ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းက ပစ်မှတ်ဖြစ်ခြင်း
Vol. 34 Ch. 651
“အား….”
ပထမနှင့် တတိယအကြီးအကဲများက ဆင်တူစွာ အော်လိုက်ကြသည်။
ခနအကြာတွင်၊ သူတို့၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အလင်းက အမြန်ပင် လင်းလက်သွားကာ သူတို့သည် တိုက်ခိုက်မှုဆက်တိုက်ခံလိုက်ရပြီး သူတို့၏ ခုခံကာကွယ်မှုများလည်း ပျက်စီးသွားခဲ့သည်။
အချိန်ဘယ်လောက်မှမရှိသေးချိန်တွင်၊ ကောင်းကင်ဥပဒေဂိုဏ်း၏ တတိယနှင့် ပထမအကြီးအကဲများသည် ဒုတိယနှင့် စတုထ္ထကဲ့သို့ သူတို့၏မျက်လုံးများသည် အနက်ရောင်အဖြစ်ပြောင်းလဲသွားကာ အရေပြားပေါ်တွင် လူးလွန့်နေသည့် အသားပိုများ စတင်၍ ထွက်လာခဲ့သည်။
ထိုပြောင်းလဲမှုနှင့်အတူ ရက်စက်ကာ ကြမ်းကြုတ်သည့် အနက်ရောင်အရိပ်များက သူတို့၏ပတ်ပတ်လည်၌ လူးလွန့်နေကာ ကနေကြလေသည်။
..........
နှစ်အနည်းငယ်အကြာတွင်၊
နိုဗာရေပြင်တွင်ဖြစ်သည်။
ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းတွင်၊
စံသခင်ကျယ်ပြောခြင်းမြစ်က သူ၏တပည့်ယူလာသည့် သတင်းကို ကြည့်ကာ သူ၏မျက်နှာက မဲ့သွားခဲ့သည်။
သူသည် သူ၏တပည့် ကွမ်းရှင်းထင်ဖက်သို့လှည့်ကာ လေးနက်သည့်အသံဖြင့်မေးလိုက်သည်။
“ဘာဖြစ်တာလဲ? ငါတို့ ဘာဖြစ်သလဲဆိုတာ မသိရသေးဘူးလား?”
ကွမ်းရှင်းထင်က ခါးသီးသောအပြုံးကိုပြုံးလိုက်ပြီး ခေါင်းကို ခါလိုက်သည်။
“ကျွန်မတို့ တကယ့်ပြသနာကို ရှာမတွေ့သေးဘူး။ ဂျူနီယာမောင်လေး ယွင်ကျီချန်းနဲ့ အခြားသူတွေ ပျောက်သွားတာက သူတို့ ဒီလောကကနေ အငွေ့ပျံသွားသလိုပဲ။
အဲ့တာက အရင်က ပျောက်ဖူးတဲ့ဟာတွေနဲ့ အတူတူပဲ။”
ထိုသို့ဖြစ်လျှင်၊
လွန်ခဲ့သော နှစ်ဝက်လောက်က၊
ကျယ်ပြောမြစ်၏ပိုင်နက်အတွင်းရှိ ကျွန်းအနီး အင်အားစုများ၌ ပျောက်ဆုံးမှုများအား စတင်တွေ့ကြုံခဲ့ရသည်။
အစ၌၊ ထိုပြသနာများသည် နည်းပါးပြီး အာရုံစိုက်မှုကို သိပ်မဆွဲဆောင်နိုင်ခဲ့ပေ။
သို့ရာတွင် အချိန်များစွာကုန်လွန်လာသည်နှင့် များစွာသောလူများ ပျောက်ဆုံးလာကြပြီး ဂိုဏ်းတစ်ခုလုံး သို့ မိသားစုတစ်ခုလုံး ပျောက်ဆုံးမှုများ ဖြစ်လာခဲ့သည်။
ယခုမူ ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းအတွင်း၌ပင် လူများပျောက်ဆုံးလာကြပြီး စံသခင်ကျယ်ပြောခြင်းမြစ်၏ လက်ရင်းတပည့် ယွင်ကျီချန်းအပါအဝင်ပင်ဖြစ်သည်။
စံသခင်ကျယ်ပြောခြင်းမြစ်ပင် ကျွန်းသခင်အနေဖြင့် မပါဝင်ဘဲမနေနိုင်ကာ ဂူပိတ်ကျင့်ကြံရာမှထွက်လာပြီး ကိုယ်တိုင်စုံစမ်းနေရလေသည်။
သို့ရာတွင် ရလဒ်များက စိတ်ပျက်စရာကောင်းသည်။
ကျယ်ပြန့်စွာစုံစမ်းစစ်ဆေးခဲ့သော်လည်း သူတို့သည် ဘာကိုမှရှာမတွေ့ခဲ့ဘဲ ယွင်ကျီချန်းနှင့် အခြားသူများ မည်သို့ပျောက်ဆုံးသွားသည်ကိုပင် သဲလွန်စကို မတွေ့ခဲ့ရပေ။
၎င်းသည် မမြင်ရသောလက်တစ်စုံမှ ခြေရာများအားလုံးကိုဖျက်ပစ်သကဲ့သို့ ဖြစ်နေသည်။
စံသခင်ကျယ်ပြောခြင်းမြစ်က မသိစိတ်မှ တစ်ခုခုလွတ်နေကြောင်းကို ခံစားခဲ့ရသည်။
၎င်းသည် အရိပ်တစ်ခုက မသိနိုင်အောင် သူတို့အား ဝါးမြိုနေပြီး ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းတစ်ခုလုံးကို ဖုံးအုပ်နေသကဲ့သို့ဖြစ်နေသည်။
“တစ်ခုခုတော့ မှားနေပြီ။” သူသည် ရုတ်တရက်ပြောလိုက်ကာ ခေါင်းခါလိုက်သည်။
ထိုအချိန်တွင် သူသည် ကြီးမားသည့်ကိစ္စတစ်ခုက အမြန်ချဉ်းကပ်လာပြီး သူနှင့် ကျွန်းတစ်ခုလုံးကို ချိန်းခြောက်နေကြောင်း အာရုံခံလိုက်မိသည်။
“ ငါပင်လယ်နက်စင်မြင့်နဲ့ စီနီယာကျန်းကို ဒီအကြောင်း သတင်းပေးရမယ်။” သူက ပြောလိုက်ပြီး အနီးဆုံးနေရာတွင်ရှိသော ပင်လယ်နက်စင်မြင့်သို့သွားရန် ထလိုက်သည်။
ကွမ်းရှင်းထင်အား နှုတ်ဆက်ပြီးနောက် သူသည် ချက်ချင်းအနီးဆုံးတွင်ရှိသည့် ပင်လယ်နက်စင်မြင့်သို့ သွားရန်ပြင်ဆင်လိုက်သည်။
သို့ရာတွင်၊ သူသည် ကျယ်ပြောခြင်းမြစ်ရှိ ဝိညာဉ်ကျွန်းမှ ထွက်ခွာတော့မည့်အချိန်တွင်၊ များစွာသော ကျွန်းပေါ်ရှိ တပည့်များက တစ်ဦးနှင့် တစ်ဦး ကြည့်လိုက်ကြသည်။
ခနအကြာတွင်၊ ရက်စက်သည့် အပြုံးက ထိုတပည့်များ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
ဝုန်း….
ထိုအချိန်တွင် ကျွန်းပေါ်ရှိ ကောင်းကင်တစ်ခွင်လုံးက အနက်ရောင်မြူများဖြင့် ဖုံးလွမ်းသွားပုံပေါ်ပေသည်။
မကောင်းဆိုးဝါးဆန်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါက ချက်ချင်း ပေါက်ထွက်လာကာ စံသခင်ကျယ်ပြောခြင်းမြစ်နဲ့ ကွမ်းရှင်းထင်တို့၏အမူအရာများကို ပြောင်းလဲသွားစေသည်။
“ဆရာ၊ ဒါက….?”
ထိုအနက်ရောင်မြူများမှ ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါကို အာရုံခံမိလျှင်၊ ကွမ်းရှင်းထင်က စံသခင်ကျယ်ပြောခြင်းမြစ်အား ထိတ်လန့်စွာကြည့်လိုက်လေသည်။
ထိုအချိန်တွင် စံသခင်ကျယ်ပြောခြင်းမြစ်၌လည်း မယုံကြည့်နိုင်သည့် အကြည့်မျိုးရှိနေသည်။
“ဒီလောက်သိပ်သည်းတဲ့ နတ်ဆိုးချီတွေ…. ကြည့်ရတာ ငါတို့ကျွန်းက တစ်ရက် သို့ နှစ်ရက်လောက်ထပ်ပိုပြီး ပစ်မှတ်ထားခံထားရတာပဲ။” သူကပြောလိုက်ကာ မျက်လုံးထဲတွင် အနက်ရောင်ပြောင်းနေသည့် တပည့်များအား ကြည့်လိုက်လေသည်။
“ယွမ်ဟုန်၊ ဖေးယန်၊ မင်းတို့ဘယ်တုန်းက ဒီလိုဖြစ်လာတာလဲ? ပြီးတော့ ငါကဘယ်လိုလုပ် သတိမထားမိခဲ့ရတာလဲ?”
“ဟီးဟီးဟီး….”
တုံ့ပြန်ရမည့်အစား၊ ရက်စက်ကြမ်းကြုတ်သည့် ရယ်သံကသာ ပြန်လာခဲ့သည်။
ဖေးယန်ဟုခေါ်သည့်တပည့်က စက်အသံနှင့် ပြန်ပြောလာသည်။
“စံသခင်ကျယ်ပြောခြင်းမြစ်၊ စိတ်မပူပါနဲ့၊ မကြာခင် မင်းလည်း ငါတို့လိုဖြစ်လာမှာပါ။ ပြီးရင် နိုဗာရေပြင်တစ်ခုလုံးကလည်း ငါတို့ပိုင်နက်တွေဖြစ်လာတော့မှာ။”
သူသည် စကားပြောပြီးသည်နှင့်၊ စံသခင် ကျယ်ပြောခြင်းမြစ်နှင့် ကွမ်းရှင်းထင်က ထိုနှစ်ယောက်၏နောက်တွင် များစွာသော ကျွန်းပေါ်မှ တပည့်များကို ထိတ်လန့်စွာတွေ့လိုက်ရတော့သည်။
တစ်ဦးဆီတိုင်းသည် မှင်ကဲ့သို့ နက်မှောင်နေကြကာ၊ သူတို့၏အရေပြားပေါ်တွင် အသားပိုများပေါက်နေကြပြီး ခန္ဓာကိုယ်များပေါ်တွင် လူးလွန်နေကာ ကြမ်းကြုတ်သည့် အနက်ရောင်လိုင်းများ ရှိနေသည်။
သူတို့ချဉ်းကပ်လိုက်သည်နှင့် မကောင်းဆိုးဝါးဆန်ကာ ရက်စက်ကြမ်းကြုတ်သည့် အရောင်အဝါက ပို၍ သိပ်သည်းလာပြီး ယခင်ထပ် ပို၍ ကြောက်မက်ဖွယ်ကောင်းကာ ရုတ်တရက် သူတို့၏မျက်နှာများအား သဲကြီးမဲကြီးတိုက်ခိုက်တော့သည်။
ကျယ်ပြောခြင်းမြစ်စံသခင်၊ ကွမ်းရှင်းထင်နှင့် မဖောက်ပြန်သွားသေးသော တပည့်အချို့က သူတို့၏နှလုံးထဲတွင် ကြက်သီးများထသွားပြီး အထူးသဖြင့် သူတို့၏ တာအိုရောင်းရင်းများဖြစ်သည့် ရင်းနှီးသော မျက်နာများက ကြက်သီးထဖွယ်ရက်စက်ကြမ်းကြုတ်သော အပြုံးများနှင့်ချဉ်းကပ်လာသည်ကို တွေ့ရသည့်အချိန်တွင် ဖြစ်သည်။
“အမြန် ထွက်ခွာကြ၊ ငါတို့ဒီနေရာကနေ အမြန်ဆုံးထွက်ခွာရမယ်။”
ရုတ်တရက် စံသခင်ကျယ်ပြောခြင်းမြစ်က အော်လိုက်သည်။
ခနအကြာတွင် သူ၏နဖူးပေါ်တွင် မိုးကြိုးများနှင့်လင်းလက်နေသည့် အဆောင်တစ်ခုက ပေါ်လာခဲ့လေသည်။
ခွပ်……..
စံသခင်ကျယ်ပြောခြင်းမြစ်က ထိုအဆောင်အား ဖွင့်လိုက်သည်နှင့် ၎င်းထံမှ ရွှေရောင်မိုးကြိုးများ ထွက်ပေါ်လာခဲ့သည်။
ထိုချဉ်းကပ်လာသည့် အရိပ်များနှင့် အနက်ရောင်မြူခိုးများသည် ရွှေရောင်အလင်းနှင့်တွေ့မိလျှင် နေရောင်ထဲတွင် နှင်းပျော်ကျသွားသကဲ့သို့ လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
“အဆင့်မြင့် အဆင့် ၅ နတ်ဆိုးနှိမ်မိုးကြိုးအဆောင်ပဲ။
မင်းမှာ အဲ့လိုအဆောင်မျိုးပိုင်ဆိုင်တယ်ပေါ့။”
ဖောက်လွဲဖောက်ပြန်ဖြစ်သည့်တပည့်များသည် စံသခင်ကျယ်ပြောခြင်းမြစ်အား အလွန်ကြမ်းကြုတ် ရက်စက်ပြီး ကြက်သီးထစရာကောင်းသောအကြည့်များဖြင့် စိုက်ကြည့်လိုက်ကြပြီး သူသည် သူတို့၏အလွန်မုန်းစရာကောင်းသည့် ရန်သူကဲ့သို့ဖြစ်နေသည်။
သူတို့ထဲတွင်၊ သူ၏လက်ရင်းတပည့် ယွမ်ဟုန်နှင့် ဖေးယန်တို့က ကြေငြာလိုက်သည်။ “မင်းတို့မလွတ်နိုင်ဘူး၊ မင်းတို့တစ်ယောက်မှ မလွတ်နိုင်ဘူး။”
ဂျုန်း….
ကောင်းကင်ပေါ်မှ မိုးကြိုးများက ဆက်တိုက်ချိန်းနေကြသည်။
နတ်ဆိုးနှိမ်မိုးကြိုးအဆောင်မှပစ်လွတ်နေသည့် ရွှေရောင်နတ်ဘုရားမိုးကြိုးက ဆက်တိုက် အနက်ရောင်အရိပ်များနှင့် နတ်ဆိုးချီများကို အငွေ့ပျံစေနေခဲ့သည်။
၎င်းသည် စံသခင်ကျယ်ပြောခြင်းမြစ်၏ ဤအခြေအနေကို ရင်ဆိုင်ရန် အသန်မာဆုံးနည်းလမ်းဖြစ်လေသည်။
သူသည် ထိုအဆောင်အား ရှန်းရူယန်ဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် နတ်ဆိုးသက်ရှိများအားလုံး ပြေးမလွတ်စေသည့်အဆောင်ဖြစ်သည်။
ဝုန်း….
ရွှေရောင်နတ်ဆိုးနှိမ်မိုးကြိုးသည် ရေအကာအရံကဲ့သို့ ထူထဲပြီး အနက်ရောင်မြူများအား ပြင်းထန်စွာ ကာကွယ်ပေးထားကာ ကြီးမားသည့်အပေါက်တစ်ခုကို အငွေ့ပျံစေပြီး ကျွန်းမှထွက်ခွာနိုင်သည့်လမ်းကို ပြလေသည်။
“ သွားကြမယ်။”
တုံ့ဆိုင်းမှုမရှိဘဲနှင့် စံသခင်ကျယ်ပြောခြင်းမြစ်က ကွမ်းရှင်းထင်နှင့် အချို့တပည့်များကိုခေါ်ကာမြူများထဲ ဖွင့်ထားပေးသော ထိုအပေါက်ထဲသို့ဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊
အနက်ရောင်မြူများနှင့် ရက်စက်ကြမ်းကြုတ်သည့် နွယ်များက အလကားမနေပါ။
စံသခင်ကျယ်ပြောခြင်းမြစ်နှင့် အခြားသူများသည် ထိုအပေါက်မှ ထွက်ပြေးရန်ကြိုးစားနေကြသည်ကိုမြင်လျှင် ချွဲကျိကျိရေဘဝဲလက်များနှင့်တူသည့် အနက်ရောင်ချည်မျှင်များက သူတို့အား ရစ်ပတ်လိုက်သည်။
“ငါဆီက ဝေးဝေးသွားစမ်း။”
စံသခင်ကျယ်ပြောခြင်းမြစ်က အော်ဟစ်လိုက်သည်။
ခနအကြာတွင် နတ်ဆိုးနှိမ်မိုးကြိုးအဆောင်က သူ၏ခေါင်းပေါ်မှ ထပ်မံပေါ်ထွက်လာကာ မိုးကြိုးများ ထုတ်လွတ်လိုက်သည်။
ဂျုန်း….
များစွာသော အင်အားကြီးသည့် ပေါက်ကွဲခြင်းက ပဲ့တင်လာပြီး ကျယ်ပြောသောအနက်ရောင် မြူထူများ ကလည်း ထပ်မံ၍ အငွေ့ပျံသွားလေတော့သည်။
အချိန်မဖြုန်းတော့ဘဲ စံသခင်ကျယ်ပြောခြင်းမြစ်နှင့် အခြားသူများက ကျွန်းမှထွက်ခွာရန်လမ်းကို အမြန်လုပ်ကာ ဦးတည်ထွက်လာခဲ့ကြတော့သည်။
သို့ရာတွင် သူတို့ထွက်ခွာတော့မည်အချိန်၌ များစွာသောပုံရိပ်များက ရုတ်တရက် သူတို့၏လမ်းကို တားဆီးလိုက်သည်။
ဝုန်း….
စံသခင်ကျယ်ပြောခြင်းမြစ်၏ရှေ့ရှိ ခုခံရေးရတနာက မှေးမှိန်မသွားခင် လင်းလက်သွားခဲ့သည်။ ပြီးနောက် သူက ကွမ်းရှင်းထင်နှင့် အခြားသူများနှင့်အတူ နောက်သို့ လွှင့်သွားခဲ့ပြီး ဝိညာဉ်ကျွန်း၏အနက်ထဲသို့ ပြန်ရောက်သွားခဲ့သည်။
“ဟီးဟီးဟီး….”
ယွမ်ဟုန်နှင့် ဖေးယန်ထဲမှ ရင်တထိတ်ထိတ်ဖြစ်စေသော ရယ်သံက ထပ်မံပေါ်ထွက်လာသည်။
“ငါတို့မင်းကိုပြောသားပဲ မင်းတို့မလွတ်နိုင်ဘူး။ မင်းတို့တစ်ယောက်မှ မလွတ်နိုင်ပါဘူးဆို။”
သို့သော် စံသခင်ကျယ်ပြောခြင်းမြစ်က သူတို့အား အရေးမစိုက်ပေ။ ထိုအစား သူသည် ယခုမှပေါ်လာသည့် သူများအား ကြည့်နေသည်။
“ခင်ဗျားတို့က…
ကောင်းကင်ဥပဒေဂိုဏ်းရဲ့ အကြီးအကဲလေးဦးပဲ။”
စံသခင်ကျယ်ပြောခြင်းမြစ်က နောက်ဆုံး၌ သူတို့အားမှတ်မိသွားခဲ့သည်။
သို့သော် ထိုသတိပြုမိခြင်းက သူ့နှလုံးသားကို ပို၍ လေးလံသွားစေသည်။
သူသည် ထိုကောင်းကင်ဥပဒေဂိုဏ်းမှလေးဦးသည်လည်း သူ၏တပည့်များနှင့် အခြေအနေအတူတူပင် ဖြစ်ကြောင်း သတိထားမိသည်။
သူတို့သည်လည်း ကူးစက်ခံထားရပေသည်။
ထိုသတိပြုမိခြင်းက ထိတ်လန့်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းကို ဖြစ်စေခဲ့သည်။
သိထားရမည်မှာ ထိုသူများသည် သူကဲ့သို့ အခြေတည်ဝိညာဉ်အဆင့်များ ဖြစ်ကြသည်။
ထို့အပြင် ကောင်းကင်ဥပဒေဂိုဏ်းမှ စတုထ္ထအကြီးအကဲမှလွဲ၍ ကျန်သုံးဦး၏ စွမ်းအားမှာ သူ၏အထက်၌ ရှိပေသည်။
အကယ်၍ သူတို့သည် အလျော့ပေးလျှင်ပင်၊ သူဆီ၌ မည်သို့သောအခွင့်အရေးရှိမည်နည်း?
ထိုအသိက စံသခင်ကျယ်ပြောခြင်းမြစ်၏ မျက်နှာသည် ဖြူဖျော့သွားသည်။
အကြောင်းမှာ ကောင်းကင်ဥပေဒေဂိုဏ်းမှ ကျင့်ကြံသူ လေးဦးသည် သူတို့၏ သက်ဆိုင်ရာ ရုပ်သေးများကို ထုတ်လာပြီဖြစ်သောကြောင့် ဖြစ်သည်။
ချက်ချင်း အဆင့် ၅ ရုပ်သေး ၁၀ ခု ပေါ်ထွက်လာခဲ့သည်။
သူတို့လေးဦးနှင့်ပေါင်းလျှင် အခြေတည်ဝိညာဉ်အဆင့် စုစုပေါင်း ၁၄ ဦး၏စွမ်းအားဖြစ်ပေသည်။
သူသည် မည်သို့တိုက်ခိုက်ရမည်နည်း?
သူ၌ အဆင့် ၅ နတ်ဆိုးနိမ်မိုးကြိုးအဆောင် ရှိလျှင်ပင်၊
ဘာဖြစ်မည်နည်း?
သူ၌ တစ်ခုသာရှိသည်။
ထို့အပြင်၊ နတ်ဆိုးနိမ်မိုးကြိုးအဆောင်၏ စွမ်းအားက ယခင်ထပ် တစ်ဝက်ကျော် လျော့ကျသွားပြီဖြစ်သည်။
ကျန်ရှိနေသည်မှာ အများဆုံး မိုးကြိုးနှစ်ကြိမ် သုံးကြိမ်ခန့်သာ ထောက်ပံ့နိုင်မည်ဖြစ်သည်။
ပြီးဆုံးသွားပြီဖြစ်သည်။
လူတိုင်းက မတတ်နိုင်ဘဲ ထိုအတွေးကိုသာတွေးနေကြသည်။
ထိုနတ်ဆိုးနိမ်မိုးကြိုးအဆောင်သည် နောက်ဆုံး ရွှေရောင်မိုးကြိုးသွားကို ပစ်လွတ်ပြီးသည်နှင့် တဖြည်းဖြည်း မီးတောက်များအဖြစ် ပြောင်းလဲသွားလေတော့သည်။
စံသခင်ကျယ်ပြောခြင်းမြစ်အပါအဝင်လူတိုင်းသည် မတတ်နိုင်ဘဲ စိတ်ဓာတ်ကျသွားကြတော့သည်။
ထိုအချိန်တွင် အလွန်ထက်သည့်ရွှေရောင်ဓားချီက အနက်ရောင်မြူအား ထိုးခွဲလာခဲ့သည်။
တစ်ချက်တည်းဖြင့် ကောင်းကင်ဥပဒေဂိုဏ်းမှ စံသခင်လေးဦးနှင့် သူတို့၏အဆင့် ၅ ရုပ်သေးများသည် ရှင်းလင်းခံလိုက်ရသည်။
ဗြန်းဟူသောအသံမြည်သွားသည်။
အနက်ရောင်ချည်မျှင်များက စတင်၍ လေထဲတွင် ရူးသွပ်စွာကနေကြသည်။
သူတို့သည် လွတ်မြောက်ချင်နေပုံရသော်လည်း လက်ခံကောင်အသစ်ကိုလည်း ရှာချင်နေပုံရသည်။
သို့ရာတွင် သူတို့ဘာမှမလုပ်နိုင်ခင်တွင်၊
ရွှေရောင်ဓားချီမှ အလွန်ထက်ရှသည့် သတ်ဖြတ်ခြင်းရည်ရွယ်ချက်တစ်ခုထပ်မံ၍ ကျဆင်းလာသည်။
ဝှစ်ဟူသောအသံဖြင့်၊
အနက်ရောင်ချည်မျှင်များသည် ချက်ချင်း တစ်လက်မှဆီပျော်ကျသွားကာ ရေခဲနှင့်နှင်းများက တောက်ပနေသည့် နေရောင်ကိုတွေ့လိုက်ရသကဲ့သို့ ဖြစ်ပြီး နောက်ဆုံးတွင် ဘာမှမရှိတော့သည်အထိ ပြောင်းလဲသွားခဲ့သည်။
***