ့အားသင့်သွားစေသည်။
“အခုဘာဖြစ်သွားတာလဲ?”
လူတိုင်းက ရွှေရောင်လိုင်း၏ရင်းမြစ်ကို ကြည့်လိုက်လေသည်။
ထိုနေရာတွင်မူ၊
ကျန်းချန်ရွှမ်၏ပုံရိပ်က တဖြည်းဖြည်းနှင့် ပေါ်လာခဲ့သည်။
သူသည် ရှန်းရူယန်ကိုပြုံးပြလိုက်သည်။
“ဘယ်လိုလဲ? ရူယန် ကိုယ့်ရဲ့ သတ္တုဓာတ်နတ်ဘုရားစွမ်းအား၊ အလင်းဖြတ်တောက်ခြင်းက အဆင်ပြေတယ်မလား? မင်းကိုစိတ်ပျက်စေလား?
ဝှစ်….
ပြောပြီးနောက်တွင် ကျန်းချန်ရွှမ်၏ပုံရိပ်က ထပ်မံ၍ ပျောက်သွားခဲ့ပြီး ရွှေရောင်လိုင်းကဲ့သို့ ပြောင်းလဲသွားပေသည်။
လူတိုင်းကထိတ်လန့်သွားသည်။
တာအိုဝါဒီဟွမ်းရှန်း၏မျက်လုံးများက အမြန်လှည့်နေကာ သူအမှန်ကိုရှာဖွေတွေ့ရှိချင်နေသကဲ့သို့ဖြစ်နေသည်။ သို့ရာတွင် သူသည် မည်သည့်အရာများဖြစ်သွားသည်ကို နားမလည်နိုင်ခင်တွင်ပင် သိမ်မွေ့သော လေဝှေ့သည့်အသံက ကောင်းကင်ပေါ်မှ ထပ်လာခဲ့သည်။
ချူးမိသားစုမှ ချူးထျန်းကျုံသည် သူ၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ကျယ်လာသည်။
“မင်း…”
သူသည် စကားတစ်လုံးပင်ထွက်ရသေးချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နှစ်ပိုင်းပြတ်သွားခဲ့သည်။
ကောင်းကင်ပေါ်တွင် မျှော်စင်တောင်တစ်ခုက ပြိုကျသွားသည်။
၎င်းနှင့်အတူ အခြားပြင်းထန်သည့် ဝိညာဉ်ချီကလိမ့်တက်လာခဲ့သည်။
ဒုတိယမြောက်ဝိညာဉ်ဖွဲ့စည်ခြင်းကောင်းကင်သခင်ဖြစ်သည်။
ကျဆုံးသွားခဲ့လေပြီ။
“မင်း၊ မင်း၊ မင်း..”
ချူးဝူယိုနှင့် ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းတို့က ထိတ်လန့်စွာနှင့် နောက်ပြန်ဆုတ်သွားကြသည်။
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်နှစ်ဦးကို လှုပ်ရှားမှုနှစ်ခုတည်းဖြင့် သတ်ခဲ့သည်။
၎င်းသည် ရှိန်လောက်သည်ဟု ရိုးရှင်းစွာဖော်ပြ၍မရနိုင်ပါ။ ၎င်းသည် ကြောက်မက်ဖွယ်ရာ၊ မနှိုင်းယှဉ်နိုင်သော ကြောက်စရာကိစ္စဖြစ်သည်။
ရုတ်တရက် ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းက တစ်ခုခုကိုသတိထားမိသွားပုံ ပေါ်ကာ ကျန်းချန်ရွှမ်အား လက်ညိုးထိုး၍ ပြောလိုက်သည်။
“မင်း… မင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ကျော်ဖြတ်နိုင်သွားပြီလား?”
“ဘာ?”
ထိုအချိန်တွင်တာအိုဝါဒီဟွမ်းရှန်းနှင့် ကောင်းကင်ဓားသွားတို့က အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
ကျန်းချန်ရွှမ်က ဝိညာဉ်ဖွဲ့စည်းခြင်းကို ထိုးဖောက်ပြီးပြီဖြစ်သည်။
သူတို့မည်သို့ မသိခဲ့ရပါသနည်း?
သူတို့သည် လုံးဝအာရုံမခံခဲ့မိပါ။
၎င်းက မည်သို့ဖြစ်နိုင်မည်နည်း?
သိရမည်မှာ နှစ်ဖက်စလုံး၏ကြားမှအခြေအနေဖြစ်သည် အကယ်၍ကျန်းချန်ရွှမ်က ဝိညာဉ်ဖွဲ့စည်းခြင်းကို ထိုးဖောက်မည်ဆိုလျှင် သူတို့၏ဖက်မှ သေချာပေါက် အာရုံခံမိပြီး တားဆီးရန်ကြိုးစားမည်ဖြစ်သည်။
ထို့အပြင် သူသည်မည်ကဲ့သို့ လူသားအတိဒုက္ခကို ဖြတ်ကျော်ရှင်သန်နိုင်ခဲ့ပါသနည်း?
၎င်းသည် တာအိုဝါဒီဟွမ်းရှန်းနှင့် ကောင်းကင်ဓားသွားတို့က မည်သို့ပင်ဖြစ်စေ သိနိုင်တော့မည်မဟုတ်ပါ။
ရွှစ်…
ထိုအချိန်တွင်ပင် ကျန်းချန်ရွှမ်၏ပုံရိပ်က ရွှေရောင်လိုင်းအဖြစ်သို့ ထပ်မံပြောင်းလဲသွားခဲ့သည်။
အရှိန်က မြန်လွန်းသဖြင့် ပစ်မှတ်ဖြစ်သည့် ချူးဝူယိုက တုံ့ပြန်မှုပင်မပြုလုပ်နိုင်ပါ။
ကောင်းကင်ဓားသွားက တုံ့ပြန်လိုက်သော်လည်း၊ သူ၏အရှိန်က ရှင်းလင်းစွာပင် ရွှေရောင်ချည်မျှင်အဖြစ် ပြောင်းလဲသွားသည့် ကျန်းချန်ရွှမ်လောက် မမြန်ပါ။
ချူးဝူယိုက ကျန်းချန်ရွှမ်သတ်လိုက်သော တတိယမြောက်ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ဖြစ်လာခဲ့သည်။
၎င်းသည် မည်ကဲ့သို့သောနတ်ဘုရားစွမ်းအားမျိုး ဖြစ်ပါသနည်း?
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်က မည်သည့်အချိန်က ဤမျှလောက် အားနည်းသွားရပါသနည်း?
ဝုန်း….
ချူးဝူယိုသတ်ခံရသည့်အချိန်တွင် ကျန်းချန်ရွှမ်ပြောင်းလဲထားသည့် ရွှေရောင်ချည်မျှင်က ကောင်းကင်ဓားသွား၏ ဓားအလင်းတန်းနှင့် ပြင်းထန်စွာတိုက်သွားသည်။
ချက်ချင်းပင်၊ ထက်ရှသည့် ဖြတ်တောက်သည့်ဓားက နေရာလပ်အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေခဲ့ပြီး လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။
ဒုတ်..ဒုတ်…ဒုတ်…
ကောင်းကင်ဓားသွားက ဆက်တိုက်နောက်သို့ဆုတ်ရန်ဖိအားပေးခံနေကြသည်။
သူထုတ်လွတ်လိုက်သည့် ဓားအလင်းတန်းက အလင်းမှုန်များအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်တွင် ပြည့်နေကာ ကျန်းချန်ရွှမ်ပြောင်းလဲထားသည့်ချည်မျှင်နှင့်တွေ့သောအခါ ပပျောက်သွားခဲ့သည်။
၎င်းသည် ကောင်းကင်ဓားသွားနှင့် တာအိုဝါဒီဟွမ်းရှန်း၏ အမူအရာကို လေးနက်တည်ငြိမ်သွားစေသည်။
သူတို့သည်တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြသည်။
စကားတစ်ခွန်းမှမပြောဘဲနှင့် သူတို့သည် ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းကို ခေါ်ကာ ထွက်ခွာရန်် ပြန်လှည့်လိုက်သည်။
ဟာသပင်။
သူတို့သည် ရှန်းရူယန်အားရင်ဆိုင်ရန် အားထုတ်မှုများစွာပြုလုပ်၍ စီစဉ်ခဲ့သည်။
လူများစွာကိုပင် ပို့ဆောင်ခဲ့သေးသည်။
ယခုမူ သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား တစ်ချိန်တည်းတွင်ရင်ဆိုင်နေရသည်။ သူတို့သည် အကယ်၍ စွမ်းအားမြင့်သောအရာတစ်ခုခု ကြားဝင်ခြင်းမရှိလျှင် အကယ်၍ သူတို့၏လူအရေအတွက် နှစ်ဆမြင့်လျှင်ပင် ထိုစုံတွဲအားဘာမှလုပ်နိုင်မည်မဟုတ်ဟု ယုံကြည်နေကြသည်။
သူတို့၏အဆင့်တွင် ဓမ္မစွမ်းအားနှင့်ပက်သက်သောအရာများက ပြသနာမဟုတ်တော့ပဲ နတ်ဘုရားစွမ်းအား၊ ရတနာများနှင့် စည်းမျဉ်းများကိုနားလည်ခြင်းကသာ အဓိကဖြစ်သည်။
ယခုတွင် ကျန်းချန်ရွှမ်၏ သတ္တုဓာတ်နတ်ဘုရားစွမ်းအား အလင်းဖြတ်တောက်ခြင်းက သူ၏သတ္တုဓာတ် စည်းမျဉ်းကို နားလည်သည့်ရလဒ်၏ သဲလွန်စပင်ဖြစ်သည်။
၎င်းသည် သူဘေးပတ်ဝန်းကျင်တွင် လွတ်လွတ်လပ်လပ်သွားနေနိုင်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။
ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီ၊ တာအိုဝါဒီဝူရှင်းနှင့် တာအိုဝါဒီရှန်းထုံတို့ကလည်းအခြေအနေ၏ အန္တရာယ်ကို နားလည်သွားကြသည်။
သူတို့သည် တုံ့ဆိုင်းနေခြင်းမရှိပါ။
သူတို့၏ပြိုင်ဖက်များအား စွမ်းအားကုန်သုံးပြီး နောက်သို့ဆုတ်ရန်တွန်းအားပေးလိုက်ကာ ပြန်လှည့်၍ ထွက်ပြေးလွတ်မြောက်ချင်ခဲ့သည်။
သို့ရာတွင် သူတို့ယခုထွက်ခွာလိုလျှင် ကောင်းကင်ဓားသွားနှင့် တာအိုဝါဒီဟွမ်းရှန်းတို့ထပ် တစ်လှမ်း နောက်ကျနေပြီဖြစ်သည်။
ဓာတ်ငါးပါးနတ်ဘုရားမိုးကြိုးနှင့် အလင်းဖြတ်တောက်ခြင်းတို့၏တိုက်ခိုက်မှုအောက်တွင် ထိုတိုက်ပွဲမှ အမြန်အခွင့်အရေးယူကာ လွတ်မြောက်ရန်စီစဉ်နိုင်ခဲ့သည့် ရှောင်ရှန်းချုံနှင့် ဝူရှင်းတို့မှလွဲ၍ ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့က ပိတ်မိသွားခဲ့သည်။
ဝုန်း….
အားကြီးသောတောက်ပခြင်းက ပွင့်သွားသည်။
ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့က နှစ်ဦးစလုံးက ဆိုးရွားစွာ လွှင့်ထွက်သွားခဲ့သည်။ သူတို့သည် ထိုနေရာတွင် မသေခဲ့သော်လည်း ပြင်းထန်စွာဒဏ်ရာရသွားခဲ့လေသည်။
နှစ်ဦးသားသည်တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး သူတို့၏ဝှက်ဖဲကိုယခုမသုံးလျှင် ချူးဝူယိုနှင့် အခြားသူများကဲ့သို့ အဆုံးသတ်ရကာ ဤနေရာတွင်အစဉ်အမြဲအားကိုးရာမဲ့ဖြစ်နေတော့မည်ကို သိသည်။
ချက်ချင်းပင် အားကြီးသောအလင်းတစ်ခုက သူတို့၏ခန္ဓာကိုယ်မှထွက်လာခဲ့သည်။
၎င်းနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသည့် လှိုင်းတစ်ခုက ပြန့်ထွက်သွားသည်။
ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ တုန်းဖန်ထျန်းရှင်း၊ မုရုံရှန်း၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်တို့သည် ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့မှထွက်လာသော ထိုလှိုင်းကို အာရုံခံမိသည်နှင့် သူတို့သည် ချက်ချင်းပင် လေဟာနယ်ထဲတွင် ရွှေ့ပြောင်းခြင်းကိုဖွင့်ကာ ကီလိုမီတာထောင်ကျော်အထိ သွားလိုက်လေတော့သည်။
ဂျုန်း..
ထိုအချိန်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုက ပဲတင်ထပ်သွားသည်။
ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့အား ဦးတည်ထားသော မိုင်ခုနှစ်ရာပတ်လည်အတွင်းရှိ အရာအားလုံးသည် ဘာမှမရှိတော့အောင် ပျောက်ကွယ်သွားတော့သည်။
အလင်း၊ လေနှင့် မိုးကြိုး အပါအဝင်အားလုံးသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ပျက်စီးနေသော နေရာလပ်နှင့်ဖရိုဖရဲဖြစ်နေသည့် ထိုနေရာမှထွက်နေသော စွမ်းအားတို့သာ ရူးသွပ်စွာဟိန်းနေကြသည်။
“ဟမ်?”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ တုန်းဖန်ထျန်းရှင်းနှင့် အခြားသူများသည် ရုတ်တရက် တစ်ခုခုကိုခံစားလိုက်ရသည်။
သူတို့သည် အဝေးမှကောင်းကင်အား ကြည့်လိုက်ကြသည်။
ထိုနေရာတွင်။
ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့သည် သူတို့၏ခန္ဓာကိုယ်များကို ဆုံးရှုံးလိုက်ရကာ သူတို့၏ကျန်ရှိနေသော မူလဝိညာဉ်များသည် သူတို့လာနေသောနေရာသို့ အမြန်ပျံသွားနေကြပြီး ဖရိုဖရဲဖြစ်နေကြလေသည်။
***