← Chapters

#‌မီးထိန်းချုပ်ခြင်း၊ မု၀မ်အာ၏ တိုက်ခိုက်မှု#

Vol. 65 Ch. 920

#‌မီးထိန်းချုပ်ခြင်း၊ မု၀မ်အာ၏ တိုက်ခိုက်မှု#

Vol. 65 Ch. 920

မု၀မ်အာ၏ စိတ်ဓာတ်ကြံ့ခိုင်မှုက လူတိုင်းကို နှုတ်ဆိတ်သွားစေသည်။

အစကနေ အခုထိ စံအိမ်တော်၌ မု၀မ်အာ၏ နေရာက အမြဲလိုလို ကူညီထောက်ပံ့ရေးနှင့်သာ သက်ဆိုင်ခဲ့သည်။

သူမက အဂ္ဂိရတ်ပညာ၌ အလွန်အမင်း အစွမ်းထက်ပြီး သန့်စင်ထားသော ဆေးလုံးများနှင့် သူတို့ကို ထောက်ပံ့ပေးခဲ့သည်။

သူမ ကျင့်ကြံနေစဉ်နှင့် တိုက်ပွဲအတောအတွင်း သူတို့ကို အကာအကွယ်ပေးချင်သည်။

သို့စေကာမူ မု၀မ်အာက သူတို့နှင့်အတူ တိုက်ခိုက်ရန်အတွက် အမြဲလိုလို တောင့်တခဲ့တာကို သူတို့သိကြပါသည်။

သူမ၏ တိုက်ခိုက်ရေးစွမ်းအားက မလုံလောက်တော့တာကို သူမအရမ်းကြောက်ပြီး သူတို့ကိုပါ ဆွဲချချင်စိတ်မရှိလေရာ နောက်ဘက်ပိုင်းတွင် နေရုံသာ တတ်နိုင်သည်။

ထို့ကြောင့်ပင် မု၀မ်အာ အဂ္ဂိရတ်ပညာကို လေ့ကျင့်နေရင်း သူမခွန်အားကို တိတ်တဆိတ် တိုးတက်အောင် လုပ်နေခဲ့သည်။

ဆေးလုံးများကို သန့်စင်နေစဉ် နယ်ပယ်က ဆက်တိုက်တိုးတက်လာမှာကို သေချာအောင် လုပ်ရန်ဟူသည် အတော်လေးခက်ခဲသည်။

သူတို့ကို အမီလိုက်ရန်အတွက် မု၀မ်အာ ဘယ်လောက်ထိ လုံ့လဝီရိယစိုက်ထုတ်ခဲ့သလဲဆိုတာကို သူတို့အားလုံးနားလည်ကြပါသည်။

သို့စေကာမူ အဂ္ဂိရတ်ဆေးကျမ်းကို ရရှိပြီးနောက် မု၀မ်အာ၏ခွန်အားက စတင်ခုန်ပျံကျော်လွှားသွားခဲ့ပြီး အဂ္ဂိရတ်အဆင့်ကို တိုးမြှင့်ခြင်းက သူမ၏ကျင့်ကြံခြင်းနယ်ပယ်ကိုလည်း အားကောင်းစေကာ အဂ္ဂိရတ်ကနေတဆင့် သူတော်စင်တစ်ဦး ဖြစ်လာစေခဲ့သည်။

ဒီရက်များအတွင်း ကျင့်ကြံပြီးနောက် မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်သွားခဲ့သည်။

ထို့ကြောင့် ဒီတစ်ကြိမ်တွင် မု၀မ်အာ သူ့ကိုယ်သူ သက်သေပြခဲ့သည်။ သူမတွင် သူမ၏ စီနီယာအစ်ကိုအစ်မများနှင့် ဘေးချင်းယှဉ်တိုက်ခိုက်နိုင်စွမ်းပင် ရှိနေလေပြီ။

မု၀မ်အာ၏ ပြတ်သားသောအမူအရာကို မြင်သောအခါ ဟုန်ရင်ရှေ့တိုးသွားပြီး မု၀မ်အာခေါင်းလေးကို ပွတ်သပ်ရင်း ရယ်မောသည်။

"ဒီလိုဆိုမှတော့ ဒီအဆင့်ကို ညီမလေးအတွက် မမချန်ထားခဲ့မယ်"

မု၀မ်အာ လေးနက်စွာ ခေါင်းညိတ်သည်။

.....

စံအိမ်တော်က တပည့်များကြားက စကားများကို ဖုံးကွယ်မထားလေရာ လူတိုင်း သူတို့စကားဝိုင်းကို ကြားကြပါသည်။

အားလုံးဆွံအနေကြ၏။

ဘာလို့မင်းတို့တွေက ဒီနေရာကို ကိုယ့်ကိုကိုယ်လေ့ကျင့်ဖို့အတွက် နေရာတစ်ခုအဖြစ် အသုံးချနေသလို ငါတို့ခံစားနေရတာလဲ၊ ဒါက နည်းနည်းကလေးမဆန်လွန်းဘူးလား!

အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ဆိုတာ ဘယ်လိုနေရာမျိူးလဲ!

လူတိုင်း တောင်ထိပ်က အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ရေကန်ကို ပြေးလွှားနေကြတာလေ၊ တောင်ထိပ်ကို မရောက်နိုင်ဘူးဆိုရင် ဒီမှာလေ့ကျင့်တာက ဘာအသုံး၀င်လို့လဲ!

ဖင်းယန် အကူအညီမဲ့စွာ ပြုံးမိသည်။

သူတို့ ဒီစမ်းသပ်မှုမှာ ကျရှုံးမယ်လို့ တစ်ခါမှ မတွေးထားတာလည်း ဖြစ်နိုင်တာပဲလေ!

ထိုအချိန်တွင် မု၀မ်အာအသက်ပြင်းပြင်းရှုပြီး ခေါင်းကို ခိုင်မာစွာမော့ကာ တိမ်များကြား ပျောက်ကွယ်သွားသည့် လှေကားထစ်များကို မော့ကြည့်ရင်း ရှေ့တစ်လှမ်းတိုးပြီး ၂၀၂ထပ်ကို တိုက်ရိုက်ပင် တက်လှမ်းလိုက်သည်။

ဒီတဒင်္ဂမှာပင် မူလကတည်ငြိမ်နေသည့် လေဟာနယ်က စတင်ပူလာပြီး ပုံပျက်ပန်းပျက်ဖြစ်လာသည်။

တိုးတိုးလာနေသော ပုံပျက်နေသည့်နေရာ၌ မီးတောက်အစုအဝေးများက မြေအောက်ကမ္ဘာ၏ မီးတောက်များအလား လေထဲကနေ ပေါ်လာကြ၏။

မီးတောက်အရေအတွက်တိုးမြှင့်လာသည်နှင့်တစ်ပြိုင်နက် မီးပွားများက မြက်ခင်းမီးများအလားထင်ရပြီး မီးမုန်တိုင်းများအဖြစ် ပြောင်းလဲကာ မု၀မ်အာအား ၀န်းရံပစ်သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ မူလက အနည်းငယ် စိတ်လှုပ်ရှားနေသည့် မု၀မ်အာမှာ ဖြည်းဖြည်းချင်းတည်ငြိမ်သွားပြီး တစ်ချိန်တည်းတွင် လက်အစုံကိုဆန့်ထုတ်ရင်း မီးမုန်တိုင်းကို ထိလိုက်၏။

ဒါကိုမြင်သော် လူတိုင်းကြက်သေသေသွားကြသည်။

ဒါကိုခုခံဖို့အတွက် သူ့ရုပ်ခန္ဓာကို အသုံးပြုဖို့ ကြိုးစားနေတာလား!

သို့စေကာမူ နောက်ထပ်မြင်ကွင်းက သူတို့ကို ဆွံအသွားစေသည်။

မု၀မ်အာ၏ လက်များက မီးမုန်တိုင်းကို မထိဘဲ ဆန့်ကျင်စွာပင် ထိုမီးမုန်တိုင်းများက မုန်၀မ်အာလက်များနှင့် တစ်မီတာအကွာ၌ ရှိနေခဲ့သည်။

ဒီမှာဘာတွေဖြစ်ပျက်နေတာလဲ!

အရာအားလုံးက မု၀မ်အာ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

မု၀မ်အာတွေးလိုက်သည်။

ဒီအဆင့်က မီးတာအိုနိယာမကို ငါဘယ်လိုကိုင်တွယ်သင့်လဲ!

မီးကအရာရာတိုင်းကို ကျူးကျော်နေသည်။

မိုးလောင်ကျွမ်းမြေဖျက်ဆီးခြင်း!

ဒါက ဒြပ်စင်ငါးခုအနက် အပြင်းထန်ဆုံးနှင့် အလွှမ်းမိုးဆုံးနိယာမဖြစ်သည်။

ငါစီနီယာအစ်ကိုရှောင်ဟိုင်လိုမျိုး ဒါကို ထိပ်တိုက်ရင်ဆိုင်ရမလား!

ဒါမှမဟုတ် ဂျူနီယာမောင်လေးမု...အိုး၊ မဟုတ်ဘူး၊ စီနီယာအစ်ကိုမုလိုမျိုး ကိုယ့်ကိုကိုယ် အားကောင်းလာစေဖို့အတွက် တာအိုနိယာမစွမ်းအားကို စုပ်ယူရမှာလား!

ဒီနှစ်ခုစလုံးက မု၀မ်အာမတော်သည့် အရာများပင်။ သို့မဟုတ် သူမမလုပ်နိုင်သော အရာများဆိုပါက ပိုမှန်ပေလိမ့်မည်။

ဒါဆို ငါဘာလုပ်သင့်လဲ!

ဒါမှမဟုတ် ငါဘယ်လောက်ထိ ဝေးဝေးသွားနိုင်မလဲ!

သူမဖြစ်နိုင်ချေရှိသည့် တည်နေရာတစ်ခုသို့ ပြေးပြီးနောက် မု၀မ်အာ သူမ၏ရပ်တည်မှုကို အတည်ပြုခဲ့သည်။

အဂ္ဂိရတ်ပညာက မီးထိန်းချုပ်မှုကို လိုအပ်သည်။

ထို့ကြောင့် မု၀မ်အာအတွက် မီးတာအိုနိယာမတွင် ကောင်းသောအရာက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းမဟုတ်ဘဲ ထိန်းချုပ်မှုပင်။

တာအိုနိယာမစွမ်းအားကို ထိန်းချုပ်ရာ၌ မု၀မ်အာတွင် ကြီးမားသည့် အသာစီးရမှုတစ်ခုရှိသည်။ ယဲ့ချိုးပိုင်နှင့် ကျန်တပည့်များကြားတွင်ပင် မည်သူမှ တာအိုနိယာမတစ်ခုတည်း၌ သူမ၏ ထိန်းချုပ်နိုင်စွမ်းနှင့် မယှဉ်နိုင်ပေ။

အဂ္ဂိရတ်ကို အကြာကြီးကျင့်ကြံခဲ့သည့်အပေါ် မု၀မ်အာ၏ မီးအပေါ် ထိန်းချုပ်မှုက အံ့ဖွယ်အဆင့်ကို ရောက်နေလေပြီ။

ထို့ကြောင့် လက်ရှိအခြေအနေရပ်က ဖြစ်ပျက်လာခဲ့ခြင်းပင်။

မု၀မ်အာစုပ်ယူခြင်းမရှိသလို ခုလည်းမခုခံဘဲ ယင်းအစား လမ်းကြောင်းတစ်လျှောက်က တိုက်စားနေသည့်မီးမုန်တိုင်းများကိုသာ တိုက်ရိုက်ထိန်းချုပ်သည်။

ဒီနေရာတွင် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ကျန်သောသူများ ပြုံးလိုက်ကြသည်။

ဂျူနီယာညီမလေး၀မ်အာက ကြီးပြင်းလာခဲ့လေပြီ။

မု၀မ်အာမရပ်ဘဲ မီးမုန်တိုင်းကို လက်နှစ်ဖက်စလုံးနှင့် ထိန်းချုပ်ပြီး ရှေ့ဆက်သည်။

သူမလှမ်းလိုက်သည့် ခြေလှမ်းတိုင်း၌ မီးတောက်များက ပိုပို၍ပင် လောင်ကျွမ်းလာသည်။

သို့စေကာမူ မု၀မ်အာ၏ မီးတာအိုနိယာမအပေါ် အကြွင်းမဲ့ထိန်းချုပ်မှုအောက်တွင် ဒီမီးမုန်တိုင်းများက မု၀မ်အာ၏ အသုံးပြုခြင်းကိုသာ ခံနေရသည်။

မီးတောက်နတ်ဘုရားမတစ်ပါးအလား မီးမုန်တိုင်းဒါဇင်ကျော်က ကမ္ဘာကြီးကို ဖြတ်သန်းကာ မု၀မ်အာအား ဝိုင်းရံပြီး ကာကွယ်ပေးနေကြသည်။

မကြာမီ သူမ ထောပတ်ကိုဖြတ်သွားသည့် ဓားပူတစ်လက်ပမာ အဆင့်၃၀၀ကို ရောက်လာခဲ့သည်။

ဒီနေရာတွင် လေဟာနယ်ထဲက မီးတောက်အစုအဝေးက ရုတ်တရက် ပျောက်ကွယ်သွား၏။

ထို့နောက် ကောင်းကင်ထဲက တိမ်များက ရုတ်တရက် နီရဲလာသည်။

လောင်ကျွမ်းနေသည့်တိမ်များအလား တိမ်အလွှာတစ်ခုလုံးက မီးပင်လယ်နှင့် ကျောက်ရည်ပူများအဖြစ် ပြောင်းလဲသွားကြ၏။

မီးနှင့်ကျောက်ရည်ပင်လယ်၌ မီးမြွေများက အော်ဟစ်ကာ ဆူပွက်နေကြသည်။ ထို့နောက် မြို့တစ်မြို့ကိုပင် ဖျက်ဆီးနိုင်သည့် ဧရာမမီးတောက်ဥက္ကာခဲများက မု၀မ်အာထံ ကျဆင်းလာကြသည်။

မု၀မ်အာခေါင်းမော့လိုက်စဉ် အထဲက စွမ်းအားကို ခံစားမိသဖြင့် သူမနှလုံးပင်လျှင် တဒိန်းဒိန်းခုန်ပေါက်သွားရသည်။

အဆင့်၃၀၀ကစွမ်းအားက ရှေ့က မီးမုန်တိုင်းများထက် အများကြီး သာလွန်နေလေပြီ။

သူမအရင်က မီးမုန်တိုင်းကို ထိန်းချုပ်ခဲ့သလိုမျိုး အကြွင်းမဲ့ထိန်းချုပ်ရန်ဟူသည် မဖြစ်နိုင်တော့။

ဒါကိုတွေးမိသောအခါ မု၀မ်အာ ရုတ်တရက် လက်သီးဆုပ်လိုက်သည်။

သူမပတ်လည်က မီးမုန်တိုင်းဒါဇင်ကျော်က စတင်ပေါင်းစပ်လာကြ၏။

မု၀မ်အာကို ဗဟိုပြုရင်း ဧရာမမီးမုန်တိုင်းတစ်ခုက မု၀မ်အာကို၀န်းရံပြီး ကောင်းကင်ပေါ် ထိုးတက်ကာ ဧရာမမီးတောက်ဥက္ကာခဲများထံ ၀င်ရောက်သွားသည်။

ထိုအချိန်မှာပင် မီးမုန်တိုင်းက မီးတောက်ဥက္ကာခဲများကို တိုက်ရိုက်မချီပစ်ပြီး ကျဆင်းနေသည့်အရှိန်ကို အနည်းငယ် နှေးကွေးသွားစေသည်။

မု၀မ်အာကလည်း ဒီအတိုင်းမနေဘဲ ဆေးလုံးကျမ်းကို ချက်ချင်းအသက်သွင်းလိုက်သည်။

မု၀မ်အာနဖူးပေါ်၌ မီးကြာပန်းအမှတ်အသားတစ်ခုပေါ်လာခဲ့သည်။

အမှတ်အသားပေါ်လာသည်နှင့် မု၀မ်အာ၏ မျက်လုံးများကလည်း ရဲရဲနီသွားပြီး အပေါ်သို့ လက်ညိုးထိုးလိုက်သည်။

ထိုကျောက်စိမ်းပမာလက်ချောင်းကနေ စနက်တံတစ်ခုပမာ ပါးလွှာသည့် မီးတောက်လိုင်းတစ်ကြောင်းက ဥက္ကာခဲများပတ်လည်၌ ဝိုင်းရံပစ်သည်။

ဒါက ထိန်းချုပ်ရန်အတွက် မလွယ်ကူလေရာ ထိန်းချုပ်ရန်အတွက် သူမအကောင်းဆုံး လုပ်ဆောင်ရပေမည်။

ဒါကလည်း မု၀မ်အာ၏ တိုက်ခိုက်မှုပေတည်း။

မီးတောက်ဥက္ကာခဲများက စနက်တံမီးတောက်စနှင့် ပိတ်မိနေစဉ် ကျဆင်းနေတာ ရပ်သွားပြီး ယင်းအစား မီးတောက်ပင်လယ်ကနေ အဆက်မပြတ်သိပ်သည်းကာ ကျဆင်းလာသည့် မီးတောက်ဥက္ကာခဲများထဲ ပစ်လွှတ်သွား၏။

တစ်ခဏအကြာတွင် ဥက္ကာခဲများက လေထဲတွင် အချင်းချင်း ဆက်တိုက်တိုက်မိပြီး တစ်ချိန်တည်းမှာပင် ပေါက်ကွဲသွားကြသည်။

လူတိုင်းထိတ်လန့်သွားကြပြီး မီးမုန်တိုင်းထဲက ကောင်းကင်သို့ လက်ညိုးထိုးနေသည့် မု၀မ်အာကို ကြည့်လိုက်ကြသည်။

ချူကျင်း၊ ဟန်လုနှင့် ယန်ဖုန်းတို့ကဲ့သို့ ထိပ်တန်းပါရမီရှင်များတွင်ပင် လေးနက်သည့် အမူအရာများ ရှိနေကြသည်။

ချူကျင်းဖြည်းဖြည်းချင်းပြောသည်။

"သူ့ရဲ့နယ်ပယ်ဆက်တိုးလာတဲ့အခါကျရင် အင်မော်တယ်နယ်မြေတစ်ခုလုံးက ဘယ်သူမှ သူ့ရဲ့ မီးထိန်းချုပ်မှုစွမ်းရည်ကို ယှဉ်နိုင်မှာမဟုတ်ဘူး...."

အပိုင်း(921) coming။

All Chapters