#အလှည့်ကျခြင်း၊ မုဖူရှန်း#
Vol. 65 Ch. 917
လှေကားထစ် ၁၅၀တွင် လျှပ်စီးက မတော်တဆပွင့်လန်းလာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
အဆုံးမဲ့လျှပ်စီးပင်လယ်က ကမ္ဘာပျက်ကိန်းဆိုက်ရောက်နေသည့်ပမာ။ ကောင်းကင်က တစ်ခုခုအပေါ် မကျေနပ်မှုကို ထုတ်ဖော်နေသည့်အလား ဟစ်ကြွေးကာ ဒီကုန်းမြေအပေါ် ရူးသွပ်စွာ ကျဆင်းသည်။
ဖျက်ဆီးခြင်းတာအိုအက္ခရာအော်ရာက အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်တစ်ခုလုံးအတွင်း ပြည့်သွားသည်။
ဒီကျဆင်းလာသည့် အဆုံးမဲ့လျှပ်စီးပင်လယ်ကို ရင်ဆိုင်ရင်း လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် ရှောင်ဟိုင်နောက်မဆုတ်ခဲ့သည်သာမက တခြားသူများလည်း လိုက်သွားရန်ကိုလည်း မရွေးချယ်ခဲ့ပေ။ ယင်းအစား သူလှေကားထစ်များဆီကနေ တိုက်ရိုက်ပြေးထွက်ပြီး ကောင်းကင်ကနေ ကျဆင်းလာပုံရသည့် အဆုံးမဲ့လျှပ်စီးပင်လယ်ထဲသို့ တည့်တည့်ပင် ဦးတည်သွား၏။
"ရူးနေတာလား"
အောက်တွင် ကျိုးကိုင်ဒီမြင်ကွင်းကို မြင်လိုက်သောအခါ အနည်းငယ်ခေါင်းမော့လိုက်မိပြီး သူ့မျက်လုံးများက အံ့ဩသင့်မှုများဖြင့် ပြည့်နှက်နေသည်။
သူ့နယ်ပယ်ဖိနှိပ်မှာအောက်တွင် သူပင် ဒီလောက်ထိ စိတ်လိုက်မာန်ပါလုပ်ရဲမည်မဟုတ်။ သူ့တာအိုနိယာမကို နားလည်မှုက တိုက်ရိုက်ဖျက်ဆီးမခံရလျှင်ပင် ဒဏ်ရာအပြင်းအထန်ရရှိမည်သာ။
နောက်ထပ် အဆင့်၈၀၀ကျော်ရှိသေးသည်။
စွမ်းအားကိုသာ မထိန်းသိမ်းပါက ဒီအဆင့်ကို ဘယ်လိုကျော်ဖြတ်နိုင်မည်နည်း။
ဟန်လု ချူကျင်းနောက်တွင်ရပ်ပြီး ကောင်းကင်ထက်က အဆုံးမဲ့လျှပ်စီးပင်လယ်ကို ကြည့်ရင်း သူ၏မျက်လုံးများက တဖျပ်ဖျပ်လင်း၀င်းနေသည်။
"နင်အဲလိုလုပ်နိုင်မှာလား"
ချူကျင်းခေါင်းခါယမ်းသည်။
"ငါသွားမယါဆိုရင်တောင် နယ်ပယ်ဖိနှိပ်မှုအောက်မှာ ငါ့ခွန်အားကို ဆုံးရှုံးရလိမ့်မယ်၊ နောက်မှတက်ဖို့ဆိုတာက ယုတ္တိမရှိတော့ဘူး"
ဟန်လုပြုံးသည်။
"အင်း၊ ဒါကငါတို့အားလုံးရဲ့ အထင်ပဲ၊ ဒါပေမယ့် ဒီခန္ဓာကျင့်ကြံသူက အရမ်းကို ကမူးရှူးထိုးလုပ်လွန်းတယ်၊ ဒါမှမဟုတ် သူ့မှာ တခြားအစီအစဉ်တွေရှိတာလား"
ချူကျင်းအနည်းငယ် ကြက်သေသေသွား၏။ သူလျှပ်စီးပင်လယ်ထဲသို့ ပြေး၀င်သွားသည့် ရှောင်ဟိုင်အား နက်ရှိုင်းစွာ တစ်ချက်စိုက်ကြည့်သော်လည်း ဘာမှမပြောခဲ့ပါ။
ဖင်းယန်တစ်ယောက်တည်းသာလျှင် ဘာကြောင့် ရှောင်ဟိုင်ဒီလိုလုပ်ရသလဲဆိုတာကို သိသည်။ ရှောင်ဟိုင်၏ခန္ဓာက လျှပ်စီးပင်လယ်ထဲတွင် အဆက်မပြတ် ဒဏ်ရာရနေပြီး သူ့အရေပြားနှင့် အသားများက စုတ်ပြဲသွားသည်။ ထိုးထွက်လာသည့် နတ်ဆိုးနက်ချီအောက်တွင် သူ့ဒဏ်ရာများက ဖြည်းဖြည်းချင်း ကောင်းမွန်လာသည်။
သူ့အနက်ရောင်ချပ်၀တ်ကနေ သွေးများစီးကျနေဆဲပင်။
သူ့၏ပြန်လည်ကုသသည့်အမြန်နှုန်းက ဒဏ်ရာများ၏အမြန်နှုန်းကို အမှီမလိုက်နိုင်တော့ပါ။
ကျိုးကိုင်ချက်ချင်း စိတ်သက်သာရာရသွားသည်။
ထင်ထားသည့်အတိုင်းပင် ဒါက အလုပ်မဖြစ်ပေ။ မိုးကြိုးတာအိုနိယာမစွမ်းအားကို တစ်ယောက်တည်းခံပြီးနောက် ဘယ်လိုလုပ် ဒီလောက် ပုံမမှန်ဖြစ်နိုင်မည်နည်း။
သို့စေကာမူ ရှောင်ဟိုင်နောက်ထပ် ဒါကို ခံနိုင်ရည်မရှိတော့ဘူးဟာ သူတို့တွေးနေကြစဉ် မုဖူရှန်းမော့ကြည့်လိုက်၏။
ဒီတဒင်္ဂ၌ မုဖူရှန်းကိုယ်ပေါ်တွင် လျှပ်စီးစွမ်းအားအရောင်သုံးမျိုးပေါ်လာသည်။
၎င်းတို့က ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့ဖြစ်သည်။
မိုးကြိုးစွမ်းအားသုံးမျိုးပေါ်လာချိန်တွင် အထက်က လျှပ်စီးပင်လယ်က တစ်ခဏမျှရပ်သွားသည်။ အဆက်မပြတ်ထုတ်လွှတ်နေသည့် ဖျက်ဆီးခြင်းစွမ်းအားကလည်း ဒီအချိန်မှာပင် တစ်ခဏမျှ နောက်ဆုတ်သွားခဲ့သည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အောက်တွင် လူတစ်ချို့ ဒီမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားကြ၏။
"ဒီလူရဲ့မိုးကြိုးစွမ်းအားက အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ရဲ့ မိုးကြိုးနိယာမစွမ်းအားကို တကယ်ပဲ အထိတ်တလန့် နောက်ဆုတ်သွားစေတာလား"
ချူကျင်း၏မျက်လုံးများက အနည်းငယ်အေးစက်သွား၏။
"ဒီမိုးကြိုးစွမ်းအားသုံးမျိုးသာဆိုရင် ဒါတွေက သာမန်မိုးကြိုးစွမ်းအားတွေ ယှဉ်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး"
ဟန်လုကလည်းခေါင်းညိတ်သည်။ ဒီတဒင်္ဂ၌ သူမမျက်နှာပေါ်၌ အေးဆေးနေသည့်အမူအရာက လုံး၀ပျောက်ကွယ်သွားသည်။
"ရှေးခေတ်က မိုးကြိုးကိုးမျိုးထဲက ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနဲ့ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့က ကျင့်ကြံသူတစ်ယောက်တည်းဆီမှာ ပေါ်လာခဲ့တာလား၊ ဒါကတကယ်မယုံနိုင်စရာပဲ...."
ချူကျင်းနှင့် ဟန်လု၏ ရှင်းလင်းချက်များကို ကြားသောအခါ လူတိုင်းတုံ့ပြန်လာကြ၏။
ဒါတွေက ရှေးဟောင်းစာအုပ်များ၌ မှတ်တမ်းတင်ထားသည့် မိုးကြိုးစင်းကိုးခုပင်။
အဝေးတစ်နေရာက တောအုပ်၌ အင်မော်တယ်ဧကရာဇ်ကလည်း ဒါကိုသတိထားမိသဖြင့် လုချန်ရှန်းကို စိုက်ကြည့်သည်။
"မင်းရဲ့တပည့်တွေက တကယ်ကို မရိုးရှင်းဘူးဘဲ၊ အဲဒီခန္ဓာကျင့်ကြံသူလေးရဲ့ သွေးကြောစွမ်းအားကို ပြောနေစရာတောင် မလိုဘူး"
"အခုတော့ မိုးကြိုးစင်းကိုးခုထဲက သုံးခုကို အတူတကွစုစည်းထားတဲ့ တပည့်တစ်ယောက် တကယ်ရှိနေတာပဲ"
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"ကျုပ်မသိဘူး၊ သူတို့က ကိုယ့်ဘာသာ ကျင့်ကြံကြတာပဲ၊ ကျုပ်ရဲ့ခံယူချက်က တပည့်တွေကို လွတ်လွတ်လပ်လပ် ပျိုးထောင်ပေးဖို့ပဲ"
လုချန်ရှန်းလိမ်နေခြင်းမဟုတ်ပါ။ မုဖူရှန်းမိုးကြိုးစွမ်းမားများ၏ မူလအစကို သူတကယ်မသိပေ။
သို့စေကာမူ အင်မော်တယ်ဧကရာဇ်က ဘယ်လိုလုပ် လုချန်ရှန်း၏ စကားလုံးများကို ယုံမည်နည်း။
သူဒေါသတကြီးပြောသည်။
"ငါ့မှာတောင် ရှေးခေတ်ကတည်းကရှိလာတဲ့ ဒီနတ်မိုးကြိုးကိုးခုထဲက တစ်ခုကိုတောင် ရဖို့အတွက် နည်းလမ်းမရှိဘူး၊ ဒါ့အပြင် အခုသုံးခုတောင် ရှိနေတယ်"
"သူလေ့ကျင့်ဖို့သွားတုန်းက အမှတ်မထင် ရခဲ့တာလို့တော့ မင်းမပြောနိုင်ဘူးလေ"
"ဒါ့အပြင် သူရခဲ့ရင်တောင် သူ့ခွန်အားနဲ့ ဒီနတ်မိုးကြိုးသုံးခုကို စုစည်းဖို့ဆိုတာက သေချာပေါက် မဖြစ်နိုင်ဘူး၊ ဘာပဲဆိုဆို သူ့လက်ရှိနယ်ပယ်က မလုံလောက်ဘူး"
လုချန်ရှန်း "....."
အင်း၊ ဟုတ်ပါပြီ၊ ငါထပ်ရှင်းပြဖို့တောင် ပျင်းနေမိပြီ!
အတိတ်က ဒီလိုအမှန်တရားကို ဘယ်သူမှ မယုံကြည်ကြတဲ့ အခြေအနေမျိုးက မရေမတွက်နိုင်လောက်အောင် ဖြစ်ပျက်ခဲ့တာပဲလေ!
ဒီတော့ ဒီတိုင်းပဲရှိပါစေတော့!
.....
ထိုအချိန်တွင် နတ်မိုးကြိုးသုံးမျိုးက မုဖူရှန်းကိုယ်တစ်ဝိုက်တွင်ရှိနေပြီး သူမော့ကြည့်လိုက်၏။
"အစ်ကိုရှောင်ဟိုင်၊ အရင်ထွက်လာပြီး ဒဏ်ရာတွေကို ကုသလိုက်ပါ၊ အလှည့်ပြောင်းကြမယ်၊ ကျွန်တော်ရှေ့ဆုံးကသွားမယ်"
ဒါကိုမြင်သောအခါ ရှောင်ဟိုင်နောက်ထပ် မပြသတော့ဘဲ ခေါင်းညိတ်ကာ မုဖူရှန်း၏ အကာအကွယ်အောက်၌ အဆုံးမဲ့လျှပ်စီးပင်လယ်ထဲကနေ ထွက်သွားပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဘေးတွင် ရောက်လာသည်။
မုဖူရှန်းကမူ ရှေ့တစ်လှမ်းတက်ပြီး ပထမထပ်တွင် ခြေချလိုက်သည်။
"တခြားတစ်ယောက်ကို အစားထိုးလိုက်ပြီလား"
အောက်ကလူများ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့မုဖူရှန်းကို စိုက်ကြည့်ကြသည်။
သူနတ်မိုးကြိုးသုံးမျိုး၏စွမ်းအားကို ဘယ်အတိုင်းအတာအထိ ထုတ်လွှတ်နိုင်မလဲဆိုတာ သူတို့သိချင်ကြသည်။
ထိုအချိန်တွင် အပေါ်က အဆုံးမဲ့လျှပ်စီးပင်လယ်က တုံ့ပြန်လာပုံရပြီး မုဖူရှန်း၏ နတ်မိုးကြိုးကြောင့် ရှက်သွားပုံရသည်။
ရုတ်ချည်းဆိုသလို အဆုံးမဲ့လျှပ်စီးပင်လယ်က ရူးသွပ်စွာ ဟိန်းလာပြီး ယှဉ်၍မရနိုင်လောက်အောင် ထူထဲသည့် လျှပ်စီးအလင်းတန်းများကို လျှပ်စီးပင်လယ်ကနေတဆင့် မုဖူရှန်းထံ ပစ်လွှတ်သည်။
ဒါကိုမြင်သောအခါ မုဖူရှန်းသူ့ပတ်လည်၌ ရုတ်တရက်တိုက်ခိုက်မှုမဖြစ်လာစေရန်အတွက် အာမခံသည့်အနေဖြင့် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကို သုံးပြီး မိုးကြိုးအတားအဆီးတစ်ခု ချထားလိုက်သည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်း လျှပ်စီးအလင်းတန်းကို ညွှန်ပြသည်။
ကောင်းကင်အပြစ်ပေးမိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့က မိုးကြိုးနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးအလင်းတန်းများကို ၀င်တိုက်သည်။
ဂျိန်း........!
နှစ်ဘက်စလုံးက ထိပ်တိုက်တွေ့ဆုံကြစဉ် ဒါက အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ထိပ်ကို ကမ္ဘာပျက်ကိန်းထဲက လျှပ်စီးအကျဉ်းထောင်တစ်ခုပမာ ဖြစ်လာစေသည်။
"သူအဲဒါကို ပိတ်ဆို့ပစ်လိုက်တယ်...."
"ရှေးဟောင်းနတ်မိုးကြိုးကိုးခုဆိုတဲ့ အတိုင်းပါပဲ...."
သို့စေကာမူ မုဖူရှန်း၏လုပ်ဆောင်ချက်များက ဒီနေရာတွင်ရပ်မသွားဘဲ သူထပ်တက်သွားချိန်တွင် အဆောင်ပုံစံကွက်များနှင့် တူသည့် ဆန်းကြယ်သောရှေးဟောင်းအက္ခရာများက မုဖူရှန်း၏မျက်ခုံးကြားတွင် ပေါ်လာခဲ့သည်။
ဒီလိုင်းနှင့် ရှေးဟောင်းအက္ခရာများက နတ်မိုးကြိုးတာအိုအက္ခရာများလှိုင်းများကို အမှန်တကယ်ထုတ်လွှတ်နေသည်။
ရှေးဟောင်းအက္ခရာများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့ကြောင့် ပြန့်သွားသည့် လျှပ်စီးတိုင်များမှ လျှပ်စီးစွမ်းအင်များက ရှေးဟောင်းအက္ခရာများကနေတဆင့် မုဖူရှန်းကိုယ်ထဲသို့ စုပ်ယူခံရသည်။
ကိုးသွယ်ရှေးဦးမူလမိုးကြိုးနည်းစနစ်က ကမ္ဘာကြီးထဲက လျှပ်စီးမိုးကြိုးစွမ်းအားအားလုံးကို စုပ်ယူနိုင်ပြီး မိုးကြိုးစွမ်းအားအပေါ် ကျွမ်းကျင်မှုကို တိုးမြှင့်စေရန်အတွက် အသုံးပြု၍ရသည်။
အရင်က သူကြုံတွေ့ခဲ့ရသည့် မိုးကြိုးစွမ်းအားများက အရမ်းအားနည်းလွန်းသဖြင့် သူဒါကို အသုံးမပြုခဲ့ခြင်းပင်။
ယခုတွင်မူ ဒီယှဉ်၍မရလောက်အောင် သန့်စင်သည့် မိုးကြိုးတာအိုနိယာမက မုဖူရှန်းအတွက် သံသယမရှိ အာဟာရများဖြစ်လာနိုင်ပေသည်။
အပိုင်း(918) coming။