နတ်ဆိုးမကောင်းဆိုးဝါး၊ ကောင်းကင်ဘုံဥပေဒေဂိုဏ်း၏ အတိဒုက္ခ
Vol. 34 Ch. 650
လွန်ခဲ့သောနှစ်အနည်းငယ်က များစွာသော အဆင့်နိမ့်နတ်ဆိုးသားရဲများသည် လူသားမြို့တစ်ချို့ကို တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် အဆင့် ၁ နတ်ဆိုးသားရဲ သို့ တခါတရံ၌ အဆင့် ၂ များပါရှိသည်။
သို့ရာတွင် အဆင့် ၃ နတ်ဆိုးသားရဲ (သို့) အဆင့် ၄ နတ်ဆိုးဘုရင်များ မပါဝင်ပေ။
ထိုမှလွဲ၍ ထိုတိုက်ခိုက်မှုများသည် လူသား လူဦးရေအတွင်း သေဆုံးမှုတစ်ချို့ကို ဖြစ်စေခဲ့သည်။
ဆင်တူသောဖြစ်ရပ်များက ၃ခေါက် သို့ ၄ခေါက်ခန့် ဖြစ်ပွားခဲ့သည်။
ကျန်းချန်ရွှမ်က သူ၏စိတ်ထဲတွင် အယူအဆများကို ဖွဲ့စည်းလိုက်သည်။
ကြည့်ရသည်မှာ လွန်ခဲ့သည့် ရာစုနှစ်အကျော်တွင် နတ်ဆိုးမျိုးနွယ်က မရပ်မနားတိုးပွားလာခဲ့ကာ ထိုစမ်းသပ်တိုက်ခိုက်မှုများအား အားနည်းချက်ကို ရှာဖို့ရန် အသုံးပြုခြင်းဖြစ်ပေလိမ့်မည်။
ထိုထပ်ခါထပ်ခါဖြစ်ပျက်နေသည့်ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် သူတို့၏ စမ်းသပ်စုံစမ်းခြင်းမှ တန်ဖိုးရှိသည့်တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသည်ဟု ယူဆနိုင်သည်။
မဟုတ်လျှင် ဆင်တူသည့် ဖြစ်ရပ်က သုံးခါ လေးခါထိ တစ်ဆက်တည်းဖြစ်လာမည်မဟုတ်ပေ။
သို့ရာတွင် ၎င်းသည် ရှင်းလင်းစွာပင် ကျန်းချန်ရွှမ် အာရုံစိုက်သည့်အရာမဟုတ်ပေ။
သူ၏အာရုံစိုက်မှုအား ရယူနိုင်သည်မှာ အခြားအခြေအနေတစ်ခုဖြစ်သည်။
ကျန်းရန်ယီ၏ပြောစကားအရ နတ်ဆိုးသားရဲများ၏လှုပ်ရှားမှု၌ သူတို့သည် အလွန် တစ်မူထူးသည့် နတ်ဆိုးသားရဲများကို ရင်ဆိုင်ခဲ့ရသည်။
ထိုသတ္တဝါများသည် အလွန်မကောင်းဆိုးဝါးဆန်သည့်အရောင်အဝါများထုတ်လွတ်နေကာ မသေနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ခေါင်းဖြတ်လိုက်လျှင် (သို့) ခုတ်ပိုင်းလိုက်လျှင်ပင် ဆက်လက်၍ ရွှေ့လျားနေသေးသည်ဟု ဆိုသည်။
မီးတောက်နှင့် မိုးကြိုးကဲ့သို့ ပြင်းထန်သည့် မန္တာန်များ (သို့) ဆင်တူသည့် ဓမ္မလက်နက်များကို သုံးမှသာ အမှန်တကယ် သုတ်သင်နိုင်သည်ဟု ဆိုသည်။
မသိစိတ်မှ ကျန်းချန်ရွှမ်က ထိုနေ့က သူကြိုမြင်ခဲ့သည့်အရာကို တွေးမိသွားသည်။
ထို့နောက် ထိုနေ့တွင် သူကျိန်စာပေးခဲ့သော လူကိုလည်းတွေးမိသွားသည်။
ထိုကိစ္စသည် သူတို့နှင့် သက်ဆိုင်ခြင်းရှိနိုင်ပါလား?
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်၏အမူအရာက မနေနိုင်ဘဲ တည်ငြိမ်သွားခဲ့သည်။
“ယောက်ျား၊ အကယ်၍ ကျွန်မ,မမှားရင် ရန်ယီပြောတဲ့ သားရဲတွေက နတ်ဆိုးသားရဲအစစ်အမှန်တွေ ဟုတ်ပုံမရဘူး။
ကြည့်ရတာ အရမ်းမကောင်းဆိုးဝါးဆန်တဲ့ တစ်ခုခုက ဖောက်လွဲဖောက်ပြန်ဖြစ်စေပုံရတယ်။
သူတို့ကို “နတ်ဆိုးမကောင်းဆိုးဝါး” လို့ ခေါ်တာ ပိုမှန်လိမ့်မယ်။”
ထိုအချိန်တွင် ရှန်းရူယန်၏အသံက ကျန်းချန်ရွှမ်နှင့် ကျန်းရန်ယီတို့နောက်မှ ရုတ်တရက်ထွက်လာသည်။
“မိန်းမ၊ မင်းဂူပိတ်ကျင့်ကြံခြင်းက ထွက်လာပြီပဲ။”
ကျန်းချန်ရွှမ်က အံ့ဩခြင်း၊ ဝမ်းသာခြင်းများဖြင့် ရှန်းရူယန်ဆီသို့လှည့်လိုက်သည်။
ရှန်းရူယန်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ကျွန်မအခုပဲထွက်လာတာ။”
ကျန်းရန်ယီက သူမအား အမြန်ပင်လေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။
ရှန်းရူယန်က ဖြည်းဖြည်းခေါင်းညိတ်လိုက်ပြီး ထိုခေါင်းစဉ်အားပြန်ပြောလိုက်ကာ ကျန်းချန်ရွှမ်ကို ကြည့်လိုက်သည်။
“ယောက်ျား၊ ရှင်ဘယ်လိုထင်လဲ?”
“မင်းမှန်တယ်လို့ ကိုယ်ထင်တယ်။”
ကျန်းချန်ရွှမ်က သဘောတူညီစွာခေါင်းညိတ်လိုက်သည်။
“အကယ်၍ ရန်ယီပြောတာသာ အမှန်ဆိုရင်၊ အဲ့ဒီနတ်ဆိုးသားရဲတွေက သာမန်သားရဲတွေမဟုတ်တော့ဘဲ မကောင်းဆိုးဝါးတွေဖြစ်လာပုံရတယ်။”
ထိုအချိန်တွင် ကျန်းချန်ရွှမ်က ကျန်းရန်ယီအားကြည့်ကာ မေးလိုက်သည်။
“စကားမစပ်၊ သူတို့ကို အသက်ရှင်လျက်ဖမ်းမိဖို့ကော လုပ်ခဲ့သေးလား?
အဲ့လိုဆို ငါ့ဆီကိုအမြန်ခေါ်လာခဲ့ပါ။”
ထိုစကားကိုကြားလျှင် ကျန်းရန်ယီ၏အမူအရာက စိတ်ပျက်သောအပြုံးဖြင့် ခေါင်းကိုခါလိုက်သည်။
“ဘိုးဘေး၊ ကျွန်တော်တို့ အသက်ရှင်လျှက်ဖမ်းမိထားတာမရှိပါဘူး။
ကျွန်တော်တို့ဖမ်းဖို့ မကြိုးစားခဲ့လို့မဟုတ်ဘဲ ကျွန်တော်တို့ဖမ်းပြီး ထိန်းချုပ်လိုက်တာနဲ့ သူတို့က ကိုယ့်ကိုကိုယ် ဖျက်စီးသွားပြီး ပြာမှုန်အဖြစ်ကို ပြောင်းသွားပါတယ်။”
“အို? အဲ့လိုလား?”
ကျန်းချန်ရွှမ်က ချက်ချင်းမျက်မှောင်ကုပ်လိုက်သည်။
သူနှင့်ရှန်းရူယန်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ထိုမကောင်းဆိုးဝါးများ၏ ကိုယ့်ကိုကိုယ်ဖျက်စီးသော သဘာဝက သူတို့၏ ယခင်ကမှန်းဆမှုကို အတည်ပြုပေးနေသည်။
“ကြည့်ရတာ သူတို့နောက်တစ်ခါထပ်ပေါ်လာမှာကိုစောင့်ပြီး ကိုယ်တိုင်စစ်ဆေးမှဘဲ ရတော့မယ်။” ကျန်းချန်ရွှမ်က ပြောကာ ခေါင်းညိတ်ထောက်ခံနေသော ရှန်းရူယန်ကိုကြည့်လိုက်သည်။
“အခုထိတော့ အဲ့ဒီနည်းလမ်းတစ်ခုပဲရှိသေးတယ်။” သူမကပြောသည်။
“စကားမစပ်၊ ဒီကိစ္စကို ဓားဖုံးနန်းတော်ကကော သိလား?” ကျန်းချန်ရွှမ်က ရုတ်တရက်မေးလိုက်သည်။
ကျန်းရန်ယီက ချက်ချင်း ခေါင်းညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။ သူတို့သိကြပါတယ်။
အဲ့ဒီမကောင်းဆိုးဝါးတွေ ကျွန်တော်တို့လူသားမြို့တွေကို တိုက်ခိုက်တဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ ကျန်းမိသားစုရဲ့ တရားစီရင်ပိုင်ခွင့်အောက်ကမြို့တွေကိုပဲ ပစ်မှတ်ထားကြတာမဟုတ်ပါဘူး။”
“ငါသိပြီ။”
ကျန်းချန်ရွှမ်က ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။
“မင်းအခုသွားနိုင်ပြီ။ အကယ်၍ တိုးတက်မှုအသစ်ရှိရင် ငါတို့ကိုချက်ချင်း အကြောင်းကြားပါ။”
“ဟုတ်ကဲ့ပါ။ ဘိုးဘေး။”
ကျန်းရန်ယီက ချက်ချင်း လေးစားစွာ သဘောတူလိုက်သည်။
ကျန်းရန်ယီ၏ပုံရိပ်က ရွှမ်းမင်တောင်ထိပ်မှ လုံးဝပျောက်ကွယ်သွားမှသာ ကျန်းချန်ရွှမ်က ရှန်းရူယန်ဖက်သို့ လှည့်ကာ “မိန်းမ၊ နတ်ဆိုးမျိုးနွယ်က အဲ့ဒီသတ္တဝါတွေနဲ့ ပူးပေါင်းထားတယ်လို့သံသယရှိတယ်။”
“ဟာ၊ ရှင်ပြောတာက?”
ရှန်းရူယန်၏လှပသည်မျက်လုံးမျာက ကျဉ်းမြောင်းသွားသည်။
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။ “သေချာပေါက်ပဲ၊ မဟုတ်ရင် အဲ့ဒီနတ်ဆိုးမကောင်းဆိုးဝါးတွေရဲ့ ထွက်ပေါ်လာမှုက ရှင်းပြလို့မရနိုင်ဘူး။
အင်အားစုတွေစုပေါင်းလိုက်ခြင်းကပဲ အဲ့ဒီနတ်ဆိုးမကောင်းဆိုးဝါးတွေမွေးဖွားလာရတဲ့ ဖြစ်နိုင်ချေရှိနိုင်တာ။”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏မျက်လုံးများက ရုတ်တရက် လေးနက်သွားသည်။
“ကြည့်ရတာ နတ်ဆိုးမျိုးနွယ်က တကယ်ပဲ အမှောင်လမ်းကို ခြေချတော့မဲ့ပုံပေါက်တယ်။”
ထိုနောက် စုံတွဲသည် သူတို့၏ဂူပိတ်ကျင့်ကြံစဉ်က ရရှိခဲ့သည့်အကျိုးများကို စကားပြောင်းပြောလိုက်ကြသည်။
ကျန်းချန်ရွှမ်က ရှန်းရူယန်သည် သူ၏မူလစစ်မှန်ရတနာ မိုးကြိုးငါးသွယ်မသေမျိုးဓားအား အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာ အဖြစ် မြင့်တင်နိုင်ခဲ့သည်သာမကပဲ သူမ၏ကျင့်ကြံဆင့်ကိုလည်း ဝိညာဉ်ဖွဲ့စည်းခြင်း၏ ဒုတိယအဆင့်သို့ တိုးတက်ပြောင်းလဲနိုင်ခဲ့သည်ကို သိလိုက်ရသည်။
ထို့အပြင် သူမသည် စွမ်းရည်အသစ်ဖြစ်သည့် ယင်-ယန် ဝိရောဓိ မိုးကြိုးဓားကို နားလည်သွားခဲ့ပြီး ထိုနတ်ဘုရားစွမ်းအားသည် ဓာတ်ငါးပါးနတ်ဘုရားမိုးကြိုးနှင့် စွမ်းအားခြင်းယှဉ်နိုင်ပေသည်။
ထိုစုံတွဲသည် သူတို့၏ ဂူပိတ်ကျင့်ကြံခြင်းမှ ထိုးထွင်းသိမြင်နိုင်သည့်ဉာဏ်များကို ဖလှယ်နေကြချိန်တွင် ထန်နိုင်ငံ၏ ကောင်းကင်ဘုံဥပေဒဂိုဏ်းမှ ဝမ်းနည်းဖွယ်ကောင်းသည့် အော်သံများကို ဆက်တိုက် ကြားလိုက်ရသည်။
ထန်နိုင်ငံအတွင်းတွင် လူးလွန့်တွန့်လိမ်နေသည့်အနက်ရောင်အရိပ်များရာကျော်က လေထဲ၊ မြေပေါ်၊ အိမ်ထဲနှင့် နံရံများပေါ်တွင် လှုပ်ရှားနေကြသည်။
နောက်ဆုံးတွင် ထိုလူးလွန့်နေသော အရိပ်များက ထန်နိုင်ငံတပည့်များ၏ နှာခေါင်း၊ နား၊ ပါးစပ်များနှင့် မျက်လုံးများထဲဝင်သွားကာ ပြင်းထန်စွာခံစားရသောကြောင့် အော်ဟစ်နေကြသည်။
ချက်ချင်းပင် ကောင်းကင်ဘုံဥပဒေဂိုဏ်းသားများက နာကျင်စွာအော်နေရာမှ ရပ်သွားခဲ့သည်။
တပည့်များ၏မျက်လုံးများသည် အနက်ရောင်ပြောင်းသွားကာ နက်ရှိုင်းသောချောက်နက်ကဲ့သို့ဖြစ်နေခဲ့သည်။
သူတို့၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင်၊ အသားပိုကဲ့သို့ အနက်ရောင်ပြည်ဖုများ ပေါက်လာလေသည်။ ၎င်းတို့သည် ထွက်လာပြီး အောက်သို့ကျသွားကာ သူတို့၏အရေပြားမှ တစ်ခုခုပေါက်ကွဲထွက်လာတော့မည့် ပုံစံဖြစ်နေလေသည်။
ကောင်းကင်ဘုံဥပဒေဂိုဏ်း၏ ဘိုးဘေးခန်းမတွင် ဂိုဏ်းရှိလက်ရှိ အခြေတည်ဝိညာဉ်ကျင့်ကြံသူလေးဦးက ဝတ်ရုံနှင့် လွမ်းခြုံထားသည့်ပုံရိပ်အား ရင်ဆိုင်နေကြသည်။
သူတို့၏အမူအရာက ဒေါသဖြင့် ရှုံ့တွနေသည်၊ ထိုထဲမှ တစ်ဦးက မေးလိုက်လေသည်။
“မင်းက ဘယ်သူလဲ? ဘာလို့ ငါတို့ဂိုဏ်းကို အဲ့လိုကပ်ဘေးမျိုး သယ်လာရတာလဲ?”
ထိုဝတ်ရုံနှင့် ပုံရိပ်က အပြုံးဖျော့ဖျော့နှင့် ပြန်ဖြေလေသည်။
“အကြောင်းအရင်းအထွေအထူးတော့မရှိပါဘူး၊ ငါရဲ့လိုအပ်ချက်အရ မင်းတို့ရဲ့ ဂိုဏ်းသားတွေကို လက်ခံကောင် အဖြစ် သုံးတာက သင့်တော်တယ်ဆိုတာ တွေ့လိုက်ရရုံပါပဲ။
အဆုံးမှာ မင်းတို့ရဲ့ ရုပ်သေးပညာမှာကျွမ်းကျင်မှုက ငါတို့ကို အရာအများစုကို ဖုံးကွယ်ထားပေးနိုင်ပြီး အချိန်တစ်ချို့ ရစေတယ်လေ။
ဒါပါပဲ။”
“ဘာ?”
ကောင်းကင်ဥပဒေဂိုဏ်းမှ အကြီးအကဲများက အံ့ဩသွားကြသည်။
သူတို့ထဲမှတစ်ဦးက မယုံကြည်နိုင်စွာဖြင့် ဝတ်ရုံနှင့်လူအား ငေးကြည့်နေသည်။
“မင်း၊ မင်းကဘယ်သူလဲ?”
“ဟမ်၊ တစ်ခုခုရှာတွေ့လား?”
ဝတ်ရုံနှင့်လူက သူ၏မျက်လုံးကို ကျဉ်းလိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
“အဲ့ဒါက အရေးမကြီးပါဘူး။ ငါမင်းတို့ကို ထိန်းချုပ်နိုင်နေသရွေ့ ဒီကိစ္စက ပြန့်သွားမှာမဟုတ်ဘူး။
ငါ့အတွက်တော့ အချိန်နည်းနည်းဆွဲနေသရွေ့ လုံလောက်ပါတယ်။”
သူကစကားပြောလိုက်ရင်း မရေမတွက်နိုင်သော အနက်ရောက်ချည်များက သူ၏လက်ထဲမှထွက်လာလေသည်။
ဝှစ်…ဝှစ်…ဝှစ်….
ထိုချည်မျှင်များသည် လက်ဆ်ုပ်လိုက်ကိုင်ပြနိုင်သော အရာနှင့် မပြနိုင်သောအရာ၏ကြားတွင် ရှိသည်။
ကောင်းကင်ဥပဒေဂိုဏ်းမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူ လေးဦးသည် ပထမတစ်ယောက်နှင့် တတိယတစ်ယောက်သာ အချိန်မှီတုံ့ပြန်နိုင်လိုက်ပြီး သူတို့၏ မူလ ရုပ်သေးများဖြင့် နေရာခြင်း လဲလိုက်ကြသည်။
ပေါက်ကွဲသံများကို ဆက်တိုက်ကြားလိုက်ရသည်။
သူတို့၏ ပွားထားသောရုပ်သေးများသည် အစိတ်အပိုင်းများအဖြစ် ပေါက်ကွဲသွားလေသည်။ သို့သော် ဒုတိယနှင့်စတုထ္ထအကြီးအကဲများဆီမှ စူးရှသည့်အော်သံများ ထွက်လာသည်။
ပထမနှင့် တတိယအကြီးအကဲတို့၏ နှလုံးသားများ လေးပင်သွားသည်။
ပြန်လှည့်ကြည့်လိုက်ရာ သူတို့ ဒုတိယနှင့်စတုထ္ထအကြီးအကဲတို့၏ ခန္ဓာကိုယ်သည် အနက်ရောင်ချည်မျှင်များနှင့် ရစ်ပတ်ခံလိုက်ရကာ သူ၏အရေပြားများတွင် အနက်ရောင်လိုင်းများသည် ပြန့်နှံ့သွားကာ ခြေထောက်မှ လက်မောင်း၊ ဗိုက်နှင့် ရင်ဘတ်များအထိ တက်သွားလေသည်။
မျက်စိတမှိတ်အတွင်းတွင်၊ လိုင်းများသည် သူတို့၏ ပုခုံးအထိရောက်လာလေသည်။
“အား…..”
ထိုနှစ်ဦးသည် သည်းမခံနိုင်သည့် နှိပ်စက်ခြင်းကို ခံနေရသကဲ့သို့ အော်လိုက်ကာ သူတို့၏ခန္ဓာကိုယ်တွင် အသားပိုများ ပေါ်ထွက်လာခဲ့သည်။
မြင်ကွင်းက ကိုးရိုကားရားဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းပြီး ထူးခြားဆန်းကြယ်နေသည်။
“မင်းက သေချင်နေတာပဲ။”
တတိယအကြီးအကဲက ဒေါသဖြင့် အော်လိုက်သည်။
ခနအကြာတွင် ဝတ်ရုံနှင့် ပုံရိပ်ဆီသို့ မီးတောက်နေသည့်ဓားတစ်ချောင်းက ပျံသန်းသွားချိန်တွင် ပထမအကြီးအကဲသည်လည်း အလကားမနေပေ။
သူသည် ရောက်လာပြီး လက်ဖြင့်စည်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ခနအကြာတွင်၊ ဝတ်ရုံနှင့်ပုံရိပ်၏နောက်မှ ကြီးမားသည့် ကျက်သရေရှိသောပုံရိပ်သုံးခုပေါ်လာခဲ့သည်။
မြေကို တုန်လှုပ်စေသော စွမ်းအားဖြင့် ကြီးမားသည့် လက်ဖဝါးသုံးခုက ဝတ်ရုံနှင့်ပုံရိပ်၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။
၎င်းတို့သည် အဆင့် ၅ ရုပ်သေးရုပ်သုံးရုပ်ဖြစ်သည်။
“ဟွန့်..”
ထိုနှစ်ဦး၏တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင်၊ ဝတ်ရုံနှင့် ပုံရိပ်က တစ်ခစ်ခစ်နှင့် ရယ်လေတော့သည်။
သူ၏ပုံရိပ်သည် အလွန်နူးညံ့သိမ်မွေ့ပုံရပြီး မီးတောက်နေသည့် ဓားနှင့် အဆင့် ၅ ရုပ်သေးတိုက်ခိုက်မှု နှစ်ခုစလုံးသည် သူ့အားဖြတ်သွားသော်လည်း သူ့အား ဘာမှမဖြစ်စေခဲ့ပေ။
“ဘာ?”
ပထမနှင့် တတိယအကြီးအကဲတို့က ထိတ်လန့်သွားသည်။
ထိုအချိန်တွင်၊ အလွန်အန္တရာယ်ရှိသော ခံစားချက်က သူတို့၏နှလုံးသားထဲတွင်လိမ့်တက်လာခဲ့သည်။
သူတို့မတုံ့ပြန်နိုင်ခင်တွင်ပင်၊ များစွာသော အဆင့် ၅ ရုပ်သေးများက ရုတ်တရက် သူတို့၏ရှေ့တွင် ပေါ်လာလေသည်။
ဝုန်း…
သူတို့၏ ရှိန်လောက်သည့်တိုက်ခိုက်မှုသည် ပထမနှင့် တတိယအကြီးအကဲများ၏ ခုခံခြင်းရတနာများကို ပြင်းထန်စွာတုန်လှုပ်စေခဲ့ပြီး သူတို့၏ဝိညာဉ်အလင်းက အမြန်ပင် မှေးမှိန်သွားခဲ့သည်။
သူတို့အား အရိုးထဲထိ ကြက်သီးထစေသည်မှာ ထိုတိုက်ခိုက်ရေးရုပ်သေးများသည် ဒုတိယနှင့် စတုထ္ထ အကြီးအကဲများ၏ အဆင့် ၅ ရုပ်သေးများဖြစ်ပေသည်။
“သေလိုက်တော့။”
တစ်ချိန်တည်းမှာပင်၊
ဒုတိယနှင့် စတုထ္ထအကြီးအကဲတို့သည် သူတို့၏ မူလစစ်မှန်ရတနာများ ဖြစ်သော လှည့်ပတ်ခြင်းဘီးနှင့် ရတနာစေတီအား ထုတ်လိုက်ကြသည်။
နှစ်ခုစလုံးသည် တောက်ပနေကာ ပထမနှင့်တတိယအကြီးအကဲသို့အား ဖိနှိပ်နေလေသည်။
“ဂျူနီယာညီလေး၊ မင်း….”
ပထမအကြီးအကဲသည် စတင်၍ စကားပြောလိုက်ကာ ရုတ်တရက် မျက်စိသူငယ်အိမ်များကျဉ်းသွားသည်။
သူနှင့် တတိယအကြီးအကဲတို့က ဒုတိယနှင့် စတုထ္ထအကြီးအကဲတို့၏ မျက်လုံးများက မှင်ကဲ့သို့ အနက်ရောင်သို့ ပြောင်းလဲသွားပြီး အေးစက်၍ ရက်စက်ကာ မကောင်းဆိုးဝါးဆန်ပြီး ကြမ်းကြုတ်သည့်အရောင်အဝါကို ထုတ်လွတ်နေသည်ကို သတိပြုမိသွားသည်။
သူတို့ရှိလျှင်ပင်၊
ထိုအတွေးက သူ့စိတ်ထဲ လျှပ်တပြက်ဝင်သွားသည်နှင့် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများက ထပ်မံ စတင်ခဲ့လေသည်။
ဂျုန်း…..
ခန်းမက တုန်လှုပ်သွားကာ အစီအရင် တောက်ပမှုအလင်းစက်ဝန်းများက အမြန်လင်းလက်သွားသည်။
ရှင်းလင်းစွာပင်၊ လေးဦး၏ တိုက်ခိုက်မှုများက ခန်းမထဲမှအစီအရင်၏ ကန့်သတ်ချက်အား ဖိအားပေးနေသည်။
ထိုအရေးကြီးသည့်အချိန်တွင် ပထမနှင့် တတိယအကြီးအကဲတို့က ဒုတိယနှင့် စတုထ္ထကိုရင်ဆိုင်နေရင်း၊ သူတို့သည် အရိပ်နှစ်ခုက သူတို့၏ခြေထောက်မှတက်လာခဲ့သည်ကို ကိုယ်တိုင်သတိထားမိရန် ကျရှုံးခဲ့လေသည်။ ထိုအရိပ်များက မတ်တပ်ရပ်လိုက်ကာ သူတို့၏နောက်တွင် ကပ်နေခဲ့သည်။
***