#မိုးကြိုးစွမ်းအား#
Vol. 65 Ch. 916
"တစ်ချိန်တည်းမှာပဲ ကျွန်တော်ထိပ်ချုပ်ထားတဲ့အခါ အထဲက တာအိုနိယာမစွမ်းအားကို နားလည်ဖို့အတွက် အခွင့်အလမ်းကို ရယူမယ်၊ အဲဒီနောက်မှသာ အကောင်းဆုံးရလဒ်ကို ရနိုင်မှာ"
ရှောင်ဟိုင်အဆိုပြုသည့် လှည့်ပတ်သည့်နည်းလမ်းက ဖြစ်နိုင်သည်မှာ ရှင်းနေပြီး အတူတကွ တိုက်ခိုက်ခြင်းထက် ပိုထိရောက်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ချက်ချင်းခေါင်းညိတ်ကြသည်။
"မင်းကြိုးစားကြည့်လို့ရတယ်"
ဒါကိုမြင်သောအခါ ရှောင်ဟိုင်ပထမဆုံးထွက်လာပြီးနောက် ဒုတိယအဆင့်သို့ တိုက်ရိုက် ခုန်တက်သွားသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကမူ ပထမအဆင့်မှာတင် ဆက်နေခဲ့ကြသည်။
ဒီမြင်ကွင်းကိုမြင်သော် လူတိုင်းအနည်းငယ် ကြက်သေသေသွားကြ၏။
ချူကျင်းအနည်းငယ်မျက်မှောင်ကြုတ်သည်။
"အိုး၊ သူတို့က တာအိုနိယာမစွမ်းအားကို တစ်လှည့်စီ ခုခံချင်ကြတာလား၊ ဒါပေမယ့် ဒီလိုဆိုရင် စွမ်းအားအားလုံးကို လူတစ်ယောက်တည်းက ခံရမှာဖြစ်ပြီး အဲဒီလူအပေါ် ဖိအားကလည်း ပိုတိုးလာလိမ့်မယ်"
"အခြေခံမရှိတဲ့ အင်မော်တယ်ကျင့်ကြံသူတွေအတွက် ဒါကပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
အင်မော်တယ်နန်းတော်၏ အံ့ဖွယ်ပါရမီရှင်တဖြစ်လဲ ချူကျင်းက အတော်လေး ဂရုတစိုက်ရှိသည်။
ချူကျင်းတစ်ဦးတည်းတင်မဟုတ်ဘဲ ဟန်လု၊ ကျိုးကိုင်နှင့် ကျန်သောသူများကလည်း သူတို့လုပ်ရပ်များကနေတဆင့် မြင်ခဲ့ကြသည်။
ဒီနည်းလမ်းက အလုပ်ဖြစ်နိုင်သော်လည်း လူအနည်းငယ်ကသာ ကြိုးစားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဒီနေရာက ကျင့်ကြံသူများက ပြိုင်ဘက်ပိုနည်းသွားတာကို လိုချင်ကြသည်။ ဒီနည်းဖြင့်သာ သူတို့ အင်မော်တယ်တွေ့ဆုံမှုကို ရရန်အတွက် အခွင့်အလမ်းပိုများလာပေလိမ့်မည်။
ထို့ကြောင့် သူတို့ရှေ့တန်းတွင်နေပြီး တခြားသူများကို အကျိုးမပြုချင်ကြပါ။
ကျိုးကိုင်နှာခေါင်းရှုံ့သည်။
"လူတစ်ယောက်တည်းလား၊ ဒီလိုနိမ့်ကျတဲ့ ကျင့်ကြံခြင်းနယ်ပယ်နဲ့ သူဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ၊ သူအဆင့်နှစ်ဆယ် သုံးဆယ်သွားနိုင်ရင်တောင် မဆိုးလှပါဘူး"
အဝေးတစ်နေရာ၌ ဖင်းယန်ရယ်မောသည်။
ထိုလှောင်ပြောင်သည့်ရယ်သံက ကျိုးကိုင်ကို ဆွဲဆောင်သွား၏။ သူအနည်းငယ် မျက်မှောင်ကြုတ်သည်။
"မင်းဘာကိုရယ်နေတာလဲ၊ ငါတစ်ခုခုမှားပြောမိလို့လား"
"တကယ်ကိုမှားနေလို့ပါ" ဖင်းယန်ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
ရှောင်ဟိုင်၏ ပါရမီနှင့်ခွန်အားသာမက သူ့ပုံမှန်မဟုတ်သည့် သွေးကြော၏ သက်ရောက်မှုကို သူရှင်းရှင်းသိပါသည်။
ရှောင်ဟိုင်၏ ဝိဉာဉ် အဖျက်ဆီးမခံရသရွေ့ ကိုယ်ခန္ဓာကို အားဖြည့်ကုသရန်အတွက် သွေးကြောစွမ်းအားကို အဆက်မပြတ် မှီခိုအားကိုးနိုင်ခဲ့သည်။ ကိုယ်ခန္ဓာကို အားဖြည့်ရင်း ရုပ်ခွန်အားကိုလည်း အားဖြည့်ပေးနိုင်သေးသည်။
ဒါ့အပြင် ရှောင်ဟိုင်၏ဇွဲနဘဲက တကယ်ကို ပုံမှန်မဟုတ်ပေ။ တာအိုနိယာမစွမ်းအားကနေ ယူဆောင်လာသည့် နာကျင်မှုကို သူခံနိုင်ရည်ရှိမည်ဖြစ်ကာ ပိုပို၍သာ အားကောင်းလာပေလိမ့်မည်။
ထို့ကြောင့် ရှောင်ဟိုင်အတွက် ရှေ့ဆုံးတွင် ရပ်ပြီး တာအိုနိယာမ၏ စွမ်းအားအများစုကို ခုခံရန်ဟူသည် ယုတ္တိတန်ပြီး ဖြစ်နိုင်ချေအရှိဆုံးရွေးချယ်မှုပင်။
ဖင်းယန် လှေကားထစ်များပေါ်က ရှောင်ဟိုင်ကိုကြည့်ပြီး အပြုံးဖြင့်ပြောသည်။
"သူ့ခွန်အားက မင်းစိတ်ကူးထားတာထက် ပိုတယ်"
ဖင်းယန်၏ ယုံကြည်မှုရှိသည့် စကားလုံးများကို ကြားသောအခါ ကျိုးကိုင်၏ အမူအရာက မည်းမှောင်သွား၏။
ဟန်လုနှင့် ချုကျင်းတို့ကလည်း လှည့်ကြည့်ကြသည်။
ဒီနေရာတွင် ၀င်ခွင့်နေရာတစ်နေရာရနိုင်သောသူများက အနည်းနှင့်အများတော့ ရိုးရှင်းကြမည်မဟုတ်။
သူတို့က အင်မော်တယ်နယ်မြေ၌ ပထမတန်းစားတည်ရှိမှုများပင်။
ဖင်းယန် ယခုလိုအရာမျိုးကို ပြောနိုင်ကတည်းက ဒါက အခြေအမြစ်မရှိတာတော့ မဟုတ်ပါ။
"စောင့်ကြည့်ကြတာပေါ့" သို့စေကာမူ ယခုလိုကျင့်ကြံခြင်းအဆင့်နိမ့်ကျသည့် သူများက တာအိုနိယာမ၏ အလွှာထောင်ချီသော စွမ်းအားကို ခံနိုင်ရည်ရှိသည်ဟု ကျိုးကိုင်မယုံပေ။
.....
လူတိုင်း၏အကြည့်အောက်တွင် ရှောင်ဟိုင် ဒုတိယအဆင့်ကို တက်သွားသည်နှင့် မရေမတွက်နိုင်လောက်သည့် လျှပ်စီးစွမ်းအားများက ကြောက်မက်ဖွယ်ရာ လျှပ်စီးနဂါးများအဖြစ် ပြောင်းလဲကာ ရှောင်ဟိုင်အား တိုက်ခိုက်လာကြ၏။
ရှောင်ဟိုင်ခေါင်းမော့လိုက်စဉ် လျှပ်စီးများနှင့် ပြည့်နှက်နေသည့်ကောင်းကင်က သူ့မျက်သူငယ်အိမ်များ၌ ရောင်ပြန်ဟပ်နေသည်။
ဒီအဖျက်စွမ်းအားကို ရင်ဆိုင်ရသောအခါ သူ့တွင် နောက်ဆုတ်ရန်အတွက် ရည်ရွယ်ချက်မရှိပါ။
လျှပ်စီးနဂါးများက ရှောင်ဟိုင်၏ကိုယ်ကို ရိုက်ခတ်စဉ် သူလုံး၀မခုခံပေ။ လျှပ်စီးနဂါးများကို ခုခံရန်အတွက် သူရုပ်ခန္ဓာတစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။
ခုခံကာကွယ်နေရင်း သူ့ရုပ်ခန္ဓာကို ပြုပြင်မွမ်းမံနေသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အနားမနေကြဘဲ ဒီတာအိုနိယာမ၏စွမ်းအားနှင့် လိုက်ဖက်စေရန်နှင့် အထဲက တာအိုအက္ခရာများကို ခံစားနိုင်စေရန် ရှောင်ဟိုင်အတွက် တာအိုနိယာမစွမ်းအား ၅၀ရာခိုင်နှုန်းကို ပြောင်းလဲယူဆောင်ကြသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည့် ယန်ဖုန်း၏မျက်လုံးများက နောက်ဆုံးတော့ လှုပ်ရှားသွားပြီး ညင်သာစွာပြောသည်။
"မဆိုးဘူး...."
ကျိူးကိုင်၏အမူအရာကလည်း ပြောင်းလဲသွားသည်။ ရှောင်ဟိုင်ကခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကာကွယ်မှုကို လွှတ်ပေးကာ မိုးကြိုးတာအိုနိယာမကို သူ့ကိုယ်ပေါ် ကျစေသည့်တိုင် အမှန်တကယ်ပင် ဒါကို ခံနိုင်ရည်ရှိခဲ့သည်။
ဒါက သာမန်ခန္ဓာကျင့်ကြံသူများ ခံနိုင်ရည်ရှိသည့်အရာတစ်ခုမဟုတ်ပါ။
သို့စေကာမူ ဒါကသူတို့ကို မအံ့ဩစေခဲ့ပေ။
ထိုအချိန်တွင် ရှောင်ဟိုင်၏ခန္ဓာက မိုးကြိုးတာအိုနိယာမစွမ်းအားဖြင့် ပြည့်နှက်နေသော်လည်း သူခေါင်းမော့ကာ ပြုံးပြီး ညာခြေကိုမြှောက်ကာ ရှေ့တိုးရင်း နောက်ထပ် အဆင့်ဆယ်ဆင့်ကို ဆက်တိုက်တက်ခဲ့သည်။
မရေမတွက်နိုင်လောက်သည့် လျှပ်စီးစွမ်းအားများက အဆုံးမဲ့မိုးကြိုးစင်းများအဖြစ်ပြောင်းလဲကာ ရှောင်ဟိုင်ကိုယ်ပေါ်သို့ ကျဆင်းလာသည်။
လောလောဆယ်တွင် ရှောင်ဟိုင်၏တည်ရှိမှုကို အနှီမျက်စိဖြင့် မမြင်တွေ့နိုင်တော့ပါ။ တဖျပ်ဖျပ်တောက်ပနေသည့် လျှပ်စီးများအကြား မထင်မရှားပုံရိပ်တစ်ခုကိုသာ မြင်နိုင်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အနီးကပ်လိုက်ပါလာကြ၏။
ဒီတဒင်္ဂမှာပင် နောက်ဆုံးတော့ ရှောင်ဟိုင်ခန္ဓာက ထိခိုက်လာသည်။ သွေးများက သူ့အရေပြားမျက်နှာပြင်ကနေ စိမ့်ထွက်လာသည်။ သူ့ကြွက်သားများက ဖောင်းနေပြီး နဖူးနှင့်လည်ပင်း၌ သွေးပြန်ကြောများပင် ပွင့်ထွက်လာသည်။
သူ့ကိုယ်ကနေ အက်ကွဲသံများကထွက်နေသည်။
သို့စေကာမူ ဒါက ရှောင်ဟိုင်ကို ရှေ့ဆက်ခြင်းကနေ တားဆီးနိုင်စွမ်းမရှိပေ။
ယင်းအစား ယခုလိုဒဏ်ရာရနေသည့် အခြေအနေအောက်တွင် သူဒီနေရာ၌ တာအိုနိယာမစွမ်းအားကို လိုက်ဖက်ကိုက်ညီအောင် လုပ်ရန်မရွေးချယ်ဘဲ ရှေ့ဆက်ခဲ့သည်။
ဟန်လုရယ်မောသည်။
"ကြည့်ရတာ ငါ့အမြင်ကမှန်ပုံပဲ၊ သူတို့က တကယ်ပဲ မရိုးရှင်းဘူး"
ချူကျင်းကလည်း ခေါင်းညိတ်သည်။
"ဒီနယ်ပယ်မှာ ဒီလိုအားကောင်းတဲ့ ခန္ဓာမျိုးရှိပုံအရဆိုရင် နယ်ပယ်တူက ခန္ဓာကျင့်ကြံသူတွေတောင် သူနဲ့ မယှဉ်နိုင်ဘူး"
ဘေးကတစ်ယောက်က ရုတ်တရက် လက်ညိုးထိုးပြီး အော်ဟစ်သည်။
"ကြည့်ကြ၊ အဲဒီခန္ဓာကျင့်ကြံသူရဲ့ခန္ဓာက ပြန်ကောင်းလာနေတာလား"
ထိုလူ၏သတိပေးချက်နှင့်အတူ အောက်ကလူများက အစက အနည်းငယ် အံ့ဩသင့်သွားကြပြီးနောက် အာရုံစိုက်ကာ အဆုံးမဲ့လျှပ်စီးကို စစ်ဆေးရန်အတွက် အသိအာရုံကို ပို့လွှတ်လိုက်ကြ၏။
ရှောင်ဟိုင် အဆင့်တစ်ဆင့်ပြီးတစ်ဆင့် တက်နေဆဲပင်။
ယှဉ်၍မရနိုင်လောက်အောင် ဆိုးရွားလှသည့် ဒဏ်ရာများက သူ့ခန္ဓာ၌ ပေါ်လာသော်လည်း ချက်ချင်းဆိုသလို သူ့ဘာသာ ပျောက်သွားသည်။
ဒီဒဏ်ရာများက သာမန်မျက်စိနှင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် ကုသပျောက်ကင်းနေခြင်းဖြစ်သည်။
ကျိုးကိုင်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။
"ဒါဘယ်လိုစွမ်းရည်မျိုးလဲ"
ယန်ဖုန်း၏အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်သည်။
"ဒါ့အပြင် သူ့ရုပ်ခန္ဓာက ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီးနောက်မှာ ပိုပိုပြီး အားကောင်းလာပုံပဲ....."
ဒီမြင်ကွင်းကိုမြင်သောအခါ ဖင်းယန် ပြုံးသည်။
ဒါကလည်း ရှောင်ဟိုင်ရှေ့တန်းတွင်ရှိသည့်တိုင် သူစိတ်မပူရသည့် အကြောင်းရင်းဖြစ်သည်။ ဒီမူမမှန်သည့်သွေးကြောစွမ်းရည်ကို သူအလွန်အမင်းအားကျရသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ဖြည်းဖြည်းချင်း လိုက်ပါလာကြသည်။ သူတို့ရှောင်ဟိုင်အတွက် ကျန်နေသည့် လျှပ်စီးစွမ်းမား၅၀ရာခိုင်နှုန်းကို တောင့်ခံရပေမည်။
မုဖူရှန်းကမူ လျှပ်စီးစွမ်းအားကို ကိုယ်ထဲတွင်ပင် စုပ်ယူနေသည်။
မုဖူရှန်း ကိုးသွယ်ရှေးဦးမူလမိုးကြိုးနည်းစနစ်ကို ကျင့်ကြံသည်။ ဒီမိုးကြိုးတာအိုနိယာမက သူ့အတွက် အကောင်းဆုံး ကျင့်ကြံခြင်းအရင်းအမြစ်ပင်။
လူတိုင်းထိတ်လန့်နေကြစဉ် ရှောင်ဟိုင်ရှေ့သို့ဆက်သွားနေသည်။
သူအထပ်တစ်ရာမြောက်ကို ရောက်သောအခါမှသာ နောက်ဆုံးတွင် အရှိန်ကို လျှော့ချလိုက်သည်။
ထိုအချိန်တွင် သူ့အပေါ်၌ လျှပ်စီးပင်လယ်တစ်စင်းပေါ်လာလေပြီ။
လျှပ်စီးပင်လယ်က ကောင်းကင်အဖြစ် ပြောင်းလဲသွားပုံရပြီး ကောင်းကင်က အပေါ်ကနေ ကျဆင်းလာသည်။
ရှောင်ဟိုင် လေးနက်သည့်အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ့ရုပ်ခွန်အားက သွေးကြောစွမ်းရည်၏ လွှမ်းမိုးမှုအောက်တွင် အများကြီး တိုးတက်လာခဲ့သော်လည်း ဒီအဆင့်တာအိုနိယာမစွမ်းအားကို ရင်ဆိုင်ရသောအခါ သူ့နှလုံးက တဒိန်းဒိန်းခုန်ပေါက်နေသည့်ပမာ သူခံစားရသည်။
ဒါကိုတွေးမိသောအခါ ရှောင်ဟိုင်တစ်ကိုယ်လုံးကို ချပ်၀တ်နက်တစ်ခုဖုံးလွှမ်းသွားပြီး လိုင်းခြောက်ကြောင်းက သူ့ကိုယ်ပေါ်၌ ပေါ်လာခဲ့သည်။
သူအထပ်တစ်ရာမြောက်တွင် တက်နင်းပြီး ဒေါသတကြီးအော်သံနှင့်အတူ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ အဆုံးမဲ့လျှပ်စီးပင်လယ်ထဲတွင် နစ်မြှုပ်သွားလေတော့သည်။
ဒီမြင်ကွင်းကိုမြင်သောသူများ၌ ထိတ်လန့်ကာ လေးနက်သည့်အမူအရာများ ရှိနေကြပြီး သူတို့စိတ်များက အတွေးများနှင့် ပြည့်နှက်နေကြ၏။
ဒီလူရူးနေတာလား!
အပိုင်း(917) coming။