#ကျိချန်ဖန်းရှုံးနိမ့်သည်#
Vol. 65 Ch. 911
ဖင်းယန်စင်မြင့်ပေါ်၌ ကျိချန်ဖန်းလှံကိုကိုင်ပြီး ယဲ့ချိုးပိုင်ထံ တည့်တည့်ပြေး၀င်သွား၏။
လှံဆန္ဒက ကျိချန်ဖန်းလက်ထဲက လှံတစ်ဝိုက်တွင် ရစ်ပတ်နေသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် နောက်မဆုတ်သလို ရှောင်လည်းမရှောင်တိမ်းပါ။ ယင်းအစား သူခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားဖြင့် ကျိချန်ဖန်းထံသို့ ပိုင်းချလိုက်သည်။
ဂျုန်း......!
လှံနှင့်ဓားတိုက်မိစဉ် လှံဆန္ဒနှင့် ဓားဆန္ဒတို့က နှစ်ဘက်စလုံးသို့ ပျံ့သွားခဲ့သည်။
ကောင်းကင်ထဲတွင် လှံဆန္ဒနှင့် ဓားဆန္ဒတို့က တိုက်မိကာ ကောင်းကင်ကို နှစ်ပိုင်းခွဲပစ်ပြီး တစ်ပိုင်းကို သိမ်းပိုက်ထားသည်။
လေစီးကြောင်းများထိုးတက်လာသောအခါ ဖင်းယန်စင်မြင့်အောက်က ပရိတ်သတ်များမှာ မျက်မှောင်ကြုတ်လိုက်မိကြ၏။
ဒီတိုက်ပွဲကို ကြည့်ခြင်းအားဖြင့် ယဲ့ချိုးပိုင်က သူတို့ထင်ထားသလောက် အားမနည်းသည်မှာ သိသာထင်ရှားနေသည်။
ဒီလိုခွန်အားမျိုးဖြင့် ပထမတန်းစားအင်အားစုများတွင်ပင်လျှင် သူက ပထမတန်စားပါရမီရှင်ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပင် ဖင်းယန်ချိုင့်ဝှမ်းတပည့်များကလည်း ကျိချန်ဖန်း၏ခွန်အားကို အသိအမှတ်ပြုလိုက်ကြရသည်။
ဖင်းယန်ချိုင့်ဝှမ်းတွင် နယ်ပယ်တူက တပည့်တော်တော်များများ ဒီလိုနယ်ပယ်မျိုးကို မအောင်မြင်နိုင်ကြပါ။
ကျိချန်ဖန်း၏လှံက တိုး၀င်လာပြီးနောက် သူ ယဲ့ချိုးပိုင်နှင့် ဆက်လက်တိုက်ခိုက်ရန် မရွေးချယ်ဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ထောင့်ကိုပြောင်းလိုက်သည်။ သူလက်ထဲက လှံကိုဝှေ့ယမ်းရင်း ယဲ့ချိုးပိုင်အား ထိုးနှက်လိုက်ပြန်သည်။
အဘယ်ကြောင့်ဆိုသော် သူ့လှံနယ်ပယ်က ယဲ့ချိုးပိုင်၏ ဓားတာအိုနယ်ပယ်ထက် နိမ့်ကျတာကို သူသိသောကြောင့်ပင်။
အကယ်၍ သူသာအချိန်အကြာကြီး တိုက်ခိုက်ပါက သူ့တွင် ဘာအခွင့်အရေးမှ ရှိမည်မဟုတ်တော့။
ယင်းအစား သူယဲ့ချိုးပိုင်၏ ဖိနှိပ်ခြင်းကိုသာ ခံရပြီး တစ်ချက်တည်းနှင့် သူ့ကို သတ်ရန်အတွက် ဟာကွက်တစ်ခုကို ရှာတွေ့သွားပေလိမ့်မည်။
ဒါက ယဲ့ချိုးပိုင်၏ အားနည်းချက်ကို ရှာရန်အတွက် တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်သည်။
သို့စေကာမူ ကျိချန်ဖန်း၏ လှုပ်ရှားမှုများနှင့် အတွေးများကို ယဲ့ချိုးပိုင် မှန်းဆထားသည်မှာ ကြာမြင့်နေလေပြီ။ သူ့အသိအာရုံက ကျိချန်ဖန်းအပေါ် အမြဲလိုလို ကျရောက်နေသည်။
ဓားဆန္ဒကလည်း ကျိချန်ဖန်းအား ပိတ်ဆို့ထားသည်။
တစ်ချိန်တည်းမှာပင် တစ်ချက်တည်းနှင့် သူနောက်ဆုတ်သွားလေရာ ယဲ့ချိုးပိုင်၏ ခန္ဓာကလည်း ရွေ့လျားသွားခဲ့သည်။
မင်းရှောင်တိမ်းဖို့ကို ရွေးချယ်မှတော့ မင်းလိုချင်သလိုဖြစ်လာမှာမဟုတ်ဘူး!
တကယ့်တိုက်ပွဲတွင် လိန်ရှင်းယွန်တို့နှင့် မရေမတွက်နိုင်လောက်သည့် လေ့ကျင့်မှုသာမက ဖင်းယန်ချိုင့်ဝှမ်း၌ ကျင့်ကြံခြင်းအပြီးတွင် ယဲ့ချိုးပိုင်၏ တိုက်ခိုက်ရေးအတွေ့အကြုံက ထပ်မံတိုးတက်လာခဲ့သည်။
သူ့တွင် အသားစီရလာသောအခါ သူဒါကိုအသုံးချပြီး တိုးချဲ့ရန် လိုသည်။
ကျိချန်ဖန်းအနည်းငယ်မျက်မှောင်ကြုတ်ရင်း သူ့နောက်က အရိပ်တစ်ခုပမာ လိုက်နေသည့် ယဲ့ချိုးပိုင်အား ကြည့်လိုက်၏။
နှစ်ဘက်စလုံး၏ အမြန်နှုန်းက တကယ်တမ်းတွင် အရမ်းကြီးမခြားနားပါ။
သို့စေကာမူ လှံအပေါ် ဓားတစ်ချောင်း၏ အသာစီးက ၎င်းကပို၍ပျော့ပျောင်းခြင်းပင်။
ဒီအခြေခံနှင့်အတူ ယဲ့ချိုးပိုင်သူ့နောက်က ချက်ချင်းလိုက်ဖမ်းလေရာ ကျိချန်ဖန်း အောင်မြင်စွာ မဖယ်ရှားနိုင်သဖြင့် အားကိုးရာမဲ့စွာပင် ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်တော့သည်။
ကလန်! ကလန်! ကလန်!
ဖင်းယန်စင်မြင့်ပေါ်၌ လှံနှင့်ဓားများ၏ တိုက်မိသံများက မရပ်မနားမြည်ဟီးနေပြီး လုံး၀ရပ်မသွားခဲ့ပေ။
အောက်က စိန်ခေါ်သူများက စင်မြင့်အား လေးနက်သည့် အမူအရာများဖြင့် ကြည့်နေကြ၏။
မူလက ကျိချန်ဖန်း ယဲ့ချိုးပိုင်ကို အနိုင်ယူပြီး ၀င်ခွင့်နေရာကို လုယူသွားနိုင်လိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။
သို့စေကာမူ ယခုကြည့်ရသည်မှာ ကျိချန်ဖန်းက ဖိနှိပ်ခံနေရသောသူဖြစ်နေသည်။
"ကျိချန်ဖန်း ဘေးကျပ်နံကျပ်ဖြစ်နေတယ်.."
"မှန်တယ်၊ သူ့လှံတာအိုနယ်ပယ်က တစ်ဘက်လူထက် နိမ့်ကျတာကို ကျိချန်ဖန်း သဘောပေါက်ပြီးတဲ့နောက်မှာ သူရှေ့ဆက်ဖို့အတွက် နောက်အရင်ဆုတ်ချင်ခဲ့တာ၊ ဒါပေမယ့် ယဲ့ချိုးပိုင်က ကျိချန်ဖန်းကို နောက်ဆုတ်ဖို့ အခွင့်အရေးတစ်ခုမှ မပေးခဲ့ဘူး၊ သူနဲ့အဆက်မပြတ် တိုက်ခိုက်ဖို့အတွက် သူ့ရဲ့အသာစီးရမှုကို သူအသုံးပြုခဲ့တယ်"
"ဒီလိုသာဆက်ဖြစ်နေရင် ကျိချန်ဖန်းရှုံးတော့မယ်ထင်တယ်....."
"ကျိချန်ဖန်းတောင် နယ်ပယ်တူမှာ ရှုံးနိမ့်မယ်ဆိုရင် ငါတို့မှာလည်း တကယ်အခွင့်အရေးမရှိလောက်ဘူး"
ကျိချန်ဖန်းက သူတို့အကြား အစွမ်းထက်ဆုံး ကောင်းကင်ဘုံ၏ နှစ်သက်ခြင်းကို ခံရသူဖြစ်သည်။
"ဒါပေမယ့် ဓားသမားတစ်ယောက်ကသာ သူ့ကိုစိန်ခေါ်မယ်ဆိုရင် အနိုင်ရဖို့အတွက် အခွင့်အရေးတစ်ခုရှိလောက်တယ်မလား"
သူတို့၏စကားဝိုင်းကို ကြားသောအခါ ဖင်းယန်ချိုင့်ဝှမ်းမှဓားသမားများ မျက်မှောင်ကြုတ်လိုက်ကြ၏။
တကယ်ပဲ အခွင့်အရေးဆိုတာ လုံး၀မရှိဘူးဟ!
ဒီဓားသမားတပည့်များက အရင်က ယဲ့ချိုးပိုင်နှင့် တိုက်ခိုက်ဖူးကြသည်။
ဓားပိုင်နက်တွင် ယဲ့ချိုးပိုင် ဓားတာအိုအရှင်သခင်တစ်ပါးပမာ။ သူ့ရှေ့တွင် ဓားသမားတိုင်း၏ ဓားတာအိုက ဖိနှိပ်ခံရသည်။
ပြိုင်ဘက်က နယ်ပယ်တူဆိုလျှင်ပင် အခွင့်အရေးလုံး၀မရှိပါ။
"ဒါပေမယ့် ဒီကျိချန်ဖန်းက တကယ်မဆိုးဘူး"
"အင်း၊ ဒါပေမယ့် သူ့ရှုံးနိမ့်မှုကတော့ ကျောက်တုံးထဲ ရေထိုးထားပြီးပြီ"
"ဟုတ်တယ်၊ သူအစွမ်းကုန်လုပ်မှရတော့မယ်၊ မဟုတ်ဘူးဆိုရင် ယဲ့ချိုးပိုင်ရဲ့ တိုက်ခိုက်မှုအမြန်နှုန်းကို သူမထိန်းသိမ်းထားနိုင်တော့ဘဲ ဖမ်းခံရလိမ့်မယ်"
မျှော်လင့်ထားသည့်အတိုင်းပင် ဖင်းယန်ချိုင့်ဝှမ်းမှ တပည့်များ၏ စိစစ်မှုအောက်တွင် အသက်ရှူကြိမ်ရေငါးကြိမ်ခန့် ကုန်ဆုံးပြီးနောက် ကျိချန်ဖန်းအံကြိတ်သည်။
သူတည်ငြိမ်စွာရပ်ပြီး လက်ထဲတွင် လှံကို ကိုင်လိုက်သည်။ လှံထိပ်တွင် လှံဆန္ဒက စတင်အရူးအမူးသိပ်သည်းလာပြီး လှံထိပ်မှတဆင့် နဂါးခေါင်းက ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
ဂရား.......!
နဂါးဟိန်းသံက ဖင်းယန်စင်မြင့်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။
ကျိချန်ဖန်း လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"မင်းဒီ၀င်ခွင့်နေရာရဖို့အတွက် တကယ်ကို အရည်အချင်းပြည့်မီပါတယ်၊ မင်းသာ ဒီတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်ဆိုရင် ငါအရှုံးကိုပဲ ၀န်ခံရတော့မယ်"
ယဲ့ချိုးပိုင်အနည်းငယ်ဆွံအနေသည်။
ဒီလှံကို မင်းရဲ့လက်ရှိအော်ရာမှာ မင်းဝှေ့ယမ်းရုံသာ ဝှေ့ယမ်းသေးပြီး အရှုံးကို ၀န်ခံမယ်လို့ ပြောနေတာလား၊ ဒါက အရမ်းမိုက်လွန်းတယ်ဟ!
ဒါသူတွေးနေသည့်အရာဖြစ်သည်။
သို့စေကာမူ ယဲ့ချိုးပိုင် ရန်သူကို လျှော့မတွက်ပါ။ ဓားပိုင်နက်ထဲတွင် အင်မော်တယ်ဓားဓားဆန္ဒကလည်း စတင်သိပ်သည်းလာသဘ်။
သူ့လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက ကြီးမားသည့်အော်ရာတစ်ခုကို ထုတ်လွှတ်သည်။
ဒါကိုမြင်သောအခါ ကျိချန်ဖန်းနောက်ထပ် တုံ့ဆိုင်းမနေတော့ပါ။
သူအော်ဟစ်ပြီးနောက် သူလက်ထဲက လှံက လက်ထဲကနေ ထွက်သွားပြီး ယဲ့ချိုးပိုင်ရှိရာဘက်သို့ ပစ်၀င်သွား၏။
လေထဲတွင် လှံက ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ နဂါးအော်သံနှင့်အတူ ရှေ့သို့တိုးသွားသည်။
ယဲ့ချိုးပိုင် ဒီမြင်ကွင်းကို ကြည့်ရှုပြီးနောက် ရှေ့တစ်လှမ်းတိုးကာ ရေရွတ်သည်။
"ရှေးဦးမူလဓားကျမ်းရဲ့ စတုတ္ထမြောက်ဓားချက်၊ နတ်ဆိုးချိုးဖျက်ခြင်း"
ယဲ့ချိုးပိုင်၏ လက်ရှိခွန်အားဖြင့် သူရှေးဦးမူလဓားကျမ်း၏ စတုတ္တမြောက်ဓားချက်ကို အကြိမ်ပေါင်းများစွာ သုံးနိုင်နေလေပြီ။
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယဲ့ချိုးပိုင် နဂါးထံသို့ ပိုင်းချလိုက်သည်။
သူဓားကို လွှဲယမ်းလိုက်သည့်အခိုက်အတန့်၌ နေရောင်ကဲ့သို့ အလင်းတန်းတစ်စင်းက နဂါးအား ထိုးနှက်ပစ်သည်။
ဂျုန်း......!
ရုတ်ချည်းဆိုသလို ဖင်းယန်စင်မြင့်မှ အော်ရာက ထိုးထွက်လာခဲ့ပြီး ပတ်၀န်းကျင်က လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွား၏။
စင်မြင့်အောက်က ပရိသတ်များအနက် ကျင့်ကြံခြင်းနယ်ပယ်နိမ့်ကျသူများ၊ သို့မဟုတ် နယ်ပယ်တူကသူများက နောက်ဆက်တွဲလှိုင်းကို ခုခံရန်အတွက် အင်မော်တယ်ချီအတားအဆီးများကို ထုတ်လွှတ်လိုက်ကြရသည်။
နှစ်ယောက်စလုံး၏ တိုက်ခိုက်သည့်စွမ်းအားက အတော်လေးကြောက်စရာကောင်းသည်။
တစ်ခဏကြာ စင်မြင့်ပေါ်၌ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အနှီမျက်စိနှင့် မြင်ရရန်ဟူသည် မဖြစ်နိုင်ပေ။
သို့စေကာမူ နဂါးက နေ့အလင်း၏ အောက်တွင် ဖိနှိပ်ခံထားရတာကိုမူ ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
နဂါးခေါင်းပေါ်၌ အက်ကြောင်းများ ပေါ်လာပြီး စတင်ပျံ့လာသည်။
ကျိချန်ဖန်းဒီမြင်ကွင်းကို မြင်သောအခါ သူ့အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားပြီး သူ့မျက်နှာက ဖြူရော်ကာ သွေးရောင်ကင်းမဲ့သွားသည်။
သူ့ပါးစပ်ထောင့်စွန်းကနေ သွေးများက စတင်စီးတွေလာကြ၏။
ဒီဓားက မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်တစ်ယောက် ထုတ်လွှတ်နိုင်သည့် ဓားမဟုတ်တော့ပါ။
ဒီလူ၏ဓားနိယာမနယ်ပယ်က သူမျှော်လင့်ထားတာထက် သာလွန်နေသည်။
ဖင်းယန်ချိုင့်ဝှမ်းကတပည့်များ ဒါကိုမြင်သောအခါ အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်ကြသည်။
"အင်း၊ ဒီမွန်းစတားကတော့ ထပ်ပြီး အနိုင်ရတော့မယ်"
"ငါအံ့ဩမိတာမဟုတ်ပေမယ့် ဒီဓားချက်ကို ထပ်မြင်ရတဲ့အချိန် တကယ်ကို ကြောက်မိသွားတယ်"
အချိန်အကြာကြီးကုန်ဆုံးသွားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အသက်ရှူကြိမ်ရေငါးကြိမ်ခန့်သာ ရှိသေးပြီး နဂါးက လုံး၀ပြိုကွဲကာ လှံက လွင့်စင်သွား၏။
တစ်ချိန်တည်းမှာပင် ကျိချန်ဖန်း၏ မျက်နှာက ဖြူရော်သွားပြီး သွေးအန်လိုက်ရသည်။
သူတည်ငြိမ်စွာ ရပ်နေသေးသည့် လုချန်ရှန်းအား စိုက်ကြည့်ရင်း ခါးသီးစွာပြုံးသည်။
"မင်းနိုင်တယ်"
ထို့နောက်သူတည့်တည့်ပင် လဲပြိုကျသွားသည်။
အပိုင်း(912) coming။