← Chapters

#‌လုချန်ရှန်း၊ ကျုပ်ညင်သာမှာပါ#

Vol. 65 Ch. 914

#‌လုချန်ရှန်း၊ ကျုပ်ညင်သာမှာပါ#

Vol. 65 Ch. 914

အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်က လူတိုင်း အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ရေကန်ရဲ့ ရေချိုးသန့်စင်မှုကို ခံစားနိုင်သည့် နေရာတစ်ခုမဟုတ်ပါ။

ဒါကိုအဆင့်သုံးဆင့်ခွဲထားသည်။

ပထမအဆင့်က တက်လှမ်းခြင်းတောင်ဖြစ်သည်။

ကောင်းကင်ထိုးဖောက်တောင်က အတော်လေးမြင့်သည်။ တောင်၏အလယ်တည့်တည့်၌ ၎င်းက တိမ်များထဲတွင် ပျောက်ကွယ်သွားသည်။

တက်လှမ်းခြင်းတောင်ကမူ ဖြောင့်တန်းသည့် လှေကားတစ်စင်းရှိသည့် တောင်အလယ်သို့ ဦးတည်နေသည့် တစ်ခုတည်းသောနေရာပင်။

ကောင်းကင်ထိုးဖောက်တောင်တွင်လည်း အကန့်အသတ်များရှိလေရာ ပျံသန်းရန်ဟူသည် မဖြစ်နိုင်။

တစ်ချိန်တည်းမှာပင် လှေကားထစ်များတစ်ဝိုက်တွင် အလွန်ရှေးကျပြီး ဆန်းကြယ်သည့် ဖိနှိပ်အစီအရင်များရှိသည်။

သူတို့လှေကားထစ်နှစ်ဘက်ကို တက်လိုက်ပြီးနောက် တခြားနေရာများကနေ တက်ရန် ကြိုးစားပါက အသတ်ခံရမည်ဖြစ်ကာ ခုခံရန်အတွက် အခွင့်အရေးပင်မရှိပါ။

လှေကားထစ်တိုင်းတွင် မတူညီသည့် စမ်းသပ်မှုတစ်ခုစီရှိသည်။

မီးတာအိုနိယာမ၊ လေတာအိုနိယာမ၊ မိုးကြိုးတာအိုနိယာမ၊ ရေတာအိုနိယာမနှင့် နောက်ဆုံးအပိုင်းက စိတ်လှည့်စားမှုဖြစ်ပြီး ဒီပထမအဆင့်မှာတင် အနည်းဆုံးလူတစ်၀င်ကျော်က နှစ်စဉ်နှစ်တိုင်း ဖယ်ရှားခံရသည်။

ဒီတဒင်္ဂတွင် ‌၀င်ခွင့်နေရာများရှိသည့် ကျင့်ကြံသူများက အင်မော်တယ်တွေ့ဆုံခြင်းတောင်အောက်ခြေ၌ စုစည်းနေကြလေပြီ။

၀င်ခွင့်နေရာမရှိသူများကို အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်က ပယ်ချမည်သာ။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း သူတို့ထဲတွင်ရှိကြသည်။

လူတိုင်း၏အော်ရာက မရိုးရှင်းပေ။

သူတို့အထဲကို၀င်လိုက်ပါက သူတို့၏နယ်ပယ်က အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ကြောင့် မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်အထိ ဖိနှိပ်ခံရမည်ဖြစ်လေရာ ကျင့်ကြံခြင်းနယ်ပယ်များကြားက ခြားနားချက်ကို စိုးရိမ်နေစရာမလိုပါ။

သို့သော် နယ်ပယ်ပိုမြင့်သောသူများတွင် အသာစီးရမှုကတော့ ရှိစမြဲပင်။

ဖင်းယန် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဘေးတွင် လေးနက်သည့်အမူအရာဖြင့် ရပ်သည်။

"အင်မော်တယ်တွေ့ဆုံမှု၊ ကောင်းကင်ထိုးဖောက်တောင်က တကယ်ပဲ မွန်းစတားများစွာကို ဆွဲဆောင်ခဲ့တယ်..."

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း လှမ်းကြည့်လိုက်ကြသည်။

ဖင်းယန် သူ့ရှေ့ကလူကို လက်ညိုးထိုးပြပြီးပြောသည်။

"ဥပမာပြောရရင် သူက အင်မော်တယ်နန်းတော်က ချူကျင်းပဲ၊ မူလကသူ့မှာ အင်မော်တယ်ဘုရင်အဆင့်ခွန်အားရှိပြီး အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်မှာ ဒုတိယ၀င်တယ်"

ထို့နောက် သူနောက်ထပ်အမျိုးသမီးတစ်ယောက်ကို ညွှန်ပြသည်။

"အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုခုနှစ်ယောက်ထဲက ဟန်လုက အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်မှာ အဆင့်လေး၀င်တယ်"

"ခန့်မှန်းလို့မရဆုံးကတော့ ယန်ဖုန်းပဲ၊ သူ့မှာ ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ခွန်အားပဲ ရှိတယ်ဆိုပေမယ့် တိုက်ပွဲမှာ လူသုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်၊ အဲဒီသုံးယောက်စလုံးကလည်း ကောင်းကင်အင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေပဲ"

"အဲဒီတိုက်ပွဲအပြီး ယန်ဖုန်းရဲ့နာမည်က ဂိုဏ်းအသီးသီးကြားမှာ စပြီးပျံ့သွားခဲ့ပေမယ့် သူ့နောက်ခံကို ဘယ်သူမှ ရှာမတွေ့နိုင်ခဲ့ကြဘူး"

ဖင်းယန်၏မိတ်ဆက်မှုအပြီးတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ဒီလူအုပ်စုကို ကနဦးနားလည်မှုတစ်ခု ရရှိခဲ့ကြသည်။

အတိုချုပ်ရပါက ဒီကိုလာနိုင်သည့် ကျင့်ကြံသူများက အခြေခံအားဖြင့် သူတို့ထက် နယ်ပယ်ပိုမြင့်သောသူများပင်။

ထို့နောက် သူတို့၏ပါရမီနှင့် အခြေခံအုတ်မြစ်ကလည်း အရင်ပြိုင်ဘက်များထက် ပိုမိုအားကောင်းမည်သာ။

တကယ်တမ်းတွင် ဖင်းယန်က ဖင်းယန်ချိုင့်ဝှမ်း၌ နံပါတ်တစ်ပါရမီရှင်ဖြစ်သော်လည်း ဒီလူများကြားတွင်မူ ယှဉ်ကြည့်ပါက သူမှေးမှိန်သွားလောက်သည်။

သို့သော် အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာက မကြာသေးခင်ကမှ နိုးထလာခဲ့ခြင်းဖြစ်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ဖင်းယန် အင်မော်တယ်မယ်မြေတွင် တောက်ပလာပေလိမ့်မည်။

အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်အပြင်ဘက်ရှိ၊ အရှေ့ဘက် ကီလိုမီတာငါးဆယ်အကွာ၌ ဝါးတောများနှင့် ၀န်းရံထားသည့် ခြံ၀င်းတစ်ခုရှိသည်။

ရေတံခွန်ငယ်တစ်စင်းက တောင်သေးသေးလေးတစ်လုံးကနေ စီးဆင်းလာပြီး ကြည်လင်သော စမ်းချောင်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

စမ်းချောင်းဘေးတွင် သစ်သားစားပွဲလေးတစ်လုံးရှိသည်။

သစ်သားစားပွဲ၏ နှစ်ဘက်စလုံးတွင် လူတစ်ယောက်စီ ထိုင်နေကြ၏။

အကယ်၍ အင်မော်တယ်နန်းတော်က အကြီးအကဲများသာ ဒီမြင်ကွင်းကို မြင်မည်ဆိုပါက သူတို့ထိတ်လန့်သွားပေလိမ့်မည်။

ထို့ထဲကတစ်ယောက်က အင်မော်တယ်ဧကရာဇ်ပင် မဟုတ်ပေလော။

အင်မော်တယ်ဧကရာဇ်ပြုံးသည်။

"မင်းတပည့်တွေက အဆုံးကိုရောက်နိုင်ပြီး အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ရေကန်ကို ၀င်နိုင်မလားဆိုတာ ခန့်မှန်းကြည့်"

တခြားတစ်ယောက်က လုချန်ရှန်းဖြစ်သည်။

မူလက သူဖင်းယန်ချိုင့်ဝှမ်းတွင် စောင့်ရန် စီစဉ်ခဲ့သည်။

အဆုံးတွင် အင်မော်တယ်ဧကရာဇ်က သူ့ကို လှည့်စားခဲ့သည်။

သူပြောခဲ့တာက 'အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်က အန္တရာယ်ရှိနိုင်တယ်၊ မင်းစောင့်ကြပ်ဖို့အတွက် ဒီကို လာမယ်ဆိုရင် မင်းတပည့်တွေအတွက် အပိုအာမခံချက်တစ်ခုလိုဖြစ်သွားမယ်လေ' ဟူ၍ဖြစ်သည်။

လုချန်ရှန်းသဘောမကျဖြစ်နေသည်။

"ကျုပ်ဘယ်လိုလုပ်သိမှာတုန်း"

လုချန်ရှန်း၏တုံ့ပြန်မှုကို မြင်သောအခါ ဧကရာဇ်ခေါင်းခါယမ်းရင်း အားကိုးရာမဲ့စွာ ရယ်မောလိုက်မိတော့သည်။

လုချန်ရှန်းကဲ့သို့ လူတစ်ယောက်ကို သူတစ်ခါမှ မမြင်ဖူးပါ။

သူက သူပင်လျှင် ထိုးဖောက်မမြင်နိုင်သည်အထိ အတော်လေးအစွမ်းထက်သည့်တိုင် အလွန်အမင်းသတိထားတတ်သေးသည်။

သူ့တပည့်များအပေါ် သူကဂရုမစိုက်ပြီး နှလုံးသားကင်းမဲ့ပုံရသော်လည်း တကယ်တမ်းတွင် အ‌င်မတန်ကို စိုးရိမ်နေပေသည်။

ထိုအချိန်တွင် လုချန်ရှန်းမေးသည်။

"ခင်ဗျားဘာလို့ ကျုပ်တပည့်တွေကို ၀င်ခွင့်နေရာတွေအများကြီးပေးပြီး ဒီကိစ္စကို ထုတ်ဖော်ပြရတာလဲ"

အင်မော်တယ်ဧကရာဇ်ပြုံးရင်း ခေါင်းခါယမ်းသည်။

"အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်အတွက် ၀င်ခွင့်နေရာက ငါအလိုရှိသလိုပေးလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး"

လုချန်ရှန်းအံ့ဩသင့်သွားရသည်။

ဖင်းယန်ချိုင့်ဝှမ်းသခင်က ခင်ဗျားလို့ပဲ ပြောခဲ့တာမလား!

ဘာလို့ပါ၀င်ပတ်သက်နေတဲ့သူက အခုငြင်းနေရတာတုန်း!

အင်မော်တယ်ဧကရာဇ်၏ နယ်ပယ်အရ လိမ်လည်စရာ ဘာအကြောင်းမှမရှိပါ။

အင်မော်တယ်ဧကရာဇ်လှည့်ကာ အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ရှိရာဘက်သို့ ကြည့်လိုက်ပြီးနောက် ခပ်ရေးရေးပြောသည်။

"အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်မှာ ဝိဉာဉ်တစ်ခုရှိတယ်"

"သူ့ဆုံးဖြတ်ချက်ကို ငါတောင်လွှမ်းမိုးစွက်ဖက်နိုင်စွမ်းမရှိဘူး"

"ဒါဆိုခင်ဗျားပြောတာက ၀င်ခွင့်နေရာကို ကောင်းကင်ထိုးဖောက်တောင်က ဆုံးဖြတ်တာပေါ့"

ဒီကောင်းကင်ထိုးဖောက်တောင်.....!

အင်မော်တယ်ဧကရာဇ် ညည်းညူရန်အတွက်ပင် စွမ်းအားကင်းမဲ့နေသည်။

‌သူအကူအညီမဲ့စွာသာ ခေါင်းညိတ်သည်။

"မှန်တယ်၊ ၀င်ခွင့်နေရာကို ငါဆုံးဖြတ်တယ်ဆိုတာ လူထုရဲ့နားလည်မှုနဲ့အတူ သူတို့ရဲ့ အတွေးတွေကြောင့်ပါပဲ"

"ဒါပေမယ့် သူက ဘာလို့ကျုပ်အောက်က အဲဒီကလေးတွေကို ရွေးရတာလဲ...." လုချန်ရှန်းအနည်းငယ် ဝေခွဲမရဖြစ်နေသည်။

အင်မော်တယ်ဧကရာဇ် တိုက်ရိုက်ပင်ပြောသည်။

"အင်မော်တယ်တွေ့ဆုံမှုနဲ့ တစ်စုံတစ်ယောက်ပေါ့"

"အင်မော်တယ်တွေ့ဆုံမှု"

အင်မော်တယ်ဧကရာဇ်ခေါင်းညိတ်သည်။

"အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ရေကန်ကို ရောက်သရွေ့ အဲဒါကို ရယူဖို့အတွက် အခွင့်အလမ်းရှိတယ်ဆိုတာ မင်းကြားဖူးမယ်လို့ ငါယုံတယ်"

"ပြီးတော့ အင်မော်တယ်ကောင်းကင်ထိုးဖောက်တောင်က တကယ်တော့ အင်မော်တယ်တွေ့ဆုံမှုအများဆုံးလူတစ်ယောက်ကို ရွေးချယ်နေတာပဲ"

"သေချာတာပေါ့၊ အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ရဲ့ ရွေးချယ်မှုကို ခံခဲ့ရရင် ကံကြမ္မာက တိုးတက်လာမယ်ဆိုပေမယ့် တာ၀န်တစ်ချို့လည်းရှိလာလိမ့်မယ်"

လုချန်ရှန်းငြိမ်ငြိမ်လေးထိုင်မနေနိုင်တော့ပါ။

သူက ဒီနေရာရှိ ကံကြမ္မာတစ်ခုတွင် ပါ၀င်ငြိစွန်းရတော့မည့်အဖြစ်သို့ ပြောင်းသွားရသည်။

နတ်ဆိုးနယ်မြေရဲ့ ကပ်ဘေးကိုတောင် မဖြေရှင်းနိုင်သေးတာ၊ အခုနောက်တစ်ခု ပေါ်လာပြန်ပြီလား!

"မဟုတ်ဘူး၊ ကျုပ်သူတို့ကို ပြန်ထုတ်ယူရမယ်" လုချန်ရှန်းထရပ်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

အင်မော်တယ်ဧကရာဇ် သူ့ကို အလျင်အမြန် တားလိုက်ရသည်။

"မင်းတပည့်တွေကြားမှာ အင်မော်တယ်တွေ့ဆုံမှုတစ်ခုသာ တကယ်ရှိနေမယ်ဆိုရင် မင်းသူတို့ကို အတင်းထုတ်ယူသွားမယ်ဆိုရင်တောင် သူတို့ကံကြမ္မာနဲ့ အနည်းနဲ့အများ ဆက်စပ်နေဦးမှာပဲ"

"ဒီလေ့ကျင့်မှုကနေတဆင့် ဘာလို့သူတို့ခွန်အားကို တိုးမြှင့်အောင် လုပ်ခွင့်မပေးရတာလဲ"

ဒါကိုကြားသောအခါ လုချန်ရှန်းပြန်ထိုင်ပြီး အင်မော်တယ်ဧကရာဇ်အား ကြည့်လိုက်၏။

"ခင်ဗျားမျက်နှာကို ရှေ့တိုးပြီး ကျုပ်ကို ရိုက်ခွင့်ပေးပါလား"

အင်မော်တယ်ဧကရာဇ် "???"

"ကျုပ်အတတ်နိုင်ဆုံးညင်သာအောင် လုပ်ပါမယ်၊ ခင်ဗျားကို မနာကျင်စေရပါဘူး"

အင်မော်တယ်ဧကရာဇ်၏မျက်နှာက မည်းမှောင်သွား၏။

"မလိုပါဘူး...."

.....

အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်၌ အသိပေးချက်မရှိသလို ချိပ်စည်းကို ဖွင့်ရာတွင်လည်း မူမမှန်တာ မရှိပါ။

တောင်ဘေးကလှေကားထစ်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ရှေ့တွင် ပေါ်လာသည်မှာ ကြာနေလေပြီ။ သူတို့အချိန်မရွေး တက်နိုင်ပေသည်။

သို့စေကာမူ မည်သူကမှအလျင်မလိုဘဲ ယင်းအစား အခြေအနေရပ်ကို စုံစမ်းစစ်ဆေးနေကြ၏။ သူတို့က ရှေ့ကလူများ ပေါ်လာတာာကို စောင့်နေတာလည်းဖြစ်နိုင်သည်။

ရုတ်တရက် လူတစ်ယောက်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအားကြည့်ရင်း ပြုံးသည်။

"မင်းတို့က ၀င်ခွင့်နေရာအနည်းငယ် ရခဲ့ကြတဲ့ သူတွေမလား၊ မင်းတို့ဘယ်ဂိုဏ်းကလဲဆိုတာ ငါတကယ်သိချင်မိတယ်၊ မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်တွေကလည်း အစကတည်းက အရမ်းနိမ့်ကျတော့ ဘာလို့အပေါ်တက်ပြီး အရင်သွားမကြည့်ရတာလဲ"

အပိုင်း(915) coming။

All Chapters