← Chapters

#‌ရှောင်ဟိုင်၏မောက်မာမှု#

Vol. 65 Ch. 912

#‌ရှောင်ဟိုင်၏မောက်မာမှု#

Vol. 65 Ch. 912

ဖင်းယန်စင်မြင့်အောက်က ပရိသတ်များ ဒီမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်သွားကြ၏။

အစက ယဲ့ချိုးပိုင်က သေချာပေါက် ကျိချန်ဖန်း၏ပြိုင်ဘက်မဟုတ်ဟု သူတို့တွေးထင်ခဲ့ကြသည်။ လမ်းတစ်၀က်တွင် ကျိချန်ဖန်း အညှာတာကင်းမဲ့စွာပင် ဖိနှိပ်ခံခဲ့ရပြီး ယခုတွင်မူ ယဲ့ချိုးပိုင် ကျိချန်ဖန်း၏ အားအကောင်းဆုံးလှံကို တစ်ချက်တည်းနှင့် ချေမွပစ်ခဲ့သည်။

သူတို့ ကျိချန်ဖန်းအနိုင်ယူခြင်း ခံလိုက်ရသည်ထက် ယဲ့ချိုးပိုင်၏ ခွန်အားအပေါ် ပို၍ပင် အံ့ဩသင့်နေမိကြသည်။

"သူကမြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်ပဲမလား"

"မှန်တယ်၊ ဒါပေမယ့် ဒီဓားချက်ကို ငါမြင်တဲ့အခါ ငါလည်းနည်းနည်းဝေခွဲမရဖြစ်သွားတယ်၊ ဒါက တကယ်ပဲ မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်တစ်ယောက်ရဲ့ စွမ်းအားလား"

"ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်ကျွမ်းကျင်သူတစ်ယောက်တောင် ဒါကိုရင်ဆိုင်နိုင်မယ်လို့ ငါမထင်ဘူး"

ဖင်းယန်ချိုင့်ဝှမ်း၏ တပည့်များက အနည်းငယ်အံ့ဩသင့်သွားကြသော်လည်း ဒါက သူတို့မျှော်လင့်ချက်အတွင်းတွင်သာ ရှိသည်။

သူတို့ကိုပို၍ အံ့ဩသင့်စေတာက ယဲ့ချိုးပိုင်၏ ဓားတာအိုစွမ်းအားက ထပ်မံတိုးတက်လာခြင်းပင်။

ယဲ့ချိုးပိုင် အလွန်အမင်းတောက်ပစွာ တိုက်ခိုက်ခဲ့သည်။

အခွင့်အရေးကို ဖမ်းဆုပ်ခြင်း သို့မဟုတ် ကျိချန်ဖန်းနှင့် တိုက်ပွဲတွင် သူက တမူထူးခြားနေခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းပင် ကျိချန်ဖန်းက သေချာပေါက် ယဲ့ချိုးပိုင်၏ ပြိုင်ဘက်မဟုတ်ခဲ့ပါ။

ကျိချန်ဖန်း၏ခွန်အားက မဆိုးဘူးဟု ဆို၍ရသော်လည်း နယ်ပယ်တူက ဒီလိုမွန်းစတားမျိုးကို သူဘယ်လိုလုပ် အနိုင်ယူနိုင်မည်နည်း။

အင်မော်တယ်နန်းတော်က ပါရမီရှင် သို့မဟုတ် အဆင့်သတ်မှတ်ချက်အထဲက လူမဟုတ်ပါက ဒါကမဖြစ်နိုင်ပေ။

တခြားတစ်ဘက်တွင် လူအုပ်စုထဲ၌ ဒီမြင်ကွင်းကို ကြည့်နေကြသည့် တည်ငြိမ်ပုံရသော အင်မော်တယ်ကျင့်ကြံသူအနည်းငယ်လည်း ရှိသည်။

"ဟီး၊ အနည်းဆုံးတော့ သူ့မှာ စွမ်းအားတစ်ချို့ရှိတာပဲ...."

"သူ့ခွန်အားက တကယ်ပဲမဆိုးဘူး၊ ဒါပေမယ့် ဒီလိုဆိုရင်တောင် ၀င်ခွင့်နေရာတွေ အများကြီး မရှိသင့်ဘူး"

"အင်း၊ သူတို့ကိုကြည့်ရတာ ဘာဂိုဏ်းကိုမှလည်း ၀င်ထားပုံမရပါဘူး၊ သူတို့ဘယ်လိုလုပ် ၀င်ခွင့်နေရာတွေကို ရခဲ့ကြတာလဲ"

"အခုဒါကိုပြောမနေနဲ့တော့၊ နောက်တစ်ယောက်တက်လာနေပြီ၊ အဲဒီကလေးက ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ကြည့်ကြရအောင်"

ဖင်းယန်စင်မြင့်ပေါ်၌ ရှည်လျားပြီး နက်မှောင်သည့် အသားအရေနှင့် လူတစ်ယောက် ခုန်တက်လာခဲ့သည်။

ဖင်းယန်စင်မြင့်ပေါ်သို့ သူဆင်းသက်လာသောအခါ နားအူစေလောက်သည့်ဟိန်းသံတစ်ချက်ကို ထုတ်လွှတ်သည်။

သူကရှောင်ဟိုင်ဖြစ်သည်။

ယဲ့ချိုးပိုင် အနိုင်ရပြီးနောက် ယဲ့ချိုးပိုင်ဆင်းလာတာကိုပင် စောင့်မနေတော့ဘဲ ရှောင်ဟိုင် စိတ်မရှည်စွာနှင့် ဖင်းယန်စင်မြင့်ပေါ်သို့ ပြေးသွားခဲ့သည်။

ဒီမြင်ကွင်းက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အားကိုးရာမဲ့စွာပြုံးစေသည်။

"သူကတကယ်ပဲ တိုက်ပွဲဝါသနာအိုးတစ်ယောက်ပဲ...."

ရှောင်ဟိုင်တိုက်ရိုက်ငုံ့ကြည့်ပြီး ပြုံးသည်။

"ဘယ်သူငါ့ကိုစိန်ခေါ်ချင်လဲ၊ အခုချက်ချင်း တက်လာခဲ့"

ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖင်းယန်စင်မြင့်အောက်က စိန်ခေါ်သူများက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။

ဒါကအရမ်းမောက်မာလွန်းတယ်မလား!

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျိချန်ဖန်းတို့၏ တိုက်ပွဲကို ကြည့်ရှုပြီးနောက် သူတို့စင်ပေါ်က လူကို မလျှော့တွက်ရဲကြတော့ပါ။

သူတို့အမြင်အရ ရှောင်ဟိုင်တွင် မည်သည့်အင်မော်တယ်အော်ရာမှ မရှိသော်လည်း ရုပ်ခွန်အားက သူတို့ကိုပို၍ပင် အလိုလိုသိနေစေသည်။

သူက ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ဒါ့အပြင် သူကကောင်းကင်အင်မော်တယ်နယ်ပယ်နှင့် ယှဉ်၍ရသည့် ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

တစ်ခဏကြာသည့်တိုင် မည်သူမှ စင်ပေါ်မတက်လာတာကို မြင်ရသောအခါ ရှောင်ဟိုင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ ဘာလို့သူတို့ ဒီလောက်နှေးနေရတာလဲ!

ထို့ကြောင့် သူဆက်ပြောသည်။

"ကောင်းကင်အင်မော်တယ်နယ်ပယ်က ဘယ်သူမဆို တက်လာလို့ရတယ်"

ဒါက ဆိုလိုတာက ကောင်းကင်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်က လူတစ်ယောက်ပင်လျှင် ရှောင်ဟိုင်ကို စိန်ခေါ်နိုင်သည်။

ဟုန်ရင်ပြုံးရင်းခေါင်းခါယမ်းသည်။

"ဘာလို့ ရှောင်ဟိုင်ရဲ့စရိုက်က ပိုပိုပြီး ရူးသွပ်လာတယ်လို့ ငါခံစားနေရတာလဲ"

နင်းချန်ရှင်း နှလုံးသားထဲတွင် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ရယ်မောသည်။

"ဒီလိုခံစားနေဖို့မလိုပါဘူး၊ သူတကယ်ပြောင်းလဲသွားတာပါ၊ အတိတ်ကတည်းက သာမန်အခြေအနေတွေမှာ ရှောင်ဟိုင်က အရမ်းကို သီးခြားနေတတ်ပေမယ့် တိုက်ပွဲနဲ့ ပတ်သက်လာရင် သူက အရမ်းရူးသွပ်လာတတ်တယ်လေ"

"သူအထူးတိုက်ပွဲအခြေအနေတစ်ခုကို မ၀င်ရောက်ခဲ့ဘူးဆိုရင်တောင် ရူးသွပ်နေဦးမှာပဲ"

မု၀မ်အာ နှုတ်ခမ်းစူလိုက်သည်။

"ဒါကစီနီယာအစ်ကိုရှောင်ဟိုင်ရဲ့ သွေးကြောက အရမ်းထူးခြားလွန်းနေလို့ပါ၊ သူအခုဆိုရင် ကိုယ်တိုင်ဒဏ်ရာတွေကို ကုသနိုင်တော့ ကျွန်မဆေးတွေကို အသုံးမ၀င်အောင် လုပ်ပစ်နေတယ်...."

မုဖူရှန်းသက်ပြင်းချသည်။

"ကျွန်တော်က အရင်ကစီနီယာအစ်ကိုကို ပိုသဘောကျတုန်းပဲ၊ အနည်းဆုံးတော့ အမုန်းတရားတွေကို ဆွဲဆောင်ဖို့အတွက် သူပဏာမခြေလှမ်းလှမ်းမှာမဟုတ်ဘူး၊ ဒီအခြေအနေမှာ အစ်ကိုရှောင်ဟိုင် အနာဂတ်မှာ အစ်ကိုကြီးလိုမျိုးဖြစ်လာမှာကို ကျွန်တော် ကြောက်နေမိတယ်"

ယဲ့ချိုးပိုင်၏မျက်နှာက မည်းမှောင်သွား၏။

သောက်ကျိုးနည်း၊ အခုဘာလို့ငါ့ကို အပြစ်လာတင်နေတာတုန်း၊ ဘာကိစ္စပဲမဆို ငါက ပါ၀င်ပတ်သက်မှ ရမှာလား!

ရှောင်ဟိုင်၏ ကြေညာချက်ကို ကြားသောအခါ လုချန်ရှန်း၏ကိုယ်ခန္ဓာက တုန်ယင်သွားပြီး ခေါင်းမော့ကာ နဖူးကို ဖုံးလိုက်မိသည်။

အိုး၊ ဘုရားရေ၊ ရှောင်ဟိုင် ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ!

အနာဂတ်မှာ ငါဘယ်လိုရှင်သန်ရတော့မလဲ!

ထာ၀ရသက်တမ်းကမ္ဘာ၌ သစ်သားထိုင်ခုံတွင် လှဲပြီး နေပူဆာလှုံတာကို သူသတိရသွား၏။ သူ့ဘေးတွင် ဝိုင်အရက်သုံးအိုးနှင့် အစားအသောက်ပန်းကန်များစွာရှိသည်။

သူပျင်းလာသောအခါ အပင်များကို ရေလောင်းရန် ဟင်းသီးဟင်းရွက်ဥယျာဉ်ကို သွားတတ်ပြီး မိုးမခပင်ကို မြေဩဇာပေးတတ်သည်။

ဒီလိုနေ့ရက်များက တဖြည်းဖြည်းသူ့ဆီကနေ ပိုပို၍ ဝေးသွားပုံရသည်။

ဒါကိုတွေးမိသောအခါ လုချန်ရှန်ရုတ်တရက် ငိုချင်စိတ်ပေါ်လာသည်။

ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ အောက်ကစိန်ခေါ်သူများအားလုံး ဒေါသထွက်သွားကြ၏။

သူတို့ ရှောင်ဟိုင်အား လက်ညိုးထိုးရင်း အော်ဟစ်နေကြသည်။

ဖင်းယန်ချိုင့်ဝှမ်းတပည့်များကမူ သူတို့မျက်နှာများကို ဖုံးထားကြသည်။

"သူတို့က ဒီစိတ္တဇကို နားမလည်ကြသေးဘူးဘဲ"

"ဘာမှမဖြစ်ပါဘူး၊ တိုက်ပွဲအပြီးမှာ သိရမှာပဲလေ၊ ဒီစိတ္တဇမသေသေးသရွေ့ သူ့လက်သီးတွေက ရပ်မှာမဟုတ်ဘူး"

"မသေသေးသရွေ့၊ ဟုတ်လား၊ ဟားဟား၊ သူ့ဝိဉာဉ်ပျက်စီးသွားရင်တောင် တစ်ဘက်လူရဲ့ခန္ဓာက အသားတုံးတစ်တုံးကိုတော့ ကိုက်ပစ်လိမ့်မယ်"

"တကယ်ပါ"

မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်စိန်ခေါ်သူတစ်ယောက် တိုက်ရိုက်ခုန်တက်သွားပြီး တည့်တည့်ပင် ပြောသည်။

"မင်းရုပ်ခွန်အားက ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်၊ ဒါမှမဟုတ် အလယ်အလတ်အဆင့်မှာမလား"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

ထိုလူနှာခေါင်းရှုံ့သည်။

"ဒါဆိုရင် မင်းကိုအနိုင်ကျင့်မိတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့၊ အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ရဲ့ ၀င်ခွင့်က အရမ်းအဖိုးတန်တယ်၊ အရမ်းမောက်မာလွန်းတဲ့အတွက် မင်းကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နိုင်တော့တယ်"

ထိုလူပြုံးရင်း နောက်ဆုံးစကားလုံးများကို ပြောပြီးနောက် ရှောင်ဟိုင်ထံပြေး၀င်သွား၏။

အသွားနှစ်ဖက်ပါသည့် ပုဆိန်တစ်လက်က သူ့လက်ထဲတွင် ရုတ်တရက်ပေါ်လာပြီး ကျားဟိန်းသံတစ်ချက်နှင့်အတူ ရှောင်ဟိုင်ခေါင်းကို ဖြတ်ပစ်သည်။

ရှောင်ဟိုင်ဘယ်လိုနောက်ဆုတ်နိုင်မှာလဲ!

သူ့မျက်နှာ၌ စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

သူ့မျက်လုံးများက တိုက်ပွဲဆန္ဒများနှင့် ပြည့်နှက်သွားပြီး နတ်ဆိုးနက်ချီက ချက်ချင်းဆိုသလို ပြည့်နှက်သွားသည်။

တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်၌ လိုင်းခြောက်ကြောင်းပေါ်လာပြီး သူ့ရုပ်ခွန်အားက ချက်ချင်းထိုးတက်သွား၏။

ထာ၀ရနတ်ဆိုးခန္ဓာ!

အသွားနှစ်ဖက်ပုဆိန်ချဉ်းကပ်လာသည့် အခိုက်အတန့်၌ လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ရှောင်ဟိုင် အသွားနှစ်ဖက်ပုဆိန်ဆီသို့ တိုက်ရိုက် လက်သီးတစ်ချက် ပစ်ကျွေးလိုက်သည်။

သူအသွားနှစ်ဖက်ပုဆိန်ကို ခုခံရန်အတွက် ရုပ်ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။

ဒီအသွားနှစ်ဖက်ပုဆိန်၏အဆင့်ကမနိမ့်ကျပေ။

သူက ခန္ဓာကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် ရုပ်ခွန်အားအပေါ် အတော်လေး ယုံကြည်မှုရှိလွန်းတယ်မလား!

သို့စေကာမူ ရှောင်ဟိုင်၏ လက်သီးက အသွားနှစ်ဖက်ပုဆိန်ကို ထိသောအခါ သူတို့၏ အကြည့်များက ထိတ်လန့်မှုကနေ အကြောက်တရားအဖြစ် ပြောင်းလဲသွားသည်။

‌ရုတ်ချည်းဆိုသလို သွေးပမာဏအများအပြားက ရှောင်ဟိုင်၏လက်သီးကနေ စိမ့်ထွက်လာပြီး သူ့အလယ်လက်ချောင်းက ကွေးပင်ကွေးသွားသည်။

အရိုးကျိုးသံများကို အဆက်မပြတ်ကြားနိုင်ပေသည်။

သို့စေကာမူ တစ်ချိန်တည်းမှာပင် ထိုလူကလည်း သူ့လက်ထဲက နှစ်ဘက်သွားပုဆိန်၏ တုံ့ပြန်မှုကနေတဆင့် မခံမရပ်နိုင်သည့်အားတစ်ခုကို ခံစားလိုက်ရသည်။

ဒီစွမ်းအားက သူ့ကို သူ့ရှေ့က ဒီခန္ဓာကျင့်ကြံသူက လူသားတစ်ယောက်မဟုတ်ဘဲ လွတ်မြောက်လာသည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ပမာပင် ခံစားရစေသည်။

ဂျုန်း.....!

ရှောင်ဟိုင်၏ အရိုးများကျိုးပဲ့သံကို ကျယ်လောင်သည့်အသံတစ်သံက ဖုံးသွားပြီး ထိုလူနာကျင်စွာအော်ဟစ်ကာ ဖင်းယန်စင်မြင့်အစွန်းသို့ တိုက်ရိုက်ပင် ပစ်ချခံရသည်။

သို့စေကာမူ အားလုံးကို ပိုထိတ်လန့်သွားစေတာက ဒါမဟုတ်ဘဲ သူ့လက်က အပြင်းအထန်ဒဏ်ရာရနေသည့်တိုင် ရှောင်ဟိုင် အနားယူရန် မရွေးချယ်ဘဲ ယင်းအစား ထိုလူနောက်ကလိုက်ဖမ်းပြီး နောက်လက်တစ်ဖက်ကို မြှောက်ကာ နောက်တစ်ကြိမ် ထိုးနှက်ပစ်သည်။

ဒါက.....ဒါဘယ်လိုရူးသွပ်လှတဲ့တိုက်ခိုက်မှုပုံစံလဲ!

အပိုင်း(913) coming။

All Chapters