#မုဖူရှန်း၊ အစ်ကိုအစ်မတို့ကျွန်တော့်ဝှက်ဖဲကို မြင်ချင်ကြတာလား#
Vol. 65 Ch. 918
မုဖူရှန်းအတွက် မိုးကြိုးတာအိုနိယာမ၏ ပထမအဆင့်က သံသယမရှိ ခြိမ်းခြောက်မှုတစ်ခုဟုပင် ယူဆ၍မရပေ။ ဒါက မုဖူရှန်း၏ အာဟာရဖြစ်သွားသည်ဟုသာ ပြောနိုင်သည်။
အဆုံးမဲ့လျှပ်စီးပင်လယ်က မုဖူရှန်း၏ ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့ဖြင့် ဖိနှိပ်ခံနေရသည်။
မုဖူရှန်း သူ့ခွန်အားကို တိုးမြှင့်ရန်အတွက် မိုးကြိုးတာအိုကို ဆက်တိုက်သုံးနိုင်ရန် ကိုးသွယ်ရှေးဦးမူလမိုးကြိုးနည်းစနစ်ကို သုံးခဲ့သည်။
လက်ရှိတွင် မုဖူရှန်းက လျှပ်စီးပင်လယ်ထဲတွင် ကူးခတ်နေပြီး သူ့ကိုယ်တစ်ဝိုက်တွင် မတူညီသည့် အရောင်များနှင့် ရှေးဟောင်းနတ်မိုးကြိုးသုံးခုက တချွင်ချွင်မြည်ဟီးနေသည်။
သူတစ်လှမ်းပြီးတစ်လှမ်း လှမ်းခဲ့သည်။ သူ့အပေါ်တက်နှုန်းက ရှောင်ဟိုင်လောက် မမြန်သော်လည်း သူလှမ်းသည့်ခြေလှမ်းတိုင်းက အတော်လေးတည်ငြိမ်ပြီး တုန်ယင်နေသည့် လက္ခဏာဟူ၍ လုံး၀မရှိချေ။
မိုးကြိုးတာအိုနိယာမများ၏ ကြီးမားသည့်စွမ်းအားကြောင့် အောက်က ပါရမီရှင်များပင်လျှင် ဒီစစ်ဆေးရေးဂိတ်ကို လျှော့မတွက်ရဲကြပါ။
သို့စေကာမူ မုဖူရှန်းရှေ့တွင် ဒါက အရမ်းလွယ်ကူနေသည်။ သူက အိမ်နောက်ဖေး၌ အေးအေးဆေးဆေးလမ်းလျှောက်နေသည့် အလားပင်။
သူ့မျက်နှာပေါ်က ကျေနပ်နေသည့် အမူအရာက ပြုံးပျော်နေသည်။
ဒီမြင်ကွင်းကိုမြင်ပြီး လူတိုင်းဆွံအသွားကြ၏။
ဒီကောင် အကဲဖြတ်မှုကို သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းမြေအဖြစ် သတ်မှတ်နေတာလား!
အချိန်က တဖြည်းဖြည်းကုန်သွားသည်။
နောက်ဆုံးတွင် မုဖူရှန်း အဆင့်၂၀၀ကို ရောက်လာခဲ့သည်။
မုဖူရှန်း ဒီအထပ်ကို တက်လှမ်းလိုက်သည့် အခိုက်အတန့်တွင် ရုတ်ချည်းဆိုသလို အဆုံးမဲ့လျှပ်စီးပင်လယ်ထဲတွင် လျှပ်စီးများနှင့် တဖျပ်ဖျပ်လင်း၀င်းနေသည့် ချီလင်သတ္တဝါတစ်ကောင် သိပ်သည်းကျုံ့လာခဲ့သည်။
မုဖူရှန်းဒါကို မြင်သောအခါ တိုက်ရိုက်တိုက်ခိုက်ခြင်းမရှိဘဲ ယင်းအစား လေးနက်သည့်အမူအရာဖြင့် လက်ထဲတွင် သူတော်စင်မိုးကြိုးဆန်းကြယ်အဆောင်စုတ်တံကို မြှောက်ပြီး ရှေ့၌ အဆောင်များ ပစ်လိုက်သည်။
လူတိုင်းဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ်ကြက်သေသေသွားကြ၏။
ဒီလူက အဆောင်သခင်တစ်ယောက်လည်း ဖြစ်နေတာလား!
ဒါပေမယ့် ဒီလိုအခြေအနေအောက်မှာ သူအဆောင်တွေ ရေးထွင်းနိုင်တယ်ဆိုရင်တောင် ထိရောက်တဲ့အဆင့်မြင့်အဆောင်တွေကို ရေးထွင်းဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးမလား!
ကျိုးကိုင်နှာခေါင်းရှုံ့သည်။
"ဒီအချိန်မှာ အဆောင်တွေကို ရေးထွင်းမေတာလား၊ ဒါကအရမ်းနောက်ကျသွားပြီ"
ယန်ဖုန်း မေ့စေးကိုပွတ်သပ်ရင်း လေးနက်သည့်အမူအရာဖြင့် စိစစ်နေသည်။
"ချီလင်မိုးကြိုးသားရဲကို ခုခံဖို့အတွက် အဆောင်တွေကို သုံးချင်တာဆိုရင်တော့ လိုအပ်တဲ့အဆောင်အဆင့်က အရည်အသွေးအရမ်းမြှင့်ဖို့လိုပြီး အနည်းဆုံးတော့ ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိရမယ်"
"ဒီလူရဲ့အခြေခံအရဆိုရင် သူ့အတွက် အချိန်တိုအတွင်း အောင်အောင်မြင်မြင် ရေးထွင်းဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ ဒီလိုမဟုတ်သေးသရွေ့ပေါ့...."
ဒီလိုမဟုတ်သေးသရွေ့လား!
လူတိုင်း ယန်ဖုန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
ဒီယန်ဖုန်းတွင် ဘယ်လိုအမြင်မျိုးရှိသလဲဆိုတာ သူတို့လည်းမြင်ချင်ကြသည်။
ယန်ဖုန်းခေါင်းအနည်းငယ် မြှောက်ပြီး ချီလင်မိုးကြိုးသားရဲကို တစ်ယောက်တည်း ရင်ဆိုင်နေသည့် မုဖူရှန်းကိုကြည့်လိုက်သည်။ သူ့အမူအရာက အနည်းငယ် လေးနက်နေပြီး ပါးစပ်ဖွင့်ကာ တစ်လုံးချင်းပြောလိုက်သည်။
"သူ သူ့ခွန်အားကို မဖုံးကွယ်ထားသရွေ့ပေါ့"
ဒါကိုကြားသောအခါ လူတိုင်းအနည်းငယ် ကြက်သေသေသွားကြ၏။
ယန်ဖုန်း၏စကားလုံးများက အနည်းငယ် ထူးဆန်းသည်ဟု ဆို၍ရသော်လည်း ဒါက အဓိပ္ပာယ်ရှိပုံရသည်။
ကျိုးကိုင်နှာခေါင်းရှုံ့သည်။
"ခွန်အားကိုဖုံးကွယ်ထားတာလား၊ သူသာ ခွန်အားကို ဖုံးကွယ်ထားတယ်ဆိုရင် ဒီမှာရှိတဲ့လူတိုင်း သူ့ကိုမြင်နိုင်မှာပဲလေ"
ထိုအချိန်တွင် ဟန်လုပါးစပ်လေးကိုပိတ်ပြီး ရယ်မောသည်။
"သူ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းစနစ်တစ်ခုရှိနေတာဖြစ်ဖြစ် ဒါမှမဟုတ် ကျွမ်းကျင်သူတစ်ယောက်က သူ့ကို ဖုံးကွယ်ထားဖို့အတွက် ပြင်ပအကူအညီတစ်ခုပေးထားရင်ရော"
ချူကျင်းခေါင်းညိတ်သည်။
"မဖြစ်နိုင်တာတော့မဟုတ်ဘူး"
သူတို့စကားများကို ကြားပြီးနောက် လူတိုင်းနှုတ်ပိတ်ကာ ဆွေးနွေးနေတာကို ရပ်လိုက်ကြသည်။
ဘယ်လောက်ပဲပြောပြော ဒီလိုအရာတွေက သူတို့မျက်လုံးနှင့် မြင်ရတာလောက် မသေချာပါ။
သူတို့ခေါင်းမော့ကာ မုဖူရှန်းအပေါ် ဆက်လက်အကြည့် ပို့လွှတ်ထားကြသည်။
....
ထိုအချိန်တွင် ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများက သူတို့ရှေ့ကမုဖူရှန်းကို ပူပန်မှုအရိပ်အယောင်အနည်းငယ်မျှပင် မရှိဘဲ ကြည့်လိုက်ကြသည်။
ယဲ့ချိုးပိုင်ရယ်မောသည်။
"မုဖူရှန်းဘယ်လောက်ထိ ဖုံးကွယ်ထားသလဲဆိုတာ ကြည့်ကြရအောင်"
ဟုန်ရင်ကလည်းရယ်မောသည်။
"ဂျူနီယာမောင်လေးမုက ငါတို့ထဲမှာ ဆရာနဲ့အနီးစပ်ဆုံးပဲ"
ရှောင်ဟိုင် ဒဏ်ရာများကနေ လုံး၀သက်သာသွားပြီဖြစ်သဖြင့် မုဖူရှန်းကို လှမ်းကြည့်သည်။
"ဒီတစ်ကြိမ်တော့ ငါ့အစစ်အမှန်ခွန်အားကို ဖော်ပြဖို့အတွက် အတင်းလုပ်လို့ရတော့မယ်မထင်ဘူး၊ နောက်တစ်ခါ တိုက်ခိုက်တဲ့ အခါကျရင်တော့ သိရမှာပဲလေ"
ရှေ့တွင်ရှိနေသည့် မုဖူရှန်းမှာ သူ့စီနီယာအစ်ကို၊ အစ်မများ၏ ဗြောင်ရှင်းရှင်းစကားလုံးများကို ကြားပါသည်။
သူအတိဆွံအနေသည်။
ဟေးဟေးဟေး၊ ကျွန်တော်ဒီမှာ အစ်ကိုအစ်မတို့ကို လေနဲ့မိုးကနေ ကာကွယ်ပေးဖို့ ရှိနေတာလေ၊ ကျွန်တော့်ကို ကျေးဇူးမတင်တာက အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် ကျွန်တော့်ဝှက်ဖဲတွေကို မြင်ချင်ကြသေးတာလား!
ကျွန်တော့်ဝှက်ဖဲတွေကို မြင်ဖို့က လွယ်လို့လား!
ဒါ့အပြင် အောက်မှာ အပြင်လူတွေ အများကြီးရှိတယ်လေ!
ဒီလိုအခြေအနေအောင်မှာ ဘယ်လိုလုပ် အများကြီး ဖော်ထုတ်ပြလို့ရမလဲ!
ဒါကိုတွေးမိသောအခါ မုဖူရှန်းခေါင်းခါယမ်းရင်း သက်ပြင်းချသည်။
ငါအရမ်းငယ်လွန်းသေးတာပဲ....!
ထိုအချိန်တွင် အပေါ်က ချီလင်မိုးကြိုးသားရဲက တဖြည်းဖြည်းရုပ်ပုံပေါ်လာသည်။
မုဖူရှန်း၏လက်များကလည်း စတင်လှုပ်ရှားသည်။
သူတော်စင်မိုးကြိုးဆန်းကြယ်အဆောင်စုတ်တံကို ကိုင်ရင်း သူ့ရှေ့က အဆောင်များပေါ်၌ သူဆက်လက်လှုပ်ယမ်းနေသည်။
မုဖူရှန်း၏ ထိန်းချုပ်မှုအောက်တွင် နောက်ဆက်တွဲပုံရိပ်များက အဆက်မပြတ် ပေါ်နေသည်။
သူတော်စင်မိုးကြိုးဆန်းကြယ်အဆောင်စုတ်တံက အဆောင်များကြားတွင် ကခုန်နေသည့် နတ်သမီးတစ်ပါးပမာ ကနေသည်။
ဒါက ရေကိုထိနေသည့်နဂါးပျံတစ်ကောင်အလား သို့မဟုတ် ရေကူးနေသည့်နဂါးတစ်ကောင်ပမာ လှုပ်ရှားနေခြင်းဖြစ်သည်။
မတော်တဆဆိုသလို ထိုယှဉ်၍မရနိုင်သည့် ဆန်းကြယ်သည့်ပုံစံကွက်များက အဆောင်များပေါ်၌ ပေါက်လာသည်။
ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့ကို ထည့်သွင်းသောအခါ ဖျက်ဆီးခြင်းအော်ရာက အဆက်မပြတ် ထိုးထွက်လာသည်။
လူတိုင်း၏အမူအရာက တဖြည်းဖြည်း စတင်လေးနက်သွားကြ၏။
သူတို့က အဆောင်သခင်များမဟုတ်သော်လည်း အဆောင်သခင်များနှင့် အဆက်အသွယ်ရှိကြသလို အဆောင်များကိုလည်း ခြွင်းချက်မရှိ သုံးတတ်ကြသည်။
ဒီအော်ရာ၊ ဒီအဆင့်ပုံစံကွက်များက အဆောင်တစ်ခု၏ ယေဘုယျဖွဲ့စည်းမှုဘောင်တစ်ခုကို ဖန်တီးပြီးပြီဆိုတာကို သူတို့ကောင်းကောင်းသိကြသည်။
ဒါ့အပြင် ဒီအော်ရာက သူတို့မြင်ဖူးသည့် ကောင်းကင်အင်မော်တယ်အဆင့်အဆောင်များထက် ပိုအားမနည်းပါ။
မုဖူရှန်း သူ့ခွန်အားကို ဖုံးကွယ်ထားသည်မှာ သိသာထင်ရှားနေသည်။
အဆောင်များတွင် သူ့၌ အလွန်အမင်း ကြောက်စရာကောင်းသည့် ပါရမီရှိသည်။
ယခုတွင်မူ လူအတော်များများက ဒါကို စတင်၀န်ခံလာကြရလေပြီ။
အရင်ကခန္ဓာကျင့်ကြံသူဖြစ်စေ၊ လက်ရှိမိုးကြိုးအဆောင်သခင်ဖြစ်စေ သူတို့အားလုံးက အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၌ ၀င်ခွင့်နေရာတစ်ခုရရန်အတွက် အရည်အချင်း ပြည့်မီကြသည်။
ဒီထဲက တခြားဆိုလိုချက်များမရှိလေရာ မုဖူရှန်းမရပ်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူ့အပေါ်က အဆုံးမဲ့လျှပ်စီးပင်လယ်ထဲက ချီလင်မိုးကြိုးသားရဲကလည်း ရုပ်အသွင်ကို လုံး၀ပုံဖော်ပြီးသွားပြီဖြစ်သည်။
နားကွဲလုနီးပါးဟိန်းသံတစ်သံက အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်တစ်ခုလုံး၌ ပျံ့နှံ့သွားသည်။
အဆင့်တိုင်း၏ နောက်ဆုံးအဆင့်တွင် သက်ဆိုင်ရာ အစောင့်သားရဲတစ်ကောင်စီရှိသည်။
ဒီအဆင့်က ချီလင်မိုးကြိုးသားရဲကို ကိုယ်စားပြုသည်။
ချီလင်မိုးကြိုးသားရဲ၏မျက်လုံးများက လျှပ်စီးနှင့်မိုးကြိုး၏ ကမ္ဘာပျက်ကိန်းတစ်ခုအလားပင်။
ခြေလေးဖက်က ဟင်းလင်းပြင်ပေါ် တက်နင်းစဉ် ထောင်ချီသောမိုးကြိုးစင်းများကို သယ်ဆောင်လာပြီး မုဖူရှန်းထံသို့ တိုက်ခိုက်သည်။
ထိုတဒင်္ဂလေးမှာပင် မုဖူရှန်းကလည်း အဆောင်စာရွက်ပေါ်၌ နောက်ဆုံးစုတ်ချက်ကို ဆွဲချလိုက်၏။
မုဖူရှန်း ကောင်းကင်အင်မော်တယ်အဆင့် အဆောင်တစ်ခုကို အမှန်တကယ်ပြီးမြောက်ခဲ့သည့်အပေါ် လူတိုင်းထိတ်လန့်နေကြစဉ် သူအသက်သွင်းလိုက်လေသည်။
ရုတ်ချည်းဆိုသလို သတ္တုချင်းတိုက်မိသံများထွက်လာပြီး အဆောင်စာရွက်ကနေ လျှပ်စီးသံကြိုးများထွက်လာပြီး ချီလင်မိုးကြိုးသားရဲထံ ပစ်၀င်သွားကြသည်။
ချီလင်မိုးကြိုးသားရဲက အသိဉာဏ်ရှိပုံရသည်။ ၎င်းက ဒီအဆောင်ထဲက ခြိမ်းခြောက်မှုကို မြင်နိုင်သည့်အလား ၎င်း၏ ဧရာမကိုယ်ခန္ဓာက အတော်လေး ဖျပ်လတ်နေပြီး တစ်ခဏအကြာတွင် ရှောင်ရှားပစ်ခဲ့သည်။
သို့စေကာမူ ထိုအချိန်မှာပင် မုဖူရှန်း၏ နှုတ်ခမ်းအစုံက အနည်းငယ်ကွေးသွားခဲ့သည်။
နတ်ဘုရားတစ်ပါးအဖြစ် အသိအမှတ်ပြုခံထားရသူတဖြစ်လဲ သူဖြစ်နိုင်သည့် မတော်တဆမှုအားလုံးကို ဘယ်လိုလုပ် မစဉ်းစားထားဘဲ နေမည်နည်း။
မုဖူရှန်း လက်ကျန်အဆောင်ကို အသက်သွင်းလိုက်သောအခါ ဧရာမအတားအဆီးတစ်ခုက ချီလင်မိုးကြိုးသားရဲကို ရုတ်ချည်း ဝိုင်းရံပစ်သည်။
တစ်ချိန်တည်းမှာပင် သူညာလက်ကို ဆန့်ထုတ်ရင်း ချီလင်မိုးကြိုးသားရဲရှိရာဘက်သို့ တင်းတင်းဆုပ်ပစ်လိုက်သည်။
ဒီတဒင်္ဂမှာပင် လျှပ်စီးသံကြိုးများက လမ်းကြောင်းပြောင်းပြီး မိုးကြိုးသားရဲ၏ ကျောကို ဖြတ်သွားကြ၏။
ချီလင်မိုးကြိုးသားရဲက သံကြိုးများကို တစ်ခုပြီးတစ်ခု ရှောင်တိမ်းနေသော်လည်း သံကြိုးများက သူ့ပတ်လည်၌ ကွန်ရက်တစ်ခု ဖွဲ့စည်းထားလေပြီ။
အပိုင်း(919) coming။