← Chapters

#‌ကျောက်တုံးလေးထွက်လာခြင်း#

Vol. 65 Ch. 924

#‌ကျောက်တုံးလေးထွက်လာခြင်း#

Vol. 65 Ch. 924

အင်မော်တယ်ဧကရာဇ်၏ ရည်ရွယ်ချက်က တကယ့်ကိုရိုးရှင်းသည်။

လုချန်ရှန်းသာ အင်မော်တယ်နန်းတော်ကို ၀င်မည်ဆိုပါက အကောင်းဆုံးဖြစ်သည်။

ကြောက်စရာကောင်းသည့် တပည့်များစွာကို ပျိုးထောင်ရင်း လုချန်ရှန်း သူ့ခွန်အားကို သက်သေပြခဲ့သည်မဟုတ်ပေလော။

တစ်ချိန်တည်းမှာပင် သူ့တပည့်များ၏ ခွန်အားကို ပိုမိုမြင်တွေ့ရပြီးနောက် အင်မော်တယ်ဧကရာဇ်၏ အတွေးများက ကျယ်ပြန့်လာခဲ့တာကို လုချန်ရှန်းနားလည်သည်။

သို့စေကာမူ လုချန်ရှန်း၏ စရိုက်အရ သူတခြားဂိုဏ်းတစ်ဂိုဏ်းတွင်၀င်ပြီး ဘယ်လိုလုပ် သူတစ်ပါး၏ ထိန်းချုပ်မှုကို ခံနိုင်မည်နည်း။

အင်မော်တယ်ဧကရာဇ်၏ ကတိက လုချန်ရှန်းသာ အင်မော်တယ်နန်းတော်ကို ၀င်မည်ဆိုပါက လွတ်လပ်မှု၊ အာဏာနှင့် အရင်းအမြစ်များကို လုံလောက်စွာ ရရှိမည်ဖြစ်သော်လည်း သူအင်မော်တယ်နန်းတော်ကို ၀င်လိုက်သည့် အခိုက်အတန့်တွင် သူ့ကံကြမ္မာတစ်စိတ်တစ်ပိုင်းက အင်မော်တယ်နန်းတော်တွင် သေချာပေါက် ပါ၀င်သွားပေလိမ့်မည်။

သူတို့က အကောင်း၊ အဆိုးအားလုံးအတွက် အတူတကွချည်နှောင်ထားခြင်း ခံရပေလိမ့်မည်။

လုချန်ရှန်း ဘာတစ်ခုမှမလုပ်လျှင်ပင် သူရှောင်လွှဲလို့်မရနိုင်သည့် အရာတစ်ချို့ ရှိပါသေးသည်။

လုချန်ရှန်းဒါကို ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။

ဒါကိုတွေးမိသောအခါ လုချန်ရှန်း တုံ့ဆိုင်းမနေဘဲ ခေါင်းခါယမ်းသည်။

"ဒီအကြောင်းကို တွေးတောင်မတွေးနဲ့"

ဒါကိုကြားသော် အင်မော်တယ်ဧကရာဇ် ညင်သာစွာ ပြုံးလိုက်ပြီး သူ့မျက်လုံးများ၌ နောင်တရသည့် အရိပ်အယောင်တစ်ခုကို ပြသသည်။

သို့စေကာမူ ဒါကသူ့မျှော်လင့်ချက်အတွင်းမှာသာရှိသည်။

သူဒီကိစ္စကို ထပ်ပြောမနေတော့ဘဲ အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်တွင် ဖြစ်ပျက်ခဲ့တာများကိုသာ တိတ်တဆိတ်စောင့်ကြည့်နေတော့သည်။

.....

ယခုအချိန်တွင် ကျောက်တုံးလေးက ၄၀၁ထပ်တွင် ရပ်နေပြီး ဒီအဆင့်က ရေတာအိုနိယာမဖြစ်သည်။

ကျောက်တုံးလေး၏ ပေါ်ပေါက်လာမှုက လူတိုင်းကို ကြက်သေသေသွားစေသည်။

သူနှင့်ပတ်သက်ပြီး ဘာမှထူးခြားချက်မရှိတာ ရှင်းနေသည်။

သို့စေကာမူ သူတို့၏အသိက ကျောက်တုံးလေးကို စူးစမ်းသောအခါ အဆုံးမဲ့အမှောင်ထုအာကာသတစ်ခုထဲ စုပ်ယူခံလိုက်ရသည့်အလား အာကာသ၌ ဘာမှရှိမနေခဲ့ပါ။

သို့သော် ဒါကယှဉ်၍မရနိုင်လောက်အောင် နက်ရှိုင်းပြီး အဆုံးမရှိပေ။

ကျောက်တုံးလေးတိုက်ခိုက်ပြီးနောက် အောက်ကနေ ကြည့်ရှုနေကြသောသူများ၏ အမူအရာများက အလွန်အမင်း လေးနက်သွားကြ၏။

ကျောက်တုံးလေး ခပ်ပေါ့ပေါ့ခြေလှမ်းများနှင့်အတူ လှေကားထစ်များပေါ် တက်လာခဲ့သည်။

ရေတာအိုနိယာမကနေ ဖန်တီးထားသည့် မုန်တိုင်းထန်သောလှိုင်းမျယးက ကမ္ဘာကြီးအား ဖြတ်သန်းကာ ကျောက်တုံး‌လေးအပေါ် ဖိနှိပ်လာသည်။

ရေတစ်စက်က ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်သော်လည်း အဆုံးမဲ့ရေများက လှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသောအခါတွင်မူ သက်ရောက်မှု၏။ အလေးချိန်နှင့် ဖျက်ဆီးခြင်းအားက အတော်လေးကြောက်စရာကောင်းသည်။

လေဟာနယ်ပင်လျှင် ဒီဖိအားကို ခံနိုင်ရာ်မရှိပေ။ လေထဲတွင် တဝုန်းဝုန်းမြည်သံများကို ကြားနေရသည်။

သို့သော် ကျောက်တုံးလေး၏လက်များက လှုပ်ရှားသွားခြင်းမရှိပေ။

သူ့ခြေထောက်များက အပေါ်သို့ဆက်တက်နေပြီး အဆင့်တစ်ဆင့်တက်သွားတိုင်း ဆူနာမီက ပို၍ကြီးမားကာ အားကောင်းလာသည်။

အောက်ကတစ်ယောက် လေးနက်စွာပြောသည်။

"ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ဆူနာမီနဲ့အတူ လိုက်ပါလာတဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းလွန်းတယ်၊ သူတကယ်ပဲ ဒါကိုတားဆီးနိုင်မှာလား"

"အင်း၊ ငါတို့တောင်မှ ဒီလိုမလုပ်ရဲဘူး"

"အချိန်ကန့်သတ်ချက်မှမရှိတာ၊ သူဘာလို့ ဒီလောက်အလျင်စလို ရှေ့ဆက်နေရတာလဲ၊ ဒါမှမဟုတ် သူက တစ်ဖက်ကို ခြိမ်းခြောက်ဖို့အတွက် စွမ်းအားကိုပဲ သုံးနေတာလား"

သို့သော်ငြားလည်း အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်၌ ထိပ်သီးအဆင့်များတွင် အဆင့်၀င်ကြသည့် ချူကျင်းနှင့် ကျန်သောသူများကမူ ဒီလိုမတွေးကြပါ။

ဒီနေရာတွင်ရပ်ကာ အားလုံးကို မျက်နှာချင်းဆိုင်နိုင်သည့်အပေါ် သူတို့ထဲကတစ်ယောက်မှ လူကောင်းမဟုတ်ကြပေ။

ကျောက်တုံးလေးက ဒါကိုလုပ်ပြီးကတည်းက ဆူနာမီ၏စွမ်းအားကို သိထားမည်သာ။ ထို့ကြောင့် ကိုင်တွယ်ရန်အတွက် နည်းလမ်းတစ်ခုတော့ ရှိရပေမည်။

သို့စေကာမူ သူတို့ခန့်မှန်းလို့မရတာက ရေတာအိုနိယာမကနေ ဖန်တီးထားသည့် ဆူနာမီကို ကျောက်တုံးလေးဘယ်လိုခုခံမည်နည်း။

သူတို့လှမ်းကြည့်လိုက်ကြသော်လည်း ကျောက်တုံးလေး၏ လက်အစုံက မလှုပ်ရှားသေးပါ။

သူခေါင်းကိုသာမော့ရင်း သူ့ထံလှိမ့်ဝင်လာသည့် မုန်တိုင်းထန်သောလှိုင်းများကို တိတ်တဆိတ်ကြည့်ပြီး ‌တက်နေသည်။

ထိုစဉ် ဆူနာမီက ကျောက်တုံးလေးနှင့် မီတာအနည်းငယ်မျှသာ ဝေးကွာသောအခါ ဖိသိပ်နေသည့် ဆူနာမီက ကျောက်တုံးလေးရှေ့၌ ဆူနာမီကို ပိတ်မိစေသည့် မမြင်ရသည့် အာကာသတစ်ခုရှိနေသည့်အလား ရုတ်တရက် ရပ်သွားသည်။

ဒီမြင်ကွင်းကိုကြည့်ရင်း လူတိုင်းအံ့ဩသင့်သွားကြသည်။

ဘာဖြစ်သွားတာလဲ!

ကျောက်တုံးလေးဘာတစ်ခုမှ မလုပ်ခဲ့တာရှင်းနေသော်လည်း ဆူနာမီက လုံး၀ရပ်သွားခဲ့သည်။

ချူကျင်း အနည်းငယ်မျက်လုံးကျဉ်းလိုက်ပြီး ဆူနာမီအပေါ် အကြည့်ပို့လွှတ်လိုက်စဉ် ရုတ်တရက် လေးနက်သည့်အသံဖြင့် ပြောသည်။

"အဲဒါကအာကာသပဲ...."

အာကာသ!

ချူကျင်း၏ကောက်နုတ်ချက်ကို ကြားရသောအခါ လူတိုင်းထိတ်လန့်သွားကြပြီး သူတို့အသိအမြင်များကနေတဆင့် အလျင်အမြန် ကြည့်လိုက်ကြ၏။

သူတို့အသိအောက်တွင် ဆူနာမီပတ်လည်၌ အာကာသလှောင်အိမ်တစ်ခုရှိပြီး ဆူနာမီကို တင်းကျပ်စွာ ၀န်းရံထားသည်။

တစ်ချိန်တည်းမှာပင် မမြင်ရသည့် အာကာသလှောင်အိမ်က ဆူနာမီကို ဖိသိပ်နေလေသည်။

ရလဒ်အဖြစ် ပတ်ပတ်လည်က လေဟာနယ်က လျင်မြန်စွာ စတင်ပုံပျက်လာသည်။

သူတို့ယခုနားလည်သွားကြလေပြီ။

ကျောက်တုံးလေး၏နည်းလမ်းက အာကာသနှင့်ဆက်စပ်နေသည်။

ဒါ့အပြင် ဒါက အာကာသတာအိုနိယာမကို ထိန်းချုပ်ရန်အတွက် အစွမ်းထက်စွမ်းရည်ဖြစ်သည်။

ထိုအချိန်တွင် ကျောက်တုံးလေးက အာကာသဘုရင်တစ်ပါးဖြစ်ပြီး ဒီအာကာသထဲက စွမ်းအားအားလုံးကို ထိန်းချုပ်နိုင်သည့်အလား ညင်သာစွာ ညွှန်ပြလိုက်သည်။

အာကာသဖိအားအောက်တွင် ဧရာမဆူနာအီက ပျောက်ကွယ်သွားပြီး နောက်ဆက်တွဲလှိုင်းများထွက်လာသည်။

သူ့ရှေ့က အာကာသ၌ ချက်ချင်းဆိုသလို အက်ကြောင်းတစ်ခုပေါ်လာပြီး ဆူနာမီ၏ နောက်ဆက်တွဲလှိုင်းက အက်ကြောင်းထဲသို့ စုပ်ယူခံလိုက်ရပြီးနောက်တွင် အက်ကြောင်းက ပိတ်သွားသည်။

ဆူနာမီကလည်းပျောက်ကွယ်သွားသည်။

အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

ဒီနည်းလမ်းက.....!

ကျိုးကိုင်၏အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။

အာကာသတာအိုနိယာမက မဟာတာအို၃၀၀၀အတွင်း ထိပ်တန်းတာအိုနိယာမများအနက် တစ်ခုဖြစ်သည်။

အင်မော်တယ်နယ်မြေတွင်ပင်လျှင် အာကာသတာအိုန်ယာမကို ကျင့်ကြံရန်အတွက် သတ္တိရှိသူ သို့မဟုတ် ပါရမီရှိသူ သိပ်မရှိပါ။

အာကာသတာအိုနိယာမ!

ဒါကအရမ်းပုံရိပ်ယောင်ဆန်လွန်းပြီး ဖမ်းဆုပ်မိရန် ခက်ခဲသည်။

ဒါကမရှိဘူးဟုထင်ရသော်လည်း နေရာတိုင်းတွင်ရှိသည်။

ကျင့်ကြံချင်သော်လည်း ဘယ်နေရာက စတင်ရမလဲဆိုတာ မသိပေ။

ထို့နောက် ကျောက်တုံးလေးရှေ့ဆက်သွားသည်။

သူ့ရှေ့ကအရာတိုင်းက ဘာမှမဟုတ်သည့်အသွင်။ ဆူနာမီက မည်မျှပင် ကြီးမားနေပါစေ ‌အာကာသ၏ ဖိသိပ်ခြင်းကို ခံရပြီး အာကာသအက်ကြောင်းထဲကို စုပ်ယူခံရသည်။

မကြာမီ သူအထပ်၆၀၀ကို ရောက်လာလေပြီ။

ကောင်းကင်ထဲတွင် အမြစ်တွယ်နေသည့် ဧရာမရေမြွေတစ်ကောင်က ကျောက်တုံးလေးထံ ဦးတည်လာသည်။

ဒါကိုမြင်သော် ကျောက်တုံးလေးမျက်ခုံးပင့်ကာ ညွှန်ပြလိုက်သည်။

ရေမြွေပတ်လည်က ‌အာကာသက အရူးအမူးစတင်ဖိသိပ်လာပြန်သည်။

သို့စေကာမူ ရေမြွေ၏ခွန်အားက အရင်က ရေတာအိုနိယာမနှင့် ယှဉ်၍မရပုံရသည်။

ရေမြွေ၏ အရူးအမူးတိုက်လိုက်မှုအောက်တွင် ၎င်းက အာကာသလှောင်အိမ်၏ ဖိအားကို လျင်မြန်စွာ ချိုးဖျက်ပစ်သည်။ ၎င်း၏မျက်လုံးများက ဒေါသနှင့် ပြည့်နှက်နေပြီး ကျောက်တုံးလေးအား အော်ဟစ်ကာ ရှေ့သို့တိုက်ခိုက်လာသည်။

တစ်ချိန်တည်းမှာပင် ကျောက်တုံးလေးကလည်း အရင်ကကဲ့သို့ တည်ငြိမ်မနေနိုင်တော့ပါ။

အာကာသပေါ်တက်လှမ်းရင်း သူကောင်းကင်ပေါ်သို့ ရှောင်တိမ်းသွားသည်။

ရေမြွေ၏ကိုယ်က ချက်ချင်းဆိုသလို လှေကားထစ်များအား ၀င်တိုက်သောအခါ ၎င်းက ကျယ်လောင်သည့်အသံပြုသည်။

သို့စေကာမူ လှေကားထစ်များက လှုပ်ခါသွားခြင်းမရှိသလို ပျက်စီးသွားခြင်းလည်းမရှိပါ။

ဆန့်ကျင်ဘက်ပင် ရေမြွေ၏ကိုယ်က ဧရာမတန်ပြန်သက်ရောက်မှုအောက်တွင် အရည်အိုင်တစ်ခုအဖြစ် ပြိုကွဲသွားသည်။

တစ်ခဏအကြာတွင် ၎င်းကပြန်လည်ကျုံ့သွားပြီး ကောင်းကင်ပေါ်က ကျောက်တုံးလေးကို ဆက်လက်တိုက်ခိုက်သည်။

၎င်းက သွေးသံတရဲရဲပါးစပ်ကိုဟပြီး လျှာကိုထုတ်ကာ ကျောက်တုံးလေးကို မျိုချပစ်ချင်သည်။

ကျောက်တုံးလေးကလည်း ငြိမ်ငြိမ်လေး‌ထိုင်ပြီး သေခြင်းတရားကို စောင့်နေမည့်သူမျိုးမဟုတ်ပေ။

သူလက်နှစ်ဖက်စလုံးကို ဆန့်ထုတ်ပြီး ရေမြွေအပေါ် အနည်းငယ် ဖိနှိပ်လိုက်၏။

ဂျုန်း......!

ကျောက်တုံးလေး၏ လက်ဖဝါးများရှေ့တွင် မရေမတွက်နိုင်လောက်သည့် အာကာသလှိုင်းများက အဆက်မပြတ်ဖိသိပ်နေသည်။

ဒါက ရေမြွေထံသို့ ပစ်လွှတ်နေသည့် အလွန်အမင်း ဖိသိပ်ခံထားရသော လေဗုံးများပမာ။

ဘန်း....!

မရေမတွက်နိုင်လောက်သည့် ကျယ်လောင်သောအသံများနှင့်အတူ ရေမြွေ၏ ဧရာမကိုယ်ထည်က ဆက်လက်မြည်ဟီးနေပြီး မရေမတွက်နိုင်လောက်သော ရေစက်များက စတင်ကျလာကြသည်။

အောက်သို့ကျဆင်းလာသည့် ရေစက်များက ကောင်းကင်ကနေ စီးဆင်းလာသည့် ရေတံခွန်တစ်စင်းအလား ကြီးမားလှသည်။

ထိုစဉ် ရေတံခွန်လေးများက ထပ်မံကျုံ့လာတော့မည့်အလား စတင်ထိုးတက်လာကြပြန်သည်။

သို့စေကာမူ ဒီတဒင်္ဂမှာပင် ကျောက်တုံးလေး ရုတ်တရက် လက်သီးဆုပ်လိုက်သည်။

ပြန့်ကြဲသွားသည့်အရည်များက ဆုတ်ဖြဲခံထားရသည့် အာကာသအနည်းငယ်အတွင်း စုပ်ယူခံလိုက်ရသည်။

ကျောက်တုံးလေးပြောသည်။

"အင်း၊ ဒါတွေကို ခွဲထုတ်ပစ်ပြီး အာကာသအသီးသီးမှာ ထည့်လိုက်မယ်ဆိုရင် ဒီလို ရှင်သန်နိုင်တော့မှာ မဟုတ်တော့ဘူးမလား"

၎င်းတို့ရှင်သန်နိုင်လျှင်ပင် အထဲတွင် မရေမတွက်နိုင်လောက်သည့် အာကာသမုန်တိုင်းများရှိနေသည်။

....

အပိုင်း(925) coming။

All Chapters