စစ်မှန်သောနတ်ဆိုး အမွေခံ
Vol. 34 Ch. 652
“အား….”
အသံစူးစူးဝါးဝါးအော်သံက လေထဲတွင် ပဲ့တင်ထပ်သွားပြီး ကျန်ရှိနေသည့် အနက်ရောင်အရိပ်များက ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းပေါ်တွင်စတင်၍ ထိတ်ထိတ်ပြာပြာနှင့် တုန်လှုပ်နေကြကာ ကြောက်မက်ဖွယ်ကောင်းသော အရာကြောင့် ကြောက်လန့်နေသကဲ့သို့ဖြစ်နေသည်။
“ဟွန်း…”
ထိုအချိန်တွင် အေးစက်သည့် ထေ့ငေါ့သံက ကျွန်းပေါ်တွင် ပဲ့တင်လာပြီး ကျန်းချန်ရွှမ်၏ ပုံရိပ်က ပေါ်လာခဲ့သည်။
ရိုးရှင်းကာ သူ၏ဓားတစ်ချက်ဖြင့် ထိုပျံသန်းနေသည့် အရိပ်များက ကွဲကြေသွားပြီး ဘာမှမရှိတော့သည် အထိပျောက်ကွယ်သွားတော့သည်။
ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းပေါ်တွင် စိုးမိုးနေသော နိမိတ်မကောင်းသည့် တိမ်တိုက်များသည် ကျန်းချန်ရွှမ်၏ ရောက်ရှိမှုကြောင် ပြန့်နှံသွားခဲ့သည်။
စံသခင်ကျယ်ပြောခြင်းမြစ်၊ ကွမ်းရှင်းထင်နှင့် အခြားသူများသည် သူတို့၏စိတ်ချမှုနှင့် ကျေးဇူးတင်မှုကို ဖုံးကွယ်ထားရန်မတတ်နိုင်ချေ။
သူတို့သည်ကျန်းချန်ရွှမ်အားကြည့်ကာ ချက်ချင်းကျေးဇူးတင်လိုက်သည်။
“ကျွန်တော်တို့ရဲ့ အသက်တွေကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ စီနီယာကျန်း။”
“မလိုပါဘူး။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။ “ဒီမှာခနနေခဲ့ပါ။ ကျုပ် ဒီအရိပ်တွေရဲ့ မူလရင်းမြစ်ကို ဖမ်းလို့မမိသေးဘူး။
ဘယ်မှမသွားပါနဲ့ဦး၊ ကျုပ်ခနနေပြန်လာခဲ့ပါ့မယ်။”
စကားပြောပြီးနောက်တွင်၊ သူသည် အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
နိုဗာရေပြင်တွင်ဖြစ်သည်။
ကျန်းချန်ရွှမ်က အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ အမြန်ပင် တိကျသည့်နေရာတွင် ပိတ်မိသွားသည်။
သူ၏မျက်လုံးများက အေးစက်စွာလင်းလက်သွားပြီး ယန်စစ်မှန်ရတနာ၊ ရွှေဗလာနယ်ဓားတို့က တောက်ပသည့် ဓားအလင်းရောင်ဖြင့် ပေါက်ထွက်လာသည်။
ဝုန်း….
ကြီးမားသည့် ရေက ပင်လယ်မှပေါက်ကွဲထွက်လာကာ ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းမှ တပည့်များ အပါအဝင် မရေမတွက်နိုင်သည့် လူးလွန့်ကာ ကြောက်မက်ဖွယ်ကောင်းသည့်မျက်နှာများက ပေါ်လာခဲ့လေတော့သည်။
ယွင်ကျီချန်းသည်လည်း သူတို့အထဲတွင်ဖြစ်သည်။
“တကယ် မင်းတို့ပဲ၊ ဒီကောက်ကျစ်တဲ့ကောင်တွေ။”
ကျန်းချန်ရွှမ်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
သူ၏လက်ထဲမှ ရွှေဗလာနယ်ဓားက သခင်၏ရည်ရွယ်ချက်ကို အာရုံခံမိသည့်အတိုင်းမျက်နှာပြင်ပေါ်မှ ဓားချီက ထွက်လာခဲ့သည်။
ခီ…ခီ…ခီ….ခီ…
ထိုရေမျော်စင်က ထက်ဝက်ပိုင်းခံလိုက်ရပြီး အထဲရှိမျက်နှာများက အစိတ်စိတ်ကွဲကြေသွားသည်။
ဝှစ်…
သို့ရာတွင် ထိုအချိန်၌ ကြီးမားသည့်အနက်ရောင်အရိပ်က ပုံရိပ်ယောင်နှင့် အစစ်အမှန်၏ကြားတွင်ရှိပြီး မဆုံးမဲ့နတ်ဆိုးမီးတောက်များနှင့် ဖုံးလွမ်းနေကာ ရုတ်တရက် ကွဲနေသည့်ရေမျှော်စင်မှ ထွက်ပေါ်လာခဲ့သည်။
၎င်းသည် မျက်စိတမှိတ်အတွင်းတွင် အဝေးသို့ဖြတ်ကျော်သွားခဲ့ပြီး ကျန်းချန်ရွှမ်၏မြင်ကွင်းမှ ပျောက်ကွယ်သွားလုနီးပါးဖြစ်သွားသည်။
အေးစက်သည့်ထေ့ငေါ့သံဖြင့် ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“မင်းငါ့ဆီကလွတ်နိုင်မယ်လို့များထင်နေလား?”
သူသည် စကားပြောရင်း ဂဠုန်ငှက်ပုံရိပ်ယောင်သည် ရုတ်တရက် သူ၏နောက်မှ ပေါ်လာခဲ့သည်။
ခနအကြာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားသည်။
ဝှီးဟူသောအသံဖြင့်၊
မျက်စိတမှိတ်အတွင်းတွင် အနက်ရောင်အရိပ်အား လိုက်မီသွားပြီး ချက်ချင်းပင် ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့သည်။
“အား….”
စူးရှသောအော်သံသည် လေထဲတွင် ပဲ့တင်ထပ်သွားသည်။
အနက်ရောင်အရိပ်တစ်ခုလုံးက အလွန်ထက်သည့်တစ်ခုခုမှခုတ်ဖြတ်ခြင်းကိုခံလိုက်ရသကဲ့သို့ မရေမတွက်နိုင်သည့် အစိတ်အပိုင်းများအဖြစ် ကွဲကြေသွားကာ ခြေရာပင်မကျန်ဘဲပျောက်ကွယ်သွားသည်။
“ဟမ်?”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏မျက်လုံးက ဝိညာဉ်အလင်းဖြင့် လင်းသွားသည်။
သူသည် အနက်ရောင်ပုံရိပ်က ပျောက်ကွယ်သွားသည့်နေရာ၌ အရိပ်ကတဖြည်းဖြည်း မှေးမှိန်သွားသည်ကို သတိပြုလိုက်မိသည်။
၎င်းနှင့်အတူ စိတ်ချင်းဆက်သွယ်နိုင်သည့်သတင်းစကားတစ်ခုက ကျန်းချန်ရွှမ်၏နားထဲ ဝင်လာခဲ့သည်။
“ဟီးဟီး… မျှော်လင့်ထားသလိုပါပဲလား တာအိုဝါဒီချန်းရွှမ်။ မင်းက ငါ့ရဲ့ အသိစိတ် အစိတ်အပိုင်း သေးသေးလေးကိုတောင် အာရုံခံမိတာပဲ။
ဒါမဲ့ ငါ့ရဲ့ခန္ဓာကိုယ်အစစ်အမှန်ကို ရှာဖို့ မကြိုးစားဖို့တော့ အကြံပေးတယ်။
အနည်းဆုံး အခုထိတော့ ငါ့ကို မင်းရှာတွေ့ဦးမှာမဟုတ်ဘူး။
ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါတို့မျက်နှာချင်းဆိုင်တွေ့ရမဲ့တစ်နေ့ရောက်လာဦးမှာပါ။ ဟီးဟီးဟီး…..”
တခစ်ခစ်ရယ်သံနှင့်အတူ၊ အရိပ်က ထိုသတင်းစကားနှင့်အတူ လုံးဝပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်ရွှမ်က ထိုအရာအား တည်ငြိမ်စွာကြည့်နေခဲ့သည်။
ခနအကြာတွင်
သူသည် သူ၏အကြည့်ကို အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင်၊
ပုံရိပ်တစ်ခုက လိမ့်တက်လာသောလှိုင်းများနှင့်အတူ ဖြည်းညှင်းစွာပေါ်လာခဲ့သည်။
၎င်းသည် ပင်လယ်နက်စင်မြင့်မှ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ပင်ဖြစ်သည်။
သူသည် ကျန်းချန်ရွှမ်ကိုချဉ်းကပ်ကာ မေးလိုက်သည်။ “တာအိုဝါဒီကျန်း၊ အဲ့ဒီလူနဲ့ရင်ဆိုင်လိုက်ရလား?”
ကျန်းချန်ရွှမ်က ခေါင်းခါသည်။
“ကျုပ်ရင်ဆိုင်လိုက်ရတာက ပြိုင်ဖက်ရဲ့ အသိစိတ်အပိုင်းအစတစ်ခုပဲ။
သူရဲ့ အစစ်အမှန်ခန္ဓာကိုယ် တည်နေရာကို အခုထိ မသိရသေးဘူး။”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က ရှင်းလင်းစွာပင် ထိုအခြေအနေက ရှုပ်ထွေးကြောင်း သတိပြုမိလိုက်သည်။
အကြောင်းမှာ သူတို့၏လက်ရှိနားလည်မှုအရ အခြားတစ်ဖက်သည့် ဖမ်းဆီးရခက်ခဲပြီး ခြေရာခံရန်ခက်ခဲသည်။
သာမန်အခြေအနေအောက်တွင် သာမန်ကျင့်ကြံသူများအနေဖြင့် သူ၏နည်းလမ်းများကို ခြေရာခံရန် အလွန်ခက်ခဲလိမ့်မည်။
သူတို့သည် မည်သည့်အချိန်တွင် ကျသွားမည်ကိုပင် သိလိုက်မည်မဟုတ်ပါ။
ဥပမာအားဖြင့် စံသခင်ကျယ်ပြောခြင်းမြစ်နှင့် ကောင်းကင်ဥပဒေဂိုဏ်းမှ ကျင့်ကြံသူများဖြစ်ကြသည်။
သူတို့သည် ထောင်ချောက်ထဲသို့ ကျရောက်သွားသည်။
“ကောင်းပြီ..။”
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်နှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့က သူတို့၏လက်များကိုမြောက်၍ အဝေးသို့ ကြည့်လိုက်လေသည်။
ထိုနေရာတွင်
ထိုအချိန်၌ အလင်းတန်းတစ်ချို့က ပျံသန်းလာကြသည်။
သူတို့သည် ရှန်းရူယန်၊ ကောင်းကင်သခင်ရွှမ်းယန်နှင့် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းတို့ ဖြစ်ကြသည်။
နှစ်ပေါင်းတစ်ရာအကြာတွင်။
ကောင်းကင်သခင်ငါးဦးက ထပ်မံ၍ စုဝေးခဲ့သည်။
“ဘယ်လိုဖြစ်သွားလဲ? သဲလွန်စတစ်ခုခုရှာတွေ့လား?”
ထိုအချိန်တွင် ကျန်းချန်ရွှမ်က ရှန်းရူယန်နှင့် ကောင်းကင်သခင်နှစ်ဦးတို့အားမေးလိုက်သည်။
ရှန်းရူယန်က ကျန်းချန်ရွှမ်၏မေးခွန်းအားကြားလျှင် ခေါင်းခါလိုက်သည်။
“ကျွန်မဘက်မှာတော့ ဘာကိုမှတွေ့ခဲ့ရဘူး။ အဲ့မှာရှိတဲ့လူတိုင်းက သေဆုံးနေကြပြီ။”
“အတူတူပဲ။”
ကောင်းကင်သခင်ရွှမ်းယန်က မဲမှောင်နေသည့်အမူအရာနှင့် ပြောသည်။
ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းကလည်း ခေါင်းခါလိုက်သည်။
“ကြည့်ရတာ အခြေအနေတွေအားလုံးက အတူတူပဲထင်တယ်။”
ထိုအချိန်တွင် ကျန်းချန်ရွှမ်က သူ၏ဘက်မှအခြေအနေကိုလည်း ပြောပြလိုက်သည်။
ခနအကြာတွင်
သူတို့ ငါးဦးသည် ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းပေါ်သို့ သွားလိုက်ကြသည်။
ကောင်းကင်သခင် ငါးဦး၏ ပုံသဏ္ဍာန်များက စံသခင်ကျယ်ပြောခြင်းမြစ်၊ ကွမ်းရှင်းထင်နှင့် ကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများအား အံ့ဩစေသည်။
သို့ရာတွင် သူတို့စကားမပြောနိုင်ခင်တွင်၊ ကျန်းချန်ရွှမ်သည် စံသခင်ကျယ်ပြောခြင်းမြစ်နှင့် အခြားသူများအားလက်ပြလိုက်သည်။
“ကျွန်းသခင် ကျယ်ပြောခြင်းမြစ်၊ ယဉ်ကျေးမှုတွေလုပ်နေစရာမလိုပါဘူး။ ကျုပ်တို့မရောက်လာခင်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အသေးစိတ်ပြောပြပြီး လိုရှင်းတိုရှင်းသာ လုပ်လိုက်ပါ။”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် စံသခင်ကျယ်ပြောခြင်းမြစ်နှင့်အခြားသူများက လစ်လျှူမရှုရဲကြပေ။
ချက်ချင်းပင် သူတို့သည် ကျန်းချန်ရွှမ်နှင့် အခြားသူများအား သူတို့သိသမျှကို ပြောပြလိုက်သည်။
ကျန်းချန်ရွှမ်နှင့်အခြားသူများက ကြားလျှင် သူတို့သည် မတတ်နိုင်ဘဲတစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်ကပြောသည်။
“တာအိုရောင်းရင်းတို့ ဘယ်လိုထင်ကြလဲ?
အရင်ကတော့ ကျုပ်ကအဲ့ဒီလူကို တွက်ချက်ခဲ့ပြီး လက်ရှိနတ်ဆိုးမျိုးနွယ်ပိုင်နက်ထဲမှ ရှိနေတယ်ဆိုတဲ့ ရလဒ်ရခဲ့တယ်။
အဲ့ဒီလူရဲ့တည်နေရာကို တွက်ချက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ ရလဒ်က သူဟာနတ်ဆိုးမျိုးနွယ်ပိုင်နက်ထဲမှာ ရှိနိုင်တယ်လို့ အကြံပြုတယ်။ ဒီအခြေအနေတွေအရ သူ ဒါမှမဟုတ် အဲ့ဒီလူတွေက သဘောတူညီမှု တစ်ခုခုရထားပြီး နတ်ဆိုးမျိုးနွယ်နဲ့တောင်ပူးပေါင်းထားတာတောင်ဖြစ်နိုင်တယ်။”
“တစ်မျိုးပြောရရင် အကယ်၍ အဲ့ဒီလူတွေကို ရှာတွေ့ချင်ရင် နတ်ဆိုးမျိုးနွယ်ပိုင်နက်ထဲ သွားဖို့ လိုအပ်တယ်ပေါ့။ ဟုတ်လား?”
ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းက တုံ့ဆိုင်းစွာမေးသည်။
ကျန်းချန်ရွှမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မှန်တယ်။”
“သူတို့ကိုထွက်လာအောင်လုပ်ဖို့နည်းလမ်းမရှိဘူးလား?”
ကောင်းကင်သခင် ရွှမ်းယန်က မေးသည်။
“သူတို့ကို နတ်ဆိုးမျိုးနွယ်ပိုင်နက်ထဲက ထွက်လာအောင် ဆွဲဆောင်နိုင်ဖို့ တစ်ခုခုမရှိရင် အဲ့ဒါက အရမ်းခက်မှာကို စိုးရိမ်မိတယ်။”
ကျန်းချန်ရွှမ်က တွေးဆကာ ပြောလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ခင်ဗျားတွက်ချက်တုန်းက သူတို့ရဲ့နောက်ခံကို ကောက်ချက်ချခဲ့သေးလား။
ဒါမှမဟုတ်၊ အကြမ်းဖျင်းခန့်မှန်းလိုက်တာလား?”
“အင်း…”
ကျန်းချန်ရွှမ်က ရုတ်တရက် အတွေးနက်သွားခဲ့သည်။
ခနအကြာတွင် သူ၏လက်ချောင်းများတွင် ဝိညာဉ်အလင်းများပေါ်လာခဲ့သည်။
ရှိနေသောသူများ၏အကြည့်များက မနေနိုင်ဘဲ အာရုံစိုက်နေကြသည်။
သူတို့သည် ကျန်းချန်ရွှမ်က သူ၏တွက်ချက်ချင်းအသစ်ကိုစတင်လိုက်ကြောင်း ပြောနိုင်သည်။
ထိုအချိန်တွင် သူသည် ကောင်းကင်တွက်ချက်ချင်းနည်းစနစ်က ရှိနေသောသူများအတွက် လျှို့ဝှက်ချက် မဟုတ်တော့ပါ။
မကြာမီ ဆန်းကျယ်သည့်အရောင်အဝါက ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မှ ထွက်လာခဲ့သည်။
ငါးမိနစ်အကြာတွင် ကျန်းချန်ရွှမ်က သူ၏တွက်ချက်ချင်းကိုအဆုံးသတ်လိုက်သည်။
သူသည် လူတိုင်းကိုကြည့်ကာ အချိန်ခနလောက်တွေးဆပြီး ပြောလိုက်သည်။
“ကျုပ်အဲ့ဒီလူတွေရဲ့နောက်ခံကို လုံးဝအတိအကျကြီးတော့ ကောက်ချက်ချလို့မရနိုင်ဘူး။
ကြည့်ရတာ အရမ်းဆန်းကြယ်တဲ့ စွမ်းအားတစ်ခုခုက သူတို့အကြောင်း သတင်းတွေကို ကာဆီးထားပုံရတယ်။
ဒါပေမဲ့ ကျုပ်ရဲ့သက်တမ်းတစ်ချို့ကို သုံးလိုက်တော့ သူတို့အကြောင်း သတင်းတစ်ချို့ကို ရှာလို့ရလိုက်တယ်။”
၎င်းသည် ကောင်းကင်ဘုံတွက်ချက်ချင်း နည်းစနစ်၏ စစ်မှန်သော စွမ်းအားပင် ဖြစ်သည်။
အကယ်၍ သတင်းများနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များသည် မထင်ရှားသော်လည်း မရေတွက်နိုင်သည့် သေးငယ်သော ကြားပေါက်လေးများမှ သဲလွန်စများကို ရှာဖွေနိုင်သေးသည်။
ထိုဖမ်းဆုပ်မှုက တန်ဖိုးကိုလည်း ပေးရသည်။
အကယ်၍ ပစ်မှတ်၏နယ်ပယ်က မြင့်လေလေ အသုံးဝင်သည့် သတင်းအချက်အလက်အား ရရှိနိုင်မည် ဖြစ်သည်။
“အကယ်၍ ကျုပ်မမှားရင်၊ အဲ့ဒီလူ သို့မဟုတ် သူတို့ရဲ့နောက်ကွယ်ကလူက၊ စစ်မှန်သောနတ်ဆိုးအမွေခံနဲ့ ဆက်စပ်နေပုံရတယ်။ ဒါပေမဲ့ ဘယ်အမွေခံလည်းဆိုတာတော့ ကျုပ်သေချာအောင် လေ့လာစီစစ်လို့မရဘူး။”
“စစ်မှန်နတ်ဆိုးအမွေခံ?”
အခြားသူများ၏ အမူအရာက ကျန်းချန်ရွှမ်၏ စကားကိုကြားလျှင် အနည်းငယ်ပြောင်းလဲသွားကြသည်။
ရှင်းလင်းစွာပင်၊ သူတို့သည် စစ်မှန်သော နတ်ဆိုးအမွေခံသည် အပေါ်ဖက်နယ်ပယ်ကို ကျော်လွန်သွားပြီး မသေမျိုးနယ်ပယ်နှင့် ဆက်နွယ်နေသော အရာဖြစ်ကြောင်း သိကြသည်။
အခြားတစ်နည်းပြောရလျှင် အခြားတစ်ဖက်မှ တကယ်ပင် မသေမျိုးနှင့် ဆက်စပ်နေသည့်အမွေခံရှိခဲ့လျှင်၊
မှန်ကန်သောလမ်းကို စွဲမြဲခိုင်မာစွာကျင့်သော ကျင့်ကြံသူများအတွက်ပင် မသေမျိုးလမ်းနှင့် ဆက်သွယ်မှုရှိသည့် အကြံအစည်သည် အရေးပါကာ လစ်လျူရှုထားရန်ခက်ခဲပါသည်။ သိရှိထားခြင်းမှာပင် သူတို့၏လုပ်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်သည်။
“အဟွတ်..အဟွတ်…”
ထိုအချိန်တွင် ရှန်းရူယန်က ရုတ်တရက် ချောင်းဆိုးလိုက်သည်။
ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် အခြားသူများကကြားလျှင် ၎င်းသည် သူတို့အား နိုးထစေသည့် မိုးကြိုးလက်ခုပ်ကဲ့သို့ပင်။
ခနအကြာတွင် သူတို့၏ အမူအရာသည် မတတ်နိုင်ဘဲ အနည်းငယ် ထူးဆန်းနေခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်က ဆက်ပြောသည်။
“အားလုံးပဲ၊ ကျုပ်အခုပြောနေတာက မပြီးသေးပါဘူး။
သူတို့က စစ်မှန်နတ်ဆိုးအမွေခံနဲ့ ပက်သက်ပေမဲ့၊ သူတို့ပိုင်ဆိုင်တာက မပြည့်စုံတာဖြစ်ဖြစ် အစိတ်အပိုင်းတစ်ခု သို့ အပိုင်းအစ တစ်ခုလို့ပဲ ကျုပ်ယုံကြည်တယ်။
မဟုတ်ရင် အကယ်၍ စစ်မှန်နတ်ဆိုးအမွေခံသာဆိုရင် လက်ရှိကျုပ်ရဲ့စွမ်းအားအဆင့်နဲ့ သူတို့အကြောင်းကို ဘာမှ ကောက်ချက်ချနိုင်မှာမဟုတ်ဘူး။”
ကျန်းချန်ရွှမ်၏ စကားကိုကြားလျှင်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် အခြားသူများက နောက်ဆုံး၌ တုံ့ပြန်လာကြသည်။
တကယ်ပင်။
အကယ်၍ အခြားတစ်ဖက်မှ စစ်မှန်နတ်ဆိုးအမွေခံဆိုလျှင် သေချာပေါက် ထိုသို့ဖြစ်လိမ့်မည်မဟုတ်ပါ။
ထိုကဲ့သို့အမွေခံ၏ နည်းစနစ်နှင့် စွမ်းအားများဖြင့်လာလျှင် အကယ်၍ သူတို့၏ ရည်ရွယ်ချက်က သူတို့၏ လောကအား လွှမ်းမိုးရန် သို့ ပြောင်းလဲရန်ဆိုလျှင် သူတို့သည် ယခုပင် အောင်မြင်နေလောက်ပြီဖြစ်ပေသည်။
ထိုကဲ့သို့ ရှုပ်ထွေးသော အကြံအစည်အား မလိုအပ်လောက်ပေ။
***