← Chapters

အတူတကွ ပျက်စီးခြင်း

Vol. 34 Ch. 647

အတူတကွ ပျက်စီးခြင်း

Vol. 34 Ch. 647

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ထိုစုံတွဲသည် သူတို့၏နှလုံးသားထဲတွင် တွက်ဆနေခဲ့ကြသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်၏ထိုရုတ်တရက် အခြေအနေဆိုးရွားလာခြင်းက ထိုနေ့က ရှောင်ရှန်းကျီနှင့် အခြားသူများအားတိုက်ခိုက်သည့်နေ့က တိုက်ပွဲနှင့် ပက်သက်မှုရှိနိုင်ပေသည်။

“စီနီယာ ကျီယန်မီးတောက်…”

နှစ်ဦးသားက စကားအရင်စပြောလိုက်သည်။

သို့ရာတွင် ကောင်းကင်သခင်ကျီယန်မီးတောက်က သူတို့ပြောတော့မည်အရာအား ကြိုသိနေပုံနှင့် ချက်ချင်း လက်ကိုယမ်းကာ ပြုံးလိုက်လေသည်။

“ဘာမှပြောဖို့မလိုပါဘူး။ မိတ်ဆွေတို့၊ ကျုပ်ရဲ့အခြေအနေကို ကျုပ်ကောင်းကောင်းသိပါတယ်။

အစကတော့ ရွှမ်းယန်ကို သတင်းမပို့စေချင်ခဲ့ဘူး။

ဒါပေမဲ့ အခုရောက်လာပြီဆိုမှတော့၊ ကျုပ် ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး။”

“ဟမ်…?”

သူတို့သည် ကောင်းကင်သခင်ကျီယန်မီးတောက်၏ စကားများကြောင့် ပဟေဠိဖြစ်သွားကြသည်။

ကောင်းကင်သခင် ကျီယန်မီးတောက်က ဆက်ပြောသည်။ “ကျုပ်က ကျုပ်မသေခင်မှာ နတ်ဆိုးအသိုက်ထဲကို သွားဖို့ ပြင်ဆင်ထားတယ်။”

ကျန်းချန်ရွှမ်နှင့် အခြားသူများက ရှင်းလင်းစွာပင် ကောင်းကင်သခင်ကျီယန်မီးတောက်၏စကားကိုကြားကာ ကြောင်သွားကြသည်။

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက မနေနိုင်ဘဲမေးလိုက်သည်။ “တာအိုရောင်ရင်းကျီယန်မီးတောက် ခင်ဗျားအဲ့ဒီကို ဘာသွားလုပ်မလို့လဲ?”

ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်ကလည်း စကားပြောချင်သော်လည်း သူသည် ကောင်းကင်သခင် ကျီယန်မီးတောက်၏ အပြုံးဖြင့်တားဆီးခြင်းကို ခံလိုက်ရသည်။

“ခင်ဗျားဘာကိုဆိုလိုချင်တာလဲဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့ ကိုယ့်ကိုမေးကြည့်ပါ၊ ကျုပ်တို့လူသားမျိုးနွယ်ရဲ့ လက်ရှိအခြေအနေနဲ့ နတ်ဆိုးမျိုးနွယ်နဲ့တိုက်ခိုက်နိုင်ပါ့မလား?

မဖြစ်နိုင်ဘူး။

တာအိုရောင်းရင်းကျန်းနဲ့ တာအိုရောင်းရင်းရှန်းတို့ပါရင်တောင် မလုံလောက်သေးဘူး။

အဲ့ဒါကြောင့်၊

ကျုပ်ရဲ့ အဆုံးသတ်ကနီးနေပြီဆိုတော့၊ နတ်ဆိုးသားရဲတွေရဲ့အသိုက်ထဲကိုဝင်ဖို့ ဒီအခွင့်အရေးကို ဘာလို့ မသုံးရမှာလဲ?

အကယ်၍ ကျုပ်သာ အဆင့် ၆ နတ်ဆိုးအရှင် တစ်ကောင် သို့ နှစ်ကောင် သတ်နိုင်ခဲ့ရင် ခင်ဗျားတို့အတွက်ကော လူသားမျိုးနွယ်အတွက်ပါ အနာဂတ်မှာ ဖိအားတော်တော်လျှော့သွားလိမ့်မယ်။”

“ဒါပေမဲ့ တာအိုရောင်းရင်းကျီယန်မီးတောက်….”

ထိုအချိန်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဘာပြောရမည်ကို မသိတော့ပေ။

ကုန်ဆုံးတော့မည့်သူ၏အသက်ကို အဆင့် ၆ နတ်ဆိုးသားရဲချုပ်နှင့် လဲမည်ဟုဆိုသည်။

၎င်းသည် တန်ပါသလား?

အဖြေမှာ သေချာပေါက်တန်ပါသည်။

သို့သော်လည်း ကြည့်နေသင့်သည့်အရာမဟုတ်ပေ။

၎င်းသည် လူသားမျိုးနွယ်၏အကျိုးအတွက် သေခြင်းကိုရင်ဆိုင်မည့် အမှန်တကယ်သတ္တိနှင့် ဆန္ဒတို့လိုအပ်သည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့်ကောင်းကင်သခင်ရွှမ်းယန်တို့ပင် သူတို့သည် ကောင်းကင်သခင် ကျီယန်မီးတောက်ကဲ့သို့ အချိန်ကျရောက်လာလျှင် သေခြင်းကိုရင်ဆိုင်မည့် သတ္တိနှင့် ဆန္ဒရှိလိမ့်မည်ဟု အာမ,မခံနိုင်ပေ။

“တာအိုရောင်ရင်းကျီယန်မီးတောက်၊ ဒီလို တကယ်လုပ်ဖို့လိုအပ်လို့လား?”

ကောင်းးကင်သခင်အဆုံးမဲ့ပင်လယ်က သက်ပြင်းချလိုက်သည်။

ကောင်းကင်သခင်ကျီယန်မီးတောက်က အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။

“မိတ်ဆွေဟောင်းကြီး နှစ်ပေါင်းများစွာကြာပြီးနောက် ခင်ဗျား ကျုပ်ကို နားလည်သင့်တယ်။

ကျုပ်ဒီလိုပြောတယ်ဆိုကတည်းက အချိန်ရောက်လာခဲ့ရင် သေချာပေါက်လုပ်မှာ။

ကျုပ်သွားပြီးနောက် ခင်ဗျားတို့စစ်ပွဲစမလား သို့ အင်အားဆက်စုပြီး အချိန်ကောင်းကိုစောင့်မလားကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်။

အခု ကျုပ်တတ်နိုင်တာကိုကျုပ်လုပ်မယ်။ ကျန်တာကတော့ ခင်ဗျားတို့အပေါ်မှာပဲမူတည်တယ်။”

ထိုသို့ပြောကာ ကောင်းကင်သခင်ကျီယန်မီးတောက်က လက်ကို ယမ်းလိုက်သည်။

ချက်ချင်းပင်၊ များပြားသည့် ဝိညာဉ်ဝိုင်များနှင့် စားကောင်းသောက်ဖွယ်များက သူတို့ရှေ့တွင် ပေါ်လာလေသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်က ပြောသည်။

“လာပါ၊ လာပါ၊ အချိန်ရှိသေးတုန်း နည်းနည်းသောက်ကြတာပေါ့။ ပြီးတော့လည်း ကျုပ်တို့နဲ့ အလယ်ပိုင်းဒေသရဲ့ စစ်ပွဲအကြောင်းပြောပြပါဦး။”

သူစကားပြောပြီးသည်နှင့်မကြာမီပင်ဖြစ်သည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကောင်းကင်သခင်ကျီယန်မီးတောက် ကောင်းကင်သခင်ရွှမ်းယန်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့က သူတို့၏ရှေ့မှ ဝိုင်ခွက်များနှင့် ထိုင်လိုက်ကြသည်။

၎င်းတို့သည် ဝိညာဉ်ချီနှင့် ပြည့်နေသော တလက်လက်ဖြစ်နေကာ ကြည်လင်နေသောဝိုင်ဖြင့် ပြည့်နေလေသည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ချက်ချင်းပင်၊ လူတိုင်းက သူတို့၏ပူပန်မှုများနှင့် စိုးရိမ်စိတ်များကို ဘေးဖယ်ထားလိုက်ကာ ထိုအစား ကျီယန်မီးတောက်နှင့်အတူ သောက်စားခဲ့ကြလေသည်။

ထိုပွဲအတွင်း၌ ကောင်းကင်သားရဲများချောက်နက်တွင်ဖြစ်သွားသည့်စစ်ပွဲအပါအဝင် များစွာသော စိတ်ဝင်စားဖွယ်ကောင်းသည့် ပုံပြင်ဆန်သည့်ဖြစ်ရပ်များနှင့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြလေသည်။

ထိုသောက်စားပွဲသည် ရက်ပေါင်းများစွာကြာခဲ့ပြီး ကြည့်ရသည်မှာ လူတိုင်းက သူတို့၏ဝန်ထုပ်ဝန်ပိုးများကို ချထားပုံရလေသည်။

ခွက်တိုက်သံများကြား၌ ကောင်းကင်သခင်ကျီယန်မီးတောက်ယူထုတ်လာသည့် ဝိညာဉ်အရက်များက အမြန်ပင်ကုန်သွားခဲ့သည်။

ထို့နောက် ကျန်းချန်ရွှမ်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့က သူတို့၏ဝိညာဉ်အရက်များကိုထုတ်လိုက်ကြသည်။

ပျော်ရွှင်မြူးတူသံများက ဆက်လက်ထွက်ပေါ်လာခဲ့သည်။

ရက်ပေါင်းများစွာကြာပြီးသည့်လျှင်၊

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကောင်းကင်သခင်ရွှမ်းယန် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ် တို့က ကောင်းကင်သခင်ကျီယန်မီးတောက်ကို နှုတ်ဆက်ကာ သူတို့၏ဂိုဏ်းနှင့် မိသားစုများထံသို့ ပြန်သွားကြသည်။

ထိုအချိန်မှ စံသခင်ဖုန်းယွင်နှင့် အခြားတပည့်များက ကောင်းကင်သခင်ကျီယန်မီးတောက်ဆီသို့ တစ်ဦးပြီးတစ်ဦး ရောက်လာကြသည်။

သူတို့ဆရာ၏ အသက်အရွယ်ကြီးရင့်နေသည့် မျက်နှာကိုကြည့်ကာ မနေနိုင်ဘဲ ဝမ်းနည်းနေကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျီယန်မီးတောက်မှာ တည်ငြိမ်နေလေသည်။

သူသည် သူ၏တပည့်များကိုကြည့်ကာ အချိန်ခနလောက်တွေးဆလိုက်ပြီး ပြောလိုက်သည်။

“ငါထွက်ခွာသွားပြီးရင် မှတ်ထားပါ။ မင်းတို့ကိုယ့်ကိုကိုယ် ဝိညာဉ်ဖွဲ့စည်းခြင်းဂိုဏ်းသားတွေဆိုပြီး မာနမထားနဲ့။ ဘဝင်မြင်ခြင်းကို ဘေးဖယ်ထားပြီး မင်းတို့ရဲ့ စကားနဲ့အပြုအမူကို သတိထားပါ။

ပြီးတော့ နှစ်ပေါင်း ရာချီ၊ ထောင်ချီကြာရင်တောင်၊

တာအိုရောင်းရင်းတွေအနားမှာရှိနေသရွေ့ ငါ့ရဲ့ကျီယန်နေနန်းတော်ကို ဆက်လက်တည်တံ့နေဖို့ သေချာစေရမယ်။

အားလုံး မှတ်မိလား?”

စံသခင်ဖုန်းယွင်နှင့် အခြားသူများက ကြောင်အနေကြသည်။

သို့ရာတွင် စက္ကန့်အနည်းငယ်မျှအကြာတွင် သူတို့သည် လေးစားစွာ သဘောတူလိုက်ကြတော့သည်။

“ကျွန်တော်တို့ ဆရာရဲ့ သင်ကြားပြသမှုတွေကို မှတ်မိနေမှာပါ။”

“ကောင်းတယ်။”

ကောင်းကင်သခင်ကျီယန်မီးတောက်က ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။

ခနအကြာတွင် သူသည် အချို့ညွှန်ကြားချက်များကို ဖုန်းယွင်နှင့် အခြားသူများကိုပေးလိုက်ပြီးမှ ထွက်ခွာခွင့်ပေးလိုက်သည်။

........

တစ်ချိန်တည်း၌။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း မှော်ဝင်တိုင်တောင်သို့ပြန်သွားကာ ကျင့်ကြံမည့်ဂူထဲသို့ အသီးသီး ဝင်သွားကြသည်။

ဂူပိတ်ကျင့်ကြံရန်ပြင်ဆင်လိုက်ကြသည်။

အချို့သောမိသားစုကိစ္စများအတွက် သူတို့သည်ကျန်းအန်းရန်တို့နှင့် ပြန်လာသည့်လမ်း၌ ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် သူတို့သည် အခြားဘာမှမပြောတော့ပဲ၊ ထိုအစား သူတို့ရရှိလာသော အရာများကို ခန္ဓာကိုယ်မှ ထုတ်လာခဲ့ကြသည်။

ပထမဦးစွာ၊

အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားဖြစ်သည်။

ကျန်းချန်ရွှမ်က ၎င်းကို ချူးဝူယို၏ သိုလှောင်လက်စွပ်ထဲမှ တွေ့ခဲ့ခြင်းဖြစ်သည်။

မူလက သူသည် အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားကို မည်သည့်နေရာတွင် ရှာနိုင်မည်နည်းဟု သိချင်နေခဲ့သေးသည်။

အဆုံး၌ သူသိသော မည်သည့်ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ဆီတွင်မှ ထိုကဲ့သို့သော ရတနာမရှိကြပေ။

မမျှော်လင့်ထားဘဲနှင့် သူသည် တကယ်ပင် ထိုအစိမ်းရောင်နဂါးနတ်ဘုရားသစ်သားကို ချူးဝူယို၏သိုလှောင်လက်စွပ်ထဲတွင် တွေ့ခဲ့ရသည်။

ထို့အပြင်၊ ဤ အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားသည် အဆင့် ၆ ဖြစ်သည်။

ဤအကြောင်းကြောင့်၊

သူ၏လက်နက်သန့်စင်ခြင်း အဆင့်က အဆင့် ၆ သို့ထိုးဖောက်နိုင်ခဲ့လျှင် သူသည် တရားဝင် အရှေ့အစိမ်းရောင်နဂါးအလံကို သန့်စင်ရန်ကြိုးစားနိုင်တော့မည်ဖြစ်သည်။

နောက်တစ်ခုမှာ ဆန်းကြယ်မိုးကြိုးသလင်းကျောက် ဖြစ်သည်။

ထိုပစ္စည်းအား သူတို့၏ရန်သူဖြစ်သည့် ကောင်းကင်သခင် နေရောင်ခြည်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

ထိုပစ္စည်းဖြင့်၊ ရှန်းရူယန်၏ မိုးကြိုးငါးသွယ်မသေမျိုးဓားအား အဆင့် ၆ သန့်စင်သော ယန်စစ်မှန်ရတနာအဖြစ် အဆင့်မြင့်နိုင်လိမ့်မည်ဖြစ်သည်။

အခြားတစ်ခုမှာ ရှေးဟောင်းကောင်းကင်ဘုံရေစင် တစ်ပုလင်းဖြစ်သည်။

၎င်းသည် အလွန်ဘိုးဘေးတန်သည့် အဆင့်၆ ခန္ဓာကိုယ်မွမ်းမံခြင်းရတနာဖြစ်သည်။

ထိုအရာနှင့်ဆိုလျှင်ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မွမ်းမံမှုကျင့်ကြံခြင်က အဆင့် ၆ အား ထိုးဖောက်နိုင်လောက်ပေသည်။

ထိုအချိန်တွင် သူ၏ တိုက်ခိုက်မှုစွမ်းအင်သည် သေချာပေါက် တခြားသော အဆင့်ကိုတက်လှမ်းနိုင်လိမ့်မည်။

နောက်ဆုံးတွင် သူတို့မသုံးနိုင်သော သန့်စင်သောယန်စစ်မှန်ရတနာများ အချို့လည်းရှိသည်။

ထိုအရာများကိုမူ အခြားကောင်းကင်သခင်များနှင့် လဲလှယ်ခဲ့လေသည်။

ကျန်ရှိသောအရာအချို့အတွက်မူ သူတို့သည် အရန်အနေဖြင့် ထားရန်စီစဉ်ခဲ့ကြသည်။ အပိုအနေဖြင့် သူတို့သည် သန့်စင်သောယန်အဆောင်ရတနာအဖြစ် သန့်စင်ရန်စီစဉ်ခဲ့ပြီး ကျန်းအန်းရန်နှင့် အခြားသူများအား ဝှက်ဖဲအဖြစ်ပေးရန် စီစဉ်ထားလေသည်။

သူတို့သည် နောက်တစ်ကြိမ်တွင်ပြုလုပ်မည့်အရာများကို အမျိုးအစားများခွဲလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အချိန်များစွာမဖြုန်းတော့ပေ။ ထိုစုံတွဲသည် တရားဝင် ဂူပိတ်ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

.......

တစ်နှစ်အကြာတွင်၊

ကျန်းချန်ရွှမ်က သူ၏လက်ထဲမှ အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားကို သန့်စင်ခဲ့ပြီးနောက်တွင် နှလုံးက ရုတ်တရက်ခုန်မြန်လာခဲ့သည်။

၎င်းသည် သူလုပ်ဆောင်နေသည်များအား ယာယီရပ်သွားစေပြီး ဂူပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန် ဖိအားပေးခဲ့သည်။

တိုက်ဆိုင်စွာပင်၊ သူ၏တာအိုတွဲဖက် ရှန်းရူယန်သည်လည်း သူမ၏ဂူထဲမှ ထွက်လာပေသည်။

ထိုစုံတွဲသည် တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ကြပြီး အချင်းချင်း၏မျက်လုံးထဲတွင် လေးနက်မှုကို မြင်တွေ့လိုက်ရသည်။

ထိုအချိန်တွင် လူသားများပိုင်နက်နှင့် အလွန်ဝေးကွာသည့်နေရာတွင်ဖြစ်သည်။

ရုတ်တရက် တောက်ပသည့်အလင်းရောင်က ထွက်လာသည့်နေပေါက်ကွဲခြင်းကဲ့သို့ ဖြစ်နေပါသည်။

မိုင်ပေါင်းတစ်ထောင်အကွာအဝေးတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ရှင်းလင်းစွာပင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ခံစားလိုက်ရသည်။

“ဒါက?”

ထိုအချိန်တွင် နှစ်ဦးသား၏နှလုံးများ ခုန်မြန်သွားခဲ့သည်။

ထိုအချိန်တွင် ဟက်ဟက်ပက်ပက်ရယ်သံက ရုတ်တရက် ကောင်းကင်ပေါ်တွင် ပဲ့တင်ထပ်လာခဲ့သည်။

“ဟားဟားဟား၊ နတ်ဆိုးသားရဲချုပ်နတ်လင်းယုန်၊ ဒီနေ့ ငါမင်းကို ငရဲကို ငါနဲ့အတူသွားဖို့လာခေါ်တာ။”

“ကျီယန်မီးတောက်၊ မင်းလုပ်ရဲလား?”

ရုတ်တရက် ဒေါသနှင့် ကြောက်မက်ဖွယ်ကောင်းသောဟိန်းသံက ကောင်းကင်ပေါ်တွင် ပဲ့တင်ထပ်လာခဲ့သည်။

“မင်းက ငါတို့နတ်ဆိုးပိုင်နက်ထဲကို လာနှောက်ယှက်ရဲတယ်ပေါ့၊ မင်းက ငါတို့နတ်ဆိုးမျိုးနွယ်က မင်းတို့လူသားမျိုးနွယ်ကို ထပ်ပြီးစစ်ဆင်မှာကို မကြောက်ဘူးလား?”

“ဟားဟားဟား

လင်းယုန်၊ ဒီနေ့မှာ ငါက ကိုယ့်ကိုကိုယ်ပဲကိုယ်စားပြုပြီးလာတာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားပြုပြီးလာတာမဟုတ်ဘူး။

အကယ်၍ မင်းတို့ နတ်ဆိုးမျိုးနွယ်က တကယ်ပဲ ဒီကိစ္စကြောင့် ငါ့လူသားမျိုးနွယ်နဲ့စစ်ဖြစ်ချင်တယ်ဆိုရင် ကြိုးစားကြည့်ပေါ့။”

“ကျီယန်မီးတာက် မင်းက တော်တော်လေးရဲတင်းတာပဲ။”

ကောင်းကင်ပေါ်တွင်မူ နတ်ဆိုးသားရဲချုပ်၏ဟိန်းသံက ပဲ့တင်ထပ်သွားသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ချက်ချင်းထိုအသံကို မှတ်မိသွားခဲ့သည်။

၎င်းသည် မမျှော်လင့်ထားပဲ အကြီးအကဲ လိပ်နက်၏ အသံပင်ဖြစ်သည်။

သို့ရာတွင် ထိုအချိန်၌ အကြီးအကဲလိပ်နက်အား အဖြေပေးလိုက်သည်မှာ အလွန်ကျယ်လောင်သည့် အသံပင်ဖြစ်သည်။

၎င်းနောက်မှလိုက်လာသည်မှာ တလက်လက်တောက်ပနေသောအလင်းဖြစ်ပြီး တောက်ပသောနေကို ဖိနှိပ်ထားကာ ကောင်းကင်ပေါ်သို့ ပျံဝဲတက်သွားသည်။

၎င်းနှင့် အတူ နတ်ဘုရားလင်းယုန်နတ်ဆိုးသားရဲချုပ်၏ စိုးရွံကာ ဆန္ဒမရှိသည့် ဟိန်းသံကပေါ်ထွက်လာသည်။

၎င်း၏ အရောင်အဝါနှင့် ကျီယန်မီးတောက်၏ အရောင်အဝါသည် အမြန်ပင် အားနည်းသွားခဲ့ပြီး ချက်ချင်း ပပျောက်သွားခဲ့သည်။

“အရူးပဲ၊ မင်းက အရူးပဲ။”

လင်းယုန်၏နောက်ဆုံးရုန်းကန်ခြင်းနှင့်အတူ ၎င်းနှင့် ကောင်းကင်သခင်ကျီယန်မီးတောက်၏အရောင်အဝါက နောက်ဆုံး၌ ထိုပေါက်ကွဲမှုထဲတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဟိန်းသံများ..

တစ်ချိန်တည်း၌ပင်၊

တောင်ကဲ့သို့ဖြစ်သော နောက်ကျော၌ မရေမတွက်နိုင်သော ရှေးဟောင်းဖြစ်ကာ ရိုးရှင်းသည့်ပုံစံကွက်များဖြင့် ဖုံးလွမ်းနေသော ကြီးမားသောလိပ်ကြီးက ခြွင်းချက်မရှိသည့်ရှေးဟောင်းကာ အင်အားကြီးသော အရောင်အဝါကို ထုတ်လွတ်နေခြင်းသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် အခြားကောင်းကင်သခင်များ၏ နတ်ဘုရားအာရုံထဲတွင် ပေါ်လာခဲ့လေသည်။

သို့ရာတွင် လိပ်နက်ကြီးသည် ထိုအချိန်တွင်၊ သူ၏ရှေးဟောင်းကျကာ မာကျောသည့်အခွံ၌ များစွာသော မီးလောင်ကျွမ်းရာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

အခွံတစ်လျှောက် ပြန့်နှံလာသည့် အက်ကွဲရာများကိုပင် သိသာစွာမြင်နေရလေသည်။

၎င်း၏ ကြီးမားသော လက်သည်းကလည်း နှစ်ပိုင်းကွဲသွားသည်။

နတ်ဆိုးအရှင်၏ ပျစ်သောသွေးများက အနာများထဲမှ ယိုစီးကျလာခဲ့သည်။

ယခုတိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာနေလာခဲ့သော အကြီးအကဲလိပ်နက်ကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့ပြီး အစားထိုးမရနိုင်သည့် ပျက်စီးမှုကို ဖြစ်စေခဲ့သည်။

***

All Chapters