← Chapters

အရှေ့ပိုင်းနဂါးစိမ်းအလံပြီးမြောက်ခြင်း၊ စနစ်၏ဆက်တိုက် အသိပေးချက်များ

Vol. 34 Ch. 648

အရှေ့ပိုင်းနဂါးစိမ်းအလံပြီးမြောက်ခြင်း၊ စနစ်၏ဆက်တိုက် အသိပေးချက်များ

Vol. 34 Ch. 648

ထိုအချိန်တွင် အကြီးအကဲလိပ်နက်က မည်သို့ပင်သည်းခံပါစေ၊ သူသည် ဒေါသကို မထိန်းနိုင်ခဲ့ပေ။

သူ၏ကြီးမားသည့် ဓမ္မပုံရိပ်က ချက်ချင်းပင် ပေပေါင်းထောင်ကျော်ကြီးလောက်အောင် ပြောင်းလဲသွားသည်။

ကြောက်မက်ဖွယ်ကောင်းသည့်အရောင်အဝါက ၎င်း၏ဓမ္မပုံရိပ်ပတ်လည်တွင် ရှိနေကာ မြောက်ပိုင်းနယ်နိမိတ် တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

“ကောင်းပြီ…”

အကြီးအကဲလိပ်နက်၏ အပြုအမူကိုမြင်လျှင်၊ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့က ရှိန်လောက်သည့်အရောင်အဝါများဖြင့် ထွက်လာကြတော့သည်။

ကျန်းချန်ရွှမ်က ယဉ်ကျေးမှုတစ်စက်မှ မရှိဘဲနှင့် နတ်ဆိုးမျိုးနွယ်၏ပိုင်နက်ကို လာ၍ မချိမခံသာဖြစ်အောင် ပြောလေသည်။

“လိပ်အိုကြီး၊ မင်းက မျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲကို စဖို့ ရန်စချင်နေတာလား?

ဒါမှမဟုတ် မင်းအခွံကငါ့လက်သီးထပ်မှာလားဆိုတာသိချင်နေတာလား?

လာပါ၊ လာပါ၊ လာပါ။

တွန့်ဆုတ်မနေပါနဲ့၊ မင်းတိုက်ခိုက်ချင်ရင် ငါအဆင့်သင့်ရှိပါတယ်။

တစ်ယောက်ယောက်မသေမချင်းတိုက်ကြတာပေါ့။ တိုက်ရဲလား?”

ကျန်းချန်ရွှမ်၏ ရန်စသောစကားများက ချက်ချင်းပင် အကြီးအကဲ လိပ်နက်၏မျက်လုံးကို အနီရောင်ဖြစ်စေခဲ့သည်။

၎င်းသည် ကျန်းချန်ရွှမ်ကိုသာအဝေးမှ စိုက်ကြည့်နေသည်။

ကျန်းချန်ရွှမ်က အထင်သေးစွာဖြင့် ထေ့ငေါ့လိုက်သည်။

“ဘာလို့လဲ? မင်းမလုပ်ရဲဘူးလား? ဒါမှမဟုတ် မင်းအကြည့်နဲ့ပဲ ငါ့ကိုသတ်နိုင်မယ်ထင်လို့လား?

ဟွန့်….”

ဤနောက်ဆုံးတစ်ခေါက် လှောင်ပြောင်မှုက အကြီးအကဲလိပ်နက်၏သည်းခံနိုင်စွမ်းများကို ကုန်ဆုံးသွားစေသည်။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် နတ်ဆိုးမျိုးနွယ်၏အခြားနေရာများတွင် များစွာသောစွမ်းအားကြီးသည့် အရောင်အဝါများက တက်လာခဲ့သည်။

သူတို့သည် ကျန်းချန်ရွှမ်နှင့်အခြားသူများအား အဝေးမှရင်ဆိုင်လိုက်သည်။

အဆုံး၌ အက်ကွဲသောအသံတစ်ခုကို ကြားလိုက်ရသည်။

“တာအိုရောင်းရင်းလိပ်နက်၊ အဲ့ဒီလူတွေနဲ့ တိုက်ခိုက်နေစရာမလိုပါဘူး။

အချိန်ရောက်လာရင်၊ ကျုပ်တို့က မင်းနဲ့ ကျဆုံးသွားတဲ့ နတ်လင်းယုန်အတွက် တရားမျှတမှုကို ပြန်ရှာပေးပါ့မယ်။

အဲ့ချိန်ရောက်မှ ကျုပ်တို့ သန်းပေါင်းဆယ်ချီတဲ့ လူသားတွေရဲ့သွေးတွေကို သုံးပြီး ဒီအရှက်ကွဲမှုကို ဆေးကြောပစ်မယ်။”

ထိုသို့ပြောလိုက်ရာ အကြီးအကဲလိပ်နက်၏မျက်လုံးထဲမှ သွေးများက တဖြည်းဖြည်းနှင့် မှေးမှိန်သွားသည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် အခြားသူတို့ရှိနေသော နေရာကို တစ်ချက်ကြည့်ကာ ပြီးနောက် အခြားနတ်ဆိုးသားရဲချုပ်များနှင့် နတ်ဆိုးပိုင်နက်၏အတွင်းပိုင်းသို့ ပြန်လည့်သွားတော့သည်။

ထိုအရာကိုတွေ့လိုက်ရာ ကျန်းချန်ရွှမ်က တော်တော်လေးစိတ်ပျက်သွားပေသည်။

အကယ်၍ သူသည် အကြီးအကဲလိပ်နက်အား တကယ်ပင် ရန်စနိုင်ခဲ့ပြီး သူနှင့် သေသေရှင်ရှင်တိုက်ခိုက်ခဲ့လျှင် သူတို့၏လူသားမျိုးနွယ်သည် ရန်သူတစ်ယောက်လျော့နိုင်မည်ဖြစ်သည်။

ကံမကောင်းစွာပင်…….

သူသည် မနေနိုင်ဘဲ ခေါင်းကိုခါလိုက်သည်။

ပြီးနောက် သူနှင့် ရှန်းရူယန်သည် နတ်ဆိုးပိုင်နက် ရှိရာဘက်သို့ ထပ်၍ ကြည့်လိုက်သည်။

သူတို့၏အမူအရာများသည် တဖြည်းဖြည်းနှင့် တည်ငြိမ်သွားသည်။

သူသည် ထိုနေရာတွင်ပင် အချိန်အတော်ကြာအောင်ရပ်နေခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် ကိုယ်စီဝိညာဉ်ဝိုင်တစ်ခွက်ဆီကို ထုတ်လိုက်ကြပြီး မျက်နှာမူနေသည့်ဘက်ကို အလေးပြုလိုက်ကာ သူတို့၏ဝိုင်ခွက်အသီးသီးကို မြေပေါ်သို့လောင်းချလိုက်ကြသည်။

“တာအိုရောင်းရင်းကျီယန်မီးတောက်၊ ခရီးလမ်းဘေးကင်းပါစေ။

အနာဂတ်တစ်နေ့မှာ ကျုပ်တို့က လူသားမျိုးနွယ်တွေ ဒီလောကရဲ့အထွတ်အထိပ်မှာရပ်နိုင်အောင် လုပ်မှာပါ။

စောင့်ကြည့်ထားလိုက်ပါ။”

ဤစကားများကိုပြောပြီးနောက်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ဂူထဲသို့ပြန်သွားကြတော့သည်။

သူ၏ဂူထဲသို့ပြန်သွားပြီးနောက် ကျန်းချန်ရွှမ်သည် ချက်ချင်း သူ၏ အရှေ့ပိုင်းနဂါးစိမ်းအလံကို နဂါးစိမ်းနတ်ဘုရားသစ်သားဖြင့် သန့်စင်ရန် မကြိုးစားသေးပေ။

ထိုအစား သူသည် များစွာသော ထိပ်တန်းအဆင့် အဆင့် ၅ ပစ္စည်းများကိုထုတ်လာကာ အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာကို သန့်စင်ရန်ကြိုးစားလိုက်သည်။

အဆုံး၌ အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာကို သန့်စင်ရာတွင် လေ့ကျင့်ရန်အတွက် ပစ္စည်းများရှိသော အဆင့် ၅ စစ်မှန်ရတနာများကို သန့်စင်ခြင်းနှင့် ကွာခြားသည်။

အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် အဆင့် ၆ ပစ္စည်းသည် အလွန်ဘိုးဘေးတန်ကာ ရှားပါးသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် အကယ်၍ သူသည် အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာအားသန့်စင်ခြင်းနှင့် အဆင့် ၆ လက်နက်သန့်စင်ခြင်းကို ပြုလုပ်လိုလျှင် သူသည် အဆင့် ၅ လက်နက်သန့်စင်သည့်ပစ္စည်းကို ပြည့်စုံစွာ ရထားရမည်ဖြစ်သည်။

ထို့အပြင်၊ သူသည်ထိုအရာမှ အတွေ့အကြုံ အပြည့်အဝ ယူထားရမည်။

ထိုနည်းလမ်းဖြင့်သာ သူသည် အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာကို သန့်စင်ရန်ကြိုးစားချိန်တွင် အောင်မြင်ရန်အခွင့်အရေး အနည်းငယ်ရှိမည်ဖြစ်သည်။

ကျန်းချန်ရွှမ်က လက်ရှိတွင်ထို့သို့လုပ်နေခြင်း ဖြစ်သည်။

သူသည် ရှိပြီးသားဖြစ်သည့် အဆင့် ၅ ပစ္စည်များကိုသုံးကာ ထို အဆင့်မြင့် အဆင့် ၅ ပစ္စည်းများကို လေ့ကျင့်ရန်နှင့် သင်ယူရန် ဆက်တိုက်အသုံးပြုခဲ့ပြီး အရှေ့ပိုင်းနဂါးစိမ်းအလံအားသန့်စင်ရန် လိုအပ်သည့် အခြေခံကိုတည်ဆောက်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်။

သူသည် ကောင်းကင်ဘုံတွက်ချက်ချင်းနည်းစနစ်ကို သုံးရန်မမေ့ဘဲ အရှေ့ပိုင်းနဂါးစိမ်းအလံကို သန့်စင်ရာတွင် ဖြစ်လာမည့်အကျိုးဆက်များကို ခန့်မှန်းခဲ့ပေသည်။

........

ထိုကဲ့သို့ပင်။

နှစ်ပေါင်းသုံးဆယ်က အမြန်ပင် ကုန်လွန်သွားခဲ့သည်။

ဤနှစ်ပေါင်း ၃၀ အတွင်းတွင်၊

ကျန်းချန်ရွှမ်သည် အဆင့် ၅ စစ်မှန်ရတနာများကို အဆင့် ၅ ပစ္စည်းများကိုသုံးကာ သန့်စင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့အထဲမှ နှစ်ခုသည် အဆင့်မြင့် အဆင့်၅ စစ်မှန်ရတနာများဖြစ်ပေသည်။

၎င်းသည် သူက အဆင့် ၅ လက်နက်သန့်စင်ရာတွင် ကျွမ်းကျင်သောအဆင့်သို့ရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

သို့ရာတွင်၊ အဆင့် ၆ ယန်သန့်စင်သောရတနာကို သန့်စင်ခြင်းနှင့်ပက်သက်၍မူ ကျန်းချန်ရွှမ်က ယုံကြည်ချက်သိပ်မရှိသေးပါ။

သူသည် တွက်ချက်ပြီးလျှင်

တွက်ချက်မှုရလဒ်ဆယ်ခုတွင် ကိုးခုက ယခုအရှေ့ပိုင်းနဂါးစိမ်းအလံကိုသန့်စင်လျှင် ကျရှုံးနိုင်ချေ များပြားကြောင်း ပြောလေသည်။

သူသည် အရှေ့ပိုင်းနဂါးစိမ်းအလံကို သန့်စင်ဖို့ရန် ကုသိုလ်တရားကိုသုံးရန် လိုအပ်နေပါသလား?

ကျန်းချန်ရွှမ်က လေးနက်စွာ တွေးလိုက်သည်။

ခနအကြာတွင်၊

သူက ခေါင်းကိုခါလိုက်သည်။

သူ၏အသိစိတ်က သူ၌ရှိသည့် ကုသိုလ်က ထိုကိစ္စအတွက်သုံးဖို့ရန် မသင့်တော်ကြောင်းကို ပြောနေခဲ့သည်။

ထိုအကြောင်းကိုတွေးလျှင်၊ ကျန်းချန်ရွှမ်က ချက်ချင်းပင် နောက်တစ်ကြိမ် တွက်ချက်ချင်းကို ပြုလုပ်ခဲ့သည်။

ထိုတွက်ချက်ချင်းက အခြား နှစ်ပေါင်း ၃၀ ကုန်ဆုံးခဲ့သည်။

၎င်းသည် ကျန်းချန်ရွှမ်အား တစ်ခုခုကို နားလည်သွားစေခဲ့သည်။

ထိုနေရာတွင် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များနှင့် အဆင့်နိမ့်သောကျင့်ကြံသူများ အကြား အခြေခံကွာခြားချက်များဖြစ်သည်။

သူသည် နှစ် ၆၀ကျော်ကြာ ဂူပိတ်ကျင့်ကြံခဲ့သည်။

အကယ်၍ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူသာဆိုလျှင် သူတို့၏ သက်တမ်းက တစ်ဝက်ကျော် ကုန်ဆုံးသွားလိမ့်မည်ဖြစ်သည်။

အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဆိုလျှင် သက်တမ်းသုံးပုံတစ်ပုံ ကုန်ဆုံးသွားပေမည်။

ပြီးနောက် ၎င်းသည် ကျန်းချန်ရွှမ်က အရှေ့ပိုင်းနဂါးစိမ်းအလံကို သန့်စင်ရန် တွက်ချက်နေသောအချိန်ပင် ရှိသေးသည်။

အနာဂတ်တွင် အကယ်၍ သူသည် တကယ်ပင် အထူးနည်းစနစ် သို့ အဆင့်ထိုးဖောက်ရန် ဂူပိတ်ကျင့်ကြံလျှင် ရာစုနှစ်ကျော်ပင် အချိန်ကုန်လိမ့်မည်ဖြစ်ပေသည်။

သူထွက်လာသောအချိန်တွင် လူပေါင်းများစွာ၏အသက်များသည် နောက်ဆုံးအချိန်သို့ရောက်နေမည်ဖြစ်သည်။

၎င်းသည် အဆင့်မြင့်ကျင့်ကြံသူများသည် အဆင့်နိမ့်ကျင့်ကြံသူများနှင့် သူငယ်ချင်းမဖြစ်နိုင်ရသည့် အဓိက အကြောင်းအရင်းဖြစ်သည်။

သူကဲ့သို့မိသားစုအကြီးအကဲများသည်ပင် သူတို့၏သွေးသားရင်းများအပေါ် စစ်မှန်သောခံစားချက်များမရှိနိုင်ပေ။

နှစ်ခုကြားမှ ကွာခြားချက်မှာ အလွန်အရေးပါသည်။

အကယ်၍ သူတို့သည် ခံစားမှုဆက်သွယ်ချက်များကို ပျိုးထောင်ခဲ့မိသည်နှင့် ဂူပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် ထိုဂျူနီယာက သက်တမ်းကုန်ဆုံးခြင်းကြောင့် သေဆုံးသွားသည်အား တစ်ခါတစ်ရံ လက်ခံနိုင်ရမည်ဖြစ်သည်။

သို့သော် ထိုဖြစ်ရပ်မျိုးက မကြာခနဖြစ်နေလျှင် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များသည်ပင် စိတ်ပိုင်းဆိုင်ရာထိခိုက်လာမည်ဖြစ်သည်။

ထို့ကြောင့်။

သူတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်သည်နှင့် သူတို့၏တပည့် သို့ ဂျူနီယာများနှင့် လုံလောက်သည်ထပ်ပို၍ ဆက်ဆံသည်မှာ ရှားပါးသည်။

သူတို့သည် လုပ်ရမည့်အရာများနှင့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်ပင် လိုအပ်သည်။

အချို့ကျင့်ကြံသူများသည် စိတ်မဝင်စားဘဲ တစ်ကိုယ်ကောင်းဆန်သည့် စိတ်နေသဘောထားရှိကာ တာဝန်ဝတ္တရားများကိုပင် မလုပ်သည်များလည်းရှိသေးသည်။

၎င်းသည် များစွာသောကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့်တိုးတက်လာသည်နှင့် အကြင်အနာနှင့် ခံစားချက်များကင်းမဲ့လာရခြင်း၏ အဓိကအကြောင်းအရင်းလည်းဖြစ်ပေသည်။

ကျန်းချန်ရွှမ်က သူ့၌ သူတစ်ပါးအား ဝေဖန်ရန်အကြောင်းအရင်းမရှိဟု ခံစားရလေသည်။

ကျင့်ကြံခြင်းသည် ကိုယ်ပိုင်ခရီးတစ်ခုဖြစ်ကာ လူတိုင်းသည် သေးငယ်သည့်ဇာတ်ရုပ်များဖြစ်ကာ ထိုလမ်းတွင်ရုန်းကန်နေကြသူများသာဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဖြစ်စေ၊ ဗလာနယ်ပြန်အဆင့်ဖြစ်စေ ကောင်းကင်ဘုံ၏အောက်ရှိ ဤကျယ်ပြောသောလောကကြီးတွင် တန်ဖိုးမည်မျှရှိလိမ့်မည်နည်း?

မည်သည့်ကိစ္စတွင်မဆို သူသည် ကိုယ်တိုင်စီစဉ်ရန်လိုအပ်ပြီး စစ်မှန်သည့်နှလုံးသားကို ဆုပ်ကိုင်ထားနိုင်ရန်သာ လိုအပ်သည်။

ထိုအချိန်တွင်၊

တွက်ချက်နေခြင်းဖြင့် ကျန်းချန်ရွှမ်သည် အရှေ့ပိုင်းနဂါးစိမ်းအလံကို သန့်စင်ရာတွင် အောင်မြင်ရန်နှုန်းကို လေးဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်နိုင်ခဲ့သည်။

၎င်းသည် သူကြိုမြင်နိုင်သည့် အတိုင်းအတာပင်ဖြစ်သည်။

ဆက်သွားလျှင် သူက အချိန်များကိုဆက်သုံးလျှင်ပင် လုံလောက်သည့် ရလဒ်ကို မရနိုင်ပေ။

ထိုသို့ဆိုလျှင် သူသည် ယခုပင်စလိုက်ခြင်းက ကောင်းသည်။

အကယ်၍ အလုပ်မဖြစ်လျှင် သူသည် ကုသိုလ်ကိုပင်သုံးလိုက်တော့မည်။

သူသည် အရေးကြီးသည့်အချိန်သို့ရောက်လာပါက လိုအပ်သည့်ဆုံးဖြတ်ချက်ကို ဆုံးရှုံးမည်မဟုတ်ကြောင်း ယုံကြည့်ပေသည်။

အဆုံး၌ အသိစိတ်နှင့် တွက်ချက်မှုများသည် အယူအဆပုံစံတစ်မျိုးသာဖြစ်သည်။

သူသည် ၎င်းတို့အား ကိုးကားချက်အဖြစ်သုံးနိုင်ပြီး သို့ မှီခိုနိုင်သော်လည်း သူ့ဆုံးဖြတ်ချက်အတွက် တစ်ခုတည်းသောအရာမဖြစ်လာစေလိုပါ။

ထိုအရာများအားလုံးကို နားလည်သွားပြီးနောက် ကျန်းချန်ရွှမ်သည်ရုတ်တရက်သူ၏စိတ်အခြေအနေသည် ချက်ချင်းအဆင့်တက်သွားကြောင်းခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ မူလဝိညာဉ်သည် ပို၍ တောင့်တင်းခိုင်မာလာကာ၊ သဟဇာတဖြစ်လာပြီးနောက် ပြည့်စုံလာသည်။

သူ၏ လောကနှင့် ဆက်သွယ်မှုမှာလည်း ပို၍ နီးကပ်လာခဲ့သည်။

ထိုမြန်ဆန်သော တိုးတက်မှုကိုဖမ်းဆုပ်ပြီး ကျန်းချန်ရွှမ်သည် အမြန်ပင် အရှေ့ပိုင်းနဂါးစိမ်းအလံကို သန့်စင်ရန်လိုအပ်သည့်ပစ္စည်းများကို ထုတ်လိုက်သည်။

သစ်သားချပ်ဝတ်နွယ်ပင်၊ ကမ္ဘာမြေသစ်သားလင်ကျီမှိုနှင့် သူအချိန်အတော်ကြာကသန့်စင်ထားခဲ့သော နဂါးစိမ်းနတ်ဘုရားသစ်သားတို့ ဖြစ်သည်။

ကျီ..ကျီ…ကျီ….

သန့်စင်သော ယန်စစ်မှန်မီးတောက်က စတင်၍ သူ၏လက်ဖဝါးပေါ်တွင် လောင်ကျွမ်းနေခဲ့သည်။

တဖြည်းဖြည်းနှင့်၊

သစ်သားချပ်ဝတ်နွယ်ပင်နှင့် ကမ္ဘာမြေသစ်သားလင်ကျီမှိုတို့က စိမ်းမြမြအရည်ဘောလုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူတို့သည် သစ်သားထံသို့ ရနံကို လွတ်ပေးနေသည်။

ကျန်းချန်ရွှမ်က သန်စင်သောဂါထာများကို ဆက်တိုက်ရွတ်နေသည်။

မကြာမီတွင် အရှေ့ပိုင်းနဂါးစိမ်းအလံကို သန့်စင်ဖို့ရန်အတွက် အဓိကပစ္စည်းများက စတင်၍ ပေါင်းစည်းလာကြသည်။

ထိုဖြစ်စဉ်က အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ချောမွေ့နေသည်။

ကျန်းချန်ရွှမ်က သူ၏အခြေအနေမှာ ကောင်းသထပ် ပိုကောင်းလာသည်ဟု ခံစားလိုက်ရသည်။

မရေမတွက်နိုင်သော မြင်ကွင်းများက သူ၏စိတ်ထဲသို့ဝင်လာကာ များစွာသောကြိုးပမ်းမှု၊ တွက်ချက်မှုနှင့် လေ့ကျင့်မှုများက ပေါက်ထွက်လာလေသည်။

ရလဒ်အနေဖြင့် သူသည် ထိုမူလသစ်သားဓာတ်သန့်စင်သောယန်စစ်မှန်ရတနာအား ဆယ်နှစ်အတွင်းတွင်ပင် လုံးဝသန့်စင်နိုင်သွားခဲ့လေသည်။

ကျီ…..

ထိုအချိန်တွင် သူသည် အရှေ့ပိုင်းနဂါးစိမ်းအလံထဲသို့ နောက်ဆုံးသန့်စင်ခြင်းဂါထာရွတ်ဆိုလိုက်ချိန်တွင် အလံတစ်ခုလုံးက အစိမ်းရောင်အလင်းကို ထုတ်လွတ်လာခဲ့သည်။

အလွန်နက်နဲသိမ်မွေ့သည့်အရောင်အဝါက လေထဲတွင် ပြည့်လာခဲ့သည်။

ကျန်းချန်ရွှမ်က ထိုသန့်စင်သောယန်စစ်မှန်ရတနာ၏အသုံးဝင်ပုံများကို ချက်ချင်းသိသွားခဲ့သည်။

ထိုအရှေ့ပိုင်းနဂါးစိမ်းအလံသည် သူ၏ရတနာများထဲတွင် အသုံးဝင်ဆုံးနှင့် ပြည့်စုံသော ရတနာဟု ဆိုနိုင်ပေသည်။

၎င်းသည် ခုခံမှု၊ ရှုပ်ထွေးမှု၊ ထောင်ချောက်ဆင်မှု၊ ပိတ်ဆိုးမှုနှင့် တိုက်ခိုက်မှု အားလုံးပေါင်းစည်းထားသည်။

၎င်းသည် လက်ထဲတွင်ရှိလျှင် ကျန်းချန်ရွှမ်၏အင်အားက နောက်တစ်ဆင့်သို့ ထပ်မံ၍ တက်နိုင်လိမ့်မည်။

ကျန်းချန်ရွှမ်က ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။

သူသည် လက်ကိုဖြည်းဖြည်းမြောက်လိုက်ကာ လက်ဖဝါးအရွယ် အစိမ်းရောင်အလံကိုချုပ်လိုက်သည်။

နဂါး၏ဟိန်းသံက ရုတ်တရက် မြစိမ်းရောင်အလံမှ ထွက်လာခဲ့သည်။

ထို့နောက်၊ ခနအကြာတွင်၊ ၎င်းသည် အစိမ်းရောင်အလင်းအဖြစ်ပြောင်းလဲသွားကာ ကျန်းချန်ရွှမ်၏ မျက်ခုံးကြားထဲသို့ ဝင်သွားခဲ့သည်။

[ဒင်]

တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏စိတ်ထဲတွင် ရင်းနှီးသော စက်အသံတစ်ခုပေါ်လာသည်။

[အဆင့် ၆ လက်နက်သန့်စင်သူဖြစ်သွားလို့ ဂုဏ်ယူပါတယ်၊ Host။ သင်က အထူးလက်နက်သန့်စင်ခြင်း နေရာလပ်ကိုဝင်ခွင့် သုံးခုနဲ့ ပြုပြင်ခြင်းကျောက်စိမ်း တစ်ခု ရရှိပါတယ်။]

[အထူးလက်နက်သန့်စင်ခြင်းနေရာလပ် - ၎င်းသည် Hostမှ လက်နက်သန့်စင်ရာတွင် လိုအပ်သောပစ္စည်းများကို ဖန်တီးပေးနိုင်ပြီး hostကို သန့်စင်ခြင်းအဆင့်ဆင့်ကိုလေ့ကျင့်ရန်ကူညီပေးနိုင်ပါသည်။ သို့ရာတွင် အစစ်အမှန်သန့်စင်ခြင်းအဆင့်များအား ဤနေရာလပ်ထဲတွင် ပြုလုပ်၍မရပါ။]

[ပြုပြင်ခြင်းကျောက်စိမ်း - ၎င်းသည် ဓမ္မရတနာ၊ စစ်မှန်ရတနာနှင့် သန့်စင်သောယန်စစ်မှန်ရတနာများ ပျက်စီးမှုနှင့် ဖျက်စီးခံရမှုများကို ချက်ချင်းပြင်ဆင်ပေးနိုင်ပါသည်။]

[ဒင်]

ထိုအချိန်တွင် စနစ်၏အသိပေးချက်က ထပ်မံ၍ ပေါ်ထွက်လာသည်။

***

All Chapters