← Chapters

#‌ရှေ့သို့ပြောင်းလဲခြင်း#

Vol. 65 Ch. 915

#‌ရှေ့သို့ပြောင်းလဲခြင်း#

Vol. 65 Ch. 915

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကသာ လက်ရှိတွင် အမည်မသိသူများဖြစ်ကြသလို ရှိနေသောသူများအတွင်း ရပ်တည်နိုင်ခြင်းမရှိပါ။

ဒါ့အပြင် သူတို့ဖိနှိပ်မခံရခင်က သူတို့နယ်ပယ်များက မြေအင်မော်တယ်နယ်ပယ်နှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်များသာဖြစ်ကြသည်။

ဒါက ဒီအင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဗိုလ်ချုပ်နယ်ပယ်များအုပ်စုရှေ့တွင် မလုံလောက်ပါ။

တစ်ချို့လူများက ဖင်းယန်ချိုင့်ဝှမ်းက စိန်ခေါ်မှုကို သိထားကြပြီးဖြစ်သော်လည်း သူတို့က နယ်ပယ်တူ၌ ပြိုင်ဘက်ကင်းဖြစ်ပြီး နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သော်လည်း ဘာအရေးနည်း။

သူတို့က မြေအင်မော်တယ် သို့မဟုတ် ကောင်းကင်အင်မော်တယ်နယ်ပယ်များ၌ ရှိနေဆဲပင် မဟုတ်ပေလော။

ဒီအင်မော်တယ်ဘုရင်နယ်ပယ် စွမ်းအားရှင်များ၏ မျက်လုံးထဲတွင် သူတို့က ပုရွက်ဆိတ်များသာသာဖြစ်သည်။

သူတို့နယ်ပယ်က မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်ထိ ဖိနှိပ်ခံထားရလျှင်ပင် အခြေခံအုတ်မြစ်က ရှိပါသေးသည်။ တာအိုနိယာမအ‌ပေါ် သူတို့၏ နားလည်မှုနှင့် တကယ့်တိုက်ပွဲ၌ အသုံး၀င်မှုတို့က သူတို့ဝိဉာဉ်များ၌ ထွင်းထုထားသည်မှာ ကြာမြင့်နေလေပြီ။ ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။

ထို့ကြောင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ပစ်မှတ်ထားခံရတာက ပုံမှန်သာဖြစ်သည်။

သို့မဟုတ် ဘယ်သူကမှ သူတို့ပစ်မှတ်ထားမခံရလျှင်ပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အမြောက်ဆံများပမာ ဖြစ်ပေးရန်အတွက် မတောင်းဆိုပါကသာ ပုံမှန်မဟုတ်ဘူးဟုဆိုပါက ပိုမှန်သည်။

ဒီအတွက်ကြောင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အံ့ဩသင့်သွားခြင်းမရှိသည်မှာ ရှင်းနေပြီး ထိုလူအား တည်ငြိမ်စွာပင် ကြည့်နေကြ၏။

ဘေးက ဖင်းယန်၏အမူအရာက အနည်းငယ် မည်းမှောင်သွားပြီး နူးညံ့စွာပြောသည်။

"ကျိုးကိုင်၊ ပထမတန်းစားဂိုဏ်းဖြစ်တဲ့ ဝိဉာဉ်ခွဲနန်းတော်ရဲ့ စံနမူနာတပည့်၊ အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်က အဆင့်ခုနှစ်"

ကျိုးကိုင် ဖင်းယန်အားကြည့်ပြီး နှာခေါင်းရှုံ့သည်။

"ဘာလဲ၊ ဖင်းယန်၊ ဒီလူတွေက မင်းတို့ဖင်းယန်ချိုင့်ဝှမ်းကလား၊ ဒါက မင်းအသက်ပိုရှည်လေလေ ဖင်းယန်ချိုင့်ဝှမ်းက ပိုဆိုးလာနေတယ်လို့ ဆိုလိုနေတာမလား၊ မင်းက တကယ်ပဲ မြေအင်မော်တယ်နယ်ပယ်က လူတစ်ချို့ကိုတောင် ၀င်ခွင့်နေရာတွေ ပေးရတဲ့ အဆင့်အထိ ကျသွားတာလား၊ မင်း တခြားတပည့်တွေကို မခေါ်လာနိုင်ဘူးလား"

"ဒါဆိုကြည့်ရတာ မင်းတို့ရဲ့ဖင်းယန်ချိုင့်ဝှမ်းက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းအဖြစ် ကျဆင်းသွားဖို့ သိပ်မဝေးတော့ဘူးဘဲ"

ဖင်းယန် ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်၏ ပြဿာနာကို မဖြေရှင်းခင်က ကျိုးကိုင်၏ ပြိုင်ဘက်မဟုတ်ပါ။ သို့သော် ယခုတွင်မူ သူက သူ့ကိုကျော်သွားလောကါသည်။

မည်သူမှ ဒါကိုမသိပါ။

ထို့ကြောင့် ဖင်းယန်ကိုရင်ဆိုင်ရစဉ် ကျိုးကိုင်မည်သည့်စိတ်ပိုင်းဆိုင်ရာ ၀န်ထုပ်၀န်ပိုးကိုမှ မခံစားရပေ။

ကျိုးကိုင်၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရသောအခါ ဖင်းယန်၏အမူအရာက မည်းမှောင်သွားပြီး အေးစက်စွာပြောသည်။

"သူတို့က ငါတို့ဖင်းယန်ချိုင့်ဝှမ်းရဲ့ တပည့်တွေမဟုတ်ဘူး၊ ဒါပေမယ့်...တစ်နေ့မှာတော့ ဒီနေ့လုပ်ခဲ့တာအတွက် မင်းနောင်တရလိမ့်မယ်"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ ပါရမီကို သူကောင်းကောင်းသိပါသည်။

သူ ရှောင်ဟိုင်နှင့်ယှဉ်ပြိုင်စဉ်က ပို၍ပင် အထူးတုန်လှုပ်ခဲ့ရသည်။

ဒါ့အပြင် သူတို့ဆရာစီနီယာလုက သူတို့နောက်တွင် ရှိနေသည်။

သူ့အဖေပင်လျှင် စီနီယာလု၏ နယ်ပယ်ကို မြင်နိုင်စွမ်းမရှိ။ ဤသည်သာမက အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်မှ ၀င်ခွင့်နေရာများကို စီနီယာလုအား အင်မော်တယ်ဧကရာဇ်ကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်သည်။

ယခုလိုဆက်ဆံမှုမျိုးကပင် စီနီယာလု၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို သက်သေပြရန် လုံလောက်နေလေပြီ။

"ဟမ့်" ကျိုးကိုင်နှာခေါင်းရှုံ့သည်။

"မင်းငါ့ကို ဒီမြေအင်မော်တယ်နယ်ပယ် ကလေးအုပ်စုကို ချီကျူးစေချင်တယ်လို့ ပြောနေတာလား"

"ဒီမှာငါပြောတဲ့အတိုင်းလုပ်ကြရအောင်၊ ငါနောင်တရမလား၊ မရဘူးလားဆိုတာက အရေးမကြီးဘူး၊ ဒါမှမဟုတ် မင်းငါနဲ့ အရင်ဆုံး ယှဉ်ပြိုင်ချင်တာလား"

ကျိုးကိုင်၏စကားလုံးများကို ကြားသောအခါ ဖင်းယန်ရှေ့တစ်လှမ်းတိုးလိုက်စဉ် ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးက သူ့ကိုယ်ကနေ စိမ့်ထွက်လာသည်။

ပြင်းထန်သည့်မီးတောက်များက လေဟာနယ်ကို ဖြတ်သန်းသွားပြီး ကောင်းကင်တစ်ခုလုံးကို နီရဲသွားစေသည်။

"မင်းကိုငါဘာလို့ကြောက်နေရမှာလဲ"

သို့စေကာမူ ဖင်းယန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ယဲ့ချိုးပိုင် ဖင်းယန်ပခုံးကိုပုတ်ရင်း အပြုံးဖြင့်ပြောသည်။

"အစ်ကိုဖင်း၊ ငါတို့စွမ်းအားကို အရင်ဆုံးထိန်းသိမ်းထားကြရအောင်၊ သူတို့က ငါတို့ကို ရှေးပြေးတပ်ဖြစ်စေချင်တာ ဆိုတော့လည်း လုပ်ကြတာပေါ့၊ ငါတို့ အမြောက်ဆံများ ဖြစ်မလားမဖြစ်ဘူးလားဆိုတာက မသိရသေးဘူးလေ"

ဖင်းယန်စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ယဲ့ချိုးပိုင်ထပ်ပြီးကြားဖြတ်လိုက်သည်။

"ကျန်တဲ့သူတွေကလည်း ငါတို့ကို ရှေးပြေးတွေဖြစ်စေချင်နေတာကို မင်းမမြင်ဘူးလား"

ဒါကိုကြားသောအခါ ဖင်းယန် ကျန်သောသူများကို လှည့်ကြည့်လိုက်စဉ် သူတို့၏ မျက်လုံးများမှ သဘောတူညီမှုနှင့် လိုက်လျောမှုတို့ကို တွေ့လိုက်ရသည်။

"အခုတိုက်ခိုက်မယ်ဆိုရင် ကိုယ့်ကိုကိုယ် လူတိုင်းရဲ့ပစ်မှတ်လုပ်သလို ဖြစ်သွားလိမ့်မယ်"

ဖင်းယန်တိတ်ဆိတ်သွားသည်။

ယဲ့ချိုးပိုင်ပြုံးရင်း ကျိုးကိုင်ကိုကြည့်သည်။

"မင်းဆန္ဒရှိတဲ့အတိုင်းပါပဲ၊ ဒါပေမယ့် ငါတို့က အမြောက်ဆံတွေမဖြစ်လောက်ပါဘူး"

ကျိုးကိုင်နှာခေါင်းရှုံ့သည်။

သူတို့က ကောင်းကင်ထိုးဖောက်တောင်၏ ပထမဆုံးစစ်ဆေးရေးဂိတ်ကို အလွန်အမင်းစိုးရိမ်ကြသည်။ လူတစ်၀က်နီးပါးက ဖယ်ရှားခံရသည်မဟုတ်ပေလော။

သို့သ်ေု သူတို့အားလုံးက အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြသည်။

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်တို့ကရော!

သူတို့ပထမအဆင့်ကို ဘယ်လိုဖြတ်ကျော်မည်နည်း။

ယဲ့ချိုးပိုင်လှည့်ကာ ဟုန်ရင်၊ ရှောင်ဟိုင်နှင့် ကျန်သောသူများကို ကြည့်လိုက်၏။

သူစကားမပြောနိုင်ခင်မှာပင် ဟုန်ရင်ပြုံးသည်။

"ရှင့်ဒါကိုအရင်ဆုံးကြိုးစားပြီး အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါတို့ကို ဒီမှာနေစေချင်တယ်လို့ ပြောဖို့ကြိုးစားနေတာလား"

ရှောင်ဟိုင်မည်းမှောင်စွာပြောသည်။

"အတူတူသွားကြရအောင်"

မုဖူရှန်းပခုံးတွန့်သည်။

"သေချာတာပေါ့၊ ကျွန်တော်တို့သာ အတူတကွတိုက်ခိုက်မယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အလမ်းက အများကြီးပိုမြင့်လာလိမ့်မယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း ဂရုစိုက်ပေးလို့ရတယ်လေ"

နင်းချန်ရှင်း၊ ရှီရှန်း၊ မု၀မ်အာ၊ ကျောက်တုံးလေးနှင့် ဖန်ချန်းတို့ကလည်း ပြုံးရင်း ခေါင်းညိတ်ကြသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ရယ်မောသည်။

"ဒီလိုဆိုမှတော့ သွားကြတာပေါ့"

ထို့နောက် သူတို့လှေကားထစ်များဆီသို့ တက်သွားကြသည်။

ချူကျင်းဘေးက ဟန်လုမေးသည်။

"သူတို့ဘယ်လောက်ဝေးဝေးသွားနိုင်မယ်ထင်လဲ"

ချူကျင်း အေးစက်သည့်အမူအရာဖြင့် ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ပိုက်ထားသည်။ သူ၏မျက်လုံးများက ဘယ်အရာကမှ မလှုပ်ခတ်နိုင်စေသည့်အလား အတော်လေး တည်ငြိမ်နေသည်။

"၀င်ခွင့်နေရာရှိတဲ့သူတွေမှာ သေချာပေါက် ထူးခြားတာတစ်ခုခုရှိလိမ့်မယ်"

"ဒါပေမယ့် သူတို့အခြေခံက အရမ်းနိမ့်လွန်းတယ်၊ သူတို့ အဆင့်၂၀၀အပြီးက ဒုတိယအဆင့်မှာ ကျရှုံးကြလိမ့်မယ်"

"ဒါ့အပြင် ဖန်ချန်းရဲ့ပါရမီက ထင်ထားသလောက် မကောင်းဘူး"

အင်မော်တယ်နန်းတော်က တပည့်များကိုလက်ခံတွေ့ဆုံစဉ်က ချူကျင်းကလည်း ထိုနေရာတွင် ရှိနေခဲ့သည်။

ထို့ကြောင့် ဖန်ချန်း၏လုပ်ရပ်များကို သူရှင်းရှင်းလင်းလင်းသိနေဆဲပင်။

ပါရမီက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းတွင် လက်ခံ၍ရသော်ငြားလည်း ဒီအင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၌ ဒါကသာမန်သာ။

ပထမစစ်ဆေးရေးဂိတ်တွင် တောင်နံရံဆီသို့ ဦးတည်နေသည့် အဆင့်ပေါင်း၁၀၀၀ရှိသည်။

အဆင့်နှစ်ရာတိုင်းတွင် အဆင့်တစ်ခုရှိသည်။

တစ်ယောက်ကရယ်မောသည်။

"ချူကျင်း၊ မင်းရဲ့အကဲဖြတ်ချက်က အရမ်းမြင့်လွန်းမနေဘူးလား၊ ငါ့အမြင်အရဆိုရင်တော့ ဒီကလေးတွေက ပထမအဆင့်မှာတောင် ရှင်သန်နိုင်မှာမဟုတ်ဘူး"

ကျိုးကိုင်အေးစက်စွာပြုံးရင်း ခေါင်းညိတ်သည်။

"သူတို့သာ ငါတို့ကို ပထမအဆင့်မှာ ဘယ်တာအိုနိယာမပေါ်လာမလဲဆိုတာကို မြင်ခွင့်ပေးရင်တော့ သူတို့ကဏ္ဍကို ထမ်းဆောင်နိုင်လောက်မှာပေါ့၊ သူတို့အများကြီး ပြောနေစရာမလိုပါဘူး"

သို့စေကာမူ ဟန်လုပြုံးသည်။

"ဒါပေမယ့် သူတို့တတိယအဆင့်ကို တက်လှမ်းနိုင်တယ်လို့ ငါဘာလို့ခံစားနေရတာလဲ"

လူတိုင်း ဟန်လုကို ကြည့်လိုက်ကြ၏။

ဟန်လုရယ်မောကာ ရှင်းပြသည်။

"သူတို့ဘာလို့ ၀င်ခွင့်နေရာတွေအများကြီး ရကြတာလဲ၊ သူတို့နောက်တံခါးကနေ တိုး၀င်ပြီးတော့ ခိုးမယူနိုင်ဘူးလေ"

ကိစ္စတစ်ခုက ဘယ်လောက်ပင် ထူးဆန်းနေပါစေ ဒီအတွက် အကြောင်းရင်းတစ်ခုတော့ ရှိရပေမည်။

ဒါကလည်းအတူတူပင်။

ဟန်လု၏အမြင်အရ သူတို့၀င်ခွင့်နေရာအများကြီးကို ရနိုင်တာက သေချာပေါက် တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါ။

....

ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ပထမအဆင့်ကို တက်လှမ်းလိုက်ကြ၏။

သူတို့ပထမခြေလှမ်းကို လှမ်းလိုက်သည်နှင့် အပေါ်က လျှပ်စီးစွမ်းအားများက လျှပ်စီးတိုင်များအဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း သူတို့ထံ ပစ်၀င်လာကြ၏။

၎င်းက အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။

ပထမအဆင့်က မိုးကြိုးတာအိုနိယာမဖြစ်သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာများက အေးခဲသွားကြသည်။

သူတို့တစ်ချိန်တည်းတွင် တိုက်ခိုက်ကြသည်။

ဓားဆန္ဒ၊ ဥက္ကာခဲများ၊ ပြန်လည်မွေးဖွားခြင်းနိယာမ၊ ရုပ်ခွန်အားနှင့် နတ်ဗိုလ်ချုပ်ဆင်းသက်လာခြင်းတို့က လျှပ်စီးတိုင်အားလုံးကို ပြန့်သွားစေသည်။

ပထမအဆင့်က ခက်ခဲပုံမရသော်လည်း ပထမအဆင့်တွင် အဆင့်ပေါင်း၂၀၀ရှိသည်။

ပထမအဆင့်ကတောင် ဒီလောက်ထိ စွမ်းအားရှိတာလား!

တကယ်တမ်းတွင်လည်း အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်က ဂုဏ်သတင်းနှင့် ကိုက်ညီပေသည်။

ပထမအဆင့်မှာတင် လူအများကြီး ဖယ်ရှားခံရသည်မှာ အံ့ဩသင့်စရာမရှိတော့။

ထိုအချိန်တွင် ရှောင်ဟိုင်ရုတ်တရက်ပြောလာသည်။

"အဆင့်၁၀၀၀ရှိတယ်၊ ကျွန်တော်တို့ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ထိပ်ဆုံးကို အောင်အောင်မြင်မြင်နဲ့ ရောက်မှာမဟုတ်ဘူး၊ "

"‌တိုက်စစ်ကိုလှည့်မယ်ဆိုရင်ရော၊ ကျွန်တော်အရင်သွားမယ်၊ ကျွန်တော် နောက်ထပ်မကိုင်တွယ်နိုင်တော့တဲ့အခါ ကစားသမားပြောင်းမယ်"

အပိုင်း(916) coming။

All Chapters