← Chapters

စစ်ပွဲ၏အဆုံးသတ်၊ မြောက်ပိုင်းနယ်နိမိတ်၏သတင်းဆိုး

Vol. 34 Ch. 646

စစ်ပွဲ၏အဆုံးသတ်၊ မြောက်ပိုင်းနယ်နိမိတ်၏သတင်းဆိုး

Vol. 34 Ch. 646

ထိုနှစ်ဦးသည် မမျှော်လင့်ထားပဲ သူတို့၏ခန္ဓာကိုယ်များနှင့် မူလသန့်စင်သောယန်စစ်မှန်ရတနာများအား ကိုယ်တိုင်ဖျက်စီးလိုက်ကြလေသည်။

သူတို့၏မူလဝိညာဉ်ကျန်ရှိနေသေးကာ အသက်ဆက်လက်ရှင်သန်နိုင်သော်လည်း သူတို့ခံစားခဲ့ရသည့် ကြီးမားသောဒဏ်ရာများက သူတို့၏အနာဂတ်တာအိုလမ်းသည် လုံးဝ ပြတ်တောက်သွားပြီဖြစ်သည်။

သူတို့၏သက်တမ်းကိုပင် ကြီးမားစွာဆုံးရှုံးသွားသည်။

သာမန်အခြေအနေအောက်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်၏သက်တမ်းက ခန့်မှန်းချေအားဖြင့် နှစ်ပေါင်း ၅,၀၀၀ နီးပါးရှိသည်။

အကယ်၍ အမျိုးမျိုးသော သက်တမ်းရှည်စေသည့်ရတနာများနှင့် ပေါင်းလိုက်လျှင် သီအိုရီအရ နှစ်ပေါင်း ၉,၉၉၉နှစ် အထိ ဆွဲဆန့်နိုင်ပေသည်။

သို့ရာတွင် လက်ရှိရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့၏အခြေအနေအရ သူတို့၏ကျန်ရှိနေသော သက်တမ်းသည် အများဆုံး နှစ်တစ်ထောင်ပင် မကျော်လွန်နိုင်တော့ပါ။

ထို့အပြင် သူတို့သည် မူလဝိညာဉ်အတွက်သီးသန့်ပြုလုပ်ထားသည့် သက်တမ်းရှည်ကြာစေသော ရတနာကိုမပိုင်ဆိုင်သရွှေ့ ပုံမှန် သက်တမ်းရှည်စေသည့်ရတနာများက သူတို့အပေါ်သက်ရောက်မှု ရှိမည်မဟုတ်ပေ။

ပြီးနောက် ၎င်းသည် သူတို့၏ခန္ဓာကိုယ်နှင့် မူလသန့်စင်သောယန်စစ်မှန်ရတနာကို ကိုယ်တိုင်ဖျက်စီးခြင်း၏ ရလဒ်ပင်ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ထိုတိုက်ပွဲပြီးလျှင် အရှေ့ပိုင်းနှင့် အလယ်ပိုင်း၏ အနောက်ပိုင်းနှင့် မြောက်ပိုင်းတို့အား တိုက်ခိုက်မှုသည် ရှုံးနိမ့်သွားသည်ဟု ဆိုရမည်ဖြစ်သည်။

သို့သော် သူတို့နယ်မြေနှစ်ခုမှ အင်အားစုများကိုစုပေါင်းကာ အကုန်ထွက်ခွာသွားလိုခြင်းမရှိသရွေ့ဖြစ်သည်။

သို့သော် ၎င်းသည် သိသာစွာပင်မဖြစ်နိုင်ချေ။

အကယ်၍ သူတို့ထိုကဲ့သို့လုပ်လိုက်လျှင် သူတို့၏ပိုင်နက်ထဲမှ ပုန်ကန်လိုသည့်အင်အားစုများက ချက်ချင်း လှုပ်ရှားကြလိမ့်မည်။

ဥပမာအားဖြင့်၊ လက်ရှိအရှေ့ပိုင်းနယ်မြေပင်ဖြစ်သည်။

ကောင်းကင်သခင်နေရောင်ခြည်၊ ချူးဝူယို နှင့် ချူးထျန်းကျုံတို့ကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များ ကျဆုံးသွားသည့်သတင်းကပျံ့နှံသွားလျှင် အရှေ့ပိုင်းရှိ ပုန်ကန်သည့်အင်အားစုများသည် ချက်ချင်းစတင်၍ ပြသနာလုပ်ကြလိမ့်မည်။

မှတ်ထားရမည်မှာ အရှေ့ပိုင်းတွင် ဝိညာဉ်သခင်သုံးဦးဖြစ်သည့် ကောင်းကင်သခင်ဆောင်ဦး၊ ဓားသခင်ဝူယိုနှင့် ကောင်းကင်သခင်ရှောက်ယန်တို့က ရှန်းရူယန်တာအိုလမ်းသို့ရောက်မည်ကို တားဆီးရန်ကြိုးစားရင်း ကျဆုံးခဲ့ရပြီဖြစ်သည်။

ယခုမူ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် သုံးဦးဖြစ်သည့် ကောင်းကင်သခင်နေရောင်ခြည်၊ ချူးဝူယိုနှင့် ချူးထျန်းကျုံတို့သည် အနောက်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းနယ်နိမိတ်တို့အား တိုက်ခိုက်မှုတွင် ထပ်မံကျဆုံးခဲ့ရသည်။

အားလုံးပေါင်းရလျှင် အရှေ့ပိုင်းမှ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် ၆ဦး ပင် ကျန်းချန်ရွှမ်နှင့် သူ့ဇနီးတို့ လက်ထဲ ကျဆုံးခဲ့ရသည်။

၎င်းသည်မည်သို့သောအခြေအနေဖြစ်ပါသနည်း?

တောင်ပိုင်းကန္တာရတွင် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်၊ ကောင်းကင်သခင်အသူရာကျမ်း တစ်ဦးတည်းပင်ရှိသည်။

တူညီစွာပင် လက်ရှိအနောက်ပိုင်းသဲကန္တာရတွင်လည်း ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် နှစ်ဦးသာရှိသည်။

မြောက်ပိုင်းနယ်နိမိတ်တွင်ပင် ယခင်က စုစုပေါင်းကောင်းကင်သခင် သုံးဦးသာရှိသည်။

ရှင်းလင်းစွာပင်။

ကျန်းချန်ရွှမ်နှင့် သူဇနီး၏ လက်ရှိလှုပ်ရှားမှုသည် အတော်ပင် ဂယက်ထသွားစေသည်။

ထိုအခြေအနေအောက်တွင် အရှေ့ပိုင်းမှ ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစု လေးခုက ထိုအခြေအနေကို ထိန်းချုပ်ရန် အခက်တွေ့နေခဲ့သည်။

အကယ်၍ သူတို့သည် ထိုကဲ့သို့အင်အားစုထဲမှ များပြားသောပမာဏကို ရင်းနှီးမြုပ်နှံသည်ဖြစ်စေ၊ သူတို့၏နေရာမှ ထပ်၍ ပို့ဆောင်သည်ဖြစ်စေ ဤဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစု လေးခုသည် သူတို့၏ ပိုင်နက်များအတွင်းရှိ ပုန်ကန်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်။

ထို့ကြောင့်။

ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့၏ ဝိညာဉ်များက သူတို့၏စခန်းချနေရာသို့ ပြန်လာနိုင်ခဲ့သည့်အချိန်တွင် ရှောင်ရှန်းချုံနှင့် တာအိုဝါဒီဝူရှင်းတို့က ကယ်ပေးခဲ့ပြီးနောက် ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းက ချက်ချင်းထိုအချိန်တွင် တပ်ဆုတ်သင့်သည်ဟု အကြံပြုခဲ့လေသည်။

အကြောင်းမှာ ထိုအချိန်တွင် သူသည် သူ၏ဂိုဏ်းမှ အရှေ့ပိုင်းရှိပြောင်းလဲမှုများအား သတင်းရခဲ့ပြီဖြစ်သည်။

နေထွက်ခြင်းခန်းမဆောင်သည် မမျှော်လင့်ဘဲနှင့် အရှေ့ပိုင်းမှ များစွာသောပုန်ကန်သည့် အင်အားစုများကို ပေါင်းစည်းကာ ဆောင်းဦးရွက်ဝါဂိုဏ်းနှင့် ဓားအလင်းရောင်ဂိုဏ်းတို့အား တိုက်ခိုက်မှုစတင်ခဲ့ပေသည်။

ရှောင်ရှန်းချုံနှင့် ဝူရှင်းတို့က ထိုသတင်းကို သတိပြုမိလျှင် သူတို့၏အမူအရာက ချက်ချင်းပင် ရှုံမဲ့သွားသည်။

နှစ်ပေါင်းမည်မျှကြာခဲ့ပြီနည်း?

အရှေ့ပိုင်းနှင့် အလယ်ပိုင်းသည် ထိုကဲ့သို့ ဆုံးရှုံးမှုကို မခံစားရသည်မှာ မည်မျှကြာခဲ့သနည်း?

၎င်းသည် ရှင်းလင်းစွာပင် ဖရိုဖရဲအခြေအနေများကို အခွင့်ကောင်းယူနေခြင်းပင်ဖြစ်သည်။

အေးစက်ကာ ကြက်သီးထဖွယ်ကောင်းသည့်အလင်းက လူတိုင်း၏မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

သို့ရာတွင် ဤအခြေအနေတွင် ဒေါသထွက်နေခြင်းသည် အကူအညီဖြစ်မည်မဟုတ်ပါ။

အခြားတစ်ဖက်မှ သူတို့ပြန်သွားမည်မဟုတ်ကြောင်းကို လောင်းကြေးထပ်ထားသည်။

အကယ်၍ ပြန်သွားခဲ့လျှင် ရှောင်ရှန်းချုံးနှင့် အခြားသူများသည် နေထွက်ရာခန်းမဆောင်မှ လူများသည် ယခင်က ပြုလုပ်ခဲ့သည်အတိုင်း နောက်တစ်ဖန်ထပ်၍ ပျောက်ကယ်သွားလိမ့်မည်။

ထိုကိစ္စမျိုးသည် ယခင်က တစ်ကြိမ်ထပ်မနည်းဖြစ်ခဲ့ပြီးဖြစ်သည်။

ဤကဲ့သို့အရေးပါသောအခြေအနေတွင် သူတို့သည် ကြိုတင်မမျှော်မှန်းနိုင်သည့် အာရုံကို ခံစားနေရသည်။

“ဒုတိယမင်းသား…”

ကောင်းကင်သခင် ငြိမ်သက်ခြင်းနေမင်းက ထိုင်မနေနိုင်တော့ပါ။

အကြောင်းမှာ သူ၏ထင်မြင်ချက်အရ၊ သူတို့အတွက် ထိုတိုက်ပွဲကို ဆက်လက်တိုက်ခိုက်ရန်မှာ ရှင်းလင်းစွာပင် မဖြစ်နိုင်တော့ပါ။

အကယ်၍ သူတို့ဆက်၍ တောင့်ခံနေလျှင် သူတို့၏ဘက်မှ ဆုံးရှုံးမှုက ပို၍ များလာတော့မည်။

ထိုသို့ဖြစ်လျှင် ပထမဦးစွာဆုတ်ခွာသွားကာ သူတို့၏နယ်မြေထဲရှိပုန်ကန်သူများအား ရင်ဆိုင်သည်က ပို၍ ကောင်းပေသည်။

မဟုတ်လျှင်၊ အကယ်၍ တိုက်ပွဲမြေပြင်၌ အောင်မြင်မှုမရဘဲ သူတို့ဘက်မှလည်း ပုန်ကန်သူများကြောင့် ဖရိုဖရဲဖြစ်ကုန်လျှင် ထိုအချိန်သည် နှစ်ဆဆုံးရှုံးခြင်းပင်ဖြစ်သည်။

“အားလုံးပဲ ဘယ်လိုထင်ကြလဲ?”

ရှောင်ရှန်းချုံသည် ဝူရှင်း၊ ကောင်းကင်ဓားသွား၊ ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့အား လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင်၊ လူအနည်းငယ်က ရှင်းလင်းစွာပင် တိုက်ခိုက်ချင်စိတ်များ ပျောက်ဆုံးနေပြီဖြစ်သည်။

အထူးသဖြင့် ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့ဖြစ်သည်။

သူတို့၏ခန္ဓာကိုယ်မရှိဘဲနှင့် ထိုအချိန်တွင် သူတို့အတွက် အရေးကြီးသောစိုးရိမ်မှုမှာ စစ်ပွဲမဟုတ်ဘဲ ဒဏ်ရာများအား ပြန်လည်ကုသနိုင်ရန်နှင့် သက်တမ်းကုန်ဆုံးသွားခြင်းအတွက် မည်သို့ပြန်လည်ပြင်ဆင် ရမည်နည်း ဟူသည့်အကြောင်းများပင်ဖြစ်သည်။

အခြားကိစ္စများမှာ သူတို့မလုပ်ချင်ဘဲ ဂရုမစိုက်သောအရာများဖြစ်သည်။

“ကျွန်တော်ထင်တာ အတွင်းရေးကိစ္စတွေကို အရင်ဖြေရှင်းပြီးမှ အပြင်က ချိန်းခြောက်မှုတွေကို ရင်ဆိုင်ရမယ်ထင်တယ်။”

ထိုအချိန်တွင် ဝူရှင်းက ရုတ်တရက်ထပြောသည်။

“နေထွက်ရာခန်းမဆောင်က အရှေ့ပိုင်းမှာရှိနေတာအချိန်အတော်ကြာနေပြီ။

အကယ်၍ ဖြစ်နိုင်ရင် ကျွန်တော်တို့ အဲ့ဒီပုန်းကွယ်နေတဲ့ အန္တရာယ်ကို အရင်ရှင်းလင်းသင့်တယ်။”

ဝူရှင်း၏စကားများကို ကြားလျှင်၊ ကောင်းကင်သခင်ငြိမ်သက်ခြင်းနေမင်းက ချက်ချင်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

အကယ်၍ ဤအချိန်တွင် သူတို့သည်အလယ်ပိုင်းလွင်ပြင်၏အင်အားနှင့် နေထွက်ရာခန်းမကို လုံးဝအမြစ်ဖြတ်သုတ်သင်နိုင်လျှင် ၎င်းသည်လည်း အစားထိုးအောင်မြင်မှုတစ်ခုပင်ဖြစ်သည်။

“ကျွန်တော်မှာ ကန့်ကွက်စရာမရှိပါဘူး။”

ထိုအချိန်တွင် ကောင်းကင်သခင်က တည်ငြိမ်စွာပြောလိုက်သည်။

သူ၏စကားကိုကြားလျှင် ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံးတို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။

ထို့ကြောင့် ရှောင်ရှန်းချုံကလည်း မငြင်းပယ်နေတော့ပါ။

“လူတိုင်းက ဒီလိုတွေးနေတယ်ဆိုမှတော့၊ အရှေ့ပိုင်းကို အရင်ဆုတ်ခွာပြီး အဲ့ဒီကပြသနာလုပ်တဲ့လူတွေကို အရင်ဖြေရှင်းပြီးမှ နောက်ဘာလုပ်သင့်သလဲဆိုတာ စီစဉ်ကြတာပေါ့။”

....

အချိန်မကြာခင်တွင်။

ကျန်းချန်ရွှမ်နှင့်အခြားသူများက အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ ကျင့်ကြံသူများက စတင်၍ ဆုတ်ခွာနေသည်ကို သတိပြုမိခဲ့ကြသည်။

ကျန်းချန်ရွှမ်နှင့် သူ၏ဇနီးက သိသာစွာပင် အနည်းငယ်အံ့ဩသွားကြသည်။ သူတို့သည် အခြားတစ်ဖက်မှ ဤမျှလောက်အမြန်ဆုတ်ခွာသွားမည်ဟု မထင်ထားခဲ့ပေ။

“အကယ်၍ ကျုပ်မမှားရင် သူတို့ရဲ့နယ်မြေမှာ တစ်ခုခုမမျှော်လင့်တာ ဖြစ်သွားပုံရတယ်။”

ထိုအချိန်တွင် တုန်းဖန်ထျန်းရှင်းက တွေးတောကာ ပြောလိုက်သည်။

သူ၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် အခြားသူများကလည်း အမြန်ပင် တွေးမိသွားကြသည်။

အခြားတစ်ဖက်မှ ကတိုက်ကရိုက်ထွက်ခွာမှုက ကျဆုံးသူများစွာရင်ဆိုင်ရသည်မှလွဲ၍ သူတို့၏နယ်မြေ၌ အချို့ပြသနာများကို တွေ့ကြုံနေရခြင်းဖြစ်နိုင်သည်။

“ကျွန်မတို့ သူတို့နောက်ကိုလိုက်ရမလား၊ မဟုတ်ရင်…?

မုရုံရှန်းက မဝံ့မရဲနှင့်မေးလိုက်သည်။

တုန်းဖန်ထျန်းရှင်းက ခေါင်းခါလိုက်သည်။

“ကျုပ်ကတော့ မလိုက်ဖို့ အကြံပြုတယ်။

သူတို့က ဒဏ်ရာတွေရသွားကြပေမဲ့ ကျုပ်တို့ကို ပြန်တိုက်နိုင်ဖို့ လုပ်နိုင်စွမ်းမရှိတော့တာတော့မဟုတ်ဘူး။ အကယ်၍ သူတို့ကိုဖိအားအရမ်းပေးလိုက်ရင် ကျုပ်တို့ထဲက ဘယ်သူမှ သူတို့မှာဝှက်ဖဲတွေမရှိတော့ဘူးလို့ အာမ,မခံနိုင်ဘူး။

တာအိုရောင်းရင်းကျန်း၊ ခင်ဗျားကောဘယ်လိုထင်လဲ?”

ထိုသို့ပြောကာ တုန်းဖန်ထျန်းရှင်းက ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် အခြားသူများကို ကြည့်လိုက်သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

နောက်မှ ကျန်းချန်ရွှမ်က ခေါင်းညိတ်ကာပြောလိုက်သည်။

“ကျွန်တော်လည်း တာအိုရောင်းရင်းတုန်းဖန်နဲ့ သဘောတူတယ်။

ဒီစစ်ပွဲပြီးရင် အကယ်၍ သူတို့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းနယ်မြေကိုထပ်တိုက်ခိုက်ချင်သေးတယ်ဆိုရင်တောင် လွယ်မှာမဟုတ်ဘူး။

အဲ့အချက်ကိုထားပြီး ဒီအချိန်မှာ ကောင်းကင်ဘုံသားရဲများချောက်နက်က အရေးပါတဲ့ အတားအဆီး အနှောက်အယှက်တစ်ခုဖြစ်လာနိုင်တယ်။

ဒီနေရာကလည်း ကျွန်တော်တို့အတွက် ချိန်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်။”

“ဟမ်၊ တာအိုရောင်းရင်းကျန်း၊ ခင်ဗျားဆိုလိုတာက….?”

မုရုံရှန်း၏အမူအရာက ပြောင်းလဲသွားကာ တစ်ခုခုကို စဉ်းစားမိသွားပုံရလေသည်။

ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ပဲ၊ နောက်ထပ် ကျုပ်တို့စဉ်းစားရမှာက နတ်ဆိုးမျိုးနွယ်ဆီက ချိန်းခြောက်မှုပဲ။

အဆုံးမှာတော့၊ ခုခံကာကွယ်တဲ့အချိန်ကာလပြီးသွားတာနဲ့ နတ်ဆိုးမျိုးနွယ်တွေဟာ ဒီအတိုင်းနေမှာမဟုတ်ဘူး။

နှစ်တွေအကြာကြီးပြင်ဆင်ထားပြီးတော့ သူတို့အရေးပါတဲ့လှုပ်ရှားမှုကို လုပ်လာလိမ့်မယ်။

အထူးသဖြင့် ဒီကောင်းကင်ဘုံချောက်နက်ထဲမှာပဲ။

ကျုပ်တို့တိုက်ပွဲနယ်မြေအဖြစ် သုံးထားပေမဲ့ ဒီမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်တွေ နဲ့ ပြင်းထန်တဲ့လုပ်ရပ်ကို လုပ်ထားမိတယ်။ အချိန်ရောက်လာရင် သူတို့ကပြသနာရှာမှာသေချာတယ်။

ဒါကြောင့်။

အဲ့ဒါမတိုင်ခင် ကျုပ်တို့ခံတပ်ကို ဒီမှာ ပိုပြီးခိုင်မာအောင်တည်ဆောက်ထားဖို့လိုအပ်တယ်။”

ကျန်းချန်ရွမ်၏စကားများကိုကြားလျှင်၊ ရှိနေသည့်လူတိုင်းသည် ခေါင်းညိတ်လျှက်သဘောတူလိုက်ကြသည်။

ပြီးလျှင်၊

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အခြားသူများနှင့်အတူ ခံတပ်မှ ချက်ချင်းမထွက်သွားပေ။ ထိုအစား သူတို့သည် ‌နောက်ကွယ်မှနေ၍ အရှေ့ပိုင်းနှင့် အလယ်ပိုင်း၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။

အဆုံး၌ သူတို့သည် အန္တရာယ်ရှိရာအရပ်ကို စွန့်ခွာခဲ့သော်လည်း မည်သူမှ ၎င်းအာရုံလွဲပြောင်းခြင်း မဟုတ်ကြောင်း အာမ,မခံနိုင်ပေ။

သူတို့သည် အရာအားလုံး စိတ်ချရအောင် လုပ်ရန်လိုအပ်သည်။

.....

မျက်စိတစ်မှိတ်အတွင်းတွင် နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။

ထိုနှစ်များတွင်၊ ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များက အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ ကျင့်ကြံသူများ၏ ခြေရာကိုပင် မတွေ့ရပါ။

အရေးအကြီးဆုံးအချက်မှာ များစွာသောနေရာမှ သူတို့၏သူလျိုများသည် ရှောင်ရှန်းချုံနှင့် အခြားသူများက အရှေ့ပိုင်းသို့ပြန်သွားကာ နေထွက်ရာခန်းမဆောင်နှင့် ကြီးမားသော တိုက်ပွဲကိုတိုက်ခိုက်နေကြကြောင်း အတည်ပြုပေးခဲ့သည်။

ကံကောင်းစွာပင် နေထွက်ရာခန်းမဆောင်က ထိုကိစ္စအတွက်ပြင်ဆင်ထားကာ ထို့ကြောင့် သူတို့သည် တစ်ချက်တည်းဖြင့် ရှင်းပစ်ခြင်းမခံခဲ့ရပေ။

ထို့ပြင် သူတို့၏အားသာချက်က အလွန်လျို့ဝှက်ခြင်းပင်ဖြစ်သည်။

ရှောင်ရှန်းချုံးနှင့် အခြားသူများသည် သူတို့တတ်နိုင်သမျှလုပ်သော်လည်း ၎င်းတို့ပုန်းခိုသည့်နေရာကို မရှာနိုင်ခဲ့ပေ။

ထိုမှစ၍ ကျန်းချန်ရွှမ်နှင့် အခြားသူများက ရှောင်ရှန်းချုံနှင့် သူ၏အုပ်စုက တကယ်ပင် ဤနေရာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

ထို့ကြောင့်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်တို့က ဤနေရာတွင်ကြာကြာမနေတော့ပေ။

အချိန်တစ်ချို့ကြာပြီးနောက် ထိုလေးဦးသည် နောက်ဆုံး၌ သူတို့၏လူများကိုခေါ်ကာ မြောက်ပိုင်းနယ်နိမိတ်သို့ ပြန်သွားခဲ့သည်။

မြောက်ပိုင်းနယ်နိမိတ်သို့ပြန်ပြီးသည်နှင့် ထိုလေးဦးသည် ရုတ်တရက် ကောင်းကင်သခင် ရွှမ်းယန်ဆီမှ အသံပို့ဆောင်ခြင်းကို ရုတ်တရက် လက်ခံရရှိခဲ့သည်။

၎င်းသည်ကောင်းကင်သခင်ကျီယန်မီးတောက်၏အကြောင်းဖြစ်သည်။

ကောင်းကင်သခင်ရွှမ်းယန်၏စကားအရ အချိန်မကြာသေးမီက ကောင်းကင်သခင်ကျီယန်မီးတောက်၏ ဒဏ်ရာသည် ရုတ်တရက် ဆိုးရွားလာခဲ့ပြီး ထိန်းချုပ်၍မရနိုင်သောအခြေအနေသို့ ရောက်ရှိခါနီး ဖြစ်နေသည်ဟုဆိုသည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် အခြားသုံးဦး၏အမူအရာများကို ပြောင်းလဲသွားစေသည်။

သူတို့သည်မြောက်ပိုင်းနယ်နိမိတ်သို့ပြန်လာသည်နှင့် ထိုကဲ့သို့သော သတင်းဆိုးကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ချက်ချင်းပင် ထိုလေးဦးက မနှောင့်နှေးရဲပါ။ သူတို့သည် ကျီယန်နေနန်းတော်ဘက်သို့ဦးတည်ကာ ပျံသန်းလိုက်ကြတော့သည်။

ကျီယန်နေနန်းတော်ကို ရောက်ပြီးနောက် ကောင်းကင်သခင်ကျီယန်မီးတောက်ကို မြင်လိုက်ရသည်နှင့် လေးဦးစလုံး၏နှလုံးသားများ လေးပင်သွားရသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်သည် ထိုအချိန်၌ အလွန်မှေးမှိန်သည့်အရောင်အဝါကိုထုတ်လွတ်နေကာ ဆံပင်ဖြူနေပြီး အရေပြားများတွန့်ကာ လူအိုတစ်ဦး၏အသွင်အပြင်မျိုးဖြစ်နေခဲ့သည်။

ထိုအချိန်တွင်။

ကျန်းချန်ရွှမ်နှင့် အခြားသုံးဦးတို့၏အမူအရာများက အလွန်လေးနက်သွားခဲ့သည်။

***

All Chapters