← Chapters

#‌အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်၊ အသက်သွင်ခြင်း#

Vol. 65 Ch. 913

#‌အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်၊ အသက်သွင်ခြင်း#

Vol. 65 Ch. 913

ထိုလူ၏မျက်နှာ၌ အကြောက်တရား၏ အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး မရပ်မနား သူ့ကိုဆက်လက်လိုက်နေသည့် ရှောင်ဟိုင်အား ကြည့်လိုက်၏။

တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် သူ့လက်ထဲက အသွားနှစ်ဖက်ပုဆိန်ကို မြှောက်ချင်သော်လည်း မြှောက်လိုက်သောအခါ သူ့လက်များက ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ယင်နေတာကို တွေ့လိုက်ရသည်။

ဒါကကြောက်စိတ်ကြောင့်တင်မဟုတ်ဘဲ အများစုက ယခုလေးတင်က ရှောင်ဟိုင်၏ လက်သီးချက်ကြောင့်ပင်။

ထိုအတော်လေးကြောက်စရာကောင်းသည့် စွမ်းအားက အသွားနှစ်ဖက်ပုဆိန်ကနေတစ်ဆင့် သူ့လက်များထိပင် ကူးစက်လာခဲ့သည်။

အသွားနှစ်ဖက်ပုဆိန်ကြောင့်သာ မဟုတ်ပါက သူအားအင်တစ်ချို့ဆုံးရှုံးရလိမ့်မည်ဟုပင် ထိုလူတွေးနေသည်။

ငါ့လက်တွေကရော ကျိုးသွားနိုင်လား!

သူဒါကိုတွေးနေသည့်အခိုက်အတန့်၌ ရှောင်ဟိုင်၏ ပုံရိပ်က ချဉ်းကပ်လာနေလေပြီ။

သူ့မျက်နှာပေါ်က မောက်မာသည့်အပြုံးနှင့် သူ့၏လက်သီးကြီးက သူ့မျက်ခုံးထဲတွင် တဖြည်းဖြည်းကြီးထွားလာသည်။

ခုခံရန်အတွက်ပင် အချိန်မရှိ။

ဒါ့အပြင် ဖင်းယန်စင်မြင့်အပြင်၌ လူများစွာရှိသေးသည်။

ဒီလိုဆိုပါက သူသာလက်သီးချက်နှစ်ချက်နှင့် ရှုံးသွားပါက အရမ်းရှက်စရာကောင်းသွားပေလိမ့်မည်။

ဤသည်အပြင် သူ့နယ်ပယ်က တစ်ဘက်လူထက်ပင် ပိုမြင့်မားသည်။

ထိုလူအံကြိတ်ကာ အော်ဟစ်လိုက်စဉ် အင်မော်တယ်ချီက သူ့တစ်ကိုယ်လုံးကနေ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူရုတ်တရက် အသွားနှစ်ဖက်ပုဆိန်ကို ရှောင်ဟိုင်ထံ ပစ်လိုက်သည်။

သို့သော်လည်း အသွားနှစ်ဖက်ပုဆိန်က ရှောင်ဟိုင်ကို ဖြတ်သွားစဉ် လမ်းကြောင်းကနေ လွဲချော်သွားပုံရသည်။

အသွားနှစ်ဖက်ပုဆိန်ကို စွန့်ပစ်ခဲ့သူကလည်း ရုတ်ချည်းဆိုသလို အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းတစ်ခုဖြင့် ပေါက်ကွဲကာ ဘေးသို့ရှောင်ထွက်ပြီး ရှောင်ဟိုင်၏ လက်သီးချက်ကို ရှောင်တိမ်းသည်။

ထို့နောက် သူရှောင်တိမ်းခဲ့သည့်နေရာသို့ ပစ်ခဲ့သော အသွားနှစ်ဖက်ပုဆိန်ကို တိုက်ရိုက်ဖမ်းကိုင်ပြီး ရှောင်ဟိုင်၏ နောက်ကျောကို အရူးအမူးခုတ်ဖြတ်ပစ်သည်။

ဒါကိုကြိုတင်သိနေသည့်အလား ရှောင်ဟိုင် ရုတ်တရင် ဖင်းယန်စင်မြင့်ပေါ်သို့ တက်နင်းလိုက်၏။

ဘန်း......!

ကျယ်လောင်သည့်အသံနှင့်အတူ ရှောင်ဟိုင်၏ အားပြည့်နေသည့်ပုံရိပ်က အတင်းရပ်သွားပြီး ရုတ်တရက်လှည့်ကာ ကန်ကျောက်ပစ်သည်။

ဒါက ထိုလူ၏ အသွားနှစ်ဖက်ပုဆိန်နှင့် ထပ်မံတိုက်မိသွားပြန်သည်။

ထိုလူ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ ဒီကန်ချက်၏အားက ပို၍ပင် အားကောင်းလာပုံရသည်။

ဒါ့အပြင် ဒီတဒင်္ဂ၌ ရှောင်ဟိုင်တစ်ကိုယ်လုံးကို အနက်ရောင်ချပ်၀တ်တစ်ခု ဖုံးလွှမ်းထားသည်။

ဖင်းယန်စင်မြင့်၌ ပြင်းထန်သောနတ်ဆိုးချီတစ်ခု ပွင့်လန်းလာသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူမှာ ထပ်မံလွင့်စင်သွားရပြန်သည်။

ရှောင်ဟိုင်၏ ခြေထောက်ကနေ အရိုးများအက်ကွဲသံများကို ကြားနိုင်သည်။

သို့စေကာမူ ဒါက ရှောင်ဟိုင်၏ တိုက်ခိုက်မှုကို ရပ်တန့်နိုင်စွမ်းမရှိသေး။

လက်တစ်ဖက်ကျိုးသွားပါက တခြားလက်တစ်ဖက်နှင့် သူဆက်လက်တိုက်ခိုက်မည်။

သူ့ဘယ်ခြေထောက်ဒဏ်ရာရသွားပြီဖြစ်လေရာ တခြားတစ်ဖက်ကို သုံးပြီး ရှေ့ဆက်သည်။

ဖင်းယန်စင်မြင့်၌ နှစ်ဦးစလုံးက တိုက်ချက်များ ဆက်လက်ဖလှယ်ကြသည်။

ဒါမှမဟုတ် ထိုလူက အဆက်မပြတ် လိုက်ဖမ်းခံနေရပြီး ရှောင်ဟိုင်၏ ရိုက်နှက်ခြင်းကို ခံနေရသည်ဟုဆိုပါက ပိုမှန်ပေလိမ့်မည်။

ယခုလိုရူးသွပ်သည့်တိုက်ပွဲမျိုးကို မြင်ရရန်ဟူသည် အမှန်တကယ်ခက်ခဲသည်။

မရေမတွက်နိုင်လောက်သည့်စိန်ခေါ်သူများ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့စကား မပြောနိုင်တော့သည်အထိ ထိတ်လန့်သွားကြ၏။

လူအုပ်စုထဲတွင် အစက တည်ငြိမ်နေသည့် အင်မော်တယ်ကျင့်ကြံသူများကလည်း အနည်းငယ် လေးနက်လာကြသည်။

"ရုပ်ခွန်အားက အရမ်းအားကောင်းတယ်၊ ခန္ဓာပျိုးထောင်သူတွေရဲ့ တိုက်ခိုက်မှုတွေက တကယ်တိုက်ပွဲတွေမှာ ပိုပြီး ပြင်းထန်လိမ့်မယ်"

"အင်း၊ ပြီးတော့ ဒီလိုမဆင်မခြင်တိုက်ခိုက်နည်းက သေခြင်းရှင်ခြင်းကို ကန့်သတ်ထားခြင်းမရှိဘဲ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုကို ထုတ်လွှတ်နိုင်တယ်"

"ဒီကလေးက....နေရာတစ်နေရာရဖို့ တကယ်ကိုအရည်အချင်းရှိတာပဲ"

ဖင်းယန်ချိုင့်ဝှမ်းတပည့်များကလည်း သူတို့တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အသွင်။

သူတို့အရင်က ရှောင်ဟိုင်၏ တိုက်ခိုက်ရေးပုံစံကို မြင်ဖူးသော်လည်း ယခုထပ်မြင်ရသောအခါ သူတို့၏နှလုံးများက ခုန်ပေါက်နေလေသည်။

တစ်ချိန်တည်းမှာပင် ဖင်းယန်ကလည်း စင်မြင့်အောက်သို့ ရောက်လာခဲ့သည်။

ဒီမြင်ကွင်းကို မြင်သောအခါ သူခါးသီးစွာ ပြုံးလိုက်၏။ သူရှောင်ဟိုင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်စဉ်ကတည်းက ရှောင်ဟိုင်၏ တိုက်ခိုက်ရေးပုံစံက ပိုပိုပြီး ရူးသွပ်လာသည်။

သူကသူ့ဒဏ်ရာများကိုပင် လုံး၀ဂရုမစိုက်သည့်အလား၊ ခွန်အားကိုတိုးမြှင့်ရန်အတွက်သာ စိတ်အားထက်သန်နေသည့်အလား။ တစ်စုံတစ်ရာက သူ့နောက်ကနေ လိုက်ဖမ်းနေသည့်အလားပင်။

တကယ်တော့ ဒါက သူမေးလို့မရနိုင်သည့် အရာတစ်ခုပါ။

သူကအကောင်းဆုံးလေ့ကျင့်ဖော်တစ်ဦးသာဖြစ်သည်။

အမွေးတိုင်တစ်တိုင်စာခန့် ကုန်ဆုံးသွားပြီးနောက် ဖင်းယန်စင်မြင့်ပေါ်၌ ရှောင်ဟိုင်၏ ရူးသွပ်သည့် တိုက်ခိုက်မှုများအောက်တွင် ထိုလူမှာ ပိုပို၍ပင် ဖိစီးခံနေရသည်။

နောက်ဆုံးတွင် ရှောင်ဟိုင်၏ နောက်ဆုံးလက်သီးချက်အောက်၌ သူ့လက်ထဲက အသွားနှစ်ဖက်ပုဆိန်က လွင့်စင်သွားသည်။

သူကလည်း ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရပြီး ဖင်းယန်စင်မြင့်ကနေ လွင့်စင်သွားရသည်။

ရှောင်ဟိုင်အနိုင်ရသွားလေပြီ။

ဒါ့အပြင် ဒါက စိန်ခေါ်သူများအား နှုတ်ပိတ်အောင်ပင် လုပ်နိုင်ခဲ့သည်။

ရှောင်ဟိုင်စင်ပေါ်တက်လာစဉ်က သူပြောခဲ့သည့်စကားလုံးများကို သူတို့သတိရသွားကြ၏။

ကောင်းကင်အင်မော်တယ်နယ်ပယ်က ဘယ်သူမဆို သူ့ကိုစိန်ခေါ်နိုင်သည်။

ပထမက ဒါကအဓိပ္ပာယ်မရှိဟု သူတို့ထင်နေခဲ့ကြသည်။

သို့သော် ဒီခန္ဓာကျင့်ကြံသူက အစကနေ အဆုံးထိ ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က လူကို ဖိနှိပ်ထားခဲ့သည်။

ဒါ့အပြင် ရှောင်ဟိုင်၏ တိုက်ခိုက်ရေးပုံစံက ယဲ့ချိုးပိုင်ထက် ပို၍ရူးသွပ်သည်။

ဒီတဒင်္ဂ၌ ရှောင်ဟိုင် ဖင်းယန်စင်မြင့်ပေါ်၌ ရပ်လိုက်သည်။ သူဒဏ်ရာရသော်လည်း သူ့မျက်နှာပေါ်က တိုက်ပွဲဆန္ဒက လုံး၀ လျော့မကျသွားပါ။

"ဘယ်သူထပ်ရှိသေးလဲ၊ ဆက်တက်လာကြ"

ဒါကိုမြင်သောအခါ စိန်ခေါ်သူများမှာ နှလုံးများပင် တဒိန်းဒိန်းခုန်ပေါက်နေတာကို ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ဖင်းယန်စင်မြင့်အပြင်၌ ရပ်နေသည့် ဖင်းယန်မှာ အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရပုံရသည်။ သူအနည်းငယ် ကြက်သေသေသွားပြီးနောက် လုချန်ရှန်းကို စိုက်ကြည့်ကာ ခေါင်းညိတ်သည်။

ညင်သာသည့်လှုပ်ရှားမှုတစ်ခုနှင့်အတူ သူဖင်းယန်စင်မြင့်ပေါ်သို့ ရောက်လာသည်။

ဒါကိုမြင်သောအခါ လူတိုင်း ကြက်သေသေသွားကြ၏။

"အဲဒါက ဖင်းယန်ချိုင့်ဝှမ်းက စံနမူနာတပည့်ဖင်းယန်မလား"

"အင်း၊ လက်ရှိသူက အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်ကိုတောင် ၀င်သွားပြီးပြီ"

"သူဒီမှာဘာလုပ်နေတာလဲ၊ သူ့မှာ နေရာ၀င်ခွင့်မရှိလို့လား"

ဖင်းယန်ချိုင့်ဝှမ်းတပည့်များကလည်း စိတ်ရှုပ်ထွေးနေကြ၏။

ထိုအချိန်တွင် ဖင်းယန်အပြုံးဖြင့်ပြောသည်။

"ဒီမှာရပ်လိုက်ကြရအောင်၊ ရှောင်ဟိုင်က သူ့ခွန်အားကို သက်သေပြပြီးပြီဖြစ်သလို ဒဏ်ရာလည်းရထားပြီးပြီ၊ ဆက်တိုက်နေစရာမလိုတော့ဘူး"

ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်ကာ စကားပြောရန်ပြင်လိုက်စဉ် ဖင်းယန် အသံပို့လွှတ်လိုက်သည်။

"မင်းဆရာက မင်းကို အများကြီးမထုတ်ဖော်ပြဖို့ ပြောခဲ့တယ်"

ရှောင်ဟိုင်တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် နာခံစွာပင် ခေါင်းညိတ်သည်။

ဒါကိုမြင်သော် ဖင်းယန်နှာခေါင်းရှုံ့သည်။

ထင်ထားတဲ့အတိုင်းပဲ ဒီလူအုပ်စုကို စီနီယာလုတစ်ယောက်ပဲ ဖိနှိပ်နိုင်တယ်!

ဖင်းယန်ဆက်လက်ပြုံးကာပြောသည်။

"ကောင်းပါပြီ၊ ခင်ဗျားတို့ တခြားသူတွေကို ဆက်ပြီးစိန်ခေါ်လို့ရပါတယ်၊ ဒါပေမယ့် စိန်ခေါ်မှုတစ်ခုပဲရှိတယ်၊ လူတိုင်းပဲ ဖင်းယန်ချိုင့်ဝှမ်းကို မျက်နှာသာပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"

တစ်ဘက်လူက ဒဏ်ရာရနေပြီဖြစ်လေရာ ‌၀င်ခွင့်နေရာကို လုယူရန်အတွက် အကောင်းဆုံးအချိန်ဖြစ်သည့်အပေါ် စိန်ခေါ်သူများက နှလုံးသားထဲတွင် ပျော်မနေကြသော်လည်း ဖင်းယန်ချိုင့်ဝှမ်းကြောင့် သူတို့လက်လျှော့ရုံသာ တတ်နိုင်သည်။

ထို့နောက် ဟုန်ရင်၊ နင်းချန်ရှင်း၊ မုဖူရှန်း၊ ရှီရှန်း၊ မု၀မ်အာနှင့် ကျောက်တုံးလေးတို့ အလှည့်ကျလာသည်။

နယ်ပယ်တူက မည်သူမှ သူတို့၏ပြိုင်ဘက်မဟုတ်ကြပါ။

သူတို့ကို အများဆုံးအံ့ဩသင့်စေတာက ဆေးလုံးများကို သန့်စင်သည့် ထိုအမျိုးသမီးတွင် အစွမ်းထက်တိုက်ပွဲခွန်အားရှိနေခြင်းပင်။

မု၀မ်အာ အလွန်အမင်းအစွမ်းထက်စွမ်းအားနှင့်အတူ ပေါက်ကွဲစေရန်အတွက် ဆေးလုံးမီးဖိုကို သုံးခဲ့သည်။

ဥပမာအားဖြင့် ဆေးလုံးမီးဖိုထဲက မီးတောက်များနှင့် ထူးဆန်းသည့် ဆေးလုံးမျိုးစုံတို့ဖြစ်သည်။

ဒါကစိန်ခေါ်သူများအဖို့ ကာကွယ်ရန်ဟူသည် မဖြစ်နိုင်ပေ။

ထို့နောက် ကျောက်တုံးလေးလည်းရှိသည်။

သူကလေးတစ်ယောက်ပုံ ပေါက်သော်လည်း သူ့ကျင့်ကြံခြင်းနယ်ပယ်နှင့် ခွန်အားက အရမ်းမြင့်မားသည်။

ကျင့်ကြံရန် အခက်ခဲဆုံးတာအိုနိယာမများအနက်မှ တစ်ခုဖြစ်သည့် အာကာသတာအိုနိယာမကလည်း ကျောက်တုံးလေးလက်ထဲတွင် အံ့ဖွယ်ကောင်းစွာ အသုံးချခံနေရသည်။

သူ့တည်နေရာကို ပိတ်ဆို့ရန်အတွက် နည်းလမ်းမရှိပါ။

ဒီစိန်ခေါ်သူများက ဖင်းယန်ချိုင့်ဝှမ်းကနေ စိတ်ပျက်လက်ပျက် ထွက်သွားရုံသာ တတ်နိုင်ကြတော့သည်။

အင်မော်တယ်ကျင့်ကြံသူများက ဒီတိုက်ပွဲကို အလွန်အမင်းလေးနက်သည့် အမူအရာများဖြင့် စောင့်ကြည့်နေကြ၏။

သူတို့က ကံတရားကြောင့် ၀င်ခွင့်နေရာများကို ရတော့မည့်ပုံမပေါ်။

သူတို့တွင် တကယ်ပင် စွမ်းရည်ရှိသည်။

ရှောင်ဟိုင်၏ ကိုယ်ပိုင်ခွန်အားကသာ သူတို့ကို ထိတ်လန့်စေခဲ့သော်လည်း သူတို့အားလုံးက ဂိုဏ်းတစ်ဂိုဏ်းကဖြစ်ပုံရသည်။

၀င်ခွင့်နေရာများစွာကို ရနိုင်သည့်ဂိုဏ်းတစ်ဂိုဏ်းက အင်မော်တယ်နန်းတော်က လွဲပြီး ထိပ်တန်းဂိုဏ်းများအတွက်ပင် မဖြစ်နိုင်ပေ။ ဖင်းယန်ချိုင့်ဝှမ်းပင်လျှင် နေရာနှစ်ခုသာရခဲ့သည်။

သုံးရက်ကြာပြီးနောက် အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ကို နောက်ဆုံးတော့ ဖွင့်လှစ်လေတော့သည်။

အပိုင်း(914) coming။

All Chapters