← Chapters

စစ်မှန်နတ်ဆိုးလျို့ဝှက်နယ်ပယ်ကို လုပ်ဇာတ်ခင်းခြင်း၊ နတ်ဆိုးအရိုး

Vol. 34 Ch. 653

စစ်မှန်နတ်ဆိုးလျို့ဝှက်နယ်ပယ်ကို လုပ်ဇာတ်ခင်းခြင်း၊ နတ်ဆိုးအရိုး

Vol. 34 Ch. 653

ထိုအချိန်တွင် လူတိုင်းဝမ်းသာသွားကြသည်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က ရုတ်တရက်ပြောလိုက်သည်။

“အကယ်၍ ဒီလိုဆိုရင် ကျုပ်တို့ ရှေးဟောင်းစစ်မှန်နတ်ဆိုးတွေရဲ့ လျို့ဝှက်နယ်ပယ်ကို အတုလုပ်ပြီး အဲ့ဒီကောင်တွေကိုထွက်လာအောင် ဆွဲဆောင်နိုင်မယ်လို့ထင်လား?”

“ဟမ်?”

ထိုအကြုံပြုချက်သည် လူတိုင်းကို အံ့ဩသွားစေပြီး သို့သော် မကြာမီတွင် သူတို့၏မျက်လုံးများက သတိပြုမိကာ မြင့်တက်လာလေသည်။

အကယ်၍ ထိုကိစ္စအား လုပ်နိုင်လျှင် ထိုသူများအား ထွက်လာရန် ဆွဲဆောင်နိုင်ချေရှိသည့် အခွင့်အရေးမှာ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိရှိသည်။

တစ်ခုတည်းသော ပြသနာမှာ စစ်မှန်နတ်ဆိုးအမွေခံနေရာကို ပြုလုပ်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

ပထမဦးစွာ။

သူတို့သည် စစ်မှန်နတ်ဆိုးအမွေခံနှင့် ပက်သက်သည့် တစ်ခုခုကို အစိတ်အပိုင်း သို့ အပိုင်းအစဖြစ်စေ ပိုင်ဆိုင်ထားရန်လိုအပ်သည်။

ဒုတိယအနေဖြင့်၊ လျို့ဝှက်နယ်ပယ်ကို ဖန်တီးရန် အဆင့် ၆ အစီအရင်ဆရာ အနည်းဆုံးတစ်ဦး သို့ ပို၍ လိုအပ်ပြီး တာဝန်များက နေရာလပ်ကိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းနှင့် အစီအရင်စည်းမျဉ်းနှင့် ဥပဒေသများကို နားလည်မှုတို့လိုအပ်ပေသည်။

အကယ်၍ အစီအရင်နှင့် စည်းမျဉ်းများကို လုံလောက်သည့် နားလည်မှုမရှိခဲ့လျှင် လုပ်ဆောင်နိုင်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။

အရေးပါသည့်ရှုထောင့်မှကြည့်လျင်၊ ရန်သူများအား ထောင်ချောက်ထဲသို့ ဆွဲဆောင်နိုင်ရန်သေချာမှသာ သက်ရောက်မှုရှိနိုင်မည်ဖြစ်သည်။

သူတို့၏လက်ရှိဗဟုသုတနှင့် သုံးသပ်ချက်များအရ ထိုရန်သူများက နတ်ဆိုးမျိုးနွယ်မှအင်အားကြီးသော သက်ရှိများ နတ်ဆိုးသားရဲချုပ်များကိုပင် ၎င်းတို့နှင့် အတူပူးပေါင်းကာ ဖိတ်ခေါ်လာနိုင်ပေသည်။

ထိုအချိန်တွင် သူတို့ငါးဦး၏အင်အားနှင့် အကယ်၍ သာမန်အဆင့် ၆ နတ်ဆိုးချုပ် သို့ နတ်ဆိုးသခင်ဆိုလျှင်ပင် အခြားတစ်ဖက်နှင့် ရင်ဆိုင်ရန် ပြသနာမရှိနိုင်ပါ။

သူတို့စိုးရိမ်နေသည်မှာ ရန်သူ၏စွမ်းအားက သူတို့၏မျှော်မှန်းချက်ထပ် ကျော်လွန်နေမည်ကိုပင်ဖြစ်ကာ ၎င်းသည် အရေးပါသည့်ချိန်းခြောက်မှုကို ဖြစ်စေနိုင်သည်။

“ကျွန်မထင်တာ ဒီအရာကို အခုဆုံးဖြတ်ဖို့လိုအပ်တယ်လို့မထင်ဘူး။”

ရှန်းရူယန်က ရုတ်တရက် စပြောသည်။

“အခုအတွက် သင့်တော်တဲ့ဟာကို အရင် အာရုံစိုက်ကြတာပေါ့။ ကျွန်မတို့ စစ်မှန်နတ်ဆိုးအမွေခံကို လုပ်ကြံဖန်တီးနိုင်မလားဆိုတာနဲ့ ကျွန်မတို့အဲ့လိုလုပ်နိုင်ဖို့ ဘယ်လောက်ယုံကြည်ချက်ရှိလဲဆိုတာ အရင်ကြည့်ရမယ်။

ကျွန်မကအရင် ကျွန်မလုပ်နိုင်တဲ့ဟာကို အရင်ပြောလိုက်မယ်။

ကျွန်မက အဆင့် ၆ အစီအရင်အပိုင်း နဲ့ပက်သက်ပြီး ကူညီနိုင်တယ်။ အခြားအပိုင်းတွေအတွက်တော့ အခုလောလောဆယ် အကူအညီ သိပ်ဖြစ်ဦးမှာမဟုတ်ဘူး။”

သူမ၏ယခင်ဘဝ၌ ရှန်းရူယန်သည် အစီအရင်အပိုင်းတွင် အဆင့် ၆ အထိ အောင်မြင်ခဲ့ပြီးဖြစ်သည်။

သူမသည် လက်ရှိထိုနယ်ပယ်တွင် တိုးတက်မှုမရှိသေးသော်လည်း ၎င်းသည် ရောက်လာမည့်ကိစ္စများအား ကိုင်တွယ်နိုင်ရန်တော့ လုံလောက်မှုရှိပါသည်။

“ကျုပ်မှာနတ်ဆိုးပစ္စည်းတွေအများကြီးရှိတယ်။ အချိန်ရောက်လာရင် သူတို့ကို အဲ့တာနဲ့ပက်သက်တဲ့ အရောင်အဝါနဲ့ လှုံ့ဆော်နိုင်တယ်။”

ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းက နတ်ဆိုးပစ္စည်းများကို ယူထုတ်လာသည်။

ထိုပစ္စည်းများက သူသတ်ခဲ့သည့် နတ်ဆိုးကျင့်ကြံသူများမှ ပစ္စည်းများဖြစ်ပေသည်။

“ကျုပ်မှာလည်းတစ်ချို့ရှိတယ်။”

ကောင်းကင်သခင်ရွှမ်းယန်ကလည်း ကြားဖြတ်ပြောလိုက်သည်။

သို့ရာတွင် ထိုပစ္စည်းများက ရှင်းလင်းစွာပင် မလုံလောက်ပါ။

သူတို့လိုအပ်နေသည့်အရာတစ်ခုမှာ စစ်မှန်နတ်ဆိုးအမွေခံတစ်ခုပင်ဖြစ်သည်။

ထိုအရာမရှိလျှင်၊ သူတို့၏အားထုတ်မှုက အလကားဖြစ်သွားရလိမ့်မည်။

“အားလုံးပဲ၊ ဒါကို ကြည့်ပါဦး။ ဒါက စစ်မှန်နတ်ဆိုးအမွေခံပစ္စည်းတစ်ပိုင်းတစ်စ ဖြစ်နိုင်လား?”

ထိုအချိန်တွင် ကောင်းကင်သခင်က သူ၏ခန္ဓာကိုယ်မှ ကျောက်စိမ်းအပိုင်းအစတစ်ခုကို ထုတ်လာခဲ့သည်။

သို့ရာတွင်၊ ထိုအပိုင်းအစသည် အလွန်မကောင်းဆိုးဝါးဆန်သည့်မဲမှောင်သော အရာတစ်ခုခုပါဝင်နေပုံရကာ အရည်နှင့် အငွေ့အခြေအနေကြားတွင် မတည်မငြိမ်ဖြစ်နေသည်။

“ဒါက…”

ရုတ်တရက် ရှန်းရူယန်သည် သူမ၏မျက်လုံးများကိုကျဉ်းလိုက်သည်။

သူမသည် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ထံမှ ကျောက်စိမ်းအပိုင်းအစကိုယူကာ ဂရုတစိုက် လေ့လာလိုက်သည်။

.....

ခနအကြာတွင်၊

သူမသည် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ကို ကြည့်ကာမေးလိုက်သည်။

“တာအိုရောင်းရင်းအဆုံးမဲ့ပင်လယ်၊ ဒီပစ္စည်းကို ရှင်ဘယ်က ရခဲ့တာလဲ?”

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က အချိန်အနည်းငယ်တွေးဆလိုက်ပြီးပြောလေသည်။

“ရိုးရိုးသားသားပြောရရင် ဒီပစ္စည်းက တကယ်တော့ ကျုပ်ရဲ့ ပင်လယ်နက်စင်မြင့်ရဲ့ ရတနာသိုက်ထဲမှာ သိုလှောင်ထားတဲ့ပစ္စည်းပါ။

ဒီပစ္စည်းရဲ့ ထူးဆန်းပြီး မကောင်းဆိုးဝါးဆန်တဲ့ လက္ခဏာကြောင့် အမြဲ ပင်လယ်နက်စင်မြင့်ရဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်တွေကပဲ ထိန်းသိမ်းခဲ့ရတာ။

အခုပဲ ဒီပစ္စည်းကို တွေးမိသွားပြီး ဒီအရာကို စစ်မှန်နတ်ဆိုးအမွေခံလျို့ဝှက်နယ်ပယ်ကို လုပ်ကြံဖန်တီးနိုင်မလား သိချင်သွားလို့ပါ။”

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်သည် ခနရပ်လိုက်ပြီး ရှန်းရူယန်ကို ကြည့်လိုက်သည်။

“တာအိုရောင်ရင်းရှန်း၊ မင်းက ဒီပစ္စည်းအကြောင်းသိလား?

ဒါကဘာပစ္စည်းလဲ ပြီးတော့ ဘယ်ကလာတဲ့ပစ္စည်းလဲ?”

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏စကားကိုကြားလျှင် အားလုံးက ရှန်းရူယန်အား ကြည့်လိုက်ကြသည်။

ရှန်းရူယန်က ခနစဉ်းစားလိုက်ကာ ပြောလိုက်သည်။ “အကယ်၍ ကျွန်မ,မမှားရင် ဒီပစ္စည်းက ရှေးဟောင်းနတ်ဆိုးက ချန်ခဲ့တဲ့ သေးငယ်တဲ့အရိုးအစိတ်အပိုင်းတစ်ခုပဲဖြစ်လိမ့်မယ်။

ကျွန်မ ရှေးဟောင်းအကြွင်းအကျန်တွေထဲကနေ အဲ့တာနဲ့ဆင်တူတဲ့ မှတ်တမ်းတွေနဲ့ ပုံစံတွေအကြောင်းကို တစ်ခေါက်မြင်ဖူးတယ်။ ကျွန်မ မမှားနိုင်ဘူး။”

“ဘယ်လို? ရှေးဟောင်းနတ်ဆိုးက ချန်ခဲ့တဲ့ သေးငယ်တဲ့အရိုးအစိတ်အပိုင်းတစ်ခုလား?”

ရှန်းရူယန်၏စကားကိုကြားလျှင် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်သည်သာမကဘဲ ကျန်းချန်ရွှမ်နှင့် အခြားသူများအားလုံးသည်လည်း အံ့ဩသွားကြသည်။

မည်သို့သော မကောင်းဆိုးဝါးနတ်ဆိုးက ဤမျှလောက်ရှည်ကြာသောအချိန်အထိ သေးငယ်သော အရိုးအစိတ်အပိုင်းတစ်ခုအား ချန်ထားနိုင်ခဲ့ပါသနည်း?

အစိမ်းသက်သက်အနေဖြင့် ထိုကျောက်စိမ်းအပိုင်းအစအား ရတနာပစ္စည်းဟု အထင်မှားနိုင်မည်မှာ သေချာပါသည်။

မည်သူမှ ၎င်းအား ရှေးဟောင်းနတ်ဆိုးမှ ချန်ခဲ့သော သေးငယ်သည့်အရိုးအစိတ်အပိုင်းတစ်ခုဟု ထင်လိမ့်မည်မဟုတ်ပါ။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

ရှင်းလင်းစွာပင် ရှန်းရူယန်၏အဖြေက သူ့အား တုန်လှုပ်စေခဲ့သည်။

ထိတ်လန့်သွားသည့်အပြင် မတတ်နိုင်ဘဲ ကြောက်ရွံမှုကို ခံစားခဲ့ရလေသည်။

သူ၏ဂိုဏ်းတွင် သိုလှောင်ထားသော ထိုပစ္စည်းသည်တကယ်ပင် ထိုကဲ့သို့နောက်ခံရှိနေပေသည်။

ထိုအချက်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

သူ၏အမူအရာသည် တစ်ခုခုကိုပြန်မှတ်မိသွားရာ၌ ပြောင်းလဲသွားခဲ့သည်ကို အခြားသူများကလည်း သတိပြုမိခဲ့သည်။

ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းက အမြန်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? အဆုံးမဲ့ပင်လယ်။”

သက်ပြင်းချပြီးနောက် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်သည် ရှန်းရူယန်၏လက်ထဲမှ အစိတ်အပိုင်းကိုကြည့်ကာ ပြောလိုက်သည်။ “ကျုပ်ဆရာ တစ်ခါပြောခဲ့ဖူးတာကို မှတ်မိသွားလို့ပါ။”

“ခင်ဗျားရဲ့ဆရာလား?” ထိုအုပ်စုက အံ့ဩသွားခဲ့သည်။

အကယ်၍ သူတိုသိသည်မှာ မှန်လျှင် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်၏ဆရာက ပင်လယ်နက်စင်မြင့်၏ ယခင်အကြီးအကဲဖြစ်သူဖြစ်သည်။

ထိုစကားလုံးများက ၎င်းနှင့်ဆက်စပ်နေခဲ့လျှင်…..

လူတိုင်းက တွေးလိုက်မိသည့်အချိန်တွင် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏အသံကို ကြားခဲ့ရသည်။

“ကျုပ်ဆရာပြောတာ မှတ်မိတာက ရှေးဟောင်းခေတ်က စွမ်းအားကြီးတဲ့သူတွေရဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ နည်းစနစ်တွေဟာ မှန်းဆလို့မရနိုင်ဘူး။ သူတို့တွေဟာ ကျုပ်တို့ မှန်းဆချက်နဲ့လိုက်မမှီနိုင်တဲ့ သူတွေပဲလို့ပြောတယ်။

ပြီးတော့ ကျုပ်တို့က သူတို့ရဲ့လက်ရှိအခြေအနေကိုကြည့်ပြီး ဘယ်တော့မှ အထင်သေးလို့မရဘူးတဲ့။

ဆရာကအဲ့တာကိုပြောပြီးနောက် ဆယ်စုနှစ်မကြာဘူး သူဆုံးသွားခဲ့တယ်။

အခုစဉ်းစားကြည့်တော့ ဆရာက အဲ့ဒီရှေးဟောင်းနတ်ဆိုးရဲ့အရိုးကို သွားထိမိတာများဖြစ်နိုင်မလား?”

လူတိုင်းက ထိုဖော်ပြချက်ကိုကြားကာ တုန်လှုပ်သွားခဲ့သည်။

သူတို့၏အကြည့်သည် မသိစိတ်ဖြင့် နတ်ဆိုးအရိုးအစိတ်အပိုင်းမှ နောက်သို့ရွေ့သွားခဲ့သည်။

အကယ်၍ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏ ခန့်မှန်းချက်က မှန်လျှင် သူ၏ဆရာက ထိုအစိတ်အပိုင်းနှင့် ထိတွေ့ပြီးနောက် ထိုနက်နဲသည့်အခြေအနေသို့ရောက်သွားကြောင်း ဆိုလိုနေသည်။

သို့သော် ၎င်းသည် အခြားသော မေးခွန်းတစ်ခုထွက်လာစေသည်။

အကယ်၍ သူ၏ဆရာက နတ်ဆိုးအရိုးအစိတ်အပိုင်း၏ သဘာဝအား သိရှိခဲ့ပါက အဘယ်ကြောင့် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်ထံသို့ လက်လွဲခဲ့ရပါသနည်း?

သူ၏တပည့်က တူညီသော ကံကြမ္မာဖြစ်လာမည်ကို မစိုးရိမ်ခဲ့ပါသလား?

သို့မဟုတ် နောက်ကွယ်၌ အခြားအထူးအကြောင်းအရင်း တစ်ခုရှိပါသေးသလား?

၎င်းသည် အဆုံးမဲ့ပင်လယ်အပါအဝင် မည်သူမှ မဖြေနိုင်သော မေးခွန်းတစ်ခုဖြစ်သည်။

သူ၏ဆရာက ထိုနတ်ဆိုးအရိုးအစိတ်အပိုင်းနှင့် ပက်သက်၍ နီးစပ်ခဲ့ခြင်းမရှိလောက်ပါ။

သူသည် အကြီးအကဲများထံမှ ထုံးတမ်းစဉ်လာအရသာ ရိုးရှင်းစွာ သိမ်းထားခြင်းဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ပြသနာတစ်ခုရှိလေသည်။

အကယ်၍ ထိုအစိတ်အပိုင်း၌ ရှေးဟောင်းနတ်ဆိုး၏နတ်ဘုရားအာရုံကို အတွင်း၌ ချိတ်ပိတ်ထားလျှင်၊

သူတို့သည် ဤနတ်ဆိုးအရိုးအား အမှန်တကယ်အသုံးပြုသင့်ပါသလား?

အဆုံး၌ လူတိုင်းသည် ထိုနေ့က ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏ဆရာ ဖြစ်ပျက်သွားသည့်အကြောင်းကို သိကြပြီးဖြစ်သည်။

သူသည် ထိုနေရာတွင် ချက်ချင်းမသေသွားသော်လည်း၊ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် တစ်ယောက် အနေဖြင့် သူ့အနေအထားနှင့်ဆိုလျှင် အကြောင်းအရင်းမရှိဘဲ သေဆုံးသွားရသည်မှာ ပုံမှန်မဟုတ်ပါ။

ဖြစ်နိုင်သည်မှာ ထိုအရိုးအတွင်း၌ အန္တရာယ်ရှိသည့်အရာတစ်ခုခုကို ချိတ်ပိတ်ထားခြင်းဖြစ်နိုင်သည်။

အရေးအကြီးဆုံးအချက်မှာ ထိုနတ်ဆိုးအရိုးက သူတို့အတွက်အသုံးဝင်မည့်အရာဟုတ်မဟုတ် မသေချာသေးပါ။

အချိန်အနည်းငယ်ခန့် ထိုအုပ်စုသည် ဝေခွဲ၍ မရကြချေ။

သို့သော် ထိုအချိန်၌ ကျန်းချန်ရွှမ်သည် ရုတ်တရက် ရှန်းရူယန်ထံမှ အရိုးကို ယူလိုက်လေသည်။

ကျန်းချန်ရွှမ်၏မျက်လုံးထဲ၌ လွန့်လူးနေသည့်ပုံရိပ်များက ရွှေ့လျားနေပြီး သူအပေါ်တွင် ဆန်းကြယ်သည့် စွမ်းအားကြီးသောအရောင်အဝါက လွှမ်းခြုံထားသည်။

အခြားသူများမတုံ့ပြန်နိုင်ခင်မှာပင် ကျန်းချန်ရွှမ်က ထင်မြင်ယူဆချက်ဖြင့်ပြောလိုက်သည်။

“ဒီအရာက ကျုပ်တို့ကို ကူညီနိုင်လိမ့်မယ်။

ဒါအပြင် ဒီအထဲက မူလအန္တရာယ်ရှိတဲ့အရာက ပပျောက်သွားပြီး ကျုပ်တို့အတွက် အရေးကြီးတဲ့ ချိန်းခြောက်မှုမရှိဘူးဆိုတာ ၇၀ ရာခိုင်နှုန်းလောက်သေချာတယ်။

ဒါပေမဲ့ ဒီထဲမှရှိတဲ့ စစ်မှန်နတ်ဆိုးရဲ့အဆီအနှစ်က တကယ်ပဲ ကျုပ်တို့လိုအပ်တဲ့အရာပဲ။

ကျုပ်တို့ဘာဖြစ်လာမလဲဆိုတာ ခွဲကြည့်ကြဖို့အကြံပေးချင်တယ်။

အဆုံးမှာ အခုထိုပိုကောင်းတဲ့ အကြံအစည်မရှိသေးဘူးမလား?”

သူ၏အကြည့်သည် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ထံသို့ ပြောင်းကြည့်ပြီး ရှင်းလင်းစွာ နောက်ဆုံး ဆုံးဖြတ်ချက်သည် သူချရမည်ဖြစ်ကြောင်း ဖော်ပြနေသည်။

ထိုပစ္စည်းက သူ့၏အပိုင်ဖြစ်သဖြင့် သူ၌သာလျှင် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်သည် ကျန်းချန်ရွှမ်နှင့် အကြည့်ချင်းဆုံသွားချိန်၌ သူသည် အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။

“တာအိုရောင်ရင်းကျန်းက အဲ့လိုပြောမှတော့ ကျုပ်မှာ ကန့်ကွက်စရာမရှိပါဘူး။”

“တာအိုရောင်းရင်းရုန်ဟန်ကျီရှန်း၊ စီနီယာရွှမ်းယန်၊ ခင်ဗျားတို့ရော?”

ကျန်းချန်ရွှမ်က ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင် ရွှမ်းယန်တို့ဘက်သို့ လှည့်လိုက်သည်။

နှစ်ဦးသားက ခေါင်းညိတ်ပြသည်။

အကယ်၍ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်သည် ကန့်ကွက်မှုမရှိလျှင် သူတို့သည်လည်း ထိုနည်းတူပင် ဖြစ်သည်။

“ကောင်းပြီ။”

မည်သူမှ ကန့်ကွက်ခြင်းမရှိသည်ကို မြင်လျှင် ကျန်းချန်ရွှမ်က ရှန်းရူယန်အား အဆင်သင့်ပြင်ထားရန် အချက်ပြလိုက်သည်။

ပြီးနောက် သူသည် နတ်ဆိုးအရိုးကို ယူကာ ဆုပ်ညစ်လိုက်သည်။

ထိတ်လန့်စေသောမြင်ကွင်းက ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်ရွှမ်၏လက်ရှိအင်အားနှင့်ပင် နတ်ဆိုးအရိုးအား ချိုးဖျက်နိုင်ခြင်းမရှိပေ။

အားလုံးက ထိတ်လန့်သွားသည်။

သို့ရာတွင်၊ ခနအကြာတွင် ကျန်းချန်ရွှမ်၏နောက်မှ နဂါးနှင့် ဆင်တို့ ပုံရိပ်ယောင်များက ပေါ်လာခဲ့သည်။

သူ၏ပုံရိပ်ကလည်း ရုတ်တရက် ပေ ၈၀ ထိရှည်သွားသည်။

သူက ထပ်မံ၍ အားကိုထုတ်လိုက်သည်။

အက်ကွဲသောအသံသည် လေထဲတွင် ပဲ့တင်ထပ်သွားပြီး နတ်ဆိုးအရိုးအပိုင်းအစက နောက်ဆုံး၌ ကွဲကြေသွားတော့သည်။

***

All Chapters